သူ့ခေတ်စံကိုရီးယားဘာသာစကားသင်တန်း

  • Home
  • Myanmar
  • Thanlyin
  • သူ့ခေတ်စံကိုရီးယားဘာသာစကားသင်တန်း

သူ့ခေတ်စံကိုရီးယားဘာသာစကားသင်တန်း ကိုရီးယားနိုင်ငံသို့ သွားရောက် အလု?

🇰🇷🏫 တောင်ကိုရီးယားမှာ ကလေးမွေးဖွားနှုန်း ဆယ်စုနှစ်များစွာ ဆက်တက်ကျဆင်းခဲ့ပြီး မျိုးဆက်သစ် လူဦးရေပြတ်လတ်တဲ့ထိ ဖြစ်တာကြော...
31/12/2025

🇰🇷🏫 တောင်ကိုရီးယားမှာ ကလေးမွေးဖွားနှုန်း ဆယ်စုနှစ်များစွာ ဆက်တက်ကျဆင်းခဲ့ပြီး မျိုးဆက်သစ် လူဦးရေပြတ်လတ်တဲ့ထိ ဖြစ်တာကြောင့် စာသင်ကျောင်းပေါင်း ၄၀၀၀ ကျော်ပိတ်သိမ်းရ"

နိုင်ငံတဝှမ်းမှာ တဖြေးဖြေး ကလေးသံတွေ တိတ်ဆိတ်သွားတဲ့ တောင်ကိုရီးယား - ကျောင်းပေါင်း ၄,၀၀၀ ကျော်တောင် တံခါးတွေကို အပြီးတိုင် ပိတ်လိုက်ရခြင်းရဲ့ ထိတ်လန့်ဖွယ် အကြောင်းတရား !"

ကိုရီးယားမှာ ဒရာမာထဲကလို မဟုတ်တဲ့ တောင်ကိုရီးယားရဲ့ တချို့သော လက်တွေ့ဘဝ ပြဿနာတွေထဲက တခုကတော့ - အသက်ကြီးရင့်သူတွေ များလာပေမယ့် ကလေးမွေးဖွားတာက ပိုပြီးနဲနဲလာလို့ လူဦးရေကျဆင်းတဲ့ အရှိန်က မြင့်တက်နေပြီး ကြောက်စရာကောင်းတဲ့ စီးပွားရေး၊ ပညာရေး၊ အလုပ်အကိုင်တွေမှာ တဖြေးဖြေးထိခိုက်လာတဲ့ လူပြတ်လပ်တဲ့ လူဦးရေအကျပ်အတည်းဒဏ်ကို ရင်ဆိုင်နေရတာပါ။

ကိုရီးယားနိုင်ငံမှာ ကလေးမွေးဖွားနှုန်းတွေ စံချိန်တင်အောင် လျော့နည်းလာတာနဲ့အမျှ အခုဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပိတ်သိမ်းလိုက်ရတဲ့ ကျောင်းပေါင်း ၄,၀၀၀ ကျော်သွားပြီလို့ သိရပါတယ်။ ဒါဟာ ကျောင်းတက်မယ့်ကလေး မရှိတော့တဲ့အတွက် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတစ်ခုပါပဲ။ 📉

📌 ထိတ်လန့်စရာကောင်းတဲ့ အခြေခံ အချက်အလက်တချို့ကို ကြည့်ရရင် -

ကျောင်းပေါင်း ၄,၀၀၈ ကျောင်း - လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ အတွင်း မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းကျောင်း အများအပြား တံခါးပိတ်ခဲ့ရပါတယ်။

ကျောင်းအဆင့်အလိုက် ကြည့်မည်ဆိုပါက ပိတ်သိမ်းခဲ့သည့် မူလတန်းကျောင်း စုစုပေါင်း ၃,၆၇၄ ကျောင်း၊ အလယ်တန်းကျောင်း ၂၆၄ ကျောင်းနှင့် အထက်တန်းကျောင်း ၇၀ ကျောင်း ဖြစ်ပါတယ်။

ပြီးခဲ့သည့် ၅ နှစ်အတွင်းမှာတင် စုစုပေါင်း ၁၅၈ ကျောင်း ပိတ်သိမ်းခဲ့သည်။ ထို့ပြင် လာမည့် ၅ နှစ်အတွင်း၌လည်း နောက်ထပ် ၁၀၇ ကျောင်း ထပ်မံတံခါးပိတ်ရဖွယ် ရှိနေပါတယ်။

မူလတန်းကျောင်းတွေ အထိခိုက်ဆုံးပါ။ ပိတ်သိမ်းရတဲ့အထဲမှာ မူလတန်းကျောင်းပေါင်း (၃,၆၇၄) ကျောင်းအထိ ပါဝင်နေတာကြောင့် နောက်ပိုင်းမျိုးဆက်သစ်တွေ တဖြည်းဖြည်း နည်းပါးလာတာကို မီးမှောင်းထိုးပြနေပြီး လူဦးရေပြဿနာကို ထင်ထင်ရှားရှား မြင်နေရပါတယ်။

ကျောင်းတံခါးတွေကိုပိတ်ပြီး ပစ်ထားတဲ့ ကျောင်းဟောင်းတွေကလည်း မနည်းလှပါဘူး။ ပိတ်ထားတဲ့ကျောင်းတွေထဲက ၃၇၆ ကျောင်းဟာ ဘာမှအသုံးမပြုဘဲ ဒီအတိုင်း ရှိနေပြီး၊ တချို့ဆိုရင် ၃၀ နှစ်ကျော်ကြာအောင် ပစ်ထားရတဲ့ ကျောင်းအို / ကျောင်းပျက်ကြီးတွေ အဖြစ်ကို ရောက်နေကြပါပြီ။ 🏚️

တဖြေးဖြေး ပညာရေးနယ်ပယ်က အလုပ်အကိုင်အပေါ် သက်ရောက်မှုတွေ ရှိလာပါပြီ။ ကျောင်းသားမရှိတော့တဲ့အတွက် ၂၀၂၅ ခုနှစ်ရောက်ရင် ဆရာ၊ ဆရာမ အလုပ်အကိုင်ပေါင်း ၂,၂၀၀ ကျော် ထပ်မံလျှော့ချခံရဖို့ ရှိနေပါတယ်။

တက္ကသိုလ်တွေမှာဆိုရင်လည်း တချို့သောကျောင်းတွေဟာ ဆက်လက်လည်ပတ်နိုင်ဖို့ နိုင်ငံတကာက ကျောင်းသူ /ကျောင်းသားတွေကိုပဲ ပိုပြီးမှီခိုလာနေရပြီး ကျားကန်ထားရပါတယ်။ ဒါကြောင့်ပဲ နိုင်ငံတကာက ကျောင်းသူ/ကျောင်းသားတွေကို အပြိုင်အဆိုင် လက်ခံပြီး ကျောင်းလာတက်ကြဖို့ ဆွဲဆောင်နေကြရပါတယ်။

စက်ရုံအလုပ်ရုံနဲ့ စိုက်ပျိုးရေး ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာလည်း နိုင်ငံခြားသား အလုပ်သမားတွေကို ပိုပြီး မှီခိုလာနေရပါတယ်။

📍 အထူးသဖြင့် မြို့ပြမဟုတ်တဲ့ ဒေသတွေမှာ ကျောင်းသားဦးရေ လျော့နည်းမှုက ပိုဆိုးနေပြီး၊ လာမည့် ၅ နှစ်အတွင်းမှာလည်း နောက်ထပ်ကျောင်းပေါင်း ၁၀၇ ကျောင်းလောက် ထပ်ပြီး ပိတ်ရဦးမယ်လို့ ခန့်မှန်းထားကြပါတယ်။

အခုဆိုရင် အစိုးရအနေနဲ့ ဒီကျောင်းဟောင်းတွေကို အများပြည်သူအကျိုးရှိမယ့် နေရာတွေအဖြစ် ပြန်လည်အသုံးပြုဖို့ (ဥပမာ- လူမှုကူညီရေးစင်တာ / ဒေသတွင်း ပိုင်ဆိုင်မှုတွေအဖြစ်) ရေရှည်စီမံကိန်းတွေ ချမှတ်ဖို့ ကြိုးစားနေကြရပြီ ဖြစ်ပါတယ်။

ကလေးမွေးဖွားနှုန်း လျော့နည်းလာတာဟာ နိုင်ငံတစ်ခုရဲ့ ပညာရေးတင်မကဘဲ အနာဂတ်အတွက်ပါ ကြီးမားတဲ့ ဘက်ပေါင်းစုံက စိန်ခေါ်မှုတစ်ခု ဖြစ်လာနေတာကတော့ အမှန်ပဲ ဖြစ်ပါတယ်။ 💭

ကိုရီးယားအစိုးရအနေနဲ့ အိမ်ထောင်ပြုဖို့နဲ့ ကလေးမွေးဖွားနှုန်းတိုးတက်ဖို့အတွက် ငွေကြေးထောက်ပံ့မှုမျိုးစုံနဲ့ တွန်းအားပေးဆောင်ရွက်နေပေမယ့် လူနေမှုစရိတ်ကြီးမားခြင်းနဲ့ လူမှုရေးဆိုင်ရာအခက်အခဲတွေကြောင့် သိသာထင်ရှားတဲ့ တိုးတက်မှုမျိုး မတွေ့ရသေးပါဘူး။

ဒါ့အပြင် အစိုးရရဲ့ မက်လုံးပေးစီမံချက်တွေဟာ ငယ်ရွယ်သူတွေရဲ့ လက်တွေ့ဘဝစိန်ခေါ်မှုတွေကို ထိရောက်စွာ မဖြေရှင်းနိုင်သေးတာကြောင့် မျိုးဆက်သစ်လူဦးရေပြတ်လတ်မှုပြဿနာက ဆက်လက်စိုးရိမ်စရာ ဖြစ်နေဆဲဖြစ်ပါတယ်။

အိမ်ထောင်ဖက်အနေနဲ့လည်း ကိုရီးယားအမျိုးသားတွေဟာ နိုင်ငံခြားအမျိုးသမီးတွေကို ရွေးချယ်လာတာ ပိုများလာပါတယ်။ လက်ရှိ ကိုရီးယားအမျိုးသမီး အတော်များများဟာ အိမ်ထောင်ပြုခြင်းထက် မိမိရဲ့ Career (အလုပ်အကိုင်) ကို ပိုဦးစားပေးလာကြပြီး "No Marriage" (ဘီဟွန်း - 비혼) လှုပ်ရှားမှုတွေကလည်း အားကောင်းလာပါတယ်။

စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းများရှိရာ ကျေးလက်ဒေသတွေမှာ နေထိုင်တဲ့ ကိုရီးယားအမျိုးသမီးတွေဟာ မြို့ပြကို ပြောင်းရွှေ့သွားကြတာကြောင့် ကျေးလက်က အမျိုးသားတွေအတွက် အိမ်ထောင်ဖက်ရှာဖို့ နိုင်ငံခြားသူတွေကို အားကိုးလာရပါတယ်။ အထူးသဖြင့် ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတို့က အမျိုးသမီးတွေနဲ့ အိမ်ထောင်ပြုတာ များပြားပါတယ်။

ကိုရီးယား ယဉ်ကျေးမှုအရ အိမ်ထောင်ပြုပြီးရင် အမျိုးသမီးတွေဟာ ယောက္ခမတွေကို ပြုစုရတာ၊ အိမ်မှုကိစ္စ အကုန်လုပ်ရတာ စတဲ့ ဖိအားတွေ ရှိပါတယ်။ ခေတ်သစ် ကိုရီးယားအမျိုးသမီးတွေက ဒီလိုဖိအားတွေကို လက်မခံချင်ကြတော့တဲ့အတွက် အမျိုးသားတွေက အိမ်ထောင်မှုတာဝန်ကို ပိုမိုတန်ဖိုးထားနိုင်မယ့် ပိုပြီးသီးခံနားလည်ပေးနိုင်မယ့် နိုင်ငံခြားသူတွေကို ရွေးချယ်လာကြကလည်း တခုပါ။

လူဦးရေ လျော့နည်းလာမှုကို ဖြေရှင်းဖို့အတွက် အစိုးရက နိုင်ငံတကာ အိမ်ထောင်ရေး (International Marriage) ပြုလုပ်သူတွေကို ငွေကြေးထောက်ပံ့တာ၊ ဗီဇာ လွယ်ကူအောင် လုပ်ပေးတာနဲ့ ဘာသာစကားသင်တန်းတွေ ပေးတာမျိုးတွေ လုပ်ဆောင်ပေးနေပါတယ်။K-Pop နဲ့ K-Drama ကြောင့် နိုင်ငံခြားသူတွေက ကိုရီးယားအမျိုးသားတွေကို အရင်ကထက် ပိုမိုစိတ်ဝင်စားလာတာလည်း ပါဝင်ပါတယ်။

ဒီအချက်တွေကြောင့်ပဲ ကိုရီးယားမှာ 'Multicultural Families' (ဒါမွန်ဟွာ - 다문화) လို့ ခေါ်တဲ့ လူမျိုးပေါင်းစုံ မိသားစုတွေဟာ လူ့အဖွဲ့အစည်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု အနေနဲ့ ဖြစ်လာနေပါတယ်။

ကိုရီးယားအစိုးရကတော့ နိုင်ငံခြားသားတွေကို တောင်ကိုရီးယားမှာ ရေရှည်နေထိုင် လုပ်ကိုင်နိုင်ဖို့ကို ပိုမို တွန်းအားပေးဆောင်ရွက်နေပါတယ်။ တောင်ကိုရီးယားတရားရေးဝန်ကြီးဌာနကလည်း နှစ်သစ် ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ စတင်ပြီး နိုင်ငံခြားသားတွေ ဒေသတွင်း၌ အခြေချနေထိုင်မှုကို ပံ့ပိုးကူညီဖို့ အစီအစဥ်တွေကို အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။

နိုင်ငံခြားသားတွေအတွက် ‘ဒေသတွင်း နေထိုင်မှု ထောက်ပံ့ရေးဌာန’ ကို တိုးချဲ့ဖွဲ့စည်းမယ်လို့ ကြေငြာထားပါတယ်။

ကိုရီးယားနွယ်ဖွား (သွေးနှော ကပြား) တွေရဲ့ အခွင့်အရေးကို ကာကွယ်ဖို့ ‘ကိုရီးယားနွယ်ဖွားများ နေထိုင်မှု ပေါင်းစည်းရေးဌာန’ ကိုပါ အသစ်ဖွင့်လှစ်မှာဖြစ်ပါတယ်။

ဒေသအလိုက် အထူးပြုဗီဇာစနစ်တွေကို တိုးချဲ့တာတွေ ၊ နေထိုင်ခွင့်အဆင့်အတန်း(F-4, E-7 ,... ) စတဲ့ဗီဇာစနစ်တွေကို ပိုမိုကောင်းမွန်အောင် ပြုပြင်တာတွေနဲ့ ဝမ် ၂ ဘီလီယံ ဘတ်ဂျက်သုံးစွဲပြီး နေထိုင်မှုထောက်ပံ့ရေးစင်တာတွေကမှ တစ်ဆင့် ဗီဇာ၊ အလုပ်အကိုင်နှင့် လူမှုဘဝဝန်ဆောင်မှုတွေ ကို စနစ်တကျ ထောက်ပံ့ပေးပြီး နိုင်ငံခြားသားတွေနဲ့ ကိုရီးယားနွယ်ဖွားတွေ ကိုရီးယားလူ့အဖွဲ့အစည်းအတွင်း တည်ငြိမ်စွာ အခြေချနေထိုင်နိုင်ကြဖို့ ရည်ရွယ်ဆောင်ရွက်သွားမယ်လို့ ကြေငြာခဲ့ပါတယ်။

💻 Dear Facebook Team,
This content is a direct translation of a news report from [ Korea News ] for educational and informational purposes only. It is not intended to promote violence or cause harm.
Information For Public :📑

●☆ Reference —
- "엄마, 우리 학교 없어진대요"···초등학교부터 줄줄이 문 닫아, 전국 폐교 4000곳 돌파
- 문 닫은 학교 4000곳 넘었다.. 30년 넘게 방치된 폐교도 82곳
- 전국 학교 4000여곳 문 닫았다
- 저출생에 전국 학교 4000곳 문 닫았다…앞으로 가장 많이 폐교될 곳은 ‘전북’
-
법무부에 '지역체류지원과'·'동포체류통합과' 신설


#대한민국 #인구절벽 #폐교현황 #저출산문제 #학령인구감소 #တောင်ကိုရီးယား #လူဦးရေပြဿနာ #ပညာရေး #ကျောင်းများပိတ်သိမ်းခြင်း #ကလေးမွေးဖွားနှုန်းနိမ့်ကျမှု

📌ကိုရီးယားနိုင်ငံ လာမယ့်နှစ်တွင် E-9ဦးရေ (၅)သောင်းလျှော့ချပြီး E-8ဦးရေကို(၁၃၀၀၀)ဦးတိုးမြင့်ခေါ်ယူရန် သတ်မှတ်...စုစုပေ...
30/12/2025

📌ကိုရီးယားနိုင်ငံ လာမယ့်နှစ်တွင် E-9ဦးရေ (၅)သောင်းလျှော့ချပြီး E-8ဦးရေကို(၁၃၀၀၀)ဦးတိုးမြင့်ခေါ်ယူရန် သတ်မှတ်...စုစုပေါင်း အလုပ်သမား(၁၉၁,၀၀၀)ဦးခေါ်ယူမည်...

📌နိုင်ငံတော်မူဝါဒညှိနှိုင်းရေးရုံးက ယနေ့ (၂၂)ရက်တွင် နိုင်ငံတော်မူဝါဒ ညှိနှိုင်းရေးမှူး ယူးန်ချားင်ရယေားလ်(윤창렬)ဦးဆောင်ကျင်းပခဲ့သော နိုင်ငံခြားသားလုပ်သားများ ပေါင်းစည်းမူဝါဒ ဆွေးနွေးပွဲတွင် လာမယ့်နှစ်မှာ ပြည်တွင်းကို ဝင်ရောက်လာမည့် E9စတဲ့ နိုင်ငံခြားသားလုပ်သားအရေအတွက်ကို (၁၉၁,၀၀၀)ဦးအဖြစ် သတ်မှတ်လိုက်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

📌ကျွမ်းကျင်မှုမရှိသောနိုင်ငံခြားသားလုပ်သားများဟာ epsစနစ်နဲ့ အလုပ်လုပ်ခွင့် (E-9)၊ ရာသီအလိုက် အလုပ်လုပ်ခွင့် (E-8)နှင့် ရေလုပ်သားအလုပ်အကိုင် (E-10)ဗီဇာများမှတစ်ဆင့် ပြည်တွင်းသို့ ဝင်ရောက်လာကြသူများဖြစ်ပါတယ်။

📌အဲဒီထဲက epsစနစ်နဲ့ အလုပ်လုပ်ခွင့် (E-9)ဖြင့် လုပ်သားခေါ်ယူမည့် အရေအတွက်ကို နောက်နှစ်စီးပွားရေးအလားအလာနှင့် အလုပ်အကိုင် အခြေအနေများကို ထည့်သွင်းစဉ်းစားကာ ယခုနှစ်ထက် (၅၀,၀၀၀)ဦး လျှော့ချပြီး (၈၀,၀၀၀)ဦးအဖြစ် သတ်မှတ်ခဲ့ပါတယ်။

📌ရာသီအလိုက် အလုပ်လုပ်ခွင့် (E-8)အလုပ်သမားများကိုတော့ ကျေးလက်နှင့် ရေလုပ်ငန်းခွင်များရှိ လူဦးရေ လျှော့နည်းခြင်းနှင့် သက်ကြီးရွယ်အို ဦးရေတိုးပွားခြင်းကြောင့် ဖြစ်ပေါ်လာသည့် လုပ်သားရှားပါးမှုကို လျှော့ပေါ့ရန်အတွက် ယခုနှစ်ထက် (၁၃,၀၀၀)ဦး တိုးမြှင့်ကာ (၁၀၉,၀၀၀)ဦးအထိ ခေါ်ယူရန် ဆုံးဖြတ်ခဲ့ပါတယ်။

📌ရေလုပ်သားအလုပ်အကိုင် (E-10)အလုပ်သမားအရေအတွက်ကို စုစုပေါင်းကန့်သတ်ချက် သတ်မှတ်ထားခြင်းမရှိဘဲ စုစုပေါင်းခွင့်ပြုဦးရေစနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ရာ လာမည့်နှစ်တွင် ဝင်ရောက်လာမည့် အရေအတွက်မှာ ယခုနှစ်နှင့် အလားတူ (၁,၇၀၀)ဦး ဝန်းကျင်ခန့်ရှိမည်ဟု ခန့်မှန်းထားပါတယ်။

📌ယူးန်ချားင်ရယေားလ်[ညှိနှိုင်းရေးမှူး]က "နိုင်ငံခြားသားလုပ်သားများအပေါ် မလျော်မကန် ဆက်ဆံခြင်းဟာကိုရီးယားသမ္မတနိုင်ငံရဲ့ ဂုဏ်သိက္ခာနှင့် မကိုက်ညီသော လုပ်ရပ်ဖြစ်တဲ့အတွက် သူတို့တစ်တွေ အလုပ်ခွင်မှာတရားမျှတသော ဆက်ဆံမှုရရှိပြီး ဘေးကင်းလုံခြုံစွာ အလုပ်လုပ်နိုင်ရန် ဖန်တီးပေးခြင်းဟာ အရေးကြီးပါတယ်" ဟု ပြောကြားခဲ့ပြီး "အခွင့်အရေးကာကွယ်ရေးနှင့် ပေါင်းစည်းထောက်ပံ့မှု နည်းလမ်းများကို ပြင်ဆင်ပေးပါရန်" တောင်းဆိုခဲ့ပါတယ်။

📌ဆက်လက်ပြီး ကျင်းပခဲ့သော (၄၈)ကြိမ်မြောက် နိုင်ငံခြားသားလုပ်သား မူဝါဒကော်မတီအစည်းအဝေးတွင် မြို့တော်ပြင်ပရှိ ကုန်ထုတ်လုပ်ငန်းများရဲ့ နိုင်ငံခြားသားလုပ်သား ခန့်အပ်ခွင့်ကန့်သတ်ချက်ကို မြှင့်တင်ခြင်းအပါအဝင် နည်းလမ်းများ ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။

်းကို ဆီလျော်အောင် ဘာသာပြန်ဆိုခြင်းသာ ဖြစ်ပါတယ်။
#고용허가재


လာမည့်နှစ် 2026အတွက် EPS စနစ်ဖြင့် နိုင်ငံခြားသားအလုပ်သမား ခေါ်ယူမည့် ခန့်မှန်းအရေအတွက် မှာ ၈၀,၀၀၀ ဖြစ်ပြီး၊ နိုင်ငံခြား...
30/12/2025

လာမည့်နှစ် 2026အတွက် EPS စနစ်ဖြင့် နိုင်ငံခြားသားအလုပ်သမား ခေါ်ယူမည့် ခန့်မှန်းအရေအတွက် မှာ ၈၀,၀၀၀ ဖြစ်ပြီး၊ နိုင်ငံခြားသား အိမ်အကူစေလွှတ်မည့် အစီအစဉ်ကို ရပ်ဆိုင်းမည်🧐

2025ခုနှစ် ခေါ်ယူခဲ့သည့် ၁၃၀,၀၀၀ နှင့် နှိုင်းယှဉ်ပါက ၃၈% လျော့နည်းသွားခြင်းဖြစ်သည်။

သို့သော် 2025နှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ E9 ဗီဇာ ၄၈,၆၆၈ ခုသာ ထုတ်ပေးခဲ့ပြီး 2025 စုစုပေါင်းခွဲတမ်း၏ 130000၏ ၃၇.၄% သာ ရှိသေးသည်😥

သင်္ဘောကျင်းလုပ်ငန်းအတွက် သီးသန့်ခွဲတမ်းကို ရပ်စဲပြီး ကုန်ထုတ်လုပ်ငန်း (Manufacturing) ကဏ္ဍအတွင်းသို့ ပြန်လည်ပေါင်းစည်းမည်ဖြစ်သည်။


ဆိုးလ်မြို့တော်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် နိုင်ငံခြားသား အိမ်အကူ ရှေ့ပြေးစီမံကိန်းကိုလည်း ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။

ယခုလ ၂၂ ရက်နေ့တွင် အစိုးရသည် နိုင်ငံခြားသားလုပ်သားမူဝါဒကော်မတီ အစည်းအဝေးကို ကျင်းပခဲ့ပြီး EPS စနစ် (E-9 ဗီဇာ) အရ အလုပ်သမားခေါ်ယူမည့် ခွဲတမ်းများပါဝင်သော “၂၀၂၆ ခုနှစ် နိုင်ငံခြားသားအလုပ်သမား လက်ခံရေးနှင့် စီမံခန့်ခွဲရေး အစီအစဉ်” ကို အတည်ပြုခဲ့သည်။
EPS စနစ်သည် ပြည်တွင်းလုပ်သား လုံလောက်စွာမရရှိနိုင်သော အသေးစားနှင့် အလတ်စားလုပ်ငန်းများ (SMEs) အတွက် ကျွမ်းကျင်မှုမလိုသော နိုင်ငံခြားသားအလုပ်သမားများကို ငှားရမ်းခွင့်ပြုသည့် စနစ်ဖြစ်သည်။
ကဏ္ဍအလိုက် လုပ်သားလိုအပ်ချက် ခန့်မှန်းချက်များ၊ လုပ်ငန်းခွင်အမှန်တကယ် လိုအပ်ချက်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ စစ်တမ်းများကို စုစည်းပြီးနောက်၊ အစိုးရသည် လာမည့်နှစ်အတွက် E-9 ခွဲတမ်းကို ၈၀,၀၀၀ ဟု ဆုံးဖြတ်ခဲ့သည်။ ယင်းမှာ ယခုနှစ်၏ ခွဲတမ်း ၁၃၀,၀၀၀ ထက် လူဦးရေ ၅၀,၀၀၀ (၃၈%) လျော့နည်းသွားခြင်းဖြစ်သည်။

ကိုဗစ်-၁၉ အပြီးတွင် နိုင်ငံခြားသားလုပ်သား လိုအပ်ချက် မြင့်တက်ခဲ့ရာမှ ယခုအခါ လိုအပ်ချက်မှာ အတိုင်းအတာတစ်ခုအထိ ပြည့်မီသွားပြီဖြစ်ခြင်း၊ အလုပ်အကိုင်ခွင့်ပြုမိန့် ထုတ်ပေးမှုနှုန်းမှာ ကပ်ရောဂါမတိုင်မီ အခြေအနေသို့ ပြန်လည်တည်ငြိမ်လာခြင်းနှင့် ကုန်ထုတ်လုပ်ငန်းနှင့် ဆောက်လုပ်ရေးကဏ္ဍများတွင် လစ်လပ်နေရာများ သိသိသာသာ လျော့နည်းသွားခြင်းတို့ကြောင့် ယခုကဲ့သို့ လျှော့ချရန် ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ပြောကြားခဲ့သည်။
သို့သော် ယခုနှစ် နိုဝင်ဘာလအထိ EPS ဗီဇာ ၄၈,၆၆၈ ခုသာ ထုတ်ပေးထားပြီး စုစုပေါင်းခွဲတမ်း၏ ၃၇.၄% သာ ရှိသေးသည်။

လာမည့်နှစ် ခွဲတမ်း ၈၀,၀၀၀ တွင် ကဏ္ဍအလိုက် ၇၀,၀၀၀ နှင့် လိုအပ်သလို အသုံးပြုနိုင်သည့် ပြောင်းသာလဲသာရှိသော ခွဲတမ်း ၁၀,၀၀၀ ပါဝင်သည်။

သတ်မှတ်ထားသော ကဏ္ဍအလိုက် ခွဲတမ်း ၇၀,၀၀၀ မှာ အောက်ပါအတိုင်းဖြစ်သည်-
* ကုန်ထုတ်လုပ်ငန်း (Manufacturing): ၅၀,၀၀၀ ဦး
* စိုက်ပျိုးရေးနှင့် မွေးမြူရေး (Agriculture and Livestock): ၁၀,၀၀၀ ဦး
* ငါးဖမ်းလုပ်ငန်း (Fisheries): ၇,၀၀၀ ဦး
* ဆောက်လုပ်ရေး (Construction): ၂,၀၀၀ ဦး
* ဝန်ဆောင်မှုလုပ်ငန်း (Services): ၁,၀၀၀ ဦး
ကျန်ရှိသော ပြောင်းသာလဲသာရှိသော ခွဲတမ်း ၁၀,၀၀၀ ကို လုပ်ငန်းခွင်၌ ရုတ်တရက် လုပ်သားလိုအပ်ချက်ရှိလာပါက ကဏ္ဍမရွေး အသုံးပြုသွားမည်ဖြစ်သည်။

၂၀၂၃ ခုနှစ် ဧပြီလမှ ၂၀၂၅ ခုနှစ်အထိ ယာယီသတ်မှတ်ထားသော သင်္ဘောကျင်းလုပ်ငန်း သီးသန့်ခွဲတမ်းသည် ယခုနှစ်ကုန်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး၊ နောင်တွင် အဆိုပါလုပ်ငန်းကို ကုန်ထုတ်လုပ်ငန်း (Manufacturing) ကဏ္ဍအတွင်းသို့ ယခင်အတိုင်း ပြန်လည်ပေါင်းစည်းမည်ဖြစ်သည်။
သင်္ဘောကျင်းလုပ်ငန်းများသည် ကုန်ထုတ်လုပ်ငန်းခွဲတမ်းမှတစ်ဆင့် နိုင်ငံခြားသားအလုပ်သမားများကို ဆက်လက်ငှားရမ်းနိုင်သောကြောင့် လူအင်အားအခက်အခဲ ကြုံတွေ့ရမည်မဟုတ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ယူဆသည်။ သို့သော်လည်း လုပ်ငန်းရှင်များ၏ စိုးရိမ်မှုကို လျှော့ချရန်အတွက် အစိုးရသည် သင်္ဘောကျင်းလုပ်ငန်း လူသားအရင်းအမြစ် ဖြည့်ဆည်းရေးဆိုင်ရာ ဝန်ကြီးဌာနပေါင်းစုံ လုပ်ငန်းအဖွဲ့တစ်ခုကို ဖွဲ့စည်းမည်ဖြစ်သည်။ ထိုအဖွဲ့သည် လုပ်သားအခြေအနေကို ပုံမှန်စောင့်ကြည့်ပြီး လိုအပ်ပါက အချိန်မီ အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကာ ပြည်တွင်းလုပ်သားများ၏ လုပ်ငန်းခွင်အခြေအနေ မြှင့်တင်ရေးနှင့် အလုပ်အကိုင်တိုးချဲ့ရေးတို့ကိုလည်း ရှာဖွေဆောင်ရွက်သွားမည်ဖြစ်သည်။
မြို့တော်ပြင်ပဒေသများရှိ ပြင်းထန်သော လုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်းရန်အတွက် လုပ်ငန်းတစ်ခုချင်းစီ၏ နိုင်ငံခြားသားလုပ်သား ငှားရမ်းခွင့် အမြင့်ဆုံးကန့်သတ်ချက်ကိုလည်း ပြင်ဆင်သတ်မှတ်ခဲ့သည်။
အထူးသဖြင့် မြို့တော်ပြင်ပရှိ ကုန်ထုတ်လုပ်ငန်းများအတွက် နိုင်ငံခြားသားလုပ်သား ငှားရမ်းခွင့် ရာခိုင်နှုန်းကို ၂၀% မှ ၃၀% သို့ တိုးမြှင့်ပေးမည်ဖြစ်သည်။
နိုင်ငံခြားတွင် ရင်းနှီးမြှုပ်နှံပြီးမှ ပြည်တွင်း (မြို့တော်ပြင်ပ) သို့ ပြန်လည်ဝင်ရောက်လာသော ကုန်ထုတ်လုပ်ငန်းများသည် လုပ်ငန်းအရွယ်အစားမရွေး နိုင်ငံခြားသားလုပ်သား ငှားရမ်းခွင့်ရှိမည်ဖြစ်ပြီး၊ အမြင့်ဆုံး ၅၀ ဦးအထိသာ ငှားရမ်းနိုင်သည့် ကန့်သတ်ချက်ကိုလည်း ပယ်ဖျက်ပေးမည်ဖြစ်သည်။

ထို့အပြင် နှံစားသီးနှံနှင့် စားသောက်ကုန် သီးနှံစိုက်ပျိုးရေးကဲ့သို့သော နိုင်ငံခြားသားလုပ်သား ငှားရမ်းခွင့်ရှိသော်လည်း ခွဲတမ်းမရှိသေးသည့် အချို့ကဏ္ဍများအတွက်လည်း အစိုးရက သတ်မှတ်ချက်အသစ်များ ထပ်မံဖြည့်စွက်မည်ဖြစ်သည်။
နိုင်ငံခြားသား အိမ်အကူ ရှေ့ပြေးစီမံကိန်းနှင့် ပတ်သက်၍ အစိုးရသည် ယင်းကို တရားဝင်အစီအစဉ်အဖြစ် အကောင်အထည်မဖော်ရန် ဆုံးဖြတ်ခဲ့သော်လည်း၊ လက်ရှိရောက်ရှိနေသော အလုပ်သမားများအတွက်မူ အခြား E-9 အလုပ်သမားများကဲ့သို့ပင် အလုပ်လုပ်ကိုင်ခွင့်သက်တမ်း တိုးမြှင့်ပေးခြင်းဖြင့် တည်ငြိမ်သော အလုပ်အကိုင်ရရှိစေရန် ဆောင်ရွက်ပေးမည်ဖြစ်သည်။
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး Kwon Chang-joon က အောက်ပါအတိုင်း အလေးပေးပြောကြားခဲ့သည်-
“ကျွန်ုပ်တို့သည် ‘နိုင်ငံခြားသားအလုပ်သမားအားလုံး’ အတွက် ပေါင်းစည်းထားသော ပံ့ပိုးကူညီမှုစနစ်ကို တည်ဆောက်သွားမည်ဖြစ်သည်။ သို့မှသာ ပြည်တွင်းနှင့် နိုင်ငံခြားသားအလုပ်သမားများ၏ အလုပ်အကိုင်များသည် တစ်ဦးကိုတစ်ဦး အားဖြည့်ပေးပြီး ကောင်းမွန်သော သံသရာတစ်ခု ဖြစ်ပေါ်လာမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် နိုင်ငံခြားသားအလုပ်သမားများအတွက် ခိုင်မာသော အကာအကွယ်နှင့် ပံ့ပိုးမှုများကိုလည်း အာမခံချက်ပေးသွားမည်ဖြစ်သည်။”

Ref- Yonhap News

ပြဿနာမဖြစ်အောင် သူဌေးကို အလုပ်ထွက်စာ (이직확인서 / 퇴직확인서) တောင်းချင်ရင် အောက်က စာကြောင်းတွေကို သုံးနိုင်ပါတယ်👇ကိုရီးယားလို사장님...
24/12/2025

ပြဿနာမဖြစ်အောင် သူဌေးကို အလုပ်ထွက်စာ (이직확인서 / 퇴직확인서) တောင်းချင်ရင် အောက်က စာကြောင်းတွေကို သုံးနိုင်ပါတယ်👇

ကိုရီးယားလို

사장님, 일이 너무 힘들어서 계속 일하기가 어렵습니다. 부득이하게 퇴사를 해야 할 것 같습니다. 이직확인서(또는 퇴직확인서)를 부탁드려도 될까요?

အဓိပ္ပါယ်

သူဌေး၊ အလုပ်က အရမ်းပင်ပန်းလို့ ဆက်လုပ်ဖို့ ခက်ခဲပါတယ်။
မလွဲမသွေ အလုပ်ထွက်ရမယ်ထင်ပါတယ်။
အလုပ်ထွက်စာကို ကူညီပေးလို့ရမလားပါ။

🔹 ပိုတိုပြီး နားလည်လွယ်အောင်

사장님, 일이 너무 힘듭니다. 그래서 퇴사를 생각하고 있습니다. 이직확인서를 부탁드립니다.

🔹 ကျန်းမာရေးအကြောင်းပြပြီး ပြောချင်ရင်

사장님, 건강이 안 좋아서 이 일을 계속하기 어렵습니다. 퇴사하려고 합니다. 이직확인서 좀 부탁드립니다.

🔹 သူဌေး မပေးချင်ဘူးဆိုရင် (ဥပဒေအတိုင်း ပြော)

사장님, 이직확인서는 법적으로 필요한 서류라고 알고 있습니다. 부탁드리겠습니다.

(အလုပ်ရှင်က မပေးလို့ မရတဲ့ စာရွက် ပါ)

⚠️ E-9 ဗီဇာအတွက် အရေးကြီးသတိပေးချက်

အလုပ်ထွက်စာ (이직확인서) မရှိရင်
❌ အလုပ်ပြောင်းခွင့် အခက်အခဲဖြစ်နိုင်

သူဌေးက အတင်းမပေးရင်
👉 노동청 (1350) သို့မဟုတ် EPS 센터 ကို တိုင်ကြားနိုင်

📌 အသံထွက်မသေချာရင် သုံးလို့ရတဲ့ အတိုဆုံး စာကြောင်း

사장님, 일이 너무 힘들어서 퇴사하려고 합니다. 이직확인서 부탁드립니다.
Hello Korea

ကိုရီးယားမှာ  အခုတလော စက်ရုံ  အလုပ်တွေရှားနေရတဲ့အကြောင်းအရင်း🧐ပြည်ပနိုင်ငံ‌ တွေမှ ကုန်ပစ္စည်းမှမှာယူမှုတွေ လျော့ကျ‌ နေ တ...
05/11/2025

ကိုရီးယားမှာ အခုတလော စက်ရုံ အလုပ်တွေရှားနေရတဲ့အကြောင်းအရင်း🧐

ပြည်ပနိုင်ငံ‌ တွေမှ ကုန်ပစ္စည်းမှမှာယူမှုတွေ လျော့ကျ‌ နေ တာ ကြောင့် ပြည်တွင်းမှာ စက်ရုံအလုပ်တွေ
ရှားနေရခြင်းဖြစ်ပါတယ်။

US traiff‌ အခွန်ကောက် စနစ်သစ်နှင့် တကမ္ဘာလုံးဆိုင်ရာ စီးပွားရေး နှေးကွေးလာမှု ကြောင့် တောင်ကိုးရီးယား စက်မှု ထုတ်ကုန် (industrial related product) ထိခိုက်ခဲ့ပြီး ကုန်ထုတ် လုပ်မှု ပမာဏများ ကျဆင်းခဲ့ရပါတယ်။

📍မော်တော်ကား (automotive) တင်ပို့မှု က (-၁၀.၅%) ကျဆင်းသွားပါတယ်။

📍မော်တော်ယဥ် အပိုပစ္စည်း နှင့် ဆက်စပ်ပစ္စည်းများ (-၁၈.၉%)ကျဆင်းသွားပါတယ်။

📍 Metal ထုတ်ကုန် (-၂၁.၅%) ကျဆင်းသွားပါတယ်။

📍အထွေထွေ စက်ပစ္စည်း(general machinery) (-၁၆.၁%)ကျဆင်းသွားပါတယ်။

သို့သော် 🚨အောက်တိုဘာလမှာ semiconductor ပို့ကုန်တွေဟာ ယခင်နှစ်နဲ့ နှိုင်းယှဉ်ရင် ၃.၆% မြင့်တက်ခဲ့ပါတယ်။

📍 electronic circuit board တင်ပို့မှုတွေက ၂၅.၄% မြင့်တက်ခဲ့ပါတယ်။

📍personal computer တင်ပို့မှုတွေက ၁.၇% မြင့်တက်ခဲ့ပါတယ်။

📍ရေနံထုတ်ကုန်(petroleum products)တွေ ၁၂.၇% မြင့်တက်ခဲ့ပါတယ်။

အထူးသဖြင့် နိုင်ငံခြားသား အလုပ်အကိုင်နဲ့ဆိုင်တဲ့ sectorတွေမှာ သိသိသာ သာ ထိခိုက်ခဲ့ သောကြောင့် အလုပ်ထွက်ဖို့ စဉ်းစားနေတဲ့ ညီ အကိုတွေ အနေနဲ့ တချက်လောက်စောင့်ကြည့်သင့်တဲ့ ကာလလဲဖြစ်ပါတယ်🙏

မဖြစ်မနေ အလုပ် ထွက်မယ် ဆို ပါက လဲ ဆောင်းတွင်းကာ လ အလုပ်‌ ကောင်း တွေ ရှားနေသောကြောင့် သွားမယ့် အလုပ်ကို ကြိုတင် ချိတ်ဆက်ပြီးမှ အလုပ်ထွက်တာ အကောင်းဆုံးဖြစ်ပါတယ်🧐

ညီအကိုတွေ အလုပ်အကိုင်တွေ အဆင်ပြေ ကြပါစေ🙏🙏�ချယ်ရီမြေမှ ဂင်ချီနေ့ရက်များ

နောက်ပိုင်း မြန်မာပြည်က လူငယ်တွေKorea ရောက်ပြီးနောက်မှ စိတ်ကူးနဲ့ လက်တွေ့  အထင်နဲ့ အမြင်ကွဲ ခြားနေတာလဲ🧐အထူးသဖြင့် ၂၀၂၁နေ...
04/11/2025

နောက်ပိုင်း မြန်မာပြည်က လူငယ်တွေKorea ရောက်ပြီးနောက်မှ စိတ်ကူးနဲ့ လက်တွေ့ အထင်နဲ့ အမြင်ကွဲ ခြားနေတာလဲ🧐

အထူးသဖြင့် ၂၀၂၁နောက်ပိုင်းepsနဲ့ဖြစ်ဖြစ်ရောက်လာတဲ့သူအချို့နဲ့ D4/D2နဲ့ရောက်လာကြတဲ့လူငယ်လေးတွေ အတွက် ကျွန်‌ တော့အတွေ့အကြုံအချို့ ဝေမျှချင်ပါတယ်🙏

မြန်မာပြည် နိုင်ငံရေး အခြေအနေတွေကြောင့်ရော အခုကာလငွေပေါက်ဈေး ကြောင့်ရော ကိုးရီးယားမှာ ရတဲ့လစာပမာဏ ဟာ ကျွန်တော်တို့ လူငယ်တိုင်းအတွက်မက်လောက်စရာ ပမာဏတခုပါ။ ဒါကြောင့်မလို့ကိုးရီးယားကို ၂၀၂၁နောက်ပိုင်းပုံစံမျိုးစုံနဲ့လာရောက်ကြတဲ့ လူငယ်တွေ အရမ်းများပါတယ်

ကိုးရီးယားလို့ပြောလိုက်ရင် လှပတဲ့ရှူခင်း/k drama ,fashionကျတဲ့ လူငယ်တွေ အစားအသောက်တွေ/တိုးတက်နေတဲ့နည်းပညာချစ်စရာမိန်းမပျိုလေးတွေအစရှိသဖြင့်ပြေးမြင်တတ်ကြပါတယ်။
အဲ့တာတွေရဲ့နောက်ကွယ်ကအရာ dark side တွေကို ကျွန်တော် တို့ မမြင်ဖူး မစိတ်မကူးမိခဲ့လို့ပါ။

လွတ်လပ်ပြီးဖွံဖြိုးတဲ့နိုင်ငံတစ်ခုလို့ မြင်ရတာရဲ့ကိုယ်တွေလို third world country က လာတဲ့လူတွေအတွက် အထင်သေးပြီး နှိမ်ချင် ဖိနှိမ်ချင်တဲ့သူတွေ မသိမသာခွဲခြားခံရမှုတွေ မသိမသာချိုးဖောက်ခံနေရတဲ့ လူ့အခွင့်အရေးတွေ..တွေကို ကျွန်တော်‌တို့စိတ်ထဲ မသိမသာ ခံစားလာရပါတယ်။

နှစ် 30လောက်အတွင်း အလျင်အမြန်တိုးတက်ခဲ့တဲ့နိုင်ငံဆိုတော့ အရမ်းရုန်းကန် ပြီး အပြိုင်အဆိုင်များတဲ့ လူအဖွဲ့အစည်းတွေရဲ့သဘောသဘာဝတွေ နဲ့ နိုင်ငံ မျိုးစုံက အကျင့်စရိုက်စုံတဲ့ လူမျိုး‌ ပေါင်းစုံ တွေကြားမှာနေ့စဉ်ရက်ဆက်အလုပ်နဲ့တာဝန်တွေ ဖိအားတွေ၊ ဘာသာစကားအခက်အခဲတွေ၊ နေဝင်ချိန်မမြင်လိုက်ရတဲ့နေ့ရက်နဲ့ စက်ရုပ်ဆန်တဲ့ လူနေမှု ဘဝပုံစံတွေအစရှိသဖြင့် ကျွန်တော်တို့နိုင်ငံမှာ မကြုံဖူးတဲ့lifestyleကို ရင်ဆိုင်ကျော်ဖြတ်ကြရပါတယ်။

သိထားရမှာက ကိုးရီးယားနိုင်ငံသားတွေဟာလည်း သာမာန်လူသားတွေပါပဲဆိုတဲ့အချက်ပါ။ ကိုယ်တွေဟာ ကိုးရီယားဆိုစကတည်းက အထူးသဖြင့်(မြန်မာမိန်းခလေးတွေ)အထင်ကြီးတဲ့အခံရှိထားတော့ ဒီရောက်ပြီး ထင်ထားသလိုမဟုတ်တဲ့လူတွေနဲ့ကြုံတဲ့အခါ စပါယ်ရှယ်ပလန်နဲ့ကို (ဟယ်/ဟာ) တွေဖြစ်ကုန်ရပါတယ်။

အပေါ်ယံဟန်ဆောင်ကောင်းတဲ့လူတွေကြားမှာ ယောင်္ကျားလေးဆိုရင် ဖိနှိပ် အနိုင်ကျင့် လူပါးဝ ချင် မိန်းကလေး ဆိုရင် ဘောင်ထဲက အခွင့်အရေးယူ နှာဘူးထချင်တဲ့ လိင်ပိုင်း ဆိုင်ရာအမြတ်ထုတ်ချင်တဲ့ လူ့တွေကြားမှာ ရှောင်ရရှားရတာက စိတ်ပင်ပန်းရပါတယ်။

ဒီကြားတဲ့ လုပ်ငန်းခွင်တွေမှာ အတူနေ လုပ်ဖော်ကိုင်ဖက် မကောင်းတာဖြစ်ဖြစ်၊ တခြားနိုင်ငံသားက လူပါးဝ ဗိုလ်ကျတာပဲဖြစ်ဖြစ် ရင်ဆိုင်ဖြေရှင်း ကျော်ဖြတ်ရတာ က စိတ်ပင်ပန်းစရာကောင်းပါတယ်။

ကိုးရီးယားမှာ 8နှစ်ကျော်နေထိုင်ခဲ့တဲ့ ကာလအတွင်း ကုန်ထုပ်လုပ်ငန်း ဆောက်လုပ်ရေးလုပ်ငန်း စားသောက်ဆိုင် အချိန်ပိုင်းလုပ်ငန်းမျိုးစုံ လုပ်ခဲ့ဖူးတော့ လုပ်ငန်းသဘောသဘာဝကို နားလည်သင့်သလောက်နားလည်ပါတယ်။

တချို့အလုပ်တွေကလူပင်ပန်းပြီး စိတ်မပင်ပန်းပါဘူး တချို့ဟာတွေက ကြည့်လိုက်ရင်ရိုးရှင်းလွယ်ကူပေမဲ့စိတ်အရမ်းပင်ပန်းပါတယ်
အချိန်နာရီနဲ့တွက်ပေးတာဖြစ်လို့လစာများလေ အချိန်အများကြီးလုပ်ပေးရလေပါ ဝမ်၃၀နဲ့ အထက် အချိန်ပို ကောင်းရင်နေ့ဆိုင်းညဆိုင်းဆင်းရဖို့များပါတယ်။စားသောက်ဆိုင်အချိန်ပိုင်းဆိုလဲ ပေးတာနဲ့တန်အောင် လုပ်ကြရတာပါ။

အထူးသဖြင့် ကျောင်းတဖက်နဲ့ အချိန်ပိုင်း အလုပ် လုပ်ကြတဲ့ ညီငယ် ၊ညီမငယ်တွေဆို ကျွန်တော်တို့ ထက်ပိုပြီးပင်ပန်းပါတယ်။ကျောင်းလခ၊ အခန်းငှားခ၊နေထိုင်စားသောက်စရိတ် က ရတဲ့ လစာရဲ့ 60%လောက်ကို တိုက်စားသွားပြီး ကျောင်းနဲ့အိမ် ၊အချိန်ပိုင်းအလုပ် ကို ပတ်ချာလည်ရိုက်နေရပါတယ်။ကျွန်တော့် အတွေ့အကြုံ အရ စားသောက်ဆိုင် အလုပ်တွေ က တကယ် ကို ပင်ပန်းပါတယ် ။ပန်ကန်ဆေးဆိုလဲ ရွာ ကအလှုပွဲလိုဆေးရပြီး၊မီးဖိုချောင်ထဲမှာ လုပ်တဲ့သူ တွေဆိုလဲ (overcooked) gameထဲ ကလို အမြန်လုပ်ရပါတယ်😂။ hall, servingလုပ်တဲ့ သူတွေဆိုလဲ ကကြီး အရူးတွေရဲ့ customer complainမျိုးစုံ ရစ်တဲ့ဒဏ်မျိုးစုံ ကို ရင်ဆိုင်ဖြတ်သန်းနေကြပါတယ်။

တချို့ ညီငယ် တွေဆိုလဲ epsနဲ့လာပြီး တပတ်လောက်နဲ့ထွက်စာတောင်းတာလဲအများကြီးရှိပါတယ်။ဒီနေရာ နောက်ပိုင်းလူငယ်တွေထဲမှာ အလုပ်ကြမ်းတခါမှမလုပ်ဖူးတဲ့လူငယ်တွေပါသလို မြန်မာပြည်မှာကတည်းက အလုပ်ကြမ်းလုပ်ဖူးတဲ့ လူတွေလဲပါတယ်။ တချို့အလုပ်တွေက တကယ်ကို တပတ်တောင် မလုပ်နိုင်(မလုပ်ချင်) လောက် အောင် စိတ်ပင်ပန်း၊လူပင်ပန်း တဲ့ အလုပ်တွေလဲရှိပါတယ် ။သက်သာတဲ့ အလုပ်တွေလဲကြုံဖူးပါတယ်။

ဒီနေရာမှာ တယောက်နဲ့တယောက် ကံချင်းမတူတော့ တချို့ အလုပ်တွေ က သက်တောင့်သက်သာနဲ့ စိတ်ဖိစီးမှု နဲတဲ့ အလုပ်တွေအများကြီးရှိသလို့ တချို့အလုပ်တွေကြပြန်တော့ အန္တရာယ်လဲများ၊ ကျန်းမာရေးအတွက်လဲ မသင့်တော်၊မိုးလင်းထဲ က ဆူဆဲ သံတွေနဲ့ နပန်းလုံးနေရတဲ့ အလုပ်တွေ အများကြီးတွေ့ခဲ့ဖူးပါတယ်။

အတူနေအခန်းဖော်/လုပ်ဖော်ကိုင်ဖက် မကောင်းရင်စိတ်ဖိစီးပြီး စိတ်ပင်ပန်းရပါတယ်

လူကိုလူလို့ပဲမြင်ပါ။ ကိုးရီးယားရောက်ပြီး ဇာတ်ကားတွေထဲကလို ချောမောလှပ ဘောစိဖြစ်သွားမယ်ဆိုတဲ့ စိတ်ကူးလှလှလေးတွေပဲယဉ်လာရင်တော့ အပေါ်ကပြောထားသလိုစိတ်မျိုးတွေပေါ်လာမှာပါ။

ကြိုးစားပါ။လူတွေအမြင်ကိုအများကြီးမခံယူပါနဲ့။(ဘာသာစကားကိုအမြဲမပြတ်တိုးတက်အောင်လုပ်ပါ)

တဖက်မှာလဲ မြန်မာ့အချင်းချင်းဂျင်းထည့် အမြတ်ထုတ်မဲ့ ဆရာကြီး ဆရာမကြီးတွေလဲပေါပါတယ်(ဘာပဲလုပ်လုပ် /ဘာပဲဝယ်ဝယ်) နားလည်ပြီး အတွေ့အကြုံရှိတဲ့ သူတွေကအကြံညာဏ်ယူတာဖြစ်ဖြစ် ကိုယ်တိုင်အချိန်ယူ လေ့လာပြီးမှပဲဖြစ်ဖြစ်)လုပ်ကြပါ။
ညီအကိုတို့ပင်ပင်ပန်းပန်း ချွေးနဲစာတွေကို အချောင်လိုချင်တဲ့သူတွေ မတန်မဆ အမြတ်ထုတ်ချင်တဲ့ လူလည်ပေသီးတွေ ပေါပါတယ်😊(ကိုယ့်တွေ့ ဂျင်းထည့်ခံရတဲ့အကြောင်းတွေကိုနောက်အားမှ ရေးပါမယ်)😂။ အမှန်အကန် ထိုင်သင့်တဲ့ဝန်ဆောင်မှုတခုယူပြီး လုပ်ပေးတဲ့ သူတွေ လဲ ရှိပါတယ်။ သေချာစုံစမ်းမေးမြန်းပြီးရွှေးချယ်နိုင်ဖို့တော့ လိုတာပေါ့နော်😇

ကိုးရီးယာရောက်ရင် ချက်ချင်းကြီးဘဝပြောင်းလဲတာမဟုတ်ပဲ ကိုးရီးယားရောက်မှဘဝစတာပါ။ လူတွေ စနစ်တွေ အချိန်တွေနဲ့ မိသားစုတန်ဖိုး/ လူလာဖြစ်ရတဲ့အရသာနဲ့ ဘဝအကြောင်းတွေအများကြီး သင်ယူရမယ့် နေရာကြီးပေါ့။

အဆုံးသတ်အနေနဲ့အတွေ့အကြုံဝေမှပေးရရင်တော့ ကိုးရီးယားဘာသာစကားကို အမြဲမပြတ်လေ့လာပါ။
ဘာသာစကားရရင် မရသူထက် ခေါင်းတလုံးပိုသာပါတယ် နေရာဒေသအသီးအသီးက ပုံစံမျိုးစုံ လူစုံ စရိုက်စုံ စုတဲ့နေရာဖြစ်လို့ လူကောင်းလဲရှိသလို မကောင်းတဲ့ လူလဲပေါပါတယ် ပိုက်ဆံကို စီစစ်သုံးစွဲပြီး သေချာစုဆောင်းပါ ။ငွေကြေးကိုဒီအတိုင်း စုဆောင်းတာတဲ့ နှစ်စဉ် တန်ဖိုးတက်‌ေနတဲ့ asset‌ တွေ ဖြစ်တဲ့ (ရွှေ၊အိမ်ခြံမြေ) တခုခုကို လေ့လာပြီး ရင်းနှီုးမြုပ်နှုံသင့်ပါတယ်။

ကိုးရီးယားရှာတဲ့ ပိုက်ဆံကို မှာကိုးရီးယားမှာ မဖြုန်းတီးပစ်ကြပါနဲ့(ကျွန်တော်တို့ဘယ်လောက် စိတ်ပင်ပန်းလူပင်ပန်းနဲ့ရှာခဲ့သလဲ ညီအကိုတွေ အသိဆုံးပါ) အပျော်အပါးနဲ့လောင်းကစားတွေအပေါ်မှာ ပိုက်ဆံမဖြုန်းပါနဲ့ ။

ရှင်းရှင်းပြောရင်ကျွန်တော်တို့တွေဟာ သူတို့နိုင်ငံသားတွေ မလုပ်ချင်တဲ့ အလုပ်ကြမ်းတွေ လုပ်ပြီး ပိုက်ဆံရှာတာပါ😇 အချိန်တန်ရင် အိမ်ပြန်ကျမဲ့သူတွေပါ😎

မြန်မာလူမျိုးအချင်းချင်း ညီကိုတို့ရဲ့ချွေးနဲစာတွေကို နည်းမျိုးစုံနဲ့ အပူစာစားချင်တဲ့အပြောချိုချို လူလည်ပေသီး/ပေသီးမတွေ နဲ့ မြန်မာပြည်ကနေ အလုပ်လက်ကျောတင်းအောင် မလုပ်ချင်ဘဲ ညီကိုတွေနဲ့ချွေးနဲစာကို ချူစားချင်တဲ့ ကျားဖြန်တွေလို စိတ်ဓါတ်နဲ့ မိန်းမလည် သိန်းကြွယ် တွေကို အထူး သတိထားပါ။ဒီ 2ခု ကိုရှောင်နိုင်ရင်တော်တော် အဆင်ပြေနေပါပြီ😂

ကကြီးမှာ ဖဲနဲ့လောင်းကစား(2d/3d) ဘောလုံး၊မိန်းမကိစ္စတွေ ကြောင့် ပိုက်ဆံမစုမိ ဘဝတွေပျက်တဲ့ လူတွေ မျက်စိရှေ့မှာရော မိတ်ဆွေ သူငယ်ချင်းတွေထဲမှာအများကြီးမှ အများကြီးရှိပါတယ်။ ကိုးရီးယားမှာ 10/13နှစ် လုပ်ပြီး မြန်မာပြည်ပြန်တော့ ဒုံရင်းဒုံရင်း ဖြစ်ပြီး အချိန်လွန်နောင်တတွေနဲ့ သူတွေ အများကြီးတွေ့ခဲ့ဖူးပါတယ်😭

ယောင်္ကျားလေးအများစုက အထီးကျန်ဒဏ်ကြောင့် အရက်တွေသောက်ကြပါတယ်(ဆိုဂျူးကလဲ တန်ဆေးလွန်ဘေးပါဘဲ)အရက်ကြောင့် ကျန်းမာရေးထိတဲ့သူတွေလဲရှိပါတယ်။

ပိုက်ဆံကိုသေချာစီမံခန့်ခွဲပါ(လစာရဲ့50%ပုံမှန် စုနိုင်ရင်တောင်)အဆင်ပြေပါတယ်။ အနာဂါတ်အတွက်ရင်းနှီးမြှုပ်နှံပါ ကျန်းမာ အဟာရမျှတစွာနေထိုင်စားသောက်ကြပါ။ အားကစားတခုခုလိုက်စားပါ စိတ်ချမ်းသာအောင်နေပါ အမြဲတမ်းအခန်းအောင်းနေတာထက် ပိတ်ရက်တွေမှာ အပြင်ထွက်ပြီး မိတ်ဆွေ သူငယ်ချင်းကောင်းတွေစုဖွဲ့ပါ အားရှိတာတွေဝယ်စားပါ😁

ကိုယ့်နိုင်ငံ အရေးကို လဲ တတ်နိုင်သလောက်ကူညီပေးကြပါ😉

ရှင်းရှင်းပြောရရင် ကျွန်တော်တို့ဟာ ဒီနိုင်ငံမှာ နေစဉ် အတောအတွင်း ကြိုးဝိုင်းထဲ ရောက်နေတဲ့သူတွေနဲ့တူပါတယ်။အဓိက အရေးကြီးဆုံးအချိန် ကြိုးဝိုင်းပြင်ထွက်တဲ့ အခါ ကျန်းမာရေးကောင်း‌ ကောင်းနဲ့ အရင်းနှီး များများ ပိုက်ပြီး လက်ခမောင်း ခတ်ထွက်နိုင်ဖို့ အရေးကြီးတာပါ😎

ကျွန်တော့်တို့တွေဟာ တချိန်ကြရင် ချစ်တဲ့အမိမြေကို ကျန်းကျန်းမာမာမာနဲ့ ပြန်ရပြီး ကိုယ်ပိုင် အလုပ်တွေကို လုပ်နိုင်တဲ့ လုပ်ငန်းရှင်တွေဖြစ်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်💪💪💪💪

🌸ချယ်ရီမြေမှဂင်ချီနေ့ရက်များ

12/10/2025
12/10/2025
၂၀၂၅ခုနှစ် (၁၀၂/၁၀၃ကြိမ်မြောက်)ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲကြေညာချက်
21/07/2025

၂၀၂၅ခုနှစ် (၁၀၂/၁၀၃ကြိမ်မြောက်)
ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲကြေညာချက်

☀️ဒီနေ့(7/20)ရက်နေ့ဟာဆိုရင် တစ်နှစ်တာရဲ့ အပူဆုံးနေ့ 복날ရဲ့ အစဖြစ်တဲ့ 초복ဖြစ်ပါတယ်။☀️복날(3)မျိုးရှိပါတယ်။ 초복(အပူဆုံးနေ့ အစ)중...
20/07/2025

☀️ဒီနေ့(7/20)ရက်နေ့ဟာဆိုရင် တစ်နှစ်တာရဲ့ အပူဆုံးနေ့ 복날ရဲ့ အစဖြစ်တဲ့ 초복ဖြစ်ပါတယ်။

☀️복날(3)မျိုးရှိပါတယ်။ 초복(အပူဆုံးနေ့ အစ)중복(အပူဆုံးနေ့ အလယ်ပိုင်း)နဲ့ 말복(အပူဆုံးနေ့ နောက်ဆုံးပိုင်း)ဆိုပြီး ရှပါတယ်။

☀️초복, 중복 말복 (3)မျိုးကို ပေါင်းပြီး 삼복လို့ ခေါ်ပါတယ်။

☀️삼복ကို ကိုရီးယား ပြက္ခဒိန်နဲ့ သတ်မှတ်တာ ဖြစ်ပြီး နှစ်စဥ် ရက်စွဲ ပြောင်လဲသွားတိုင်နိုင်ပေမယ့် (7)လပိုင်း အလယ်ကနေ (8)လပိုင်း အလယ်ပတ်၀န်းကျင်းမှာ 복날ရက် ကျရောက်လေ့ ရှိပါတယ်။

☀️(2025)ခုနှစ်အတွက် 복날ကျရောက်တဲ့နေ့တွေကတော့
초복(7/20)ရက်နေ့
중복,(7/30)ရက်
민복(8/9)ရက်တို့ ဖြစ်ကြပါတယ်။ (10)ရက်စီ ကွာခြားပါတယ်။

☀️복날နေ့မှာဆိုရင် ဂျင်ဆင်းကြက်ပေါင်းဟင်းကို စားလေ့ရှိကြပါတယ်။ ဆုံးရှုံးသွားတဲ့ ကိုယ်ခံအားတွေနဲ့ စွမ်းအင်တွေကို ပြန်လည်ဖြည့်တင်းရန်အတွက် စားသုံးကြတာဖြစ်ပါတယ်။

☀️ကိုရီးယားမှာတော့ အရမ်းပူတဲ့အချိန်မှာ ပူနွေးတဲ့အစားအစာကို စားသုံးခြင်းဖြင့် ချွေးတွေထွက်ပြီး အဖျားသက်သာဖို့ ပူတဲ့အစာတွေ စားဖို့ လိုတယ်ဆိုတဲ့ ရိုးရာအယူအဆဖြစ်တဲ့ 더위는 이열치열ဆိုတဲ့ အပူကို အပူနဲ့တိုက်ဆိုတဲ့ ဆိုရိုးစကားလဲ ရှိပါတယ်။

☀️မိတ်ဆွေတို့စက်ရုံအလုပ်ရုံတွမှာဆိုရင်လဲ 복날နေ့ ပိတ်ရက်မကျရင် ဂျင်ဆင်းကြက်ပေါင်းဟင်းကို ကျွေး လိမ့်မယ်။

🙏အားလုံးပဲ နွေရဲ့ အပူဒဏ်ကို ကောင်းမွန်စွာ ကျော်ဖြတ်နိုင်ကြပါစေ...
🙏MyanmarKoreaGuide
🙏MyanKo Family

HRDမှ အသစ်ထုတ်ပြန်လိုက်တဲ့ 2025 မေးခွန်းပုံစံအသစ်
17/07/2025

HRDမှ အသစ်ထုတ်ပြန်လိုက်တဲ့ 2025 မေးခွန်းပုံစံအသစ်

"E-9 ဗီဇာနဲ့ စားသောက်ဆိုင်လို လုပ်ငန်းခွင် နယ်ပယ်သစ်တွေမှာ တိုးချဲ့အလုပ်လုပ်နိုင်ဖို့ – အစိုးရက ခွင့်ပြုလိုက်ပါပြီ!"တောင...
17/05/2025

"E-9 ဗီဇာနဲ့ စားသောက်ဆိုင်လို လုပ်ငန်းခွင် နယ်ပယ်သစ်တွေမှာ တိုးချဲ့အလုပ်လုပ်နိုင်ဖို့ – အစိုးရက ခွင့်ပြုလိုက်ပါပြီ!"
တောင်ကိုရီးယားအစိုးရဟာ ပစ္စည်းပို့ဆောင်ရေး택배၊ စားသောက်ဆိုင်음식점၊ ဟိုတယ်နှင့် ကွန်ဒိုလုပ်ငန်း호텔·콘도များတွင် E-9 ဗီဇာရှိနိုင်ငံခြားသားအလုပ်သမားများကို လုပ်ကိုင်ခွင့်ပြုမယ့် လုပ်ငန်းအမျိုးအစားများ တိုးချဲ့ပေးမယ်လို့ ကြေညာလိုက်ပါတယ်။

ကိုရီးယားအစိုးရက နိုင်ငံတွင်း ဝန်ဆောင်မှုလုပ်ငန်းတွေမှာ အလုပ်သမားအခက်အခဲ အကျပ်အတည်း ကြုံတွေ့လာတဲ့အတွက် E-9 ဗီဇာရှိတဲ့နိုင်ငံခြားသားတွေကို ပစ္စည်းပို့ဆောင်ရေး၊ စားသောက်ဆိုင် ၊ ဟိုတယ်နှင့် ကွန်ဒိုလုပ်ငန်း စတဲ့ဝန်ဆောင်မှုလုပ်ငန်းတွေမှာ လုပ်ကိုင်ခွင့်ပြုမယ့် အလုပ်အမျိုးအစားတွေကို တိုးချဲ့ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အစိုးရညှိနှိုင်းရေးဝန်ကြီးဌာန ဦးစီးအရာရှိ ဦးဆောင်တဲ့ နိုင်ငံခြားသား အလုပ်အကိုင်မူဝါဒအဖွဲ့ ဟာ "ဝန်ဆောင်မှုလုပ်ငန်း အလုပ်ခန့်ထားမှုစနစ် ပြုပြင်ပြောင်းလဲရေးနှင့် အကူအညီပေးရေးအစီအစဥ်" [서비스업 고용허가제 운영 개선 및 지원 방안] လို့ ခေါင်းစဉ်တပ်ထားတဲ့ ဒီအစီအစဉ်ကို အတည်ပြု ကြေငြာခဲ့ပါတယ်။

နိုင်ငံခြားသားတွေကို ပစ္စည်းပို့ဆောင်တဲ့လုပ်ငန်းမှာ ယခင်က ပစ္စည်း တင်ခြင်း-ချခြင်း (상하차) အလုပ်များတွင်သာ ခွင့်ပြုထားပြီး ပစ္စည်းခွဲခြားခြင်း (분류작업) ကိုတော့ ခွင့်မပြုထားသော်လည်း၊ အခု ဒီအလုပ်ကိုပါ တာဝန်ယူလုပ်ကိုင်ခွင့်ရှိအောင် ပြောင်းလဲပြင်ဆင်ရန် ဆုံးဖြတ်ခဲ့ပါတယိ။ လုပ်ငန်းခွင်မှာ ပစ္စည်းအတင်အချ နဲ့ ပစ္စည်းတွေခွဲခြားတာကို သီးခြားခွဲခြားဖို့ ခက်ခဲကြောင်း တုံ့ပြန်မှုများနဲ့ ကိုက်ညီအောင် ပြင်ဆင်ခဲ့ပါတယ်။

စားသောက်ဆိုင် လုပ်ငန်းများမှာလည်း အရင်က မီးဖိုချောင်အတွင်း အကူအလုပ်ပဲ (주방보조) ခွင့်ပြုပေမယ့်၊ ဒီတခေါက်မှာ စားပွဲထိုး ဧည့်သည်ဝန်ဆောင်မှုပေးတဲ့ (홀서빙) အလုပ်များကိုပါ လုပ်ခွင့်ပြုရန် တိုးချဲ့ခဲ့ပါတယ်။
အရင်က 제외동포- F-4 ဗီဇာ (ကိုရီးယားနိုင်ငံသားဖြစ်ဖူးသူ ဒါမှမဟုတ် မိဘမျိုးရိုးက ကိုရီးယားနိုင်ငံသားဖြစ်ပြီး ကိုရီးယားပြည်ပတွင် နေထိုင်သူ) နဲ့ 유학생 - D2 တက္ကသိုလ်ကျောင်းသား ဗီဇာများကိုသာ စားသောက်ဆိုင်မှာ 홀서빙 ဧည့်သည်ဝန်ဆောင်မှုပေးတာ လုပ်ခွင့်ရှိပေမယ့် အလုပ်လုပ်ကိုင်မည့်သူ လူနည်းနေခြင်းနဲ့ အလုပ်သမားရှားပါးမှုအတွက် လုပ်ငန်းရှင်တွေရဲ့ မကျေမနပ်ပြောဆိုမှုတွေ ဆက်တိုက်ထွက်လာတာကနေ ​အလုပ်လုပ်ခွင့်တွေ ဖြေလျှော့ပေးလိုက်တာဖြစ်ပါတယ်။

အသေးစားစားသောက်ဆိုင်များမှာ မီးဖိုအလုပ်နဲ့ စားပွဲထိုးဝန်ဆောင်မှုများကို သဘောတူညီချက်အတိုင်း အတူတကွလုပ်ဆောင်ရမယ်ဆိုတာကို ထည့်သွင်းထားပါတယ်။

ဟိုတယ်နှင့် ကွန်ဒိုလုပ်ငန်း သန့်ရှင်းရေးဝန်ဆောင်မှုအတွက်ကိုလည်း အရင်က 서울 (ဆိုးလ်), ဂန်ဝန် 강원, ဂျယ်ဂျု 제주, ဘူဆန် 부산 တို့မှာပဲ ခွင့်ပြုခဲ့သော်လည်း ဒေသအုပ်ချုပ်ရေးအဖွဲ့များ (지자체) ထံမှ တောင်းဆိုမှုရှိရင် အခြားဒေသများတွင်ပါ ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ APEC အဖွဲ့အစည်းရဲ့ အစည်းအဝေးကျင်းပမယ့် ဂယောင်ဂျု 경주မြို့၌လည်း တောင်းဆိုမှုရှိနေသည်ဟု ကိုရီးယားအစိုးရ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကိုရီးယားအစိုးရအနေဖြင့် လုပ်အားအင်အားနည်းပါးနေတဲ့ ဝန်ဆောင်မှုလုပ်ငန်းများမှာ နိုင်ငံခြားသားအလုပ်သမားများကို ထပ်မံခေါ်ယူရယူနိုင်ဖို့ အလုပ်အကိုင်ခွင့်ပြုတဲ့ နယ်ပယ်များကို ဆက်လက်ပြီး တိုးချဲ့ဆောင်ရွက်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။Kyaw San

Sources:
조선일보 뉴스 Chosun News
https://www.chosun.com/national/labor/2025/05/15/5OFIY743ZVGLPLOSEEV3PVOLQ4/
매일경제 뉴스
https://www.mk.co.kr/news/society/11318220

Address

ကျားဘုရားမှတ်တိုင်အနီး စိုက်ပျိုးရေးလမ်း ဦးရွှေရိုးလမ်းထိပ်
Thanlyin

Telephone

09420119040

Website

Alerts

Be the first to know and let us send you an email when သူ့ခေတ်စံကိုရီးယားဘာသာစကားသင်တန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share