28/08/2026
လုပ်ငန်းရှင်တွေသတိမထားမိတဲ့ Company Suspended
ဖြစ်ရခြင်းရဲ့အဓိကအကြောင်းအရင်း
Company Suspended ဖြစ်သွားရတဲ့ အဓိက အကြောင်းအရင်းကတော့ Annual Return (AR) တင်ဖို့ ပျက်ကွက်ခဲ့တာကြောင့်ဖြစ်ပါတယ်။
DICA ရဲ့ စည်းမျဉ်းအရ ကုမ္ပဏီတစ်ခုဟာ နှစ်စဉ် သတ်မှတ်ထားတဲ့ နှစ်ပတ်လည် ကာလအတွင်း AR ပုံမှန် တင်သွင်းပေးရပါတယ်။
သတ်မှတ်ရက်ထက် ကျော်လွန်သွားတာနဲ့ MyCO စနစ်က Status ကို "Overdue" အဖြစ် စတင်ပြောင်းလဲလိုက်ပြီး ဒဏ်ကြေး (Late Fee) စတင် စည်းကြပ်ပါတယ်။
Suspended ဖြစ်သွားခြင်း
Overdue ဖြစ်ပြီးနောက် DICA ရဲ့ သတိပေးချက်အတိုင်း သတ်မှတ်ထားတဲ့ ကာလအတွင်း ဒဏ်ကြေးနဲ့ AR ကို အပြီးသတ် မတင်သွင်းပါက Status က "Suspended" (ဆိုင်းငံ့) အဖြစ်သို့ အလိုအလျောက် ပြောင်းလဲသွားတာ ဖြစ်ပါတယ်။
---
"Company Suspended ဖြစ်သွားရင် ဘာတွေ ကြုံရမလဲ?"
လုပ်ငန်းလိုင်စင်များ သက်တမ်းတိုး၍ မရခြင်း
UMFCCI၊ Trade Net 2.0 (ပို့ကုန်သွင်းကုန်လိုင်စင်)များအပြင် ဌာနဆိုင်ရာ လိုင်စင်များ လျှောက်ထားခြင်းနှင့် သက်တမ်းတိုးခြင်းများ ပြုလုပ်၍ မရတော့ပါ။
လုပ်ငန်း ယုံကြည်မှု ထိခိုက်ခြင်း
Partner များနှင့် စီးပွားရေး မိတ်ဖက်များက DICA တွင် စိစစ်သည့်အခါ Active(Registered) မဟုတ်ဘဲ Suspended ပြနေပါက လုပ်ငန်း၏ ခိုင်မာမှုကို သံသယဝင်လာနိုင်ပါတယ်။
---
ဒါဆို"Suspended ဖြစ်သွားရင် ပြန်လည် ကုစားလို့ ရလား?"
ရပါတယ်။ Suspended ဖြစ်သွားတာနဲ့ ကုမ္ပဏီ လုံးဝ ပယ်ဖျက်ခံလိုက်ရတာ (Struck Off) မဟုတ်သေးပါ။
DICA မှ သတ်မှတ်ထားသော ကာလ (၆ လ) အတွင်း ပျက်ကွက်ခဲ့သည့် AR များ၊ ဒဏ်ကြေးများနှင့် Restoration လျှောက်လွှာကို စနစ်တကျ ပြန်လည်တင်သွင်းခြင်းဖြင့် ကုမ္ပဏီ Status ကို Active ပြန်ဖြစ်အောင် ပြုလုပ်နိုင်ပါတယ်။
မှတ်ချက် - သတ်မှတ်ထားသည့် ကာလကျော်လွန်သည်အထိ အရေးမယူဘဲ ထားရှိပါက ကုမ္ပဏီကို စာရင်းမှ လုံးဝ ပယ်ဖျက်ခြင်း Struck Off အဆင့်သို့ ရောက်ရှိသွားပါမည်။
💡 Primereg Consulting ရဲ့ အကြံပြုချက်ကတော့
မလိုအပ်ဘဲ ဒဏ်ကြေးများ ပေးဆောင်ရခြင်းနှင့် လုပ်ငန်းစဉ်များ ကြန့်ကြာမှုကို ရှောင်ရှားနိုင်ဖို့ ကိုယ့်ကုမ္ပဏီ၏ AR တင်ရမည့် ကာလများကို သတိပြု မှတ်သားထားဖို့ အကြံပြုလိုပါတယ်။
လုပ်ငန်းကိစ္စများအတွက်ဆက်သွယ်ရန်- 09795594525 (Phone/Viber)
လိပ်စာ- အမှတ်-၁၀(အေ/ဘီ)၊ဥက္ကလာသီရိကွန်ဒို၊ဥက္ကလာသီရိ(၂)လမ်း၊မြောက်ဥက္ကလာပမြို့နယ်၊ရန်ကုန်မြို့။