Smart Goals Myanmar

Call Contact the business

Smart Goals Myanmar ISO Consultancy Services and Training

14/10/2026

နွားနို့စက်ရုံသို့ HACCP Certification အတွက် သွားရောက်ဆွေးနွေးခဲ့ကြပါတယ်။
Certificate ဆိုတာထက် System ကို ဖော်ဆောင်ချင်သော Clients ဖြစ်လို့ အသေးစိတ်ဆွေးနွေးဖြစ်ခဲ့တဲ့ နေ့လေးတရက်

🌸 “ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်” ⚙️ပြီးခဲ့တဲ့ 23.8.2026 ရက်နေ့က Smart Goals Myanmar မှ ကျင်းပခဲ့တဲ့ 5S Workplace Im...
11/10/2026

🌸 “ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်” ⚙️

ပြီးခဲ့တဲ့ 23.8.2026 ရက်နေ့က Smart Goals Myanmar မှ ကျင်းပခဲ့တဲ့ 5S Workplace Improvement Training ဟာ သင်တန်းသား (Trainee) များကို သင်ယူစေရုံတင် မဟုတ်ဘဲ သင်တန်းဆရာ (Trainer) များအဖြစ်ပါ ပြုစုပျိုးထောင်ပေးနိုင်ခဲ့ပါတယ်။ 💡

အခုဆိုရင် သင်တန်းဆင်း Trainee များဟာ မိမိတို့ စက်ရုံမှာ လုပ်ဖော်ကိုင်ဖက်များကို ပြန်လည်မျှဝေ သင်ကြားပေးနေပြီဖြစ်ပြီး ကျွန်တော်တို့ဘက်မှလည်း လိုအပ်သည်များကို ဖြည့်ဆည်းကူညီပေးလျက် ရှိပါတယ်။ 🤝

ငယ်ငယ်က သင်ခဲ့ရသလိုပါပဲ -

"ဇွန်ပန်းရုံအနီး၊ လှည်းဘီးနွံထဲ ကျွံနေသည်။
ကူ၍ တွန်းပေးကြပါ။ လေးလွန်း၍ မတွန်းနိုင်ဘူးလား။
ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။" 🌿

လုပ်ငန်းခွင် တိုးတက်ပြောင်းလဲမှုဆိုတာ တစ်ဦးတည်း လုပ်ဆောင်၍ မရဘဲ အားလုံး ပြိုင်တူပူးပေါင်း ဆောင်ရွက်မှသာ အောင်မြင်နိုင်တာကြောင့် SGM နှင့်အတူ 5S စနစ်ကို စက်ရုံ/အလုပ်ရုံတိုင်းမှာ အတူတကွ ပူးပေါင်းဖန်တီးလိုက်ကြရအောင်ပါ။ 🚀

ကျွန်တော်တို့ Smart Goals Myanmar မှ Refinery Plant တခုတွင် "Safe Handling of Chemicals in the Workplace" သင်တန်းကို ဝေမ...
06/10/2026

ကျွန်တော်တို့ Smart Goals Myanmar မှ Refinery Plant တခုတွင် "Safe Handling of Chemicals in the Workplace" သင်တန်းကို ဝေမျှပေးခဲ့ပါတယ်။

ဓာတုပစ္စည်းတွေကို ကိုင်တွယ်တဲ့အခါ မလိုလားအပ်တဲ့ အန္တရာယ်တွေ မဖြစ်စေဖို့အတွက်

✅ SDS (Safety Data Sheet) စနစ်တကျ ဖတ်ရှုခြင်း
✅ သင့်တော်တဲ့ PPE ဝတ်ဆင်ခြင်း
✅ မတူညီတဲ့ ဓာတုပစ္စည်းတွေကို သီးခြားခွဲခြား သိုလှောင်ခြင်း
✅ အရေးပေါ် စွန့်ပစ်/ဖိတ်စဉ်မှု တုံ့ပြန်နည်းများ
✅ မီးဘေးအန္တရာယ်
✅ 5S
စတဲ့အချက်တွေကို မျှဝေပေးခဲ့ပါတယ်။

Safety ဆိုတာ အလေ့အကျင့်တစ်ခုပါပဲ။

ဓာတုပစ္စည်းများ ဘေးကင်းစွာ ကိုင်တွယ်ခြင်းသည် ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် လုပ်ငန်းခွင်၏ လုံခြုံရေးအတွက် အလွန်အရေးပါပါသည်။

သင်တန်းတွင် တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ကြသည့် သင်တန်းသား/သူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။

05/09/2026
🔔မီးဖိုချောင်နှင့် သင့် မိသားစု ကျန်းမာရေး👩‍❤️‍👩 မိသားစုအတွက် ကျန်းမာရေးနှင့် ညီညွှတ်သော သုခချမ်းသာသည် နေ့စဉ် ချက်ပြုတ်ပ...
03/09/2026

🔔မီးဖိုချောင်နှင့် သင့် မိသားစု ကျန်းမာရေး

👩‍❤️‍👩 မိသားစုအတွက် ကျန်းမာရေးနှင့် ညီညွှတ်သော သုခချမ်းသာသည် နေ့စဉ် ချက်ပြုတ်ပြင်ဆင်ရာ မီးဖိုချောင်မှ စတင်သည်ကို သတိပြုသင့်သည်။ မီးဖိုချောင် သန့်ရှင်းရေးကို လျစ်လျူရှုပါက မိမိ မိသားစုဝင်များကို ဘေးဖြစ်စေနိုင်သော ဝမ်းပျက်ဝမ်းလျောရောဂါနှင့် အစာအဆိပ်သင့်မှုများကို ဖန်တီးပေးသည့် နေရာတခုလည်း ဖြစ်သွားနိုင်သည်။

🏠 ရန်ကုန်တွင် ဝမ်းပျက်ဝမ်းလျောရောဂါများ ဖြစ်ပွားနေသည်ကိုလည်း စာဖတ်သူများ သိရှိထားပြီး ဖြစ်မည်ဟု မျှော်လင့်ပါသည်။ အခုမျှဝေးပေးချက်တာကတော့ မိမိအိမ် မီးဖိုချောင်တွင်မက စားသောက်ဆိုင်ကြီးများ၊ လမ်းဘေးစားသောက်ဆိုင်များပါမကျန် လိုက်နာကျင့်သုံးအပ်သော WHO မှ ထုတ်ပြန်ထားသော 5 Keys To Safer Food Manual ကို အခြေခံဖော်ပြထားခြင်း ဖြစ်ပါသည်။

အန္တရာယ်ကင်းသောအစာဖြစ်ပေါ်ရေးအတွက် အဓိက ဆောင်ရွက်ရမည့် အချက် (၅) ချက်အား WHO မှ ထုတ်ပြန်ထားရှိပါသည်။

❤️ သန့်ရှင်းပါ (Keep Clean) ❤️

✔️ လူသန့်ရမည်၊ လက်သန့်ရမည်၊ အစာနှင့်ထိတွေ့သောအရာများ၊ ပစ္စည်းကိရိယာများ သန့်ရမည်။ ရေသန့်ရမည်။ အစာထုတ်လုပ်သည့် ပတ်ဝန်းကျင် သန့်ရမည်။

✔️ ထို့ကြောင့် အစာ မကိုင်တွယ်မီနှင့် ပြင်ဆင်ချက်ပြုတ်နေဆဲတွင် သင်၏ လက်များကို စင်ကြယ်စွာ ဆေးကြောပါ။

✔️ သန့်စင်ခန်းအသုံးပြုပြီးတိုင်း လက်များကို စင်ကြယ်စွာ ဆေးကြောပါ။

✔️ အစာပြင်ဆင်ချက်ပြုတ်ရာတွင် အသုံးပြုသည့် အိုးခွက်ပစ္စည်း အသုံးအဆောင်နှင့် မျက်နှာပြင်များကို သန့်ရှင်းစွာ ဆေးကြောပါ။

✔️ မီးဖိုချောင်ကို သန့်ရှင်းစွာ ထားပါ။ အစာများကို ရောဂါပိုးမွှားများ၊ အခြား ပိုးကောင်များနှင့် တိရစ္ဆာန်များ အန္တရာယ် မကျရောက်အောင် ကာကွယ်ထားပါ။

❤️ ခွဲခြားထားရှိပါ။ (Keep seperately)❤️

✔️ချက်ပြုတ်ပြီးအသားများ၊ မချက်ပြုတ်ရသေးသော အသားများအား ခွဲခြားထားရှိပါ။

✔️ အသားစိမ်း၊ ငါးစိမ်းများကို အခြားအစာများနှင့် ရောနှောထားခြင်း မပြုရ။ သီးခြားစီ သိမ်းဆည်းထားရှိပါ။

✔️ အသားစိမ်း၊ ငါးစိမ်းများ ခုတ်ထစ်ပြင်ဆင်ရန်အတွက် ဓား၊ စဉ့်နှီးတုံးများကို သီးသန့်ထားပါ။ ခုတ်ထစ်ပြီးသား အသားစိမ်း၊ ငါးစိမ်းများကို သီးသန့် သိမ်းဆည်းထားရှိပါ။

✔️ အသားစိမ်း၊ ငါးစိမ်းများနှင့် အသင့်ချက်ပြုတ်ပြီး ဟင်းများကို သီးခြားစီ ခွဲခြားထားပါ။

❤️ကျက်အောင် ချက်ပါ။ (Cook thoroughly)❤️

✔️ သား၊ ငါး၊ ကြက်ဉ၊ ပင်လယ်စာစသည့် အစာများကို ကျက်သည့်အထိ ချက်ပြုတ်ပြီးမှ စားပါ။

✔️ ဟင်းချိုနှင့် စွပ်ပြုတ်ကဲ့သို့ အစာများကို ကျက်အောင် သေချာချက်ပြုတ်ပါ။

✔️ ချက်ပြုတ်ထားသော အစာများကို မစားမီ ပြန်နွေးပါ။

❤️သင့်လျော်သောအပူချိန်တွင် သိမ်းဆည်းပါ။ (Keep food at safe temperature)❤️

✔️ ချက်ပြုတ်ပြီးအစာများကို အခန်းအပူချိန်တွင် ၂ နာရီထက် ပိုမထားပါနှင့်။

✔️ ချက်ပြုတ်ပြီးသော အစားနှင့် ပုပ်သိုးလွယ်သော အစာများကို ရေခဲသေတ္တာတွင် သေချာစွာ သိမ်းဆည်းပါ။ 5°C အောက် တွင် သိမ်းဆည်းထားပါ။

✔️ အစာများကို မစားမီ အပူချိန် 72 °C အထက်တွင် ပြန်နွေးစားပါ။

✔️ ရေခဲသေတ္တာတွင် အစာများကို ကြာရှည်စွာ သိမ်းဆည်းမထားရ။

✔️ အေးခဲနေသည့်အစာများကို အခန်းအပူချိန်တွင် ရေဖျော်ခြင်း မပြုလုပ်ရပါ။

❤️သန့်ရှင်းသောရေနှင့် လတ်ဆက်သောအစာများကို သုံးစွဲပါ။ (Use safe water and raw materials)❤️

✔️ သန့်ရှင်းသောရေနှင့် ကျိုချက်ထားသော ရေကို သုံးစွဲပါ။ သောက်သုံးပါ။

✔️ လတ်ဆက်သည့် သား၊ ငါး၊ ဟင်းသီးဟင်းရွက်များကို ရွေးချယ် ချက်ပြုတ်စားသုံးပါ။

✔️ အစိမ်းစားမည့် သစ်သီး၊ တို့စရာများကို ရေသန့်ဖြင့် ဆေးကြောပြီးမှ စားသုံးပါ။

✔️ ရက်လွန်အစာများကို စားသုံးခြင်း မပြုရ။

🟢 WHO မှ ချမှတ်ထားသော အချက် (၅) ချက်ကို လိုက်နာဆောင်ရွက်ပါက ဘေးကင်းသောအစာ ကို ရရှိနိုင်မည် ဖြစ်သည်။ ထို့ကြောင့် သင့်မိသားစုကျန်းမာစေရန် သင့် မီးဖိုချောင်မှပင် စတင်လိုက်ပါ။

# Publichealth

🏆 “5S Workplace Improvement Training” သင်တန်းအောင်မြင်စွာကျင်းပ ပြီးစီးခဲ့ပါပြီ ခင်ဗျာ။ 🏅လုပ်ငန်းခွင်ပတ်ဝန်းကျင် သန့်ရှင...
25/08/2026

🏆 “5S Workplace Improvement Training” သင်တန်းအောင်မြင်စွာကျင်းပ ပြီးစီးခဲ့ပါပြီ ခင်ဗျာ။

🏅လုပ်ငန်းခွင်ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်ခြင်း၊ စနစ်ကျခြင်းနှင့် ကုန်ထုတ်လုပ်မှုစွမ်းအားများ ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့သော “5S Workplace Improvement Training ကို စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြသူများ အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ် ခင်ဗျာ။ 🙏

သင်တန်းတွင်

👍 5S ၏ အခြေခံသဘောတရားများ

👍 လက်တွေ့အသုံးချနိုင်မည့် အုပ်စုလိုက်ဆောင်ရွက်မှုများ

👍 Auditing & Implementation plan များ ရေးဆွဲခြင်းတို့ကို တက်ကြွစွာ ပါဝင်လုပ်ဆောင်ခဲ့ကြတာလည်း ပျော်ရွင်စရာ ကောင်းလှပါတယ် 😊

သင်တန်းမှရရှိခဲ့သော အသိပညာများနှင့် အလေ့အကျင့်ကောင်းများကို လုပ်ငန်းခွင်အသီးသီးတွင် အောင်မြင်စွာ လက်တွေ့အကောင်အထည် ဖော်ဆောင်နိုင်ပါစေကြောင်း Smart Goals Myanmar မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

သင်တန်းမှာ ပျော်ရွင်စွာ ပါဝင်ဆောင်ရွက်မှုများအားမျှဝေပေးလိုက်ရပါတယ် ခင်ဗျာ။



📢 **လုပ်-ငန်းခွင်အရှုပ်အပွများကို ရှင်းထုတ်ပြီးလုပ်ငန်းလုပ်ဆောင်မှုများကို မြန်-ဆန်စနစ်ကျချင်ပါသလား**"ပစ္စည်းတစ်ခုရှာဖို...
14/08/2026

📢 **လုပ်-ငန်းခွင်အရှုပ်အပွများကို ရှင်းထုတ်ပြီးလုပ်ငန်းလုပ်ဆောင်မှုများကို မြန်-ဆန်စနစ်ကျချင်ပါသလား**

"ပစ္စည်းတစ်ခုရှာဖို့ အချိန်ကုန်နေသလား?"

"ရုံးခန်း/စက်ရုံမှာ မလိုတဲ့ပစ္စည်းတွေ ရှုပ်ပွနေလို့ စည်းကမ်းမရှိ ဖြစ်နေသလား?"

ဒီပြ-ဿ-နာတွေကို စနစ်တကျဖြေရှင်းပြီး လုပ်~ငန်းခွင် စည်းစနစ်ကျစေမည့် **5S Workplace Improvement Training (၁) ရက်တာ အထူးသင်~တန်း** သို့ ဖိတ်ခေါ်အပ်ပါသည်။ 🎯

💡 **ဒီသင်~တန်းမှာ ဘာတွေ လေ့လာသင်~ယူရမလဲ။**

✅ **5S သဘောတရားနှင့် အ{ခြေ}ခံအုတ်မြစ်များ**

✅ **လုပ်~ငန်းခွင်အတွင်း [လက်]တွေ့အသုံးချနိုင်မည့် အဓိက နည်းလမ်းများ**

✅ **5S အဆင့် (၅) ဆင့် (Seiri, Seiton, Seiso, Seiketsu, Sh*tsuke) ကို အဆင့်လိုက် ကျင့်သုံးပုံ**

✅ **5S Audit စစ်~ဆေးခြင်းနှင့် [လက်]တွေ့ အကောင်အထည်ဖော်မည့် Implementation Plan**

👥 **မည်သူတွေ တက်ရောက်သင့်သလဲ။**

* **လုပ်~ငန်းရှင်များ:**
စည်းစနစ်ကျသော လုပ်~ငန်းခွင်မှတစ်ဆင့် ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု စွမ်း~အားကို မြှင့်တင်လိုသူများ။

* **မန်~နေ~ဂျာများနှင့် တာ~ဝန်~ခံများ:**
Operation, Factory, HR, QA/QC, Admin & Warehouse Manager များ။

* **လုပ်~ငန်းခွင် ခေါင်း~ဆောင်များ:**
စက်ရုံ/ရုံးခန်း Supervisor များ၊ Team Leader များ၊ Auditor များ။

* **Continuous Improvement:**
စက်ရုံ/ရုံးခန်း သန့်ရှင်းစနစ်ကျမှုကို စိတ်ဝင်စားသူ မည်သူမဆို။

🎁 **သင်~တန်းတက်ရောက်သူတိုင်းအတွက် ရရှိမည့် အထူးလက်ဆောင်များ**

🏅 **Certificate of Completion ** (သင်~တန်းဆင်းလက်မှတ်)

📋 **5S Workplace Assessment Checklist** (လက်~တွေ့သုံး Audit ပုံစံ)

📸 **Documentation Template** (Before/After မှတ်တမ်းပုံစံ)

*(သင်~တန်းကြေးတွင် **နေ့လယ်စာနှင့် လက်ဖက်ရည်/ကော်ဖီ၊ မုန့်များ အခမဲ့ စီစဉ်ဧည့်ခံခြင်း** ပါဝင်ပြီး ဖြစ်ပါသည်။)*

🤷🏼‍♂️ **Food Safety, Quality & 5S Consultant / Trainer**

Food & Beverage Industry တွင် နှစ် ၂၀ ကျော် အ~တွေ့~အ~ကြုံရှိသော Food Safety, Quality & 5S Consultant / Trainer ဖြစ်ပါသည်။

Pepsi (Lotte-MGS)၊ Coca-Cola (CCBPM)၊ Myanmar Max Water၊ Myanmar Supply နှင့် Hydro Tech Engineering Co., Ltd တို့တွင် 5S စနစ်ကို လေ့လာခြင်း၊ [လက်]တွေ့အသုံးချခြင်း၊ သင်~တန်းပို့ချခြင်းနှင့် 5S System အ~ခြေ~ခံတည်ဆောက်ပေးခြင်းစတဲ့ အ~တွေ့~အ~ကြုံ များစွာရှိပါသည်။

5S Workplace Improvement၊ Food Safety၊ Quality Management နှင့် Continuous Improvement စနစ်များကို သီအိုရီ သာမက လုပ်~ငန်းခွင်တွင် [လက်]တွေ့အသုံးချနိုင်အောင် Training နှင့် Consulting ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိပါသည်။

စနစ်ကျသော လုပ်ငန်းခွင်၊ ထိရောက်သောရလဒ်၊ ရေရှည်တည်တံ့သော တိုးတက်မှု — 5S ဖြင့် စတင်လိုက်ပါ။

📅 **သင်~တန်းအသေးစိတ် အချက်အလက်များ**

* 🗓️ **နေ့ရက်:** ၂၃ ရက်၊ ဩဂုတ်လ ၂၀၂၆ (တနင်္ဂနွေနေ့)

* ⏰ **အချိန်:** နံနက် ၉:၀၀ နာရီ မှ ညနေ ၅:၀၀ နာရီ အထိ

* 📍 **နေရာ:** Myanmar Plaza၊ ၁၀ လွှာ၊ အမှတ် (၁၉၂)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။
* 💰 **သင်-တန်းကြေး:** ၁၀၀,၀၀၀ ကျပ် (တစ်ဦးလျှင်) *(မှတ်~ပုံ~တင်~ကြေး အခမဲ့)*

* 💳 **(ငွေ)ပေးချေနိုင်သည့် စနစ်များ:** KBZ Pay / Wave Pay / CB Pay

🚨 **စကားချပ်:** *အရည်အ[သွေး]မြင့်မားစွာ [လက်]တွေ့လေ့ကျင့်ပေးနိုင်ရန်အတွက် **နေရာအကန့်အသတ်** ဖြင့်သာ [လက်]ခံသွားမည်ဖြစ်ပါသည်။*

📲 **စာရင်းပေးသွင်းရန်နှင့် ဆက်သွယ်ရန်**

📌 **စာရင်းသွင်းရန် နောက်ဆုံးနေ့:** ၂၁ ရက်၊ ဩဂုတ်လ ၂၀၂၆

📝 **Microsoft Form မှတစ်ဆင့် စာရင်းပေးသွင်းရန်:**

👉 [စာရင်းသွင်းရန် လင့်ခ်နှိပ်ပါ](https://forms.cloud.microsoft/Pages/ResponsePage.aspx?id=DQSIkWdsW0yxEjajBLZtrQAAAAAAAAAAAAO__rWKfvhUMkxEODM4SjlDRktRTUszTk1TU1hKTDRVMy4u)

📞 **ဖုန်းဖြင့် စုံစမ်းရန်:** 09-772924524, 09-455746660, 09-269775567

✉️ **Email:** [email protected]

💬 **Page Messenger** မှတစ်ဆင့်လည်း တိုက်ရိုက် မေးမြန်းစုံစမ်းနိုင်ပါသည်။

✍️ 5S စနစ်ထူထောင်ခြင်း၏ အကျိုးကျေးဇူးများအချို့သော မိတ်ဆွေများ၊ သင်တန်းတက်ရောက်ရန် စိတ်ဝင်စားသူများက 5S Workplace Improv...
01/08/2026

✍️ 5S စနစ်ထူထောင်ခြင်း၏ အကျိုးကျေးဇူးများ

အချို့သော မိတ်ဆွေများ၊ သင်တန်းတက်ရောက်ရန် စိတ်ဝင်စားသူများက 5S Workplace Improvement Training လာတက်ရင် ဘာတွေ အကျိုးရှိမလဲ မေးကြပါတယ်။

5S ဆိုတာက လုပ်ငန်းတိုင်း ထူထောင်ထားရှိသင့်သော စနစ်တခုဖြစ်ပါတယ်။ သူမှာ အားနည်းချက်၊ ဆိုးကျိုးဆိုတာမရှိဘူး။ ကောင်းကျိုးနှင့် အကျိုးကျေးဇူးတွေပဲ ရှိတယ်။

ဟုတ်ပြီ၊ ဘယ်လိုအကျိုးကျေးဇူးတွေ ရမလဲ။

💊 နံပါတ်မှာ ၁) - လိုအပ်တဲ့အရာများနှင့် မလိုအပ်သော အရာများကို ခွဲခြားထားရှိခြင်းဖြင့်အချိန်ကုန်သက်သာခြင်း

💊 နံပါတ်မှာ ၂) - စက်ပစ္စည်းများ၊ လျှောက်လမ်းများ အစရှိသည်တို့ကို စနစ်တကျ နေရာချထားခြင်းဖြင့် ဘေးကင်းစေခြင်း

💊 နံပါတ်မှာ ၃) Labelling and color coding စနစ်များ လုပ်ဆောင်ခြင်းဖြင့် အမှားအယွင်း နည်းစေခြင်း

💊 နံပါတ်မှာ ၄) ပစ္စည်းများ ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်း သက်သာခြင်း၊ ထပ်မံဝယ်ယူခြင်းခြင်းကာကွယ်ခြင်းဖြင့် ကုန်ကျစရိတ် လျော့ချနိုင်ခြင်း

💊 နံပါတ်မှာ ၅) မလိုတဲ့အရာများကို ရှင်းလင်းလိုက်တဲ့အတွက် နေရာပိုမို အသုံးပြုနိုင်ခြင်း၊

💊 နံပါတ်မှာ ၆) သန့်ရှင်းသော ပတ်ဝန်းကျင်ကြောင့် ဝန်ထမ်းများ စည်းကမ်းရှိိလာခြင်း၊ အသင်းအဖွဲ့အလိုက် စည်းကမ်းရှိမှု တိုးတက်လာခြင်း

💊 နံပါတ်မှာ ၇) မိမိ ဖောက်သည်များ၊ သက်ဆိုင်ရာဌာနများမှ လာရောက်စစ်ဆေးသည့်အခါ မိမိ အဖွဲ့အစည်း၊ လုပ်ငန်းကို ပိုမို ယုံကြည်လာခြင်း

💊 နံပါတ်မှာ ၈) အခြားသော နိုင်ငံတကာ စံနှုန်းများကို လိုက်နာဆောင်ရွက်ရန် အခြေခံကောင်းများ
တည်ဆောက်ထားရှိခြင်း အစရှိတဲ့ အကျိုးကျေးဇူးတွေ ရရှိစေမှာ ဖြစ်ပါတယ် ခင်ဗျာ။

မိမိလုပ်ငန်းမှာ 5S စနစ်ကို ထူထောင်ချင်တဲ့သူများ အောက်မှာပါရှိတဲ့ Link ကို ဝင်ရောက်ပြီး Registration လုပ်နိုင်ပါပြီ ခင်ဗျာ။

https://forms.cloud.microsoft/Pages/ResponsePage.aspx?id=DQSIkWdsW0yxEjajBLZtrQAAAAAAAAAAAAO__rWKfvhUMkxEODM4SjlDRktRTUszTk1TU1hKTDRVMy4u



Address

San Pya 5 Street
Thingangyun

Opening Hours

Monday 09:00 - 05:00

Telephone

+959269775567

Website

Alerts

Be the first to know and let us send you an email when Smart Goals Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Smart Goals Myanmar:

Shortcuts

Share