Vast Global Group of Companies Limited

  • Home
  • Vast Global Group of Companies Limited

Vast Global Group of Companies Limited Vast Global is business units group that offering advertising, merchandising, tender and edu supplies

ကုမ္ပဏီတစ်ခုကို ဝန်ထမ်းသစ်တွေ ရောက်ရှိလာတဲ့အခါ လုပ်ငန်းခွင်နဲ့ အမြန်ဆုံး အသားကျပြီး မိသားစုဝင်တစ်ယောက်လို ခံစားရစေဖို့ အ...
19/05/2026

ကုမ္ပဏီတစ်ခုကို ဝန်ထမ်းသစ်တွေ ရောက်ရှိလာတဲ့အခါ လုပ်ငန်းခွင်နဲ့ အမြန်ဆုံး အသားကျပြီး မိသားစုဝင်တစ်ယောက်လို ခံစားရစေဖို့ အရေးကြီးဆုံး ခြေလှမ်းတစ်ခု ရှိပါတယ်။ ဒါကတော့ NEO Training ပဲ ဖြစ်ပါတယ်!

❓ NEO Training ဆိုတာ ဘာလဲ?
NEO ဆိုတာ New Employee Orientation ရဲ့ အတိုကောက်ဖြစ်ပြီး ဝန်ထမ်းအသစ်များ လုပ်ငန်းခွင် စတင်ဝင်ရောက်ချိန်မှာ ပြုလုပ်ပေးရတဲ့ "မိတ်ဆက်ခြင်းနှင့် လေ့ကျင့်ပျိုးထောင်ပေးခြင်း အစီအစဉ်" ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ ရည်မှန်းချက်၊ မူဝါဒတွေနဲ့ မိမိလုပ်ဆောင်ရမယ့် တာဝန်တွေကို သေချာနားလည်အောင် လမ်းညွှန်ပြသပေးတဲ့ သင်တန်း ဖြစ်ပါတယ်။

❓ ဘာကြောင့် NEO Training က မရှိမဖြစ် လိုအပ်တာလဲ?

ရည်မှန်းချက်ချင်း ထပ်တူကျစေရန် (Aligning Goals): ကုမ္ပဏီရဲ့ ရည်မှန်းချက် (Vision/Mission) ကို ဝန်ထမ်းသစ်က သေချာသိရှိပြီး အဖွဲ့အစည်းနဲ့ တစ်သားတည်း ပူးပေါင်းလုပ်ဆောင်နိုင်စေပါတယ်။

လုပ်ငန်းခွင်အပေါ် ယုံကြည်မှုတိုးစေရန် (Building Confidence): မိမိလုပ်ရမယ့် Role နဲ့ လုပ်ငန်းစဉ်တွေကို ရှင်းရှင်းလင်းလင်း သိသွားတဲ့အတွက် ပျာယာခတ်မနေတော့ဘဲ စွမ်းဆောင်ရည်အပြည့်နဲ့ အလုပ်လုပ်နိုင်စွမ်း တိုးတက်လာစေပါတယ်။

နွေးထွေးသော Teamwork ဖန်တီးရန် (Welcoming Culture): လုပ်ဖော်ကိုင်ဖက်တွေ၊ စီနီယာတွေနဲ့ မိတ်ဆက်ပေးတဲ့အတွက် စိမ်းမနေတော့ဘဲ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရရှိစေပါတယ်။

📸 ယခုပုံရိပ်လေးတွေကတော့ Vast Global Group of Companies ရဲ့ မိသားစုဝင်အသစ်များအတွက် စနစ်တကျ ပြုလုပ်ပေးခဲ့တဲ့ NEO Training မှ အမှတ်တရ တက်ကြွပျော်ရွှင်စရာ အခိုက်အတန့်လေးတွေပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ Vast Global အနေနဲ့ ဝန်ထမ်းတစ်ဦးချင်းစီရဲ့ အရည်အချင်း တိုးတက်ရေးကို အမြဲတမ်း ပံ့ပိုးပေးလျက်ရှိပြီး၊ အရည်အသွေးမြင့်မားတဲ့ Teamwork တွေနဲ့အတူ Customer များအတွက် အကောင်းဆုံး ဝန်ဆောင်မှုတွေကို ဆက်လက်ဖန်တီးပေးသွားမှာပါခင်ဗျာ။ 🌟

Customer တိုင်းရဲ့ Order များအတွက် အစွမ်းကုန် ဆောင်ရွက်နေတဲ့ Vast Global 🚚🌧️ပစ္စည်းသွင်းယူရ ခက်ခဲနေတဲ့ ကာလဆိုပြီး ကျွန်တ...
16/05/2026

Customer တိုင်းရဲ့ Order များအတွက် အစွမ်းကုန် ဆောင်ရွက်နေတဲ့ Vast Global 🚚🌧️

ပစ္စည်းသွင်းယူရ ခက်ခဲနေတဲ့ ကာလဆိုပြီး ကျွန်တော်တို့ လက်မှိုင်ချမနေပါဘူး!

မိုးရာသီ မကျရောက်ခင် လူကြီးမင်းတို့ အရေးတကြီး အသုံးပြုရမယ့် Customer Order များ လစ်ဟင်းမှု မရှိစေဖို့အတွက် Vast Global Group of Companies အဖွဲ့သားများက နေ့ညမပြတ် ကြိုးစားအားထုတ်ပေးနေပါတယ်။ 🛠️📦

ယခုအခါမှာတော့ မှာယူထားတဲ့ ကုန်ပစ္စည်းများ ဘေးကင်းချောမွေ့စွာ ရောက်ရှိလာခဲ့ပြီး၊ Customer များဆီ အချိန်မီ အပ်နှံနိုင်ဖို့အတွက် အင်တိုက်အားတိုက် ဆက်လက်လုပ်ဆောင်ပေးနေပြီ ဖြစ်ပါတယ်။

ဘယ်လို အခြေအနေမျိုးမှာမဆို အကောင်းဆုံး အဖြေရှာပြီး Customer တွေရဲ့ လုပ်ငန်းခွင်ကို ပံ့ပိုးပေးဖို့က ကျွန်တော်တို့ရဲ့ အဓိက တာဝန်ပါ။ သင့်ရဲ့ ယုံကြည်မှုအတွက် အမြဲတမ်း ကျေးဇူးတင်လျက်ရှိပါတယ်။ 🙏✨

🌼Happy Myanmar New Year – Thingyan Festival 2026 🌼Vast Global Group of Companies မှ ဝန်ထမ်း မိသားစုအားလုံးနှင့် Customer...
13/04/2026

🌼Happy Myanmar New Year – Thingyan Festival 2026 🌼

Vast Global Group of Companies မှ ဝန်ထမ်း မိသားစုအားလုံးနှင့် Customer များအားလုံးကို ပျော်ရွှင်ချမ်းမြေ့သော မြန်မာနှစ်သစ်ကူး သကြ်န်ပွဲတော် အခါသမယတွင် ကျန်းမာခြင်း၊ အောင်မြင်ခြင်း နှင့် စိတ်ချမ်းသာခြင်းများ အစဉ်တိုးပွားပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။🙏🙏🙏

💦 မင်္ဂလာရှိသော နှစ်သစ်တစ်နှစ် ဖြစ်ပါစေ 💦

Vast Global Group of Companies မိသားစုရဲ့ Bonus ပေးခြင်းနဲ့ 2025-2026 Staff Party ကို 4-April-2026 နေ့ Head Office Rooft...
06/04/2026

Vast Global Group of Companies မိသားစုရဲ့ Bonus ပေးခြင်းနဲ့ 2025-2026 Staff Party ကို 4-April-2026 နေ့ Head Office Rooftop မှာ ပျော်ပျော် ရွှင်ရွှင် ကျင်းပခဲ့ကြတဲ့ ပုံရိပ်လေးတွေ ‌ဝေမျှပေးလိုက်ပါတယ် 🎉

အဖွဲ့သားအားလုံးအတွက် မမေ့နိုင်တဲ့ ပျော်ရွှင်စရာ အချိန်လေးတွေကို အတူတူ ခံစားခဲ့ရတာ တကယ်ကို ဝမ်းသာစရာပါပဲ 🤍

ဒီလို အမှတ်တရအခမ်းအနားလေး ဖြစ်လာအောင် စီစဉ်ပေးခဲ့တဲ့ Chairman Daw Ei Phyu Khin နဲ့ CEO U Htun Htun Oo ကိုလည်း အထူးကျေးဇူးတင်ပါတယ် 🙏

နောက်လာမယ့်နှစ်တွေမှာလည်း ဒီထက်ပိုပြီး ကြိုးစားပြီး အောင်မြင်မှုတွေကို အတူတူ ဆက်လက် ဖန်တီးသွားကြမယ်နော် 💪✨

🙏 ဝန်ထမ်းများအတွက် စေတနာအပြည့် ❤️Vast Global Group of Companies မှ ဝန်ထမ်းများအတွက် နေ့စဉ်ဘဝ ပိုမိုအဆင်ပြေစေရန် 💪၄ လလျှင...
02/04/2026

🙏 ဝန်ထမ်းများအတွက် စေတနာအပြည့် ❤️

Vast Global Group of Companies မှ ဝန်ထမ်းများအတွက် နေ့စဉ်ဘဝ ပိုမိုအဆင်ပြေစေရန် 💪
၄ လလျှင် ၁ ကြိမ်
🌾 ဆန် (၁၂ ပြည်)
🛢 ဆီ (၁ လီတာ)
ကို စေတနာအပြည့်ဖြင့် ပုံမှန် ပံ့ပိုးပေးလျက်ရှိပါသည်။

📅 1-April-2026 တွင်လည်း ဝန်ထမ်းများကို မိသားစုဝင်များကဲ့သို့ အမြဲတမ်း ဂရုစိုက်ပေးနေသော Chairman – Daw Ei Phyu Khin ၏ မေတ္တာနှင့် စေတနာများအတွက် ဝန်ထမ်းများအားလုံးမှ ❤️ လေးစားစွာ ကျေးဇူးတင်ရှိပါသည်။

ဒီလို အစဉ်အမြဲ စောင့်ရှောက်ပံ့ပိုးပေးမှုတွေကြောင့် Company နဲ့ ဝန်ထမ်း တွေကြားမှာ 🤝 ယုံကြည်မှု၊ စည်းလုံးမှုတွေ ပိုမိုခိုင်မာလာပါတယ်။

✨ အတူတူ လက်တွဲပြီး ပိုမိုတိုးတက်တဲ့ အနာဂတ်တစ်ခုကို ဆက်လက်တည်ဆောက်ကြပါစို့ ✨

🩸“Together We Save Life”❤️Vast Global Group of Companies ဝန်ထမ်းမိသားစု၏ (၉) ကြိမ်မြောက် သွေးလှူဒါန်းမှုကို 1.4.2026 တွင...
01/04/2026

🩸“Together We Save Life”❤️

Vast Global Group of Companies ဝန်ထမ်းမိသားစု၏ (၉) ကြိမ်မြောက် သွေးလှူဒါန်းမှုကို 1.4.2026 တွင် အောင်မြင်စွာ လှူဒါန်းနိုင်ခဲ့ပါသည်။

လူမှုအကျိုးပြု လုပ်ငန်းတစ်ခုအဖြစ် လူ့အသက်များကို ကယ်တင်နိုင်ရန် ရည်ရွယ်၍ ဝန်ထမ်းများအားလုံးမှ တက်ကြွစွာ ပါဝင်လှူဒါန်းပေးကြခြင်းသည် ဂုဏ်ယူဖွယ်ကောင်းသော လုပ်ဆောင်ချက်တစ်ခုဖြစ်ပါသည်။

သွေးလှူဒါန်းမှုတွင် ပါဝင်အားပေးခဲ့ကြသော ဝန်ထမ်းများအားလုံးကို အထူးကျေးဇူးတင် ရှိပါသည်။

Vast Global Group of Companies အနေဖြင့် လူမှုအသိုင်းအဝိုင်းအတွက် အကျိုးပြုလုပ်ငန်းများကို ဆက်လက် အားထုတ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

11/03/2026

📢 We Are Hiring

📌 How to Apply
Interested candidates can send their CV Form to:
📧 [email protected]

📞 For more information, please contact:
09 884484981

Join our team and grow your career with us!

✨ Vast Global Group of Companies Limited ရုံးသစ်ဖွင့်ပွဲ ကျေးဇူးတင်လွှာ(Grand Opening Ceremony) ✨2-March-2026 တွင် ကျင်း...
03/03/2026

✨ Vast Global Group of Companies Limited ရုံးသစ်ဖွင့်ပွဲ ကျေးဇူးတင်လွှာ(Grand Opening Ceremony) ✨

2-March-2026 တွင် ကျင်းပပြုလုပ်ခဲ့သော Vast Global Group of Companies Limited ၏ ရုံးသစ်ဖွင့်ပွဲ အခမ်းအနားသို့ အချိန်ယူ၍ လာရောက်ချီးမြှင့်ပေးကြပါသော
ဂုဏ်သရေရှိ လူကြီးမင်းများ၊
တန်ဖိုးထားရသော မိတ်ဖက် Company များ၊
ယုံကြည်အားပေးလျက်ရှိသော Customer များနှင့်
အတူတကွ လက်တွဲလုပ်ဆောင်လျက်ရှိသော Supplier များ အားလုံးကို
ကျွန်ုပ်တို့၏ မိသားစုဝင်များအားလုံးမှ အထူးပင် ကျေးဇူးအထူးတင်ရှိပါသည်။ 🙏

လူကြီးမင်းတို့၏ အားပေးမှုနှင့် ယုံကြည်မှုတို့သည် ကျွန်ုပ်တို့၏ ရှေ့ဆက်လှမ်းမည့် ခရီးလမ်းတွင် အင်အားအကြီးမားဆုံး အားတစ်ရပ် ဖြစ်ပါသည်။

အခမ်းအနားအတွင်း ဧည့်ဝတ် မကျေပွန်ခဲ့သည်များ ရှိခဲ့ပါက နားလည်ခွင့်လွှတ်ပေးပါရန် လေးစားစွာ တောင်းပန်အပ်ပါသည်။

အနာဂတ်တွင်လည်း ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများဖြင့် လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ရန် မျှော်လင့်ပါသည်။

လေးစားစွာဖြင့်
Vast Global Group of Companies Limited

23/02/2026

Vast Global Group of Companies ရဲ့ New Office Open Door Moment

🏢 New Place
🚀 New Energy
🤝 Better Service

အတူတူ လာရောက်လည်ပတ်ပြီး အောင်မြင်မှုအသစ်တွေကို မျှဝေကြရအောင်!

📢 Vast Global Group of Companies ရုံးခန်းပြောင်းရွှေ့ကြောင်း အသိပေးခြင်းလေးစားရပါသော မိတ်ဖက်လုပ်ငန်းရှင်များနှင့် လူကြီး...
11/02/2026

📢 Vast Global Group of Companies ရုံးခန်းပြောင်းရွှေ့ကြောင်း အသိပေးခြင်း

လေးစားရပါသော မိတ်ဖက်လုပ်ငန်းရှင်များနှင့် လူကြီးမင်းများခင်ဗျာ —

Vast Global Group of Companies သည် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးစွမ်းနိုင်ရန်အတွက် ရုံးခန်းအသစ်သို့ ပြောင်းရွှေ့ခဲ့ပြီး ဖြစ်ပါသည်။

🏢 ရုံးခန်းအသစ်လိပ်စာ – [No-234, Mya Ayar Street, 29/Thuwana Ward, Thingangyun Township, Yangon]

https://maps.app.goo.glq1pZ5ZemKyf5maA17?g_st=iv

📅 စတင်ဝန်ဆောင်မှုပေးမည့်နေ့ – [18-Feb-2026]

ရုံးခန်းအသစ်တွင် ယခင်ကထက် ပိုမိုပြည့်စုံသော ဝန်ဆောင်မှုများဖြင့် လူကြီးမင်းတို့အား ဆက်လက် ဝန်ဆောင်မှုပေးသွားမည် ဖြစ်ပါသည်။
အဆင်ပြေသည့်အချိန်တွင် ရုံးခန်းအသစ်သို့ လာရောက်တွေ့ဆုံနိုင်ပါသည်။

လူကြီးမင်းတို့၏ အားပေးမှုများကို အမြဲတမ်း ကျေးဇူးတင်ရှိပါသည်။
Vast Global Group of Companies

Address

No. 234, Ayar Nadi Street, 29 Ward Thuwana, Thingabgyun

Website

Alerts

Be the first to know and let us send you an email when Vast Global Group of Companies Limited posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Vast Global Group of Companies Limited:

  • Want your business to be the top-listed Business?

Share