Geo Engineering Drawing & Services

Geo Engineering Drawing & Services Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Geo Engineering Drawing & Services, Business service, South Oakkalapa Township, Yangon Region.

09/06/2024
Pile Cap နှင့် Surveyor --Foundation အမျိုးအစား အများကြီးရှိပါတယ် ။အဲထဲကမှ pile cap မှာ Surveyor တာဝန်ယူရတဲ့အပိုင်းလေးကိ...
12/01/2021

Pile Cap နှင့် Surveyor
--Foundation အမျိုးအစား အများကြီးရှိပါတယ် ။အဲထဲကမှ pile cap မှာ Surveyor တာဝန်ယူရတဲ့အပိုင်းလေးကို ရှင်းပြချင်ပါတယ်။ ပထမဆုံး Piling တူးတဲ့ အဖွဲ့က အရင်စပီးအဲမှာ Surveyor က Pile centerpoint ကို Marking လုပ်ပေးရပါတယ်။ Piling တူးတာကို နားတဲ့အချိန်မှာ Ecc check ပေးရတယ်။ Ecc သတ်မှတ်ထားတာထက်မout ဘူးဆိုရင်ဆက်တူးပေါ့ ။ Ecc out ရင်တော့ တာဝန်ရှိတဲ့သူကို အသိပေးရတယ်။ Piling ပြီးသွားရင်း Pile cap လုပ်ဖို့အတွက် Pile cap တွေကို Excavation လုပ်ရပါတယ်။Pile တွေကိုexcavation လုပ်ဖို့ pile တွေရဲ့တည်နေရာ location ကို Surveyor က နေရာ ပြပေးရပါတယ် ။ (ပုံ no1 Excavation လုပ် ပြိးသား) Excavation လုပ်ပြိးရင်တော့ Cut Off level Surveyor က Marking လုပ်ပေး ရတယ်။ သတိထားရမှာက cut off level ပေးတဲ့နေရာမှာ မြင့် သွားရင် ပြသာနာသိပ်မရှိဘူးover cut ဖြစ်ရင်တော့ ပြသာနာတတ် နိုင်တယ်။ Cut off level ဖြတ်ပြိးသားပုံပါ (No 2)။ဖြတ်ပြိး ရင် Lean Concrete လောင်းဖို့အတွက် ပြင်ဆင်ပါလိမ့်မယ်။ ပုံ No 5။ lean concrete ဒီနေ့လောင်းရင် မနက်ဖြန်မှာ Grid Line Marking မှတ်ပေးရတယ်။ (ပုံ No3)။ တခါတလေး 4 Corner ပါ Marking ချ ခိုင်တတ်ပါတယ်။ 4 Corner marking လုပ်တာမလုပ်တာ Surveyorပေါ်မှာ မူတည်ပါတယ် ။ Angle လှည့်တဲ့ Pile cap တို့ ( Rotation pile cap ) တို့ဆိုရင်တော့Marking လုပ်ပေးရတယ်။ ပုံမှန် Pile cap ဆိုရင်တော့ ပေကြိုး နဲ့ ဆွဲ ချလည်းရတယ်အရေးကြီးဆုံးကတော့ Grid line ပါ Grid line ကနေ သူတို့က Column ( Started bar) ကို နေရာချပေးတယ်။ Grid line မှားရင် column က Out သွားလိမ့်မယ်Grid line ရယ် 4 corner ရယ်ချပြိးရင် engineer က rebar တွေနဲ့ Pile cap ဖွဲ့တော့မှာဖြစ်တယ်။အဲမှာ Lean concrete လောင်းပြိးရင်လည်း grid line ချပေးရတယ် ။ Rebar ပေါ်မှာဖြစ်ဖြစ် formwork ပေါ်မှာဖြစ်ဖြစ် grid line Marking လုပ်ပေးရတယ်။(ပုံ No 4) ။ အဲမှာ Lean concrete ပေါ်မှာ Marking ချပေးခဲတဲ့ grid line ရယ် formwork ပေါ်မှာ ချပေးခဲတဲ့ grid lineကနေ့ တိုင်းတာကြည့်ပြိးstarted bar ( or) column ( ပုံ No 6) ထောင့်တာဖြစ်ပါတယ်။ concrete လောင်းပြီးရင်တော့ လောင်းပြိးသားpile cap ပေါ်မှာ Grid line marking လုပ်ပေးရသေးပါတယ်။ပြိးရင် Rebar (or) Started bar ပေါ်မှာ level marking လုပ်ပေးရပါတယ်။ပြိးရင်တော့ First Storey စမှာဖြစ်ပါတယ်
Credit ​Surveyor(2015 post)

တောင်ပြိုခြင်း နှင့် Liquid Limit=====================
21/12/2020

တောင်ပြိုခြင်း နှင့် Liquid Limit
=====================

 #ကျွန်တော်နှင့် O.M.C (Optimum Moisture Content) Facebook friend တို့ရေ စက်မှုတက္ကသိုလ်မှာတုံးက Soil Lab မှာ သင်ခဲ့ကြရတ...
02/09/2020

#ကျွန်တော်နှင့် O.M.C (Optimum Moisture Content)
Facebook friend တို့ရေ စက်မှုတက္ကသိုလ်မှာတုံးက Soil Lab မှာ သင်ခဲ့ကြရတယ်လေ။ အဲဒီတော့ O.M.C ကို လက်တွေ့ Lab မှာ စမ်းသပ်ခဲ့ရတာပေါ့။ မြေကြီး 1lb ခန့်ကိုယူ ရေဖြန်း ရေကို ချိန်တွယ်ထားတာပေါ့နော်။ ပြီးရင် သိပ်သည်းအောင် ထုထောင်းထားပေါ့။ ပြီးရင် အလေးချိန်ကို ထုထည်နဲ့စားတာပေါ့။ ဒီတော့ သိပ်သည်းခြင်းကိုရတာပေ့ါ။
ပြီးရင် အဲ့ဒီ Sample ကို အလေးချိန်တိုင်းပြီး Oven ထဲ့ပြီး အခြောက်ခံတာပေါ့။ လျှော့သွားတဲ့ ရေရဲ့အလေးချိန်ကို ရှာတာပါ။ Water Content ရတာပေါ့။
ပထမအကြိမ်စမ်းသပ်မှာ Water Content ရယ် သိပ်သည်းခြင်း Density ရယ် ရအောင်ယူပါ။ ဇယားပေါ်မှာလည်း Water Content က Horizontal ၊ Density က Vertical ပြီးရင် ဒုတိယအကြိမ် ရေထပ်တိုး။ မြေကြီးတွေရဲ့ထုထည်ကိုတိုင်း ပြီးရင် အလေးချိန်ကို ထုထည်နဲ့စား သိပ်သည်းခြင်းအသစ်တစ်ခုထပ်ရမယ်။ အဲ့ဒီ Sample ကို Oven ထဲထည့် ရေထုတ် လျှော့သွားတဲ့ရေရဲ့အလေးချိန် Water Content ရတာပေါ့။ Curve ပေါ်ကိုတင်ဖို့ ဒုတိယအကြိမ် Point တစ်ခုကိုရမယ်။
ဒီလိုနဲ့Curve လေးတစ်ခု တွက်ရတာပေါ့။ ရေကိုတိုးတိုင်း Water Content တိုးတိုင်း Density တိုးလာတာပေါ့။ ဒါပေမယ့် Water Content တိုးတိုင်း Density တိုးလာရာကနေ Limit တစ်ခု ရောက်တဲ့အခါမှာ Density ဟာ ပြန်ကျသွားတယ်။ ဆက်တိုက် Water Content တိုးတိုင်း Density ကျသွားတယ်။
အဲ့ဒီလို Curve လေးဖြစ်လာတဲ့အခါမှာ Curve ထိပ်မှာရှိတဲ့အခြေအနေကို Water Content ကို O.M.C လို့ခေါ်တာပေါ့ဗျာ။ Optimum Moisture Content အလောတော ရေပါ၀င်မှုနှုန်းလို့ခေါ်တာပေါ့ဗျာ။
အရပ်စကားနဲ့ပြောရရင် ကျွန်တော်တို့တစ်တွေဟာ လမ်းတာရိုး တည်ဆောက်ရမှာ လမ်းသားတာဘောင်ကို Compaction ကောင်းလာအောင် ဆောင်ရွက်ရပါတယ်ဗျာ။ တာရိုးကို ရေဖြန်းကြိတ် နောက်ပြီး ရေထပ်ဖြန်းကြိတ်ပေါ့။ Grader တွေ၊ Dozer တွေနဲ့ Window through လုပ် (မွှေပေးရတာကိုပြောတာ) ပြီးရင် ရေဖြင့်ကြိတ် ဒီလိုလုပ်ရင် တာရိုးပိုမာလာမယ်။ O.M.C ကျော်သွားရင်တော့ ဗွက်ထမယ်။
Bearing Capacity ကျသွားမယ်လို့ဆိုလိုချင်တာဗျ။ ဆောက်လုပ်ရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး အဘဦးတင့်ဆွေက Sub-Grade ကောင်းရင် အဲ့ဒီ Sub-Grade ပေါ်မှာ စက္ကူ ခင်းပြီး ကားတက်ကြိတ်ရင်တောင် စက္ကူမပေါက်ဘူးလို့ ပြောဘူးတယ်ဗျ။
ဒါကြောင့် လမ်းသစ်တစ်ခုတည်ဆောက်ရင် Sub-Grade ကို CBR (5)% ရရမယ်၊ D.O.C ( Degree of Compaction ) (95)% ရရမယ် ဆိုပြီး လမ်းသုတေသနဓါတ်ခွဲခန်းက ညွှန်ကြားတာဗျ။ Sub-Grade ပေါ်မှာ Sub-Base အဲ့ဒီအပေါ်မှာ Base Course အဲ့ဒီအပေါ်မှာ Surfacing Course စသည်ဖြင့် ခင်းရာမှာအပေါ်က သုံးလွှာကို ထမ်းထားရမယ့် Sub-Grade က အရေးပါတာပေါ့ဗျာ။
အကြောင်းအမျိုးမျိုးကြောင့် အပေါ်သုံးလွှာပေါ်ကနေ ရေစမ့်၀င်လာရင် Sub-Grade Failure ဖြစ်ပြီး လမ်းပျက်စီးတက်ပါတယ်( Semi-Gruoting နှင့် First Seal က ရေမလုံပဲနဲ့ Sub-Grade ပေါ်ရေရောက်သွားပြီး Sub-Grade Failure ဖြစ်သွားတာမျိုးကိုပြောတာပါ)။ လမ်းပုခုံး Shoulder တွေဟာ လမ်းထက်မြင့်နေမယ် သူ့မှာ ဗွက်တွေရှိနေမယ်ဆိုရင် အဲ့ဒီဗွက်ထဲကရေတွေဟာ Sub-Grade ထိ စိမ့်၀င်ရောက်သွားပြီး Sub-Grade Failure ဖြစ်ကာ လမ်းကပျက်စီးနိုင်ပါတယ်ဗျာ။
One Side Cutting အပိုင်းနှင့် Both Side Cutting အပိုင်းတွေမှာ Side Drain မြင့်နေမယ် Sub-Grade ထက်ပေါ့။ Side Drain ထဲက ရေတွေဟာ ၀ပ်နေမယ်(မစီးဘူး၊ အိုင်နေမယ်) ဆိုရင် Side Drain ထဲက ရေတွေဟာ Sub-Grade ထဲကို ရေ၀င်မယ် ပြီးရင် Sub-Grade Failure ဖြစ်ပြီး လမ်းပျက်တက်ပါတယ်ဗျာ။
ဒါကြောင့် Facebook Friend တို့အနေဖြင့် O.M.C ဆိုတာဘာလဲ၊ ဘယ်လို Function ရှိလဲ ၊ ဘယ်လိုသဘောတရားတွေရှိလဲဆိုတာကို သိရှိပြီး ဘာတွေကို ထိန်းသိမ်းရမှာလဲဆိုတာ သဘောတရားနဲ့လက်တွေ့ ပေါင်းစပ်နိုင်စေဖို့ မျှဝေလိုက်ရပါတယ်ဗျာ။
ငယ်ငယ်တုန်းက စပါးနယ်တဲ့ တလင်းလုပ်တာ O.M.C နဲ့ လုပ်တာဗျ။ သစ်ထုတ်လုပ်ရေး တောလမ်းတွေမှာ မြေလမ်းကို ရေနဲ့ဖြန်းပေးတာ O.M.C ကျော်သွားရင် ဗွက်ထရော၊ ရေဖြန်းတာ နည်းသွားရင် ဖုန်ထရော။ O.M.C ရဲ့ သဘောတရားနဲ့အခြေအနေကို အသုံးပြုပြီး မြေလမ်းပေါ်မှာ သစ်ကားတွေသွားလဲ ဒီ O.M.C ပါပဲ။
Shwe Zin (26/10/2014)/

Credit UShwe Zin

"Pile design consideration for deep foundation"ဒီနေ့စာသင်ရင်း သတိရခဲ့တဲ့လက်ရှိအခြေအနေပြောပြချင်ပါတယ်။ ကျနော်တို့ site in...
23/08/2020

"Pile design consideration for deep foundation"

ဒီနေ့စာသင်ရင်း သတိရခဲ့တဲ့
လက်ရှိအခြေအနေပြောပြချင်ပါတယ်။
ကျနော်တို့ site investigation လုပ်ရင်အရင်က SPT, N
50 ကျော်ခဲ့ရင်ရပ်လိုက်ကြတယ်။
Highrise building မဟုတ်တော့
လိုအပ်တဲ့ foundation design ရပြီပေါ့။
နောက်ပိုင်းမှာ အထပ်မြင့်များလာတော့ SPT N 100 ထိ
တူးဖေါ်စမ်းသပ်လာတယ်။
အခုဆိုရင် ရန်ကုန်မှာတောင်လိုအပ်တဲ့ capacity
ရအောင် သင့်လျှော်တဲ့ design pile အရေအတွက် ဖြစ်ဖို့
pile depth ဟာ 70 m ရှိနေပြီ။
ဒီမှာပြဿနာတစ်ခုက SPT, N value နဲ့ pile capacity တွက်တဲ့အခါမှာ SPT 50 ကျော်ရင် relationship အရ
တွက်ဖို့ အဆင်မပြေပါ။
SPT value ဟာ physical property ဖြစ်လို့ SPT N 50 ကျော်တဲ့အခါ Mechanical properties တွက်ဖို့ ရှိပြီး empirical relationship သုံးလို့မရပါ။
(မှတ်ချက်- တချို့ lab results အရတွက်ချက်ကြပါတယ်)
တစ်ခါတစ်ရံ SPT N 50 ကရတဲ့ capacity ကိုယူလိုက်ကြတယ်။ SPT N value များရင် ပိုကောင်းတယ်ဆိုတဲ့အယူအဆနဲ့ပါ။
ဒီနေ့ပြောချင်တာအခုလာပါပြီ။
Terzaghi ပြောခဲ့သလိုဘဲ~~~
"From the Engineering point of view, knowledge of the type and intensity of soil or rock defects may be much more important than the type of soil or rock"
ဆိုချင်တာက physical properties
ကိုကြည်ု့ပြီး SPT များတိုင်း လိုချင်တဲ့
mechanical capacity များလာမှုမရှိပါ။
ဘာဖြစ်လို့လဲ?????
ယနေ့ deep foundation design မှာ soil
သတ်မှတ်ချက်ကိုကြည့်ရင်
SPT N < 50 ကို soil
50 < SPT N < 100 ကို IGMs (Intermediate GeoMaterials)
SPT N > 100 ကို engineering bed rock လို့ခေါ်ပါတယ်။
IGMs နဲ့ engineering bed rock ထဲမှာမို့ pile capacity တွက်ရင် ပိုများလာမယ်လို့သေချာပြောမရပါ။
strain softening behavior ရှိတဲ့ shale stone siltstone တွေမှာဆိုရင် SPT N < 50 မှာရှိတဲ့ soil capacity ထက်တောင်နည်းသွားမှာပါ။ နိုင်ငံတကာ research တွေ test results တွေအရသိနိုင်ပါတယ်။
တစ်ချို့ဖေါ်ပြလိုက်ပါတယ်။

အတိအကျသိဖို့ရာ Geotechnical for deep
foundation: text books, articles, research တွေမှာ
လေ့လာနိုင်ပါတယ်။
Foundation design မှာ ရန်ကုန်လို deep foundation
မဟုတ်ဘဲ တောင်ပေါ်ဒေသ shallow foundation မှာလဲ
IGMs နဲ့ rock အပေါ် Foundation design
လုပ်မယ်ဆိုရင်သတိထားရမဲ့အချက်ပါ။

ဆိုလိုတာက Terzaghi ပြောခဲ့သလိုဘဲ
အပေါ်ယံ phyical nature ကိုမကြည့်ဘဲ
current geotechnical knowledge
နဲ့ကြည့်ဖို့တင်ပြခြင်းပါ။

ပညာရပ်တိုးတက်နိုင်ပါစေ။

9:15 pm
22-8-2017
Tuesday

ဆရာဦးယုမောင်ရဲ့ 2017 မှ ပိုစ့်အား ပြန်လည်ကူးယူဖော်ပြပါတယ်

Foundation အနက် ဘယ်လောက်တူးရမလဲဘယ်လိုအုတ်မြစ်ကို အသုံးပြုရမလဲစတဲ့ ဖောင်ဒီရှင်းဆိုင်ရာမေးခွန်းများ အတွက်ဖတ်မှတ်သလောက် တင်...
28/07/2020

Foundation အနက် ဘယ်လောက်တူးရမလဲ
ဘယ်လိုအုတ်မြစ်ကို အသုံးပြုရမလဲ
စတဲ့ ဖောင်ဒီရှင်းဆိုင်ရာမေးခွန်းများ အတွက်
ဖတ်မှတ်သလောက် တင်ဆက်ပေးပါတယ်။..
Designing A Foundation(ဖောင်ဒီရှင်းတစ်ခုကို ဒီဇိုင်းတွက်ချက်ခြင်း) http://thangpinayhein.blogspot.com/2016/12/designing-foundation.html

https://www.facebook.com/gogentung/


2017 မှ ပိုစ့်လေး ​မျှဝေပေးခြင်း
Engineering Construction Group Page မှ တဆင့်ကူးယူ ဖော်ပြပါတယ်

liquefaction အကြောင်းပါ ငလျင်အပြင်းစားတွေလှုပ်တဲ့အခါ ဖြစ်တတ်တာတွေပေါ့ young engineering geologist တွေအတွက်အခြေခံပါ မူရင်...
17/07/2020

liquefaction အကြောင်းပါ ငလျင်အပြင်းစားတွေလှုပ်တဲ့အခါ ဖြစ်တတ်တာတွေပေါ့ young engineering geologist တွေအတွက်အခြေခံပါ
မူရင်းရေးသားသူ U Zaw Zaw Aung ( Soil & Rock Co.,Ltd.)

၂၃/၃/၂၀၂၀ ည ၁၁:၄၅ မိနစ် မှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက မြန်မာမှာ Covid 19 confirmed case ၂ ခု တွေ့ရှိကြောင်း တရား...
23/03/2020

၂၃/၃/၂၀၂၀ ည ၁၁:၄၅ မိနစ် မှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက မြန်မာမှာ Covid 19 confirmed case ၂ ခု တွေ့ရှိကြောင်း တရားဝင် သတင်းထုတ်ပြန်ပါတယ်

WHO ရဲ့ confirmed list ထဲ စာရင်းဝင်ပါပြီ
မြန်မာ့မြေပုံက အနီရောင်ပြောင်းပြီး ကမ္ဘာကြီးနဲ့ တစ်သားတည်းဖြစ်သွားပါပြီ

သိပ်ကိုဝမ်းနည်းဖို့ကောင်းပါတယ်😢😢😢

ကျွန်တော်တို့တွေ တစ်ဦးတစ်ယောက်ချင်းစီ တာဝန်သိသိ နဲ့ တာဝန်ယူကြပါခင်ဗျာ

တစ်ဦးနဲ့တစ်ဦး ထိတွေ့မှုတွေကို တတ်နိုင်သမျှ ရှောင်ကြပါခင်ဗျာ

😢😢😢

ဒေါက်တာ တင်ထွန်းနိုင်
အထွေထွေ ရောဂါကု ဆရာဝန်

11/01/2020

Civil (1) Geologist (2) မွန်ပြည်နယ် လမ်းပိုင်းတွင် လုပ်ရပါမယ် ဆိုဒ်ထဲနေနိုင်ရမယ် မျှော်မှန်းလစာနဲ့တကွ CV တင်ပေးပါ Experience သတ်မှတ်ထားသည် 5 to 10 years ကြားပါ ဆက်သွယ်ရန်
[email protected]

Today update ပါ
09/01/2020

Today update ပါ

22/11/2019

Address

South Oakkalapa Township
Yangon Region
2812

Telephone

09428041025

Website

Alerts

Be the first to know and let us send you an email when Geo Engineering Drawing & Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share