MMK Warehouse, U Mg Mg Kyi

MMK Warehouse, U Mg Mg Kyi ပဲမျိုးစုံရောင်းဝယ်ရေး

22/04/2026

720bs ပြောင်းဆံ

မျိုးချိန်တခါ​ရောက်လာပြန်​လေ​တော့ မျိုးပဲ နဲ့ ​ပြောင်းမျိုး​စေ့​လေး​​တွေ ရှိ​ပါ​ကြောင်း ​ကြော်ငြာ ပါရ​စေရှင့် ...
08/09/2025

မျိုးချိန်တခါ​ရောက်လာပြန်​လေ​တော့ မျိုးပဲ နဲ့ ​ပြောင်းမျိုး​စေ့​လေး​​တွေ ရှိ​ပါ​ကြောင်း ​ကြော်ငြာ ပါရ​စေရှင့် ...

09/05/2025

ထိုင်းအစိုးရဟာ အမေရိကန်ဆီ ပို့ကုန် ပို့နိုင်ဖို့အတွက် အမေရိကန်ပြောင်းကို လိုလိုမလိုလို၊ ကိုက်ကိုက်မကိုက်ကိုက် ဝယ်ရမယ့် အနေအထား ရှိနေပါတယ်။
🌽🌽🌽🌽🌽🌽🌽

အမေရိကန် သမ္မတထရမ့်ရဲ့ ကုန်သွယ်ရေးစစ်ပွဲမှာ မြန်မာပြည်က အထည်ချုပ်စက်ရုံ အလုပ်သမတွေ အထိနာမယ်လို့ ခန့်မှန်းကြည့်နိုင်ပေမယ့် ထင်မှတ်မထားဘဲ စိုက်ပျိုးရေးတောင်သူတွေအပေါ်လည်းသက်ရောက်မှု ရှိနိုင်တာ သတိပြုစရာပါ။

လက်ရှိတွေးမိတာကတော့ ပြောင်းစိုက်ပျိုးရေး အပေါ် သက်ရောက်နိုင်မှုပါ။

🌽 မြန်မာ့ပြောင်းကိုအများဆုံး ဝယ်နေတာက ထိုင်းနိုင်ငံ ဖြစ်ပါတယ်။ အခုနောက်ပိုင်း မြန်မာ့ပို့ကုန်ထဲ အရေးပါတဲ့ ပို့ကုန်အမယ်လည်း ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် တစ်နှစ်ကို ပြောင်းတန်ချိန် ၃ သန်းလောက်ထွက်ပြီး၊ မွေးမြူရေးအစာအတွက် တန်ချိန် ၁ သန်းလောက် သုံးတယ်။ အရက်ချက်တဲ့ လုပ်ငန်းကလည်း အတော်သုံးတယ်လို့ သိရပါတယ်။ ကျန်တာကို ပြည်ပကို ပို့ပါတယ်။ အထူးသဖြင့်တော့ ထိုင်းကိုပါ။ တစ်သန်းခွဲ ဝန်းကျင်တော့ အနည်းဆုံး ပို့လိမ့်မယ် ထင်ပါတယ်။

ထိုင်းက တစ်နှစ်ကို ပြောင်းတန်ချိန် ၉ သန်း လောက် လိုတယ်။ လိုအပ်ချက်ရဲ့ ၄၀% ကျော်ကို ပြည်ပက တင်သွင်းရပါတယ်။ ရာခိုင်နှုန်းအတော်များများကို မြန်မာပြည်က ဝယ်တဲ့သဘောပါ။

အခုပြဿနာက ကုန်သွယ်ရေးစစ်ပွဲပါ။ အမေရိကန်က အခွန်တိုးကောက်မယ့်အထဲ ထိုင်းထုတ်ကုန်တွေလည်း ပါနေပါတယ်။ ၃၆% ကောက်မှာပါ။

ထိုင်းအနေနဲ့ အဲဒီအခွန်ရာခိုင်နှုန်းကို လျှော့စေချင်ရင် အမေရိကန်ပစ္စည်းကို များများ ဝယ်ယူအားပေးရမှာ ဖြစ်ပါတယ်။

🌽 ၂၀၂၄ တုန်းက ထိုင်းဟာ အမေရိကန်ဆီက ပြောင်းကို ဒေါ်လာ ၂.၇ သန်းဖိုးပဲ ဝယ်ခဲ့ပါတယ်။ တန်ချိန် သောင်းဂဏန်းပဲ ရှိတဲ့သဘောပါ။

တစ်ဖက်မှာက အမေရိကန်ဟာ ကမ္ဘာ့ပြောင်းတင်ပို့မှု အများဆုံး ထိပ်တန်းနိုင်ငံပါ။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ တန်ချိန် ၆၅ သန်း တင်ပို့ဖို့ လျာထားပါတယ်။ ဒါက ကမ္ဘာ့ပြောင်းတင်ပို့မှု စုစုပေါင်းရဲ့ ၃၅% ပါ။

အမေရိကန်ရဲ့ အဓိက ဝယ်လက်က တရုတ် ဖြစ်ပါတယ်။ တရုတ်နဲ့ ကုန်သွယ်စစ်ဖြစ်နေလို့ အမေရိကန်ပြောင်းကို တရုတ်က ခဏဖြစ်ဖြစ် အဝယ်ရပ်ထားပါလိမ့်မယ်။ ဒါကြောင့် အမေရိကန်အနေနဲ့ ထိုးရောင်းစရာ နေရာ ရှာရမှာပါပဲ။

🌽 ထိုင်းအနေနဲ့ အမေရိကန်ရဲ့ အခွန်ကို ဖြေလျော့ဖို့ အမေရိကန်ကုန်စည်အများအပြား ဝယ်ယူတဲ့အခါ အမေရိကန်ပြောင်းကို မဖြစ်မနေ ထည့်ဝယ်ရပါလိမ့်မယ်။ ဧပြီလဆန်းကတည်းက ထိုင်းအနေနဲ့ ပြောင်း၊ ပဲပုပ်ဖတ် အစရှိတဲ့ အမေရိကန် စိုက်ပျိုးရေး ထွက်ကုန်တွေအပေါ် အခွန် သုညရာခိုင်နှုန်းအထိ လျော့ချဖို့ ပြင်ဆင်နေပါတယ်။

🌽 ဘန်ကောက်ပို့စ် ရဲ့ အဆိုအရ ထိုင်းနိုင်ငံဟာ ၂၀၂၅ ခုနှစ်အတွင်း မွေးမြူရေးအစာ တန်ချိန် ၂၁.၈ သန်း ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။ မြန်မာနိုင်ငံထက် ဆယ်ဆ များပါတယ်။ ၂၀၂၄ ခုနှစ်တုန်းက ၂၁.၁ သန်း ထုတ်ခဲ့တာပါ။ အစာထုတ်လုပ်မှုရဲ့ ၆၀ ရာခိုင်နှုန်း (တန်ချိန် ၁၂-၁၃ သန်း ဝန်းကျင်) နဲ့ညီမျှတဲ့ အစာကုန်ကြမ်းတွေ (အဓိက ကုန်ကြမ်း ၃ မျိုး - ပဲပုပ်ဖတ်၊ ပြောင်း နဲ့ ဂျုံ) ကို ပြည်ပက တင်သွင်းရပါတယ်။ (မြန်မာပြည်က မွေးမြူရေးအစာစပ် စက်ရုံတွေကတော့ ကုန်ကြမ်း ၃၀% ကိုပဲ ပြည်ပက တင်သွင်းကြတာပါ။ ဒါတောင် အလုံအလောက် မတင်သွင်း နိုင်ပါဘူး။)

ထိုင်းနိုင်ငံဟာ အမေရိကန်ဆီက ပဲပုပ်ဖတ် အတော်ဝယ်တယ်ဆိုပေမယ့် ဘရာဇီးလ်ကို ပိုအားပေးပါတယ်။ အမေရိကန်ပဲပုပ်ဖတ်က ၁% လောက်ပဲ ပါတယ်လို့ ဆိုပါတယ်။

ဂျုံကိုတော့ ဥရောပက ဝယ်ပါတယ်။

🌽 ပြောင်းကိုတော့ အမေရိကန်ဆီက မဝယ်သလောက်ပါပဲ။ ပြောင်း လိုအပ်ချက် တန်ချိန် ၉ သန်းမှာ တန်ချိန် သောင်းဂဏန်းလေးပဲ အမေရိကန်ဆီက ဝယ်တာမို့ မဝယ်သလောက်ပဲ လို့ ပြောရတာပါ။ ထိုင်းပြည်တွင်းထွက်ကို သုံးသလို ဒေသတွင်းနိုင်ငံတွေ (အဓိကအားဖြင့် မြန်မာ) က ဝယ်သုံးပါတယ်။

အခုတော့ အမေရိကန် ပြောင်းတွေ ဝယ်ဖို့ ဖြစ်လာပါပြီ။ မွေးမြူရေး အစာကဏ္ဍအနေနဲ့ အမေရိကန်ဆီက အစာကုန်ကြမ်းကို ဒေါ်လာ ၂.၈ ဘီလီယံ ဖိုးအထိ ဝယ်နိုင်တယ်လို့ ထိုင်း အစာစပ်စက်ရုံများအသင်းက ဖေဖော်ဝါရီလတုန်းက ပြောထားပါတယ်။ (ထိုင်းနဲ့ အမေရိကန်ကြား ကုန်သွယ်ရေးပမာဏ ကွာဟချက် က ဒေါ်လာ ၃၅.၄ ဘီလီယံ ရှိနေတာပါ။ )

ထိုင်း အစာစပ်စက်ရုံများအသင်းက ဘရာဇီးလ်ထံက ဝယ်နေတဲ့ ပဲပုပ်ဖတ် တန်ချိန် ၃ သန်းကို အမေရိကန်ဆီက ပြောင်းပြီး ဝယ်ဖို့ အဆိုပြုထားပါတယ်။ ဒါ့အပြင် အမေရိကန်ဆီက ပြောင်းတန်ချိန် ၄ သန်း ဝယ်ယူမယ်လို့လည်း ပြောနေပါတယ်။

အမေရိကန်ဆီက ပြောင်းဝယ်မှာကို ထိုင်းပြောင်းကဏ္ဍက ကန့်ကွက်ကြတယ်လို့လည်း သိုးသိုးသန့်သန့် ကြားရပါတယ်။ သို့ပေမယ့်ပေါ့လေ။

🌽 ထိုင်းအစိုးရဟာ အမေရိကန်ဆီ ပို့ကုန် ပို့နိုင်ဖို့အတွက် အမေရိကန်ပြောင်းကို လိုလိုမလိုလို၊ ကိုက်ကိုက်မကိုက်ကိုက် ဝယ်ရမယ့် အနေအထား ရှိနေပါတယ်။ အနည်းဆုံးတော့ မြန်မာပြည်က ဝယ်နေတဲ့ ပြောင်းကို လျော့ဝယ်ပြီး အမေရိကန်ပြောင်းနဲ့ အစားထိုးမယ်ဆိုရင် ထိုင်း ပြောင်းသမားတွေက လက်ခံကြမှာပါပဲ။

ဒါဆိုရင် လက်ရှိ ထိုင်းဈေးကွက်အပေါ် မှီခိုနေတဲ့ supplier နိုင်ငံတွေ၊ အထူးသဖြင့် မြန်မာနိုင်ငံက ပြောင်းကဏ္ဍ အပေါ် သက်ရောက်လာမှာပါ။ အဲဒီလို တကယ်သက်ရောက်လာရင် ရှေ့ဆက် ဘာဖြစ်နိုင်သလဲကတော့ ပြောစရာ မလိုအောင် ရှင်းပါတယ်။ ဘယ်လိုနေနေ တောင်သူတွေကတော့ အများဆုံး နစ်နာရသူတွေပါပဲ။

ထိုင်းဈေးကွက် အားလျော့သွားပေမယ့် အကောင်းဘက်က စဉ်းစားရင်တော့ တရုတ်ဈေးကွက် ဝယ်လိုအား တက်လာဖို့လည်း ရှိနိုင်တာပါပဲ။ ကုန်သွယ်ရေးလမ်း ပြန်အပွင့်နဲ့ အဆင်ပြေချင်လည်း ပြေသွားမှာပေါ့။

🌽 အခြေအနေတွေက နေ့တိုင်းပြောင်းနေလို့ ဘယ်အရာမှတော့ ပုံသေကားချပ် ပြောမရပါဘူး။ ထရမ့် ဆိုတဲ့သူက အခု စာကလေးကြော်၊ အခု ဆီထမင်း မဟုတ်လား။ ဘာပဲဖြစ်ဖြစ် လက်လှမ်းမီတဲ့ သတင်းလေးတွေကို နားစွင့်ရင်း ကိုယ့်အတွက်၊ ကိုယ့်တိုင်းပြည်အတွက် ဘာလုပ်လို့ ရမလဲ စဉ်းစားကြရုံပါပဲ။

ရေးသားသူ - #ခိုင်ကြည်သစ် (Khaing Kyi Thit)
"အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်"

01/05/2025
Photo Since 2019
19/02/2025

Photo Since 2019

15.1.2025 🫘မတ်ပဲ ( ​ရေဆင်း, စာပစပ်, ​မြွေ​ဟောက် ) - 301000🫘မတ်ပဲ (TBL -9 / အလုံး​သေး ) - 294000 🫘ပဲလွန်းဖြူ - 235000🫘ပဲလ...
15/01/2025

15.1.2025

🫘မတ်ပဲ ( ​ရေဆင်း, စာပစပ်, ​မြွေ​ဟောက် ) - 301000
🫘မတ်ပဲ (TBL -9 / အလုံး​သေး ) - 294000

🫘ပဲလွန်းဖြူ - 235000

🫘ပဲလွန်းနီ - 260000

ပဲအမျိုးအစား နှင့် ပဲ အရည်အ​သွေး ​ပေါ်မူတည်၍ ​စျေးနှုန်းများ ကွဲပြားခြားနားနိုင်ပါသည် ။

ပဲ​စျေးနှုန်းများအချိန်နှင့်အမျှအ​ပြောင်းအလဲရှိပါသည်။

လွန်းဖြူ - လွန်းနီ - ပဲဒီစိမ်း - ဘိုကိတ် - ပဲယင်းနီ - ပဲဒီနီ ပဲမျိုးစုံ ​ဝယ်ပါသည် ....

ပွဲရုံ - အမှတ် ၁၇၃, ၉လမ်း, ​ညောင်တုန်းမြို့
☎️ 09785161639 , 09799652589

ဂို​ထောင်- မိုးဟုတ်တာ , ​ရွှေဟင်္သာ​ကျောင်းတိုက်အနီး

၈ နှစ်ကွာတယ်။
22/09/2024

၈ နှစ်ကွာတယ်။

၂၀၂၄-၂၀၂၅ စိုက်ပျိုးရာသီအတွက် ဆိုင်တွင် ဝယ်ယူရရှိနိုင်​သော မျိုးများ ...
01/09/2024

၂၀၂၄-၂၀၂၅ စိုက်ပျိုးရာသီအတွက် ဆိုင်တွင် ဝယ်ယူရရှိနိုင်​သော မျိုးများ ...

03/03/2024

3.3.2024

🫘 မတ်ပဲ - 285000

🌽 ​ပြောင်း - 1000

ပဲ​စျေးနှုန်းများအချိန်နှင့်အမျှအ​ပြောင်းအလဲရှိပါသည်။

လွန်းဖြူ - လွန်းနီ - ပဲဒီစိမ်း - ဘိုကိတ် - ပဲယင်းနီ - ပဲဒီနီ ပဲမျိုးစုံ ​ဝယ်ပါသည် ....

ပွဲရုံ - အမှတ် ၁၇၃, ၉လမ်း, ​ညောင်တုန်းမြို့
☎️ 09785161639 , 09799652589

ဂို​ထောင်- မိုးဟုတ်တာ , ​ရွှေဟင်္သာ​ကျောင်းတိုက်အနီး

09/02/2024

9.2.2024

🫘
မတ်ပဲ - 318000
လွန်းဖြူ- 218000
လွန်းနီ - 247000
ပဲဒီစိမ်း-

🌽 ​ပြောင်း - 1100

ပဲ​စျေးနှုန်းများအချိန်နှင့်အမျှအ​ပြောင်းအလဲရှိပါသည်။

လွန်းဖြူ - လွန်းနီ - ပဲဒီစိမ်း - ဘိုကိတ် - ပဲယင်းနီ - ပဲဒီနီ ပဲမျိုးစုံ ​ဝယ်ပါသည် ....

ပွဲရုံ - အမှတ် ၁၇၃, ၉လမ်း, ​ညောင်တုန်းမြို့
☎️ 09785161639 , 09799652589

ဂို​ထောင်- မိုးဟုတ်တာ , ​ရွှေဟင်္သာ​ကျောင်းတိုက်အနီး

Address

မိုးဟုတ်တာ , ကြိုဆိုပါ၏ နှင့် ​ရွှေဟင်္သာ​တောရတိုက်​ကျောင်း ကြား တွင်တည်ရှိပါသည်
Yandoon
12000

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959785161639

Website

Alerts

Be the first to know and let us send you an email when MMK Warehouse, U Mg Mg Kyi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MMK Warehouse, U Mg Mg Kyi:

Share