Hnin Beauty Saloon

Hnin Beauty Saloon Since 2002
Haircut/Hair Care& Styling/Nail Art/Foot Massage/Body Massage
Open daily- 9:00AM to 7:30PM

31/05/2026

super sunday

14/01/2026

ပျော့ဆေးသုံးတိုင်း ဦးရေပြားအထိပါ ပွတ်လိမ်းနေမိတုန်းလား? 🤔

ဒါဆိုရင်တော့ သင့်ဆံပင်တွေ ပျက်စီးဖို့ လမ်းစပဲနော် ⚠️

ဦးရေပြားထိရင် ဘာတွေဖြစ်နိုင်လဲ? 👇

✅ ဦးရေပြားက ထွက်တဲ့ အဆီနဲ့ ပျော့ဆေးထဲက အဆီ ပေါင်းစပ်သွားတဲ့အခါ 🧴ဆံပင်တွေ အဆီပြန်ပြီး ဆံပင်အရင်းတွေ အားနည်းလာကာ ဆံပင်ကျွတ်ထွက်ဖို့ ပိုလွယ်သွားစေပါတယ် 😥
✅ ပျော့ဆေးက ဦးရေပြားနဲ့ ထိတွေ့မိရင် ဗောက်ထခြင်း၊ ယားယံခြင်းတွေ ဖြစ်လာနိုင်ပါတယ် ❄️
✅ ခေါင်းလျှော်ပြီးတာနဲ့ ဆံပင်က အဆီပြန်ပြီး ကပ်စေးစေး ဖြစ်နေတတ်ပါတယ် 😖

💁ဒါကြောင့် ဒီအချက်လေးတွေ သိထားပြီးပြီဆိုရင် ခေါင်းလျှော်တဲ့အခါ ဆံပင်အလယ်ပိုင်းကနေ အဖျားပိုင်းအထိပဲ ပျော့ဆေးလိမ်းပေးဖို့
မမေ့နဲ့နော် 💆‍♀️✨


01/01/2026
23/07/2025

❄️နှင်း❄️
Beauty Salon ကို
အမှတ် 124 ဆင်းမင်းလမ်းမှာ
ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါပြီ

ငုဝါလမ်းဆိုင်လေးနဲ့အမှတ်တရနှုတ်ဆက်ခဲ့ပါတယ် ငုဝါလမ်းဆိုင်လေးရေ
15/07/2025

ငုဝါလမ်းဆိုင်လေးနဲ့အမှတ်တရ
နှုတ်ဆက်ခဲ့ပါတယ် ငုဝါလမ်းဆိုင်လေးရေ

27/04/2024

ပိုင်ရှင်ပြန်လာယူသွားပါပြီ

နှင်း အလှပြင်ဆိုင်

သို့ လာရောက်အားပေးကြသော ဧည့်သည်တော်များရှင့် (၂၆.၄.၂၀၂၄ ) သောကြာ နေ့တွင် ပိုက်ဆံအိတ် တွေ့ရှိထားပါ၍ ပိုက်ဆံအိတ်အရောင် နှင့် အနီးစပ်ဆုံး ငွေပမာဏ ကို ပြောဆို၍ လာရောက်ယူပေးပါရှင့်။

21/03/2023


06/12/2022

"ကတုံးတုံးပေးတာက ဆံပင်သန်စေသလား"

မြန်မာနိုင်ငံမှာ အသက် (၃) နှစ်အောက် ကလေးငယ်တွေကို ကတုံးတွေနဲ့ပဲ အတွေ့ရများတာပေါ့။ ကလေးတွေကို ကတုံးတုံးပေးတဲ့ အလေ့အထဟာ မြန်မာနိုင်ငံတင်မကဘဲ အိန္ဒိယနဲ့ တချို့အာရှနိုင်ငံတွေမှာ တွေ့ရတာပေါ့။ ကတုံးတုံးပေးရတဲ့ အဓိကအကြောင်းရင်းကို မေးလာရင် ဆံပင်သန်စွမ်းအောင်လို့ ဖြေကြမယ်ထင်ပါတယ်။

ပတ်ဝန်းကျင်မှာလည်း ကလေးတစ်ယောက်က ဆံပင်မကောင်းဘူးဆိုရင် “ဟယ် နင့်ကလေးရဲ့ဆံပင်က ပျော့ဖက်ဖက်နဲ့။ ကတုံးတုံးပေးလိုက် ဆံပင်သန်သွားအောင်” လို့ ပြောတတ်တာ အားလုံးအသိပါ။ ကတုံးတုံးတာက တကယ်ရော ဆံပင်သန်လို့လားဆိုတဲ့ မေးခွန်းက စဉ်းစားစရာပေါ့။

တကယ်တော့ ကတုံးတုံးရင် ဆံပင်သန်တယ်ဆိုတဲ့ အယူအဆက မမှန်ပါဘူး။ ဆံပင်ဆိုတာ ဦးရေပြားရဲ့အောက်မှာရှိတဲ့ မွေးညှင်းပေါက်ထဲက ထွက်လာတာပါ။ ဦးရေပြားပေါ်မှာ ကတုံးတုံးတာက မွေးညှင်းပေါက်နဲ့ မသက်ဆိုင်တဲ့အတွက် ဆံပင်သန်စွမ်းမှုနဲ့ မသက်ဆိုင်ပါဘူးလို့ ဆိုရမှာပါ။

ပုံမှန်အားဖြင့်တော့ ဆံပင်တစ်ချောင်းချင်းစီက ကြီးထွားချိန်တွေ ရပ်နားချိန်တွေ မတူညီတဲ့အတွက် အတိုအရှည်မညီကြဘူးလေ။ ကတုံးတုံးလိုက်တဲ့အခါ ဆံပင်တွေက အတိုအရှည်ညီညီနဲ့ တစ်ပြိုင်တည်း ထွက်လာတဲ့အတွက် ပိုသန်တယ်လို့ ထင်ရတာပါ။ လူစိတ်က ထင်သွားတာပေါ့။

ဆံပင်သန်တာက ကတုံးတုံးတာနဲ့ မဆိုင်ဘဲနဲ့ မျိုးရိုးဗီဇနဲ့ပဲ ဆိုင်တာပါ။ ကိုယ့်အဖေ၊ အမေ၊ အဖိုးအဖွားတွေက ဆံပင်သန်တယ်ဆိုရင် ကလေးလည်း ဆံပင်သန်မှာပါ။ ပြီးတော့ ကလေးတွေရဲ့ ဦးရေပြားက နုနယ်လွန်းပါတယ်။ အသက်နည်းနည်းကြီးလာမှ တုံးပေးသင့်တာပေါ့။

လသားအရွယ်မှာ ကတုံးတုံးလိုက်ရင် ဦးရေပြားကို ထိခိုက်တာတွေ ဖြစ်နိုင်တယ်။ ဆံပင်သန်ချင်တယ်ဆိုရင် ဦးရေပြားကို သန့်သန့်ရှင်းရှင်း ထားပေးပါ၊ ကန်စွန်းဥ၊ ထောပတ်သီး၊ အခွံမာသီးနဲ့ ငါး စတဲ့အစားအစာတွေကို ကျွေးပေးပါလို့ တိုက်တွန်းလိုက်ရပါတယ်။

True က အသစ်ထွက်စာအုပ်လေးတွေ ဒီကနေဝယ်လို့ရတယ်နော် > https://bit.ly/36fuXtV
ချစ်တဲ့ ❤️
True Learning
*******************
True Learning မှ မိခင်တို့အတွက် ရင်တွင်းဖြစ်စာလေးများကို လွတ်လပ်စွာ share ပြီး တင်နိုင်ပါတယ်ရှင်။ တစ်ဆင့်ပြန် Copy လုပ်ပြီး မတင်ဖို့ မေတ္တာရပ်ခံပါရစေနော်။


#ကလေးစာပေ #ကလေးစာအုပ်

မိခင်နဲ့ ကလေးအသုံးအဆောင်ပစ္စည်းများကို (၃)မိနစ်အတွက်ဝယ်ယူပါ
https://trues.com.mm/

26/04/2022

အဆီပြန်တဲ့ ဆံကေသာပိုင်ရှင်တွေ သိထားသင့်တဲ့ အခြားအချက်တွေကတော့

💁🏻‍♀️ခေါင်းကို ၂ ရက်တစ်ခါလောက်လျှော်ပါ။

💁🏻‍♀️အဆီပြန်တဲ့ ဆံသားပိုင်ရှင်များအတွက် ထုတ်ထားတဲ့ Dry Shampoo ကို သုံးပါ။

💁🏻‍♀️ဆံပင်ပျော့ဆေး သုံးတဲ့အခါတိုင်း ဦးရေပြားကို မလိမ်းဘဲ ဆံပင် အဖျားလေးတွေကိုပဲ သုတ်လိမ်းပါ။ ပြီးရင် ရေနဲ့ ပြန်စင်အောင် ဆေးချပါ။

💁🏻‍♀️ဆံပင် အမြန်ခြောက်အောင် Dryer အသုံးများတဲ့အခါ ဆံပင် အရင်းပိုင်းက အဆီဂလင်းတွေ အပူကြောင့် ပိုကြွလာပြီး အဖျားပိုင်းက ဆံသားတွေကတော့အပူကြောင့် ပိုခြောက်သွားနိုင်တာကြောင့် ဆံပင်ကို သဘာဝအတိုင်း အခြောက်ခံပါ။

💁🏻‍♀️ဆံပင်ကို ခဏခဏ မဖီးပါနဲ့။
ဆံပင် ခဏခဏ ဖီးလိုက်ရင် ဆံသားအောက်က အဆီဂလင်းလေးတွေကို သွားသွားဆွမိသလိုဖြစ်လို့ အဆီတွေထုတ်ပေးသလိုဖြစ်ပြီး ဦးရေပြား အဆီပြန်လာတတ်ပါတယ်။

💁🏻‍♀️ခေါင်းလိမ်းဆီသုံးမယ်ဆိုရင် ဦးရေပြားအစား ဆံပင်အဖျားတွေကို ပိုသုံးပေးပါ။

ဒါတွေကတော့ အဆီပြန်တဲ့ ဆံသား ပိုင်ရှင်တွေ အတွက် အသုံးဝင်တဲ့ ဆောင်ရန်ရှောင်ရန်လေးတွေပါ။




ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် သဲကုန်းမြို့နယ် ပိဿာပေးကျေးရွာ နှင့် ချောင်းကမ်းကုန်းကျေးရွာရှိ"သိုက်တောမရွှေကျင်ကျောင်းတို...
10/04/2022

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်
သဲကုန်းမြို့နယ် ပိဿာပေးကျေးရွာ နှင့် ချောင်းကမ်းကုန်းကျေးရွာရှိ

"သိုက်တောမရွှေကျင်ကျောင်းတိုက်သစ်"

ဆောက်လုပ်နေခြင်းအတွက်

☘️☘️☘️☘️☘️☘️☘️☘️☘️☘️

ရန်ကုန်မြို့ ငုဝါလမ်း
အလုံမြို့နယ်

"နှင်း"

ဆံပင် ၊ မိတ်ကပ် အလှပြုပြင်ရေး
ဝန်ထမ်းများမှ

လစဉ် (၃၃,၀၀၀) ကျပ်ဖြင့်
(၉) လအတွက်

စုစုပေါင်း

အလှူတော်ငွေ

(၃၀၀,၀၀၀)

သုံးသိန်းကျပ်တိတိ

ကိုထည့်ဝင်လှူဒါန်းခဲ့ပါသည်။

လှူဒါန်းမှုကုသိုလ်အတွက် နတ်လူသာဓု ခေါ်စေသော်။

🙏🙏🙏

☘️ကုသိုလ်ရှင်အပေါင်းတို့ ကိုယ်ရောစိတ်ပါ ထာဝရအေးချမ်းသာယာကြပါစေ

☘️ကပ်ကြီး (၃) ပါးဖြစ်သော
ဒုဗ္ဘိက္ခန္တရကပ် ၊ရောဂန္တရကပ် ၊ သတ္တန္တရကပ် ဟူသော ကပ်ကြီး (၃) ပါးကိုလည်း ကျော်လွှားနိုင်ကြပါစေ

☘️လုပ်ကိုင်ကြံစည်သမျှ ကြံတိုင်းအောင်၍ ဆောင်တိုင်းမြောက်ကြပါစေ

☘️မရရှိသေးသော စည်းစိမ် ဥစ္စာ ရတနာ များ ရရှိ၍ ရရှိပြီးသော စည်းစိမ် ဥစ္စာ ရတနာများလည်းတည်တံ့ တိုးပွား
ကြပါစေ

☘️သာသနာအကျိုးကိုလည်း ဆထက်တိုး၍အကျိုးဆောင်နိုင်ကြပါစေ

☘️🙏🙏🙏☘️

Address

No. 124, Sin Min Street
Yangon
Q4RH+829,YANGON

Telephone

+959420074306

Website

Alerts

Be the first to know and let us send you an email when Hnin Beauty Saloon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share