GeoWorld Geology & Mining Service

GeoWorld Geology & Mining Service Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from GeoWorld Geology & Mining Service, Mining Company, Padauk Street, 15Quaters, HlaingTharyar, Yangon.

21/08/2026

ဂြိုလ်တုပုံရိပ်များဖြင့် ဓါတ်သတ္တုရှာဖွေရေး

နိဒါန်း

ကမ္ဘာမြေအောက်မှာ အောင်းနေတဲ့ ရွှေ၊ ငွေ၊ ကြေးနီ၊ ခဲ၊ သွပ် စတဲ့ ဓာတ်သတ္တုတွေကို ရှာဖွေတဲ့ နေရာမှာ လက်တွေ့မြေပြင်ကွင်းဆင်းပြီး လပေါင်းများစွာ အချိန်ယူ မြေပြင်စူးစမ်းလေ့လာရတဲ့ (Field Mapping) နည်းလမ်းတွေဟာ အချိန်ကုန် ၊ လူပင်ပန်းပြီး ငွေကုန်ကြေးကျ အလွန်များနိုင်ပါတယ်။ ဒါကြောင့် လက်တွေ့မြေပြင်ကွင်းဆင်းလေ့လာမှု မလုပ်ခင်မှာ Remote Sensing နည်းပညာနဲ့ ဓာတ်သတ္တုဖြစ်နိုင်တဲ့ နေရာတွေကို ဦးစွာ ရှာဖွေဖော်ထုတ်နိုင်ပါတယ်။ ဥပမာ ASTER လို Multispectral Satellite Data တွေကို အသုံးပြုပြီး တွင်းထွက်အုပ်စု နဲ့ Hydrothermal Alteration ဖြစ်ပေါ်နေတဲ့ နေရာတွေကို မြေပုံထုတ်ဖော်နိုင်ကြောင်း USGS ရဲ့ လေ့လာမှုများမှာလည်း ဖော်ပြထားပါတယ်။

ဘူမိဗေဒပညာရှင် မဟုတ်တဲ့သူတွေအနေနဲ့ မကြာခဏ နားလည်မှုလွဲတတ်တာက ဂြိုဟ်တုကနေ ဓာတ်သတ္တုတွေကို မြေအောက်အထိ တိုက်ရိုက်မြင်တွေ့နိုင်တယ် လို့ ထင်ကြတာပါ။ တကယ် တော့ Remote Sensing နည်းပညာက မြေအောက်မှာရှိတဲ့ ဓာတ်သတ္တုကို တိုက်ရိုက်ရှာဖွေပေးတာ မဟုတ်ပါဘူး။ ဂြိုဟ်တုပုံရိပ်တွေမှာ မြင်တွေ့နိုင်တဲ့ မြေပြင်ပေါ်က ကျောက်သားတွေ ၊ Mineral Alteration နဲ့ Spectral Characteristics တွေကို ခွဲခြမ်းစိတ်ဖြာပြီး ဓာတ်သတ္တုရှိနိုင်ခြေ မြင့်မားတဲ့ နေရာတွေကို ခန့်မှန်းဖော်ထုတ်ပေးတာသာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ Remote Sensing Analysis ကနေ Mineral Potential Mapping လုပ်ပေးတဲ့အခါ ဓာတ်သတ္တုရှိနေတယ် လို့ တိတိကျကျ အတည်ပြုပေးတာထက် ဓာတ်သတ္တု ရှိနိုင်ခြေ မြင့်မားတဲ့ နေရာက ဘယ်နေရာလဲ ဆိုတာကို အရင်ဆုံး ရှာဖွေပေးတာ လို့ နားလည်ထားရင် ပိုမှန်ကန်ပါတယ်။ အဲဒီလို အလားအလာရှိတဲ့ နေရာတွေကို ဦးစားပေးသတ်မှတ်ပြီးမှ နောက်တစ်ဆင့်မှာ Field Survey ၊ Geochemical Survey ၊ Geological Mapping နဲ့ အခြား Geological Investigation တွေကို ဆက်လက်လုပ်ဆောင်ရမှာဖြစ်ပါတယ်။

ဂြိုဟ်တုတွေက မြေကြီးထဲက သတ္တုကို ဘယ်လိုမြင်လဲ။

တကယ်တော့ ဂြိုဟ်တုတွေဟာ ကမ္ဘာမြေအောက်မှာ အောင်းနေတဲ့ ဓာတ်သတ္တုတွေကို မြေအောက်အထိ တိုက်ရိုက်ထိုးဖောက်ပြီး လှမ်းမြင်နိုင်တာ မဟုတ်ပါဘူး။ ဓာတ်သတ္တုဖြစ်ပေါ်တဲ့ နေရာတွေမှာ မြေအောက်ကနေ အပူချိန်မြင့်တဲ့ သတ္တုရည်ပူတွေ (Hydrothermal Fluids) တက်လာတဲ့ အခါ ပတ်ဝန်းကျင်မှာရှိတဲ့ ကျောက်သားတွေနဲ့ ဓာတုဗေဒအရ တုံ့ပြန်မှုတွေ ဖြစ်ပေါ်ပြီး မူလ ကျောက်သားတွေရဲ့ ဖွဲ့စည်းပုံနဲ့ တွင်းထွက်ပါဝင်မှုတွေ ပြောင်းလဲသွားနိုင်ပါတယ်။ ဒီလို ပြောင်းလဲမှု ကြောင့် ဖြစ်ပေါ်လာတဲ့ Alteration Minerals တွေမှာ သီးခြား Spectral Signature တွေ ရှိလာပါတယ်။ ဂြိုဟ်တုတွေမှာ တပ်ဆင်ထားတဲ့ Sensors တွေက လူ့မျက်စိနဲ့ မမြင်နိုင်တဲ့ Infrared နဲ့ Shortwave Infrared (SWIR) လို လျှပ်စစ်သံလိုက်ရောင်ခြည် လှိုင်းအလျားတွေကိုပါ ဖမ်းယူတိုင်းတာနိုင်တာကြောင့် မြေမျက်နှာပြင်ပေါ်မှာရှိတဲ့ ကျောက်သားနဲ့ တွင်းထွက်တွေရဲ့ Spectral Characteristics တွေကို ခွဲခြမ်းစိတ်ဖြာနိုင်ပါတယ်။ အဲဒီလို Spectral လက္ခဏာတွေကို အသုံးပြုပြီး ဘယ်နေရာမှာ ဘယ်လို Mineral Alteration ဖြစ်ပေါ်နေသလဲဆိုတာကို ဖော်ထုတ်ပြီး ဓာတ်သတ္တုဖြစ်ပေါ်နိုင်ခြေရှိတဲ့ နေရာတွေကို ခန့်မှန်းသတ်မှတ်နိုင်တာ ဖြစ်ပါတယ်။
ဥပမာ ရွှေ ကိုပဲ ကြည့်မယ်ဆိုရင် ဂြိုဟ်တုက မြေကြီးထဲက ရွှေ ကို တိုက်ရိုက်မြင်နိုင်တာ မဟုတ်ပါဘူး။ ရွှေသတ္တုဖြစ်ပေါ်တဲ့ နေရာတွေမှာ Hydrothermal Alteration ဖြစ်စဉ်တွေကြောင့် ပတ်ဝန်းကျင်ကျောက်တွေ ပြောင်းလဲသွားတတ်ပါတယ်။ အဲဒီလို ပြောင်းလဲမှုတွေကြောင့် Clay Minerals ၊ Iron Oxides ၊ Silica စတဲ့ Mineral တွေရဲ့ Spectral Response တွေက ပုံမှန်ကျောက်တွေနဲ့ မတူတော့ပါဘူး။ ဒီကွာခြားချက်တွေကို Satellite Data တွေရဲ့ Band တွေကနေ တိုင်းတာပြီး Band Combination ၊ Band Ratio နဲ့ Spectral Analysis တွေ ပြုလုပ်နိုင်ပါတယ်။ အဲဒီကနေ Mineral Alteration ဖြစ်နေတဲ့ Zone တွေကို ရှာဖွေပြီး Gold Mineralization ဖြစ်နိုင်တဲ့နေရာတွေကို သတ်မှတ်နိုင်တာဖြစ်ပါတယ်။ ဆက်လက်ပြီး
မြေပြင်ကွင်းဆင်းလေ့လာမှုတွေ နဲ့ ထပ်မံစစ်ဆေးပြီးမှ သတ္တုဖြစ်ပေါ်မှုကို သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

ဓာတ်သတ္တုရှာဖွေရေးအတွက် Remote Sensing နဲ့ ဦးစားပေးစူးစမ်းသင့်တဲ့ နေရာများ

Remote Sensing Data တွေကနေ ဓာတ်သတ္တုဖြစ်ပေါ်နိုင်တဲ့ နေရာတွေကို exploration target အနေနဲ့ သတ်မှတ်တဲ့အခါ Satellite Image တစ်ခုတည်းကိုပဲ ကြည့်ပြီး ဆုံးဖြတ်တာမဟုတ်ဘဲ Spectral Information နဲ့ Geological Information တွေကို ပေါင်းစပ်စဉ်းစားဖို့ အရေးကြီးပါတယ်။

ပထမဆုံး အရေးကြီးတဲ့ Target တစ်ခုကတော့ Hydrothermal Alteration Zone ဖြစ်ပါတယ်။ ဒီလို Alteration ဖြစ်ပေါ်တဲ့နေရာတွေမှာ Clay Minerals ၊ Iron Oxides ၊ Silica နဲ့ အခြား Alteration Minerals တွေ တွေ့ရှိနိုင်တာကြောင့် Mineral Exploration အတွက် အရေးကြီးတဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ Satellite Data ရဲ့ သက်ဆိုင်ရာ Spectral Bands တွေကို အသုံးပြုပြီး ဒီ Alteration Zones တွေကို ခွဲခြမ်းစိတ်ဖြာနိုင်ပါတယ်။ ASTER လို Multispectral Satellite Data တွေမှာ VNIR နဲ့ SWIR Band တွေ ပါဝင်တဲ့အတွက် Iron Oxide၊ Clay Minerals၊ Silica နဲ့ အခြား Hydrothermal Alteration Minerals တွေရဲ့ Spectral Characteristics တွေကို လေ့လာနိုင်ပါတယ်။ ဒီအဆင့်မှာ Band Ratio၊ Relative Band Depth (RBD)၊ Mineralogical Indices ၊ Spectral Angle Mapper (SAM) နဲ့ Constrained Energy Minimization (CEM) စတဲ့ နည်းလမ်းတွေကို အသုံးပြုပြီး Mineral Alteration ဖြစ်နိုင်တဲ့ နေရာတွေကို ခွဲခြမ်းစိတ်ဖြာ နိုင်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ဂြိလ်တုပုံရိပ်ထဲမှာ ပုံမှန်မြေမျက်နှာပြင်နဲ့ မတူတဲ့ Spectral Response ရှိနေတဲ့ နေရာတွေကို ဖော်ထုတ်နိုင်ပါတယ်။

နောက်ထပ် အရေးကြီးတဲ့ Target တစ်ခုကတော့ Faults ၊ Fractures နဲ့ Lineaments တွေ ဖြစ်ပါတယ်။ Fault နဲ့ Fracture တွေဟာ မြေအောက်က Hydrothermal Fluids တွေ ရွေ့လျားနိုင်တဲ့ လမ်းကြောင်းတွေ ဖြစ်လာနိုင်တဲ့အတွက် ဓာတ်သတ္တုဖြစ်ပေါ်မှုနဲ့ ဆက်စပ်နေနိုင်ပါတယ်။ အထူးသဖြင့် Fault နှစ်ခု သို့မဟုတ် Fault နဲ့ Fracture တွေ ဆုံတဲ့ Structural Intersection နေရာတွေဟာ Fluid Flow အတွက် အရေးကြီးတဲ့ နေရာတွေ ဖြစ်နိုင်တာကြောင့် Exploration Target အဖြစ် အထူးဂရုပြုလေ့လာသင့်ပါတယ်။ Satellite Image တွေကနေ Linear Features တွေကို ဖော်ထုတ်ပြီး Geological Map နဲ့ နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့် ဒီလို Structural Targets တွေကို သတ်မှတ်နိုင်ပါတယ်။

ဒါ့အပြင် Lithological Contacts လို့ခေါ်တဲ့ အမျိုးအစား မတူညီတဲ့ ကျောက်တွေ ထိစပ်နေတဲ့ နေရာတွေကိုလည်း အရေးကြီးတဲ့ Exploration Target အဖြစ် သတ်မှတ်နိုင်ပါတယ်။ ကျောက်အမျိုးအစား မတူညီတဲ့နေရာတွေမှာ ကျောက်သားရဲ့ Physical နဲ့ Chemical Properties တွေ ကွာခြားတဲ့အတွက် Hydrothermal Fluid တွေ ရွေ့လျားမှုနဲ့ Mineral Deposition ဖြစ်စဉ်တွေအတွက် အရေးပါနိုင်ပါတယ်။ အလားတူ Quartz Veins တွေ၊ Iron Oxide Anomalies တွေနဲ့ Clay Mineral-rich ဖြစ်တဲ့ Zone တွေကိုလည်း Satellite Data နဲ့ ဖော်ထုတ်ပြီး အလားအလာရှိတဲ့ နေရာတွေအဖြစ် ထည့်သွင်းစဉ်းစားနိုင်ပါတယ်။

ဒီလို Target တွေကို တစ်ခုချင်းစီ သီးခြားကြည့်တာထက် Multiple Evidence ပေါ်မူတည်ပြီး ပေါင်းစပ်စဉ်းစားတာက ပိုပြီး ထိရောက်ပါတယ်။ ဥပမာ Hydrothermal Alteration Zone တစ်ခုဟာ Fault တစ်ခုနဲ့ တိုက်ဆိုင်နေပြီး၊ အဲဒီနေရာမှာ Iron Oxide နဲ့ Clay Mineral Anomaly တွေလည်း တွေ့ရတယ်ဆိုရင် Exploration Priority ပိုမြင့်လာနိုင်ပါတယ်။ ဒီလိုနဲ့ Spectral Evidence ၊ Geological Evidence နဲ့ Structural Evidence တွေ တစ်နေရာတည်းမှာ စုပေါင်းတွေ့ရှိလာတဲ့ နေရာတွေကို High-Priority Exploration Targets အဖြစ် သတ်မှတ်ပြီး နောက်ထပ် Field Survey နဲ့ Sampling လုပ်ငန်းတွေကို ဦးစားပေး ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

နိဂုံးချုပ်

အချုပ်အားဖြင့် ပြောရရင် Remote Sensing နည်းပညာဟာ မြေအောက်မှာ တိုက်ရိုက်အောင်းနေတဲ့ ဓာတ်သတ္တု
တွေကို ဂြိုဟ်တုကနေ တိုက်ရိုက်မြင်တွေ့ပြီး အတည်ပြုပေးတဲ့ နည်းလမ်းတော့ မဟုတ်ပါဘူး။ မြေမျက်နှာပြင်ပေါ်မှာ တွေ့ရှိနိုင်တဲ့ ကျောက်သားတွေရဲ့ Spectral Characteristics ၊ Mineral Alteration ၊ Faults ၊ Fractures တွေ နဲ့ အခြား Geological Features တွေကို Satellite Sensor တွေက ဖမ်းယူပေးပြီး အဲဒီအချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာကာ ဓာတ်သတ္တုဖြစ်ပေါ်နိုင်ခြေ မြင့်မားတဲ့ နေရာတွေကို ခန့်မှန်းဖော်ထုတ်ပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် Remote Sensing Image Analysis က ရလာတဲ့ ရလဒ်တွေကို နောက်ဆုံးအတည်ပြုချက်အဖြစ် မယူဆသင့်ပါ။ ဓာတ်သတ္တုရှိနိုင်ခြေမြင့်မားတဲ့ နေရာတွေကို ဦးစားပေးသတ်မှတ်ပြီး နောက်ထပ်အသေးစိတ် စူးစမ်းလေ့လာနိုင်ရန်အတွက် အခြေခံအချက်အလက်အဖြစ်သာ အသုံးပြုသင့်ပါတယ်။ ဆက်လက်ပြီး Remote Sensing Analysis ကနေ ရရှိလာတဲ့ အချက်အလက်တွေကို Geological Mapping ၊ Geochemical Survey ၊ Field Survey နဲ့ Laboratory Analysis တွေနဲ့ ပေါင်းစပ်အသုံးပြုတဲ့အခါ ဓာတ်သတ္တုရှာဖွေရေးလုပ်ငန်းကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒီနေ့ခေတ် Mineral Exploration လုပ်ငန်းတွေမှာ Remote Sensing နဲ့ GIS နည်းပညာတွေဟာ အချိန်နဲ့ ကုန်ကျစရိတ်ကို လျှော့ချပြီး အလားအလာရှိတဲ့ ဧရိယာတွေကို ဦးစားပေး ဖော်ထုတ်ပေးနိုင်တဲ့ အရေးပါသော နည်းလမ်းများအဖြစ် အသုံးဝင်လျက်ရှိပါတယ်။

ဒေါက်တာကောင်းစည်သူ (ဘူမိဗေဒ)

18/08/2026
ရွေကြော‌ကောင်းကောင်းတွေ့ပါစေ
05/08/2026

ရွေကြော‌ကောင်းကောင်းတွေ့ပါစေ

04/08/2026

ရွှေပါဝင်မှုနှုန်းနဲ့သည့်သတ္တုသိုက်ဖြစ်လျှင်တန်ချိန်ပမဏများများထုတ်ယူရရှိနိုင်ဖို့လိုပါသည်။

04/08/2026

စစ်ပွဲတွေဖြစ်ခဲ့တဲ့ဖြစ်‌နေတဲ့ ဒေသတွေကိုသတ္တုရှာဖွေရေးကွင်းဆင်းတဲ့အခါနည်းပညာဝန်ဆောင်ခပိုတောင်းပါတယ် မမြင်နိုင်တဲ့စွန့်လွှတ်မြေမြှပ်မိုင်းတွေ သတ္တုလုပ်ကွက်တွေမို့လေကြောင်းဗုံးကျဲမှု၊ဘယ်ကလာမယ်မှန်မသိတဲ့လက်နက်ကြီးကျည်ကျရောက်နိုင်မှုတို့ကို မည်သူမှအာမခံမပေးနိုင်ကြလို့ပါဘဲ

Address

Padauk Street, 15Quaters, HlaingTharyar
Yangon

Telephone

+959796134799

Website

Alerts

Be the first to know and let us send you an email when GeoWorld Geology & Mining Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to GeoWorld Geology & Mining Service:

Shortcuts

Share

Category