SMM Oil

SMM Oil Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SMM Oil, Business service, Qr 1, SanPya , Nawayat, Tigyaing.

25/08/2024

လူနှစ်ယောက်ချစ်ကြပြီဆိုရင်
တစ်ယောက်ကိုတစ်ယောက်က
နားလည်ပေးနိုင်ရတယ် ။

ကိုယ်ဖြစ်ချင်တဲ့ ဘောင်ထဲ အတင်းဆွဲသွင်းပြီး
ကိုယ်လိုချင်တဲ့ ဘက်ကို သိမ်းသွင်းလို့မရဘူး
တစ်ယောက်နဲ့တစ်ယောက်ဖြတ်သန်းလာတဲ့
မှုလဗီဇ အသိုင်းအဝိုင်းအခြေခံတွေကို
မတူညီကြဘူး ဆိုတဲ့ အတွေးကိုတွေးထားရမယ်။

အဲ့ဒီတော့ ညှိယူပေးရမယ် ။
အချိန်ပေးရမယ် ။ ကိုယ်ဖြစ်ချင်တိုင်း
မဖြစ်ရလို့ အပြစ်တင်မယ် ဆိုရင်
ဒါဟာ ကိုယ်အတ္တ ကြီးနေတာလို့ခေါ်တယ်။

လူတွေဟာ တစ်ဦးကိုတစ်ဦး ဖြတ်သန်းစီးဆင်း
လာတဲ့ ပတ်ဝန်းကျင်တွေ မတူညီကြဘူး ။
အဲ့ဒီအခြေအနေမှာ လူနှစ်ယောက်ဆုံလာတဲ့အခါ
သူတို့ရှင်သန် လာတဲ့ ပတ်ဝန်းကျင်အသိုင်းဝိုင်းက
အသက်သွင်းပေးလိုက်တဲ့ အကျင့်တွေ
ခံယူချက်တွေဟာလည်းကွဲပြားနေတတ်တယ်
ဒါကို သိဖို့လိုတယ် ။

ဒီနေရာမှာ တစ်ယောက်ကိုတစ်ယောက်က
တူညီနိုင်မယ့် အချက်တွေ အားသားချက်တွေကို
ပေါင်းစပ်ပြီး မတူညီတဲ့ အချက်တွေအပေါ်မှာ
ဖြည့်တွေးပေးရမယ် အချိန်ပေးရမယ်
နားလည်ပေးရမယ် အပြစ်မတင်ရဘူး ။

Relationship တစ်ခုမှာ တစ်ခုခုဆို
ငါ့မှုဘောင်အတိုင်းပဲ ဖြစ်ရမယ်
ငါ့အကြိုက်ပဲ လိုက်ရမယ်
ငါ့ဖြစ်ချင်တာကိုပဲ ဖြစ်ပေးရမယ်ဆိုတဲ့
ငါစွဲအတ္တတွေ များလာရင် အဲ့ဒီ ချစ်ခြင်းမေတ္တာဟာ
ပျော်စရာတွေချို့တဲ့လာတယ်
ပြီးရင် အမြဲတမ်း ဘာတွေ အပြစ်ဖြစ်အုံးမလဲ
ဆိုပြီး ကျန်တဲ့ လူတစ်ဖက်သားက
စိုးရိမ်လာရတယ် ။

လူနှစ်ယောက်ချစ်ကြပြီ ဆိုရင်
ပျော်စရာနည်းလာတဲ့အပြင် ဘာတွေထပ်ပြီး
အပြစ်တင်ခံရအုံးမလဲလို့ တွေးနေရပြီဆိုရင်
အဲ့ဒါ ချစ်နေကြတာမဟုတ်ဘူး
တစ်ယောက်ကိုတစ်ယောက် အတ္တတွေနဲ့
ဘောင်လိုက်ခတ်နေကြတဲ့ လူတွေဖြစ်နေပြီဆိုတာ
သတိထားဖို့လိုလာပါပြီ ။

တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်
ဖြည့်တွေးပေးတဲ့ ချစ်ခြင်းမေတ္တာတွေမှာ
ပျော်ရွှင်စရာ ရာခိုင်နှုန်းတွေပိုများလာတယ်
စိတ်လုံခြုံမှုတွေနဲ့ ယုံကြည်မှုနဲ့တွေ ရလာတယ်
ရဲရဲဝံ့ဝံ့ရှေ့ဆက်နိုင်ကြတဲ့ သတ္တိတွေ အပြည့်နဲ့
အတူတူ ဘယ်အရာတွေကိုမဆို
ရင်ဆိုင်ရဲလာကြတယ် ။

အဲ့တာကြောင့် တစ်ယောက်ကိုတစ်ယောက်
ချစ်ကြပြီ ဆိုရင် အတ္တတွေမများစေနဲ့
ကိုယ်ဖြစ်ချင်တာတွေကို ဆွဲမယူကြပါနဲ့ ။

" ချစ်ခြင်းမေတ္တာတွေဟာ
ကျန်းမာနေဖို့လိုတယ် "

LuAh(AungKhinSitt)
8:27pm
#အတ်တ

24/08/2024

လူတွေကို ဖြစ်စေချင်တဲ့ဇောနဲ့ကိုယ့်ဘက်က
တွန်းအားပေးတော့မယ်ဆိုရင်
လူတန်းစား သုံးမျိုးကို သိရပါတယ် ။

ပထမ လူတန်းစားဟာ ကိုယ်တွန်းအား
ဘယ်လောက်ပဲပေးပေး သူမရွေ့ချင်ပါဘူး
သူ့မှာ ရွေ့လျားဖို့ အစီအစဥ်အရှိပါဘူး
ကိုယ်တွန်းတင်ပေးလိုက်လို့ သူပိုကောင်း
သွားမယ်လို့ ကိုယ်လည်းမြင်နေရတယ်
သူလည်းမြင်နေရတာတောင် မှ သူအဲ့ဒီနေရာမှာ
ဆက်ပြီးရပ်တန့်နေအုံးမှာပါ ။ သူ့ရဲ့ကြိုးစား
အားထုတ်ချင်တဲ့ ဆန္ဒဝီရိယ လုံ့လ လည်း
မရှိသလို သူ့အတွက် ပိုကောင်းလာစေမယ့်
ဘယ်တွန်းအားမျိုးဖြစ်စေ ဘယ်လိုအကူညီမျိုး
ဖြစ်စေ သူ့အတွက် အကျိုးမသက်ရောက်ပါဘူး
ကူညီရကျိုးမနပ်ဘူးပေ့ါ ။

ဒုတိယလူတန်းစား ကတော့
ကိုယ်တွန်းပေးသလောက်ပဲသူရွေ့မှာပါ ။
ကိုယ်ကူညီပေးသလောက်ပဲ သူရမှာပါ
သူ့မှာ တခြားပိုပြီးရုန်းကန်ဖို့ စိတ်ကူးမရှိသလို
ဒီထက်ပိုပြီး ခရီးရောက်ဖို့ သူ့မှာအစီအစဥ်
မရှိပါဘူး ။ အဲ့တာကြောင့် ဘယ်လောက်ပဲ
တွန်းအားပေးပေး ဘယ်လောက်ပဲ အားထည့်
ပေးပေး ကိုယ်ပေးတဲ့တွန်းအားနဲ့ ကိုယ်ပေးတဲ့
အကူအညီလောက်ပဲ သူရွေ့လျားပြီး
ကိုယ်ပေးတဲ့ အားအင်ကုန်ရင် အဲ့ဒီနေရာမှာပဲ
ရပ်တန့်နေတော့မှာပါ ။

တတိယလူတန်းစားကြတော့ ကိုယ်ပေးလိုက်တဲ့
တွန်းအားအပေါ်မှာ သူ့ရဲ့ ရွေ့လျားချင်တဲ့စိတ်
နဲ့ အတူ ပေါင်းစပ်ပြီး အရှိန်ရရင်ရသလို
သူပြေးလွှားရွေ့လျားသွားနိုင်တဲ့ လူတန်းစားပါပဲ ။ ကိုယ်ပေးလိုက်တဲ့တွန်းအားတွေကိုယ်ပေးလိုက်တဲ့ အကူအညီတွေအပေါ်မှာ ဘယ်လိုမျိုး
ထပ်ပြီးကောင်းအောင် ခရီးပေါက်အောင်
ရွေ့လျားရမယ် ဆိုတာ သူ့ရဲ့ စိတ်ကူးနဲ့သူ
ပေါင်းစပ်ပြီး ပြေးလွှားသွားတာပါပဲ ။

အဲ့ဒီတော့ လူတွေကို ကူညီတဲ့နေရာဖြစ်စေ
ကိုယ်ဆွဲခေါ်မယ် ဖြစ်စေ တစ်ဖက်သားရဲ့
ဆန္ဒ ဝီရိယနဲ့ ကိုယ်ဖြစ်စေချင်တဲ့ ဂရုဏာ
စေတနာကို နားလည်နိုင်စွမ်းအားရှိတဲ့
လူမျိုးတွေ ဖြစ်ရင် ပိုကောင်းပါတယ်
နှစ်ဦးနှစ်ဖက်လုံး ပိုအကျိုးရှိတာပေါ့ ။

အဲ့တာကြောင့် တချို့ Relationship တွေမှာ
ဒီပြဿနာ တွေဟာ ခဏခဏတက်ပါတယ်
အတူတူလည်းမရုန်းကန် ။ ရှေ့ဆက်သွားဖို့လည်း အစီအစဥ် မရှိ ။ စိတ်ကူးမရှိ ။
ကိုယ် ဖြစ်စေချင်တာပြောတာမျိုးတွေ
ထောက်ပံ့ပေးတာမျိုးတွေ လုပ်ပေးရင်တောင်
အလေးမထားတဲ့ အမှုအကျင့်တွေနဲ့
တုန့်ပြန်ခံရတဲ့အခါ ဆွဲခေါ်တဲ့တစ်ဖက်သားက
ရှေ့ဆက်သွားရမှာ ဝန်လေးသွားလို့
ထားခဲ့တဲ့ ကိစ္စတွေလည်း ရှိကြဖူးတာပါပဲ ။

ဒါကပြောပြတာပါ ။ ကျွန်တော့ကို အသိ
တစ်ယောက်ကမေးလို့ ဒီအကြောင်းလေးကို
​တင်ပေးလိုက်တာပါ ။

(AungKhinSitt)
7:51 pm
#လူသုံးမျိုး

11/08/2024
07/08/2024

ကြွပ်ကြွပ်အိတ်တွေကို အမြဲတမ်း ခေါက်သိမ်းပြီး စုတတ်တဲ့ အန်တီ
ကြီးတစ်ယောက်ရှိတယ်။သူ့အိမ်ကလူတွေ ဘာပစ္စည်း ဝယ်လာ ပါလာတဲ့ ကြွပ်ကြွပ်အိတ်ကို ခေါက်ပြီး သိမ်းတယ်။ သူ့ရဲ့ ကြွပ်ကြွပ်အိတ်အကြီးကြီးထဲမှာ အဲဒီလိုခေါက်သိမ်းထားတဲ့ ကြွပ်ကြွပ်အိတ်ပိစိလေးတွေ အများကြီးပဲ။

သူ့ရဲ့ စုတတ်တဲ့ ဝါသနာပေါ့။ အချိန်တွေ လေး၊ ငါး၊ ဆယ်နှစ်ကြာသွားတော့စုထားတဲ့ ကြွပ်ကြွပ်အိတ် အထုပ်တွေ အများကြီး သူ့ဆီမှာဖြစ်နေပြီ။

ဝါသနာအရ စုထားပေမယ့် သူ့အတွက်တော့ အကျိုးသိပ်မရှိဘူးပေါ့။

နောက်ထပ် ဦးလေးကြီးတစ်ယောက်ကျတော့ ဝန်ထမ်းပေမယ့် လွန်ခဲ့တဲ့
၂၅ နှစ်လောက်ကတည်းက ရတဲ့
လစာရဲ့ ၁၀% ကို လတိုင်းပုံမှန်လေး မရရအောင် စုတယ်။

ပြီးတော့ မြောက်ဒဂုံဘက်မှာ အဲဒီခေတ်က အစိုးရဝန်ထမ်းတွေကို ပေးတဲ့ လေးသိန်းတန် မြေကွက်လေးတစ်ခုကို သူမစားရက်၊ မသောက်ရက် စုထားတဲ့ငွေလေးနဲ့ ဝယ်ထားလိုက်တယ်။

၁၅ နှစ်လောက် အချိန်တွေ
ကြာလာတဲ့အခါ အဲဒီမြေကွက်က သိန်းထောင်ဂဏန်းနီးနီး တန်သွားတော့
သူငွေစုပြီး ဝယ်ရကျိုးနပ်သွားတယ်။

ငွေပိုငွေလျှံမရှိတဲ့ ဝန်ထမ်းဘဝပေမယ့်
မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှုကြောင့် အိုဇာတာအတွက်ကော မိသားစုအတွက်ပါကောင်းသွားတာပေါ့။

ဒီလိုပြောလို့ ကြွပ်ကြွပ်အိတ် မစုရဘူး ပြောချင်တာမဟုတ်ပါဘူး။

ကြွပ်ကြွပ်အိတ်စုတာ သဘာဝပတ်ဝန်းကျင်အတွက် ကောင်းပါတယ် ဆက်စုပါ။

လူအများ နားလည်လွယ်မယ့် ဥပမာအနေနဲ့ ကြွပ်ကြွပ်အိတ်စုတဲ့သူနဲ့
မြေဝယ်စုတဲ့သူကို ဥပမာပေးထားတာ
မလို့ပါ။

ကျွန်တော်တို့ဘဝတွေလည်း ဒီလိုပဲ။ လူတိုင်းက တစ်ခုမဟုတ်တစ်ခု
ကို စုနေကြတာပဲ။

သိသိကြီးနဲ့ စုတာရယ် မသိဘဲနဲ့ စုမိနေတာတော့ ကွာသွားတယ်။

တချို့လူတွေက အချိန်တွေရင်းပြီး
ငွေတွေ၊ ပညာတွေ၊ အတွေ့အကြုံ
တွေ၊ ကျန်းမာရေးတွေ၊ ကုသိုလ်တွေ အစရှိတဲ့ ကောင်းမွန်တဲ့အရာတွေ စုနေ
ကြတဲ့အချိန်

တချို့တွေက အချိန်တွေရင်းပြီး ရောဂါတွေ၊ အကြွေးတွေ၊ ဒုက္ခတွေ၊ အမုန်းတွေ၊ အကုသိုလ်တွေကို သိသိကြီးနဲ့ကော မသိဘဲနဲ့ကော စုမိနေကြတယ်။

စီးပွားရေးမှာ ငွေကိုရင်းပြီး Invest လုပ်ကြရသလို ဘဝအတွက်လည်း
အချိန်ကို Invest ကြရတာပါ။ သင့်အချိန်တွေ ဘယ်နေရာအတွက် စုမိနေလဲသေချာပြန်စဉ်းစားပါ။

ကောင်းတဲ့အရာတွေအတွက် စုမိနေရင် ဒီတိုင်းဆက်သွားပါ။ ဒါမှမဟုတ် အနာဂတ်မှာ ဘဝအတွက်ကော ကျန်းမာရေးအတွက်ပါ မကောင်းတဲ့အရာတွေအတွက် စုမိနေရင်တော့
အမြန်ပြုပြင်ပြောင်းလဲပါ။

အထူးသဖြင့် ကျန်းမာရေးကို အဓိက စဉ်းစားပါ။ ကျန်းမာနေမှ ငွေရှာနိုင်မှာ
ဖြစ်သလို ရှာထားတဲ့ငွေကို Enjoy
လုပ်နိုင်မှာပါ။

ဒီစာလေးကို ဖတ်မိပြီဆိုရင်
သေချာပြန်စဉ်းစားပါ။

ငါ့ဘဝအတွက် အချိန်တွေရင်းပြီး
ငါဘာတွေစုမိနေလဲ။ ကောင်းတာတွေ
လား၊ မကောင်းတာတွေလား သေချာတွေးပါ။

အခုချိန်အောင်မြင်နေတဲ့သူ တော်တော်များများက အရင်ကတည်းက အချိန်တွေ၊ ငွေတွေနဲ့ ပေးဆပ်မှုတွေ
ပေးခဲ့ကြရတဲ့သူတွေ များပါတယ်။

အဲဒီစုခဲ့တဲ့ အသီးအပွင့်တွေကို အခုခံစားနေကြရတာပါ။ ဒီစာလေးဖတ်ပြီး သင့်ဘဝအတွက် သင် ဘာတွေစုမိနေလဲသေချာသုံးသပ်နိုင်ကြပါစေ။


#စာအုပ်စာပေလူ့မိတ်ဆွေ 📖📚
MK Book Store & စင်္ကာပူ
Telegram Channel
https://t.me/mkbooksto

12/05/2024

#စောင့်ထိန်းအပ်သော လူမှုကျင့်ဝတ်များ

(၁) ဘယ်လောက်ပဲ ချစ်ခင်ရင်းနှီးပါစေ။
စကားကို လက်လွယ်စပယ် မပြောပါနဲ့....။

ခံစားတတ်တဲ့ ဝေဒနာဆိုတာ
လူတိုင်းမှာ ရှိပါတယ်....။

(၂) ဘယ်လောက်ပဲ မုန်းတီးနေပါစေ။ အခြားသူရဲ့ပုဂ္ဂိုလ်ရေးကို နှိမ့်ချစော်ကား
တာမျိုး မပြုလုပ်ပါနဲ့....။

လေးစားမှုဆိုတာ လူတိုင်းနဲ့ထိုက်တန်သလို
မိမိကိုယ်တိုင်နဲ့လည်း ထိုက်တန်ပါတယ်...။

(၃) ဘယ်လောက်ပဲ သဘောကောင်းတဲ့သူနဲ့
တွေ့ပါစေ အခွင့်အရေးကို တဆုံးမနှိုက်ပါနဲ့။

မိမိကိုယ်ကိုယ် ထိန်းသိမ်းတတ်ပါစေ။ အခွင့်
အရေးသမားကို လူတိုင်းက ရွံ့မုန်းကြပါတယ်။

(၄) ဘယ်လောက်ပဲ အလကားရနေပါစေ။
မိမိရသင့်တဲ့ အတိုင်းအရှည် ပမာဏကို
အသိစိတ်နဲ့ ဆင်ခြင်တတ်ပါစေ။ သိက္ခာ
တရားဆိုတာ မွေးမြူသင့်ပါတယ်....။

(၅) ဘယ်လောက်ပဲ အခက်အခဲပြဿနာနဲ့
ကြုံရပါစေ မိမိကိုယ်ပိုင် အစွမ်းအစနဲ့ အရင်
ဖြေရှင်းတတ်ပါစေ။ အကူအညီကို အလွယ်
တကူ လိုချင်တဲ့သူ မဖြစ်ပါစေနဲ့...။

(၆) ဘယ်လောက်ပဲ ရိုးသားတဲ့လူကို
တွေ့ပါစေ။ သင့်အကျိုးအမြတ်အတွက်...
အသုံးမချပါနဲ့...။

ရိုးသားမှုဆိုတာ အရည်အသွေးတစ်ခုဖြစ်ပြီး
အခြားသူအတွက် ဖြစ်တည်နေတာ မဟုတ်
ပါဘူး။

(၇) ဘယ်လောက်ပဲ အင်အားကြီးမားတဲ့သူ
သင်ဖြစ်နေလည်း အလွယ်တကူ အနိုင်ကျင့်
ချင်တဲ့ စိတ်ဓာတ်မျိုး မမွေးပါနဲ့....။

ဒီကနေ့ အင်အားကြီးမားသူဟာ နောင်
တစ်နေ့မှာ အင်အား ပျောက်ဆုံးသွားနိုင်လို့ပါ။
သံသရာဆိုတာ လည်ပတ်နေပါတယ်....။

(၈) ဘယ်လောက်ပဲ အတွေးအခေါ်တွေ ဆန့်
ကျင်ဖက် ဖြစ်နေပါစေ။ ကိုယ်ပဲ မှန်နေတယ်
လို့ မထင်ပါနဲ့။ မကျင့်သုံးနိုင်ရင် ပယ်လိုက်ပါ။

အခြားသူရဲ့ အတွေးအခေါ်ထဲ သင်လည်း
မနေနိုင်သလို သူလည်း နေမှာမဟုတ်ပါဘူး။

(၉) သင်ဘယ်လောက်ပဲ ထူးချွန်ထက်မြက် နေပါစေ
တခြားသူကို ညံ့ဖျင်း တုံးအတယ်လို့...
အလွယ်တကူ မှတ်ချက်မပေးပါနဲ့....။

နောက်ခံအခြေအနေဆိုတာ တသမတ်တည်း
ရရှိနိုင်တာ မဟုတ်လို့အရည်အချင်းတွေ
ကွဲပြားနေတာကို သတိပြုမိပါစေ...။

(၁၀) မိမိကြိုက်နှစ်သက်တဲ့ လူ အရာဝတ္ထု
အတွေးအခေါ် အခြေအနေ တစ်ခုကို မိမိ
ဘာသာ စိတ်ကြိုက် နှစ်သက်ခွင့်ရှိပါတယ်။

ဒါပေမယ့် သူတစ်ပါးကြိုက်နှစ်သက်တဲ့အရာ
တွေကိုတော့ ကဲ့ရဲ့ရှုတ်ချပြီး သင်ကြိုက်တဲ့......
အရာတွေကို ဂုဏ်တင်ပြီး ပြောတာမျိုးတော့မဖြစ်သင့်ပါ။

04/05/2024

𝐑𝐞𝐚𝐥 𝐄𝐬𝐭𝐚𝐭𝐞 𝐈𝐧𝐯𝐞𝐬𝐭𝐨𝐫 တွေ သိထားသင့်တဲ့ အချက် ၃ ချက်
(𝐓𝐢𝐦𝐞 𝐇𝐨𝐫𝐢𝐳𝐨𝐧 ၊ 𝐈𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭 𝐕𝐨𝐥𝐮𝐦𝐞 ၊ 𝐏𝐫𝐨𝐩𝐞𝐫𝐭𝐲 𝐓𝐲𝐩𝐞)

၁) 𝐓𝐈𝐌𝐄 𝐇𝐎𝐑𝐈𝐙𝐎𝐍

𝐏𝐫𝐨𝐩𝐞𝐫𝐭𝐲 တစ်ခုကို ဝယ်ယူပြီး ဘယ်လောက်ကြာကြာ ကိုင်ထားမှာလဲ။ ဥပမာ ... ဝယ်ပြီး ၆ လ အကြာမှာ ပြန်ရောင်းမှာလား? ဒါမှ မဟုတ် နှစ်ရှည် ငှားရမ်းထားပြီး ဈေးတက်တဲ့အခါ ပြန်ရောင်းမှာလား?

အလွယ်ပြောရရင် 𝐇𝐨𝐥𝐝𝐢𝐧𝐠 𝐏𝐞𝐫𝐢𝐨𝐝 ပေါ့။ 𝐇𝐨𝐥𝐝𝐢𝐧𝐠 𝐏𝐞𝐫𝐢𝐨𝐝 / 𝐓𝐢𝐦𝐞 𝐇𝐨𝐫𝐢𝐳𝐨𝐧 ကို အချိန်အတိုအရှည်ပေါ် မူတည်ပြီး ၃ မျိုးခွဲထားပါတယ်။

𝐒𝐡𝐨𝐫𝐭 𝐓𝐞𝐫𝐦 (၁ နှစ်အောက်)
𝐈𝐧𝐭𝐞𝐫𝐦𝐞𝐝𝐢𝐚𝐭𝐞 𝐓𝐞𝐫𝐦 (၂-၃ နှစ်)
𝐋𝐨𝐧𝐠 𝐓𝐞𝐫𝐦 (၅ နှစ်အထက်)

𝐒𝐡𝐨𝐫𝐭 𝐓𝐞𝐫𝐦
တချို့ကတော့ ကာလတို 𝐒𝐡𝐨𝐫𝐭 𝐓𝐞𝐫𝐦 လုပ်ကြတယ်။ အိမ်တစ်အိမ်ကို ဈေးအနိမ့်နဲ့ ဝယ်တယ်၊ ရောင်းတန်းဝင်အောင် သေချာပြန်ပြင်ဆင်တယ်၊ ပြီးရင် ‌အမြတ်တင်ပြန်ရောင်းတယ်။ တချို့ဆို ၃-၄ လ နဲ့ ဒါမျိုးလုပ်ကြတယ်။ အမြတ်နည်းပေမဲ့ ရေတိုအတွင်း ငွေမြန်မြန်ပြန်ပေါ်တဲ့ နည်းလမ်းပေါ့။ ဒါပေမယ့် သူ့ရဲ့ အားနည်းချက်က ကာလတိုအတွင်း ပြန်ရောင်း ပြန်ဝယ်လုပ်တော့ 𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝 မှာဆို 𝐓𝐫𝐚𝐧𝐬𝐟𝐞𝐫 𝐅𝐞𝐞𝐬 ၊ 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐓𝐚𝐱 ၊ 𝐖𝐢𝐭𝐡𝐡𝐨𝐥𝐝𝐢𝐧𝐠 𝐓𝐚𝐱 အစရှိတဲ့ အခွန်တွေကို အရောင်းအဝယ်လုပ်တိုင်း ပေးရတာပါပဲ။ ကြိုပွိုင့်ကွန်ဒိုကို အမည်မဖောက်ခင် အရောင်းအဝယ် လုပ်ရင်တော့ အခွန်ပေးစရာ မလိုပါဘူး။

𝐈𝐧𝐭𝐞𝐫𝐦𝐞𝐝𝐢𝐚𝐭𝐞 𝐓𝐞𝐫𝐦
တချို့ကျတော့လည်း 𝐈𝐧𝐭𝐞𝐫𝐦𝐞𝐝𝐢𝐚𝐭𝐞 𝐓𝐞𝐫𝐦 ကြိုက်ကြတယ်။ ဝယ်တယ် ၊ ပြန်ပြင်တယ်၊ ငှားတယ်။ ဒီမှာက အငှားဝင်ငွေ 𝐑𝐞𝐧𝐭𝐚𝐥 𝐘𝐢𝐞𝐥𝐝 က တစ်နှစ်ကို ၅ % ဝန်းကျင် ရကြတယ်။ လွယ်လွယ် ဥပမာပေးရရင် ဘတ် ၅ သန်းတန် အခန်း ဝယ်ထားပြီး ပြန်ငှားတာ တစ်နှစ် ဘတ် ၂၅၀,၀၀၀ ပြန်ဝင်တဲ့ သဘောပေါ့။ ဒါမျိုး ၃-၄ နှစ် ဝင်ငွေရှာပြီးတော့ ဈေးကွက်မှာ ဈေးတက်တဲ့အခါ ပြန်ရောင်းတာမျိုး။ 𝐒𝐢𝐧𝐠𝐚𝐩𝐨𝐫𝐞 မှာဆို ၃ နှစ်ကျော်မှ ပြန်ရောင်းရင် Seller Stamp Duty 𝐒𝐒𝐃 ဆိုတဲ့ အခွန်တွေ ပေးစရာ မလိုပါဘူး။ 𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝 မှာလည်း ၅ နှစ်ကျော်မှ ပြန်ရောင်းရင် Specific Business Tax 𝐒𝐁𝐓 ဆိုတဲ့ အခွန်ကို ပေးစရာ မလိုတော့ပါဘူး။

𝐋𝐨𝐧𝐠 𝐓𝐞𝐫𝐦
ကျနော့်အရင် အိမ်ရှင်ဆိုရင် အခန်း ၃-၄ ခန်း ဝယ်ထားတယ်။ ကြိုပွိုင့် ဝယ်ခဲ့တော့ ဈေးတော်တော် သင့်ပါတယ်။ ပြီးတော့ အဲ့ဒီ အခန်းတွေကို ပြန်ငှားတာ တစ်နှစ် ၄-၅ % ဝင်ငွေ ပြန်ရတယ်။ အခန်း ၃-၄ ခန်းဆိုတော့ တစ်နှစ်ဝင်ငွေက မနည်းဘူး။ ၁၀ နှစ် အကြာမှာ ကျနော်တို့ကို ငှားထားတဲ့ အခန်းကို သူများကို ပြန်ရောင်းပါတယ်။ သူဝယ်တုန်းက ဘတ် ၄ သန်းကျော်၊ အငှားပြန်ချတာ ၁၀ နှစ်စာ၊ ခုပြန်ရောင်းတော့ ၇ သန်းတဲ့။ အငှားဝင်ငွေ + အရောင်းမြတ်ငွေ ပေါင်းလိုက်ရင် မြိုးမြိုးမျက်မျက်ပါပဲ။ ကြာကြာ ကိုင်ထားနိုင်တော့ 𝐒𝐡𝐨𝐫𝐭 𝐓𝐞𝐫𝐦 𝐈𝐧𝐯𝐞𝐬𝐭𝐨𝐫 တွေလို 𝐓𝐫𝐚𝐧𝐬𝐚𝐜𝐭𝐢𝐨𝐧 𝐅𝐞𝐞𝐬 တွေ၊ 𝐓𝐚𝐱 တွေလည်း ခဏခဏ ပေးစရာ မလိုတော့ဘူး။

ဒါပေမယ့် 𝐒𝐡𝐨𝐫𝐭 𝐓𝐞𝐫𝐦 ဖြစ်ဖြစ်၊ 𝐋𝐨𝐧𝐠 𝐓𝐞𝐫𝐦 ပဲ ဖြစ်ဖြစ် အားသာချက် အားနည်းချက် ကိုယ်စီတော့ ရှိကြတာပါပဲ။ ရှင်းရှင်းလင်းလင်း သိထားရမှာက ကိုယ့်ရဲ့ 𝐅𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥 𝐆𝐨𝐚𝐥 က ဘာလဲ။ ငွေနိုင်လား ? အကြာကြီး မြှုပ်နှံထားနိုင်လား ? ဒါမှမဟုတ် ငွေမြန်မြန်ပေါ်ချင်တာလား ? ကိုယ့် ပစ်မှတ်ကို တိတိကျကျ သတ်မှတ်ထားရင် ကိုယ်နဲ့ သင့်တော်တဲ့ 𝐓𝐢𝐦𝐞 𝐇𝐨𝐫𝐢𝐳𝐨𝐧 ကို ရွေးချယ်ရတာ မခက်လှပါဘူး။

၂) 𝐈𝐍𝐕𝐄𝐒𝐓𝐌𝐄𝐍𝐓 𝐕𝐎𝐋𝐔𝐌𝐄

ဝယ်ရောင်းများအတွက်ဆိုရင် ဝယ်ယူရင်းနှီးမြုပ်နှံထားတဲ့ 𝐏𝐫𝐨𝐩𝐞𝐫𝐭𝐲 တွေက (ဈေးကွက် ခန့်မှန်းတွက်ချက်မှု မှန်ကန်ခဲ့မယ်ဆိုရင်) 𝐕𝐨𝐥𝐮𝐦𝐞 များလေလေ ပြန်ရောင်းချတဲ့အခါ အမြတ်ငွေ များလေလေပါ။ အလားတူပဲ ... ဝယ်ယူထားပြီး ငှားရမ်းခနဲ့ ပုံမှန်ဝင်ငွေရှာသူအတွက်ဆိုရင်လည်း 𝐕𝐨𝐥𝐮𝐦𝐞 များလေလေ ရရှိတဲ့ ဝင်ငွေများလေလေပါ။ 𝐒𝐡𝐨𝐫𝐭 𝐓𝐞𝐫𝐦 𝐈𝐧𝐯𝐞𝐬𝐭𝐨𝐫 အများစုကတော့ 𝐕𝐨𝐥𝐮𝐦𝐞 နည်းနည်းကိုပဲ အချိန်တိုအတွင်းမှာ ထပ်ခါထပ်ခါ အရောင်းအဝယ် လုပ်ကြပါတယ်။ 𝐈𝐧𝐭𝐞𝐫𝐦𝐞𝐝𝐢𝐚𝐭𝐞/ 𝐋𝐨𝐧𝐠 𝐓𝐞𝐫𝐦 𝐈𝐧𝐯𝐞𝐬𝐭𝐨𝐫 တွေကျတော့ များသောအားဖြင့် 𝐕𝐨𝐥𝐮𝐦𝐞 များများ (အခန်းအရေအတွက် များများ) ကို ဝယ်ယူရင်းနှီးမြှပ်နှံထားကြပြီး အချိန်အတန်ကြာထိ ကိုင်ထားကြပါတယ်။ တချို့ဆို နေရာကောင်းတွေမှာ 𝐕𝐨𝐥𝐮𝐦𝐞 များများ ရင်းနှီးမြှုပ်နှံတာကြောင့် ပြန်ငှားရမ်းလို့ ရတဲ့ ဝင်ငွေနဲ့ ဘာအလုပ်မှမလုပ်ပဲ ထိုင်စားနေလို့ရပါတယ်။ ဝယ်ရောင်းအချို့မှာလည်း ကြိုပွိုင့်တွေကို ဈေးအနိမ့်နဲ့ ဝယ်ယူထားပြီး နောင် ၂-၃ နှစ်အကြာ 𝐏𝐫𝐨𝐣𝐞𝐜𝐭 ပြီးခါနီး ဈေးအမြင့်နဲ့ ပြန်ရောင်းကြတာ အမြတ်တော်တော်ရကြပါတယ်။

ဘာပဲဖြစ်ဖြစ် ကျနော်ပြောခဲ့သလိုပါပဲ ... ကိုယ့်ရဲ့ 𝐆𝐨𝐚𝐥 ကို ကောင်းကောင်း သတ်မှတ်ထားရပါမယ်။ 𝐕𝐨𝐥𝐮𝐦𝐞 နည်းနည်းနဲ့ တော်ရုံဝင်ငွေ / အမြတ်ငွေနဲ့ ကျေနပ်နိုင်သလား ? ဒါမှမဟုတ် 𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐲 အခွင့်အရေး ကောင်းလွန်းလို့ 𝐕𝐨𝐥𝐮𝐦𝐞 ကြီးကြီး ဝယ်ယူထားပြီး ဝင်ငွေများများ / အမြတ်ငွေများများနဲ့ 𝐑𝐞𝐭𝐢𝐫𝐞 လုပ်မလား ? ကိုယ့်ဘာသာ ဆုံးဖြတ်ရမှာပါ။

၃) 𝐏𝐑𝐎𝐏𝐄𝐑𝐓𝐘 𝐓𝐘𝐏𝐄

ဘယ်လို 𝐏𝐫𝐨𝐩𝐞𝐫𝐭𝐲 𝐓𝐲𝐩𝐞 မျိုးကို ကိုယ်က 𝐈𝐧𝐯𝐞𝐬𝐭 လုပ်မှာလဲ။ တချို့အသိတွေ ဈေးချိုပြီး နေရာကောင်းတဲ့ 𝐀𝐩𝐚𝐫𝐭𝐦𝐞𝐧𝐭 လေးတွေ ဝယ်ထားပြီး ပြန်ပြင်တယ်၊ ပြီးရင် 𝐀𝐢𝐫 𝐁&𝐁 ပြန်ငှားတယ်။ ဝင်ငွေမဆိုးဘူး။ တချို့ကျတော့ 𝐎𝐟𝐟𝐢𝐜𝐞 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 ဆီက အလွှာပြတ် ငှားပြီး 𝐎𝐟𝐟𝐢𝐜𝐞 𝐒𝐭𝐲𝐥𝐞 ပြန်ပြင်ဆင်တယ်၊ ပြီးတော့ 𝐂𝐨-𝐖𝐨𝐫𝐤𝐢𝐧𝐠 𝐒𝐩𝐚𝐜𝐞 ဘာညာဆိုပြီး 𝐒𝐭𝐚𝐫𝐭-𝐮𝐩 𝐂𝐨𝐦𝐩𝐚𝐧𝐲 တွေ၊ တခြား 𝐂𝐨𝐦𝐩𝐚𝐧𝐲 လေးတွေကို ပြန်ငှားတယ်။ တချို့ကျတော့လည်း 𝐂𝐨𝐧𝐝𝐨𝐦𝐢𝐧𝐢𝐮𝐦 တွေကို ဝယ်ယူပြီး အမြတ်နဲ့ ပြန်ရောင်းတယ်၊ ပြန်ငှားကြတယ်။ အမျိုးမျိုးပါပဲ။

မိတ်ဆွေအနေနဲ့ ကိုယ့်ရဲ့ 𝐏𝐚𝐬𝐬𝐢𝐨𝐧 ၊ 𝐁𝐮𝐝𝐠𝐞𝐭 နဲ့ 𝐆𝐨𝐚𝐥 အပေါ် မူတည်ပြီး ကိုယ်နဲ့ အံဝင်ဂွင်ကျဖြစ်မဲ့ 𝐈𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭 ပုံစံကိုသာ ရွေးချယ်ပါလို့ အကြံပြုရင်း ...

# Invest wisely, Live beautifully

15/04/2024

#စောင့်ထိန်းအပ်သော လူမှုကျင့်ဝတ်များ

(၁) ဘယ်လောက်ပဲ ချစ်ခင်ရင်းနှီးပါစေ။
စကားကို လက်လွယ်စပယ် မပြောပါနဲ့။

ခံစားတတ်တဲ့ ဝေဒနာဆိုတာ
လူတိုင်းမှာ ရှိပါတယ်။

(၂) ဘယ်လောက်ပဲ မုန်းတီးနေပါစေ။ အခြားသူရဲ့ပုဂ္ဂိုလ်ရေးကို နှိမ့်ချစော်ကား
တာမျိုး မပြုလုပ်ပါနဲ့။

လေးစားမှုဆိုတာ လူတိုင်းနဲ့ထိုက်တန်သလို
မိမိကိုယ်တိုင်နဲ့လည်း ထိုက်တန်ပါတယ်။

(၃) ဘယ်လောက်ပဲ သဘောကောင်းတဲ့သူနဲ့
တွေ့ပါစေ အခွင့်အရေးကို တဆုံးမနှိုက်ပါနဲ့။

မိမိကိုယ်ကိုယ် ထိန်းသိမ်းတတ်ပါစေ။ အခွင့်
အရေးသမားကို လူတိုင်းက ရွံ့မုန်းကြပါတယ်။

(၄) ဘယ်လောက်ပဲ အလကားရနေပါစေ။
မိမိရသင့်တဲ့ အတိုင်းအရှည် ပမာဏကို
အသိစိတ်နဲ့ ဆင်ခြင်တတ်ပါစေ။ သိက္ခာ
တရားဆိုတာ မွေးမြူသင့်ပါတယ်။

(၅) ဘယ်လောက်ပဲ အခက်အခဲပြဿနာနဲ့
ကြုံရပါစေ မိမိကိုယ်ပိုင် အစွမ်းအစနဲ့ အရင်
ဖြေရှင်းတတ်ပါစေ။ အကူအညီကို အလွယ်
တကူ လိုချင်တဲ့သူ မဖြစ်ပါစေနဲ့။

(၆) ဘယ်လောက်ပဲ ရိုးသားတဲ့လူကို
တွေ့ပါစေ။ သင့်အကျိုးအမြတ်အတွက်
အသုံးမချပါနဲ့။

ရိုးသားမှုဆိုတာ အရည်အသွေးတစ်ခုဖြစ်ပြီး
အခြားသူအတွက် ဖြစ်တည်နေတာ မဟုတ်
ပါဘူး။

(၇) ဘယ်လောက်ပဲ အင်အားကြီးမားတဲ့သူ
သင်ဖြစ်နေလည်း အလွယ်တကူ အနိုင်ကျင့်
ချင်တဲ့ စိတ်ဓာတ်မျိုး မမွေးပါနဲ့။

ဒီကနေ့ အင်အားကြီးမားသူဟာ နောင်
တစ်နေ့မှာ အင်အား ပျောက်ဆုံးသွားနိုင်လို့ပါ။
သံသရာဆိုတာ လည်ပတ်နေပါတယ်။

(၈) ဘယ်လောက်ပဲ အတွေးအခေါ်တွေ ဆန့်
ကျင်ဖက် ဖြစ်နေပါစေ။ ကိုယ်ပဲ မှန်နေတယ်
လို့ မထင်ပါနဲ့။ မကျင့်သုံးနိုင်ရင် ပယ်လိုက်ပါ။

အခြားသူရဲ့ အတွေးအခေါ်ထဲ သင်လည်း
မနေနိုင်သလို သူလည်း နေမှာမဟုတ်ပါဘူး။

(၉) သင်ဘယ်လောက်ပဲ ထူးချွန်ထက်မြက် နေပါစေ
တခြားသူကို ညံ့ဖျင်း တုံးအတယ်လို့
အလွယ်တကူ မှတ်ချက်မပေးပါနဲ့။

နောက်ခံအခြေအနေဆိုတာ တသမတ်တည်း
ရရှိနိုင်တာ မဟုတ်လို့အရည်အချင်းတွေ
ကွဲပြားနေတာကို သတိပြုမိပါစေ။

(၁၀) မိမိကြိုက်နှစ်သက်တဲ့ လူ အရာဝတ္ထု
အတွေးအခေါ် အခြေအနေ တစ်ခုကို မိမိ
ဘာသာ စိတ်ကြိုက် နှစ်သက်ခွင့်ရှိပါတယ်။

ဒါပေမယ့် သူတစ်ပါးကြိုက်နှစ်သက်တဲ့အရာ
တွေကိုတော့ ကဲ့ရဲ့ရှုတ်ချပြီး သင်ကြိုက်တဲ့
အရာတွေကို ဂုဏ်တင်ပြီး ပြောတာမျိုးတော့မဖြစ်သင့်ပါ။

16/01/2024

*လူဖြစ်တဲ့ အတွက် စိတ်ဓာတ်ကျတဲ့အချိန်တွေရှိမယ်။ လမ်းပျောက်တဲ့ အချိန်တွေရှိမယ်။

ချစ်ရတဲ့ သူတွေဆုံးရှုံးလိုက်ရတဲ့ အချိန်တွေရှိမယ်။
စီးပွါးရေးတွေ ဆုံးရှုံးသွား တဲ့ အချိန်တွေရှိမယ်။

သစ္စာဖောက်ခံရတဲ့ အချိန်တွေရှိမယ်။
အရာအားလုံး ဆုံးရှုံး သွားတဲ့ အချိန်တွေ ရှိမယ်။

ထုတ်ပြောတာနဲ့ မပြောတာပဲ ကွာတယ်။ ကြုံတာတော့ တစ်ခုမဟုတ် တစ်ခု ကြုံကြရမှာပဲ။

ကြုံလာခဲ့ရင် ဝမ်းနည်းပက်လက်ဖြစ်လို့ရတယ်။ ဒါပေမယ့် ဝမ်းနည်းလျှက် ရှေ့ဆက်နေရမယ်။ လုပ်စရာရှိတာလုပ်ရင်း ရှေ့ဆက်နေရမယ်။

အတိတ်ထဲမှာ တဝဲလည်လည် ဖြစ်နေတဲ့သူတွေက အောင်မြင်ဖို့ခက်တယ်။

အတိတ်ကို ထားခဲ့ပြီး ပစ္စုပန်ကို အာရုံစိုက်တဲ့သူတွေကပဲ အောင်မြင်သွားကြတာ။ Fighting !

#ဘဝတိုးတက်ရေးစာပေ #ဗဟုသုတအနေနဲ့မျှဝေခြင်း

Address

Qr 1, SanPya , Nawayat
Tigyaing
075

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+9592060625

Website

Alerts

Be the first to know and let us send you an email when SMM Oil posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share