Pinfitwear

Pinfitwear We warmly welcome you. We can support and help your career life success and dreams come true. We pr

30/04/2026

Tired of carrying heavy soil bags?

This compressed coco coir brick turns into fluffy, nutrient-rich soil instantly.
No mess. No smell. Just add water.

Grow healthier plants the easy way 🌿

30/04/2026

Gardeners are obsessed with this 😳

Link in bio before it’s gone

30/04/2026

This tiny brick = a whole garden 🌱

Tap bio before it sells out 👆

30/04/2026

This doesn’t look like soil… but watch what happens when you add water 👀

Thousands of gardeners are switching to this cleaner, lighter alternative.

Try it once — you’ll never go back.

30/04/2026

Stop wasting money on heavy, messy soil…
This tiny brick expands into rich, clean growing medium in seconds.
Just add water and start planting 🌱

Perfect for indoor plants, vegetables & home gardens.

🎯 Limited stock – grab yours now!

သီတင်းကျွတ်အခါသမယမှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ။
09/10/2022

သီတင်းကျွတ်အခါသမယမှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ။

06/09/2022

ကလေး ကိုဗစ်

အခုတလော ကိုဗစ်ဖြစ်တဲ့ကလေးတွေ များ လာပါတယ် တအိမ်ထဲက ဖြစ်နေတဲ့ လူကြီးတွေဆီက ကူးတာပါ

ကလေးမှာ ကိုဗစ်က ပြင်းထန်လေ့မရှိပါ သာမာန် တုပ်ကွေးလိုပဲပြီးသွားပါမယ်
( ရှားရှားပါးပါး ပြင်းထန်တာရှိပါတယ် တေါ်တေါ်ရှားပါတယ် အဖျာကြီးပြီး ၃-၄ ပတ်အကြာမှာ ပြင်းပြင်းထန်ထန် ပြန်ဖျားပြီးမျက်မှေးရောင်ပါးစပ်ရောင် နှလုံးရောင်တွေနဲ့ ပြတတ်တယ် )

ဖျားရင်/ ကိုက်ခဲရင် ( ငိုနေ / ဂျီကျနေ ) ရင်ပါရာစီတမောတိုက်ပါ
ယေဘူယျအားဖြင့် ၁၅ မီလီဂရမ် / ကီလိုဂရမ် ကိုယ်အလေးချိန်နဲ့ ၄-၆ နာရီ တခါ တိုက်လို့ရပါတယ် ပုံမှန်တိုက်ဖို့မလိုပါဘူး တိုက်ပြီး ချွေးထွက်လါရင် ပြောင်အေါင် မသုတ်ပါနဲ့ အင်္ကျီမလဲပါနဲ့ ချွေးကအငွေ့ပျံဖို့လိုတဲ့အပူ ကို ခန္တာကိုယ်ကစုပ်ယူ ခြင်းဖြင့် အပူချိန်ကိုကျစေတာပါ

၁နှစ်အေါက် ( အစက်ချဆေး Drop )
Biogesic drop / Babygesic drop / Napa drop / အလားတူတွေရှိပါတယ်
100 mg / ml ပါပါတယ်
၆ နာရီ တခါလိုရင်တိုက်နိုင်ပါတယ်

၁နှစ်က ၅ နှစ်
အရည် (Syrup or suspension) တွေရှိပါတယ်
120/ 5ml နဲ့ 250 / 5 ml ဆိုပြီး၂ မျိုးရှိပါတယ်
၄-၆ နာရီ တခါ တိုက်နိုင်ပါတယ်
Biogesic / Progesic / Sara / Napa / Lensen စသည်ဖြင့်တံဆိပ်မျိုးစုံ ရှိပါတယ် အကုန်အတူတူပါပဲ

၅ နှစ် အထက်
ဆေးပြားသေါက်တာ ပိုဈေးသက်သာပါတယ်
တပြား ၅၀၀ မီလီဂရမ်ပါတယ်
တံဆိပ်မျိုးစုံရှိပါတယ် အကုန်အတူတူပါပဲ
ကိုယ်အလေးချိန်နဲ့ ၁၀-၁၅ မီလီဂရမ် / ကေဂျီ တွက် ပြီးတိုက်ပါ
ကိုယ်အလေးချိန် ဘယ်လေါက်ရှိရှိ အများဆုံးတခါသေါက် ၂ ပြားထက်ပိုမသေါက်သင့်ပါ

နှာစေး နှာခေါင်းပိတ်ရင်
Cetrizine syrup ( Cetrine/ Adezio/ Ormist /
အလားတူတွေရှိပါတယ်
5 mg / 5 ml. 1ml မှာ 1 mg ပါပါတယ်
၂နှစ်အေါက်အတွက် ကလေးပမာဏ မဖေါ်ပြထားပါ
မိမိအ​ေနနဲ့ ပေးလေ့ရှိတာကတော့
၆ လအေါက် - 1 ml ၂ ကြိမ်
၆လ နဲ့ ၁နှစ်ကြား - 1.5 ml ၂ ကြိမ်
၁နှစ် နဲ့ ၅ နှစ် ကြား - 2.5 ml ၂ ကြိမ်

ဆေးပြား 10 mg /tab ဆိုရင်
၁-၃ နှစ်ကြား တစိတ် ၁/၄ ၂ ကြိမ်
၃-၅ နှစ်ကြား ၁/၃ ၂ကြိမ်
၅ နှစ် အထက် ၁/၂ ၂ ကြိမ် ပေးပါတယ်

နှာခေါင်းအခြောက်ပိတ်ရင်
ဆားရည် (Physiodose or Seawater spray ) တွေကို မကြာခဏ ထည့်ပေးနိုင်ပါတယ်
ဝယ်မရရင် - ရေသန့်၁ဖန်ခွက် မှာ ဆားသန့်သန့် လဖက်စားဇွန်းတဝက်နဲ့ ထည့်ဖျော် လို့ရပါတယ်

ဝမ်း သွားရင်
အရေးအကြီးဆုံးက ဓါတ်ဆားရည်ပါ
ရိုးရိုး အရသာမပါ - MPF
လိမ္မော်အရသာ - Pharolit / Peditral/ Electral / Electrorush ( ဖျော်ပြီးသား) မျိုးစုံရှိပါတယ်
အညွှန်းအတိုင်းဖျော်ပါ
ဆေးလိုမ​ေသါက်ရပါ ရေဆာ တိုင်းရေအစားသေါက်ရပါမယ်
ဓါတ်ဆားရည် မသေါက်ပါက အုန်းစိမ်းရည် / ဆန်ပြုတ်ကျဲကျဲ ဆားခတ် သေါက်နိုင်ပါတယ်

အန်ရင်

Domperidone အအန်ပျောက်ဆေး တကြိမ် သေါက်လို့ရပါတယ်
အစက်ချဆေး ဆို ရင်
၀.၀၂ -၀.၀၄ မီလီဂရမ် / 5 ကေဂျီ နဲ့ တွက်လို့ရပါတယ်
( Voneta/ Deflux / စသည်ဖြင့် )
အရည် ဆိုရင်
၀.၀၂ -၀.၀၄ မီလီဂရမ် / ကေဂျီ နဲ့တွက်လို့ရတယ်
( Motilium syrup/ Cosy စသည်ဖြင့် )
ဆက်တိုက်အန် ဘာမှမဝင်ရင်ဆေးရုံတက်ရပါမယ်

မိခင် ကိုဗစ်ဖြစ်ရင်လည်းနို့စို့ ကလေးငယ်ကို မိခင်နို့ဆက်တိုက်လို့ရပါတယ်
ကလေးနို့မတိုက်မီ လက်ဆေးပါ မိခင် မတ်စ်တပ်ပါ မျက်နှာအုပ် (face shield ) ပါတတ်ပါ

ကလေး ကိုဗစ် ဖြစ် ရင် လူကြီးတွေကို ကူးနိုင်ပါတယ် အထူးသဖြင့် အဖိုးအဖွားတွေ ကိုကူးရင် သူတို့မှာ အသက်အန္တရာယ်ရှိပါတယ် သတိ အရမ်းထားဖို့လိုပါတယ်

Credit ဆရာကြီး ဦးစောဝင်း

20/08/2022

ဒီရက်ပိုင်း ကလေးဖျားလို့ဆိုပြီး ဆေးခန်းလာပြသူတွေ အတော်များလာတာ သတိထားမိပါတယ်...

မိဘအများစုက ပါရာစီတမောဆေးရည်လေးတွေ တိုက်ပေးထားတာတွေ့ရလို့ (ကလေးလေးတွေ ကိုယ်စား) ကျေးဇူးတင်ပါတယ်နော် 🥰

ဒါပေမယ့် တကယ်တမ်း ဆွေးနွေးမေးမြန်းကြည့်တဲ့အခါမှာတော့ ၊ ဆေးရည်ကို လိုတာထက် ပိုတိုက်/လျော့တိုက်နေတာလေးတွေ တွေ့နေရလို့ပါ...

ဒါ့ကြောင့်...ဖေဖေ မေမေ ၊ ဦးဦး ဒေါ်ဒေါ် မမ ...အားလုံးအားလုံးပဲ

ကလေးလေး အဖျားကျအောင် ပါရာစီတမောဆေးရည် ဘယ်လိုတိုက်ရမယ်ဆိုတာ ပြောပြပေးသွားပါမယ်နော်.........
(၁) အကောင်းဆုံးနည်းလမ်း

ဆေးရုံ ဆေးခန်းတွေမှာ ဆရာဝန်တွေ ဆေးတိုက်သလိုမျိုး အတိအကျဖြစ်ဖို့ဆိုရင်တော့ ကလေးလေးရဲ့ ကိုယ်အလေးချိန် သိဖို့လိုပါတယ်

ကလေးရဲ့ ကိုယ်အလေးချိန် ကီလိုဂရမ်(kg)ကို ၁၅နဲ့မြှောက်ရင်...တစ်ခါတိုက်ရမယ့် ပါရာစီတမောဆေးပမာဏ(mg) ရပါပြီ 😀

( ပေါင်ချိန် lb အနေနဲ့ပဲ သိတယ်ဆိုရင်တော့ ၊ အဲ့ပေါင်ချိန်ကို 2.2 နဲ့စားရင် kg ရပါတယ် ).......

(၂) ဒုတိယနည်းကတော့ ကလေးရဲ့အလေးချိန် အတိအကျ မသိသူတွေအတွက်ပါ...

ဒီနိုင်ငံက ကလေးလေးတွေအတွက် ခန့်မှန်းတွက်ချက်ထားတာတွေ ရှိပါတယ် ( for Myanmar )

အလွယ်နည်း..

မွေးစ မှ ၃လ - 50 mg
၃လ - ၆လ - 100 mg
၇လ - ၁နှစ် - 150 mg
၁ - ၂ နှစ် - 200mg
၃ နှစ် - 225mg
၄ နှစ် - 250mg
၅၊၆၊၇ - 250-275mg
၈ ၊၉ - 300mg
၁၀ နှစ်နဲ့ အထက် 500mg

( တစ်ခါတိုက်ရင် အဲ့ပမာဏ လိုအပ်ပါတယ် )

###########################x

အရေးကြီးတာလေးတစ်ခုက ဆေးမတိုက်ခင် ဆေးဘူးက အညွှန်းကို သေချာဖတ်ပေးပါနော်

တချို့ဆေးဘူးတွေက
5ml ကို 125mg ပါရာစီတမော

တချို့က
5ml ကို 250mg paracetamol

(အရေးအကြီးဆုံး) တချို့ဆေးဘူးတွေက
1ml ကို 100mg (သို့) 125mg

အစရှိသလို အမျိုးမျိုး လာပါတယ်။

#####################

ကလေးကိုတိုက်ရမယ့် ဆေးပမာဏ(mg) ကို အရင်တွက်ပြီးမှ...

ဘယ်နှစ်စက် (သို့) ဘယ်နှစ်ဇွန်း (ml) တိုက်ရမယ်ဆိုတာ မှန်ကန်အောင် တိုက်ပေးနိုင်ကြပါ

အခုပြောခဲ့တာလေးတွေဟာ တစ်ခါတိုက်ရမယ့် ပမာဏလေးတွေပါ

တစ်နေ့ကို ( ၆နာရီခြား ) ၄ကြိမ်အထိ တိုက်လို့ရပါတယ်

လိုအပ်ရင် ( ၄နာရီခြား ) ၆ကြိမ်အထိလည်း တိုးတိုက်လို့ ရပါတယ်...

တတ်နိုင်သ၍ အလွယ်ကူဆုံး အရိုးရှင်းဆုံးဖြစ်အောင် ရေးပေးထားပေမယ့် ၊ အများပြည်သူကြား သဘောမပေါက်တဲ့သူတွေလည်း ရှိမယ်လို့ ကြိုတင်မျှော်လင့်ထားပါတယ်

နားမလည်တာရှိရင် messengerကို လာရောက် မေးမြန်းပေးကြပါနော်

အားလုံးကို ကူညီဖို့အသင့်ပါ 😇

❤️ ချစ်တဲ့...တယ်လီကျန်းမာ ❤️

Credit to တယ်လီကျန်းမာ

10/07/2022

🤔🤔


===========

ကိုးဗစ် လှိုင်း အသစ် လာ ပြန် ပါ ပြီ ။
နောက်ဆုံး ပေါ် အိုမီခရွန် ဘီအေ၄ နဲ့ ဘီအေ၅
Omicron BA.4 and BA.5

မအား တာ နဲ့ လက် ရှိ ရေး လက်စ
စာလေး တောင် ရပ် ထား ရ ပါတယ်။
ခု တော့ ကြားဖြတ် အရေး တကြီး ကိုးဗစ် လှိုင်း အသစ် ဖြစ် ပေါ် မှု အကြောင်း
သတိ ပေး ရေး ပါရ စေ။

အား လုံး သိ ကြတဲ့ အတိုင်း ကိုးဗစ်
ဒယ်လ်တာ delta ပိုး လှိုင်း ကြောင့်
ကမ္ဘာ တဝှမ်း လူ ပေါင်း များ စွာ
အသက် ဆုံး ခဲ့ ကြ ရ ပါတယ်။

ဒယ်လ်တာ ပြီး တော့ အိုမီခရွန် ဆို ပြီး
လှိုင်း တခု ထပ် အ လာ မှာ တော့
ပိုး က အဆ ပေါင်း များစွာ ပိုမို
ပြန့် ပွား နိုင် ပေမဲ့ ဒယ်လ်တာ ပိုး လို
လူ မသေ ခဲ့ ပါ ဘူး။

ကာကွယ် ဆေး တွေ ထိုး ထား ခဲ့ တဲ့
နောက် ပိုင်း အိုမီခရွန် လဲ ညိမ် သွား ခဲ့ ပါ တယ် ။

အခု အိုမီခရွန် ပိုးသစ် တွေ နဲ့
လှိုင်း အ သစ် တခု လာ ပြန် ပါပြီ။

* အိုမီခရွန် ပေါ် စ မှာ ဘီအေ ၁ လို
နာ မယ် ပေး ခဲ့ ပြီး သူ က ရောဂါ ပိုး ပြန့် တာ အရမ်း မြန်ပေ မဲ့ လူ သိပ် မသေ ခဲ့ ပါ။

* ပြီး တော့ ဘီအေ ၂ ပေါ် လာ တယ် ။
ဘီအေ ၂ က ဘီ အေ ၁ ထက် ပိုး
အကူး မြန် ပြီး ပို ဆိုး ပါ တယ် ။
ခု တော့ ဘီအေ ၁ နဲ့ ၂ က
ညိမ် သွား သ လောက် ဖြစ် ပါ ပြီ။

* နောက် ဘီအေ ၃ လဲ ခဏ ပေါ် လာ ပြီး
သူ က မရှိ သလောက် ရှား ပါ တယ် ။

* ခု တော့ ဘီအေ ၄ နဲ့ ၅ ပေါ် လာ ပြီး
ကာကွယ် ဆေး ၂ လုံး ထိုး ထား သူ တွေ ရော
ကိုးဗစ် ဖြစ် ပြီး သူ တွေ ပါ ထပ် ဖြစ် နိင် လို့
သတိ ပေး တဲ့ အ နေ နဲ့ အ မြန်
ရေး သား လိုက် ရ ပါ တယ်။

ဘီအေ ၄ နဲ့ ၅ က ပေါ် တာ
သိပ် မ ကြာ သေး ပါ။

ဒီနှစ် ပြီး ခဲ့ တဲ့ ဧပြီ လ က မှ
ကမ္ဘာ့ ကျမ်းမာ ရေး အဖွဲ WHO က
ဘီအေ ၄ နဲ့ ၅ ပိုး တွေ ကို
နောက်ရောင် ခံ လိုက် ခဲ့ တာ ပါ။
ဘီအေ ၄ ပိုး ကို
တောင်အာဖရိက ဘော့စဝါးနား
ဒိန်းမတ် စကော့တလန် နဲ့ အင်္ဂလန် တွေ မှာ
ဖြစ် နေ တာ တွေ့ ခဲ့ တယ် ။

ဘီအေ၅ ကို တော့ မေလ ထဲ မှာ
ပေါ်တူကီ နိုင်ငံ မှာ တွေ့ ခဲ့ တယ်။

ဂျွန် လ မှာ တော့ ဘီအေ၄ ရော
ဘီအေ၅ ပါ ယူကေ ခေါ် အင်္ဂလန် နဲ့
ဂျာမဏီ မှာ တွေ့ ခဲ့ တယ် ။

ဂျွန် လ မှာ ဘဲ ပြင်သစ် မှာ
ဘီအေ ၅ ပိုး တွေ တွေ့ တယ်။

ဂျွန် ၂၈ရက် မှာ တော့ အမေရိကား မှာ
ရောက် နေ ပါ ပြီ။

ခု နယူးရောက် နဲ့ ကယ်လီ ဖိုးနီးယား မှာ
ဘီအေ၄ ဘီအေ၅ စ ပြန့် နေ ပါ ပြီ။

ဘီအေ ၄ နဲ့ ၅ ပေါ် လာ သလို
ဘီအေ ၂ က လဲ ဆက် ရှိ နေ ပါတယ်။

အမေရိကား မှာ ခုလ ထဲ မှာ
ဘီအေ ၅ က ၅၄%
ဘီအေ ၂ က ၂၇%
ဘီအေ ၄ က ၁၇%
ဖြစ်တာတွေ့ ရ ပါတယ် ။

အာရှ မှာ လဲ ယိုးဒယား နဲ့
မလေးရှား မှာ ပြန့် နေ ပြန် ပါ ပြီ။

မြန်မာပြည် ကို လဲ ဘီအေ၄ နဲ့ ၅
မကြာမီ လာ ပါ တော့ မယ်။

ကာကွယ် ဆေး ၂ လုံး
ထိုး ထား သူများ
အရင် ရော ဂါ ဖြစ် ပြီးသူ များ လဲ
ကူး နိုင် ပါသည်။

ဘယ် လို ကာ ကွယ် မ လဲ ဆို တာ
ကမ္ဘာ မှာ အဖြေ ရှာ နေ ပါ တယ်။

ကာကွယ် ဆေး တတိယ တ လုံး အပြင်
စတ္တုထ တလုံး ထိုး ရင် ရ မ လား?

သေခြာ တာ က တော့
မတ် mask ပြန်တပ်
လူ များ တဲ့ နေရာ မလို အပ်ရင် ရှောင် ပါ။

လက်ဆေး ပါ။

အရက် ပျံ ပွတ်။

ဘီအေ၄ နဲ့ ၅ က ထူးခြား တဲ့
ရောဂါ လက္ခဏာ အသစ် တွေ
ခု ထိ တော့ မတွေ့ ပါ

ဖြစ် တာ လဲ မကြာ သေး တော့
သိပ် မသိ ကြ သေး ပါ။

နှာဆေး နှာခြေ
နှာရည်ယို
ချောင်းဆိုး
လည် ချောင်း နာ
ခေါင်းကိုက်
ကိုယ် လက် ကိုက်
လူနှုံး
နေမကောင်း

လူ အသေအပျောက်
ဘယ် လောက် ထိ ဖြစ် နိုင် တယ် ဆို တာ က လဲ ပြော ဖို့ စော လွန်း ပါသေး ကြောင်း ။

အားလုံး ကိုးဗစ် သတိ ရှိ ကြ ပါစေ။

#မေတ္တာဖြင့်
MD
USA

မူရင်းတင်သူကို ခရက်ဒစ်ပေးပါသည်။

Address

2235 STEPHEN
Yangon
63110

Opening Hours

Monday 07:00 - 20:00
Tuesday 07:00 - 20:00
Wednesday 07:00 - 20:00
Thursday 07:00 - 20:00
Friday 07:00 - 20:00
Saturday 07:00 - 20:00
Sunday 07:00 - 20:00

Telephone

+959407121244

Website

Alerts

Be the first to know and let us send you an email when Pinfitwear posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pinfitwear:

Share