13/10/2026
Fully Automatic Backup Power စနစ်တခု တည်ဆောက်ခြင်း💡✅
ဆိတ်ငြိမ်ရပ်ကွက်တခုရှိ နိုင်ငံခြားသားအများစုအဆင်သင့်ငှါးရမ်းနေထိုင်နိုင်ရန်ဆောက်လုပ်ထားသော(၃)ထပ်တိုက်အဆာက်အဦးတစ်လုံးတွင် 24/7 လျှပ်စစ်မပြတ်တောက်ရေးအတွက် EPC Power Hyrid Inverter နှင့် Diesel Generator တို့ကို အတူတကွတပ်ဆင်ထားရှိပါသည်။
🏡အဆောက်အဦးတစ်ခုလုံးအတွက် တပ်ဆင်ထားသော စုစုပေါင်း လျှပ်စစ်အားပမာဏမှာ 30kW ခန့်ရှိပြီး၊
📍12 KW 3 Phase Hybrid Inverter (၁) စုံနှင့်
📍6 KW Single Phase Hybrid Inverter (၁) စုံ
တို့အား တပ်ဆင်ထားပါတယ်။ Inverter စနစ်မှ အများဆုံးထုတ်ယူ သုံးစွဲနိုင် အားပမာဏမှာ 12 KW + 6 KW ဖြစ်ပါတယ်။
📌မူလ Power စနစ်တခုလုံးမှ Backup Power စနစ် နှင့်မျှတမည့် load ကို ရွေးချယ်ပြီး ခွဲထုတ်ထားရန် လိုအပ်ပါသည်။
📌စုပေါင်းတည်ဆောက်တပ်ဆင်ထားသော Power Sources များအား မီးပျက်/မီးလာချိန်များတွင် လျှပ်စစ် သုံးစွဲမှု အဆင်ပြေချောမွေ့စေရန်နှင့် သက်တမ်းပြည့်အသုံးပြုနိုင်ရန်အတွက် သက်ဆိုင်ရာ Power Source များမှ သက်ဆိုင်ရာ Load Sides များသို့ အချိန်ကိုက်လျှပ်စစ်ပေးနိုင်ရမည်ဖြစ်ပါသည်။
👉 နိုင်ငံခြားသားများသာ အစဥ်သဖြင့် ငှါးရမ်းနေထိုင်လေ့ရှိသည့် အဆောက်အဦးတလုံးဖြစ်သည့်အတွက် တပ်ဆင်ထားသော Wiring စနစ်များ၊ Power Sources များအား EPC မှလျှပ်စစ်ပို့လွှတ် ပေးမှု၊ Hybrid Inverter ၏ Battery SOC% နှင့် အားပြန်သွင်းပေးနိုင်မှု၊ Diesel Generator မှ လျှပ်စစ်ထုတ်ယူသုံးစွဲရန်လိုအပ်မှု အစရှိသည့်အခြေအနေအရပ်ရပ်ပေါ်မူတည်ပြီး အလိုအလျှာက် ထိန်းကြောင်းပေးနိုင်ရန် မဖြစ်မနေလိုအပ်လာသည့်အတွက် Greenish Engineering Co., Ltd. ၏ Engineering Team 👷👷မှအောင်မြင်စွာဆောင်ရွက်ပေးထားနိုင်ခဲ့ပြီဖြစ်ပါသည်။👍