31/05/2025
Music Copyright Myanmar ကနေပြီး သတင်းကောင်းတစ်ခုပါးချင်ပါတယ်။ ဒါက Music Copyright Myanmar (မြန်မာနိုင်ငံဂီတမူပိုင်ခွင့်အဖွဲ့) ဖွဲ့စည်းပြီးကတည်းက မူပိုင်ခွင့်ကိစ္စများစွာကို ဆောင်ရွက်ခဲ့သော်လည်း အများပြည်သူ သိရှိစေဖို့အတွက် သတင်းမထုတ်ပြန်ဖြစ်ခဲ့ပါဘူး။
ဒီတစ်ခါမှာတော့ သတင်းကောင်းတစ်ခုကိုပါးချင်ပါတယ်။ Music Copyright Myanmar မြန်မာနိုင်ငံဂီတမူပိုင်ခွင့်အဖွဲ့ရဲ့ Founder နဲ့ ဥက္ကဌဖြစ်သူ တေးရေးမြင့်မိုးအောင်ရဲ့ ရုပ်/သံဇာတ်လမ်းတွဲနဲ့ ရုပ်ရှင်ဇာတ်ဝင်တေးသီချင်းတွေဖြစ်တဲ့ -
(၁)ဒေါင်းယာဉ်ပျံမှာရေးတဲ့စာ
(၂)အဆိပ်လိုအချစ်
(၃)အဖြူရောင်သက္ကရာဇ်
(၄)ချစ်သေးရဲ့လား
(၅)လောင်းရိပ်မိသောအချစ်
(၆)တခါတုန်းကတက္ကသိုလ်
(၇)အရိပ်များ
(၈)ဖွင့်ဟဝန်ခံချက်
(၉)အချစ်၏ခေါ်ဆောင်ရာ
(၁၀)သစ္စာစူးတတ်တယ်
(၁၁)ယဲ့ယဲ့လေး
(၁၂)အချစ်၏ခေါ်ဆောင်ရာ
စတဲ့ တေးသီချင်း (၁၂) ပုဒ်တိတိကို မြန်မာနိုင်ငံရဲ့ ပထမဆုံး စာပေနှင့်အနုပညာမူပိုင်ခွင့်လိုင်စင်တင်ခြင်းအဖြစ် မြန်မာနိုင်ငံစာပေနှင့်အနုပညာမူပိုင်ခွင့်ဌာန၊ Intellectual Property Department မှာ Online System Registration ကနေတဆင့် ပြုလုပ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ Music Copyright Myanmar အဖွဲ့ရဲ့ မန်နေးဂျင်းဒါရိုက်တာ (Copyright Agent Liscenee) ဒေါက်တာဉာဏ်မင်းထက်က မူပိုင်ခွင့်ကိုယ်စားလှယ်အဖြစ် လွှဲအပ်ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။
အနုပညာမူပိုင်ခွင့်အတွက် Exclusive Solution တစ်ခုဖြစ်လာနိုင်ဖို့ ကျွန်တော်တို့အဖွဲ့မှ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့လည်း ရည်ရွယ်လုပ်ကိုင်လျက်ရှိပါတယ်။ စာပေနှင့်အနုပညာမူပိုင်ခွင့်နဲ့ပတ်သက်ပြီး သိရှိလိုသည်များကိုလည်း အတတ်နိုင်ဆုံး ကူညီပေးလျက်ရှိပါတယ်။ စာပေနှင့်အနူပညာမူပိုင်ခွင့်နှင့်ပတ်သက်လို့ နောက်ထပ် သတင်းကောင်းတွေရှိရင်လည်း ထပ်မံပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။
Stay safe and raise your awareness.