27/07/2020
ကမ္ဘာ့ရွှေဈေးဟာ ၂၀၁၁ခုနှစ်၊စက်တင်ဘာမှာရောက်ခဲ့တဲ့ သက်တမ်းတလျှောက်အမြင့်ဆုံးဈေး$1921.10အထက် ရောက်ခဲ့လေပြီ
_________________________________________
ကမ္ဘာ့ရွှေဈေးဟာ သက်တမ်းတလျှောက်
အမြင့်ဆုံးဈေး$1921.10အထက် ရောက်
ရှိခဲ့ပြီဖြစ်ပြီး၊အာရှဈေးကွက် အချိန်မှာတင်
တအောင်စအမြင့်ဆုံးပေါက်ဈေး$1943.9275
အထိ ရောက်ရှိခဲ့ပြီးလည်း ဖြစ်ပါသည်။နှစ်အစကနေ လက်ရှိအချိန်အထိ ဆိုရင်ကမ္ဘာ့ရွှေဈေးဟာ အတက်နှုန်း ၂၅%ကျော်အထိ ရှိနေပြီလည်း ဖြစ်ပါသည်။ကမ္ဘာ့ရွှေဈေး ဘာလို့တက်နေတာလဲ ဆိုတာ သိချင်ရင် အောက်ကlinksတွေမှာ လေ့လာဖတ်ရှု့နိုင်ပါသည်။
ကမ္ဘာ့ရွှေဈေးဟာဘရတ်တန်ဝုဒ် စနစ် (Bretton Woods system)အဆုံးသတ်ခဲ့သည့်၁၉၇၁ခုနှစ်ထဲ၌ ပျမ်းမျှတအောင်စ ပေါက်ဈေးဟာ$40.62သာရှိခဲ့ပါသည်။လက်ရှိဈေးနှင့်နှိုင်းယှဉ်ကြည့်မည် ဆိုပါက ၄၅၆၉%အထိ အတက်နှုန်း ရှိနေပြီလည်း ဖြစ်ပါသည်။ငွေကြေးတန်ဖိုးတွေ အကျဘက်ဆင်းမှု့တွေ ထပ်ရှိလာရင်တော့ ရွှေဈေးအတက်
အားပြုမှု့ ထပ်ရှိစေဖို့ရန် အထောက်အကူ
ဖြစ်နိုင်ပါသည်။အမေရိကန်နှင့် EUတို့ရဲ့
စီးပွားရေးနှိုးဆွ အသုံးစရိတ် ပမာဏဘုန်း
ပေါလအော သုံးလာမှု့ အနေအထားက
သတ်မှတ် အဿပြာငွေကြေးများ(fiat currencies)တို့ရဲ့ တန်ဖိုးကို အကျဖိအား
ရှိနိုင်ပြီး၊၎င်းအနေအထားသည်က ငွေကြေးတွေလက်ကိုင်ထားကြမှု့ပိုင်း အပေါ်ယုံကြည်မှု့ကိုကျဆင်းစေနိုင်ပြီးဈေးကွက်၌ အဿပြာငွေကြေးများတို့အား လက်ကိုင်ထားမှု့ကို များစွာ
လျော့ကျစေနိုင်ပါသည်။ETFsတွေရဲ့ရွှေ
လက်ကိုင်ထားမှု့ဟာ သမိုင်းတလျှောက်
အမြင့်ဆုံး ပမာဏအထိ ရောက်ရှိခဲ့ပြီးရွှေ
တန်ချိန် ၃၃၂၁တန်အထိ ရှိနေပြီလည်းဖြစ်
ပါသည်။
'ရွှေ 'ဆိုသည်မှာ အစိုးရများက လိုသလောက်
ထုတ်လို့ရတဲ့ ငွေကြေး၊ပစ္စည်းမျိုးလည်းမ
ဟုတ်ပါ။(အရင်ပိုစ့်မှာ ရေးခဲ့သလိုဘဲ )ရွှေ ရဲ့
လည်ပတ် ပမာဏတန်ဖိုးဟာ $15ထရီလီယံ
သာရှိနေပါသည်။အဲဒိလောက်ရှိတဲ့ပမာဏ
ဟာ ဈေးကွက်နှင့် စီးပွားရေး အခင်းအကျင်း
ပိုင်းအရ ကြည့်ရင် အလွန်နည်းသည့်ပမာဏ
လို့ပင် ဆိုရမည်။အမေရိကန်က ဒေါ်လာကို
လိုသလောက် ရိုတ်နှိပ် သုံးစွဲလို့ ရနိုင်ပေမယ့်
ရွှေကိုတော့ လိုသလောက် မထုတ်နိုင်။အမေ
ရိကန်အစိုးရရဲ့ ၁ ဒေါ်လာတန် ငွေစက္ကူ တ
ရွက်ကို ရိုတ်နှိပ် ထုတ်ဝေခ ကုန်ကျစရိတ်ဟာ
၅ ဆင့်ဝန်းကျင်သာ ရှိပါသည်။ဒေါ်လာ ၁၀၀တန် ငွေစက္ကူ တရွက်ရဲ့ ရိုတ်နှိပ်ထုတ်ဝေမှု့ ကုန်ကျ
စရိတ်ဟာ ၁၂ ဆင့်လောက်သာ ရှိပါသည်။
အမေရိကန်၌ M2 ငွေကြေးလည်ပတ်မှု့ပမာ
ဏဟာ နှစ်အစကနေ လက်ရှိအချိန်အထိ
ကာလအတွင်း၌ $3ထရီလီယံအထိတိုးလာ
ခဲ့ပြီး စုစုပေါင်း ပမာဏ $18 .4ထရီလီယံ
အထိ ရှိနေပြီလည်း ဖြစ်ပါသည်။ထိုထိုသောအနေအထားတွေက ဒေါ်လာတန်ဖိုးကိုအကျဆက်တိုက်ရှိလာစေပြီး၊ဒေါ်လာရဲ့ ဝယ်နိုင်စွမ်းအားဟာလည်းပြီးခဲ့တဲ့ ၅နှစ်အတွင်း၌ ၇၅%နီးပါးအထိ ကျဆင်းခဲ့ပါသည်။အဲဒိတော့ရွှေ ဘက် လှည့်တဲ့သူတွေများလာတာဟာအံ့သြစရာဟူ၍ မရှိတော့ပါ။
Fiat currency = zero intrinsic value, it is just belief.
https://m.facebook.com/story.php?story_fbid=1193291847689811&id=100010270207381
https://m.facebook.com/story.php?story_fbid=1190989507920045&id=100010270207381
https://m.facebook.com/story.php?story_fbid=1190204297998566&id=100010270207381
https://m.facebook.com/story.php?story_fbid=1187103541641975&id=100010270207381
https://m.facebook.com/story.php?story_fbid=1157582781260718&id=100010270207381
https://m.facebook.com/story.php?story_fbid=1151993605152969&id=100010270207381
Mon,Jul 27