17/05/2026
ProEthics Solutions မှ မြန်မာနိုင်ငံရှိ Manufacturing Sector များအတွက် ပိုမိုလုံခြုံပြီး လေးစားမှုရှိသော လုပ်ငန်းခွင်များဖြစ်ပေါ်လာစေရန် ရည်ရွယ်သော Consultancy Service Package အသစ်တစ်ခုကို စတင်မိတ်ဆက်လိုက်ပါသည်။
ဤ Consultancy Package သည် အထည်ချုပ်စက်ရုံများ၊ ဖိနပ်စက်ရုံများ၊ အစားအသောက်ထုတ်လုပ်ရေးလုပ်ငန်းများနှင့် အခြား ထုတ်လုပ်ရေး လုပ်ငန်းများတွင် လုပ်ငန်းခွင် ကာကွယ်ရေးပုံစံများနှင့် တာဝန်ယူတာဝန်ခံမှုအပြည့်ရှိသော စီမံအုပ်ချုပ်ရေးစနစ်များကို ပိုမိုခိုင်မာစေရန် ရည်ရွယ်၍ ရေးဆွဲထားခြင်းဖြစ်ပါသည်။
ဤအကြောင်းအရာသည် ဘာကြောင့်အရေးကြီးသလဲ?
လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု၊ ကျား/မ အခြေပြု ခွဲခြားဆက်ဆံမှု၊ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှုနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုများသည် လူ့အခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ပြဿနာများသာမက စီးပွားရေးလုပ်ငန်းများအတွက်လည်း အောက်ဖော်ပြပါကဲ့သို့သော အန္တရာယ်များကို ဖြစ်ပေါ်စေနိုင်ပါသည်။
* Productivity ထုတ်လုပ်မှုကျဆင်းခြင်း၊
* ဝန်ထမ်းအလုပ်ထွက်နှုန်းမြင့်မားခြင်း၊
* အလုပ်ပျက်ကွက်မှု များပြားခြင်း၊
* လုပ်ငန်းဂုဏ်သိက္ခာထိခိုက်ခြင်း
* လုပ်ငန်းခွင်လုံခြုံရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အန္တရာယ်များ
ILO/IFC Better Work Programme အပါအဝင် နိုင်ငံတကာအထောက်အထားများအရ လုံခြုံပြီး လေးစားမှုရှိသော လုပ်ငန်းခွင်များသည် Productivity, Competitiveness နှင့် Business Sustainability များကို တိုးတက်စေနိုင်ကြောင်း ဖော်ပြထားပါသည်။
📌 Consultancy Package တွင် ပါဝင်မည့် အကြောင်းအရာများ
✔ လုပ်ငန်းခွင်ဆိုင်ရာမူဝါဒများ ပြန်လည်သုံးသပ်ခြင်းနှင့် ရေးဆွဲပံ့ပိုးခြင်း
✔ လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ကာကွယ်တားဆီးရေးစနစ်များ တည်ဆောက်ခြင်း
✔ ကျား/မ ခွဲခြားထိခိုက်နစ်နာမှုမရှိသော လုပ်ငန်းခွင်စနစ်များအားကောင်းစေခြင်း
✔ အလုပ်သမားများ၊ Supervisors များ၊ HR နှင့် Management များအတွက် အသိပညာပေးသင်တန်းများ ပို့ချပေးခြင်း
✔ လုံခြုံစိတ်ချရသော တိုင်ကြားမှုနှင့် တုံ့ပြန်ဖြေရှင်းမှုစနစ်များ တည်ဆောက်ခြင်း
✔ လျှို့ဝှက်မှုကို ကာကွယ်ပေးသော တိုင်ကြားမှုစနစ်များ ဖော်ဆောင်ခြင်း
✔ တိုင်ကြားမှုများကို ကိုင်တွယ်ဖြေရှင်းသည့် လုပ်ငန်းစဉ်များ တည်ဆောက်ခြင်း
✔ တိုင်ကြားသူများအား အပြန်အလှန်ဖိအားပေးမှုမရှိစေရေးနှင့် ထိခိုက်ခံစားရသူများကို ကာကွယ်ပံ့ပိုးပေးသည့် နည်းလမ်းများ ပံ့ပိုးခြင်း
✔ လုပ်ငန်းခွင်ဆိုင်ရာ ကော်မတီများနှင့် တုံ့ပြန်ဖြေရှင်းမှုစနစ်များ ဖွဲ့စည်းအားကောင်းစေခြင်း၊
ကျွန်ုပ်တို့၏ Consultancy Approach သည် မြန်မာနိုင်ငံ၏ ထုတ်ကုန်ကဏ္ဍ၏ အခက်ခဲပြဿနာများနှင့်ကိုက်ညီသော Practical Workplace-based Solutions လက်တွေ့ကျပြီး လုပ်ငန်းခွင်အခြေနေများအပေါ်အခြေခံ၍ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ProEthics Solutions အနေဖြင့် လုပ်ငန်းများအတွက် Responsible Workplace Systems များကို ပိုမိုခိုင်မာစေရန်နှင့် Workers များ၏ လုံခြုံမှုကို ကာကွယ်ပေးနိုင်သလို Business Sustainability ကိုလည်း အထောက်အကူပြုနိုင်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိပါသည်။
ဤ Consultancy Package အား စိတ်ဝင်စားသော စက်ရုံများနှင့် အဖွဲ့အစည်းများအနေဖြင့် အသေးစိတ်ဆွေးနွေးလိုပါက ProEthics Solutions သို့ ဆက်သွယ်နိုင်ပါသည် 💚
Contact: +95-9-793333539
Email: [email protected]
🌿 ProEthics Solutions is introducing a new Consultancy Service Package to support safer and more respectful workplaces in Myanmar’s manufacturing sector.
This consultancy package is designed for garment factories, footwear factories, food processing businesses, and other manufacturing workplaces seeking to strengthen workplace protection systems and responsible management practices.
Why is this important?
Workplace sexual harassment, gender discrimination, sexual exploitation, and abuse are not only human rights concerns — they also create serious business risks, including:
* productivity loss
* staff turnover
* absenteeism
* reputational damage
* safety and operational risks
International evidence, including from the ILO/IFC Better Work Programme, shows that respectful and safe workplaces can contribute to stronger productivity, competitiveness, and business sustainability.
📌 Topics included in the Consultancy Package:
✔ Workplace policy review & development
✔ Sexual harassment prevention systems
✔ Gender-sensitive workplace practices
✔ Awareness training for workers, supervisors, HR & management
✔ Safe complaint and response mechanisms
✔ Confidential reporting systems
✔ Complaint handling procedures
✔ Non-retaliation & survivor protection approaches
✔ Workplace committees & response mechanisms
Our consultancy approach focuses on practical, workplace-based solutions tailored to Myanmar’s manufacturing context.
At ProEthics Solutions, we aim to help businesses strengthen responsible workplace systems while protecting both workers and business sustainability.
Factories and organisations interested in this Consultancy Package are welcome to contact ProEthics Solutions for further discussion.
#