Ko Myo

Ko Myo {သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ}

16/05/2025

ကိုယ့်အရိပ်တောင် မှောင်လာရင်ကိုယ့်ဘေးကနေဖယ်ခွာသွားတာပဲလေ။ဒီလောကမှာ ဘယ်သူ့ကိုမှ ကိုယ့်ဘဝ တစ်သက်တာကို မှီခိုဖို့ဆိုတာဘယ်ရန...
05/05/2025

ကိုယ့်အရိပ်တောင် မှောင်လာရင်
ကိုယ့်ဘေးကနေဖယ်ခွာသွားတာပဲလေ။
ဒီလောကမှာ ဘယ်သူ့ကိုမှ ကိုယ့်ဘဝ တစ်သက်တာကို မှီခိုဖို့ဆိုတာဘယ်ရနိုင်မလဲ။
ဒါကြောင့်
ကိုယ်ရဲ့ဘဝကို တစ်ခြားသူအတွက်
ရှင်သန်ဖို့ဆိုပြီးမကြိုးစားပါနဲ့။
ကိုယ့်ရဲ့တစ်သက်တာကို တစ်ခြားသူပေါ်
ပုံအပ်ဖို့အတွက် မကြိုးစားပါနဲ့။
သူများပေးတဲ့ ပျော်ရွှင်မှုထက်စာရင်
ကိုယ်တိုင်သာ ပျော်ရွှင်မှုကို ရှာယူပါ
သူများပေးတဲ့ ဂရုစိုက်မှုထက်စာရင်
ကိုယ့်ကိုယ်ကိုသာ ပိုပြီးဂရုစိုက်ပါ
သူများပေးတဲ့ ချစ်ခြင်းထက်စာရင်
ကိုယ့်ကိုယ်ကိုသာ ပိုပြီးချစ်ပါ
သူများပေးတဲ့ ထွေးပွေ့မှုထက်စာရင်
ကိုယ့်ကိုယ်ကိုသာ ပိုပြီး နွေးထွေးပါ။
#ဘဝအတွက်စာဖတ်ပါ

05/05/2025

မင်္ဂလာအပေါင်းနဲ့ခညောင်းပြည်စုံကြပါစေ
မေမြို့ယာတောကျောင်းအရှင်ဥက္ကံသ၏ { ရောင်ကြည်တော်ဖွင့် } တရားတော်

#ယာတောကျောင်းအရှင်ဥက္ကံသ
#ရောင်ကြည်တော်ဖွင့်

"တန်ဖိုးရှိလွန်းလို့ ဖတ်ဖြစ်အောင်ဖတ်လိုက်ပါ"======================== ကောင်းစားစေချင်လို့ဆိုပြီးလူကြားထဲမှာအရှက်ခွဲခဲ့တဲ့...
27/10/2024

"တန်ဖိုးရှိလွန်းလို့ ဖတ်ဖြစ်အောင်ဖတ်လိုက်ပါ"
========================

ကောင်းစားစေချင်လို့ဆိုပြီး
လူကြားထဲမှာအရှက်ခွဲခဲ့တဲ့
လူတချို့ရယ်

ခင်လို့စတာပါဆိုပြီး
အားနည်းချက်ကို လှောင်ပြောင်ခဲ့တဲ့
လူတချို့ရယ်

ဖြစ်တတ်ပါတယ်ဆိုပြီး
ဟန်ဆောင်မုသားတွေနဲ့ နှစ်သိမ့်ပေးနေတဲ့
လူတချို့ရယ်

ငါဘဝမှာ နင့်ကို အခင်ဆုံးဆိုပြီး
သူစိမ်းဆန်သွားတဲ့
လူတချို့ရယ်

နွေးထွေးစွာ ပွေ့ဖက်ထားမယ့်
ဟန်ပန်နဲ့ ရင်ဝကို ရက်ရက်စက်စက်
ဆောင့်ကန်ခဲ့တဲ့
လူတချို့ရယ်

နင့်အတွက် ငါရှိတယ်ဆိုပြီး
နောက်ကျောကိုဓားနဲ့
အကြိမ်ပေါင်းများစွာ ထိုးခဲ့တဲ့
လူတချို့ရယ်

ဆွဲထူမလိုလိုနဲ့
ဆောင့်တွန်းခဲ့တဲ့
လူတချို့ရယ်

မျှော်လင့်ချက်တွေပေးပြီး
အိပ်မက်တွေကို ရိုက်ချိုးပစ်ခဲ့တယ့်
လူတချို့ရယ်

ဘဝမှာ အဲ့လိုလူတွေနဲ့
တွေ့ပြီးတဲ့နောက်ပိုင်း
စိတ်မပါလည်း ပြုံးတတ်လာခဲ့ပါတယ်
အဖော်မက်လွန်းတဲ့ လူတစ်ယောက်မှာ
မိတ်ဆွေစစ်မရှိတာ မဆန်းပါဘူး။

ကျနော် အပေါ်ယံတွေကို တကယ်မုန်းတယ်
#မူရင်းရေးသားသူအားcredit







 #အသိတရား....အသိတရားရှိတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ကို...ဇနီးသည်ရဲ့ရုပ်ရည်နဲ့ ချုပ်စရာမလိုသလို ....သားသမီးသံယောဇဉ်နဲ့လည်း ...
02/10/2023

#အသိတရား....
အသိတရားရှိတဲ့
အိမ်ထောင်ဦးစီးတစ်ယောက်ကို...
ဇနီးသည်ရဲ့ရုပ်ရည်နဲ့ ချုပ်စရာမလိုသလို ....
သားသမီးသံယောဇဉ်နဲ့လည်း ချုပ်ထားစရာ
မလိုပါဘူး....

တစ်ကယ်ဆို ....
မိသားစုတစ်ခုကို ဖန်တီးခဲ့ပြီးမှ...
ကိုယ်ဖန်တီးထားတဲ့ဘဝကို...
အကောင်းဆုံး ပုံဖော်ချင်တဲ့စိတ်လည်း
ရှိနေသင့်ပါတယ်....

အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့....
မိသားစုထက်..တစ်ခြားအရာတွေကို ဦးစား
ပေး အလေးထားပြီး....
မိသားစုဆိုတာ အရေးမပါဘူးလို့ ခံယူလိုက်တဲ့အခါ....သူကိုယ်တိုင်လည်း မိသားစုရဲ့ အရေး
မပါသူဖြစ်သွားမှာပါ....

မိသားစုတစ်စုရဲ့ စိတ်ချမ်းသာမှုဟာ....
အိမ်ထောင်ဦးစီးကောင်း တစ်ဦးရဲ့ ဖန်တီး
နိုင်မှုအနုပညာပါ ...။
~~~~~~~🙏🙏🙏~~~~~~~
#ပျော်ရွှင်တိုးတက်ဖို့_စာဖတ်စို့ #မေတ္တာဖြစ်ပြန်လည်မျှဝေသည် #မူရင်းရေးသားသူကိုအထူးကျေးဇူးတင်ပါတယ် Credit:Original uploader.

ခေါင်းဆောင်...ခေါင်းဆောင်ဆိုတာ ဆရာမဟုတ်တဲ့အတွက်လက်အောက်ငယ်သားကရိုသေချင်မှရိုသေမယ်ဒါပေမယ့်ကိုယ့်လက်အောက်ကလူတွေကိုကိုယ်သိသ...
01/10/2023

ခေါင်းဆောင်...

ခေါင်းဆောင်ဆိုတာ
ဆရာမဟုတ်တဲ့အတွက်
လက်အောက်ငယ်သားက
ရိုသေချင်မှရိုသေမယ်
ဒါပေမယ့်
ကိုယ့်လက်အောက်ကလူတွေကို
ကိုယ်သိသမျှကိုအကုန်သင်ပေးရတယ်

ခေါင်းဆောင်ဆိုတာ
မိဘတော့မဟုတ်ဘူး
ဒါပေမယ့်
ကိုယ့်ရဲ့လက်အောက်က
လူတွေရဲ့ကောင်းခြင်းဆိုးခြင်း
အစစအရာရာကို
တာဝန်ယူခြင်းတာဝန်ခံခြင်းရှိရတယ်

ခေါင်းဆောင်ဆိုတာ
ကိုယ့်လက်အောက်ကလူတွေထက်
ပိုရိုးသားရတယ်
ပိုကြိုးစားရတယ်
ပိုအနစ်နာခံရတယ်
ကိုယ့်လက်အောက်ကလူတွေအပေါ်မှာ
တရားမျှတမှုအမြဲရှိနေရတယ်
ကိုယ်ချင်းစာတရားထားရတယ်

ခေါင်းဆောင်ဆိုတာ
ကိုယ့်အထက်ကဖိအားနဲ့
ကိုယ့်အောက်ကတွန်းအားကြားမှာ
တန်းတူညီမျှဖြစ်အောင်
နေနိုင်ရတယ်

ခေါင်းဆောင်ဆိုတာ
ဆရာလဲမဟုတ်
မိဘလဲမဟုတ်
အလုပ်ရှင်လဲမဟုတ်လို့
ကျေးဇူးရှင်စာရင်းမှာ
ပါချင်မှပါမယ်
ဒါပေမယ့်
အဲ့ဒီသုံးမျိုးလုံးရဲ့
တာဝန်တွေကို
ခေါင်းဆောင်ကောင်းက
လုပ်ပေးနိုင်ရပါတယ်

ခေါင်းဆောင်ဆိုတာ
ကိုယ်ခေါင်းဆောင်နေတဲ့
အစုအဖွဲ့ကို
ကိုယ့်ဘဝ တစ်ခုလိုပဲ
ပစ္စုပ္ပန်မှာရော
အနာဂါတ်အတွက်ပါ
နှလုံးသားနဲ့ခံစားပုံဖော်နိုင်မှသာ
ခေါင်းဆောင်ကောင်းတစ်ယောက်အဖြစ်အောင်မြင်နိုင်မှာဖြစ်ပါတယ်

လူတိုင်းအောင်မြင်ကြပါစေ
~~~~~~~🙏🙏🙏~~~~~~~
#ပျော်ရွှင်တိုးတက်ဖို့_စာဖတ်စို့ #မူရင်းရေးသားသူကိုအထူးကျေးဇူးတင်ပါတယ် #မေတ္တာဖြစ်ပြန်လည်မျှဝေသည်

အဆင်မပြေတိုင်းသာ ငိုနေရရင်မင်းမျက်ရည် ဘယ်ကျန်တော့မှာလဲငိုမနေပါနဲ့ မျက်ရည်တွေသုတ်လိုက် သူငယ်ချင်း..တို့တွေငယ်ငယ်တုန်းကလဲ ...
26/09/2023

အဆင်မပြေတိုင်းသာ ငိုနေရရင်
မင်းမျက်ရည် ဘယ်ကျန်တော့မှာလဲ
ငိုမနေပါနဲ့ မျက်ရည်တွေသုတ်လိုက် သူငယ်ချင်း..

တို့တွေငယ်ငယ်တုန်းကလဲ ငိုခဲ့တယ်
ခုထိငိုနေခဲ့တာ ငိုလို့မဝသေးဘူးလား
သူငယ်ချင်း..

မင်းမှာ သန်မာတဲ့လက်တွေရှိတယ်
မင်းမှာ ကြံ့ခိုင်တဲ့ ခြေတစ်စုံရှိတယ်
မင်းလဲကျလို့ရတယ် ဒါပေမယ့်
မင်းပြန်မထလို့ မရဘူး..

မင်းမှာ အမှားအမှန်ခွဲခြားနိုင်တဲ့ ခေါင်းရှိတယ်
မင်းမှာ ခံစားတတ်တဲ့ နှလုံးသားရှိတယ် ။
မင်းကို အားကိုးပြီး မှီခိုနေတဲ့
မိသားစုတွေရှိတယ် ။
မင်းရှေ့ဆက်သွားမှရမယ် သူငယ်ချင်း..

မင်းအခက်အခဲတွေနဲ့ ကြုံလို့
မင်းကို ဘယ်သူမှ ကူညီမဲ့သူမရှိလဲ
မင်းအခက်အခဲကို မင်းကိုယ်တိုင်
ဖြေရှင်းနိုင်ရမယ် သူငယ်ချင်း..

အရှုံးကိုကြောက်နေရင် ပိုကြိုးစားလိုက်ပါ
လူမှန်ရင် ပြီးပြည့်စုံတဲ့လူရယ်လို့ မရှိပါဘူး
မင်းဘာလိုအပ်နေတာလဲ လိုအပ်တဲ့အရာကို
မင်းလက်နဲ့ယူလေ ကြောက်ရွံ့မနေပါနဲ့
သူငယ်ချင်း..

မင်းရောက်ချင်တဲ့ ပန်းတိုင်ကို
မင်းခြေထောက်နဲ့ လျှောက်လှမ်းပါ သူငယ်ချင်း
မင်းနာကျင်ရင် မင်းပိုခံစားရမယ် ။
မင်းခလုပ်တိုက်ရင် မင်းလဲကျမယ်..

မျက်ရည်တွေနဲ့ ရှေ့ဆက်သွားရင်
လမ်းကို မင်းရှင်းရှင်းလင်းလင်း မြင်ရမှာ
မဟုတ်ဘူး သူငယ်ချင်း..
ဘဝကကြမ်းတယ်ဆိုတာ မင်းအပြစ်မဟုတ်ပါဘူး..
လဲရင် ပြန်မထနိုင်တာကမှ မင်းအပြစ်ဖြစ်သွားပီ
သူငယ်ချင်း..

ဘယ်သူကမှ အဆင်ပြေနေတယ်လို့
ဘယ်ဟုတ်ပါ့မလဲ..
ကိုယ်စီ အခက်အခဲဆိုတာ ရှိတတ်စမြဲပါ
သူငယ်ချင်း..
ဒီလိုပဲ လဲကျလိုက် ပြန်ထလိုက်နဲ့
အခက်အခဲတွေကြာမှာ ရင်ဆိုင်ဖြေရှင်းနေနေရတာပါ.....။ ။

အားလုံးကိုလေးစားစွာဖြင့်...

#ပျော်ရွှင်တိုးတက်ဖို့_စာဖတ်စို့ #မေတ္တာဖြစ်ပြန်လည်မျှဝေသည် #မူရင်းရေးသားသူကိုအထူးကျေးဇူးတင်ပါတယ် original writer

စိတ်ဓာတ်ကျတိုင်းဖတ်ဖို့📚==================မုန်တိုင်းပဲလာလာ လေပဲတိုက်တိုက် တစ်ပွင့်ထဲလည်း ပွင့်ရဲရမယ်...။တစ်ပွင့်ထဲဆိုပေမ...
25/09/2023

စိတ်ဓာတ်ကျတိုင်းဖတ်ဖို့📚
==================

မုန်တိုင်းပဲလာလာ လေပဲတိုက်တိုက် တစ်ပွင့်ထဲလည်း ပွင့်ရဲရမယ်...။

တစ်ပွင့်ထဲဆိုပေမဲ့ လွင့်ကြဲသွားမယ် မထင်နဲ့။

ကိုယ်ရှင်မှ ကိုယ်သန်ရမဲ့ ခေတ်ကြီးမှာ ဘယ်သခင်မှ အားမကိုးဘူး။

ကိုယ်သာလျှင် သခင် ကိုယ်သာလျှင် ဘုရင်မို့ ကိုယ့်ကိုကိုယ်သာ အားထားရာပါ...။

ဘဝဆိုတာ လိုချင်တာ အကုန်ရနေမှ ပျော်ရမယ်လို့ မဆိုလိုပါဘူး။

ကိုယ့်ရဲ့ ဖြစ်တည်မှုတိုင်းကို နှစ်သက်တက်ရင် ပျော်စရာပဲ မဟုတ်လား။

ရှိတာလေးနဲ့ လှအောင်ဝတ် ရှိတာလေးနဲ့ ဝအောင်စား ရောင့်ရဲတက်ရင်လည်း ပျော်စရာပဲလေနော်။

ကြယ်စင်တွေလောက် မလင်းနိုင်ဘူးဆိုပြီး ပိုးစုန်းကြူးလေး ရှက်လို့သေမသွားပါဘူး။

ကြယ်စင်တွေလောက် မလင်းနိုင်ဘူးဆိုပြီးပိုးစုန်းကြူးလေး ရှက်လို့သေမသွားပါဘူး။

သူများ ဘဝကိုအားကျနေရုံနဲ့တော့ မိမိဘဝ တောက်ပလာမှာ မဟုတ်ဘူးနော်...။

သစ်ရွက်လေး ကြွေရုံနဲ့တော့ သစ်ပင်ကြီး သေမသွားပါဘူး။

ကြယ်လေးတွေ ကြွေရုံနဲ့တော့ ကောင်းကင်ကြီး မသေပါဘူး။

ပန်ပုတစ်ရုပ် လှဖို့ဆိုရင်တော့ထွင်းထုလိုက်ရတဲ့အသားစတွေ ရှိတက်စမြဲပဲလေ။

လဲလို့သာ ပြန်မထကျရင် လူဆိုတာ တွားသွားသတ္တဝါတွေ ဖြစ်ကုန်မှာပေါ့ဗျာ အားမလျှော့ပါနဲ့။

မပြည့်စုံခွင့်တောင် ရှိသေးတာပဲကွယ် ကြိုးစားခွင့်လည်း ရှိပါသေးတယ်...။

အနင်းခံမြက်တွေ တဖန် ရှင်သန်လာပြီဆိုရင် သာမန်မြက်တွေထက် ပိုမာတယ်ဆိုတာ သိထားပါ။

Credit original writer

#မူရင်းရေးသားသူကိုအထူးကျေးဇူးတင်ပါတယ် #မေတ္တာဖြစ်ပြန်လည်မျှဝေသည် #ပျော်ရွှင်တိုးတက်ဖို့_စာဖတ်စို့

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Ko Myo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share