Aryanar - အယနာစာပီ

Aryanar - အယနာစာပီ ရခိုင်သမိုင်းဆိုင်ရာများကိုဖော်ပြသွားမည်။

အိန္ဒိယ နှင့် ရခိုင် သမိုင်းကြောင်း ဆက်နွယ်မူ
15/04/2026

အိန္ဒိယ နှင့် ရခိုင် သမိုင်းကြောင်း ဆက်နွယ်မူ

အိန္ဒိယ နှင့် ရခိုင် သမိုင်းကြောင်းဆက်နွယ်မှု                                                                           ...
15/04/2026

အိန္ဒိယ နှင့် ရခိုင် သမိုင်းကြောင်းဆက်နွယ်မှု

မောင်ဖြူ(ကြွီတဲကျွန်း

နိဒါန်း

ရခိုင်ပြည်နယ်သည် အနောက်ဘက်တွင် ဘင်္ဂလားဒေရှ့်၊ အရှေ့ဘက်တွင် မြန်မာနိုင်ငံ၏ အလယ်ပိုင်း မြို့များနှင့် ထိစပ်နေ သော နယ်မြေတစ်ခုဖြစ်သည်။ ပင်လယ်ကမ်းရိုးတန်း ရှည်လျားစွာ တည်ရှိခြင်းကြောင့် အိန္ဒိယနိုင်ငံတောင်ဘက်ရိ မြို့များနှင့် ရေလမ်းမှဆက်သွယ်နိုင်သလို၊ အိန္ဒိယအရှေ့ဘက်မြို့များနှင့်လည်း နယ်မြေတဆက်စပ် တည်း တည်ရှိခြင်းကြောင့် ကုန်းလမ်းဖြင့်လည်း တိုက်ရိုက်ဆက်သွယ်နိုင်သော ပထဝီအနေအထားရှိသည်။
ယင်းကြောင့် ရှေးခေတ်က ရခိုင်ဒေသတွင် ထွန်းကားခဲ့သော ဓညဝတီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦးခေတ်တို့တွင် အိန္ဒိယနိုင်ငံ၏ စာပေ၊ ယဉ်ကျေးမှု၊ ဘာသာရေးနှင့် နိုင်ငံရေးစနစ်များသည် ပြန်နှံ့ဝင်ရောက်ခဲ့သည်။
အိန္ဒိယ၌ ဘီစီ ၆ ရာစု ကာလထွန်းကားခဲ့သော ဗုဒ္ဓဘာသာသည် ဓညဝတီရခိုင်သို့ စောစီးစွာဝင်ရောက်ခဲ့ပြီး၊ ဗုဒ္ဓသာသနာအမြစ်တွယ်ခဲ့သည်။ ယင်းကို ယခု မန ္တလေးမြို့ရှိ၊ ရခိုင်ဘုရားကြီး(ခေါ်) မဟာမုနိဆင်းတုတော်က သက်သေခံနေသည်။
ရခိုင်ပြည်နယ်ရှိ ရှေးဟောင်း စေတီပုံစံ၊ ဆင်းတုတော်တချို့မှာ ဂု ပ ္တခေတ်လက်ရာ၊ မထူရာလက်ရာ၊ ဂန္ဓာရလက်ရာ၊ ပါလာခေတ် လက်ရာများတူညီနေခြင်းမှာ ဘာသာရေး၊ သာသနာရေး ဆက်နွယ်မှုရှိခြင်းကို
ဖော်ပြနေသည်။ ရှေးကရခိုင်မင်းများသည် အိန္ဒိယဘက်မှ သာသနာအရေးကို အလေးထား လက်ခံကြပြီး၊ သာသနာရေရှည်တည်တံ့စေရန်လည်း ဘာသာရေးဆိုင်ရာကဏ္ဍများတွင် ပူးပေါင်းပါဝင် ဆက်နွယ်မှုရှိခဲ့ကြသည်။
တချို့သောသမိုင်းရုပ်ကြွင်း အထောက်အထားများမှာ ဟိန္ဒူဘာသာဝင်တို့ကိုးကွယ်သော ဒေဝတာနတ်ဘုရားရုပ်များလည်း တွေ့ရှိရပြီး၊ ရခိုင်ဝေသာလီခေတ် (အေဒီ ၆၄၉) တွင် အာနန္ဒစန္ဒြမင်းရေးထိုးခဲ့သော ကျောက်စာဂါထာ(၅၅)တွင် ဗြာဟ္မဏပုဏ္ဏား(၅၀)တို့အား နေထိုင်ရန်အဆောက်အဦးများ၊ လယ်မြေများ၊အခိုင်းအစေများလှူဒါန်းကြောင်း ရေးထိုးထားခြင်းကိုလည်း တွေ့ရသည်။
ရှေးခေတ်ရခိုင်ပြည်သုံး ဗျည်း/သရ အက္ခရာစာပေများမှာ အိန္ဒိယ၌ စတင် ရေးသားသုံးစွဲခဲ့သော ဗြဟ္မီ
အက္ခရာ ဗျည်း/သရများကို အခြေခံကာ ဖွဲ့စည်းတည်ထားခြင်းကြောင့် စာပေဆက်နွယ်မှုရှိကြောင်း ထင်ရှားနေသည်။
ဝေသာလီခေတ်(အေဒီ ၄-၉ ရာစု)တွင် အိန္ဒိယ၏ ရာမယဏဇာတ်တော်များ၊ မဟာဘာရတကျမ်းများကို ဘာသာပြန်ရေးသားခဲ့ကြသည်။ အိန္ဒိယ၏ သက္ကတကျမ်းစာအများအပြားကိုလည်း ရခိုင်ဘာသာသို့ ပြန်ဆိုရေးသာခဲ့ကြသည်။
ရခိုင်လူမှုဘဝထဲတွင် အကျုံးဝင်နေသော နက္ခတ် ဗေဒင်ပညာမှာလည်း မူရင်း အိန္ဒိယ၏ ဝေဒပညာတို့ သြဇာသက်ရောက်နေကြောင်း သိနိုင်သည်။
အနုပညာကဏ္ဍတွင်လည်း သီချင်းနှင့်အက၊ ယဉ်ကျေးမှု အတီးအမှုတ်၊ လူမှုရေး၊ ဘာသာရေးပွဲတော်ကဏ္ဍများတွင်လည်း အိန္ဒိယယဉ်ကျေးမှုများနှင့် ရောနှောပေါင်းစပ်ထားခြင်း အထောက် အထားများ ရှိနေကြသည်။
မြောက်ဦးခေတ် ရခိုင်ဘုရင်တို့၏ မင်းညီမင်းသားများသည် အိန္ဒိယသို့ပညာတော်သင်သွားခဲ့သော မှတ်တမ်းများက ရခိုင်ရာဇဝင်များတွင် ရှိနေကြသည်။ ရခိုင်ဘုရင်ခေတ် အုပ်ချုပ်ရေးစနစ်သည်လည်း အိန္ဒိယ၏ အုပ်ချုပ်
မှုစနစ်ကို လက်ခံအသုံးပြုခဲ့ကြောင်း ယုံကြည်ရသည်။ ယင်းအပြင် ငွေကြေးစနစ်၊ သင်္ချာစနစ်များမှာ အိန္ဒိယမှ ဝင်ရောက်လာခြင်း ဖြစ်သည်ဟု ယူဆနိုင်သည်။
ရှေးခေတ်ရခိုင်ပြည်သို့ အိန္ဒိယပြည်မှ တည်ဆောက်ခြင်း ဗိသုကာပညာရပ်များ ပျံ့နှံ့စီးဝင်မှုကြောင့် ရခိုင်ရှိ ဘုရား၊စေတီ၊ပုထိုး နှင့် အခြားသော အဆောက်အဦးတည်ဆောက်မှုပုံစံများမှာ အိန္ဒိယနည်းပညာကို အခြေခံကြောင်း ဝေသာလီခေတ်၊ မြောက်ဦးခေတ်တည်ဆောက်ခဲ့သော ဗိသုကာလက်ရာများကို ကြည့်ခြင်းအားဖြင့် သိသာ
နိုင်ပေသည်။
စစ်ရေးစစ်ရာတို့တွင်လည်း ဝေသာလီခေတ်၊ လေးမြို့ခေတ်၊ မြောက်ဦးခေတ်တို့တွင် အိန္ဒိယ နှင့် စစ်ရေးပြိုင်ဆိုင်မှုများရှိခဲ့ကြသည်။ ရခိုင်ဘုရင်များသည် ပင်လယ်ပြင်စိုးမိုးနိုင်ရန် ရေတပ်တိုက်သင်္ဘောတပ်များကို တည်ဆောက်ပြီး၊ အိန္ဒိယတောင်ဘက်ရေပြင်နှင့် ဘင်္ဂလားပင်လယ်အော်ကို စိုးမိုးနိုင်ခဲ့သည်။ ယင်းကြောင့် ဒက္ကား၊ စစ်တ
ကောင်း၊ ကာလက္တားတို့နှင့် စစ်ရေးအင်အား ပြိုင်ဆိုင်မှုများ ရှိခဲ့ကြသည်။ (Charney, 1999)।
မြောက်ဦးခေတ်အစောပိုင်း ရခိုင်ဘုရင်များသည် ဒေလီဆူလတန်ဘုရင်များနှင့် စစ်မက်ပြိုင်ဆိုင်မှုများရှိခဲ့သည်။ (အေဒီ ၁၅ ရာစုမှ ၁၇ ရာစု) အလယ်လောက်ထိ ရခိုင်ဘုရင်များသည် စစ်တကောင်း၊ ဒက္ကားမြို့များကို အချိန်ကြာစွာ ထိန်းချုပ်ထားနိုင်ခြင်းကြောင့် အိန္ဒိယဘက်သို့လည်း စစ်ရေးသက်ရောက်မှုများရှိခဲ့သည်။
မဂိုလ်အင်ပါယာခေတ်၊ အောရန်ဇက်ဘုရင် (အေဒီ ၁၆၅၈-၁၇၀၇) လက်ထက် ခေတ်ပြိုင် ရခိုင်ဘုရင် စန္ဒသုဓမ္မရာဇာ (အေဒီ ၁၆၅၂-၁၆၇၄)တို့သည် ရခိုင်တို့ပိုင်ဆိုင်သော စစ်တကောင်းမြို့ကို အကြောင်းပြု၍ ပင်လယ်ရေကြောင်းတိုက်ပွဲများ၊ မြို့တွင်းတိုက်ပွဲများ အချိန်ကြာမြင့်စွာ ဖြစ်ပွားှခဲ့ကြသည်။ ထိုစစ်ပွဲတွင် ရခိုင်တပ်တော် ရှုံးနိမ့်
ခဲ့၍ (အေဒီ ၁၆၆၆) ခုနှစ်တွင် စစ်တကောင်းမြို့ကို လက်လွှတ်ခဲ့ရသည်။
ရခိုင်-မဂိုလ်စစ်ပွဲသည် အိန္ဒိယ–ရခိုင် စစ်ရေးသမိုင်းတွင် အဓိကသမိုင်းမှတ်တမ်းအဖြစ် ထင်ရှားသည်။
အိန္ဒိယနှင့်ရခိုင်တို့၏ စစ်ရေးတင်းမှုများမှာ သာမန်တိုက်ပွဲမျိုးမဟုတ်ဘဲ၊ နယ်စပ်ထိန်းချုပ်မှု၊ပင်လယ်ရေလမ်းကြောင်းထိန်းချုပ်မှုနှင့် နိုင်ငံရေးအာဏာတည်ဆောက်မှုတို့တွင် အခြေခံ၍ ဖြစ်ပေါ်ခဲ့ကြောင်း တွေ့ရမည်ဖြစ်သည်။
အိန္ဒိယနှင့် ရခိုင်တို့သည် သမိုင်းကြောင်း ရှည်လျားစွာ ဆက်နွယ်မှုရှိခဲ့ခြင်းကြောင့် ဘာသာရေး၊ ယဉ်ကျေးမှု၊ စစ်ရေး၊ အုပ်ချုပ်ရေး၊ စာပေ၊ဗိသုကာနှင့် ရိုးရာဓလေ့ စသောကဏ္ဍများတွင် အပြန်အလှန်သက်ရောက်မှုများရှိခဲ့ကြသည်။ ရခိုင်လူမျိုးတို့၏ ယဉ်ကျေးမှုကို လေ့လာရာတွင် အိန္ဒိယယဉ်ကျေးမှု၏ အကျိုးသက်ရောက်ခြင်းကို ချန်
ထား၍ မရနိုင်သလို၊ အိန္ဒိယယဉ်ကျေးမှုကို လေ့လာရာတွင်လည်း နယ်မြေချင်း ထိစပ်နေသော ရခိုင်နှင့် ဆက်နွယ်မှုများမှ ပြန်လည်အကျိုးသက်ရောက်မှုတို့ကို ချန်ထား၍ရမည်မဟုတ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

Historical connectivity between bharat and Arakan/rakhine
Maung Phru (Krwe tel Kyun)

INTRODUCTION

Rakhine State is region bordered by Bangladesh to the west and the central regions of Myanmar to the east. Owing to its long coastline along the sea, it has maritime access to the southern cities of India, and because it also shares a contiguous border with the eastern parts of India, it occupies geographically strategic position that allows direct overland communication as well.
Therefore, during the ancient periods when the Dhanyawady, Vesali, Launggyet, and Mrauk - U kingdoms flourished in the Rakhine region, Indian literature, culture, religion, and political systems spread and became deeply influential in those societies.
Buddhism, which flourished in India around the 6th century BC, was introduced early into Dhanyawady Rakhine, where it took deep root. This is evidenced today by the Mahamuni Image (also known as the Rakhine Buddha Image) located in Mandalay.
The resemblance of ancient pagoda structures and Buddha images found in Rakhine State to those of the Gupta, Mathura, Gandhara, and Pala periods of India clearly reflects the religious and cultural connections between the two regions. The ancient kings of Rakhine embraced and supported Buddhism introduced from India, and actively participated in religious affairs to ensure the long - lasting propagation and preservation of the Buddhist faith.
Some archaeological evidence indicates that images of Hindu deities worshipped by followers of Hindu ism have also been discovered. Moreover, during the Vesali period of Rakhine (around AD 649), an inscription carved by King Anandachandra records that fifty Brahmin priests were granted residences, lands, and servants as donations — clear indication of the presence and influence of Hinduism in Rakhine during that era.
The ancient Rakhine scripts-both consonants and vowels-were based on the Brahmi script that originated in India, showing clear literary connection between Rakhine and India.
During the Vesali period (4th–9th centuries AD), Indian epics such as the Ramayana and the Mahabharata were translated and written in the Rakhine region. Many Sanskrit texts from India were also translated into the Rakhine language.
Furthermore, the astrological practices widely prevalent in Rakhine society, including nakshatra (star - based) astrology, reveal the influence of India’s original Vedic knowledge.
In the field of arts, there is evidence that music, dance, cultural traditions, social customs, and religious in Rakhine were influenced and blended with Indian culture.
Records from the Mrauk-U period mention that Rakhine princes and royal family members were sent to India for education, as stated in the Rakhine chronicles. It is also believed that the administrative system of the Rakhine Kingdom adopted and practiced Indian governance models. Furthermore, it can be assumed that the monetary and mathematical systems of Rakhine were also introduced from India.
Due to the spread and influence of architectural knowledge and construction techniques from India to ancient Rakhine, the styles of pagodas, stupas, temples, and other buildings in Rakhine were based on Indian architectural methods. This can be clearly observed in the architectural works built during the Vesali and Mrauk - U periods. (Charney 1999)
During the Vesali, Laungkyet, and Mrauk-U periods, there were also instances of military rivalry between Rakhine and India. The Rakhine kings built naval fleets to dominate the seas and succeeded in controlling the southern Indian waters and the Bay of Bengal. As result, they came into military competition with regions such as Dhaka, Chittagong, and Kolkata. (Charney, 1999).
During the Vesali, Laungkyet, and Mrauk-U periods, there were also instances of military rivalry between Rakhine and India. The Rakhine kings built naval fleets to dominate the seas and succeeded in controlling the southern Indian waters and the Bay of Bengal.
As result, they came into military competition with regions such as Dhaka, Chittagong, and Kolkata. (Charney, 1999). During the early Mrauk-U period, the Rakhine kings engaged in military conflicts with the rulers of the Delhi Sultanate. From around the 15th to the 17th centuries AD, the Rakhine kings were able to maintain control over the cities of Chittagong and Dhaka for long period, which extended their military influence into parts of India. During the Mughal Empire, under Emperor Aurangzeb ( AD 1658– 1707) and his contemporary Rakhine king Sandasudhammaraza (AD 1652–1674), prolonged naval and land battles were fought over the possession of Chittagong, which at that time belonged to the Rakhine Kingdom. In these conflicts, the Rakhine forces were ultimately defeated, and in AD 1666 they lost control of Chittagong.
The Arakan–Mughal War stands out as major historical event in the military history between India and Arakan. The military tensions between India and Arakan were not merely ordinary battles but were based on struggles for control over border territories, domination of maritime routes, and the establishment of political power.
Because India and Arakan have had long and continuous historical relationship, there have been mutual influences between the two regions in various aspects such as religion, culture, military affairs, administration, literature, architecture, and traditional customs. When studying the culture of the Arakanese people, one cannot overlook the impact of Indian civilization;
Likewise, when studying Indian civilization, it is impossible to ignore the reciprocal influences that arose from its geographical and historical connections with Arakan.

23/09/2024

တိုင်းရေးထက် ၀မ်းရေးခက်ခဲ့လာခြင်းကြောင့်
စာပေလုပ်ငန်းများကို နားပါတော့မည်။

19/09/2024

ရေဘေး၊ အငတ်ဘေး၊ စစ်ဘေးက ကင်းဝေးကတ်ပါလီ၊ ကူညီမည့်သူ အယင်ရောက်ပါစီ

14/09/2024

မြန်မာပြည်သူအပေါင်း ရေးဘေး၊ အငတ်ဘေး၊ စစ်ဘေးက ကင်းဝေးနိုင်ကြပါစေ။

အာနန္ဒစန္ဒြမင်းကျောက်စာ ဂါထာ (၆၃) သုံးသပ်ချက်***************************************အာနန္ဒစန္ဒြမင်းကျောက်စာ ဂါထာ (၆၃)သည် ကျေ...
13/09/2024

အာနန္ဒစန္ဒြမင်းကျောက်စာ ဂါထာ (၆၃) သုံးသပ်ချက်
***************************************
အာနန္ဒစန္ဒြမင်းကျောက်စာ ဂါထာ (၆၃)သည် ကျောက်စာကြောင်းရေ (၆၆-၆၇-၆၈) တွင်ပါရှိသည်။ ဤဂါထာ၌ အာနန္ဒစန္ဒြမင်းကို အထူးဂုဏ်ပုဒ်တစ်ခုဖြင့် ဂုဏ်ပြု ရေးထိုးထားခြင်းကိုတွေ့ရသည်။ ယင်းထူးခြားသောဂုဏ်ပုဒ်မှာ “ဂြီဓမရာဇဏ္ဍဇ၀ံဂ-ဘုန်းကျက်သရေရှိပြီး တရားအောင်လံထူသောမင်းမျိုး” ဟူ၍ပင်ဖြစ်သည်။
ကျောက်စာ၏ နိဂုံးပိုင်းနားအရောက်မှာ “ဘုန်းကျက်သရေရှိပြီး တရားအောင်လံထူသောမင်းမျိုး” ဟူသည့် ဂုဏ်ပုဒ်ကို ထောက်ရှုခြင်းဖြင့် အာနန္ဒစန္ဒြမင်းသည် ရခိုင်ဝေသာလီတွင် ဓမ္မအကျိုး၊ သာသနာ အကျိုးနှင့်ယှဉ်သော၊ သာသနာပြုလုပ်ငန်း (၀ါ) သာသနာတည့်တံ့စေမည့် လုပ်ငန်းစဉ်ကြီးတစ်ခုကို ကြီးကျယ်စွာ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း ခိုင်လုံစွာ သက်သေခံနေသည်။
ထိုသို့ သာသနာနှင့်ပက်သက်သော လုပ်ငန်းတစ်ခုကို သူမတူအောင်ကြီးကျယ်စွာ ဆောင်ရွက်ခဲ့ခြင်း ကြောင့်သာ အာနန္ဒစန္ဒြမင်းကို “သီရိဓမ္မရာဇာဓဇ၀ံသ=တရားအောင်လံထူသောမင်း” ဟု ကမ္ပည်းထိုး၍ ဂုဏ်ပြု ရေးထိုးကြခြင်းဖြစ်သည်။ သာသနာအတွင်း သာမန် အလှူဒါနလုပ်ငန်းစဉ်ဖြင့် “ တရားအောင်လံထူသောမင်း ” ဂုဏ်ပုဒ်ကို ရေးထိုးနိုင်မည် မဟုတ်ကြောင်း ခန့်မှန်းနိုင်သည်။
ဘုန်းတန်ခိုး ကျက်သရေရှိလှသော အာနန္ဒစန္ဒြမင်းသည် အများအကျိုးရှိမည့် ဓမ္မနှင့်ယှဉ်သော သာသနာ ပြန့်ပွားရေး ကိစ္စရပ်များဆောင်ရွက်ရာ၌၊ တွေဝေ တွန့်ဆုတ်မနေဘဲ၊ ပို၍ စိတ်အားထက်သန်စွာဖြင့် ဆုံးခန်းတိုင်အောင် ပြုလုပ် ဆောင်ရွက်တတ်သည့် သတ္တိရှိခြင်း၊ မျိုးလေးပါးတို့အား ပေးကမ်းစွန့်ကြဲရာ၌လည်း သူမတူအောင် ရက်ရောစွာ ပေးကမ်းစွန့်ကြဲသည့် သတ္တိရှိခြင်း၊ စသောဂုဏ်ပုဒ်များဖြင့် ပြည့်စုံသော မင်းတစ်ပါး ဖြစ်သည့်အပြင် တရားအောင်လံစိုက်ထူသောမင်း(၀ါ)သာသနာအောင်လံစိုက်ထူသောမင်း (၀ါ)သာသနာပြုမင်း တစ်ပါးဖြစ်ကြောင်း ရေးထိုးထားသောဂါထာဖြစ်သည်။
အာနန္ဒစန္ဒြမင်းကျောက်စာ ဂါထာ(၆၃)ပါ “ ဂြီဓမရာဇဏ္ဍဇ၀ံဂ=ဂြီဓမရာဇဏ်ဍဇ၀ံဂ ” စကားရပ်ကို ရှေးက သုတေသီဆရာကြီးများက “ဂြီဓမရာဇဏ္ဍဇ၀ံဂ”ကို“သီရိ ဓမ္မ ရာဇ အဏ္ဍဇ ၀ံသ” ဟု ပုဒ်ခွဲလိုက်ကြသော ကြောင့် အာနန္ဒစန္ဒြမင်း၏ မျိုးရိုးအနွယ်ကို ( ဥမှပေါက်သောငှက်မျိုး ) ဟု အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြခြင်းမှာ သဘာဝ ယုတ္တိကင်းမဲ့နေသည်။
“ရာဇဏ္ဍဇ” ၌ ရှေးခေတ်(ဍ)နှင့် ယခုခေတ်(ဓ) အသံတူ အက္ခရာကွဲလွဲခြင်းသာဖြစ်သည်။ ဖြစ်သင့် သည်မှာ “ဂြီဓမရာဇဏ္ဍဇ၀ံဂ”သည် ပါဠိလိုအားဖြင့် “သီရိ+ဓမ္မ+ရာဇာ+ဓဇ+၀ံသ”ဟူ၍သာမှတ်ယူသင့်ပါသည်။ သို့မှသာ ယင်းစာပိုဒ်၏ ရှေ့နောက်ပါ စကားရပ် အဓိပ္ပာယ်များနှင့် သင့်လျော်မှန်ကန်သော အဓိပ္ပာယ်ကို ဆက်စပ် ဖော်နိုင်မည်ဖြစ်သည်။ “ဂြီဓမရာဇဏ္ဍဇ၀ံသ” ကို ပုဒ်ခွဲ၍ အဓိပ္ပာယ်ဖွင့်သော် အောက်ပါအတိုင်းသာ ဖွင့်ဆိုသင့်ပေသည်။
ဂြီဓမရာဇဏ္ဍဇ၀ံဂ = ဂြီ + ဓမ + ရာဇဏ် + ဍဇ + ၀ံဂ သီရိ + ဓမ္မ + ရာဇာ + ဓဇ + ၀ံသ ဘုန်းကျက်သရေ + တရား + မင်း + အောင်လံ + မျိုးရိုးအနွယ် ဂြီဓမရာဇဏ္ဍဇ၀ံဂ = ဘုန်းကျက်သရေရှိပြီး တရားအောင်လံစိုက်ထူသော မင်းမျိုး

အာနန္ဒစန္ဒြမင်းကျောက်စာ ဂါထာ(၆၃)ပါ “ - ဂြီဓမရာဇဏ္ဍဇ၀ံဂ”စကား ရပ်ကို ဆက်၍ရှင်းလင်းတင်ပြအံ့။

အာနန္ဒစန္ဒြမင်းကျောက်စာကို အဓိပ္ပာယ်အပြည့်စုံဆုံး ဖော်ထုတ်ဖတ်ရှုနိုင်ခဲ့သော အောက်စဖိုစ့်တက္က သိုလ် ဘေလီယောကောလိပ်မှ အရှေ့တိုင်းပညာရပ်ဆိုင်ရာ ပညာရှင်တစ်ဦးဖြစ်သော အီး. အိခ်ျပ်. ဂျွန်စတင် ရေးသားသော (Some Sanskrit inscription of Arakan.) စာတမ်း အောက်ခြေမှတ်စုတွင် အောက်ပါအတိုင်း ရေးသားထားသည်။ (ပုံ-၀၀)
ပါမောက္ခဂျွန်စတင်၏ အောက်ခြေမှတ်စုတွင် “ - ဂြီဓမရာဇာဏ္ဍဇ၀ံဂ” စကားရပ်ပါ -ကို သန္ဓိစပ်ပုဒ်အဖြစ် ယူဆလိုက်ခြင်းကြောင့် ထိုပုဒ်မှာ Raja+Andaja+vamံsa - ရာဇ+အဏ္ဍဇ+၀ံသ” ဖြစ်သွားခဲ့ရပြီး၊ အာနန္ဒစန္ဒြမင်းကို “ဥမှပေါက်သော ငှက်မျိုရိုးအနွယ်” မှ ဆင်းသက်လာ သည်ဟု အဓိပ္ပာယ် ဖွင့်ဆိုလိုက်ခြင်း ဖြစ်မည်ဟု ယူဆရပေါသည်။
ဆရာကြီးဦးအောင်သာဦး B.A,B.E.S ၊ ၁၉၆၆- စက်တင်္ဘာတွင် ပုံနှိပ်ထုတ်ဝေသော ရခိုင်ဝေသာလီ ခေတ် အတွဲ ၁၊ အမှတ် ၁၊ စာမျက်နှာ (၂၇) တွင် အာနန္ဒစန္ဒြမင်းကျောက်စာ ဂါထာအမှတ် ၆၂.၆၃.၆၄.၆၅ ကို စုပေါင်း၍ အောက်ပါအတိုင်း အနက်အဓိပ္ပာယ် ဖွင့်ဆိုခဲ့သည်။
“ ဤသို့လျှင် ငှက်မျိုးမှ ဆင်းသက်သော မင်း၏ ရဲစွမ်းရှိခြင်း၊ သာသနာတော်ကို မြတ်နိုးခြင်း၊ ဘုန်း တန်ခိုးကြီးမားခြင်းကို အလွန်နှစ်လိုလှသဖြင့် ဓောန္ဒာ အမည်ရှိသော သမီးတော်ကို ကြီးစွာသော ဂါရ၀တရား ရှေ့ထား၍ ဘုန်းရှင် တမ္မရပြပတ္တနမင်းက ဆက်လာ၏။ ထိုထက်ထူး၍ မော်ကွန်းတင်လိုသည်ကား တရားကျင့် သော ငှက်မျိုးရိုးမှဆင်းသက်လာသည့် လောကကိုစိုးမိုးသော အာနန္ဒစန္ဒြမင်းသည် သာသနာတော်၌အထောက် အကူဖြစ်၍ သတ္တိရှိခြင်း၊ မြင့်မြတ်ခြင်း၊ စွန့်ကြဲခြင်းတို့ကို နှိုးဆော်လျှက် သတ္တ၀ါအများကို ဆုံးမလေ့ရှိကြောင်း သိရ သဖြင့် လွန်စွာသော ကြည်ညို မြတ်နိုးစိတ်ရှိရကား၊ ဘုန်းတန်ခိုးကြီး၍ ဂဲးဝစန္ဒြမင်းဆက်မှ ဖြစ်သော မနောဒီရ မင်းကြီးက မဟာမိတ်ပြုလာပြီးလျှင် မိမိမြို့တော်၌ ရေတွင်းတစ်တွင်းနှင့်ကျောင်းတစ်ကျောင်းကို တူးဖော်တည်ထားကာ လေးမြတ်သော ဂါရ၀ဖြင့် အမျိုးသမီးအပေါင်းတို့၏ရတနာဖြစ်သော သမီးတော်ဓေန္ဒာကို အဘိုးမဖြတ်နိုင်သော ရတနာများ ဆင်ယင်၍ ပို့ရောက်လာသည်။” ဟုရေးသားဖော်ပြခဲ့သည်။
အထက်ပါ စာပိုဒ်ကိုကြည့်လျှင် ဆရာကြီး ဦးအောင်သာဦးလည်း အာနန္ဒစန္ဒြမင်းကို “ငှက်မျိုးမှ ဆင်းသက်လာမင်း” ဟု ဖော်ပြထားသည်ကို တွေ့ရသည်။ (သို့မဟုတ်) ပါမောက္ခ ဂျွန်စတင်၏ မူအတိုင်း ယူဆလိုဟန်ရှိပေသည်။
ဆရာကြီး ဦးမြင့်ဆွေ(သက္ကတ) ရေးသော 1969 ခုနှစ် စက်တင်ဘာလတွင် ထုတ်ဝေသော UNION OF BURMA JOURNAL OFLITERARY and SOCIAL SCIENCES ပြည်ထောင်စုမြန်မာနိုင်ငံ စာပေနှင့် လူမှုရေးသိပ္ပံဂျာနယ်၊ အတွဲ(၂)၊ အမှတ်(၃)၊ စာမျက်နှာ(၁၇)၊ တွင် “အာနန္ဒစန္ဒြသက္ကတကျောက်စာ” ဆောင်းပါးရှည်တွင် အောက်ပါအတိုင်း ရေးသားထားသည်ကိုတွေ့ရသည်။
“ ဒွေစင်္နြ္ဒ အစ ဓွတိစန္ဒြ အဆုံးရှိသော ဒုတိယမင်းဆက် (၀ါ) စန္ဒြမင်းဆက်တို့၏ အမျိုးအနွယ်မှာ “ ဤဂါနွယ-ပြဘ၀း ”= သီဝနတ်မျိုးအနွယ်မှ ဆင်းသက်သည်။ ဂါထာ ၃၂ ၊
အာနန္ဒစန္ဒြမင်းကြီး၏ အဘိုး ၀ဇြဂတ္တိမင်းသည် “ဒေ၀ါနွယ-ပြဘ၀း”- နတ်မျိုး (၀ါ) မင်းမျိုးအနွယ်မှ ဆင်းသက်သည်။ ဂါထာ ၃၇ ၊
ဝဇြဂတ္တိမင်း၏ သား အာနန္ဒစန္ဒြမင်း၏ဖခင် ဓမစန္ဒြမင်းသည် “ဤဂါနွယ”-သီဝနတ်မျိုးအနွယ်မှ ဆင်းသက်သည်။ ဂါထာ ၄၂ ၊
အာနန္ဒစန္ဒြမင်းကြီးသည် “ဒေ၀ါဏ္ဍဇာနွယ”=နတ်မျိုး (၀ါ) မင်းမျိုးအနွယ်မှဆင်းသက်ပြီး ဂါထာ ၆၂၊ တဖန် “ဂြီဓမရာဇာဏ္ဍဇ-၀ံဂဇ”- ဂြီရိဓမ-ရာဇ အမျိုးအနွယ်မှ ဆင်းသက်သည်။ ဂါထာ-၆၃။
ဆရာကြီး ဦးမြင့်ဆွေ(သက္ကတ)၏ အထက်ပါဖော်ပြချက်များကိုကြည့်လျှင် ကျောက်စာ၌ “အဏ္ဍဇ”၏ အနက်ကို (ငှက်) ဟု သဒ္ဒတ္ထနည်းဖြင့် ယူလိုဟန်မရှိဘဲ အမျိုးအနွယ်၊ အမျိုးဇာတိ ဟု အဓိပ္ပါယတ္ထနည်းဖြင့် ယူလိုဟန် ရှိပေသည်။ ဤသို့လျှင် အာနန္ဒစန္ဒြမင်း၏မျိုးရိုးသည် ဂိဝနတ်ကို ကိုးကွယ်သည့်မင်းမျိုး ဓမရာဇာ မြတ်သောမင်းမျိုးဖြစ်ပြီး ယင်းအမျိုးအနွယ်သည် ဒွေင်္စန္ဒြ စသည့် စန္ဒြမျိုးရိုးနှင့် အတူတူပင် ဖြစ်သည်ဟု ယူဆပါသည်။) ဟု ရေးသားဖော်ပြခဲ့သည်။
အာနန္ဒစန္ဒြမင်းကျောက်စာ ဂါထာ(၆၃) ပါ “ ဂြီဓမရာဇာဏ္ဍဇ၀ံဂ” ကို ဆရာကြီးမှ ဘာသာပြန်သ ည့် စာပုဒ်ကိုကြည့်လျှင် ( ငှက်ဟု သဒ္ဒတ္ထနည်းဖြင့်ယူလိုဟန်မရှိဘဲ၊အမျိုးအနွယ်ဟု အဓိပ္ပါယနည်းဖြင့် ယူလို ဟန်ရှိပေသည် ) ကို တွေ့ရသည်။
ဆိုလိုသည်မှာ ဆရာကြီးဦးမြင့်ဆွေ (သက္ကတ)သည် ဂါထာအမှတ် (၆၃) ပါ “ဂြီဓမရာဇဏ္ဍဇ၀ံဂ” ကို ငှက်မျိုးဟု ပုဒ်မခွဲလိုဘဲ၊ တိုက်ရိုက်အဓိပ္ပာယ်ကောက်ယူနည်း “ဂြီဓမရာဇာဏ္ဍဇ၀ံဂ = သီရိဓမ္မရာဇာဓဇ၀ံသ” ဟု ယူလိုဟန်သဘောရှိနေသည်မှာ ပေါ်လွင်နေပါသည်။
မြန်မာ့သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း M.A,.B.L., Ph.D.(London)ကထိက မြန်မာရာဇ၀င်ဌာန ရေးသားသော ခေတ်ဟောင်းမြန်မာရာဇ၀င် ၁၉၆၉ ခုနှစ် စက်တင်ဘာလ ဒုတိယအကြိမ်ထုတ် စာအုပ် စာမျက်နှာ ( ၇၁ )တွင် အောက်ပါအတိုင်းဖော်ပြထားသည်။
( ဤသို့လျှင် ငှက်မျိုးမှ ဆင်းသက်သောမင်း၏ ရဲစွမ်းရှိခြင်း၊ သာသနာတော်ကို မြတ်နိုးခြင်း၊ဘုန်းတန် ခိုး ကြီးမားခြင်း ကို အလွန်နှစ်လိုလှသဖြင့် ဓေန္ဒာအမည်ရှိသောသမီးတော်ကို ကြီးစွာသော ဂါရ၀တရား ရှေ့ထား၍ ဘုန်းရှင်တာမြပတ္တနမင်းက ဆက်လာသည်။ ထိုထက်ထူး၍ မော်ကွန်းတင်လိုသည်ကား တရားကျင့်သော ငှက်မျိုးရိုးမှဆင်းသက်လာသည့် ကမ္ဘာကိုစိုးမိုးသော အာနန္ဒစန္ဒြမင်းသည် သာသနာတော်တွင် အထောက်အကူဖြစ်၍ သတ္တိရှိခြင်း၊ မြင့်မြတ်ခြင်း၊ စွန့်ကြဲခြင်းတို့ကိုနှိုးဆော်လျှက် သတ္တ၀ါများကို ဆိုဆုံးမ လေ့ ရှိကြောင်း သိရသဖြင့် လွန်စွာသော ကြည်ညို လေးစားစိတ်ရှိရကား ဘုန်းတန်ခိုးကြီး၍ ဂဲဝအန္ဒြမင်းဆက်မှ ဖြစ်သော မနောဒီရမင်းက မဟာမိတ်ပြုလာသည်။ ) ဟု ဖော်ပြထားသည်။
အထက်ဖော်ပြပါ စာပိုဒ်ကိုကြည့်လျှင် ဆရာကြီး ဒေါက်တာသန်းထွန်းမှ အာနန္ဒစန္ဒြကျောက်စာ ဂါထာအမှတ် ( ၆၂-၆၃-၆၄) ကို ပေါင်း၍ ရေးသားထားခြင်းဖြစ်ပါသည်။ ဒေါက်တာသန်းထွန်း၏ ဖော်ပြပါ အကြောင်းအရာများကို ကြည့်ခြင်းအားဖြင့် အာနန္ဒစန္ဒြမင်းကျောက်စာ ဂါထာအမှတ်(၆၃ ) ပါ “ ဂြီဓမရာဇ ဏ္ဍ၀ံဂ ” ကို “ဂြီဓမရာဇ+ အဏ္ဍဇ+၀ံသ ”ဟု ပုဒ်ခွဲကာ အဓိပ္ပာယ်ကောက်ယူထားခြင်းကြောင့် အာနန္ဒစန္ဒြမင်း၏ အမျိုးအနွယ်ကို ငှက်မျိုးးအနွယ် ဟု ဖော်ပြခြင်း ဖြစ်သည်။ တစ်နည်း - ဂျွန်စတင်၏ မူအတိုင်း ဖော်ပြခြင်း ဖြစ်သည်။

ဆရာကြီးဦးစံသာအောင် ဂါထာအပိုဒ် (၆၃) ဖော်ပြချက်

၆၃။ အာနန္ဒစန္ဒြက္ပိတိပါထိဝသျှ
ၿဂီဓမရာဇာ႑၀ံဂဇသ် ၊
ဂြုတွာ ၀စော ဓမဟိတာထယုတ္တံ
ဂေါ်ယာနွယ တျာဂဂုဏဓိကံ စ ။

ဘုန်းကျက်သရေရှိသည့် တရားသဖြင့် အုပ်စိုးသောမင်းတို့၏ အမျိုးအနွယ်မှ ဆင်းသက်သော အာနန္ဒ စန္ဒြမင်းကြီး၏ တရားသဘော၊ အကျိုးစီးပွားနှင့်ယှဉ်အပ်သော၊ ရဲရင့်ခြင်း၊ (မြတ်သော) အမျိုးအနွယ်၊ ပေးကမ်း စွန့် ကြဲခြင်း စသည်ဂုဏ်တို့နှင့် လွှမ်းမိုးနေသည်လည်းဖြစ်သော၊ အမိန့်တော်စကားကို ကြားနာရလေသော်(သဖြင့်)ဟု ဖော်ပြခဲ့သည်။
ဆရာကြီးဦးစံသာအောင်သည် ဂါထာအပိုဒ်(၆၃)ပါ စကားလုံးတစ်လုံးချင်းစီ၏ အဓိပ္ပာယ်ကို ဖော်ပြရာ၌ “ ၿဂီဓမရာဇာ႑ဇ၀ံဂဇသ်” ကုိ ၿဂီဓမရာဇာ + အ႑ဇ + ၀ံဂဇသ်” ဟု ပုဒ်ခွဲပြီးပြခဲ့သည်သော်လည်း အဏ္ဍဇ စကားရပ်၏ အနက်အဓိပ္ပာယ် (ဥမှပေါက်သော) ဆိုသည်ကို ၀ါကျစီ၍ ဖော်ပြရာ၌ ထည့်သွင်းရေးထားသည်ကို မတွေ့ရပေ။
ဤကား အာနန္ဒစန္ဒြမင်းကျောက်စာကို လေ့လာခဲ့ကြသော ရှေးကသုတေသီများ ရေးသားချက်တည်း။
အာနန္ဒစန္ဒြမင်းကျောက်စာ(၆၃) ပါ “ - ရာဇာဏ္ဍဇ၀ံဂ ” ကို သန္ဓိစပ်စကားရပ်ဟု ယူဆ ပြီး၊ အဓိပ္ပာယ်ဖွင့်ဆိုသော် အာနန္ဒစန္ဒြမင်းကျောက်စာဂါထာ(၆၂)ပါ သမီးတော်ကို လာရောက်ဆက်သသော တာမြ ပတ္တန ပြည်ရှင်မင်း၏ မျိုးရိုးကို ဖော်ပြသော “ -ဒေ၀ါဏ္ဍဇနွယ” စကားရပ်ကိုလည်း “ဥမှပေါက် သောနတ်မျိုးနွယ်” ဟု ဖွင့်ဆိုရမည်ဖြစ်သည်။ သို့သော် ရှေးကသုတေသီများ ယင်းသို့အဓိပ္ပာယ် မဖွင့်ဆိုခဲ့ကြပေ။

အာနန္ဒစန္ဒြမင်းကျောက်စာ ဂါထာ (၆၃)ပါ အာနန္ဒစန္ဒြမင်းကြီး၏ ဂုဏ်ပုဒ်တစ်ခုဖြစ်သော“ဂြီဓမရာဇာ ဏ္ဍဇ၀ံသ” ပုဒ်ကို (သီရိ +ဓမ္မ+ရာဇ+အဏ္ဍဇ )ဟူ၍ သန္ဓိစပ်ပုဒ်အဖြစ်ယူဆကာ ရှေးကသုတေသီပညာရှင်ကြီးများ ပုဒ်ခွဲကာ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ခြင်းကြောင့် အာနန္ဒစန္ဒြမင်းသည် ( ဥမှပေါက်သောငှက်မျိုး ) ဟု သတ်မှတ်ခံလိုက်ရ လေသည်။
အာနန္ဒစန္ဒြမင်းကျောက်စာ ဂါထာ၆၂)ပါ အာနန္ဒစန္ဒြမင်းထံသို့ သမီးတော်ကို ဆက်သလာသော တာမြ ပတ္တန ပြည်ရှင်မင်း၏ မျိုးရိုးကို ဖော်ပြသော “ - ဒေ၀ါဏ္ဍဇနွယ” စကားရပ်သည်လည်း ဂါထာ(၆၃) ပါ “ -ရာဇဏ္ဍဇ၀ံဂ” စကားရပ်နှင့် အတူတူပင်ဖြစ်သည်။ (ရာဇာ-မင်း) နှင့် (ဒေ၀ါ -နတ်)ဟူ၍သာ ကွဲပြားသည်။ ဂါထာ(၆၃)ပါ “ဏ္ဍဇ” နှင့် ဂါထာ (၆၂) ပါ “ဏ္ဍဇ” စာလုံး တို့မှာ အတူတူပင်ဖြစ်ပါသည်။
သို့ဖြစ်၍ ဂါထာ(၆၃) ပါ “ရာဇာဏ္ဍဇ” ကို (ရာဇ +အဏ္ဍဇ) ဟု သန္ဓိစပ်စကားရပ်ဟု သတ်မှတ်မည် ဆိုလျှင် ဂါထာ (၆၂)ပါ “ဒေ၀ါဏ္ဍဇ” စကားရပ်ကိုလည်း (ဒေ၀+အဏ္ဍဇ)ဟု ဥမှပေါက်သောနတ်မျိုးနွယ်ဟု ဖွင့် ဆိုရမည်ဖြစ်သည်။
သို့သော် ယခုမူကား ရှေးကသုတေသီပညာရှင်များသည် ရာဇာဏ္ဍဇ ကို သန္ဓိစပ်စကားရပ်အဖြစ် ပုဒ်ခွဲပြီး၊ ဒေ၀ါဏ္ဍဇ စကားရပ်ကို သန္ဓိစပ်ပုဒ်အဖြစ် မယူခဲ့ကြပေ။ ဂါထာ (၂) ခုပါ စကားရပ်များမှာ အတူတူ ဖြစ်သော်လည်း တစ်ခုက သန္ဓိစပ်၊ နောက်တစ်ခုက သန္ဓိစပ်မဟုတ်ဟု မဖြစ်သင့်ကြောင်း မှတ်ချက်ပြု လိုပါသည်။
အမှန်မှာ အာနန္ဒစန္ဒြမင်းကျောက်စာ ဂါထာ (၆၃)ပါ “ ရာဇာဏ္ဍဇ ” စကားရပ်မှာ သန္ဓိစပ် စကားရပ်မဟုတ်သလို၊ ဂါထာ(၆၂)ပါ “ -ဒေ၀ါဏ္ဍဇ” စကားရပ်မှာလည်း သန္ဓိစပ် စကားရပ်မဟုတ်ပေ။ နိဂဟိတ် ( -ံ ) သေးသေးတင် သရ ကို နှာသိက ( ဏ် ) ဗျည်းဖြင့် ရေးထိုးထားခြင်းသာဖြစ်ပါသည်။ နိဂဟိတ် (-ံ) သရမှာ နှာသိကဗျည်းများဖြစ်သော “ င . ည. ဏ. န. မ ” ငါးလုံးကို အတိုကောက်ရေးနည်း ဟုလည်း ကျမ်းဂန်များတွင် လာရှိသည်။

ထို့ကြောင့် “ ရာဇဏ္ဍဇ” ကို သန္ဓိစပ်ပုဒ်အဖြစ် ယူ၍မရသလို၊ ဂါထာ( ၆၂)ပါ “ - ဒေ၀ါဏ္ဍဇ” စကားရပ်ကိုလည်း သန္ဓိစပ်ပုဒ်အဖြစ် ယူဆ၍ မရပေ။ ရှေးခေတ်ရေးထုံးဖြစ်သော (ဍ) ကို ယခုခေတ်ရေးထုံး ( ဓ ) ရေးထုံးဖြင့် ရေးထိုးထားခြင်းကြောင့် ကွဲလွဲမှု ဖြစ်ပါမည်ဟု ယူဆရသည်။ ထို့ကြောင့် “ဓမရာဇဏ္ဍဇ၀ံဂ - ဓမ+ရာဇာဏ်+ဍဇ+၀ံဂ = ဓမ္မ ရာဇာ ဓဇ ၀ံသ” ကို တရားအောင် လံ စိုက်ထူသောမင်းမျိုး (သို့) မြင့်မြတ်သောတရားမင်းမျိုး” ဟု အဓိပ္ပာယ် တိုက်ရိုက်ဖွင့်ဆိုနိုင်သလို၊ “ဒေ၀ါဏ္ဍဇ နွယ- ဒေ၀ါဏ်+ဍဇ+နွယ=ဒေ၀ါ+ဓဇ+နွယ” စကားရပ်ကိုလည်း (မြင့်မြတ်သောနတ်မင်းမျိုးရို) ဟု အဓိပ္ပာယ် တိုက်ရိုက် ဖွင့်ဆိုမှသာ အာနန္ဒစန္ဒြမင်းကျောက်စာ၏ ဂါထာအပိုဒ်ပါ ရှေ့ / နောက် စကားရပ်များနှင့် လိုက် လျောညီထွေ ဖြစ်ပေလိမ့်မည်။ အာနန္ဒစန္ဒြမင်းကျောက်စာ ဂါထာအပိုဒ် (၆၃)ပါ “ ဂြီဓမရာဇာဏ္ဍဇ၀ံဂ ” စကားရပ်ကို “ ဂြီ+ဓမ + ရာဇ+ အဏ္ဍဇ +၀ံသ”ဟု သန္ဓိစပ်ပုဒ်အဖြစ်ယူဆရသနည်းဟူမူကား အာနန္ဒစန္ဒြမင်းကျောက်စာဂါထာ(၆၄)တွင် “ ဂဲဝါန္ဒြ၀ံဂေါ ” စကားရပ်တစ်ခုပါရှိသည်။ ထိုစကားရပ်ကို “ ဂီဝ+အန္ဓြ+၀ံဂေါ= သီဝ+အန္ဓြ+၀ံသ = သီဝနတ် ကိုးကွယ်သော+ အန္ဓြ + မျိုးရိုး ဟု သန္ဓိစပ်ပုဒ်ကဲ့သို့ ယူဆလိုက်ခြင်းကြောင့် ဖြစ်ဟန်ရှိပေသည်။
ဤကား စာရေးသူ၏ အမြင်တစ်ခုသာဖြစ်ပါသည်။ မှားသည်၊ မှန်သည်ဆိုခြင်းမှာ အာနန္ဒစန္ဒြမင်း ကျောက်စာကို လေ့လာလိုက်စားကြသော သုတေသီများ၏ အမြင်နှင့် ယူဆချက်အပေါ် သက်ဆိုင်ပါလိမ့်မည်။


11/09/2024

လိုင်းပေါ်မှာ ရခိုင်ရှေးဟောင်း ဒင်္ဂါးများကို အတုလုပ်ပြီး၊ မရောင်းကြပါနှင့် ။ ရောင်းလျှင် မှတ်တမ်းယူပြီး လိုအပ်သလို ဆောင်ရွက်သွားမည်။

09/09/2024

ငါ၏ ပြုသမျှသော ကုသိုလ်ကောင်းမှုကို အာရှနီဝန်းဆရာတော် ဦးဥတ္တမ အား အမျှပေးဝီပါယင့်။
9.9.2024

သမိုင်းတန်ဖိုး။ **** *****လူမျိုးတိုင်းမှာ သမိုင်းရှိတယ်၊ သို့သော် လူမျိုးတိုင်း သမိုင်းကို ရေးလို့မရဘူး၊ သမိုင်းဆိုတာ စ...
04/09/2024

သမိုင်းတန်ဖိုး။
**** *****
လူမျိုးတိုင်းမှာ သမိုင်းရှိတယ်၊ သို့သော် လူမျိုးတိုင်း သမိုင်းကို ရေးလို့မရဘူး၊ သမိုင်းဆိုတာ စာပေ၊ ဒင်္ဂါး၊ ထီးနန်းမြို့ပြနှင့် နေထိုင်ခဲ့ဖူးသော ယဉ်ကျေးမှုမြင့်မားသည့် လူမျိုးတို့ကသာ သူတို့သမိုင်းကို ရေးပြလို့ရတယ်။

အာနန္ဒစန္ဒြမင်းကျောက်စာတိုင် အရှေ့ဘက်မျက်နှာစာ ထူးခြားချက်************************************************************ထူြး...
01/09/2024

အာနန္ဒစန္ဒြမင်းကျောက်စာတိုင် အရှေ့ဘက်မျက်နှာစာ ထူးခြားချက်
************************************************************

ထူးခြားချက်မှာ အာနန္ဒစန္ဒြမင်းကျောက်စာတိုင်၌ အရှေ့ဘက် မျက်နှာစာသည် အိန္ဒိယ တောင်ပိုင်းရေးဖြစ်ပြီး၊ အနောက်ဘက်နှင့် မြောက်ဘက်မျက်နှာစာသည် အိန္ဒိယမြောက်ပိုင်းရေးဟန်ဖြစ်သည်။

အာနန္ဒစန္ဒြမင်းကျောက်စာတိုင်ကို ယခုရှိနေသည့်အနေအထားအတိုင်းဆိုလျှင် အရှေ့ဘက်မျက်နှာစာတွင် ကျောက်စာများ ရေးထိုးပါရှိခြင်းကြောင့် အာနန္ဒစန္ဒြမင်းကျောက်စာတိုင် “အရှေ့ဘက်မျက်နှာစာ”ဟု ခေါ်ဝေါ်သုံးနှုန်းထားပါသည်။
အရှေ့ဘက်မျက်နှာစာတွင် စာကြောင်းရေ (၁၀၀)ခန့် ရေးထိုးပါရှိပြီး၊ ရေးထိုးပါရှိသော အက္ခရာများကို ကြည့်ခြင်းးအားဖြင့် အေဒီ ၄ - ၅ ရာစု လောက်က ရေးထိုးခဲ့သည်ဟုခန့်မှန်းရသည်။

အရှေ့ဘက်မျက်နှာစာပါ အက္ခရာ စာလုံးတို့မှာ နှစ်ပရိစ္ဆဒ ကြာညောင်းလာသည်နှင့်အမျှ ရာသီဥတုအလီလီ တိုက်စားခဲ့မှုတို့ကြောင့် ပွန်းပဲ့ ပြုန်းတီးမှုန်ဝါးကာ စာလုံးများဖြစ်သည်ဟုဆိုရုံလောက် ရေးရေးမျှသာ အရာထင်ကျန်ရှိတော့သည်။ အရှေ့ဘက်မျက်နှာစာကို ယနေ့ခေတ် အိုင်တီနည်းပညာများဖြင့် ဖတ်နိုင်အောင် မစွမ်းဆောင်နိုင်ကြသေးချေ။
အာနန္ဒစန္ဒြမင်းကျောက်တိုင်၏ မြောက်ဘက်မျက်နှာစာအပေါ်ပိုင်း၌ အေဒီ ၅ ရာစုလောက်က ရေးထိုးခဲ့သော အရှေ့ဘက်မျက်နှာစာတွင် ရေးထိုးသည့် လက်ရေးမျိုးဖြင့် စာ(၄) ကြောင်းပါရှိသည်။ ယင်းစာလေးကြောင်း
မှာ အရှေ့ဘက်မျက်နှာစာမှ အဆက်ဖြစ်ဟန်ရှိသည်။

မြောက်ဘက်မျက်နှာစာ အပေါ်ပိုင်း စာ ( ၄) ကြောင်းသည်အရှေ့ဘက်စာမျက်နှာတွင် ကျောက်စာ ရေးးထိုးခဲ့သည့်အခါ တစ်မျက်နှာတည်းဖြင့် ပြီးဆုံးခဲ့ဟန်မရှိခြင်းကြောင့် မြောက်ဘက်မျက်နှာသို့ ဆက်ကာ ရေးထိုးခဲ့သည့်ဟု ယူဆရပေသည်။

ထိုကြောင့် ကျောက်စာတိုင် မြောက်ဘက်မျက်နှာတွင် အေဒီ (၄--၅ ရာစု)ထိုး လက်ရေးစာလုံးမျိုးတို့နှင့်
အပေါ်ပိုင်းစာလေးကြောင်းမှာ တူညီနေခြင်းဖြစ်ပြီး။ စာလုံးပွန်းပဲ ပြုန်းတီးမှုံဝါးမှုလည်း တူညီနေသည်။

ယင်း စာလေးကြောင်း အောက်၌ရှိသော စာကြောင်းများမှာ ( အေဒီ ၉-၁၀ ရာစု )လောက်က ရေးထိုးခဲ့သော အက္ခရာစာလုံးများဖြစ်မည်ဟု ခန့်မှန်းယူဆရသည်။

အာနန္ဒစန္ဒြမင်း ကျောက်စာတိုင်ပါ အရှေ့ဘက်မျက်နှာစာ၏ ကျောက်စာ မင်ကူးဓာတ်ပုံများကို ရန်ကုန်တက္ကသိုလ်၊ ဗဟိုစာကြည့်တိုက်ရှိ မြန်မာတိုင်းရင်းကျောက်စာများ၊ စတုတ္ထထုပ်စာအုပ်တွင် ကျောက်စာတစ်မျက်
နှာချင်းစီကို ဓါတ်ပုံ(၂) စီ မှတ်တမ်းတင် ဖော်ပြထားသည်။ အရှေ့ဘက်မျက်နှာစာ အပေါ်ပိုင်းကို ဓာတ်ပုံအမှတ်(၃၄၆) ဖြင့်လည်းကောင်း၊ အရှေ့ဘက်မျက်နှာစာ အောက်ပိုင်းကို ဓာတ်ပုံ အမှတ်(၃၄၇) ဖြင့်လည်းကောင်း၊ မှတ်တမ်းတင်ထားသည်။

Address

41st Street, Upper Block, Batahtaung Township
Yangon

Telephone

+9595122182

Website

Alerts

Be the first to know and let us send you an email when Aryanar - အယနာစာပီ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aryanar - အယနာစာပီ:

Share

Category