Food Safety 360' Solutions

Food Safety 360' Solutions Food Safety and Quality Management Consulting & Training Services

World Food Safety Day 2023
07/06/2023

World Food Safety Day 2023

နှစ်သစ်မှာ ဘေးရန်ကင်းပြီး ပျော်ရွှင် အောင်မြင်မှုတွေနဲ့ အလုံးစုံ ပြည့်ဝ ကြပါစေ… TOP TRI - Food Safety Management Consult...
31/12/2022

နှစ်သစ်မှာ ဘေးရန်ကင်းပြီး ပျော်ရွှင် အောင်မြင်မှုတွေနဲ့ အလုံးစုံ ပြည့်ဝ ကြပါစေ…

TOP TRI - Food Safety Management Consulting and Training Institute

ဒီကနေ့   မှာ အကြိုက်ဆုံး စကားစုလေးကတော့  "Leave NO ONE behind” "ဘယ်သူ့ကိုမှ ချန်မထားပါနဲ့” ဖြစ်ပါတယ်။2022 finds us with ...
16/10/2022

ဒီကနေ့ မှာ အကြိုက်ဆုံး
စကားစုလေးကတော့ "Leave NO ONE behind”
"ဘယ်သူ့ကိုမှ ချန်မထားပါနဲ့” ဖြစ်ပါတယ်။

2022 finds us with an ongoing pandemic, conflicts, a climate that won’t stop warming, rising prices and international tensions. This is affecting global food security.

We need to build a sustainable world where everyone, everywhere has regular access to enough nutritious food.

No one should be left behind.

2022 တွင် ဆက်လက်ဖြစ်ပွားနေသော ကူးစက်ရောဂါ၊ ပဋိပက္ခများ၊ ပူနွေးလာမှုကို ရပ်တန့်မသွားစေသည့် ရာသီဥတု၊ ဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် နိုင်ငံတကာတင်းမာမှုများကို ကျွန်ုပ်တို့ တွေ့ရှိပါသည်။ ဒါဟာ ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဖူလုံမှုကို ထိခိုက်စေပါတယ်။

နေရာတိုင်း လူတိုင်း အာဟာရ လုံလောက်စွာ ရရှိနိုင်သော ရေရှည်တည်တံ့သော ကမ္ဘာတစ်ခု တည်ဆောက်ရန် လိုအပ်ပါသည်။

ဘယ်သူ့ကိုမှ ချန်မထားသင့်ဘူး။

Better production, better nutrition, a better environment, and a better life.

ပိုမိုကောင်းမွန်သောထုတ်လုပ်မှု၊ ပိုမိုကောင်းမွန်သောအာဟာရ၊ ပိုမိုကောင်းမွန်သောပတ်ဝန်းကျင်နှင့် ပိုမိုကောင်းမွန်သောဘဝနေထိုင်မှု။

Ref; https://www.fao.org/world-food-day/en

Today  15.10.2022
15/10/2022

Today

15.10.2022

🎉12121🎉
12/01/2021

🎉12121🎉

🎊တခါတ‌လေ ဘဝမှာ ကိုယ်မကြိုက်ပေမယ့်လဲ ကိုယ့်အတွက်ကောင်းကျိုးပေးတယ်ဆို လုပ်ရတဲ့ အရာတွေ ရှိတယ်။ 🎊ကိုယ်ကြိုက်ပေမယ့်လဲ ကိုယ့်အ...
11/01/2021

🎊တခါတ‌လေ ဘဝမှာ ကိုယ်မကြိုက်ပေမယ့်လဲ ကိုယ့်အတွက်ကောင်းကျိုးပေးတယ်ဆို လုပ်ရတဲ့ အရာတွေ ရှိတယ်။

🎊ကိုယ်ကြိုက်ပေမယ့်လဲ ကိုယ့်အတွက် ကောင်းကျိုး မပေးဘူးဆို စွန့်ဖယ်ရတဲ့ အရာတွေရှိမယ်။

🎊တကယ်တော့ နှစ်ခုလုံးက လုပ်ရတာတော့ သိပ်မလွယ်ဘူး။ မလွယ်တာကို ရလာဒ်တစ်ခု ရအောင်လုပ်ရမှာ - ရသွားပြီဆို အရသာက ချိုမြိန်နေတာ ။

🎉🎉🎉 ဘဝကြီး သာယာလှပဖို့ အကျင့်ကောင်းလေးများ မွေးမြူကြပါစို့ 🎉🎉🎉

နယ်ပယ်အသီးသီးက ‘ငါး’တွေကိုလည်း လူငယ်တွေအတွက် အသံထွက်စေချင်တယ်။.............................................................
10/01/2021

နယ်ပယ်အသီးသီးက ‘ငါး’တွေကိုလည်း လူငယ်တွေအတွက် အသံထွက်စေချင်တယ်။...............................................................................................................................................
ဆရာလင်္ကာရည်ကျော်ရဲ့ ပန်းဒေါင်းဝတ္ထုထဲမှာ ရေးထားသလို ကြက်မတွေက ဥလေးတစ်ဥလောက် ဥပြီးရင်ကို အော်မဆုံးဘူး၊ ငါးတွေကတော့ ဥပေါင်းများစွာ ဥထားတာတောင် ဘာသံမှ မထွက်ဘူးတဲ့။ ဒေါက်တာ ဖြိုးသီဟ ဝေမျှထားတာလေး သဘောကျလို့ ပြန်လည်ဝေမျှလိုက်ပါသည်။...............................................................................................................................................
“မိုတီဗေးရှင်းလား မိုတီဗေးဂျင်းလား”

၁။ အပြင်မှသည် အတွင်းသို့

ကျွန်တော့်အပေါ် လွှမ်းမိုးမှုကြီးတဲ့ စာရေးဆရာတစ်ယောက်ကို ပြောပါဆိုရင် ဆရာဖေမြင့်ကို ရွေးရပါလိမ့်မယ်။ အဲဒီတုန်းက ဆယ်ကျော်သက်ဘ၀ အဆင်မပြေမှုတွေ၊ မိဘနဲ့ မပြေလည်တာတွေကြောင့် စိတ်ဓါတ်တွေကျ၊ သိမ်ငယ်စိတ်တွေ ဝင်ခဲ့ဖူးပါတယ်။ အဲ့လိုနဲ့ ဆရာဖေမြင့်ရဲ့ စာအုပ်တွေ ဖတ်ဖြစ်တယ်ပေါ့။

စိတ်ဓါတ်တက်တာကတော့ ခဏတစ်ဖြုတ်ပါပဲ။ ဒါပေမဲ့ စာဖတ်သမားရဲ့ မှတ်စု၊ စာအုပ်ကမ္ဘာ စတဲ့ စာအုပ်တွေကတစ်ဆင့် အဲ့လို စာဖတ်တဲ့သူ၊ အတွေးအမြင်ရှိတဲ့သူတစ်ယောက် ဖြစ်ချင်လိုက်တာ ဆိုတဲ့ စိတ်တွေ ဝင်လာခဲ့တယ်။ နောက် သူ့စာတွေကတစ်ဆင့် ပရော်ဖက်ရှင်နယ် ဆိုတာ ဘာလဲ၊ ပရိုတစ်ယောက်ရဲ့ စိတ်နေစိတ်ထားတွေ၊ အလုပ်လုပ်တဲ့ပုံစံတွေကို အားကျခဲ့ရတယ်။

မရှက်တမ်း ဝန်ခံံရရင် ကျွန်တော်က ငယ်ငယ်ကတည်းက စာအုပ်စာပေတွေ အများကြီး ဖတ်ခဲ့တဲ့သူ မဟုတ်ဘူး။ ကျောင်းစာပဲ လုပ်တာ။ စာမေးပွဲမှာ အမှတ်များဖို့ အဓိကကိုး။ ဆေးကျောင်း ရောက်တော့လည်း ပိုဆိုးသွားတာပေါ့။ အဲ့လိုလူတစ်ယောက်ကို စာအုပ်စာပေတွေ ဖတ်ရကောင်းမှန်း သိလာစေခဲ့တယ်။

ခုအရွယ်မှာရော Motivation မလိုတော့ဘူးလားဆို လိုတာပေါ့။ စိတ်အားထက်သန်မှုဆိုတာ ကိုယ့်အလုပ်ကို အကောင်းဆုံး လုပ်နိုင်စေဖို့ တွန်းအားပဲ မဟုတ်လား။ ဒါပေမဲ့ အပြင်ကနေ တစ်ယောက်ယောက်က ပြောမှ၊ ရေးမှ တက်ကြွလာတာမျိုး မဟုတ်တော့ဘဲ အတွင်းထဲကနေ လာတဲ့ စိတ်အားထက်သန်မှုမျိုး ဖြစ်လာတယ်။ ကိုယ်လုပ်နေတဲ့ အလုပ်ရဲ့ တန်ဖိုးကို နားလည်တာ၊ ချစ်တာ စတာတွေပေါ့။

ပြောရရင် Motivation ဟာ လိုအပ်ပါတယ်။ သို့သော် ငယ်သေးတဲ့အရွယ်၊ ကျောင်းသူကျောင်းသား အရွယ်မှာတော့ များသောအားဖြင့် အပြင်ကနေ လာတဲ့ တွန်းအားတွေကိုပဲ ယူကြရတယ်။ ဒါကြောင့် တက်ကျမ်းစာအုပ်တွေဟာ အရေးမပါဘူး၊ မလိုအပ်ဘူးလို့တော့ ကျွန်တော် ကျေးဇူးမကန်းချင်သလို ဖတ်နေတဲ့သူတွေကိုလည်း နှိမ်မပြောချင်ဘူး။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီအနေအထားကနေ တက်လာတာမို့လို့ပဲ။

■ ■ ■ ■ ■ ■ ■

၂။ ဒီနေ့ခေတ် လူငယ်တွေ

ပြောကြတယ်။ ခုခေတ် လူငယ်တွေ သိပ်ကံကောင်းတာပဲတဲ့။ အခွင့်အရေးတွေ ပွင့်လာတယ်။ လွတ်လပ်တယ်။ ဖြစ်ချင်တာအကုန် ဖြစ်ခွင့်ရတယ်။ ငယ်ငယ်လေးနဲ့ အောင်မြင်နိုင်တယ်။ အချိန်တိုလေးအတွင်း နာမည်ကြီးနိုင်တယ်။

ဒါပေမဲ့ မေ့ထားဖို့ မသင့်တာက ခုခေတ်လူငယ်တွေကြားထဲမှာ Inequality ဆိုတဲ့ မညီမျှမှုဟာ သိပ်ကြီးလာတယ် ဆိုတာပဲ။

မိဘက မပြည့်စုံရင်၊ ရုပ်ရည်၊ ခန္ဓာကိုယ်အချိုးအစား မလှရင်၊ သူများသုံးသလို မသုံးနိုင်ရင် ဆယ်ကျော်သက် သဘာ၀ သိမ်ငယ်ကြတာပါပဲ။ ဒါပေမဲ့ အရင်ခေတ်က သုံးနိုင်စွဲနိုင်သူ သိပ်မရှိတော့ ခံသာသေးတယ်။ ဘတ်စ်ကားနဲ့ ကျောင်းတက်သူက ၇ ယောက်၊ ကိုယ်ပိုင်ကားနဲ့ လာသူက ၃ ယောက်။ ခုခေတ်ကျ ကိုယ်ပိုင်ကားနဲ့ လာတဲ့သူက ၈ ယောက်။ ဘတ်စ်ကားနဲ့က ကိုယ်ရယ်၊ နောက်တစ်ယောက်ရယ်ပဲ ဖြစ်လာတဲ့အခါ အဆင်မပြေတော့ဘူး။ သိမ်ငယ်စိတ်က ပိုကြီးလာတယ်။ ကိုယ့်ဘဝကိုယ် အားမရတော့ဘူး။

တစ်ဖက်မှာလည်း ခေတ်က တအားတိုးတက်လာတယ်။ ရုပ်ဝတ္ထု ဆန်လာတယ်။ လိုချင်စရာတွေ များလာတယ်။ ဘယ်သူ့ကြည့်လိုက် ကြည့်လိုက် လှနေတယ်။ ပစ္စည်းကောင်းကောင်းတွေ သုံးနေကြတယ်။

ဆိုတော့ ဒီခေတ်က လူငယ်တချို့အတွက် အခွင့်အလမ်း ပိုများလာပေမဲ့၊ တချို့အတွက်တော့ ပိုပြီး စိတ်ဓါတ်ကျစရာ ဖြစ်လာတယ်။ ဘဝတွေက မတူညီတဲ့အခါ ရတဲ့ အခွင့်အလမ်းချင်းလည်း မတူတော့ဘူး။

ချမ်းသာတဲ့ မိဘက ပေါက်ဖွားလာတဲ့ လူငယ်ဟာ ပညာကောင်းကောင်း သင်ခွင့်ရမယ်။ နိုင်ငံရပ်ခြားကို အလည်အပတ်တွေ သွားဖူးမယ်။ ငယ်ငယ်လေးနဲ့ အမြင်ကျယ်မယ်။ နယ်က ကလေးတွေ၊ တိုင်းရင်းသားဒေသက လူငယ်တွေမှာတော့ ဆယ်တန်းလေး အောင်ဖို့တောင် အနိုင်နိုင်။ အင်္ဂလိပ်စာဆိုလည်း အတော်အားနည်းကြတယ်။ နည်းပညာဆိုရင်တောင် စကားလုံးက ကြီးပါသေးတယ်။ Microsoft Word, Excel, Powerpoint တောင် သေချာမသုံးတတ်ကြဘူး။ ဒါဖြင့် မေးမယ်။ သင်တန်းတွေကျ တက်တယ်လေ၊ ဘာလို့ မလုပ်တတ်ရတာလဲ။ ရှင်းပါတယ်။ သင်ပြီး ပြန်လေ့ကျင့်စရာ လပ်ပ်တော့ပ်မှ မရှိတာ။

အဲ့လို အုပ်စု ၂ စုကြားထဲက ကွာဟချက်က သိပ်ကြီးလာတဲ့အခါ၊ လူငယ်အများစုဟာ သူတို့ ရသင့်ရထိုက်တဲ့ အခွင့်အလမ်းတွေ ရမနေတဲ့အခါ၊ အဲ့လိုရခဲ့တဲ့ လက်တစ်ဆုပ်စာ လူတွေက သူတို့အတွက် Idol တွေ ဖြစ်လာကြတယ်။

■ ■ ■ ■ ■ ■ ■

၃။ Motivational speaker တွေရဲ့ ပြဿနာ

Motivational speaker တော်တော်များများကို ကြည့်လိုက်ရင် မိဘချမ်းသာတဲ့ Rich kid တွေ ဖြစ်နေကြတာ များတယ်။ ဒါ သူတို့အပြစ်လည်း မဟုတ်ဘူး။ မိဘဆိုတာ ရွေးချယ်လို့ ရတာမျိုးမှ မဟုတ်တာ။ နောက်ပြီး သူတို့ဘဝမှာလည်း သူ့အတိုင်းအတာနဲ့သူ အဆင်မပြေမှုတွေ၊ ရုန်းကန်ရတာတွေ၊ အခက်အခဲတွေ ရှိကြတာပဲ။

ဒါပေမဲ့လည်း မိဘက ချမ်းသာတဲ့အတွက် သူတို့ရဲ့ တာထွက်မှတ်ကိုက ကျန်တဲ့လူ တော်တော်များများ တစ်နေ့ရောက်မယ်လို့တောင် မမှန်းရဲလောက်တဲ့ နေရာ ဖြစ်နေပြီ။

မိဘက ဘာအရင်းအနှီးမှ မပေးပါဘူးဆိုရင်တောင် မိဘချမ်းသာတဲ့အတွက် သူတို့ဟာ ငယ်ငယ်ကတည်းက လူဝင်ဆံ့တယ်။ အသိုင်းအဝိုင်း ကျယ်တယ်။ ဘယ်သူ့သားလို့ မိတ်ဆက်လိုက်တာနဲ့ကို တော်တော်များများ အဆင်ပြေသွားပြီ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတယ်။ နိုင်ငံရပ်ခြားတွေ သွားဖူးမယ်။ စီးပွားရေးဆိုတာ ဘယ်လိုလုပ်ရသလဲ သိတယ်။

ပြောချင်တာက မိဘချမ်းသာတယ်ဆိုတာ ငွေတစ်ခုတည်း ချမ်းသာတာ မဟုတ်ဘူး။ သားသမီးတွေကို Personality ကောင်းစေတယ်။ Exposure ရစေတယ်။ Network ကျယ်စေတယ်။ ဒီအနေအထားကနေ စပြီး ပြိုင်ပွဲဝင်ရတာ။

သူတို့ကို အားကျနေသူတွေကျတော့ အစိုးရဝန်ထမ်း မိဘကနေ ပေါက်ဖွားလာတာမျိုး ဖြစ်ရင်ဖြစ်နေမယ်။ ရန်ကုန်ကိုတောင် မရောက်ဖူးတဲ့သူတွေ ပါကောင်းပါမယ်။ (အားလုံးတော့ မဟုတ်ပေမဲ့) အဲ့လို မတူညီတဲ့ ဘဝတွေကို ထည့်မစဉ်းစားဘဲ သူတို့ရဲ့ ဖြတ်သန်းမှုအပေါ် အခြေခံပြီးပဲ ဟောပြောနေကြတာက ပြဿနာ ဖြစ်လာတယ်။ နားထောင်လို့တော့ ကောင်းတယ်။ ဒါပေမဲ့ လက်တွေ့မှာ အံမဝင်ဘူး။ Career achievement မရှိတဲ့သူဆို ပိုတောင်မှ ဆိုးသေးတယ်။

■ ■ ■ ■ ■ ■ ■

၄။ ပရိသတ်နောက်ကို လိုက်၊ ပိုက်ဆံတွေ ပိုက် ... ဒါပေမဲ့

အများစုဟာ ပညာရေး အားနည်းတယ်။ ဒီတော့ Google မှာ အလွယ်တကူ ရှာလို့ရတဲ့ စာလေးတွေ ဘာသာပြန်ပြီး ရေးရုံနဲ့ကို အားပေးခံရတယ်။ အဲ့လိုနဲ့ ပရိသတ်နောက် လိုက်ရင်းနဲ့ သူတို့ကိုယ်တိုင် Comfort zone ထဲ ပြန်ရောက်နေကြတယ်။ ၂၀၁၅ တုန်းကလည်း “သင် ရှုံးနိမ့်သွားတာ မဟုတ်ပါဘူး၊ မအောင်မြင်သေးတာပါ”။ ၂၀၁၇ ရောက်တော့လည်း “၇ ခါလဲရင် ၈ ခါ ပြန်ထ”။ ၂၀၂၁ ရောက်တဲ့အထိလည်း ဒီလိုစကားတွေ ပြောနေ၊ ရေးနေတုန်းပဲ။

အနုပညာလောကလိုပေါ့။ ပေါကားတွေကို လူတွေအားပေးတော့ အဲဒါတွေပဲ ရိုက်ကြ။ အဲ့လိုနဲ့ ပိုပိုကောင်းအောင် ဖန်တီးမယ်ဆိုတဲ့ အားထုတ်မှုမျိုး မရှိတော့ဘဲ Comfort zone ထဲ ရောက်သွားပြီး ဖန်တီးမှု အဆင့်အတန်းတွေ နိမ့်နိမ့်လာတယ်။ Production Quality တွေ ပိုကောင်းလာပေမဲ့ Content Quality တိုးတက်မှုနှုန်းကတော့ အောက်ကို ထိုးစိုက်လာတယ်ပေါ့။

■ ■ ■ ■ ■ ■ ■

၅။ စဉ်းစားပြီးမှ လက်ခံ

တကယ်တော့ ကျွန်တော်တို့ စာတွေရေးတယ်၊ ဟောပြောကြတယ် ဆိုတာ ကိုယ့်အတွေ့အကြုံကို လက်ဆင့်ကမ်းတာပဲ။

ဥပမာ ကျွန်တော်တို့ တစ်နေရာရာ သွားမယ်။ ကျွန်တော်က ပြည်လမ်းကနေ သွားတော့ ကားပိတ်တယ်။ အဲဒီအခါ နောက်ကနေ လိုက်လာမဲ့သူတွေကို "ပြည်လမ်းက မလာနဲ့၊ အင်းယားလမ်းက လာ" လို့ လှမ်းပြောလိုက်တော့ နောက်က လာရတဲ့သူတွေဟာ ကျွန်တော့်လို မမှားတော့ဘူး။ ဒါမှမဟုတ်လည်း "ပြည်လမ်းကနေ လာခဲ့" လို့ ပြောလိုက်မယ်။ ဒါဆို ကျွန်တော့်တုန်းကလို စမ်းတဝါးဝါး မဖြစ်တော့ဘူး။

ဒါပေမဲ့ အခါခပ်သိမ်းတော့ ဘယ်မှန်ပါ့မလဲ။ ကျွန်တော် သွားတုန်းကကျ ဒီလမ်းက ကားပိတ်ပြီး သူတို့အလှည့်ကျ ချောင်ချင်ချောင်နေမယ်။ ကျွန်တော့်တုန်းက ချောင်ပြီး သူတို့လာမှ ပိတ်သွားတာလည်း ဖြစ်ရင်ဖြစ်မယ်။

ဥပမာ ကျွန်တော်ဆိုရင် ဘယ်နှနှစ်အတွင်း ဘာဖြစ်ရမယ် ဆိုပြီး ရည်မှန်းချက်တွေ မရှိဘူး။ ဘာလို့လဲဆိုတော့ ကြိုတင်ခန့်မှန်းထားတိုင်း လွဲတတ်လို့။ နောက်တစ်လစာလောက်ပဲ ခေါင်းထဲ ရှိတယ်။ ကိုယ့်အတွက်ကတော့ ဒီပုံစံက ကောင်းတယ်။ အလုပ်ဖြစ်တယ်။ စိတ်လည်း ချမ်းသာရတယ်ပေါ့။ သို့သော် အဲဒါကိုပဲ အမှန်ပါ ဆိုပြီး ပြောနေလို့တော့ မရဘူး။ စနစ်တကျ ရည်မှန်းချက်တွေ ချပြီး ဘဝမှာ အောင်မြင်နေတဲ့သူတွေလည်း တစ်ပုံကြီးပဲလေ။

ဒါကြောင့် လူငယ်တွေကို ပြောချင်တာက ဘယ်သူပြောတာမှ တစ်ထစ်ချ မယုံနဲ့။ ကျွန်တော်တို့အားလုံးဟာ ကိုယ့်အတွေ့အကြုံအပေါ် အခြေခံပြီးပဲ ပြောနေကြတာ။ နားထောင်၊ စဉ်းစား၊ ကိုယ်နဲ့ကိုက်တာ ကိုယ်ယူ။ အဲ့လိုပုံစံမျိုးက အကောင်းဆုံးပဲ။

ဥပမာ Comfort zone ကနေ ထွက်ပါ ဆိုတာ မမှန်ဘူးလားဆို မှန်တယ်။ တချို့တွေ အဖွဲ့အစည်း တစ်ခုတည်းမှာ နှစ်ရှည်လများ အလုပ်လုပ်တယ်။ ရာထူး ထပ်တိုးဖို့ မရှိသလို၊ လစာလည်း များများစားစား မတိုးတော့ဘူး။ သူလုပ်နေကျ အလုပ်တွေကိုပဲ လုပ်နေရတဲ့အတွက် ဘာမှလည်း ကြီးကြီးမားမား ခေါင်းမရှုပ်တော့ဘူး။ ဒါသည် Comfort zone ပဲ။ အေးအေးဆေးဆေးလေး ခေါင်းမရှုပ်ချင်လို့ ဒီမှာပဲ ဆက်လုပ်မယ်ဆို ရပေမဲ့ တိုးတက်ချင်ရင်တော့ ဒီထဲက ထွက်ရမယ်။

သို့သော် သူများတွေ ထွက်လိုက်တဲ့ Comfort zone ဆိုတာ အဖေ့ဆီက သိန်း ၁၀၀ တောင်းပြီး လုပ်ငန်း စလုပ်လိုက်တာမျိုး။ အဆင်မပြေရင် အဲ့ Zone ထဲ အချိန်မရွေး ပြန်ဝင်လို့ ရတယ်။ ကိုယ်တွေ ထွက်လိုက်တဲ့ Comfort zone ဆိုတာ ထွက်လိုက်ပြီးတာနဲ့ လုံးဝပျောက်ပျက်သွားမဲ့ နေရာမျိုး ဖြစ်နေလား။ သေချာ စဉ်းစားကြည့်သင့်တယ်။

မှတ်ထားပါ။ သူ့ပုစ္ဆာအတွက် မှန်နေတဲ့ အဖြေကို ကိုယ့်ကို မေးထားတဲ့ ပုစ္ဆာမှာလည်း မှန်မှာပဲ ဆိုပြီး လာဖြေချင်လို့ မရပါဘူး။

■ ■ ■ ■ ■ ■ ■

၆။ လူငယ်လူကြီးများသို့

ဒါကြောင့် ညီတို့၊ ညီမတို့ အရင်ဆုံး ဘာစလုပ်သင့်လဲဆိုရင် 'အင်္ဂလိပ်စာ' လုပ်ပါ။ အင်္ဂလိပ်စာဆိုတာ ကမ္ဘာကြီးနဲ့ ထိတွေ့ဖို့အတွက် တံတားတစ်စင်းပဲ။

တစ်ဖက်ကမ်းခပ် ကျွမ်းကျင်ဖို့ မဟုတ်သေးဘူး။ Google လောက် ကြည့်နိုင်တယ်၊ TED Talk လို ဟောပြောပွဲတွေကို စာတန်းမထိုးဘဲ နားလည်တယ် ဆိုရင်ကို အတော်လေး ဟုတ်နေပြီ။ (ရုပ်ရှင်ကားတွေကမှ ဗန်းစကားတွေ ပါသေးတယ်။ ဟောပြောပွဲတွေက အများအားဖြင့် ရိုးရိုးရှင်းရှင်းလေးတွေ ပြောကြတာ။) အဲ့လိုသာဆို အခု ညီတို့၊ ညီမတို့ တခုတ်တရ လိုက်မှတ်နေတဲ့ စကားတွေဟာ ဘာမှကို မဟုတ်ပါလား ဆိုတာ ကောင်းကောင်း သဘောပေါက်သွားလိမ့်မယ်။

အခု ၁၀ တန်းအောင်ထားတယ်။ တက္ကသိုလ်ကို အဝေးသင်ဖြစ်ဖြစ် တက်နေတယ်ဆို တခြားမလုပ်နဲ့။ အဲဒါလေး အရင်စလုပ်။ နယ်ကမို့ ရန်ကုန်လာမှ အင်္ဂလိပ်စာသင်တန်း တက်လို့ရမှာဆိုတဲ့ ခေတ်လည်း ကုန်သွားပြီ။ ငွေကုန်ကြေးကျ ဒီလောက်မများတော့ဘူး။

ညီတို့ ညီမတို့မှာ ရှိတဲ့ ရင်းမြစ်တွေက သူများတွေလောက် မပေါများဘူး။ (Limited resource ပေါ့) ဒီတော့ ၅ ထောင်၊ ၁ သောင်းလောက်ကအစ ကိုယ့်​ရှေ့​ရေးအတွက် တကယ်လိုအပ်တာကို ဦးစားပေးပြီး သုံးစေချင်တယ်။ သူများတွေ သုံးသလို မသုံးနိုင်တာကို မရှက်နဲ့။ ကိုယ့်ဘဝနဲ့ကိုယ်ပဲ။

နောက်ပြီး စာများများဖတ်။ နွားခြေရာခွက်ထဲက ဖားသူငယ်လိုပဲ။ စာမဖတ်ရင် အမြင်မကျယ်ဘူး။ သူများပြောသမျှ အဟုတ်ထင်မယ်။ အထင်ကြီးနေမိမယ်။

ဆရာလင်္ကာရည်ကျော်ရဲ့ ပန်းဒေါင်းဝတ္ထုထဲမှာ ရေးထားသလို ကြက်မတွေက ဥလေးတစ်ဥလောက် ဥပြီးရင်ကို အော်မဆုံးဘူး၊ ငါးတွေကတော့ ဥပေါင်းများစွာ ဥထားတာတောင် ဘာသံမှ မထွက်ဘူးတဲ့။ ဒါကြောင့် အဲ့လို နယ်ပယ်အသီးသီးက ‘ငါး’တွေကိုလည်း လူငယ်တွေအတွက် အသံထွက်စေချင်တယ်။ ဒါမှ သူတို့ စံထားသင့်တဲ့ Idol တွေကို ပိုပြီး ထိတွေ့ခွင့်ရမယ်။ မီဒီယာတွေအနေနဲ့လည်း အဲ့လို’ငါး’တွေကို ရှာဖွေပြီး လူငယ်တွေအတွက် မိတ်ဆက်ပေးစေချင်တယ်။

Comfort Zone ထဲ ရောက်နေတဲ့ Motivational Speaker တွေကိုလည်း အဲဒီထဲကနေ ထွက်လာစေချင်တယ်။ အရည်အချင်း ရှိပြီးသား လူတွေမို့ ကိုယ့်ကိုယ်ကိုယ်လည်း မြှင့်တင်ရင်း ကိုယ့်ရဲ့ Follower တွေကိုလည်း ဆွဲခေါ်သွားစေချင်ပါတယ်။

တကယ်တမ်းတော့ ဒီလိုကိစ္စတွေဟာ နိုင်ငံနဲ့ချီပြီး ပြဿနာရှိနေတာကို ပြနေတယ်လို့ မြင်မိပါတယ်။ ပညာရေးစနစ် အားနည်းတာ၊ လူငယ်တွေမှာ အခွင့်အလမ်း မရှိတာ၊ ဆင်းရဲချမ်းသာ ကွာဟတာ၊ မညီမျှမှုတွေ ရှိနေတာ စသဖြင့်ပေါ့။

ဒါကြောင့် လူငယ်တွေ ကြိုးစားကြပါ ဆိုတဲ့ စကားတွေနဲ့တင် မလုံလောက်ဘဲ သူတို့အတွက် 'ပတ်ဝန်းကျင်ကောင်းတစ်ခု' ဖန်တီးပေးဖို့လည်း လိုပါတယ်။ ပတ်ဝန်းကျင်ကောင်း ဆိုတဲ့နေရာမှာလည်း ပညာ​ရေးစနစ်​တွေ၊ ရုပ်ဝတ္ထုပစ္စည်းတွေအပြင် သူတို့ကို မနှိမ်ဘဲနဲ့ တွဲခေါ်ရှင်းပြပေးမဲ့ တတ်သိနားလည်သူတွေလည်း ပါတယ် ဆိုတာကို သိစေချင်ပါတယ်။

Credit ; ဒေါက်တာ ဖြိုးသီဟ
Photo credit;

09/01/2021

🎉ကိုယ့်ရဲ့ ချစ်ရတဲ့ စားသုံးသူများအတွက် ဘေးအန္တရာယ် ကင်းရှင်းတဲ့ အစားအစာများကိုသာ ရောင်းချပေးချင်တာ ဟိုတယ်၊ စားသောက်ဆိုင်များ အပါအဝင် စားသောက်ကုန် ထုတ်လုပ်တဲ့ စက်ရုံများပါ ပေးချင်တဲ့ အရာတစ်ခုပါ။

🎉ကိုယ်တွေ ထုတ်လုပ်လိုက်တဲ့ အစားအသောက်တွေက ကျေးဇူးရှင် စားသုံးသူများ၏ ယုံကြည်စွာ အားပေးမှု အများကြီးရရှိမယ်ဆို ဘယ်လောက် ပျော်စရာ ကောင်းလိုက်မလဲ။

🎉ဒီလို အောင်မြင်မှုတွေ ရရှိဖို့ "A Beginner's Guide to Food Safety'' ကိုစတင်လေ့လာရင်း အကောင်အထည် ဖော်လိုက်ကြရအောင်။

🎉ထို့အတူ ကိုယ်ချစ်ရတဲ့ မိသားစုကို ဘေးအန္တရာယ် ကင်းရှင်းပြီး အာဟာရပြည့်ဝသော အစားအစာများ စားစေချင်တာ အိမ်၏စားဖိုမှူးများရဲ့ အဓိက ရည်ရွယ်ချက်တစ်ခုပါ။ ရည်ရွယ်ချက်တွေကို မှန်ကန်စွာ ရယူနိုင်အောင် လှမ်းလာခဲ့ပါလို့ ဖိတ်ခေါ်လိုက်ပါတယ်။

🎉New Normal (နေထိုင်မှုပုံစံသစ်) တွင် အစားအသောက်များ ဝယ်ယူခြင်း၊ ကိုင်တွယ်ချက်ပြုတ်ခြင်း၊ ထားသိုခြင်း၊ ထုတ်လုပ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း နှင့် ရောင်းချခြင်း အစရှိသည့် လုပ်ငန်းစဉ် တစ်‌လျှောက်လုံးတွင် ဘေးအန္တရာယ် ကင်းရှင်းအောင် လိုက်နာကျင့်သုံးရန် လိုအပ်သည့် အသိပညာများကို အခြေခံမှစ၍ တစ်ဆင့်ချင်း စတင်လေ့လာလို့ရမယ့် အခွင့်အရေးတစ်ခုနှင့် မိတ်ဆက်ပေးချင်ပါတယ်။

🎉ကိုယ်အဆင်ပြေတဲ့နေရာကနေတက်ရောက်နိုင်တဲ့ ZOOM LIVE ဖြင့်သင်ကြားမည့် အစီအစဉ်ဖြစ်ပါတယ်။

🎉လေ့ကျင့် သင်ကြားရမှာတွေကတော့

• The Important of Food Safety & Food Hazards

• Personal Hygiene, Cleaning and Waste Disposal

• How to be preventing of cross-contamination

• Time & Temperature Control

🎉သင်တန်းချိန် စုစုပေါင်း (၈) နာရီ ‌မှာ Assignment များ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ပြီးစီး တင်ပြနိုင်သူများ ကို Certificate ပေးအပ်သွားမှာပါ။

👉သင်တန်းရက်

ဇန်နဝါရီ (၁၆၊၁၇၊၂၃၊၂၄) ရက်နေ့များတွင် (၄)ရက်ကြာ
သင်ကြားရပါမည်။

⭐သင်တန်း အချိန်

ည (၆ - ၈) နာရီအထိကြာမြင့်ပါမယ်။
ဆရာမများ နှင့် အားပါးတရ မေးမြန်း ဆွေးနွေးခွင့် ရပါမယ်။

⭐သင်တန်းကြေး

ပထမဆုံး အပ်နှံသူ ၂၅ ဦး အတွက် ကျပ် ၅၀၀၀၀ ပါ။
ကုမ္ပဏီများအနေဖြင့် (၅)ယောက်အထက်
အပ်နှံသူများ အတွက် ၁၀% Discount ပါ။

(ပုံမှန်သင်တန်းကြေး ကျပ် ၈၀၀၀၀ ပါ။)

🌞သင်တန်းအပ်နှံရန်

သင်တန်းအပ်လိုသူများ chat box (သို့)
#ရုံးဖုန်း 09261013883 သို့ ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

🎉🎉🎉အခုလို စာအရှည်ကြီးကို ဖတ်ပေးကြတဲ့အတွက် ကျေးဇူး အများကြီးတင်ပါတယ်။🎉🎉🎉

Video credit; from google

🎊🎊 မိမိတို့ နေ့စဉ်ဘဝမှာ ဖြစ်လာနိုင်တဲ့ အကြောင်းအရင်းတွေကို ကြိုတင်ခန်းမှန်းထားပြီး ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။   🎊🎊🎉🎉ဘာတ...
08/01/2021

🎊🎊 မိမိတို့ နေ့စဉ်ဘဝမှာ ဖြစ်လာနိုင်တဲ့ အကြောင်းအရင်းတွေကို ကြိုတင်ခန်းမှန်းထားပြီး ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ 🎊🎊

🎉🎉ဘာတွေဖြစ်လာရင်တော့ ဘယ်လို ဖြေရှင်းမယ်ဆိုတာ ပြင်ဆင်ထားရင် အမှန်တကယ် ဖြစ်လာတဲ့အချိန်မှာ ကိုယ့်ဘက်မှာအဖြေ အဆင်သင့် ရှိနေပါလိမ့်မယ်။ 🎉🎉

Address

No. 53C , 8 B , Yangon Insein Main Road , Near San Yeik Nyein Bus Stop
Yangon

Telephone

+959420293394

Website

Alerts

Be the first to know and let us send you an email when Food Safety 360' Solutions posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Food Safety 360' Solutions:

Share