UMG Myanmar

UMG Myanmar The Official page of UMG Myanmar |
UMG Myanmar ၏ တရား၀င် Facebook စာမျက်နှာ
(1105)

UMG headquartered in Myanmar, has several overseas network (Cambodia, Indonesia, Laos, PNG, Singapore, Sri Lanka, and Vietnam). With more than 2,500 workforce in myanmar alone, umg myanmar has social responsibility to help build and improved education systems. UMG established UMG College that aims to be center of excellence for next generation leader in Myanmar.

ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့)ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ဝါခေါင်လပြည့်နေ့တွင် ရဟန်းတော်များအား မေတ္တသုတ်တရားတော်ကို စတင်...
28/08/2026

ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့)

ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ဝါခေါင်လပြည့်နေ့တွင် ရဟန်းတော်များအား မေတ္တသုတ်တရားတော်ကို စတင်ဟောကြားတော်မူခဲ့သည်ကို အကြောင်းပြု၍ ဝါခေါင်လပြည့်နေ့ကို "မေတ္တာအခါတော်နေ့" ဟု သတ်မှတ်ကာ ပူဇော်ကျင်းပခဲ့ကြခြင်းဖြစ်ပါတယ်။

ယနေ့ကျရောက်‌သော ဝါခေါင်လပြည့်အခါသမယမှာ မြန်မာပြည်သူပြည်သားအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံပြီး ဘေးရန်အပေါင်းမှ ကင်းဝေးကြပါစေကြောင်း ဆုမွန်မေတ္တာပို့သလိုက်ပါတယ်။


#ဝါခေါင်လပြည့်နေ့

သတ္တု၊ တွင်းထွက်နဲ့ ဆည်မြောင်းလုပ်ငန်းရှင်ကြီးများအတွက် အချိန်ကုန်သက်သာပြီး အလုပ်တွင်ကျယ်စေဖို့ဆိုရင် စွမ်းဆောင်ရည်မြင့်...
22/08/2026

သတ္တု၊ တွင်းထွက်နဲ့ ဆည်မြောင်းလုပ်ငန်းရှင်ကြီးများအတွက် အချိန်ကုန်သက်သာပြီး အလုပ်တွင်ကျယ်စေဖို့ဆိုရင် စွမ်းဆောင်ရည်မြင့် Matador Excavator ME220 မြေတူးစက်ရှိပါတယ်။

Matador Excavator ME220 မှာဆိုရင်
✔️ ISUZU Engine ကို အသုံးပြုထားလို့ အင်ဂျင်ပါဝါမြင့်မားစေပြီး ဆီစားနှုန်းကို သက်သာစေပါတယ်။
✔️ Bucket အပြင် Breaker Piping Line ပါဝင်လို့ ကျောက်ဖောက်၊ ကျောက်ခွဲလုပ်ငန်းရှင်များလည်း အသုံးပြုနိုင်ပါတယ်။
✔️ နာမည်ကြီး Japan Brand - KAWASAKI Hydraulic Main Pump ကို အသုံးပြုထားတဲ့အတွက် စွမ်းဆောင်ရည်ကောင်းစေပါတယ်။
✔️ Width 700 mm ပါရှိလို့ ရွှံ့နွှံထဲမှာလည်း ကုတ်အားကောင်းကောင်းနဲ့ အလွယ်တကူရုန်းနိုင်ပါတယ်။

ဒါကြောင့် တူးဖော်ရေးလုပ်ငန်းတိုင်းအတွက် အထူးထုတ်လုပ်ထားတဲ့ Matador Excavator ME220 မြေတူးစက်ကို ယုံကြည်စိတ်ချစွာ ဝယ်ယူလိုက်ပါခင်ဗျာ။💯🙋

💢 အနာဂတ်စီးပွားရေးအတွက် Fastpoint နဲ့အတူ ရှေ့ခရီးဆက် 💢

☎️Hotline - 09 977 835 547, 09 977 835 809

Telegram Link👇👇👇
https://t.me/umgmatador

Address - No(152) Min Gyi Ma Har Min Kaung St., Yangon~Pathein Highway, Zone (4) Hlaing Thar Yar Township, Yangon.



လူကြီးမင်းတို့ရဲ့ စက်ရုံ၊ အလုပ်ရုံစတဲ့လုပ်ငန်းတွေမှာ Solar & Energy Storage System တွေ ပြောင်းတပ်ချင်ပေမဲ့ "အရင်းအနှီးမျ...
14/08/2026

လူကြီးမင်းတို့ရဲ့ စက်ရုံ၊ အလုပ်ရုံစတဲ့လုပ်ငန်းတွေမှာ Solar & Energy Storage System တွေ ပြောင်းတပ်ချင်ပေမဲ့ "အရင်းအနှီးများမှာ" ကို စိုးရိမ်နေပါသလား?🏭⚡

💁 ကျွန်တော်တို့ Winning Way မှာဆိုရင် အရင်းအနှီးအတွက် ဝန်မပိစေပဲ Solar & Energy Storage System များကို လုပ်ငန်းရှင်ကြီးများအတွက် စိတ်ချရတဲ့ဘဏ်တွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပေးပြီး ဘဏ်ချေးငွေစနစ်ဖြင့် အလွယ်တကူ‌ လျှောက်ထားဝယ်ယူတပ်ဆင်နိုင်အောင် စီစဉ်ဆောင်ရွက်ပေးနေပါတယ်။

ဘဏ်ချေးငွေစနစ်နဲ့ Solar ပြောင်းတပ်ပြီး လုပ်ငန်းအမြတ်တွေ ပိုကျန်ဖို့ Winning Way နဲ့ အမြန်ဆုံး ဆက်သွယ်တိုင်ပင်လိုက်ပါ။📞🤩

🏢𝐘𝐚𝐧𝐠𝐨𝐧 (𝐒𝐡𝐨𝐰𝐫𝐨𝐨𝐦 & 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐂𝐞𝐧𝐭𝐞𝐫)
UMG Group of Companies
အမှတ် 592 ၊ ဗိုလ်အောင်ကျော်လမ်း၊ ရန်ကုန်-ပုသိမ်အဝေးပြေးလမ်းမကြီး၊ လှိုင်သာယာမြို့နယ် ၊ ရန်ကုန်မြို့။

🏢𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 - 𝐒𝐡𝐨𝐰𝐫𝐨𝐨𝐦 & 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐂𝐞𝐧𝐭𝐞𝐫
UMG Mandalay Branch
သိပ္ပံလမ်း နှင့် 55လမ်းထောင့် ၊ ရဲမွန်တောင်ရပ်ကွက်၊ မဟာအောင်မြေမြို့နယ် ၊ မန္တလေးမြို့။

☎️ Hotline Sale - 095129120
☎️ Hotline Service - 09977835709
☎️ Hotline CRM - 09977835647







ဂိုဒေါင်၊ စက်ရုံနဲ့ ကုန်ပစ္စည်း သယ်ယူရွှေ့ပြောင်းရေးလုပ်ငန်းတွေမှာ အချိန်နဲ့လူအင်အားကို အထိရောက်ဆုံး လျှော့ချပေးနိုင်တဲ့...
11/08/2026

ဂိုဒေါင်၊ စက်ရုံနဲ့ ကုန်ပစ္စည်း သယ်ယူရွှေ့ပြောင်းရေးလုပ်ငန်းတွေမှာ အချိန်နဲ့လူအင်အားကို အထိရောက်ဆုံး လျှော့ချပေးနိုင်တဲ့ Matador Hand Pallet နဲ့ မိတ်ဆက်ပေးပါရစေ 💁

ရွှေ့ပြောင်းရခက်ခဲတဲ့ကုန်ပစ္စည်းတွေကို အားစိုက်စရာမလိုဘဲ ပေါ့ပေါ့ပါးပါးသယ်ယူနိုင်အောင် ကျစ်လျစ်တဲ့ဒီဇိုင်းနဲ့ထုတ်လုပ်ထားလို့ လုပ်ငန်းတိုင်းမှာ မရှိမဖြစ်ဆောင်ထားသင့်တဲ့ အရည်အသွေးမြင့် Hand Pallet ဖြစ်ပါတယ် 💯

Matador Hand Pallet ကို ဘာကြောင့် ရွေးချယ်သင့်တာလဲ?
✅ Load Capacity (၃)တန်အထိ စိတ်ချလက်ချ သယ်ယူနိုင်ပါတယ်။
✅ Fork Size အနေနဲ့ (685 mm x 1220 mm) ပါဝင်တာကြောင့် အလွယ်တကူ မ တင်နိုင်ပြီး ပစ္စည်းများသယ်ယူတဲ့အခါ ယိမ်းယိုင်မှုမရှိပဲ တည်ငြိမ်စိတ်ချရစေပါတယ်။
✅ အရည်အသွေးမြင့် PU ဘီးများကို အသုံးပြုထားတာဖြစ်လို့ တွန်းရတာပေါ့ပါးပြီး ဂိုဒေါင်ကြမ်းပြင် ပွန်းပဲ့ ထိခိုက်မှု မဖြစ်‌အောင် ကာကွယ်ပေးပါတယ်။
✅ Service Warranty ကို (၆) လ အာမခံပေးထားပါတယ်။

🧑‍🤝‍🧑 လူအင်အားသက်သာပြီး ကုန်ပစ္စည်းပြောင်းရွှေ့ရတာ ပေါ့ပါးမြန်ဆန်စေဖို့ Matador Hand Pallet ကို အခုပဲရွေးချယ်လိုက်ပါ။📦

📞 အသေးစိတ်သိရှိလိုပါက ဆက်သွယ်မေးမြန်းနိုင်ပါသည်။
☎️ ဖုန်း - 09977835456 / 09977835811 / 09977835647

📍 လိပ်စာ - အမှတ် (၅၉၂)၊ ဗိုလ်အောင်ကျော်လမ်း၊ ရန်ကုန်-ပုသိမ် အဝေးပြေးလမ်းမကြီးဘေး၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။




🌾🥜 ရိတ်သိမ်းရာသီတိုင်းမှာ သီးနှံအလေအလွင့်ဖြစ်မှာစိုးရိမ်နေတဲ့ တောင်သူဦးကြီးတို့အတွက် သတင်းကောင်းလေးလာပါပြီ...🌾🙋Matador H...
04/08/2026

🌾🥜 ရိတ်သိမ်းရာသီတိုင်းမှာ သီးနှံအလေအလွင့်ဖြစ်မှာစိုးရိမ်နေတဲ့ တောင်သူဦးကြီးတို့အတွက် သတင်းကောင်းလေးလာပါပြီ...🌾🙋

Matador Harvester MH88T ရိတ်သိမ်းခြွေလှေ့စက်ဟာ သီးနှံအလေအလွင့်ကို အနည်းဆုံးဖြစ်အောင် ထိန်းပေးပြီး အထွက်နှုန်းကို တိုးတက်စေတာကြောင့် ရိတ်သိမ်းချိန်မှာ ဦးကြီးတို့အတွက် အပြုံးပန်းဝေစေမှာပါ💰🌾

Matador Harvester MH88T မြင်းကောင်ရေ (၈၈) ကို အသုံးပြုခြင်းဖြင့်
📍 သီးနှံ လေလွင့်ဆုံးရှုံးမှု နည်းပါးခြင်း
📍 ပင်လဲများပါမကျန် ရိတ်သိမ်းနိုင်ခြင်း
📍 စပါးသန့်စင်ရာတွင် အထူးကောင်းမွန်ခြင်း
📍 မြေအကျွံကွင်းများပေါ်တွင်လည်း ‌မောင်းနှင်နိုင်ခြင်း
📍 Harvester အတွင်းပိုင်းတွင် ဇကာ (Filter) နဲ့
📍 အရှေ့ခေါင်းပိုင်းတွင် စပါးအပြင် မတ်ပဲ၊ ပြောင်း စတဲ့သီးနှံများကို ရိတ်သိမ်းနိုင်ခြင်း စတဲ့အားသာချက်တွေ ပါရှိပါတယ်။

✅ Engine နဲ့ Gearbox အတွက် (၁) နှစ်အာမခံပေးထားပါတယ်။

💁 ရာသီအလိုက်အမြတ်တိုးပြီး စိတ်ချမ်းသာဖို့အတွက် Matador MH88T ကို အခုပဲဝယ်ယူအသုံးပြုလိုက်ပါခင်ဗျာ။🚜

Win Motors ကနေ တင်သွင်းတဲ့ မတ်တဒေါထွန်စက်တွေနဲ့ပတ်သက်ပြီး စက်ဝယ်ယူလိုခြင်း၊ စက်ပြုပြင်ထိန်းသိမ်းခြင်းနှင့် အပိုပစ္စည်းများအကြောင်း အသေးစိတ်စုံစမ်းမေးမြန်းလိုပါက အောက်ပါဖုန်းနံပါတ်များနှင့် Page Chat Box ဆီသို့ တိုက်ရိုက်ဆက်သွယ်လိုက်ပါခင်ဗျာ။ 🙏

Win Motor Co., Ltd
☎️ 09-519 321 1
☎️09-977835570,
☎️ 09-977 835 783
🏡 အမှတ် (၈၉၈-၉၉၀)၊ သုဓမာလမ်း၊ ၄/ ၆ ရပ်ကွက်၊ အနော်ရထာစက်မှုဇုန်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။


၁၉၉၈ ခုနှစ်မှသည် ယနေ့အထိတိုင် (၂၈) နှစ်တာ ကာလပတ်လုံး UMG Group of Companies ကို ယုံကြည်စွာ အားပေးခဲ့ကြသော အစဉ်အလာကြီးမား...
29/07/2026

၁၉၉၈ ခုနှစ်မှသည် ယနေ့အထိတိုင် (၂၈) နှစ်တာ ကာလပတ်လုံး UMG Group of Companies ကို ယုံကြည်စွာ အားပေးခဲ့ကြသော အစဉ်အလာကြီးမားသည့် လူကြီးမင်းများနှင့် စည်းလုံးညီညွတ်စွာ ကြိုးပမ်းခဲ့ကြသည့် ဝန်ထမ်းမိသားစုများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်…..

ခိုင်မာတဲ့ ယုံကြည်မှု၊ မဆုတ်မနစ်တဲ့ ကြိုးစားမှုတွေနဲ့အတူ နှစ်ပေါင်း (၂၈) နှစ်တိုင်တိုင် လက်တွဲညီညီ လျှောက်လှမ်းလာခဲ့ကြတဲ့ ဝန်ထမ်းမိသားစုတွေနဲ့အတူ (၂၈)နှစ်ပြည့် အခမ်းအနားကြီးကို စည်ကားသိိုက်မြိုက်စွာ ကျင်းပပြီးစီးခဲ့ပါပြီ….

(၂၈) နှစ်ပြည့် အမှတ်တရမှသည် ပိုမိုတောက်ပသော အနာဂတ်ဆီသို့ ကြံ့ခိုင်မှု၊ မဆုတ်မနစ်သော ဇွဲ၊ လုံ့လတို့နှင့်အတူ နှစ်ပေါင်းရာထောင်ချီတိုင် ရှေ့ဆက်လက်ချီတက်သွားမည့် UMG Group of Companies ရဲ့ နှစ်ပတ်လည်ပွဲအခမ်းအနား အမှတ်တရပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်…..

ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ မွန်မြတ်လှသော နေ့ထူး‌ နေ့မြတ်ကြီးတနေ့ဖြစ်ပါသည်။ “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ မိန့်မြွတ်...
29/07/2026

ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ မွန်မြတ်လှသော နေ့ထူး‌ နေ့မြတ်ကြီးတနေ့ဖြစ်ပါသည်။

“သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ မိန့်မြွတ်သံချို လဝါဆို” ဟု စာဆိုပြုခဲ့ကြသည့်အတိုင်း ဂေါတမမြတ်စွာဘုရားလောင်းသည်
မယ်တော်မာယာ၏ ဝမ်းကြာတိုက်၌ ပဋိသန္ဓေတည်တော်မူသောနေ့၊ စတြာဝတေးမင်းစည်းစိမ်ကိုစွန့်၍ တောထွက်တော်မူသောနေ့၊ တရားဦး ဓမ္မစကြာကို ဟောကြားတော်မူသောနေ့၊
ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာကို ပြသတော်မူသောနေ့ ဟူ၍ထူးခြားသော နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။

ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) မင်္ဂလာအခါသမယမှာ မြန်မာပြည်သူပြည်သားအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။


#ဝါဆိုလပြည့်နေ့ #ဓမ္မစကြာအခါတော်နေ့

UMG Group of Companies မှ ဥက္ကဌဒေါက်တာမာလာဝင်းနှင့် ဝန်ထမ်းမိသားစု၏ အစဥ်အလာမပျက် နှစ်စဥ်ကျင်းပပြုလုပ်မြဲဖြစ်သော (၁၆) ကြိ...
27/07/2026

UMG Group of Companies မှ ဥက္ကဌဒေါက်တာမာလာဝင်းနှင့် ဝန်ထမ်းမိသားစု၏ အစဥ်အလာမပျက် နှစ်စဥ်ကျင်းပပြုလုပ်မြဲဖြစ်သော (၁၆) ကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ဆရာတော်သံ​ဃာတော်များမှ သာဓုအနုမောဒနာတရားတော်များ ဟောကြားချီးမြှင့်ပေးခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှအတန်းပေးဝေကာ ပဌာန်းသိမ်းပွဲအခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့တဲ့ ကုသိုလ်ပုံရိပ်လေးတွေကို ဖော်ပြလိုက်ရပါတယ်။

ဂိုဒေါင်နဲ့ စက်ရုံလုပ်ငန်းခွင်များအတွက်  လောင်စာဆီစရိတ်သက်သာပြီး လုပ်ငန်းတွင်ကျယ်စေဖို့ Brand New Matador 3.0T Lithium B...
27/07/2026

ဂိုဒေါင်နဲ့ စက်ရုံလုပ်ငန်းခွင်များအတွက် လောင်စာဆီစရိတ်သက်သာပြီး လုပ်ငန်းတွင်ကျယ်စေဖို့ Brand New Matador 3.0T Lithium Battery Forklift ရောက်ရှိလို့လာပါပြီ။🙋

🌟 Matador 3.0T Lithium Battery Forklift ရဲ့အဓိကအားသာချက်တွေက....
✅ လောင်စာဆီသုံးစွဲရန် မလိုဘဲ လျှပ်စစ်ဓာတ်အားဖြင့် မောင်းနှင်နိုင်ခြင်း
✅ Li-Ion ဘက်ထရီအမျိုးအစားဖြစ်လို့ အားသွင်းချိန်မြန်ဆန်ပြီး သက်တမ်းကြာရှည်ခံခြင်း
✅ အဆင့်မြင့် Control & Power System ကြောင့် မောင်းနှင်ရာတွင် ပိုမိုသွက်လက်ပြီး ကုန်ပစ္စည်း အတင်၊ အချကို မြန်ဆန်စေခြင်း
✅ Stability Triangle ဒီဇိုင်းကြောင့် ကုန်ပစ္စည်းများ သယ်ဆောင်ရာတွင် ယိမ်းယိုင်မှုမရှိဘဲ မတော်တဆမှုများကို အထူးကာကွယ်ပေးခြင်း စတဲ့အချက်တွေဖြစ်ပါတယ်။

ဒါကြောင့် စွမ်းဆောင်ရည်ကောင်းပြီး မလိုအပ်တဲ့စရိတ်တွေကို လျှော့ချဖို့ Matador 3.0T Lithium Battery Forklift က အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုပါပဲခင်ဗျာ။💯🙋

📞 အသေးစိတ်သိရှိလိုပါက ဆက်သွယ်မေးမြန်းနိုင်ပါသည်။
☎️ ဖုန်း - 09977835456 / 09977835811 / 09977835647

📍 လိပ်စာ - အမှတ် (၅၉၂)၊ ဗိုလ်အောင်ကျော်လမ်း၊ ရန်ကုန်-ပုသိမ် အဝေးပြေးလမ်းမကြီးဘေး၊ လှိုင်သာယာမြိုနယ်၊ ရန်ကုန်မြို့။





အနန္တော အနန္တငါးပါး ဦးထိပ်ထားလျက် UMG Group of Companies ၏ (၂၈)နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် အလှူဒါယိကာမ ဥက္ကဌ ဒေါက်တ...
24/07/2026

အနန္တော အနန္တငါးပါး ဦးထိပ်ထားလျက် UMG Group of Companies ၏ (၂၈)နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် အလှူဒါယိကာမ ဥက္ကဌ ဒေါက်တာမာလာဝင်း၏ ဆန္ဒအဓိပတိတော်အဖြစ် သံသရာမှလွတ်မြောက်ရာအမှန် မြတ်နိဗ္ဗာန်ကို ရည်သန်တောင်းဆု အာရုံပြု၍ ၁၈ မိုင်တောရကျောင်းတိုက်၌ ယောဂီအဆောင်သစ် သစ္စာဆောင်(၁)အား ရေစက်ချခြင်းအလှူတော်မင်္ဂလာအခမ်းအနားနှင့် ၁၈ မိုင်တောရဆရာတော် ဒေါက်တာအရှင်စကြာဝဠာအား အမှူးထား၍ သံဃာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းကပ်လှူခြင်း၊ လှူဖွယ်ဝတ္ထုများလှူဒါန်းခြင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အလှူတော်မင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ်။

ယောဂီကျောင်းဆောင်လှူဒါန်းခြင်း၏ အကျိုးများအနေဖြင့် သီလ၊ သမာဓိ၊ ပညာ ကျင့်ကြံသူများအတွက် အေးချမ်းစွာ တရားအားထုတ်နိုင်သော နေရာကို တည်ဆောက်ဖန်တီးပေးရသဖြင့် လှူဒါန်းထားသော ကျောင်းဆောင်တွင် ယောဂီများ တရားအားထုတ်နေသရွေ့ အလှူရှင်သည် နိဗ္ဗာန်မရောက်မီဘဝတိုင်းတွင် နေရာထိုင်ခင်း၊ အိုးအိမ်၊ စည်းစိမ်တို့ပြည့်စုံကြွယ်ဝ၍ အဆင်ပြေချောမွေ့သော ဘဝကို ရရှိနိုင်ကြောင်း မှတ်သားရပါတယ်။

ထို့အပြင် သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့်အတူ ဝါဆိုသင်္ကန်း ကပ်လှူရခြင်းကြောင့် ရရှိမည့် ကောင်းကျိုး(၇)မျိုးကို (၇)ရက်သားသမီးအပေါင်း သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ဖို့ ကုသိုလ်ပြုလုပ်ခဲ့တဲ့ပုံရိပ်လေးတွေကို မျှဝေလိုက်ရပါတယ်။

UMG_Group_of_Companies

Address


Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:15

Telephone

+9519648003

Alerts

Be the first to know and let us send you an email when UMG Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to UMG Myanmar:

Shortcuts

  • Want your business to be the top-listed Business?

Share