24/01/2024
Power Bank တစ်လုံးကို
ကိုယ်တိုင် ဆင်သုံးဖူးတော့မှ
ဈေးကွက်ထဲမှာရှိတဲ့ Power Bank တွေ အကြောင်း
ကောင်းကောင်း နားလည်လာတယ်
ဈေးကွက်ထဲမှာ Q.C-4 ပါတဲ့
20000mAh Power Bank တစ်လုံးကို
၄၀,၀၀၀ ကျော်နဲ့ ရတယ်
ကိုယ်တိုင် တပ်ဆင်တဲ့အခါ
2500mAh Battery တစ်လုံးတင် ၅၅၀၀
၈ လုံးဆိုတော့ ၄၄,၀၀၀ ကျပ်
Battery ဖိုးနဲ့တင်
Readymade Power Bank က
တန်နေပြီလို့ မသိသူအတွက် ထင်စရာ
Power Bank Module က ၁၆,၀၀၀ အများဆုံးရှိတယ်
ဗူးအခွံကို PVC ပိုက်နဲ့ပဲ ဖန်တီးဦး
Circuit Board နဲ့ ဗူးအခွဲနဲ့တင် ၂၀,၀၀၀ ပတ်ချာလည်သွားပြီ
Battery ဖိုးပေါင်းရင် DiY QC4 Power Bank တစ်လုံးရဲ့
mAh အပြည့် တန်ဖိုးဟာ ၆၅,၀၀၀ ဝန်းကျင်မှာရှိတယ်
Readymade တွေက လေးသောင်းကျော်ကနေ
ခြောက်သောင်း ဝန်းကျင်ထိ ရောင်းကြတယ်
အဲ့ဒီ Readymade အလုံးတွေဟာ mAh မပြည့်ဘူး
ဥပမာ 20000mAh ဆိုရင် 10,000mAh ဝန်းကျင်ပဲပါတယ်
mAh အပြည့် Readymade အလုံးတွေဟာ ၁ သိန်းကျော်မှာရှိတယ်
ဗူးအခွံ လှလှပပလေးရော module ရောပါပြီးသား
Battery ၈ လုံးဆံ့ တစ်ခုကို ၂၅,၀၀၀ နဲ့
3200mAh Battery ၆၈၀၀ တန် ၈ လုံးနဲ့
လက်ခ ၁၀,၀၀၀ နဲ့ ဆိုရင်
25000mAh QC4 Power Bank တစ်လုံးကို
၉သောင်းကျော် ဝန်းကျင်ပဲ ကျမယ်
Power Bank တွေ အဓိကပျက်တာ Battery ဖြစ်လို့
အချိန်မရွေးဖြုတ်တပ်ပြီး ကိုယ့်ဘာသာ လဲလို့ရမယ်
mAh အပြည့်ရမယ် Dual QC ရမယ်
အထက်ပါ အချက်ပြည့်စုံတဲ့ Readymade Power Bank ကို
၁၆၀,၀၀၀ အထက်ကနေ စ ဝယ်ရလိမ့်မယ်
Power Bank မှာ ဈေးအကြီးဆုံးက Battery ပဲ
သေချာတာကတော့ ဈေးပေါလေ အလိမ်ပိုခံရလေပဲ
ဒီအကွက်ကို သိကြတဲ့ ငွေနောက်လိုက် မသမာသူတွေကလည်း
Quality မကောင်းပဲ ဈေးဇွတ်တင်ကြပြန်ရော
Quality ကောင်းတိုင်း ဈေးကြီးသလို
ဈေးကြီးတိုင်းလည်း Quality မကောင်းဘူး
လူမှာဆို ကိုယ်ကျင့်တရား
ပစ္စည်းမှာ Brand
Brand ကိုလည်းသုံးတယ်
ကိုယ်ကျင့်တရားလည်း ရှိတယ်
ငွေနောက်လည်း မလိုက်ဘူး
အကောင်းဆုံးကိုမှ သုံးပေးပြီး
Quality တစ်ခုကို ထိန်းထားတဲ့
Quality & Service for You