Taungoo Views

Taungoo Views Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Taungoo Views, Business Center, Taungoo.

တောင်ငူမြို့မှာ အလှဓာတ်ပုံရိုက်ချင်တဲ့သူများ ဒီနေရာလေးလှပါတယ်ခင်ဗျာ....အမြန်ရထားတော့ သတိထားကြပါ😁😁😁
27/05/2026

တောင်ငူမြို့မှာ အလှဓာတ်ပုံရိုက်ချင်တဲ့သူများ ဒီနေရာလေးလှပါတယ်ခင်ဗျာ....အမြန်ရထားတော့ သတိထားကြပါ😁😁😁

26/12/2025
တောင်ငူမြို့ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပွဲတော်ကြီးကို ယခင်နှစ်ထက်စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် တောင်ငူ...
26/12/2025

တောင်ငူမြို့ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပွဲတော်ကြီးကို ယခင်နှစ်ထက်စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်
တောင်ငူ ဒီဇင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ မိုင်ဒါကွင်း၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ ပြခန်းများနှင့် စျေးရောင်းပွဲတော်ကြီးကို ယခင်နှစ်ထက်စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
၂၀၂၅ ခုနှစ်၊ တောင်ငူမြို့လွတ်လပ်ရေးပွဲတော်ကြီး၌ ဇာတ်ပွဲနှစ်ပွဲ ထည့်သွင်းဖျော်ဖြေသွားမည်ဖြစ်ပြီး
နိုင်ငံကျော် Cele အနုပညာရှင်များဖြစ်သည့် ခေါင်းဆောင်မင်းသား ရှိုင်းထက်အောင်၊
ဖြူဖြူထွေး၊ ဟဲဗီးဖြိုး၊ ဟိန်းသူအောင်တို့က ပါဝင်ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။ ဘောလီ​ဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဖူဆယ်ဘောလုံး၊ စစ်တုရင်ပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ချောတိုင်တက်၊ ခေါင်းအုံးရိုက်၊ ရိုးရာခြင်းအလှခတ်၊ စက်ဘီးအပျော်စီးပွဲတော်၊ မိုက်ခရိုမာရသွန်ပြိုင်ပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲနှင့် လွန်ဆွဲပွဲတို့ကို ဒီဇင်ဘာ (၂၉) ရက်နေ့မှ ဇန်နဝါရီ ၄ ရက်နေ့အထိကျင်းပသွားမည်ဖြစ်ပြီး ပါဝင်ယှဥ်ပြိုင်လိုသူများသည် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန၌ လာရောက်စာရင်းပေးသွင်းနိုင်ကြောင်းသိရသည်။

တောင်ငူမြို့၌ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ရမည့်သူများ ကြိုတင်ဆန္ဒမဲပေးနှံတောင်ငူ     ဒီဇင်ဘာ ၂၁ပဲခူးတိုင်းဒေသကြီး၊ တေ...
21/12/2025

တောင်ငူမြို့၌ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ရမည့်သူများ ကြိုတင်ဆန္ဒမဲပေးနှံ

တောင်ငူ ဒီဇင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အားကစားကွင်း၊ မိုးလုံလေလုံအားကစားခန်းမ၌ ယနေ့နံနက် ၈ နာရီအချိန်ခန့်က တောင်ငူမြို့နယ်အတွင်း

ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ရမည့်သူများ၊ ဆရာ၊ဆရာမများ ကြိုတင်ဆန္ဒမဲပေးနှံကြသည်။ တောင်ငူမြို့နယ်ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ရမည့်သူများသည် ၁၈-၁၂- ၂၀၂၅ ရက်နေ့မှ ၂၇-၁၂-၂၀၂၅ ရက်နေ့အထိ နံနက် ၈ နာရီမှ ညနေ ၆နာရီအထိ ကြိုတင်ဆန္ဒမဲပေးရမည်ဖြစ်ပြီး ယနေ့တွင် မြို့ပေါ်ရပ်ကွက်( ၂၃)ခု၊ ကျေးရွာအုပ်စု (၃၃) တို့မှ

မဲရုံ (၁၄၂) ရုံရှိ တောင်ငူမြို့နယ်အတွင်း ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ရမည့်သူများ၊ ဆရာ၊ ဆရာမများက

ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော် (မဲအများဆုံးရသူ အနိုင်ယူ စနစ်)၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော် (မဲအများဆုံးရသူ အနိုင်ယူ စနစ်)၊ သက်ဆိုင်ရာ မဲဆန္ဒအလိုက် ဝင်ရောက်ယှဥ်ပြိုင်ကြသည့် နိုင်ငံရေးပါတီ (၈) ပါတီမှ ကိုယ်စားလှယ်လောင်းများကို ကြိုတင်ဆန္ဒမဲ စတင်ပေးနှံခဲ့ကြောင်းသိရသည်။

တောင်ငူမြို့၌ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ရမည့်သူများ ကြိုတင်ဆန္ဒမဲပေးနှံတောင်ငူ     ဒီဇင်ဘာ ၂၁ပဲခူးတိုင်းဒေသကြီး၊ တေ...
21/12/2025

တောင်ငူမြို့၌ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ရမည့်သူများ ကြိုတင်ဆန္ဒမဲပေးနှံ

တောင်ငူ ဒီဇင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အားကစားကွင်း၊ မိုးလုံလေလုံအားကစားခန်းမ၌ ယမန်နေ့နံနက် ၈ နာရီအချိန်ခန့်က တောင်ငူမြို့နယ်အတွင်း

ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ရမည့် ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်၊မြို့နယ်၊ ရပ်ကွက်ကျေးရွာကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ကြိုတင်ဆန္ဒမဲပေးနှံကြသည်။

တောင်ငူမြို့နယ်တွင်
ရွေးကောက်ပွဲတာဝန်ထမ်းဆောင်ရမည့်သူများသည် ၁၈-၁၂- ၂၀၂၅ ရက်နေ့မှ ၂၇-၁၂-၂၀၂၅ ရက်နေ့အထိ နံနက် ၈ နာရီမှ ညနေ ၆နာရီအထိ ကြိုတင်ဆန္ဒမဲပေးရမည်ဖြစ်ပြီး ယနေ့တွင် တောင်ငူမြို့နယ်အတွင်း ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ရမည့် ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်၊မြို့နယ်၊ ရပ်ကွက်ကျေးရွာကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက

ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော် (မဲအများဆုံးရသူ အနိုင်ယူ စနစ်)၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော် (မဲအများဆုံးရသူ အနိုင်ယူ စနစ်)၊ သက်ဆိုင်ရာ မဲဆန္ဒအလိုက် ဝင်ရောက်ယှဥ်ပြိုင်ကြသည့် နိုင်ငံရေးပါတီ (၈) ပါတီမှ ကိုယ်စားလှယ်လောင်းများကို ကြိုတင်ဆန္ဒမဲ စတင်ပေးနှံခဲ့ကြောင်းသိရသည်။

ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး...
03/10/2025

ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး...

09/05/2025
ဘယ်နေရာလေးလည်း?...
28/02/2025

ဘယ်နေရာလေးလည်း?...

မြို့ကျုံးအနောက်ဘက်ပန်းခြံ
15/12/2024

မြို့ကျုံးအနောက်ဘက်ပန်းခြံ

Address

Taungoo

Website

Alerts

Be the first to know and let us send you an email when Taungoo Views posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share