Norah The Burmese Housewife

Norah The Burmese Housewife Burmese homemaker Norah shares traditional recipes, kitchen DIYs, beauty tips, and wellness advice. Subscribe for weekly inspiration!

Embrace the warmth of Myanmar's culture and join her journey to a balanced, beautiful life.

အသံတိတ်မျှော်စင် (Tower of Silence) အကြောင်းအိန္ဒိယမှာ Parsi လို့ခေါ်တဲ့ လူမျိုးစုတစ်ခု ရှိတယ်။ သူတို့ရဲ့ ဘာသာက ဇိုရိုအက...
20/09/2025

အသံတိတ်မျှော်စင် (Tower of Silence) အကြောင်း

အိန္ဒိယမှာ Parsi လို့ခေါ်တဲ့ လူမျိုးစုတစ်ခု ရှိတယ်။ သူတို့ရဲ့ ဘာသာက ဇိုရိုအက်စထရီယန် (Zoroastrian) ပေါ့။ ဒီလူတွေက တခြားသူတွေနဲ့ မတူဘဲ သေဆုံးသွားတဲ့သူတွေကို မြေမြှုပ်တာ၊ မီးရှို့တာမျိုး လုံးဝမလုပ်ဘူး။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ယုံကြည်ချက်အရ မြေကြီး၊ ရေ၊ မီး စတဲ့ သဘာဝအရာတွေဟာ သန့်စင်တယ်လို့ ယူဆကြတယ်။ လူသေအလောင်းက ပုပ်ပွညစ်ညမ်းတဲ့အရာဖြစ်လို့ အဲ့ဒီသန့်စင်တဲ့အရာတွေကို ညစ်ညမ်းစေမှာစိုးလို့ ရှောင်တာပေါ့။
ဒါကြောင့် သူတို့က အလောင်းတွေကို စွန့်ပစ်ဖို့အတွက် ထူးခြားတဲ့နည်းလမ်းတစ်ခုကို အသုံးပြုကြတယ်။ အဲ့ဒါက "အသံတိတ်မျှော်စင်" (Dakhma) လို့ခေါ်တဲ့ မျှော်စင်တွေပဲ။ ဒီမျှော်စင်တွေက မြို့နဲ့ဝေးတဲ့နေရာတွေမှာ ရှိပြီး အများသူငါ ဝင်ခွင့်မရှိဘူး။ လူတစ်ယောက် သေဆုံးသွားရင် အထူးရွေးချယ်ထားတဲ့ ဘာသာရေးပညာရှင်တွေက အလောင်းကို မျှော်စင်ပေါ်ကို သယ်သွားပြီး တင်ထားလိုက်ကြတယ်။ မျှော်စင်ရဲ့ မျက်နှာပြင်မှာ ယောက်ျားတွေအတွက် အပြင်ဘက်အကွင်း၊ မိန်းမတွေအတွက် အလယ်အကွင်း၊ ကလေးတွေအတွက် အတွင်းဘက်အကွင်းဆိုပြီး အကန့်အသတ်တွေ ရှိတယ်။
ပြီးရင်တော့ လင်းတတွေနဲ့ တခြားအသားစားငှက်တွေက အဲ့ဒီအလောင်းတွေကို လာစားကြတယ်။ နာရီအနည်းငယ်အတွင်းမှာပဲ အရိုးစုပဲ ကျန်တော့တာပေါ့။ ဒါကို "ကောင်းကင်ဈာပန" (Sky Burial) လို့လည်း ခေါ်ကြတယ်။ အရိုးတွေ ကျန်တာနဲ့ မျှော်စင်ရဲ့အလယ်က အရိုးခံတွင်းထဲကို ပစ်ချလိုက်ကြတယ်။ အဲ့ဒီမှာ နေရောင်ခြည်နဲ့ မိုးရေတွေက အကူအညီနဲ့ အရိုးတွေဟာ မြေမှုန့်အဖြစ် ပြောင်းလဲသွားတယ်။ ဒီလိုလုပ်ခြင်းဟာ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ သေဆုံးသူရဲ့ နောက်ဆုံးအလှူဒါနလို့ သူတို့က ယုံကြည်ကြတာပေါ့။
ဒါပေမဲ့ ဒီနေ့ခေတ်မှာတော့ ပြဿနာတစ်ခု ရှိလာတယ်။ လင်းတတွေက အရမ်းရှားသွားလို့ပဲ။ အစိုးရက တိရစ္ဆာန်တွေကို ပေးတဲ့ ဆေးတစ်မျိုးကြောင့် လင်းတတွေ သေကုန်ကြလို့ပါ။ ဒါကြောင့် အလောင်းတွေ ပုပ်ပွတာ နှေးပြီး အနံ့အသက်တွေ ထွက်လာတာမျိုးတွေ ဖြစ်လာတယ်။ ဒါကြောင့် Parsi လူမျိုးတွေက နေရောင်ခြည်ကို စုပြီး အလောင်းကို အခြောက်ခံတာမျိုး (Solar Concentrators) လို နည်းလမ်းအသစ်တွေကို ရှာဖွေပြီး အသုံးပြုလာကြတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အသံတိတ်မျှော်စင်တွေဟာ Parsi လူမျိုးတွေအတွက် အခုထိ ဘာသာရေးနဲ့ သမိုင်းကြောင်းအရ အရေးပါတဲ့နေရာတွေ ဖြစ်နေဆဲပါပဲ။

This photo is not mine. All rights belong to its respective owner.

27/08/2025
27/08/2025

Homemade Burmese Style Chicken biryani (by me)

27/08/2025

Tacos 🌮 by me 🇲🇽🇲🇽

27/08/2025

အိမ်မှာ လုပ်စားဖြစ်တဲ့ Grilled Chicken with Mashed potato and Asparagus လေးပါ

27/08/2025

ကျွန်မရဲ့3 နှစ်အောက် နှစ်ယောက် အတွက် တနေ့တမျိုး မပြင်းရအောင် လုပ်ပေးဖြစ်တာလေး

စားချင်တာက စပ်ပြဲလန်နေတာမှ 🌚
23/05/2025

စားချင်တာက စပ်ပြဲလန်နေတာမှ 🌚

ဟုတ်တယ် မှတ်လား 🤐
23/05/2025

ဟုတ်တယ် မှတ်လား 🤐

ယေဘူယျအားဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများအတွက် တစ်နေ့လျှင် ခြေလှမ်းပေါင်း 7,500 မှ 10,000 အထိ လျှောက်ရန် အကြံပြုထားသည်။...
22/05/2025

ယေဘူယျအားဖြင့်
ကျန်းမာရေးအကျိုးကျေးဇူးများအတွက် တစ်နေ့လျှင် ခြေလှမ်းပေါင်း 7,500 မှ 10,000 အထိ လျှောက်ရန် အကြံပြုထားသည်။
ကျမ်းမာရေး လေ့လာမှုများအရ တစ်နေ့လျှင် ခြေလှမ်း ၂,၅၀၀ မှ ၃,၀၀၀ အထိပင် လမ်းလျှောက်ခြင်းမှာ နှလုံးရောဂါဖြစ်နိုင်ချေနှင့် ရောဂါအားလုံးနည်းပါးကိုလျှော့ချနိုင်ခြင်းအပါအဝင် သိသာထင်ရှားသော ကျန်းမာရေးအကျိုးကျေးဇူးများကို ပေးစွမ်းနိုင်သည်။
နောက်ထပ်အဆင့် (၁၀,၀၀၀) အထိ ကျန်းမာရေးတိုးတက်မှုနှင့် ကိုယ်အလေးချိန်ကျခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည်။


Diet လုပ်နေတယ် ဆိုပီးထမင်းရှောင် / အသားပြုပ် အရွက်ပြုပ်တွေ စားပီး ဘဝရှေ့ဆက်နေတုန်းလား 😢Grilled chicken/ grilled beef / S...
20/05/2025

Diet လုပ်နေတယ် ဆိုပီး
ထမင်းရှောင် / အသားပြုပ် အရွက်ပြုပ်တွေ စားပီး ဘဝရှေ့ဆက်နေတုန်းလား 😢
Grilled chicken/ grilled beef / Shrimp/lamp
လဲလုပ်စားလို့ရပါတယ်နော်
Air Fryer လဲ အသုံးပြု ပြီး အရသာရှိတာလေးတွေချက်စားလို့ရပါတယ်
Olive oil လေး ၁ လက်ဖက်ရည်စွန်း သုံးပြီး ကြော်လှော်လို့ရပါတယ်
ထမင်း က လဲ Carbohydrate ဖြစ်လို့ အနည်းငယ်လောက်ဖြစ်ဖြစ် စားပေးသင့်ပါတယ်နော်
Carbohydrate လျှော့နည်းရင် ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အားနည်းခြင်း၊ အာရုံစူးစိုက်ရခက်ခဲခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ခံတွင်းနံ့ဆိုးခြင်းနှင့် ဗီတာမင်နှင့်သတ္တုဓာတ်များ ချို့တဲ့ခြင်းတို့ ဖစ်နိုင်ပါတယ်နော်
သတိထားရန်အတွက်ပါ
ကိုယ်က professional diet သမားမဟုတ်ပေမဲ့ ကိုယ်နေ့စဉ် လုပ်တာလေးကို sharing လုပ်ချင်းဖြစ်ပါတယ် ❤️

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Norah The Burmese Housewife posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category