Marketeens

Marketeens Make your marketing wide

📣 Collaboration Announcementကျွန်တော်က Min Khent ပါ။Jammy Cat Creative ရဲ့ Founderလဲဖြစ်ပါတယ်။ကျွန်တော့်ရဲ့ Jammy Cat Cr...
01/11/2023

📣 Collaboration Announcement

ကျွန်တော်က Min Khent ပါ။
Jammy Cat Creative ရဲ့ Founderလဲဖြစ်ပါတယ်။
ကျွန်တော့်ရဲ့ Jammy Cat Creative ကို အခြေအနေကြောင့်ရပ်နားခဲ့ပါတယ်။ အခု Marketeens ရဲ့ Founder နဲ့ Collaborationလုပ်ပြီး
ရှေ့လျှောက် Processတွေကို Marcateens ဆိုတဲ့ page မှာ ဆက်လက်ပြီးလုပ်ကိုင်သွားမှာဖြစ်ပါတယ်။
Content Writing ရေးသားနည်း နည်းစနစ်တွေကို စနစ်တကျလေ့လာနိုင်အောင်နဲ့ Content Marketing သဘောတရားတွေ၊ Content နယ်ပယ်က အကြောင်းအရာစုံစုံလင်လင်ကိုပြောပြ ပေးသွားမှာ ဖြစ်လို့ ယုံယုံကြည်ကြည်နဲ့ဆက်လက်စောင့်ကြည့်ပေးဖို့ပြောကြားလိုပါတယ်ခင်ဗျ။Jammy Cat Creative creative

ကျွန်တော်က Myat Htut ပါ
Marketeensရဲ့ Founderလဲဖြစ်ပါတယ်
ကျွန်တော့်ရဲ့ Marketeensကို အကြောင်းအမျိုးမျိုးကြောင့်ရပ်နားလိုက်ရပြီး ယခု Jammycat creativeရဲ့ Founder နဲ့ Collaborationလုပ်ပြီး
ရှေ့လျှောက် Processတွေကို Marcateens ဆိုတဲ့ page မှာ ဆက်လက်ပြီးလုပ်ကိုင်သွားမှာဖြစ်ပါတယ်
လက်ရှိဖြစ်ပေါ်နေတဲ့ ဈေးကွက်စီးပွားရေးရဲ့ဖြစ်ပေါ်နေတဲ့အခြေနေတွေထဲကသင်တို့ရဲ့လုပ်ငန်းတွေကိုကျွန်တော်တို့ရဲ့အတွေးအခေါ်နဲ့ စိတ်အားထက်သန်မှုတွေက နောက်တစ်ဆင့်မြှင့်ပေးနိုင်ဖို့ ကြိုးစားမှာဖြစ်ပါတယ် ယုံယုံကြည်ကြည်နဲ့ဆက်လက်စောင့်ကြည့်ပေးဖို့ပြောကြားလိုပါတယ်ခင်ဗျာ

Marcateens Page Link

https://www.facebook.com/profile.php?id=61552771076667&mibextid=ZbWKwL

LET'S START ANOTHER JOURNEY❤️
24/10/2023

LET'S START ANOTHER JOURNEY❤️

အားလုံးပဲမင်္ဂလာပါ ကျွန်တော်ကတော့ MarketeensကစာရေးသူMyat Htut Kyawပါဒီနေ့မှာတော့ Social Mediaခေတ်ဖြစ်တာနဲ့အညီ Online Sho...
25/02/2023

အားလုံးပဲမင်္ဂလာပါ

ကျွန်တော်ကတော့ Marketeensကစာရေးသူ
Myat Htut Kyawပါ

ဒီနေ့မှာတော့ Social Mediaခေတ်ဖြစ်တာနဲ့အညီ Online Shopping တွေကလဲအရမ်းကိုများပြားလာပါတယ် ဒီလိုအခြေနေမျိုးမှာ လက်ရှိလုပ်ကိုင်နေသူတွေကော နောက်ထပ် လုပ်ကိုင်ဖို့စိတ်ကူးထားတဲ့ မိတ်ဆွေတို့အတွက် Online shopping Tipsတစ်ချို့မျှဝေပေးချင်ပါတယ်

ဒီTips လေးတွေကတော့

(1)မိမိ၏ကုန်ပစ္စည်းများကို Up to date အမြဲဖြစ်အောင်ရောင်းချပါ

(2)Social Trendကို သတိပြုပါ Social Trendကိုအမှီလိုက်နိုင်ပါစေ

(3)ဝယ်ယူသူများနှင့်ကောင်းမွန်ရင်းနှီးသောဆက်ဆံရေးတည်ဆောက်ပါ

(4)မိမိကုန်ပစ္စည်း၏ Dataများကို စိတ်ဝင်စားဖွယ်ဖြစ်အောင်ရေးပါ

(5)Onlieမှရောင်းဝယ်ခြင်းဖြစ်တာကြောင့် မိမိတတ်နိုင်သလောက် အလုပ်အပေါ်မှာအချိန်ပေးပါ

(6)ရိုးသားပါ မှန်ကန်တဲ့ အရည်အသွေး ကိုသာ မိတ်ဆွေဘက်မှ ချပြသင့်ပြီး Customer ကိုရောင်းချပေးပါ
အပြောတစ်မျိုး အလုပ်တစ်မျိုးဖြစ်ပါက ရေရှည်တွင် လုပ်ငန်းရပ်တည်နိုင်မည်မဟုတ်ပါ

(7)ကုန်ပစ္စည်းဈေးကွက်အတက်အကျ ကိုမပြတ်လေ့လာပါ

(8)ပြိုင်ဘက်များကို အထူးသတိပြုပါ တို့ပဲဖြစ်ပါတယ်



အသေးစားလုပ်ငန်းတွေလုပ်ရင်ဘာတွေလိုအပ်မလဲ?(ဖတ်ရန်ကြာချိန် ၂မိနစ်)ကျွန်တော်တို့အားလုံးမှာ ကိုယ်ပိုင်အိပ်မက်တွေရှိမှာပါ ဒီအိ...
22/02/2023

အသေးစားလုပ်ငန်းတွေလုပ်ရင်ဘာတွေလိုအပ်မလဲ?
(ဖတ်ရန်ကြာချိန် ၂မိနစ်)

ကျွန်တော်တို့အားလုံးမှာ ကိုယ်ပိုင်အိပ်မက်တွေရှိမှာပါ ဒီအိပ်မက်တွေထဲမှာမှ မိမိကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ဆောင်ချင်တဲ့လူတွေထဲမှာ မိတ်ဆွေတို့ကောမပါဘူးလား?ကျွန်တော်ကဒီနေ့ မိတ်ဆွေတို့ကို ကိုယ်ပိုင်အသေးစားစီးပွားရေးလုပ်ငန်းတစ်ခုလုပ်တဲ့အခါမှ လိုအပ်တဲ့အချက်လေးတွေကို sharingလုပ်ပေးချင်ပါတယ်

ကျွန်တော်က Myat Htut Kyawပါ
Marketeensရဲ့စာရေးသူပါ

အောင်မြင်တဲ့ အသေးစားစီးပွားရေးလုပ်ငန်းတွေ အတွက်အချက်4ချက်ကတော့ ဒီဟာတွေပါပဲ

(1) ခိုင်မာသောစီးပွားရေးလုပ်ငန်းရဲ့ အစီစဉ်တွေချမှတ်ရပါမယ်

အောင်မြင်ပြီးပြီဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တိုင်းက မိတ်ဆွေကို ပြောမဲ့စကားပါပဲ Business planကောင်းကောင်းရှိမှသာ မိတ်ဆွေအနေနဲ့ ဘာဆက်လုပ်ရမယ် ဒါမှမဟုတ် ဘယ်လိုဆက်လုပ်မယ်ဆိုတဲ့ အချက်ကို ကောင်းကောင်းကြီးနားလည်မှာပါ

(2)ဈေးကွက်စီးပွားရေးဗျူဟာကောင်းကောင်းရှိရပါမယ် တစ်နည်းအားဖြင့် Marketing strategyကောင်းကောင်းရှိရမယ်ဆိုတဲ့ အချက်ပါပဲ

​Marketing Strategy ဆိုတာ မိတ်ဆွေလုပ်ငန်းရဲ့ကျောရိုးတစ်ခုပါပဲ မိတ်ဆွေတို့ရဲ့လုပ်ငန်းဟာ အောင်မြင်ခြင်း ကျရှုံးခြင်းက ချမှတ်ထားတဲ့Marketing strategy ပေါ်မှာ အများကြီးမူတည်ပါတယ် သင့်အနေနဲ့ကောင်းမွန်တဲ့ Marketing strategyတစ်ခုကို တည်ဆောက်ချင်တယ်ဆိုရင် သင့်ရဲ့ ပြိုင်ဘက်တွေ ကိုလဲထည့်သွင်းစဉ်းစားဖို့သလို မိတ်ဆွေရဲ့ Product ဒါမှမဟုတ် Serviceကို Cuatomerတွေ ဆီရောက်အောင် Traditional နည်းဖြစ်ဖြစ် ခေတ်ပြိုင်နည်းဖြစ်ဖြစ် ​အသုံးပြုသင့်ပါတယ် Traditionalနည်းဆိုတာက ကျွန်တော်တို့သိတဲ့ Tv channel တွေက ကြော်ငြာတွေဖြစ်ပြီးတော့ ခေတ်ပြိုင်နည်းကတော့ Social mediaကိုအသုံးပြုတာပါ ဒါပေမယ့် အသေးစားလုပ်ငန်းတစ်ခုအတွက်ဆိုရင်တော့ ကုန်ကျစရိတ်သက်သာတဲ့ Social mediaကနေသာ Customerတွေရင်ထဲရောက်အောင် ဖန်တီးသင့်ပါတယ်

(3)Customers တွေအပေါ် ရင်းနှီးပွင့်လင်းသောဆက်ဆံရေးရှိရပါမယ်

Customers သာမရှိရင် သင့်ရဲ့လုပ်ငန်းက ဘယ်လိုမှရပ်တည်နိုင်မှာမဟုတ်ပါဘူး အသေးစားလုပ်ငန်းတစ်ခုဖြစ်တဲ့အတွက် Customers တွေရဲ့ First Impressionကအရမ်းအရေးကြီးပါတယ် သူတို့ရဲ့ယုံကြည်မှုလိုအပ်ပါတယ် ဒါ့အပြင်
Customersတွေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးကလဲ
စီးပွားရေးလုပ်ငန်းတစ်ခုကောင်းကောင်းလည်ပတ်နိုင်ဖို့ လိုအပ်ပါသေးတယ်

(4)ငွေကြေးစီမံခန့်ခွဲခြင်းပါပဲ

​ဒါကအရမ်းအရေးကြီးပါတယ် ငွေကြေးစီမံခန့်ခွဲတာမှန်ကန်ဖို့ က လိုအပ်ပါတယ် ငွေကြေးစီမံခန့်ခွဲခြင်းက လုပ်ငန်းအသေးတော့ကော အကြီးအတွက်ပါ အရေးကြီးတဲ့အကြောင်းအရာပါပဲ ဝင်ငွေ ထွက်ငွေမျှတ မှသာလျှင် လုပ်ငန်းတစ်ခုကောင်းစွာလည်ပတ်နိုင်မှာဖြစ်ပါတာ် မိတ်ဆွေ

ဒီနေ့ကျွန်တော်ပြောပြခဲ့တာတွေက အသေးစားလုပ်ငန်းတစ်ခုလုပ်ဆောင်တဲ့အခါအရေးကြီးတဲ့အချက်တွေပဲဖြစ်ပါတယ် မိတ်ဆွေအနေနဲ့ ဒီအချက်လေးတွေကိုသာ သေချာဂရုစိုက်နိုင်ခဲ့ရင် လုပ်ငန်းတစ်ခုစတင်တဲ့အခါမှာ အောင်မြင်ဖို့ အခြေနေကောင်းမှာပဲဖြစ်ပါတယ်



Facebook တို့လို Social Mediaတွေမှာ ကျွန်တော်တို့ရဲ့ကုန်ပစ္စည်းတွေလူပိုသိစေရန် လုပ်ဆောင်ရမဲ့အချက် ၃ချက် (ဖတ်ရန်ကြာချိန်၃...
20/02/2023

Facebook တို့လို Social Mediaတွေမှာ ကျွန်တော်တို့ရဲ့ကုန်ပစ္စည်းတွေလူပိုသိစေရန် လုပ်ဆောင်ရမဲ့အချက် ၃ချက် (ဖတ်ရန်ကြာချိန်၃မိနစ်)

၃မိနစ်အချိန်ပေးပြီး မိတ်ဆွေရဲ့ facebook marketing ကို မြှင့်တင်လိုက်ပါ

အားလုံးပဲမင်္ဂလာပါ
ကျွန်တော်ကတော့ Marketeensရဲ့စာရေးသူ
Myat Htut Kyawပါ

ဒီနေ့မှာကျွန်တော်က Social media မှာMarketing လုပ်တဲ့အခါ လူတွေပိုသိစေရန်အကြောင်းတစ်ချို့ကိုဖော်ပြပေးမှာပါ

Covidဖြစ်ပြီးကတည်းက ကျွန်တော်တို့နိုင်ငံမှာOnline saleတွေကကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာတာကိုအားလုံးသတိထားမိကြမှာပါ ဒီ Social Media Marketing ရဲ့အဓိကလုပ်ဆောင်တဲ့ရည်ရွယ်ချက်က ကျွန်တော်တို့ရဲ့ Brand တွေကို ပိုပြီးကျယ်ပြန့်လာအောင်နဲ့ လူတွေဆီရောက်အောင်လုပ်ဆောင်ဖို့ပါ

ကျွန်တော်ကဒီနေ့ဥပမာအနေနဲ့ Facebookကိုအခြေခံပြီး ဖော်ပြပေးသွားမှာပါ Favebookပေါ်မှာ လူတော်တော်များများက နေ့စဉ်ရောင်းဝယ်နေကြတယ်ဟုတ် ဒီလိုများပြားတဲ့လူတွေကြားထဲဘယ်လိုထိုးဖောက်ရမလဲဆိုတဲ့ အချက်တွေကို ရှင်းပြပေးမှာပါ

ပထမဆုံးကျွန်တော်တို့က ဒီ Social media marketing ကိုအသုံးပြုတော့မယ်ဆိုရင် Organic marketing နဲ့ Paid SMMလို့ခေါ်တဲ့ Sponspored social media marketing ကို ဦးစွာနားလည်ဖို့လိုပါတယ်

ဒါဆိုOrganic marketing ဆိုတာဘာလဲ?

Organic marketing ဆိုတာလွယ်လွယ်ပြောရရင်
Social Mediaကို ပိုက်ဆံမပေးပဲ Free Marketingလုပ်တဲ့ပုံစံပါ ဒီလိုလုပ်ခြင်းက မိတ်ဆွေအနေနဲ့ Socail mediaရဲ့ Trendတွေ လက်ရှိ Popularဖြစ်နေတဲ့အကြောင်းအရာတွေ ခေတ်ရေစီးကြောင်းနဲ့အမှီလိုက်နိုင်ဖို့တော့လိုပါလိမ့်မယ်
Organic marketing လုပ်မယ်ဆိုရင်တော့ မိတ်ဆွေဘက်က ကို့ရဲ့ကုန်ပစ္စည်း Marketing လုပ်ငန်းအပေါ် ပိုမို အားစိုက်ထုတ်ဖို့လိုအပ်ပါလိမ့်မယ်
Organic marketing က ငွေကုန်သက်သာစေတယ်ပြီးတော့လုပ်ငန်းကိုရေရှည်အကျိုးဖြစ်ထွန်းစေပေမယ့် တစ်ဖက်မှာလဲ လိုချင်တဲ့ ရလဒ်မရစေခြင်း
ကို့ရဲ့ marketing ကိုရောက်စေချင်တဲ့ လူဦးရေ ကန့်သတ်ထားတာခြင်း ပြိုင်ဆိုင်မှုပြင်းထန်စေခြင်းစတဲ့ ပြသနာတွေလဲရှိတာကိုမိတ်ဆွေအနေနဲ့သိထားဖို့လိုပါတယ် အချို့ကုမ္ပဏီတွေကတော့ Organic marketing နဲ့SMMကို အချိုးကျသုံးကြပါတယ်

SMMဆိုတာကတော့ Organic marketingနဲ့ပြောင်းပြန် Facebookရဲ့ဝန်ဆောင်မှုတစ်ချို့ကိုဝယ်ယူပြီးမှ Marketing လုပ်ခြင်းပါ ဒါကိုတော့ အလွယ်အနေနဲ့ Boostလုပ်ကြတယ်လို့ပြောကြပါတယ် Boostလုပ်တာကတော့ ယေဘူယျအချက်အနေနဲ့ပြောရရင် Customerတွေဆီပိုပြီးတော့ရောက်တာပေါ့ ငွေတော့ကုန်တယ် ဒါပေမယ့် ကို့ရဲ့ကုန်ပစ္စည်းနဲ့ပက်သက်ပြီးပိုပြီးကျယ်ပြန့်တဲ့ Knowledge တွေပေးတယ် ဝယ်ချင်အောင်ဆွဲဆောင်နိုင်တယ်ပေါ့ ဒါက SMMရဲ့ အားသာချက်တွေပါပဲ

​ဒုတိယအချက်ကတော့ ပုံတွေ videoတွေနဲ့ GIFSတွေအသုံးပြုခြင်းပါပဲ
ဒီလိုမျိုး ပုံတွေ Videoတွေ GIFSတွေသုံးတာကလဲ
မိတ်ဆွေရဲ့ Brandကို Onlineပေါ်မှာပိုပြီးရင်းရင်းနီးနှီးရှိစေမှာပါ ဒါတွေကသုံးတာက မိတ်ဆွေရဲ့ Postကို စာချည်းပဲ ရေးသားတာထက်စာရင်
Customer တွေကိုပိုပြီးတော့ ဆွဲဆောင်နိုင်စေမှာအသေချာပါပဲ

တတိယအချက်ကတော့ Hshtags # ပါ
ဒီ Hashtagsကလဲ Social media marketing ရဲ့သေချာပေါက်အရေးပါတဲ့အချက်တစ်ခုပါပဲ
Hsahtagsက social mediaတွေရဲ့ Tracking လုပ်တဲ့ ပစ္စည်းတစ်ခုဆိုလဲမမှားပါဘူး ဒီ Hshtagsလေးတွေကလဲ ကို့ရဲ့ Social media campaignကိုလုပ်တဲ့အခါ ဘယ်လောက်အထိ အောင်မြင်လဲဆိုတာကို တိုင်းတာပေးနိုင်ပါတယ်

ဒါတွေကတော့ မိတ်ဆွေတို့ရဲ့ Social media marketing မှာ အသုံးဝင်တဲ့ အခြေခံ အချက်လေးတွေပဲဖြစ်ပါတယ် မိတ်ဆွေရဲ့ Social Media Marketing လုပ်ငန်းတွေမှာ ဒီအချက်လေးတွေမလုပ်ရသေးဘူးဆိုရင် လုပ်ဆောင်လိုက်ပါ သေချာပေါပ် အကျိုးရှိလာပါလိမ့်မယ်



Strategy (မဟာဗျူဟာ)(ဖတ်ရန်ကြာချိန် ၁မိနစ် ၃၀စက္ကန့်)ဒီနေ့မှာတော့ကျွန်တော်က စီးပွားရေးလုပ်ငန်းတစ်ခုမှာ ရှိသင့်တဲ့ ဈေးကွက်...
18/02/2023

Strategy (မဟာဗျူဟာ)
(ဖတ်ရန်ကြာချိန် ၁မိနစ် ၃၀စက္ကန့်)

ဒီနေ့မှာတော့ကျွန်တော်က စီးပွားရေးလုပ်ငန်းတစ်ခုမှာ ရှိသင့်တဲ့ ဈေးကွက်ဖော်ဆောင်တဲ့ မဟာဗျူဟာအ​ေကြာင်းကိုရှင်းလင်းတင်ပြသွားမှာဖြစ်ပြီး
ဒါနဲ့အတူ စီးပွားရေး လုပ်ငန်းတွေရဲ့ မဟာဗျူဟာအချို့ကိုတင်ပြပေးသွားမှာဖြစ်ပါတယ်

သင့်ရဲ့ ၁မိနစ် ၃၀စက္ကန့်စာအချိန်ကို ဒီစာကိုဖတ်ပြီး အတွေးအခေါ် အသစ်တွေကိုရယူလိုက်ပါ

ကျွန်တော်ကတော့ Myat Htut Kyawပါ
Marketeensရဲ့စာရေးသူပါ

ဒီကနေ့မှာတော့ ပထမဆုံး စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ မဟာဗျူဟာက ဘာလဲဆိုတာရှင်းပြပါမယ်

မဟာဗျူဟာဆိုတာ
လုပ်ငန်းတစ်ခုက ကိုလိုချင်တဲ့ Target saleရဖို့
ဒါမှမဟုတ် Bussiness Environment တစ်ခုရဖို့အတွက် အစီစဉ်တစ်ခုချရပါတယ် ဒီအစီစဉ်ဆိုတာက Decision တွေလဲဖြစ်နိုင်သလို လက်တွေ့လုပ်ဆောင်ရမဲ့အစိတ်ပိုင်းတွေလဲဖြစ်နိုင်ပါတယ်
ကာလရှည်အတွက်ပန်းတိုင်တစ်ခုကိုရဖို့ဖြစ်ဖြစ်
Organization အတွက် လည်ပတ်မှုပုံစံတစ်ခုကိုဖန်တီးဖို့ဖြစ်ဖြစ် ဒါမှမဟုတ် ရည်ရွယ်ထားတဲ့အတိုင်း
Planကောင်းကောင်းတစ်ခုလုပ်ဖို့အတွက်ဆိုရင်
Strategyဆိုတာလိုအပ်ပါတယ် ဒါကို Business Strategyလို့ခေါ်ပါတယ်

"How are we going to get there?"ဆိုတဲ့မေးခွန်းဟာ လုပ်ငန်းတစ်ခုရဲ့ မဟာဗျူဟာမြောက် လုပ်ဆောင်မှုတွေကို ဘယ်လိုမျိုး စီမံခန့်ခွဲရမလဲဆိုတာအတွက် အစောဆုံးမေးရမဲ့ မေးခွန်းကောင်းတစ်ခုပါ

ဒီမေးခွန်းလေးရဲ့အဓိပ္ပာယ်က (ငါတို့ ဆန္နရှိတဲ့ အရာတစ်ခုကိုရအောင် ဘယ်လိုသွားရမလဲဆိုတာပါပဲ)

အဖြေကတော့ ကောင်းမွန်တဲ့ Planတစ်ခုကိုရွေးချယ်ပြီး အဲ့ဒီPlanအတိုင်းလုပ်ဆောင်ရပါမယ် ဒါဟာ
Strategyပါပဲ
ဒီလိုမဟာဗျူဟာတွေချမှတ်တဲ့အခါမှာ အခွင့်အလမ်းတွေ ဒါမှမဟုတ် အခက်အခဲတွေကိုလဲကျွန်တော်တို့ကြုံတွေ့နိုင်ပါတယ် ဘယ်အရာမှတော့ ထင်သလောက်မရိုးရှင်းပါဘူး

နောက်တစ်ခုအနေနဲ့ပြောရရင် Strategyဆိုတာမျိုးက ကျွန်တော်တို့လုပ်ငန်းကို ပိုပြီးခိုင်မာလာဖို့ လမ်းကြောင်းမှန်ပေါ်ရောက်လာဖို့ လက်ရှိ ရှိနေတဲ့အရာထက်ပိုကောင်းဖို့အတွက်နဲ့ပြိုင်ဘက်တွေကိုကောင်းမွန်စွာယှဉ်ပြိုင်နိုင်ဖို့ လိုအပ်တဲ့အရာပါပဲ
Straetgyကောင်းကောင်းရှိတဲ့ လုပ်ငန်းဟာတိုးတက်မှု အလွန်ပဲကောင်းပါတယ်

လက်ရှိဈေးကွက်ထဲမှာရှိတဲ့ကုမ္ပဏီတွေ အကောင်အထည်ဖော်သင့်တဲ့ Strategyအချို့ကိုလေ့လာကြရအောင်ပါ

(1)Customers တွေကို ကုန်ပစ္စည်းဒါမှမဟုတ် Serviceနဲ့ပက်သက်ပြီး
ဆွဲဆောင်သင့်ပါတယ် ပြီးရင်တော့ Customersရဲ့လိုအပ်မှုအပေါ်ကို စိတ်ကျေနပ်မှုအပြည့်အဝပေးနိုင်ရပါမယ်

(2)ပြိုင်ဘက်တွေကို ဘယ်လိုယှဉ်ပြိုင်ရမလဲဆိုတာကိုလဲ အမြဲတွေးထားသင့်ပါတယ်

(3)မိမိရဲ့ကုမ္ပဏီကိုဈေးကွက်ထဲမှာ ဘယ်လိုအခြေနေမျိုး ဖန်တီးသင့်လဲဆိုတာကိုလဲ လုပ်ဆောင့်သင့်ပါတယ် Customersကိုဆွဲဆောင်တဲ့အခွင့်အလမ်းတွေကိုလဲ ဖန်တီးသင့်ပါတယ်

(4)ဈေးကွက် စီးပွားရေး ပြောင်းလဲမှူတွေကိုလဲလေ့လာနေရပါမယ်

(5)နောက်ဆုံးတစ်ခုကတော့ ကုမ္ပဏီရဲ့ Targetကိုဘယ်လိုရောက်အောင်သွားမလဲဆိုတဲ့ အချက်ပါပဲ
ဒီလို Targetကိုရောက်နိုင်ဖို့အတွက် ဖြစ်နိုင်သမျှနည်းလမ်းတွေကိုစဉ်းစားရပါမယ်

ဒါကတော့ လက်ရှိ ဈေးကွက်ထဲမှာရှိတဲ့ကုမ္ပဏီတွေဘယ်လိုမျိုးလုပ်ဆောင်သင့်လဲဆိုတဲ့အချက် တွေပဲဖြစ်ပါတယ်
ဒီစာစုကိုဖတ်ပြီးရင်တော့ သင်သာ လက်ရှိကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုခုကိုလုပ်ကိုင်နေသူဆိုရင်
ဒီစာဟာအထောက်ကူ ဖြစ်နိုင်မယ်လို့ကျွန်တော်ယုံည်ပါတယ်
အကယ်၍မိတ်ဆွေအနေနဲ့တချို့အချက်တွေကို ကို့ရဲ့ လုပ်ငန်းအတွက် မလုပ်ဆောင်ရသေးဘူးဆိုရင် တော့အခုပဲစပြီးလုပ်ဖို့အတွက် ကျွန်တော်ကအကြံပြုလိုပါတယ်

Salesနဲ့ Marketing ရဲ့ကွဲပြားတဲ့လုပ်ဆောင်မှု(ဖတ်ရန်ကြာချိန် ၁မိနစ် စက္ကန့်၃၀)အားလုံးပဲမင်္ဂလာပါ ကျွန်တော်ကတော့ Marketeen...
15/02/2023

Salesနဲ့ Marketing ရဲ့ကွဲပြားတဲ့လုပ်ဆောင်မှု
(ဖတ်ရန်ကြာချိန် ၁မိနစ် စက္ကန့်၃၀)

အားလုံးပဲမင်္ဂလာပါ
ကျွန်တော်ကတော့ Marketeens ရဲ့ စာရေးသူ Myat Htutပါ

ဒီနေ့ကျွန်တော်တင်ပြချင်တာက လုပ်ငန်းတချို့ရဲ့ Marketingအပေါ်မှာကွဲပြားတဲ့အယူအဆအကြောင်းပါပဲ အချို့သောလုပ်ငန်းတွေရဲ့Marketing ထပ် Salesကိုသာဦးစားပေးမယ်ဆိုတဲ့ဒီအယူအဆဟာ အစပိုင်းမှာအဆင်ပြေပေမယ့် လုပ်ငန်းရဲ့အောင်မြင်တဲ့အခြေအနေတစ်ခုရောက်ရင် Marketingဟာအသုံးပြုကိုပြုရမယ်ဆိုတဲ့အချက်ကိုမေ့လျော့နေကြမှာစိုးရိမ်မိပါတယ်

တစ်နိုင်တစ်ပိုင်မိသားစုလုပ်ငန်းဖြစ်ပါစေအုန်းတော့မိမိရဲ့ကုန်ပစ္စည်းကိုလူသိများစေရန်အတွက်လုပ်ဆောင်မှသာလျှင် လိူအပ်တဲ့ Target salesကိုရရှိပါမှာ
ဒါကြောင့်Marketingဆိုတာလုပ်ငန်းအားလုံးအတွက်လိုအပ်ပါတယ်လို့ဦးစွာပြောချင်ပါတယ်

ကုန်ပစ္စည်းတစ်ခုဟာတစ်ခါရောင်းချရုံနဲ့မပြီးပါဘူး
ဘယ်လုပ်ငန်းမှလဲကုန်ပစ္စည်းတစ်ခါထုတ်ပြီး ဆက်မထုတ်တော့ဘူးဆိုတဲ့လုပ်ငန်းမျိုးတော့ရှိမယ်မထင်ပါဘူး
ဒီတော့ ဒီနေရာမှာလိုအပ်တာက Customerတွေရဲ့ယုံကြည်မှု စိတ်ချမှုနဲ့ လုပ်ငန်းနဲ့Customerအကြားက Relationshipကောင်းကောင်းတည်ဆောက်ဖို့ပါပဲဒါဟာ စီးပွားရေးလုပ်ငန်းတစ်ခုအတွက်အလွန်အရေးပါ ပါတယ်

Marketingဆိုတာ
ကို့ရဲ့ကုန်ပစ္စည်းကို လူသိများအောင်လုပ်ရုံတင်မက ပါဘူး Customersနဲ့ ကို့ရဲ့ Product ဒါမှမဟုတ် Brandကြားမှာ ယုံကြည်စိတ်ချမှု ဝန်ဆောင်မှုကောင်းမွန်စွာပေးမှုနဲ့ Customersတွေကိုနောက်ထပ်ဝယ်ချင်လာအောင်ဆွဲဆောင်မှုပေးနိုင်တဲ့ တည်ဆောက်ထားသော ပေါင်းကူးတံတားတစ်ခုလိုပါပဲ ဒီလိုမျိုးအချက်အပေါ်အခြေခံပြီးမှ ရောင်းချခြင်း Slaesကိုလုပ်ဆောင်ကြတာပါ Salesဆိုတာက
အလားအလာရှိတဲ့ Customers တွေကို တကယ်ဝယ်ယူမဲ့ Customersအဖြစ်ပြောင်းတာပါပဲ Salesရှိမှသာလျှင် Profit ရမှာကိုး

ဒီတော့ ပြန်အဓိပ္ပာယ်ကောက်ရရင်Profit ရအောင်
Salesရှိမှဖြစ်မှာပါ Salesရဖို့ Customersရှိမှရပါမယ် Customersရဖို့ Marketing ကောင်းဖို့လိုအပ်ပါသေးတယ်

ဒီလို Customersတွေမှာ တောင်မှ ကျွန်တော်တို့အမျိုးအစားပြန်ခွဲရင် ၄မျိုးလောက်ရပါသေးတယ်
ဒါတွေကတော့

Current customers
Potetial customers
first time buyers
repeat purchasers
ဒီလိုပြန်ခွဲလို့ရပါသေးတယ်

ဒီလိုများပြားတဲ့ Customersအမျိုးစားတွေကို ဆွဲဆောင်ပြီး ကို့ရဲ့ကုန်ပစ္စည်းကို ရောင်းချဖို့ လိုအပ်တဲ့အချက်တွေအများကြီးရှိပါတယ် ဒီထဲမှာမှ အရေးကြီးတဲ့တစ်ချက်ကျန်ပါ​ေသးတယ်

ဒါကMarketingပါပဲ



_sales _and_ marketing

TARGET(ပစ်မှတ်) (ဖတ်ရန်ကြာချိန် ၁မိနစ်)Target(ပစ်မှတ်)ဆိုတဲ့အဓိပ္ပာယ်က လူ အရာဝတ္ထု ဒါမှမဟုတ် နေရာ တစ်ခုခုကို ရွေးချယ်ပြီ...
14/02/2023

TARGET(ပစ်မှတ်) (ဖတ်ရန်ကြာချိန် ၁မိနစ်)

Target(ပစ်မှတ်)ဆိုတဲ့အဓိပ္ပာယ်က လူ အရာဝတ္ထု ဒါမှမဟုတ် နေရာ တစ်ခုခုကို ရွေးချယ်ပြီး တိုက်ခိုက်ဖို့ ဒါမှမဟုတ်
တစ်ခုခုလုပ်ဖို့ ရွေးချယ်ထားသင့်တဲ့အရာကိုဆိုလိုတာဖြစ်တယ်
ဒါပေမယ့် စီးပွားရေးလုပ်ငန်းမှာကော Targetဆိုတာဘယ်လိုအဓိပ္ပာယ်လဲ?ဘယ်လိုပစ်မှတ်ကိုပြောချင်တာလဲ?

ကျွန်တော်ကတော့ Myat Htut ပါ
Marketeensရဲ့စာရေးသူပါ

ကျွန်တော်က မနေ့က Customers တွေရဲ့ Needs and wants ကိုတင်ပြပြီးပြီဖြစ်ပါတယ်
စီးပွားရေးလုပ်ငန်းတစ်ခုကို အခုမှစလုပ်မယ့်လူတွေအတွက်နဲ့ Marketingရဲ့ အခြေခံသဘောတရားတွေကို လုပ်ဆောင်ချက်တွေကိုသိဖို့လိုပါတယ်
ဒါမှ ကို့ကုန်ပစ္စည်းကို ဈေးကွက်ထဲ လျှင်လျှင်မြန်မြန်ပို့ဆောင်နိုင်မှာပါ
ကျွန်တော်တို့က Customersတွေရဲ့ Needs and wantsကိုသိပြီးပြီဆိုရင် ရောင်းချမဲ့နေရာကို ရှာဖွေရပါတော့မယ် ကျွန်တော်ဆိုလိုတဲ့ Targetဆိုတာဒါပါပဲ ဈေးကွက်ပစ်မှတ်ကိုသိမှ အလုပ်လုပ် လို့ရမှာပါ

ကုန်ပစ္စည်းတစ်ခုကိုထုတ်လုပ်ပြီး ဈေးကွက်ထဲကိုဖြန့်နိုင်ရင်ပြီးရောဆိုပြီး လုပ်လို့မရပါဘူး သင့်တော်တဲ့ပစ္စည်းကို သင့်တော်တဲ့ ပတ်ဝန်းကျင်မှာ ဖြန့်ဖြူးရမှာပါ ဒါဟာအရေးကြီးတဲ့အချက်ပါပဲ

မြစ်ကြီးနားမှာ Air-Conဟာထင်သလောက်ရောင်းရမှာမဟုတ်သလို အညာဒေသမှာလည်း စောင်အထူကြီးတွေထင်သလောက်ရောင်းလို့ရမှာမဟုတ်ပါဘူး
ဒါကမြင်သာစေတဲ့အချက်ကိုတင်ပြရုံသာပါ ဒီ့ထက်ပိုပြီး များပြားတဲ့ Target Customer analysis
တွေရှိပါသေးတယ်

AGE အသက်
GENDER လိင်အမျိုးအစား
INCOME ဝင်ငွေ
RELIGIOUS ဘာသာရေး
NATIONALITY လူမျိုး
ဒါတွေကိုလဲကြည့်ရပါအုန်းမယ်
ဒါတွေကိုသေချာ Analysis လုပ်နိုင်ရင် သင့်ရဲ့ Target Customer ကိုသိလာပါလိမ့်မယ်
Target customerကိုသိရင် Target Market ကိုသိလာပါလိမ့်မယ်

Marketing လုပ်ငန်းတွေမှာ အခြေခံ အသေးစိတ်တွေကနေပြီးတော့လုပ်ငန်းအဆုံးထိပါဝင်တဲ့အဆင့်တိုင်းကအရေးကြီးပါတယ် ပေါ့ဆလို့မရပါဘူး အပေါ်ကကျွန်တော်ပြောပြထားတဲ့အချက်တွေက Target Market တစ်ခုရှာဖွေဖို့ အသုံးများတဲ့Analysis Dataတွေပါပဲ

Targetနဲ့ပက်သက်တာက ဒီလောက်ပါပဲ နောက်နေ့တွေမှာလဲ Marketing နဲ့ပက်သက်တာတွေကို တစ်နေ့ကို ခေါင်းစဉ်တစ်ခုနှုန်းနဲ့တင်ပြပေးသွားပါမယ်



🎯

NEEDS AND WANTS(ဖတ်ရန်ကြာချိန် ၁မိနစ်)လွယ်သလိုနဲ့ ခက်တယ် ရှင်းသလိုနဲ့ရှုပ်တယ်လို့ဆိုတဲ့Needs and wantsပါ ဒါကို လုပ်ငန်းတ...
13/02/2023

NEEDS AND WANTS
(ဖတ်ရန်ကြာချိန် ၁မိနစ်)

လွယ်သလိုနဲ့ ခက်တယ် ရှင်းသလိုနဲ့ရှုပ်တယ်လို့ဆိုတဲ့
Needs and wantsပါ ဒါကို လုပ်ငန်းတွေအနေနဲ့ကောင်းကောင်းနားလည်ဖို့လိုပါတယ် ဒါကိုနားလည်မှ ကိုလုပ်ချင်တဲ့အလုပ် ပေးချင်တဲ့ Service ရောင်းချချင်တဲ့ ကုန်ပစ္စည်းကို အချိန်မှန် နေရာမှန်နဲ့ လုပ်ကိုင်နိုင်မှာပါ

ကျွန်တော်ကတော့ MYAT HTUTပါ
Marketeensရဲ့ စာရေးသူပါ

တကယ်တော့ဒါကလွယ်ကူတဲ့ အကြောင်းအရာတစ်ခုလို့မထင်ဘူးလား?
စဉ်းစားကြည့်ပါ မိတ်ဆွေတို့
ကျွန်တော်တို့ မြန်မာဘာသာအရတော့ဒါကလိုအင်ဆန္နနဲ့ လိုအပ်မှုပါ
လုပ်ငန်းသဘောအရပြောရရင်တော့ လိုအပ်မှ ကုန်ပစ္စည်းတစ်ခုကိုဝယ်တာမျိုးပါ
ဒါကို NEEDSလို့ ယေဘူယျ ကောက်ချက်ချလို့ရပါတယ်

နောက်တစ်ခုက မလိုအပ်သေးပဲသော်လည်းကောင်း
​လိုချင်လို့သော်လည်းကောင်း ဝယ်ယူခြင်းက လိုအင်ဆန္နပါပဲ ဒီလိုဝယ်ယူတဲ့အခါမှာလဲ ဒီကုန်ပစ္စည်းဟာအခုအသုံးမလိုသေးတာလည်းဖြစ်နိုင်သလို
နောက်မှလိုအပ်တာလဲဖြစ်နိုင်ပါတယ် ဒါကိုတော့Wantsပါပဲ

လုပ်ငန်းတစ်ခုဟာ သူ့ ရဲ့ဈေးကွက်ကိုချဲ့ထွင်တော့မယ်ဆိုရင် သူဦးတည်ထားတဲ့ ဈေးကွက်ဟာ သူရောင်းချမဲ့ ကုန်ပစ္စည်းနဲ့ ကိုက်ညီရဲ့လားဆိုတာစဉ်းစားရပါမယ် ဒါကအလွန်အရေးကြီးပါတယ် ဒါကိုသာသေချာမလုပ်မိပဲငါကတော့ ဒီပစ္စည်းကိုရအောင်ရောင်းမှာပဲဆိုရင်တော့ မိတ်ဆွေထင်သလောက်ရောင်းအားသွက်မယ်မထင်ပါနဲ့ သာမန်လူတန်းစားတွေနဲ့ အခြေခံလူတန်းစားကို ဦးတည်ပြီး Luxury Brandတွေကိုရောင်းချလို့ဖြစ်နိုင်ပါ့မလား?စဉ်းစားပါ ဒါဟာလွယ်ကူရိုးရှင်းပါတယ်

Needs and wantsကိုနားလည်ခြင်းဟာလုပ်ငန်းတစ်ခုအတွက် အဓိက အချက်ပါပဲ
Marketing ဘယ်လောက်ကောင်းကောင်း ဈေးကွက်ဟာသင့်တော် တဲ့နေရာမှာဖြစ်ဖို့လိုပါတယ် လုပ်ငန်းတစ်ခုအောင်မြင်ဖို့အတွက်ဆိုရင် Customers ရဲ့Needs and wantsတွေကို သေချာသိမှာကိုဖြစ်မှာပါ ဒါဟာ လုပ်ငန်းရဲ့ အရေးကြီးတဲ့ Analysisလုပ်ရမဲ့အရာပါ

Customer တွေလိုအပ်မဲ့အရာကို အချိန်မီဖြည့်ဆည်းနိုင်ဖို့က စီးပွားရေးလုပ်ငန်းတွေရဲ့ တာဝန်ဖြစ်ပါတယ် စီးပွားရေးလုပ်ငန်းတွေကဒီအချက်ကို မိမိရရ စုပ်ကိုင်နိုင်ရပါမယ်
Customer တွေရဲ့ လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ပြီဆိုရင် နောက်တစ်ကြိမ်မှာ သူဟာလိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေ သင့်ရဲ့ကုန်ပစ္စည်းကို
လိုအင်ဆန္နအရ ဝယ်ယူထားပါလိမ့်မယ် ဒါဆိုရင်သင့်ရဲ့ Customerတွေအပေါ်ပေးတဲ့ ဝန်ဆောင်မှုဟာအတိုင်းအတာတစ်ခုအထိ ခရီးရောက်ပြီလို့ဆိုနိုင်ပါပြီ ဒီလိုအခြေနေမျိုးကို မှန်မှန်နဲ့ကောင်းကောင်းမွန်မွန် ထိန်းသိမ်းနိုင်မယ်ဆိုရင် သင့်ရဲ့လုပ်ငန်းအောင်မြင်လာပါလိမ့်မယ်



Marketingဆိုတာ ဘာကြီးလဲ?(ဖတ်ရန်ကြာချိန်  ၁မိနစ်)Marketing ဆိုတာကဘာလဲ?လူတိုင်း ရင်းနှီးတဲ့စကားတစ်ခုပါပဲဈေးကွက်ထဲမှာ ကုမ္ပ...
12/02/2023

Marketingဆိုတာ ဘာကြီးလဲ?(ဖတ်ရန်ကြာချိန် ၁မိနစ်)

Marketing ဆိုတာကဘာလဲ?

လူတိုင်း ရင်းနှီးတဲ့စကားတစ်ခုပါပဲ
ဈေးကွက်ထဲမှာ ကုမ္ပဏီတွေ လုပ်ငန်းတွေက လုပ်တဲ့အရာတွေကမှ Marketing လား? ဒါမှမဟုတ် ဒီ့အပြင် Marketing နဲ့ပက်သက်တာတွေရှိသေးလား?

ဟုတ်ကဲ့ပါ ! ဒီနေ့ကတော့ Marketing ဆိုတာဘာလဲနဲ့ စလိုက်ကြရအောင်ပါ

ကျွန်တော်ကတော့ Myat Htutပါ
Marketeensရဲ့စာရေးသူပါ

တကယ်တော့ Marketing ဆိုတာ ကျွန်တော်တို့ လူမှုဘဝ နေ့စဉ်ထိတွေ့မှုတိုင်းမှာ ပါဝင်နေတယ်ဆိုတာ သတိပြုမိကြရဲ့လား?
လူတစ်ဦးနဲ့တစ်ဦး စကားပြောတာမှာလဲ Marketing လို့ အမည်မတပ်ပေမယ့် သူနဲ့ပက်သက်တဲ့ အဓိပ္ပာယ်တွေအများကြီးပါပဲ
မိမိကိုယ်ကို မိတ်ဆက်ခြင်းဆိုတာက Marketing ပါပဲ သင်ဟာ မိတ်ဆွေအသစ်တွေနဲ့တစ်ယောက်ကိုတစ်ယောက်မိတ်ဆက်တဲ့အခါမှာ Marketingအယူအဆကိုအသုံးပြုရပါတယ် ကို့ရဲ့အကြောင်း ကိုကဘာတွေလုပ်တယ် နဲ့ ကိုယ်ရည်ကိုယ်သွေးတချို့ကို ထုတ်ဖော်မိတ်ဆက်တတ်ကြပါတယ် ဒါဟာ အခြေခံ Marketing သဘောတရားပါပဲ

တကယ်တော့ ကျွန်တော်တို့နေ့စဉ်ဘဝမှာ လူအများနဲ့ထိတွေ့ဆက်ဆံတဲ့အခါမှာ မသိမသာ Marketing ရဲ့အခြေခံသဘောတရားနဲ့ထိတွေ့ရပါတယ် ကျွန်တော်တို့သတိမထားမိသေးလို့ပါ ဘေးနားမှာ အမြဲ သူတို့ရှိနေတတ်ပါတယ်

Marketing ဆိုတာ မိမိပြောချင်တဲ့အကြောင်းအရာတစ်ခုကို တစ်ဖက်လူ လက်ခံလာအောင် ဒါမှမဟုတ် တစ်ဖက်လူ နားလည်အောင် သိရှိအောင် မိတ်ဆက်ခြင်းပါပဲ
တစ်နည်းအားဖြင့်တော့ Marketing ဆိုတာ မိမိ Targetထားတဲ့လူအပေါ်မှာ မိမိရဲ့ Information ကို sharingလုပ်ပေးခြင်းပါပဲ

စီးပွားရေးလုပ်ငန်းတွေ ရဲ့ Marketing လုပ်ငန်းတွေက ရိုးရှင်းပါတယ် အခြေခံအားဖြင့်တော့ မိမိရဲ့ကုန်ပစ္စည်းဒါမှမဟုတ် ဝန်ဆောင်မှု (Service)ကို တစ်ဖက်က ဝယ်သူစိတ်ဝင်စားအောင် ကြိုးပမ်းရတာပါပဲ ဒါမှသာလျှင် သူ့ရဲ့ ထုတ်ကုန် ဒါမှမဟုတ်
ဝန်ဆောင်မှုက လူသိများပြီးရောင်းချရမှာမဟုတ်လား?

Marketing လုပ်တဲ့အခါမှာ အဓိက လိုအပ်တဲ့အရာဟာ ရိုးသားခြင်းပါပဲ ရိုးသားသော Marketing လုပ်ခြင်းဟာ အောင်မြင်ပြီး ရေရှည်ရပ်တည်နိုင်ပါလိမ့်မယ် မရိုးသာတာမျိုးဒါမှမဟုတ် လိပ်ကိုဆင်ဖြစ်အောင် အပြောချိုချိုနဲ့ ရောင်းချခြင်းတွေဟာ Marketing dark sideပါပဲ ဒီလိုလုပ်ငန်းတွေနဲ့ရေရှည်မရပ်တည်နိုငိပါဘူး တိုးတက်နေတဲ့ခေတ်ကြီးမှာ ဘယ်သူမှ မအ တော့ပါဘူး ဒီလို Dark sideပိုင်းရောက်တဲ့ လူတွေနဲ့ကြုံရင်တောင် Customer တွေအနေနဲ့ တစ်ကြိမ်ပဲ ခံမှာပါ နောက်တစ်ကြိမ်မှာတော့ ဒါမျိုးရမယ်မထင်ပါနဲ့ မိတ်ဆွေ ဒါကြောင့် ဈေးကွက်ထဲမှာ ရေရှည်ရပ်တည်နိုင်မယ်မထင်ပါနဲ့
ဒါကြောင့်ရိုးသားသော Marketing သာဖြစ်ပါစေ

Conclusion

တကယ်တော့ Marketing is Every thingပါပဲ
နေရာတိုင်း အချိန်တိုင်းမှာလိုအပ်တဲ့ကိစ္စတစ်ခုပါ
တစ်ခုတော့ မှာချင်ပါတယ်
Marketing နဲ့ပက်သက်တဲ့ဘယ်အရာရာလုပ်လုပ်
မိတ်ဆွေရိုးသားရပါမယ်


?

Address

Yangon

Telephone

+959968976162

Website

Alerts

Be the first to know and let us send you an email when Marketeens posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share