KK Yadanar

KK Yadanar Wholesale & Retail Market 🛒

04/12/2025

မင်္ဂလာပါရှင့် 💛💛💛
ကိုရီးယား ဆွဲသား ဂါ၀န်လေးတွေကို ဈေးနူန်းချိုသာစွာနဲ့ ရောင်းချပေးမှာရှင်💛💛💛
အသဲတို့ အကြိုက်နဲ့ ထပ်တူကျခဲ့တယ်ဆိုရင် ၀ယ်ယူ‌အားပေးကြပါဦးရှင့်
💛💛💛

Price= 5,500 ks

09-957955592 (Viber & Telegram)

Messenger တို့မှလည်း ၀ယ်ယူအားပေးနိုင်ပါတယ်ရှင့်




03/12/2025

အားလုံးပဲ မင်္ဂလာပါရှင့် 💛
ဒီနှစ်ဆောင်း ❄️ ❄️❄️နှင့် အရမ်းလိုက်ဖက်ညီသော
S H E I N clothing
အထည်လေးတွေ ဈေးသက်သာစွာနဲ့
ရောင်းဖို့ရှိပါတယ် အသဲတို့ရေ💛
အသဲတို့ 💛အကြိုက်နဲ့ ထပ်တူညီပါက
Viber no. 09-957955591 📱
သို့ ဆက်သွယ်ပြီး ၀ယ်ယူအားပေးနိုင်ပါတယ်ရှင့်🫶🏻
clothing


Coffee Wall Sticker ☕🖼️❤️ Coffee ချစ်သူလေးတွေ အတွက် ❤️ ဈေးနူန်း = 7800 ကျပ်ပါရှင့်(In-stock ) ပစ္စည်းအသင့်ရှိပါတယ်ရှင်စတ...
12/08/2025

Coffee Wall Sticker ☕🖼️

❤️ Coffee ချစ်သူလေးတွေ အတွက် ❤️

ဈေးနူန်း = 7800 ကျပ်ပါရှင့်

(In-stock ) ပစ္စည်းအသင့်ရှိပါတယ်ရှင်

စတေကာ ဆိုဒ် = 38 စင်တီမီတာ x 32.5 စင်တီမီတာ
စတေကာ ဆိုဒ် = 15 လက်မ x 12.5 လက်မ

PVC ဖြင့်ပြုလုပ်ထားလို့ ရေစိုခံပါတယ်ရှင် 💧☔💧

ပြန်ခွာတဲ့ အခါလည်း နံရံအောက်ခံ ဆေးသားကို မထိခိုက်စေလို့ စိတ်ချ လက်ချ ကပ်နိုင်ပါတယ်ရှင် 🖼️

၀ယ်ယူလိုပါက page ⌨️
09-957955591 📱
သို့ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်☺️






🎉 Flower Wall Decoration Sticker 🎉နံရံကပ် အလှ စတေကာ PVC ဖြင့်ပြုလုပ်ထားလို့ ရေစိုခံပါတယ်နံရံဆေးသားကို မထိခိုက်စေပဲ အလွယ်...
11/08/2025

🎉 Flower Wall Decoration Sticker 🎉

နံရံကပ် အလှ စတေကာ
PVC ဖြင့်ပြုလုပ်ထားလို့ ရေစိုခံပါတယ်
နံရံဆေးသားကို မထိခိုက်စေပဲ အလွယ်တကူ
ကပ်ခွာနိုင်ပါတယ်
ဈေးနူန်း = 9800 ကျပ်
𝐈𝐧𝐬𝐭𝐨𝐜𝐤 = ပစ္စည်း အသင့်ရှိ
ဒီဇိုင်းဆန်းပြီး အရည်အသွေးကောင်းတဲ့ wall sticker လေးတွေပါ
အသေးစိတ်သိလိုပြီးမှာယူလိုပါက💁‍♀️
Page Messenger 💻⌨️တွင်
စုံစမ်းမေးမြန်းပြီး
09-957955591 ☎ သို့ ဆက်သွယ် ၀ယ်ယူနိုင်ပါတယ်
ငွေပေးချေမူ စနစ်မှာဖြင့်
𝐂𝐚𝐬𝐡 သို့မဟုတ် Bank ဖြင့်ပေးနိုင်ပါတယ်ရှင့်




👚👖🛒
12/05/2025

👚👖🛒

လက်ရှိလောကကြီးက မကောင်းတဲ့အရာတွေနဲ့ ဆက်တိုက်ကြုံနေချိန်မှာ ကိုယ့်စိတ်ကို သတိကြီးကြီးထားပြီး အရာအားလုံးကို အတက်နိုင်ဆုံးက...
03/04/2025

လက်ရှိလောကကြီးက မကောင်းတဲ့အရာတွေနဲ့ ဆက်တိုက်ကြုံနေချိန်မှာ ကိုယ့်စိတ်ကို သတိကြီးကြီးထားပြီး အရာအားလုံးကို အတက်နိုင်ဆုံးကျော်ဖြတ်နိုင်‌အောင် မနည်းကြိုးစားရတယ်🩵

လူတွေကို အထိခိုက်ဆုံးအရာက စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမူဘဲ

မနက်မိုးလင်းလို့စိတ်လေးက ငြိမ်းချမ်းပြီး အဆင်ပြေနေ‌မှ တစ်နေ့တာကို ပေါ့ပါးရွှင်လန်းပြီး ဖြတ်သန်းနိုင်မယ်🩵

မနက်မိုးလင်းတာနဲ့ ကိုယ့်စိတ်က အဆင်မပြေဖြစ်နေရင်အဲ့ဒီနေ့ တစ်ရက်လုံး ခက်ခဲပင်ပန်းစွာ ဖြတ်သန်းရတယ်😥

ခက်ခဲတဲ့နေ့တွေကို ရက်ပေါင်းများစွာဖြတ်သန်းရပြီဆိုရင် စိတ်ကလေးက မကျန်းမာနိုင်တော့ဘူး💔

စိတ်မကျန်းမာရင် ကိုယ်ဟာလည်း တဖြည်းဖြည်း ယုတ်လျော့လာ ဓမ္မတာပါဘဲ😥

ဒါကြောင့် မိမိတို့ရဲ့ စိတ်လေး ကျန်းမာနေဖို့အတွက် နေ့ရက်တိုင်းကို အကောင်းဆုံးရှင်သန်နေထိုင်ကြရအောင်လားရှင်❣️

✍🏻 KK Yadanar

*စိတ်ဒဏ်ရာ*😥🪚လူတွေဟာ တစ်နည်းမဟုတ် တစ်နည်းနဲ့ သူတို့ရဲ့ဒေါသတွေ သူတို့ရဲ့ စိတ်မလုံခြုံမူတွေ သူတို့ရဲ့ အဆင်မပြေမူတွေကို တခြ...
02/04/2025

*စိတ်ဒဏ်ရာ*😥

🪚လူတွေဟာ တစ်နည်းမဟုတ် တစ်နည်းနဲ့ သူတို့ရဲ့ဒေါသတွေ သူတို့ရဲ့ စိတ်မလုံခြုံမူတွေ သူတို့ရဲ့ အဆင်မပြေမူတွေကို တခြားသူတွေအပေါ် လွှဲချလေ့ရှိကြတယ်
(ဥပမာ- သူ့ထက်နိမ့်ပါးတဲ့သူ၊ သူ့ကိုမှီခိုနေရသူ၊ သူ့ရဲ့ အစေအပါး) ဒီလိုလူတွေအပေါ် မှာများသောအားဖြင့် လုပ်ကြတယ်

🪚အဲ့ဒီလိုသူများအပေါ်လွှဲချအပြစ်တင်လိုက်ရမှ သူတို့ရဲ့စိတ်ထဲမှာ လွတ်လပ်ပေါ့ပါးပြီးနေသာထိုင်သာရှိသွားကြတယ်

🪚အဲ့ဒီလို အကျင့်စိတ်ဓာတ်ရှိတဲ့ သူရဲ့ အနားမှာ အချိန်ကြာကြာကိုယ်ဟာ ရှိနေခဲ့ရင် သူ့ရဲ့မကောင်းတဲ့ အပြုအမူအပြောအဆို စတဲ့ အညစ်အကြေးတွေက ကိုယ့်အတွက် စိတ်ဒဏ်ရာ နဲ့ နာကျင်မူတွေဘဲ ရနိုင်တယ်

🪚အဲ့ဒီတော့ကိုယ်ဟာကြာလေ ကြာလေအဆိပ်ငွေ့တွေကြားမှာ စိတ်ပင်ပန်းမူဒဏ်နဲ့ မရှင်သန်နိုင်တော့တဲ့ သတ္တဝါအ‌လိုလိုဖြစ်လာလိမ့်မယ်

🪚အဲ့ဒီလိုပတ်၀န်းကျင်မှာ ကိုယ်ဟာရှိနေမယ်ဆိုရင် အမြန်ဆုံး ရုံးထွက်နိုင်ဖို့ အကြံလေးပေးပါရစေရှင် 🙏🏻

KK Yadanar

28/03/2025

ငလျင်လှုပ်ရင် စားပွဲအောက်မှာနေပါတို့၊ တံခါးကျည်းဘောင်အောက်မှာ နေပါတို့ အစရှိသဖြင့် အရပ်ပြော
စကားတွေရှိတာကို ကြားဖူးကြမှာပါ။
အဲဒါတွေအားလုံးကို ခေါင်းထဲက ထုတ်ပစ်လိုက်ပါ
တော့။ အခုဆောင်းပါးကို ဖတ်ပြီးတဲ့နောက်မှာ စာဖတ်ပရိတ်သတ်တွေရဲ့ အတွေးအခေါ်ပြောင်းသွားနိုင်ပြီး တစ်နေ့တစ်နေ့မှာ သင်တို့ရဲ့ အသက်တွေကို ကယ်
တင်နိုင်ဖို့ အထောက်အကူဖြစ်ပါလိမ့်မယ်။

(Doug Copp ၏ “The Triangle of Life” ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်)

ကျွန်တော့နာမည်က ဒေါက်တာကော့ပ်ပါ။ ကျွန်တော်ဟာ ကမ္ဘာပေါ်မှာ အတွေ့အကြုံ အရင့်ဆုံးကယ်
ဆယ်ရေးအဖွဲ့အစည်းဖြစ်တဲ့ အမေရီကန်အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့ ARTI ရဲ့ကယ်ဆယ်ရေးအကြီးအကဲနှင့် သဘာဝဘေးအန္တရယ်စီမံခန့်ခွဲရေးမှူးရာထူးကို ရရှိထားသူပါ။ ကျွန်တော်ဟာ ပြိုကျနေတဲ့ အဆောက်အအုံ (၈၇၅) ခုထဲကို တွားသွားဝင်ရောက်ခဲ့ဖူးပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း (၆၀)ကျော်က ကယ်ဆယ်ရေးအဖွဲ့အစည်းတွေနဲ့ တွဲဖက်လုပ်ဆောင်ခဲ့ဖူးပြီး အချို့နိုင်ငံတွေမှာဆိုရင် ကယ်ဆယ်ရေးအဖွဲ့တွေကိုတောင် တည်
ထောင်ပေးခဲ့ဖူးပါတယ်။ ၁၉၈၅ခုနှစ်နောက်ပိုင်းမှာ ကမ္ဘာပေါ်မှာ ဖြစ်ပျက်ခဲ့သမျှ အကြီးစားသဘာဝဘေး
အန္တရာယ်တိုင်းမှာ ဝင်ရောက် တာဝန်ထမ်းဖူးပါတယ်။

၁၉၈၅ခုနှစ်၊ မက္ကဆီကိုစီးတီး ငလျင်ဖြစ်ပြီးတဲ့နောက်ပိုင်း ကျွန်တော် ကျောင်းတစ်ကျောင်းထဲကို အရင်ဆုံးတွားသွားဝင်ရောက်တဲ့အခါမှာ ကျောင်းသားကလေး
ငယ်အားလုံး သူတို့တွေရဲ့စာသင်စားပွဲတွေအောက်မှာ ရှိနေတဲ့မြင်ကွင်းပါပဲ့။ ဒါပေမယ့်ကလေးတွေအားလုံး အရိုးတွေ စိစိညက်ညက်ကြေတဲ့အထိပိမိနေကြတာကို စိတ်မချမ်းမြေ့ဖွယ်မြင်တွေ့ခဲ့ရပါတယ်။

တကယ်လို့သာ ကလေးငယ်တွေဟာ အခန်းအလယ်လျှောက်လမ်းထဲက သူတို့တွေရဲ့ စာသင်ခုံတွေနဲ့ ဘေးကပ်လျက်လဲလျောင်းနေခဲ့မယ်ဆိုရင်တောင် အသက်ဆုံးရှုံးချင်မှ ဆုံးရှုံးကြရမှာပါ။
အရှင်ဆုံးပြောပါမယ်။ အဆောက်အအုံးတစ်ခု ပြိုကျတဲ့အခါ မျက်နှာကြက်တွေရဲ့ အလေးချိန်ဟာ ပရိဘောဂတွေရဲ့အပေါ်တည့်တည့်ကိုသက်ရောက်တာကြောင့်
အောက်တည့်တည့်မှာ ရှိတဲ့ အရာဝတ္တုအားလုံးကြေမွသွားကြပါတယ်။

ဒါပေမဲ့ အဲဒီအပျက်အစီးပုံရဲ့ ဘေးနေရာလေးတွေကတော့ ကလိုင်များအဖြစ်ကျန်ခဲ့ပါတယ်။ အဲဒီနေရာအ
လွတ်တွေကို ကျွန်တော်က “အသက်ကယ်တြိဂံ” လို့ အမည်ပေးထားပါတယ်။

အရာဝတ္တုတစ်ခုဟာ ကြီးမားတောင့်တင်းလေ ပိုမိုခိုင်ခံ့လေဖြစ်လို့ သူတို့ရဲ့ဘေးက ကွက်လပ်ဟာလည်း ပိုပြီးကြီးမားနိုင်ပါတယ်။ ဒီတော့ လူသားတွေအနေနဲ့ အဲဒီနေရာလွတ်ထဲမှာ ဘေးမသီရန်မခနေထိုင်နိုင်ဖို့ အခွင့်သာသွားစေပါတယ်။

ငလျင်ကြောင့်ပြိုပျက်နေတဲ့ အဆောက်အအုံပုံတွေကို တီဗွီမှာ တွေ့ရတဲ့အခါ အသက်ကယ်တြိဂံတွေကို လိုက်ပြီးရေတွက်ကြည့်ပါ။ ပြိုပျက်နေတဲ့ အဆောက်အအုံတစ်ခုအထဲမှာ အများဆုံး ဂျီသြမေတြီပုံသဏ္ဌာန်က
တော့ တြိဂံဖြစ်ပြီးနေရာတကာမှာ တွေ့ရပါလိမ့်မယ်။

ဘေးကင်းဖို့ လက်တို့အညွှန်း

၁။ ငလျင်လှုပ်လို့ အဆောက်အအုံတစ်ခုပြိုတော့မလို ဟန်ပြင်နေရင် လူတော်တော်များများဟာ တစ်ခုခု
အောက်ထဲဝင်ပုန်းဖို့လောက်ပဲ သိကြလို့ အဆောက်အအုံပိသေကြရပါတယ်။ စာရေးစားပွဲတွေ ကားတွေအစရှိတဲ့အရာတွေ အောက်ဝင်ပုန်းသူတွေဟာ အဖြစ်ဆိုးနဲ့
ကြုံတွေကြရပါတယ်

၂။ ခွေးတွေကြောင်တွေနဲ့ကလေးငယ်တွေဟာ သန္ဓေသားလောင်းပုံစံ အတိုင်းခွေအိပ်လေ့ရှိတာကို မြင်ဖူးကြမှာပါ။ ငလျင်လှုပ်ပြီဆိုရင်လည်း အဲလိုအနေအထားနဲ့ မြေကြီးပေါ်မှာ လဲလျောင်းနေသင့်ပါတယ်။ ဒါဟာ သဘာဝကပေးတဲ့ ဘေးကင်းလုံခြုံရေးအသိပညာပါပဲ။ ခွေခေါက်နေခြင်းအားဖြင့် နေရာလွတ်သေးသေးလေးထဲမှာ အသက်ရှင်ရက်ကျန်ရှိဖို့ အခွင့်သားသွားစေပါ
တယ်။ အလွယ်တကူပြားချပ်မသွားနိုင်တဲ့ ဆိုဖာခုံ၊ ခု
တင်အစရှိတဲ့ ထုထည်ကြီးကြီး အရာတွေဘေးမှာခွေ
ခေါက်နေလို့ရမယ့် နေရာလွတ်မျိုးတွေရှိတတ်ပါတယ်။

၃။ ငလျင်လှုပ်နေစဉ်ကာလအတွင်းမှာပျဉ်ထောင်အိမ်
တွေဟာ အလုံခြုံဆုံးပါပဲ့။ သစ်သားဟာ ကွေးလွယ်
ညွတ်လွယ်လို့ ငလျင်လှိုင်းတွေနဲ့အတူ အလိုက်သင့်
လှုပ်ရှားနိုင်ပါတယ်။ ပျဉ်ထောင်တစ်လုံးပြိုကျတယ်ဆိုဦးတော့၊ နေရာလွတ်တွေ အများကြီးချန်ထားခဲ့ပါလိမ့်
မယ်။ ဒါအပြင် ပျဉ်ထောင်အိမ်တွေဟာ ပြိုကျရင် ပိမယ့် အလေးအချိန်လည်းနည်းပါးပါတယ်။
အုတ်တိုက်တွေကတော့ ငလျင်လှုပ်ရင် အုတ်ချပ်တွေအဖြစ် တစ်စစီပြိုကွဲသွားတတ်လို့ အောက်မှာရှိနေမယ့်လူတွေအတွက် အန္တရာယ်ရှိပါတယ်။

၄။ ညအချိန်ငလျင်လှုပ်တဲ့အခါကုတင်ပေါ်မှာ တိုက်တိုက်ဆိုင်ဆိုင်ရောက်နေရင် ကုတင်ဘေးကိုသားလှိမ့်ချ
လိုက်ပါ။ ငလျင်လှုပ်ရင် ကုတင်ဘေးလိမ့်ဆင်းဖို့ အကြံ
ပြုချက်တွေကိုသာ ကုတင်ခြေရင်းမြင်သာတဲ့နေရာမှာ ကပ်ထားပေးနိုင်မယ်ဆိုရင် လူအသေအပျောက်နည်းသွားနိုင်ပါတယ်။

၅။ ငလျင်လှုပ်ချိန်မှာ တံခါး၊ ဒါမှမဟုတ် ပြတင်းပေါက်ကနေထွက်ပြေးဖို့ အချိန်မရတော့ဘူးဆိုရင် ဆိုဖာကြီး
ကြီး ဒါမှမဟုတ် ဗီရိုကြီးကြီးဘေးမှာ ခွေခေါက်ပြီးနေ
လိုက်ပါ။

၆။ တံခါးကျည်းဘောင်အောက်မှာ ဝင်ပုန်းနေတဲ့သူတွေဟာ သေဆုံးကြရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့
ငလျင်လှုပ်လို့ ကျည်းဘောင်ပြုတ်ထွက်သွားချိန်မှာ အ
ပေါ်ကအုတ်၊ အင်္ဂတေအစရှိတာတွေ ပြိုကျလာနိုင်လို့ အခန့်မသင့်ရင် ခန္ဓာကိုယ် နှစ်ပိုင်းပြတ်သွားနိုင်ပါတယ်၊

၇။ လှေခါးခွင်ထဲမှာ ဘယ်တော့မှမနေပါနဲ့။ လှေခါးတွေဟာ ပင်မအဆောက်အအုံနဲ့ တစ်ဆက်တည်းမရှိတတ်ဘဲ ပုခက်လွှဲသလို ယိမ်းခါနေအောင် တည်ဆောက်ထားတတ်တာမို့ ငလျင်လှုပ်ပြီဆိုရင် ပြုတ်ကျလာပြီး
အောက်မှာရှိတဲ့ သူတွေကို လှေခါးထစ်တွေက အပိုင်းပိုင်းခုတ်ဖြတ်ပစ်တတ်ပါတယ်။ အဆောက်အအုံမပြိုကျနိုင်ဘူးဆိုရင်တောင် ထွက်ပြေးနေတဲ့သူတွေနဲ့ လှေခါး
ပြည့်သွားပြီး ပြုတ်ထွက်သွားနိုင်တဲ့ အန္တရာယ်ရှိလို့
လှေခါးကြံ့ခိုင်မှုကို မပြတ်စစ်ဆေးသင့်ပါတယ်။

၈။ နံရံတွေရဲ့ အတွင်းဘက်ထက် အပြင်ဘက်မှာ ရောက်နေစေဖို့ကြိုးစားပါ။ အတွင်းဘက်မှာ ရောက်နေလို့ အဆောက်အအုံပြိုကျခဲ့ရင် ထွက်ပေါက်ရှာမရဖြစ်တတ်ပါတယ်။

၉။ ငလျင်လှုပ်ချိန်မှာ မော်တော်ယာဉ်အတွင်းဝင်ရောက်ပုန်းအောင်းသူတွေဟာ ပြင်ပက အရာတွေသူတို့အပေါ်ပိတဲ့ခါ ထွက်ပြေးလို့မရဘဲ ပိသေကြရပါ
တယ်။
တကယ်လို့သာ ကားထဲကထွက်လာပြီးကားဘေးနားမှာ ကပ်လျက်ခွေခေါက်အိပ်နေရင်တောင် အသက်ရှင်သန်မှုအခွင့်အရေး ပိုရှိနေပါသေးတယ်။ ကားတွေဟာ ဘယ်လောက်ပိပိသူတို့ရဲ့ဘေးကပ်လျက်မှာ သုံးပေ
လောက်ကွက်လပ်ကျန်ခဲ့တတ်ပါတယ်။ ဒီကွက်လပ်
လေးဟာ အသက်ကယ်တြိဂံပါပဲ့။

၁၀။ ပြိုကျပျက်စီးနေတဲ့ သတင်းစာတိုက်တွေနဲ့ စာရွက်အသုံးများတဲ့ အခြားရုံးတွေကို ဝင်ရောက်ကြည့်ရှုဖူးတဲ့အတွေ့အကြုံအရ စက္ကူတွေဟာ လွယ်လွယ်နဲ့ပြားကပ်မသွားတတ်တာတွေကို တွေ့ရပါတယ်။ စက္ကူပုံကြီး
ဘေးနားမှာဆိုရင်တော့ နေရာလွတ်ကြီးကြီးမားမား
ကျန်တတ်ပါတယ်။ ဒီအချက်တွေကို ၁၉၉၆ခုနှစ်မှာ
လက်တွေ့စမ်းသပ်ကြည့်ပြီးသားဖြစ်ပြီး တူရကီအစိုးရ၊ အစ္စတန်ဘူလ်မြို့အုပ်ချုပ်ရေးအဖွဲ့နဲ့ ARTI ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ စမ်းသပ်ချက်မှာ သိပ္ပံနည်းကျ အဖြေ
ထွက်ခဲ့ပါတယ်။

ကျွန်တော်တို့ ပူးပေါင်းအဖွဲ့ဟာ လူသားတို့ရဲ့ခံစားမှုအတိုင်းသိရှိ ခံစားနိုင်တဲ့ လူတူစက်ရုပ် (၂၀)ကို ကျောင်းတစ်ကျောင်းနဲ့ နေအိမ်တစ်လုံးထဲထည့်ပြီး အဆောက်အအုံတွေကို ဖြိုချကြည့်ခဲ့ပါတယ်။
စက်ရုပ် (၁၀) ရုပ်ကို အောက်ထဲပြေးဝင်ပုန်းတဲ့ စနစ်အတိုင်း နေရာချထားခဲ့ပြီး ကျန်တဲ့စက်ရုပ် (၁၀)ရုပ်ကို
တော့ ကျွန်တော့ရဲ့ အသက်ကယ်တြိဂံနည်းစနစ် အတိုင်းနေရာချထားခဲ့ပါတယ်။ အဆောက်အအုံပြိုကျသွား
ပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့ ပူးပေါင်းအဖွဲ့ဟာ အဆောက်အအုံအပျက်ထဲဝင်ပြီး မှတ်တမ်းတင်ခဲ့ပါ
တယ်။

အဲဒီအခါမှာ တစ်ခုခုအောက် ပြေးဝင်ပုန်းတဲ့နည်းကို သုံးရင် အသက်ရှင်စရာလမ်းမမြင်တဲ့ အနေအထား
တွေမှာ အသက်ကယ်တြိဂံနည်းစနစ်ကို သုံးတဲ့သူတွေဟာ အသက်အန္တရာယ်ကနေ လွတ်ငြိမ်းချမ်းသာဖို့ ရာ
နှုန်းပြည့်ရှိနေတာကို တွေ့ခဲ့ရပါတော့တယ်။

ဒီဥပမာကို ကြည့်ခြင်းအားဖြင့် ငလျင်လှုပ်ပြီဆိုရင် ပြာယာခတ်မသွားပဲ ခိုင်ခံ့ပစ္စည်းတွေရှိတဲ့နေရာတွေ
ဘေးကွေးကွေးကလေးဝင်ထိုင်နေတတ်ဖို့လိုအပ်တယ်ဆိုတာ သိကြမယ်လို့ ထင်ပါတယ်။

ကမ္ဘာကြီးမှာ သဘာဝဘေးအန္တရာယ်တွေ ပိုမိုဖြစ်ပွားလာလို့ လူသားတွေရဲ့ အသက်အန္တရာယ်ပိုမိုရှိလာတဲ့အတွက် တစ်ခုခုဖြစ်လာခဲ့လို့ရှိရင် အဆင်သင့်ဖြစ်နေ
စေဖို့ မိမိနေထိုင်ရာ အိမ်၊ ပတ်ဝန်းကျင်မှာ အသက်
ကယ်ပစ္စည်းတွေ များများစားစား ထားရှိဖို့လိုအပ်ပါမယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ အသက်ကယ်တြိဂံဘယ်နှခုရှိနိုင်တယ်ဆိုတာကို ကြိုတင်ရှာဖွေထားသင့်ပါတယ်လို့
အကြံပြုလိုက်ပါရစေ။
( Doug Copp ၏ “ The Triangle of Life” ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်။)

Credit: Original Writer Via ကိုဖေအောင်

Myanmar News Market Page မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

UWOO Y1 YM Heat Not Burn MiniPod မှာ UWOO ဆိုမသိသူမရှိအောင်ကိုနာမည်ကြီးတဲ့ Brand လေးပါ။ Cigarette 🖤ကြိုက်သူတွေအတွက်အဆင်ပ...
26/03/2025

UWOO Y1 YM Heat Not Burn Mini

Pod မှာ UWOO ဆိုမသိသူမရှိအောင်ကိုနာမည်ကြီးတဲ့ Brand လေးပါ။

Cigarette 🖤ကြိုက်သူတွေအတွက်အဆင်ပြေပြီးအသုံးပြုရလွယ်ကူစေမှာပါ။

အပြင်သွားတိုင်းဆေးလိပ်သောက်တတ်သူများအတွက်♨️မီးခြစ်လိုက်ရှာ‌စရာမလို‌ဘဲအလွယ်တကူထည့်သောက်လို့အဆင်ပြေစေမည့်ပစ္စည်းကောင်းလေးတစ်ခုပါ။

အရောင်လေးအနေနဲ့ကတော့ရွေးချယ်စရာလေးမျိုးတောင်ရှိပါတယ်နော်။

Red ❤️
Black 🖤
Silver 🤍
Rose Gold 🩷

ဈေးနှုန်းကတော့ 45500 ကျပ်ရောင်းချပေးသွားမှာပါ
အခုချိန် Website တွေမှာဝယ်ရင်တောင် အနည်းဆုံး$10 ကျော်နေပါပြီနော်။ 😲

အရမ်းတန်တဲ့ဈေးလေးနဲ့ရောင်းပေးထားတာမို့အရောင်တွေမကုန်ခင်အမြန်လာမှာမှရမယ်နော်။

09-957955591

KK Yadanar Page မှာလည်း လာရောက်၀ယ်ယူနိုင်ပါတယ်ရှင်




ကိုယ် ကိုယ်တိုင်လည်း Negative Thinking နဲ့ Jealousy များတဲ့ လူအမျိုးအစားထဲပါတယ် ဘယ်တော့ဖြစ်ဖြစ် မကောင်းမြင်စိတ်က အရင်ဖြစ...
25/03/2025

ကိုယ် ကိုယ်တိုင်လည်း Negative Thinking နဲ့ Jealousy များတဲ့ လူအမျိုးအစားထဲပါတယ် ဘယ်တော့ဖြစ်ဖြစ် မကောင်းမြင်စိတ်က အရင်ဖြစ်တယ်
အဲ့ဒီတော့ ဘာဖြစ်လာလဲဆိုတော့ အရင်ဆုံး ပူလောင်ရတာ ကိုယ် နောက်ပြီးတော့စိတ်ပင်ပန်းပြီး ဘာမှ မလုပ်တော့တာဘဲ ယောင်ဝါးဝါးနဲ့ ဘ၀ကို ဖြတ်သန်းလာတာ အခုချိန်ထိလို့ပဲပြောရမယ်

🌻ကျွန်တော်တို့တွေရဲ့ အားနည်းချက်က မနာလိုမှု (Jealousy) တွေကို မကျော်လွန်နိုင်တာ။

“Coming together is a beginning.
Keeping together is progress.
Working together is success.” Henry Ford.
ကျွန်တော်တို့တွေရဲ့ အားနည်းချက်က မနာလိုမှု (Jealousy) တွေကို မကျော်လွန်နိုင်တာ။
လူဖြစ်ရတဲ့ ဒုက္ခလို့ပြောရမယ်ထင်တယ်။ လူရယ်လို့ဖြစ်လာရင် Jealousy မနာလိုမှု တွေက အချိန်တိုင်း ဖြစ်နေတတ်တယ်။ ဒါကပုံမှန်ပဲဖြစ်တယ်။ ဒီခံစားချက် energy ကို negative energy မကောင်းတဲ့ စွမ်းအင် ဘက်ကို မရောက်သွားအောင် ကျွန်တော်တို့ ဘယ်လိုလုပ်လို့ရလဲ ကြည့်ရအောင်။
ဒီစာလေးက ပုံမှန်ထပ် နဲဲနဲ ရှည်ပေမဲ့ အချိန်ပေးဖတ်ရတာ တန်မှာပါ။

ပထမဦးဆုံးပြောချင်တာက ဒီခံစားချက်က အင်မတန်အရေးပါတဲ့အတွက် လစ်လျူရှု့ထားလို့မရဘူး။
ကျွန်တော်တို့ တလရရဲ့ အရွေ့မှာ အရေးကြီးဆုံးဖြစ်တဲ့ စည်းလုံးညီညွတ်မှုရဲ့ ရန်သူဖြစ်နေလို့ပါ။

၁။ ကိုယ့်ကိုယ်ကိုမေးပါ။ ဘာကြောင့် ဒီခံစားချက်ကိုခံစားနေရတာလဲ။ ကိုယ့်ထက်ပိုသာသွားမှာ၊ ပိုပြီးတော်သွားမှာ၊ followers တွေပိုများသွားမှာကို စိုးရိမ်နေတာလား။ ယှဉ်ပြိုင်ချင်တဲ့ စိတ်ပေါ်အခြေခံနေတာလား။ တကယ်တော့ ကိုယ့်ဘဝနဲ့ ကိုယ် ကိုယ့် timeline နဲ့ကိုယ် ကိုယ့်ပျော်ရွှင်မှုနဲ့ကိုယ်ပါ။ နောက်ဆုံးကျတော့လဲ စိတ်ချမ်းသာပြီး ပျော်ရွှင်နေတာက လူ့ဘဝအတွက် အရေးကြီးဆုံးပဲထင်တယ်။ ဒီစိတ်လေးရဖို့ ကိုယ့်ကိုယ်တိုင်မှာပဲတာဝန်ရှိနေတာပါ။

၂။ ကိုယ့်ကိုယ်ကို သိအောင်ကြိုးစားပါ။ ယှဉ်ပြိုင်ချင်းက တိုးတက်မှုကိုရနိုင်ပေမဲ့ မှန်ကန်တဲ့ ယှဉ်ပြိုင်မှုကို နားလည်ဖို့လိုတယ်။ အရာရာကိုသိပြီး ပြည့်စုံတဲ့လူမရှိသလို အမြဲစိတ်ချမ်းသာနေတဲ့လူလဲမရှိပါဘူး။ ကိုယ့်ဒုက္ခနဲ့ကိုယ် ကိုယ့် trauma နဲ့ကိုယ် ဖြတ်သန်းနေကြတာကြီးပဲ။ ဒါကြောင့် ကိုယ့်အရည်ချင်းတွေ၊ ကိုယ့်တန်ဖိုးတွေကို သိနေဖို့ အရင်ဆုံးလုပ်ရပါမယ်။ Jealousy ဖြစ်ရတာကလဲ ကိုယ့်ကိုယ်ကိုမသိတော့ ကိုယ့်တန်ဖိုးကိုနားမလည်နိုင်ခြင်းရဲ့နောက်ဆက်တွဲ ပြဿနာပဲပြောရမယ်။ Insecure, Doubt , Comparison , Fear of loss တွေကနေအခြေခံတာများပါတယ်။

၃။ “Social medias” က ကိုယ့်ကိုထိန်းချုပ်နေတတ်ပါတယ်။ “Social medias” ဆိုတာ လူတစ်ယောက်ရဲ့ အကောင်းဆုံးအခိုက်တန့်တွေကိုပဲ မျှဝေလေ့ရှိတာကြောင့် လူတစ်ယောက်ရဲ့ jealousy ကို လှုံဆော်တတ်ပါတယ်။ လိုင်းသုံးရင်းနဲ့ များပြားလှတဲ့အကြောင်းရာတွေကြောင့် စိတ်အနှောက်ယှက်ဖြစ်နေတတ်တာမျိုး။ ဒီလိုဖြစ်တဲ့အခါ သတိထားကြည့်ပါ။ လူတစ်ယောက်ရဲ့ ဦိးနှောက်က လူတစ်ယောက်ရဲ့အနာဂတ်အတွက် အဓိကကျတဲ့ စက် “Engine” တစ်ခုဖြစ်တယ်ဆိုရင် ဒီိ “Engine” ထဲကို အမှိုက်တွေမထည့်မိပါစေနဲ့။ Long term အောင်မြင်မှုက လွယ်လွယ်နဲ့မရပါဘူး။ အခုစစ်မှန်တဲ့ အောင်မြင်ရနေကြတဲ့လူတွေကလဲ အချိန်တွေအများကြီး ပေးဆပ်ထားကြတာပါ။ ဒါတွေကိုကြည့်ပြီး မနာလိုစိတ်ဖြစ်မိတဲ့အခါ ကိုယ့်လုပ်ရမယ့်အလုပ်တွေကို ပိုပြီးအာရုံစိုက်လုပ်ပါ။

၄။ “Negative Energy to Positive Energy”
သတိထားမိမယ်ထင်တယ်။ အားလုံးက energy စွမ်းအားတွေနဲ့ လည်ပတ်နေကြတာ။ လူတိုင်း ဒီ energy နှစ်ခုရဲ့ ခိုင်းစေမှုတွေကို အမြဲတမ်းခံစားနေရမယ်ထင်တယ်။ အချိန်တော်တော်များများမှာ တစ်ဖက်က သာ နေတတ်ပါတယ်။ ဉပမာ negative energy ကပိုနေတတ်တာမျိုးပေါ့။ jealousy ကလဲ ဒီထဲမှာပါနေတော့။ ဒီ energy ကို ကောင်းတဲ့ဘက်မှာ ပြောင်းသုံးနိုင်ဖို့လိုအပ်ပါတယ်။
ကိုယ့်ထက်တော်တဲ့လူကိုတွေ့ရင် Growth mindset အပေါ်အခြေခံပြီး သူ့ဆီကဘယ်အရာကို ငါသင်ယူလို့ရနိုင်မလဲ။ ကိုယ့်အနေနဲ့ ဘယ်အရာတွေလေ့လာဖို့လိုအပ်နေလဲ။ ကိုယ့်ဘဝအတွက်ဘယ်အရာတွေက အထောက်ကူဖြစ်နိုင်မလဲ။
ဖြစ်ပေါ်လာတဲ့ Negative energy ကို ကိုယ်ဝါသနာပါတဲ့ အရာတွေ ၊ အားကစား၊ အလုပ်တွေမှာ အသုံးပြုပြီးတော့ အားရုံစိုက်လိုက်ရင် ဒီမကောင်းတဲ့ Jealousy ကကိုယ့်ဘဝအတွက် တွန်းအားတစ်ခုအဖြစ် အသုံးပြုလို့ရနိုင်ပါတယ်။

၅။ ကိုယ့်ရည်မှန်းချက် အိမ်မက်တွေကို ဦးတည်ပါ။
ကိုယ်လုပ်ရမယ့်အရာတွေကို list စာရင်းပြုစုထားပါ။ ပြုစုထားတဲ့ အစဉ်လိုက် စာရင်းတွေကနေ တစ်ချက်ချင်းစီ တစ်ခုပြီးတစ်ခု အချိန်ယူပြီးလုပ်သွားပါ။ လောရင် မောတယ်။ မောရင် စိတ်ရှုပ်လာမယ်။ စိတ်ရှုပ်လာရင် နောက်ဆက်တွဲက စိတ်ဓာတ်ကျလာမယ်။ စိတ်ဓာတ်ကျလာရင် အမှားများမယ်။ အမှားများလာရင်တော့ ဘဝပျက်နိုင်ပါတယ်။ ကိုယ်နေတဲ့ ပတ်ဝန်းကျင် ၊ ကြည့်ဖြစ်တဲ့ contents ၊ ဖတ်ဖြစ်တဲ့စာပေ ၊ စကားများများပြောဖြစ်နေတဲ့ လူ တစ်ယောက် ဒီအရာတွေက ကိုယ့်ဘဝအတွက် မှန်ကန်တဲ့လမ်းကြောင်းပေါ်ကို တွန်းပို့နိုင်သလို၊ လမ်းမှားကိုလဲ တွန်းပို့ပေးနိုင်ပါတယ်။

အပေါ်ကအချက်တွေထက် အရေးကြီးဆုံးကတော့ Self-awareness ကိုယ့်ကိုယ်ကိုသတိထားကြည့်တတ်တဲ့အကျင့်လေးပါ။ ဒါကတော့ မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ အရေးကြီးဆုံးအချက်လို့လဲ ပြောလို့ရပါတယ်။ ဒါကိုတော့ အသက်ရှင်နေသ၍ အမြဲ လေ့ကျင့်နေရင် အမှားနည်းသွားလိမ့်မယ်လို့ မျှော်လင့်ရင်းပေါ့။

ဆရာလုပ်ချင်တဲ့ စိတ် (လုံး၀)မရှိပါဘူး။ မျှဝေခြင်းနဲ့ ပိုမိုသာယာလှပပြီး ကျန်းမာတဲ့လူ့ဘောင်တစ်ခုကိုသာလျှင် ဖော်ဆောင်ခြင်း ဖြစ်ပါတယ်။

#ကျွန်တော်တို့မှာကျွန်တော်တို့ရှိတယ်
#စကားလုံးရဲ့စွမ်းအား
#စည်းလုံးညီညွတ်ကြရအောင်

#သုတစာပေ
#၀၀၇

🕶 Unisex Shein Metal Frame Sun Glasses 🕶  ✨UV Protection Lenses က အပြည့် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးတယ်✨ Beach ⛱️  သ...
24/03/2025

🕶 Unisex Shein Metal Frame Sun Glasses 🕶

✨UV Protection Lenses က အပြည့် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးတယ်

✨ Beach ⛱️ သွားရင် မိမိုက်နေဖို့အတွက်

✨Photo Shot အတွက်

✨ခရီးသွားရင် တပ်ဖို့အတွက်

✨Bar Club သွားတဲ့အခါတက်ဖို့အတွက်

✨ Tittok 📸 ရိုက်ဖို့အတွက် 😎

✨Accessories (2) မျိုး ဘူး နှင့်
မှန်သုတ်ဝတ်

ဈေးနူန်း 21,000 ကျပ်နဲ့ Quality အမိုက်စား Design အလန်းနဲ့ ရမှာဆိုတော့ ဒီ‌လောက်တန်တဲ့ပစ္စည်းကို
KK Yadanar Page မှာ ရနိုင်ပါပြီရှင်

ဆက်သွယ်ရန် 09-957955591 🥰

Page CB မှာလည်း ၀ယ်ယူနိုင်ပါတယ်ရှင် 🥰




Address

Thukha Dagon Housing South Dagon Tsp
Yangon

Telephone

+959957955591

Website

Alerts

Be the first to know and let us send you an email when KK Yadanar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KK Yadanar:

Share