30/05/2026
🌱 စူပါဒေါင်းမင်း နဲ့ ပေါင်းမင်းသား 🌱 တွဲကာသုံး
ပေါင်းစုံနှိမ်နင်းရန် အသေချာဆုံး
စပါးစိုက်ခင်းများတွင် ပေါင်းပင်များ အမျိုးအစား စုံလင်စွာ ပေါက်ရောက်နိုင်ပါသည်။ တက်ကွက်(စပါးယောင်)၊ ကချေသည်မြက်၊ မြက်သီး၊ ဝမ်းဘဲစာ၊ ဒေါင်းမြီးပျံ၊ ရွက်ပြန့်ပေါင်းများ၊ မြက်မုန့်ညှင်းများ စသည်ဖြင့် ရှိကြပါသည်။ ပေါင်းသတ်ဆေး (အစွမ်းရှိပစ္စည်း) တစ်မျိုးတည်းဖြင့် ပေါင်းအစုံ နှိမ်နင်းနိုင်ရန် မလွယ်ကူပါ၊ ထို့အတွက် ပေါင်းမင်းသား နှင့် စူပါဒေါင်းမင်း အတွဲဖြင့် စပါးခင်း ပေါင်းပြဿနာကို ဖြေရှင်းဖို့ အကြံပြုတိုက်တွန်းလိုက်ပါရစေ။
🔺 ပေါင်းမင်းသား
(Bispyribac Sodium 25% + Bensulfuron Methyl 10% WP)
စပါး ပေါင်းမြက်၊ မြက်မုံညင်းနှင့် ရွက်ပြန့်ပေါင်းများအား နှိမ်နင်းနိုင်ပါသည်။ အထူးသဖြင့် မြက်သီး၊ တက်ကွက်၊ မြက်ဝမ်းပူ၊ ရွက်ပြန့်ပေါင်းနှင့် မြက်မုန့်ညှင်းအုပ်စုအား နှိမ်နင်းရန် အသုံးပြုနိုင်ပါသည်။
🔻 စူပါဒေါင်းမင်း
(Fenoxaprop-p-ethyl 7.5% EC)
ဒေါင်းမြီးပျံ၊ မြက်သီး၊ ဝမ်းဘဲစာ၊ လက်သည်းခွ၊ ဝါးရုံမြက်တို့အား နှိမ်နင်းနိုင်ပါသည်။
ပေါင်းသတ်ဆေးမဖျန်းခင် စိုက်ခင်းအား ရေထုတ်ပါ။
ပေါင်းသတ်ဆေးအား စိုက်ခင်းအတွင်း ညီညာစွာ ပက်ဖျန်းပေးပါ။
ဆေးဖျန်းပြီး ၄၈ နာရီ နောက်ပိုင်း ရေပြန်ပေးသွင်းခြင်းဖြင့် အမြင့်ဆုံးအာနိသင်ကို ရရှိနိုင်ပါသည်။
ဆေးဖျန်းပုံးတစ်ပုံးလျှင် ပေါင်းမင်းသား ၃၀-၅၀ ဂရမ်နှင့် စူပါဒေါင်းမင်း ၃၀-၅၀ စီစီ ရောစပ်အသုံးပြုပါ။
#စူပါဒေါင်းမင်း #ပေါင်းမင်းသား