PrimeReg Consulting

PrimeReg Consulting Myanmar Startups & SMEs များအတွက် Company Registration, Annual Return, TIN နှင့် ဆက်စပ်ဝန်ဆောင်မှုများ

Important Notification from E-Commerce 🚨စနစ်မှအလိုအလျောက်ပယ်ဖျက်မှုနှင့်ပတ်သက်၍ အသိပေးကြေညာခြင်း"eComReg System တွင် လုပ...
02/10/2026

Important Notification from E-Commerce 🚨

စနစ်မှအလိုအလျောက်ပယ်ဖျက်မှုနှင့်ပတ်သက်၍ အသိပေးကြေညာခြင်း

"eComReg System တွင် လုပ်ငန်းမှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်း၊ ပြင်ဆင်ခြင်းနှင့် သက်တမ်းတိုးခြင်း ကိစ္စရပ်များအား ဌာနမှခွင့်ပြုပြီးနောက် စနစ်တွင် (၁၄) ရက်အတွင်း ငွေပေးသွင်း ၍ မှတ်ပုံတင်လက်မှတ်ထုတ်ယူရမည်ဖြစ်ပါသည်။ ထို့ပြင် လျှောက်ထားတင်ပြသည့် အချက်အလက် မပြည့်စုံ၍ ဌာနမှ Turndown ချပြီး (၃၀) ရက်အတွင်း ပြန်လည်တင်ပြ ဆောင်ရွက်ရမည်ဖြစ်ပါသည်။ အဆိုပါသက်မှတ်ရက်အတွင်း ဆောင်ရွက်ခြင်းမရှိပါက စနစ်မှ အလိုအလျောက် ပယ်ဖျက်ခြင်း (Auto Cancel)ပြုလုပ်သွားမည်ဖြစ်ပါသည်။"

ဒါကတော့ခုရက်ပိုင်း လုပ်ငန်းရှင်တွေကို SMSကတဆင့် ထပ်မံအကြောင်းကြားပေးလာတဲ့ E Commerce ရဲ့အကြောင်းကြားစာဖြစ်ပါတယ်။

ဆိုလိုရင်းကတော့ Turndown ကျရင် (၃၀)ရက်အတွင်း ပြန်တင်ရမယ်၊ Certificate ကျရင် (၁၄)ရက်အတွင်း ငွေသွင်းပြီး ထုတ်ရမယ်။

အဲ့တာကြောင့် Online Registration လျှောက်ထားတဲ့သူတွေအနေနဲ့လည်း မိမိရဲ့လျှောက်ထားလွှာကို တပတ်တခါအနည်းဆုံးဝင်ကြည့်ဖို့၊ သတိမမေ့ဖို့ကို နှိုးဆော်တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။

ခရီးသွားလုပ်ငန်းကို တရားဝင်စနစ်တကျနဲ့ ယုံကြည်စိတ်ချစွာ ချဲ့ထွင်တော့မယ့် လုပ်ငန်းရှင်များအတွက် သတင်းကောင်း!Primereg Consu...
01/10/2026

ခရီးသွားလုပ်ငန်းကို တရားဝင်စနစ်တကျနဲ့ ယုံကြည်စိတ်ချစွာ ချဲ့ထွင်တော့မယ့် လုပ်ငန်းရှင်များအတွက် သတင်းကောင်း!

Primereg Consulting မှာ Travel & Tours License (ခရီးသွားလုပ်ငန်းလိုင်စင်) စတင်လျှောက်ထားပေးနေပါပြီ။

ပြည်တွင်း/ပြည်ပ ခရီးသွားကဏ္ဍ ပြန်လည်နိုးထလာတာနဲ့အမျှ Travel & Tours စီးပွားရေးဟာ အခွင့်အလမ်းများစွာ ထွက်ပေါ်နေတဲ့ ကဏ္ဍတစ်ခု ဖြစ်လာပါတယ်။ ဒါပေမဲ့ သင့်ရဲ့ ခရီးသွားလုပ်ငန်းကို တစ်နိုင်တစ်ပိုင်အဆင့်ကနေ ရေရှည်ခိုင်မာတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် တိုးချဲ့ဖို့၊ လေကြောင်းလိုင်းတွေ၊ ပြည်ပအေဂျင်စီတွေ၊ ဟိုတယ်တွေနဲ့ တရားဝင် B2B စာချုပ်ချုပ်ပြီး လက်တွဲဖို့ဆိုရင် တရားဝင် ခရီးသွားလုပ်ငန်းလိုင်စင် (Travel & Tours License) ရှိထားဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

လိုင်စင်မရှိဘဲ လုပ်ငန်းလည်ပတ်နေရတာဟာ သင့်စီးပွားရေးအတွက် ဘာတွေ ဆုံးရှုံးစေသလဲ?

၁။ ယုံကြည်မှုအကန့်အသတ်ဖြစ်ခြင်း

ခရီးသွားအများစုနဲ့ အကဲဆတ်တဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဟာ
တရားဝင် လိုင်စင်မရှိတဲ့ အေဂျင်စီတွေကို ရွေးချယ်ဖို့
ဝန်လေးတတ်ကြပါတယ်။

၂။ စီးပွားရေးအခွင့်အလမ်းများ လွတ်ဟာခြင်း

လေယာဉ်လက်မှတ် ကောင်တာတွေ၊ တရားဝင် ကွန်ရက်တွေနဲ့
တိုက်ရိုက်ချိတ်ဆက်ရာမှာ အကန့်အသတ်တွေ ရှိနေတတ်ပါတယ်။

၃။ ဥပဒေကြောင်းဆိုင်ရာ စိုးရိမ်ရမှု

တရားဝင်လိုင်စင် မရှိဘဲ ဝန်ဆောင်မှုပေးနေရတာဟာ လုပ်ငန်းရဲ့ ရေရှည်ရပ်တည်ရေးအတွက် အမြဲတမ်း စိုးရိမ်စရာ ဖြစ်နေစေပါတယ်။

ဒါဆိုရင် သင့်အနေနဲ့ ဌာနဆိုင်ရာ လုပ်ငန်းစဉ်တွေ၊ စာရွက်စာတမ်း ရှုပ်ထွေးမှုတွေကို စိတ်ပူနေရဆဲလား?

အချိန်ကုန်ခံ၊ အမှားမှားအယွင်းယွင်းနဲ့ ခေါင်းခဲမခံပါနဲ့တော့။

Primereg Consulting က သင့်ရဲ့ ပြည်တွင်း/ပြည်ပခရီးသွားလုပ်ငန်း လိုင်စင်လျှောက်ထားခြင်း လုပ်ငန်းစဉ် အဆင့်ဆင့်ကို အစအဆုံး အဆင်ပြေချောမွေ့အောင် တာဝန်ယူ ဆောင်ရွက်ပေးတော့မှာ ဖြစ်ပါတယ်။

သင့်ရဲ့ Travel & Tours စီးပွားရေးအိပ်မက်ကို တရားဝင် အကာအကွယ်အပြည့်နဲ့ အဟုန်မပျက် တိုးချဲ့ဖို့ ခုပဲ ပြင်ဆင်လိုက်ပါ။

ခရီးသွားလုပ်ငန်းလိုင်စင် လျှောက်ထားရေးအတွက် အခမဲ့ တိုင်ပင်ဆွေးနွေးလိုပါက –
📩 Primereg Consulting Page Messenger မှတစ်ဆင့် တိုက်ရိုက် ဆက်သွယ်စုံစမ်းနိုင်ပါသည်။

09-795594525(Phone/Viber) မှတဆင့်လဲဆက်သွယ်မေးမြန်းနိုင်ပါတယ်။

လိပ်စာ- No.10(A/B), Okkalarthiri Condo, Okkalarthiri (2)St,
North Okkalapa Township, Yangon.

ကုမ္ပဏီထောင်ခြင်းရဲ့ကောင်းကျိုးထဲကတစ်ချက်ဖြစ်တဲ့ Seperate Legal Entityဆိုတာဘာလဲ?ကိုယ်ပိုင်စီးပွားရေးတစ်ခု စတင်ပြီဆိုတာနဲ...
30/09/2026

ကုမ္ပဏီထောင်ခြင်းရဲ့ကောင်းကျိုးထဲကတစ်ချက်ဖြစ်တဲ့
Seperate Legal Entityဆိုတာဘာလဲ?

ကိုယ်ပိုင်စီးပွားရေးတစ်ခု စတင်ပြီဆိုတာနဲ့ လုပ်ငန်းတိုးတက်ဖို့တင်မကဘဲ နောက်ဆက်တွဲလာနိုင်တဲ့ စီးပွားရေးစွန့်စားမှု (Risks) တွေကိုပါ မဖြစ်မနေ ထည့်တွက်ကြရပါတယ်။

လုပ်ငန်းရှုံးနိမ့်ရင် အိမ်နဲ့ခြံပါ ပါသွားမလား
ဆိုပြီးလည်းစိုးရိမ်တတ်ကြပါတယ်။

စီးပွားရေးလုပ်ငန်းတစ်ခုကို "ကုမ္ပဏီ" အဖြစ် ပြောင်းလဲလိုက်တဲ့အခါ
ရရှိလာမယ့် အကြီးမားဆုံး ဥပဒေဒိုင်းလွှား (Separate Legal Entity)ဆိုတာအဆိုပါပြသနာတွေကနေလုံးဝကာကွယ်ပေးနိုင်ပါတယ်။

အထူးသဖြင့် တစ်နိုင်တစ်ပိုင်လုပ်ငန်း ဒါမှမဟုတ်
တရားဝင် မှတ်ပုံမတင်ထားတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုမှာ
မမျှော်လင့်ဘဲ အကြွေးနွံနစ်တာ၊ တရားစွဲဆိုခံရတာတွေ ဖြစ်လာရင်
ပိုင်ရှင်ရဲ့ ကိုယ်ပိုင်ပိုင်ဆိုင်မှုတွေဖြစ်တဲ့ အိမ်၊ ခြံ၊ ကားနဲ့
စုဆောင်းငွေတွေပါ အသိမ်းခံရနိုင်ခြေ ရှိပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) အရ ကုမ္ပဏီအဖြစ် တရားဝင်မှတ်ပုံတင်လိုက်တာနဲ့ အဲဒီစွန့်စားမှုကို ဘယ်လို ကာကွယ်ပေးလဲ?

ကုမ္ပဏီတစ်ခု ထူထောင်လိုက်တာဟာ ဥပဒေအမြင်မှာ
"သီးခြားပုဂ္ဂိုလ်တစ်ဦး" (Separate Legal Entity)ကို
ဖန်တီးလိုက်တာနဲ့ တူပါတယ်။
ဒါကြောင့် ဥပဒေရဲ့ အကာအကွယ်ကို အပြည့်အဝ ရရှိသွားပါတယ်။

၁။ ကုမ္ပဏီနဲ့ ပိုင်ရှင်ဟာ သီးခြားစီ ဖြစ်သွားခြင်း။

ကုမ္ပဏီသည် ပိုင်ရှင်၏ ပုဂ္ဂိုလ်ရေး နာမည်မဟုတ်ဘဲ
မိမိ၏ တရားဝင် ကုမ္ပဏီနာမည်ဖြင့် စာချုပ်ချုပ်ဆိုနိုင်ခြင်း၊
ပိုင်ဆိုင်မှု ဝယ်ယူနိုင်ခြင်း၊ တရားစွဲဆိုနိုင်ခြင်းနှင့်
တရားစွဲဆိုခံရနိုင်ခြင်းတို့ ပြုလုပ်နိုင်သော
သီးခြား Entity ဖြစ်လာပါတယ်။

၂။ တာဝန်ယူမှု ကန့်သတ်ချက် (Limited Liability) ရရှိခြင်း။

လုပ်ငန်းမှာ အရှုံးပေါ်လို့ သို့မဟုတ် တရားစွဲခံရလို့
အကြွေးဆပ်ရမယ်ဆိုရင် ကုမ္ပဏီပိုင်ဆိုင်တဲ့ ပိုင်ဆိုင်မှုနဲ့
ထည့်ဝင်ထားတဲ့ အစုရှယ်ယာ တန်ဖိုးအထိပဲ
တာဝန်ယူရမှာ ဖြစ်ပါတယ်။

သင့်ရဲ့ မိသားစုပိုင် အိမ်၊ ခြံ၊ ကားနဲ့ ကိုယ်ပိုင်စုဆောင်းငွေတွေကို
ဥပဒေအရ လာရောက် ထိပါးခွင့် မရှိပါဘူး။

၃။ လုပ်ငန်းခိုင်မာမှုနဲ့ ရေရှည်ရပ်တည်နိုင်မှု။

ပိုင်ရှင် သို့မဟုတ် ရှယ်ယာရှင်တစ်ဦးဦး အကြောင်းအမျိုးမျိုးကြောင့်
နှုတ်ထွက်သွားရင်ပင် ကုမ္ပဏီ၏ ရပ်တည်မှုသည်
ပျက်စီးမသွားဘဲ သီးခြား Entity အဖြစ် ဆက်လက်
တည်ရှိနေနိုင်ပါတယ်။

အထက်ပါအချက်တွေကြောင့်ပဲကျွမ်းကျင်စနစ်ကျတဲ့လုပ်ငန်းရှင်တွေက မိမိလုပ်ငန်းကိုတရားဝင်ဖြစ်စေပြီး အကာအကွယ်ရတဲ့ Company Registration လမ်းကြောင်းပေါ်ကို စတင်လျှောက်လှမ်းလာကြတာပဲဖြစ်ပါတယ်။

စီးပွားရေး ရေရှည်ခိုင်မာဖို့နဲ့ မိသားစုပိုင်ဆိုင်မှုတွေကို ဥပဒေကြောင်းအရ စနစ်တကျ အကာအကွယ်ယူထားဖို့အတွက် DICA MyCO စနစ်မှာ ကုမ္ပဏီတရားဝင် မှတ်ပုံတင်ဖို့ မဝေခွဲပါနဲ့တော့။

ခိုင်မာတဲ့ စီးပွားရေးအနာဂတ်နဲ့ ဥပဒေဆိုင်ရာ လုံခြုံမှုအတွက် Primereg Consulting က ကုမ္ပဏီမှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်တွေကို အစအဆုံး ကျွမ်းကျင်စွာ ကူညီဆောင်ရွက်ပေးနေပါတယ်။

📩 အသေးစိတ် ဆွေးနွေးတိုင်ပင်လိုပါက Primereg Consulting မက်ဆေ့ဘောက်စ်သို့ တိုက်ရိုက် ဆက်သွယ်လိုက်ပါ။

09-795594525(Phone/Viber) မှတဆင့်လဲဆက်သွယ်မေးမြန်းနိုင်ပါတယ်။

လိပ်စာ- No.10(A/B), Okkalarthiri Condo, Okkalarthiri (2)St,
North Okkalapa Township, Yangon.

"မင်း မအောင်မြင်တာ မင်း လုံလောက်အောင် ကြိုးစားအားထုတ်မှု မရှိသေးလို့ပဲ" (你不成功就是你不够努力)ဒီစကားစုဟာ စိတ်ဓာတ်မြှင့်တင်ရေး (Mo...
25/09/2026

"မင်း မအောင်မြင်တာ မင်း လုံလောက်အောင် ကြိုးစားအားထုတ်မှု မရှိသေးလို့ပဲ" (你不成功就是你不够努力)

ဒီစကားစုဟာ စိတ်ဓာတ်မြှင့်တင်ရေး (Motivation) နယ်ပယ်မှာ အရမ်းခေတ်စားပြီး ကြားဖူးနေကျ စကားတစ်ခွန် ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစကားအတိုင်း တကယ်ပဲ ရာနှုန်းပြည့် မှန်ကန်ပါသလား။

ဒီနေ့ခေတ်မှာ ဒီလို "အဆိပ်အတောက်ဖြစ်စေတဲ့ စိတ်ဓာတ်မြှင့်တင်ရေး" (Toxic Positivity) စကားတွေဟာ လူတွေကို စိတ်ခွန်အားပေးတာထက် စိတ်ဓာတ်ကျစေတာ၊ ကိုယ့်ကိုယ်ကိုယ် ပြစ်ဒဏ်ခတ်သလို ခံစားရစေတာမျိုးတွေ ပိုများလာပါတယ်။

အမှန်တကယ်တော့ အောင်မြင်မှုဆိုတာ ကြိုးစားမှု (Hard work) တစ်ခုတည်းနဲ့တင် မလုံလောက်ပါဘူး။ အောက်ပါ အချက်တွေဟာလည်း အောင်မြင်မှုလမ်းကြောင်းမှာ အရေးပါတဲ့ အစိတ်အပိုင်းတွေ ဖြစ်ကြပါတယ်။

---

၁။ အခွင့်အလမ်းနဲ့ နောက်ခံအခြေအနေ (Opportunity & Environment)

လူတိုင်းရဲ့ စတင်ရတဲ့ တာထွက်တွေ (Starting line) မတူကြပါဘူး။ အချို့သူတွေအတွက် အခွင့်အလမ်းတွေဟာ အဆင်သင့်ရှိနေတတ်ပြီး အချို့အတွက်တော့ အခြေခံ လိုအပ်ချက်တွေကိုပင် ပင်ပန်းစွာ ရုန်းကန်နေရတတ်ပါတယ်။ ကြိုးစားမှုတူရင်တောင်မှ အခွင့်အလမ်း ပတ်ဝန်းကျင် မတူရင် ရလဒ် ကွာခြားသွားနိုင်ပါတယ်။

၂။ မှန်ကန်သော နည်းလမ်းနဲ့ လမ်းကြောင်း (Smart Work & Direction)

တိကျတဲ့ လမ်းကြောင်း မရှိဘဲ ပန်းတိုင်မရှိဘဲ ကြိုးစားနေတာဟာ တံတိုင်းကြီးကို လက်သီးနဲ့ ထိုးနေသလိုပါပဲ။ ပင်ပန်းရုံပဲ ရှိပြီး ရလဒ် ထွက်လာမှာ မဟုတ်ပါဘူး။ "ပိုမို ကြိုးစားခြင်း" ထက် "ပိုမို ပါးနပ်စွာ ဆောင်ရွက်ခြင်း" က ပန်းတိုင်ကို ပိုမို လျင်မြန်စွာ ရောက်ရှိစေပါတယ်။

၃။ ကံတရားနဲ့ အချိန်အခါ (Luck & Timing)

စျေးကွက်အခြေအနေ၊ ခေတ်ရေစီးကြောင်းနဲ့ စက်ဝိုင်း အပြောင်းအလဲ စတဲ့ မိမိ ထိန်းချုပ်လို့မရတဲ့ အပြင်ပန်း အကြောင်းအရင်းတွေဟာလည်း ပရောဂျက်တစ်ခု သို့မဟုတ် စီးပွားရေးတစ်ခုရဲ့ အောင်မြင်မှုကို များစွာ သက်ရောက်စေပါတယ်။

---

နိဂုံးချုပ် စိစစ်ချက်

အဲ့တာကြောင့် "မင်း မအောင်မြင်တာ မင်း လုံလောက်အောင် မကြိုးစားလို့" ဆိုတဲ့ စကားလုံးဟာ ကြိုးစားအားထုတ်မှု၏ တန်ဖိုးကို မီးမောင်းထိုးပြချင်တာ ဖြစ်နိုင်ပေမဲ့၊ ပင်ပန်းနွမ်းနယ်နေသူတွေအတွက်တော့ အပြစ်တင်စကား လို ဖြစ်သွားတတ်ပါတယ်။

အောင်မြင်မှု မရသေးတာဟာ သင် မကြိုးစားလို့ မဟုတ်ပါဘူး။ နည်းလမ်း ပုံစံ ပြောင်းကြည့်ဖို့ လိုနေတာ၊ အချိန်အခါ မကျသေးတာ သို့မဟုတ် ပတ်ဝန်းကျင် အခြေအနေ အပြောင်းအလဲ လိုအပ်နေတာလည်း ဖြစ်နိုင်ပါတယ်။

မိမိကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ ကြိုးစားမှုကို မစွန့်လွှတ်ဘဲ လမ်းကြောင်းမှန်နဲ့ အချိန်အခါကောင်းကို စိတ်ရှည်စွာ တည်ဆောက်သွားဖို့ပဲ လိုအပ်ပါတယ်။

ပစ်ထားတာကြာတဲ့ ကုမ္ပဏီအဟောင်းများရဲ့ လက်ရှိအခြေအနေကို PRC မှ အခမဲ့ စစ်ဆေးပေးမည့် အထူးအစီအစဉ်  !!!!!!!!!!ကုမ္ပဏီထောင်ထားပ...
18/09/2026

ပစ်ထားတာကြာတဲ့ ကုမ္ပဏီအဟောင်းများရဲ့ လက်ရှိအခြေအနေကို PRC မှ အခမဲ့ စစ်ဆေးပေးမည့် အထူးအစီအစဉ် !!!!!!!!!!

ကုမ္ပဏီထောင်ထားပြီး စီးပွားရေးဆက်လက်မလုပ်ဖြစ်ဘဲ ကြာမြင့်စွာ ပစ်ထားမိပ်လို့ DICA (ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန) ရဲ့ စည်းကမ်းချက်တွေနဲ့ပတ်သက်ပြီး စိတ်ပူပန်နေရပါသလား။

"ကိုယ့်ကုမ္ပဏီလေး စာရင်းပျက်သွားပြီလား?"

"ဒဏ်ကြေးတွေ ဘယ်လောက်တက်နေပြီလဲ?"

"Annual Return (AR) တွေ ဘယ်နှစ်နှစ်နောက်ကျနေပြီလဲ?" လို့ မသေချာဖြစ်နေသူများအတွက် Primereg Consulting မှ လုံးဝအခမဲ့ စစ်ဆေးပေးမည့် ဝန်ဆောင်မှုကို ပြုလုပ်ပေးလိုက်ပါပြီ။

---

🔍 ဘာတွေ စစ်ဆေးပေးမလဲ?

1. Suspended Status (ရပ်ဆိုင်းခံထားရခြင်း ရှိမရှိ)

ကုမ္ပဏီအခြေအနေမှာ လက်ရှိလှုပ်ရှားမှု ရှိနေဆဲလား၊ မည်သည့်အခြေအနေတွင် ရှိနေသည်ကို DICA ၏
MyCO တွင် တရားဝင် စစ်ဆေးအတည်ပြုပေးခြင်း။

2. Struck Off Status (စာရင်းဖျက်သိမ်းခံရခြင်း ရှိမရှိ)

သတ်မှတ်ကာလအတွင်း compliance မတင်ပြဖြစ်သဖြင့် DICA စာရင်းမှ ဖျက်သိမ်းခြင်း (Struck off) စာရင်းဝင်သွားပြီလားဆိုတာ အတိအကျ စစ်ဆေးပေးခြင်း။

3. Annual Return (AR) Due Date & Overdue Status

နောက်ဆုံးတင်ပြခဲ့သည့် AR ရက်စွဲ၊ လက်ရှိတင်ပြရန် ကျန်ရှိနေသည့် သို့မဟုတ် နောက်ကျနေသည့် ကာလနှင့် ဒဏ်ကြေးန်းကျင် အခြေအနေကို တွက်ချက်စစ်ဆေးပေးခြင်း။

❓ ဘာကြောင့် စစ်ဆေးသင့်သလဲ?

(၁) ဒဏ်ကြေးမကြီးထွားခင် ကြိုတင်သိရှိနိုင်ခြင်း

မသိလိုက်ဘဲ ဒဏ်ကြေးတွေ နှစ်ရှည်လများပွားနေတာမျိုးကို အချိန်မီကုစားနိုင်ပါတယ်။

(၂) ပြန်လည်စတင်ရန် အခြေခံလမ်းကြောင်းကို သိရှိခြင်း

လုပ်ငန်းကို ပြန်လည်အသက်သွင်းချင်တာပဲဖြစ်ဖြစ်၊ တရားဝင် ရှင်းလင်းပြီးပိတ်သိမ်းချင်တာပဲဖြစ်ဖြစ် မူလအခြေအနေ အတိအကျသိမှ ဆုံးဖြတ်ရလွယ်ကူပါတယ်။

🚀 ဘယ်လိုစစ်ဆေးနိုင်မလဲ?

📌 Company Name (သို့မဟုတ်) Registration Number ကို Page Messenger တွင် ပေးပို့ရုံဖြင့် PRC အဖွဲ့မှ အမြန်ဆုံး စစ်ဆေးပေးပါမည်။

💡 Next Step Support

စစ်ဆေးပြီးလို့ Reinstatement (စာရင်းပြန်လည်ဖော်ဆောင်ခြင်း)၊ AR ရှင်းလင်းခြင်း သို့မဟုတ် Company Voluntary Winding up/Restructuring ပြုလုပ်ရန် လိုအပ်လာပါကလည်း PRC မှ ကျွမ်းကျင်ပညာရှင်များက သင့်တော်ဆုံးလမ်းညွှန်မှုနှင့် ဝန်ဆောင်မှုများကို ထပ်မံကူညီဆောင်ရွက်ပေးသွားပါမည်။

📩 ဒါကြောင့် ပစ်ထားတဲ့ ကုမ္ပဏီအခြေအနေ သိချင်ရင် Page Messenger မှာ အခုပဲ Company Name/Registration No လေး ပေးပို့ပြီး အခမဲ့စစ်ဆေးလိုက်ရအောင်နော်။

Contact: 09-795594525(Phone/Viber)
Address: No.10(A/B), Okkalarthiri Condo , Okkalarthiri(2)st , North Okkalapa Township , Yangon

ကုမ္ပဏီကြီးတွေမှာပဲ ဒါရိုက်တာလိုတယ်ထင်နေလား?တကယ်တော့ SME / Business တွေမှာတောင် Company Director ဆိုတာ Operational သမားထ...
16/09/2026

ကုမ္ပဏီကြီးတွေမှာပဲ ဒါရိုက်တာလိုတယ်ထင်နေလား?

တကယ်တော့ SME / Business တွေမှာတောင် Company Director ဆိုတာ Operational သမားထက် Business Growth & Risk Controller ပါပဲ။

ဒါရိုက်တာတစ်ယောက် အဓိကတာဝန်ယူရတာကနေ့စဥ်Day-to-Day Operationအလုပ်တွေမဖြစ်သင့်ပဲ မိမိလုပ်ငန်းရဲ့မဟာဗြူဟာချမှတ်တဲ့အပိုင်းနဲ့ စီမံခန့်ခွဲမှုပိုင်းကိုသာ အာရုံစိုက်သင့်ပါတယ်။

ပုံမှန်အားဖြင့်တော့ ကုမ္ပဏီသေးသေး/ကြီးကြီး အောက်ပါလုပ်ဆောင်ချက်တွေကိုဆောင်ရွက်လေ့ရှိကြပါတယ်။

၁။ မဟာဗျူဟာ ချမှတ်ခြင်း (Strategic Planning) ✅

ကုမ္ပဏီရဲ့ ရေရှည်မျှော်မှန်းချက် (Vision) နဲ့ ရည်မှန်းချက်တွေ အကောင်အထည်ဖော်ဖို့ စနစ်ကျတဲ့လမ်းကြောင်းတွေ ချမှတ်ရပါတယ်။

၂။ ဘဏ္ဍာရေးနှင့် စွန့်စားရမှု စီမံခန့်ခွဲမှု (Financial & Risk Oversight) ✅

နှစ်အလိုက် ဘတ်ဂျက်ကို အတည်ပြုခြင်း၊ ငွေကြေးစီးဆင်းမှုနဲ့ အမြတ်အစွန်းကို စောင့်ကြည့်ခြင်း၊ ဥပဒေနဲ့ညီညွတ်မှုရှိမရှိ စစ်ဆေးပြီး ဘဏ္ဍာရေးအန္တရာယ်တွေကို ကာကွယ်ရပါတယ်။

၃။ အဓိကခေါင်းဆောင်များ ခန့်အပ်ခြင်း (Executive Leadership) ✅

စီအီးအို (CEO) သို့မဟုတ် ထိပ်တန်းမန်နေဂျာတွေကို ခန့်အပ်တာဝန်ပေးတာ၊ လုပ်ဆောင်ချက်တွေကို အကဲဖြတ်တာနဲ့ လိုအပ်ရင် ပြင်ဆင်တာမျိုး လုပ်ဆောင်ရပါတယ်။

၄။ ရှယ်ယာရှင်များနှင့် အကျိုးတူပူးပေါင်းသူများ အကျိုးစီးပွား ကာကွယ်ခြင်း (Stakeholder Governance) ✅

ကုမ္ပဏီရဲ့ တရားဝင်ဆုံးဖြတ်ချက်တွေဟာ ရှယ်ယာရှင်တွေနဲ့ ဝန်ထမ်းတွေရဲ့ ရေရှည်အကျိုးစီးပွားနဲ့ ကိုက်ညီမှုရှိစေရန် ဘုတ်အဖွဲ့ (Board of Directors) အစည်းအဝေးတွေမှာ ဦးဆောင်ဆွေးနွေးရပါတယ်။

၅။ ဥပဒေနှင့် ကျင့်ဝတ်ဆိုင်ရာ လိုက်နာမှု စောင့်ကြည့်ခြင်း (Compliance & Ethics) ✅

နိုင်ငံတော် ဥပဒေစံနှုန်းတွေ၊ ကုမ္ပဏီအုပ်ချုပ်မှု ကျင့်ဝတ်တွေနဲ့ မူဝါဒတွေကို တင်းကျပ်စွာ လိုက်နာစေဖို့ ထိန်းကျပ်ရပါတယ်။

ဒါ့အပြင် ဒါရိုက်တာတစ်ဦးတွင် အောက်ပါအရည်အချင်းများကိုလည်းအခြေခံအားဖြင့်ရှိထားသင့်ပါသေးသည်။

၁။ ကြိုမြင်နိုင်စွမ်း(Visionary)✅

စျေးကွက်၏ပြောင်းလဲမှုများကိုကြိုတင်သိမြင်ပြီးလှုပ်ရှားနိုင်ခြင်း။

၂။ တရားမျှတမှု (Integrity) ✅

ဆုံးဖြတ်ချက်များတွင် ဘက်လိုက်မှုမရှိဘဲ ပွင့်လင်းမြင်သာမှုရှိခြင်း

၃။ သြဇာညောင်းမှု (Influence) ✅

အသင်းအဖွဲ့ကို စည်းလုံးညီညွတ်စွာ ဦးဆောင်နိုင်စွမ်းတို့ပဲဖြစ်ပါတယ်။

---

သင်ရော မိမိတို့လုပ်ငန်းအတွက် ဒါရိုက်တာဘုတ်အဖွဲ့ ဒါမှမဟုတ် ဖွဲ့စည်းပုံကို ဘယ်လို စီစဉ်ထားလဲ?

💬 ကုမ္ပဏီမှတ်ပုံတင်ခြင်း (DICA/MYCO) နဲ့ ဥပဒေလိုက်နာမှု (Compliance) ပိုင်းမှာ အကြံဉာဏ်လိုရင် Page Messenger မှာ ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်။

ဆက်သွယ်ရန်- 09795594525(Phone/Viber)

လိပ်စာ - No.10(A/B)၊ ဥက္ကလာသီရိကွန်ဒို ၊ ဥက္ကလာသီရီ(၂)လမ်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

UMFCCI Membership လျှောက်ရင်ဘယ်လောက်ကုန်ကျမလဲ၊ ဘာတွေ ရလာနိုင်မလဲ?"ကုမ္ပဏီထောင်ပြီးပြီ။ ဒါပေမဲ့ UMFCCI ကြီးကို ဝင်ထားသင့်...
14/09/2026

UMFCCI Membership လျှောက်ရင်ဘယ်လောက်ကုန်ကျမလဲ၊ ဘာတွေ ရလာနိုင်မလဲ?

"ကုမ္ပဏီထောင်ပြီးပြီ။ ဒါပေမဲ့ UMFCCI ကြီးကို ဝင်ထားသင့်လား? ဘယ်လောက်ကုန်ကျမှာလဲ?"
ဆိုပြီး မကြာခဏ အမေးများကြတဲ့ ဒီမေးခွန်းအတွက် ရှင်းလင်းပြတ်သားတဲ့ တွက်ချက်မှုနဲ့အတူ အသင်းဝင်ခြင်းရဲ့ တန်ဖိုးကို ဆွေးနွေးကြည့်ရအောင်ပါ။

မြန်မာနိုင်ငံရဲ့ စီးပွားရေးစင်မြင့်မှာ Business Network ချိတ်ဆက်ဖို့၊ B2B Opportunitiesတွေ ရှာဖွေဖို့နဲ့ လုပ်ငန်းအသိအမှတ်ပြု လက်မှတ်ပိုင်ဆိုင်ဖို့ UMFCCI Membership မရှိမဖြစ် နေရာတစ်ခုကနေ ပါဝင်နေပါတယ်။ ဒါဆို ပထမဆုံးအကြိမ် လျှောက်ထားမယ်ဆိုရင် ကုန်ကျစရိတ်ဘယ်လောက်ရှိလဲဆိုတာကနေစပြောပါမယ်။

📌 1. Local Company များအတွက် ကုန်ကျစရိတ်

(၁) အသင်းဝင်ကြေး (Entrance Fee): ၃၀၀,၀၀၀ ကျပ်

(၂) နှစ်စဉ်ကြေး (Annual Fee): တစ်နှစ်လျှင် ၈၀,၀၀၀ ကျပ်
(သို့သော် အသင်းသားအသစ်များအတွက် ပထမဆုံးအကြိမ်တွင် ၃ နှစ်စာပေါင်းပြီး ၂၄၀,၀၀၀ ကျပ် တခါတည်း ပေးသွင်းရပါမည်)

💎 ပထမဆုံးအကြိမ် စုစုပေါင်းကုန်ကျငွေ: ၅၄၀,၀၀၀ ကျပ် + Service Fees

📌 2. Foreign Company များအတွက် ကုန်ကျစရိတ်

(၁) အသင်းဝင်ကြေး (Entrance Fee): ၆၀၀,၀၀၀ ကျပ်
(၂) နှစ်စဉ်ကြေး (Annual Fee): တစ်နှစ်လျှင် ၂၀၀,၀၀၀ ကျပ် (သို့သော် အသင်းသားအသစ်များအတွက် ပထမဆုံးအကြိမ်တွင် ၃ နှစ်စာပေါင်းပြီး ၆၀၀,၀၀၀ ကျပ် တခါတည်း ပေးသွင်းရပါမည်)

💎 ပထမဆုံးအကြိမ် စုစုပေါင်းကုန်ကျငွေ: ၁,၂၀၀,၀၀၀ ကျပ် + Service Fees

🤔 လျှောက်လိုက်တာတော့ ဟုတ်ပါပြီ။ ဒါတွေပေးရတာ တန်ရဲ့လား?" ဘာတွေပြန်ရမလဲ?

ငွေကြေးစိုက်ထုတ်ရုံတင်မဟုတ်ဘဲ UMFCCI Membership ကနေ လုပ်ငန်းအတွက် ရရှိလာနိုင်မည့် အားသာချက်တွေကတော့—

1. Business Networking & Credibility✅

ကုမ္ပဏီပရိုဖိုင်မှာ UMFCCI Member Certificate ချိတ်ဆွဲထားနိုင်ခြင်းက B2B ဖောက်သည်များနှင့် ပါတနာများထံတွင် ယုံကြည်မှု (Trust Factor) ပိုမိုမြင့်တက်စေပါတယ်။

2. Trade & Economic Information✅

နိုင်ငံတကာ ကုန်သွယ်မှုအချက်အလက်များ၊ ဆွေးနွေးပွဲများ၊ နိုင်ငံတကာလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ခွင့်ရရှိမှုများ။

3. Policy Advocacy & Support✅

စီးပွားရေးမူဝါဒဆိုင်ရာ အကြံပြုဆွေးနွေးပွဲများတွင် ပါဝင်ခွင့်နှင့် အသင်းချုပ်၏ ကူညီထောက်၀၀မှုရရှိနိုင်မှု။

4. Easy to Apply Other Corporate Licenses✅

ကုမ္ပဏီမှတ်ပုံတင်ပြီးပေမဲ့ကိုယ့်လုပ်ငန်းလိုအပ်ချက်အရ သက်ဆိုင်ရာနောက်ဆက်တွဲလိုင်စင်တွေအသင်းဝင်လက်မှတ်တွေလျှောက်ထားရာမှာလွယ်ကူချောမွေ့ခြင်း။
---

🚀 အချိန်မကုန် လူပင်ပန်းသက်သာဖို့ PRC ရှိတယ်!

အကယ်၍ကိုယ်က လျှောက်ထားဖို့ကဘယ်ကစရမှန်းမသိဘူးဖြစ်နေတယ်၊အလုပ်ရှုပ်လဲမခံချင်ပဲ အမြန်ဆုံးလက်မှတ်ကျချင်တယ်ဆိုရင်တော့ Priemreg ကိုသတိရလိုက်ပါခင်ဗျာ။

Primereg Consulting (PRC)ကနေ UMFCCI Membership လျှောက်ထားခြင်းလုပ်ငန်းစဉ်များကို အစအဆုံး တာဝန်ယူဆောင်ရွက်ပေးနေပါတယ်။ Company Registration ချိန်ကတည်းက တွဲဖက်ဆောင်ရွက်ချင်သူတွေ၊ အချိန်ကုန်သက်သာချင်သူတွေအတွက် PRC က အသင့်ရှိနေပါတယ်။

📞 အသေးစိတ်တိုင်ပင်ဆွေးနွေးရန်နှင့် အမြန်ဆုံးဆောင်ရွက်ရန်:

ဖုန်း : 09-795594525 (Viber/Phone Call)

လိပ်စာ : No.10(A/B) Okkalarthiri Condo , Okkalarthiri(2)St, North Okkalapa Township, Yangon.

page message box မှလည်း တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။


Company Extract ဆိုတာဘယ်လိုစာရွက်စာတမ်းမျိုးလဲ?ကုမ္ပဏီ Extract ဆိုတာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ...
11/09/2026

Company Extract ဆိုတာဘယ်လိုစာရွက်စာတမ်းမျိုးလဲ?

ကုမ္ပဏီ Extract ဆိုတာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ရဲ့ MyCO (Myanmar Companies Online) စနစ်ထဲမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတစ်ခုရဲ့ လက်ရှိ အချက်အလက်အပြည့်အစုံကို ထုတ်နုတ်ဖော်ပြထားတဲ့ တရားဝင် မှတ်တမ်းစာရွက်စာတမ်းတစ်ခု ဖြစ်ပါတယ်။

Company Extract ထဲမှာ ဘာတွေပါဝင်သလဲ?

MyCO စနစ်မှ ထုတ်ယူသည့် Company Extract တွင် အောက်ပါ တရားဝင်အချက်အလက်များ ပါဝင်ပါတယ်။

(1) ကုမ္ပဏီအမည်နှင့် မှတ်ပုံတင်နံပါတ်(Company Name & Registration Number)✅

(2) ကုမ္ပဏီအမျိုးအစားနှင့် အခြေအနေ (Company Type & Status)
- e.g., Registered/Suspended)✅

(3) ဒါရိုက်တာများနှင့် အရာရှိများ၏ အချက်အလက်များ(Directors & Officers Details)✅

(4) ရှယ်ယာရှင်များ၏ အချက်အလက်များနှင့် ရှယ်ယာပါဝင်မှု(Shareholders & Shareholding Details)✅

(5) ကုမ္ပဏီ၏ တရားဝင်ရုံးခန်းလိပ်စာ (Registered Office Address)✅

(6) Annual Return (နှစ်စဉ်အစီရင်ခံစာ) တင်သွင်းထားသည့် အခြေအနေ စတဲ့အချက်အလက်ကိုစုစုစည်းစည်းကြည့်ရှုစစ်ဆေးလို့ရပါတယ်။✅

Company Extract ကို ဘယ်နေရာတွေမှာ အသုံးပြုရသလဲ?

ကုမ္ပဏီတစ်ခု၏ လက်ရှိတည်ရှိမှုနှင့် တရားဝင်အချက်အလက်များ မှန်ကန်ကြောင်း သက်သေပြရန်အတွက် အောက်ပါနေရာများတွင် အဓိက အသုံးပြုရပါသည်-

(1) ဘဏ်အကောင့်ဖွင့်လှစ်ခြင်းနှင့် ဘဏ်လုပ်ငန်းများ(Corporate Bank Account Opening & Banking Services)✅

(2) စီးပွားရေးစာချုပ်များ ချုပ်ဆိုခြင်း (Business Contracts & Agreements)✅

(3) အစိုးရဌာဆိုင်ရာလိုင်စင်များလျှောက်ထားခြင်း၊ UMFCCI နှင့် ကုန်သွယ်ရေး လုပ်ငန်းများ။ (Trade Net 2.0 / Export Import License Application)✅

(4) အစုရှယ်ယာ လွှဲပြောင်းခြင်းနှင့် ဒါရိုက်တာအပြောင်းအလဲများ (Share Transfer & Director Changes)✅

(5) ပြင်ပအဖွဲ့အစည်းများနှင့် မိတ်ဖက်လုပ်ငန်းများတွင် အထောက်အထားပြခြင်း (Due Diligence / Compliance Checks)✅

ကုမ္ပဏီ မှတ်ပုံတင်ထားသော်လည်း Annual Return မတင်ထားခြင်း သို့မဟုတ် MyCO စနစ်တွင် အချက်အလက်များ နောက်ဆုံးပေါ် (Update) မဖြစ်ပါက Company Extract ထုတ်ယူသည့်အခါ Status အဆင်မပြေမှုများ ဖြစ်ပေါ်နိုင်ပြီး လုပ်ငန်းကြန့်ကြာမှုများ ကြုံတွေ့ရနိုင်ပါတယ်။

သင့်ကုမ္ပဏီ၏ MyCO စနစ်ဆိုင်ရာ ပြင်ဆင်ပြောင်းလဲခြင်းများ၊ Annual Return တင်သွင်းခြင်း၊ ရှယ်ယာလွှဲပြောင်းခြင်းနှင့် အခြားသော တရားဝင် မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များကို စနစ်တကျနှင့် အချိန်တိုအတွင်း အမှားအယွင်းမရှိ ဆောင်ရွက်လိုပါက Primereg Consulting သို့ စိတ်ချယုံကြည်စွာ ဆက်သွယ်တိုင်ပင်နိုင်ပါတယ်။

Primereg Consultingကိုဆက်သွယ်လိုပါက

09-795594525(Phone/Viber)
အမှတ် ၁၀(A/B)၊ ဥက္ကလာသီရိကွန်ဒို၊ ဥက္ကလာသီရိ (၂) လမ်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

လုပ်ငန်းတစ်ခုစတင်တော့မယ်ဆိုရင် YCDC လိုင်စင် လျှောက်ရမလား? DICA မှာ ကုမ္ပဏီမှတ်ပုံတင်ရမလား? ဆိုပြီး လူတော်တော်များများ ဇ...
09/09/2026

လုပ်ငန်းတစ်ခုစတင်တော့မယ်ဆိုရင် YCDC လိုင်စင် လျှောက်ရမလား?
DICA မှာ ကုမ္ပဏီမှတ်ပုံတင်ရမလား? ဆိုပြီး
လူတော်တော်များများ ဇဝေဇဝါဖြစ်တတ်ကြပါတယ်။
နှစ်ခုစလုံးက တရားဝင်လုပ်ကိုင်ဖို့အတွက် လိုအပ်ပေမဲ့
လုပ်ဆောင်ချက်နဲ့ သဘောသဘာဝ လုံးဝမတူပါဘူး။

လုပ်ငန်းရှင်အသစ်များအတွက် တရားဝင်ရပ်တည်နိုင်ဖို့နဲ့ လုပ်ငန်းအမျိုးအစားအလိုက် ဘာကို ရွေးချယ်လျှောက်ထားရမလဲဆိုတာ ရှင်းရှင်းလင်းလင်း သိရှိနိုင်ရန် ဖော်ပြပေးလိုက်ပါတယ်။

---

၁။ DICA Registration (ကုမ္ပဏီမှတ်ပုံတင်ခြင်း) ဆိုတာဘာလဲ?

DICA (MyCO System) မှာ မှတ်ပုံတင်တာဟာ လုပ်ငန်းတစ်ခုလုံး၏ တရားဝင် ဥပဒေကြောင်းအရ ရပ်တည်မှု (Legal Entity) ကို ရရှိစေတာဖြစ်ပါတယ်။

DICAကိုဘယ်သူတွေ လျှောက်ထားသင့်လဲ?

လုပ်ငန်းအမည်သီးသန့် ရယူချင်သူများ၊ ရှယ်ယာရှင်များပါဝင်သည့် လုပ်ငန်းများ၊ B2B လုပ်ငန်းဆောင်ရွက်သူများ၊ တင်ဒါဝင်ပြိုင်ချင်သူများ၊ အစုရှယ်ယာ လွှဲပြောင်းလိုသူများနှင့် ရင်းနှီးမြှုပ်နှံသူဖိတ်ခေါ်ချင်တဲ့ လုပ်ငန်းတွေကလျှောက်ထားသင့်ပါတယ်။

ကုမ္ပဏီမှတ်ပုံတင်ခြင်းကနေရရှိမည့်အကျိုးကျေးဇူး✅

(၁) သီးခြားတရားဝင် ကုမ္ပဏီအဖြစ် ရပ်တည်နိုင်ခြင်း။
(၂) ကုမ္ပဏီဘဏ်အကောင့် (Corporate Bank Account) ဖွင့်လှစ်နိုင်ခြင်း။
(၃) စာချုပ်စာတမ်းများ လက်မှတ်ရေးထိုးရာတွင် ခိုင်မာမှုရှိခြင်း။
(၄) B2B လုပ်ငန်းစဥ် တွေမှာပိုပြီးအဆင်ပြေလွယ်ကူချောမွေ့မယ်။

(မှတ်ချက်။ DICA မှတ်ပုံတင် ရရှိရုံဖြင့် ဆိုင်ဖွင့်လှစ်ရောင်းချခွင့် သို့မဟုတ် ရည်ညွှန်းနယ်မြေအတွင်း ကုန်သွယ်ရောင်းချခွင့် လိုင်စင်တိုက်ရိုက်မရပါ။)

၂။ YCDC License (စည်ပင်လိုင်စင်) ဆိုတာဘာလဲ?

YCDC လိုင်စင်ဆိုတာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မှ သတ်မှတ်ထားသော နယ်မြေအတွင်း ဆိုင်ခန်း/ရုံးခန်း အမှန်တကယ်ဖွင့်လှစ်ပြီး လုပ်ငန်းလုပ်ကိုင်ခွင့် တောင်းခံသည့် လိုင်စင်ဖြစ်ပါတယ်။

စည်ပင်လိုင်စင်ကိုဘယ်သူတွေ လျှောက်ထားသင့်လဲ?

မိမိလုပ်ကိုင်လိုတဲ့သက်ဆိုင်ရာနယ်မြေအတွင်း စားသောက်ဆိုင်၊ အထည်ဆိုင်၊ စူပါမားကတ်၊ အလှပြင်ဆိုင်၊ ဂိုဒေါင်၊ ရုံးခန်း စသည့် အခိုင်အမာ ဆိုင်ခန်း/နေရာဖွင့်လှစ်ရောင်းချမည့် လုပ်ငန်းအားလုံး လျှောက်ထားသင့်ပါတယ်။

စည်ပင်လိုင်စင်လျှောက်ရင်ရရှိမည့်အကျိုးကျေးဇူး✅

(၁) စည်ပင်သာယာရေးဆိုင်ရာ ဥပဒေများနှင့်အညီ တရားဝင်ဆိုင်ဖွင့်လှစ်ခွင့်ရခြင်း။
(၂) စည်ပင်စစ်ဆေးမှုများမှ အရေးယူခံရခြင်း သို့မဟုတ် ဒဏ်ကြေးရိုက်ခံရခြင်းမှ ကင်းဝေးခြင်း။

(မှတ်ချက်။ စည်ပင်လိုင်စင်သည် သက်ဆိုင်ရာမြို့၏စည်ပင်နယ်နိမိတ်အတွင်းသာ အကျုံးဝင်ပြီး သီးခြားကုမ္ပဏီ ဥပဒေကြောင်းအရ အကာအကွယ်မပေးပါ။)

ကဲ ဒါဆိုရင် ဘယ်လိုင်စင်ကို အရင်လျှောက်ရမလဲ?

ဒါကတော့ သင့်လုပ်ငန်း ပုံစံအပေါ်မူတည်၍ စဉ်းစားရမှာဖြစ်ပါတယ်။

ကုမ္ပဏီအဖြစ် တရားဝင် စနစ်တကျလုပ်ကိုင်လိုရင်ရှေးဦးစွာ
DICA (MyCO)တွင် Company Registration လျှောက်ထားပါ။
ထို့နောက် ရုံးခန်း သို့မဟုတ် ဆိုင်ခန်းဖွင့်လှစ်မည့် မြို့နယ်စည်ပင်တွင် စည်ပင်လိုင်စင် ဆက်လက်လျှောက်ထားရပါမည်။

အဲ့လိုမဟုတ်ပဲတစ်နိုင်တစ်ပိုင် ဆိုင်ခန်းအဖြစ်သာဖွင့်လှစ်ရောင်းချလိုပါက
စည်ပင်လိုင်စင်ကိုသာ အဓိကထား လျှောက်ထား၍လုပ်ငန်းလုပ်ကိုင်နိုင်ပါသည်။

လုပ်ငန်းအမျိုးအစားအလိုက် DICA ကုမ္ပဏီမှတ်ပုံတင်ခြင်း၊ YCDC လိုင်စင်လျှောက်ထားခြင်း၊ UMFCCI အသင်းဝင်ခြင်းနှင့် အခြား လိုအပ်သော လိုင်စင်/မှတ်ပုံတင်များအတွက် Primereg Consulting မှ အစအဆုံး တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိပါသည်။

လုပ်ငန်းကိစ္စများဆက်သွယ်ရန် - 09795594525(Phone/Viber)
လိပ်စာ - အမှတ် 10(A/B)၊ ဥက္ကလာသီရိကွန်ဒို၊ ဥက္ကလာသီရိ(၂)လမ်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

🏢 ကုမ္ပဏီတည်ထောင်ပြီးသူတိုင်း မဖြစ်မနေသိထားရမယ့် အဓိက အခွန် (၂) မျိုးအကြောင်း💡DICA မှာ ကုမ္ပဏီမှတ်ပုံတင်ပြီးလို့ စီးပွား...
01/09/2026

🏢 ကုမ္ပဏီတည်ထောင်ပြီးသူတိုင်း မဖြစ်မနေသိထားရမယ့် အဓိက အခွန် (၂) မျိုးအကြောင်း💡

DICA မှာ ကုမ္ပဏီမှတ်ပုံတင်ပြီးလို့ စီးပွားရေးလုပ်ငန်း စတင်လည်ပတ်တော့မယ်ဆိုရင် လုပ်ငန်းရှင်အများစု အခက်တွေ့ရဆုံးနဲ့ စိုးရိမ်ရဆုံးကိစ္စက အခွန် (Tax) ကိစ္စပဲ ဖြစ်ပါတယ်။

အခွန်စနစ်ကို သေချာမသိဘဲ လုပ်ငန်းလုပ်ကိုင်မိတဲ့အခါ အချိန်တိုအတွင်း မလိုလားအပ်တဲ့ ဒဏ်ကြေးတွေ ပေးဆောင်ရတာ၊ လစဉ်/နှစ်စဉ် အခွန်ကြေညာလွှာ (Tax Return) တင်သွင်းဖို့ ပျက်ကွက်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ Primereg Consulting ကနေ ကုမ္ပဏီတစ်ခုအနေနဲ့ မဖြစ်မနေ လိုက်နာဆောင်ရွက်ရမယ့် အဓိကအခွန် (၂) မျိုးဖြစ်တဲ့ Corporate Tax (ကုမ္ပဏီဝင်ငွေခွန်) နဲ့ Commercial Tax (ကုန်သွယ်လုပ်ငန်းခွန်) တို့အကြောင်းကို လုပ်ငန်းရှင်တို့ ရှင်းရှင်းလင်းလင်း နားလည်စေဖို့ အသေးစိတ် မျှဝေပေးသွားပါမယ်။

---

၁။ Corporate Tax (ကုမ္ပဏီဝင်ငွေခွန်)

Corporate Tax ဆိုတာ ကုမ္ပဏီက တစ်နှစ်တာအတွင်း လုပ်ငန်းဆောင်ရွက်လို့ ထွက်ရှိလာတဲ့ "အသားတင်အမြတ် (Net Profit)" ပေါ်မှာ နိုင်ငံတော်ကို စည်းကြပ်ပေးဆောင်ရတဲ့ အခွန်ဖြစ်ပါတယ်။

ကောက်ခံသည့်ပုံစံ - တစ်နှစ်တာ ရောင်းရငွေ (Revenue) ထဲကနေ လုပ်ငန်းအတွက် အမှန်တကယ် ကုန်ကျခဲ့တဲ့ တရားဝင်စရိတ်များ (Allowable Expenses) ကို နှုတ်ပယ်ပြီး ကျန်ရှိတဲ့ အသားတင်အမြတ် ပေါ်တွင်သာ တွက်ချက်ကောက်ခံတာ ဖြစ်ပါတယ်။

သတိပြုရန်အချက် - စည်းကြပ်နှစ်အတွင်း လုပ်ငန်းက အရှုံးပေါ်နေပါက Corporate Tax ပေးဆောင်ရန် မလိုပါ။ သို့သော် အရှုံးပေါ်သည်ဖြစ်စေ၊ အမြတ်ရသည်ဖြစ်စေ နှစ်စဉ် အခွန်ကြေညာလွှာ (Annual Income Tax Return) ကိုတော့ သတ်မှတ်ရက်အတိုင်း မဖြစ်မနေ တင်သွင်းရပါမည်။

၂။ Commercial Tax (ကုန်သွယ်လုပ်ငန်းခွန်)

Commercial Tax ဆိုတာ ကုန်ပစ္စည်း ရောင်းချခြင်း သို့မဟုတ် ဝန်ဆောင်မှု ပေးခြင်းတို့မှရရှိသော "စုစုပေါင်း ရောင်းရငွေ (Sales Revenue)" ပေါ်တွင် ကောက်ခံသည့် သွယ်ဝိုက်အခွန် (Indirect Tax) တစ်မျိုးဖြစ်ပါတယ်။

ကောက်ခံသည့် ပုံစံ - ဒီအခွန်ကို ကုမ္ပဏီက ကိုယ့်အိတ်ထဲက စိုက်ထုတ်ပေးဆောင်ရခြင်း မဟုတ်ပါ။ စိစစ်ကောက်ခံသူ (Tax Collector) အဖြစ် ဆောင်ရွက်ပြီး ဝယ်ယူသုံးစွဲသူ (Customer/End User) ထံမှ ပေါင်းစပ်ကောက်ခံကာ နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းရခြင်း ဖြစ်ပါတယ်။

သတိပြုရန်အချက် - လုပ်ငန်းက အမြတ်ရသည်ဖြစ်စေ၊ အရှုံးပေါ်သည်ဖြစ်စေ သက်ဆိုင်ခြင်းမရှိပါ။ ရောင်းရငွေ သို့မဟုတ် ဝန်ဆောင်မှုပေးချေမှု ရရှိသည်နှင့် Commercial Tax ကောက်ခံရန် တာဝန်ရှိပြီး လစဉ် သတ်မှတ်ရက်အတွင်း အခွန်ရုံးသို့ ပေးသွင်းကြေညာရပါမည်။ (အချို့သော ကင်းလွတ်ခွင့်ရ ပစ္စည်းနှင့် ဝန်ဆောင်မှုများ၊ သတ်မှတ် ပမာဏအောက် လုပ်ငန်းများမှအပ ကျန်လုပ်ငန်းများ မဖြစ်မနေ လိုက်နာရပါမည်။)

---

အခွန်ကိစ္စများသည် စနစ်တကျ စာရင်းဇယား ရေးဆွဲထိန်းသိမ်းမှု (Accounting Record) မရှိပါက နောက်ဆက်တွဲ ပြဿနာများစွာ ကြုံတွေ့ရနိုင်ပါတယ်။ လုပ်ငန်းစတင်ချိန်မှစ၍ အခွန်ဥပဒေများနှင့်အညီ စနစ်တကျ ဆောင်ရွက်ထားခြင်းက သင့်လုပ်ငန်း၏ ခိုင်မာမှုကို ရေရှည်အတွက် အာမခံချက် ပေးနိုင်မှာဖြစ်ပါတယ်။

DICA ကုမ္ပဏီမှတ်ပုံတင်ခြင်း၊ ရှယ်ယာလွှဲပြောင်းခြင်း၊ UMFCCI အသင်းဝင်လျှောက်ထားခြင်း၊ Trade Net 2.0 လုပ်ငန်းစဉ်များနှင့် အခွန်ဆိုင်ရာ ဝန်ဆောင်မှုများအတွက် ခေါင်းခဲစရာမလိုဘဲ တိကျသေချာစွာ ဆောင်ရွက်လိုပါက Primereg Consulting သို့ ယုံကြည်စိတ်ချစွာ ဆက်သွယ်တိုင်ပင်နိုင်ပါတယ်။ 🤝

ဆက်သွယ်ရန်- 09795594525(Phone/Viber)

လိပ်စာ - အမှတ် 10(A/B) ၊ ဥက္ကလာသီရိကွန်ဒို ၊ ဥက္ကလာသီရိ(၂)လမ်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့ ။


Address

Yangon

Website

Alerts

Be the first to know and let us send you an email when PrimeReg Consulting posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share