Smart Wealth Journey

Smart Wealth Journey Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Smart Wealth Journey, Yangon.

01/02/2026

Burmese Farm Lunch

30/01/2026

Short time meditation လုပ်ခဲ့ပြီးနောက်ပိုင်း ၂နှစ်တာကာလဟာ $110K အကျိုးအမြတ်များရစေခဲ့တယ်။

2024 ကနေစပြီး Short Time Meditation လေးတွေအချိန်ရရင်ရသလိုလုပ်ဖြစ်လာတဲ့ Results ကတော့ကြီးမားတဲ့ပြောင်းမှုရှိခဲ့ပါတယ်။ဘာတွ...
28/01/2026

2024 ကနေစပြီး Short Time Meditation လေးတွေအချိန်ရရင်ရသလိုလုပ်ဖြစ်လာတဲ့ Results ကတော့ကြီးမားတဲ့ပြောင်းမှုရှိခဲ့ပါတယ်။
ဘာတွေပြောင်းလဲခဲ့လဲ?
ဘယ်လောက်ထိတိုးတက်ခဲ့လဲ?
ဘာတွေအကျိုးထူးခဲ့သလဲဆိုတာကို Short Video Vlog တစ်ခုနဲ့ မကြာမီ Sharing လုပ်ပေးပါမယ်။

Financial Market Traders တွေအတွက်အကျိုးရှိစေမယ့်Vlog တစ်ခုဖြစ်မယ်လို့လည်းမျှော်လင့်ပါတယ်။

AIA Insurance မှာ Memberဖြစ်ထားရင် Member Benefit များကိုမေ့မထားပါနဲ့ကျွန်တော်ဆို တော်တော်လေးမေ့တတ်လို့ Member Benefits ...
24/01/2026

AIA Insurance မှာ Memberဖြစ်ထားရင် Member Benefit များကိုမေ့မထားပါနဲ့

ကျွန်တော်ဆို တော်တော်လေးမေ့တတ်လို့ Member Benefits သိန်းဆယ်ကဏန်းလောက်နစ်နာဆုံးရူံးခဲ့ရဖူးတယ်။အခုတော့မမေ့တော့ဘူးရတဲ့အခွင့်ရေးကိုအကျိုးရှိအောင်ပဲသုံးတော့တယ်။

AIA မှာ Member Benefits တွေကဘာတွေရနိုင်လဲ?

-AIA နဲ့ Link ချိတ်ထားသောဆေးရုံများ
-Hotels များ
-Spa များ
-International School များ
-Airport Lounge များ
စသည့်နေရာများတွင်မိမိအသုံးပြုလိုသည့်အခါတိုင်း AIA Member Proposition မှာရရှိနိုင်သော Discount % များကိုကြည့်ရူ့နိုင်ပြီးမိမိအသုံးပြုလိုသည်ကဏ္ဍများတွင်လိုအပ်သလိုအသုံးပြုနိုင်ပါသည်။

Contact -09253357217
[email protected]

ကျွန်တော့်အမေတွက် အသက်အာမခံကို ဘာမှနားမလည်ခဲ့ပဲ ၂၀၂၂ တုန်းကကျပ်သိန်း(၅၀၀)အကာကွယ်ယူပေးခဲ့တာ 2025 End of December မှာ ၄နှစ...
01/01/2026

ကျွန်တော့်အမေတွက် အသက်အာမခံကို ဘာမှနားမလည်ခဲ့ပဲ ၂၀၂၂ တုန်းကကျပ်သိန်း(၅၀၀)အကာကွယ်ယူပေးခဲ့တာ 2025 End of December မှာ ၄နှစ်ပြည့်ခဲ့တဲ့AIAကပေးပို့တဲ့ နှစ်စဉ်စာရင်းရှင်းတမ်းလေးပါ။

အာမခံထားပြီး၆လအကြာမှာမထင်မှတ်ပဲသားအိမ်
ကင်ဆာဖြစ်ခဲ့ပြီး 2023 Otober လမှာအာမခံထားငွေ​၏၂၅% ဖြစ်တဲ့လျော်ကြေးငွေ (၁၂၅)သိန်းကိုလက်ခံရှိခဲ့ပါတယ်။ကင်ဆာရောဂါကုသစရိတ်ရဲ့ ၆၀% လောက်ဆေးကုသစရိတသက်သာခဲ့ပွတယ်။

၂၀၂၄မှာတော့ အာမခံရဲ့အကြောင်းနဲ့အလုပ်လုပ်ပုံတွေကိုသေချာလေ့ဖြစ်ခဲ့ပြီးမိသားစုအားလုံးကို အာမခံထားခဲ့ပါတယ်။မိဘနှစ်ပါးလုံးကိုကျွန်တော်ကအဓိကထားကျွေးမွေးစောင့်ရှောက်နေတာဖြစ်တဲ့အတွက် အာမခံဟာကျွန်တော်အတွက် Financial Protection ပိုင်းမှာအဖော်မွန်ကောင်းတစ်ယောက်လိုဖြစ်ခဲ့ပါတယ်။

နားမလည်ခင်ကဆို အာမခံထားတာကို အပိုExpenses တစ်ခုလိုထင်ခဲ့မိတယ်။AIA ကနှစ်စဉ်စရင်းရှင်းတမ်းလေးတွေပို့လာတိုင်း Protection +Saving&Investment ကိုပြီးနားလည်လာခဲ့တယ်။
၄နှစ်တာPremium အဖြစ်ငွေသွင်းခဲ့တဲ့စာရင်းရှင်းတမ်းနဲ့၈၀%ထုတ်သုံးလို့ရတဲ့အကောင့်စာရင်းတန်ဖိုးကိုကြည့်ပြီးနောက်နှစ်တွေမှာအကောင့်စာရင်းတန်းဖိုးငွေကိုကြည့်ပြီးအားလည်းတက်ခဲ့သလို၊အာမခံထားတာAmount နည်းခဲ့လို့နောင်တလည်းရမိသလိုဖြစ်မိတယ်။

သို့ပေမဲ့ကျွန်တော်တတ်နိုင်သလောက်အကောင်းဆုံးလုပ်နိုင်ခဲ့တယ်4နှစ်တာPremium ကိုအကောင်းဆုံးကျော်ဖြတ်ခဲ့ပြီးအမေတွက်နှစ်စဉ် Savingလုပ်သွားပါဦးမည်။
အာမခံနဲ့ပတ်သက်ပြီးမသိသေးတဲ့သူများကိုလည်းဆက်ပြီး Educate လုပ်ပေးပါဦးမယ်။

အသေးစိတ်ဆွေးနွေးလိုပါက
၀၉-၇၆၀၁၅၄၃၁၆ သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

အမြဲတမ်းWinner နေရာမှာရပ်တည်နိုင်ဖို့ဆိုရင် ၁-ကိုယ်ပိုင်စတိုင်ရှိနေရမယ်၂-စိတ်ကိုထိန်းချုပ်နိုင်ရမယ်၃-စည်းကမ်းလိုက်နာပြီး...
15/11/2025

အမြဲတမ်းWinner နေရာမှာရပ်တည်နိုင်ဖို့ဆိုရင်

၁-ကိုယ်ပိုင်စတိုင်ရှိနေရမယ်
၂-စိတ်ကိုထိန်းချုပ်နိုင်ရမယ်
၃-စည်းကမ်းလိုက်နာပြီးသေချာလုပ်ရမယ်

ကျွန်တော်တို့သင်ပေးနိုင်တာနည်းစနစ်နဲ့ Strategies ကိုသာသင်ပေးနိုင်မှာဖြစ်ပြီး စိတ်ထိန်းချုပ်နိုင်မှုနဲ့စည်းကမ်းလိုက်နာမှုဟာ မိမိကိုယ်တိုင်လေ့ကျင်ယူရမှာဖြစ်ပါတယ်။

Crypto Trading Premium Class

November 5ရက်နေ့က Floating $1000 ကျော်ရှိတဲ့Sol Order ကတော့ အမြတ်နည်းခဲ့ပါတယ် ။အရမ်း Busy ဖြစ်နေလို့ Order ထပိမဝင်ဖြစ်တာ...
14/11/2025

November 5ရက်နေ့က Floating $1000 ကျော်ရှိတဲ့Sol Order ကတော့ အမြတ်နည်းခဲ့ပါတယ် ။အရမ်း Busy ဖြစ်နေလို့ Order ထပိမဝင်ဖြစ်တာရယ် Market ကိုသိပ်မကြည့်ဖြစ်တာကြောင့်လည်းပါပါတယ်။
By the way,floating အရူံးတွေကိုဖြတ်ကျော်ပြီးProfit အနည်းငယ်နဲ့ပိတ်ခဲ့ပါတယ်။
အချိန်ပေးပြီးကြည့်ခဲ့ရင်တော့ $500+ပါပဲ 😛

August Result 💪Trading မှာငွေများများအရင်မရှာချင်နဲ့ပညာများများအရင်ရှာပါ။ဘယ်လိုပညာတွေရှာရမလဲ??-ဇီးဝကပြန်မစချင်ဘူးဆိုရင် ...
31/08/2025

August Result 💪
Trading မှာငွေများများအရင်မရှာချင်နဲ့ပညာများများအရင်ရှာပါ။
ဘယ်လိုပညာတွေရှာရမလဲ??
-ဇီးဝကပြန်မစချင်ဘူးဆိုရင် Future လုံးဝမTradeပါနဲ့
Trade ခဲ့မိရင်တောင်ဘာလို့ရူံးတာလဲဆိုတာကိုအဖြေရှာပြီးနောက်မမှားအောင်၊နောက်ထပ်အကြိမ်တွေမှာ Win Win တွေနဲ့ပဲရပ်တည်နိုင်အောင်သင်ခန်းစာယူပြီးပြင်ဆင်ရမှာဖြစ်ပါတယ်။

-ရူံးမဲမဲပြီးလောဘမကြီးပါနဲ့ ဖြည်းဖြည်းနဲ့မှန်မှန်သာလေ့လာသင်ယူပြီး ဖြည်းဖြည်းချင်ငွေတွင်းကြီးလိုသဘောထားပြီးထုတ်ယူပါ။

-Capital Investment ကို ခွဲခြမ်းစိတ်ဖြာပြီး Trading မှာ Management လုပ်တတ်ပါစေ
Money Management နားမလည်ပဲTrade ရင်တော့အဆင်ပြေမှာမဟုတ်ပါဘူး။

လွန်ခဲ့တဲ့၃နှစ်ကျော်ကဝယ်ခဲ့တဲ့ ခြံကိုမနေ့က ခြံရှင်းဖို့ ရပ်ကွက်ထဲက ညီလေးနှစ်ယောက်ကိုခေါ်ပြီးသွားရှင်းဖြစ်ကြတယ်။သူတို့ကညီ...
16/08/2025

လွန်ခဲ့တဲ့၃နှစ်ကျော်ကဝယ်ခဲ့တဲ့ ခြံကိုမနေ့က ခြံရှင်းဖို့ ရပ်ကွက်ထဲက ညီလေးနှစ်ယောက်ကိုခေါ်ပြီးသွားရှင်းဖြစ်ကြတယ်။

သူတို့ကညီအကိုနှစ်ယောက်ပါအကြီးက၂၃နှစ်၊အငယ်က ၂၁ နှစ် ။မိဘတွေကျောင်းထားပေးပေမဲ့ နှစ်ယောက်လုံးပညာရေးက ၁၀တန်းမအောင်ကြဘူး။လမ်းမှာသွားရင်း အကြီးကောင်လေးကမေးတယ် အကိုကြီးကားက ဝယ်ထားတာဘယ်လောက်ပေးရလဲတဲ့?

ဖြေ-အကိုဝယ်တုန်းက သိန်း 970 လောက်ပေးရတယ် ဝယ်ထားတာ၃နှစ်ရှိပြီပေါ့။
သူ့တို့ရှိသိကြတဲ့ခြံလေးတွေလည်းရှိတော့ ဟိုခြံကဝယ်တာဘယ်လောက်ပေးရလဲဆိုပြီးပြန်မေးတယ်။

ဖြေ-သိန်း ၁၅၀၀ လောက်တော့ပေးရတယ်ညီလေး

ဒါနဲ့ခြံကိုရောက်ပြီးခြံထဲမြက်တွေ၊ခြံစည်းရိုးကပထမတုန်းကခတ်ပေးခဲ့တဲ့အလုပ်သမားတွေက ပေပြည့်အောင်မခတ်ခဲ့တော့ခြံစည်းရိုးတွေပြန်ဖြုတ်ပြီးပြန်ပြင်ကြပြီး ညနေ၄နာရီလောက်မှာအိမ်ပြန်ခဲ့ကြတယ်ပေါ့။

အိမ်ပြန်လမ်းသူတို့အားကျမှု၊အားငယ်မှုတွေကို စပြောပါလေရော။🥹

အကြီးကောင်-သိန်း ၁၀၀၀ လောက်ရဖို့ ဒီတစ်သက်ရှာရင်တောင်မရနိုင်ဘူးတဲ့

အငယ်ကောင်-သိန်းတစ်ထောင်မပြောနဲ့သိန်း ၅၀၀တောင်ရနိုင်ဖို့မလွယ်ဘူးတဲ့ တစ်ရက်လုပ်မှတစ်ရက်စားဖို့တောင်
ကြပ်နေတာဘယ်လိုလုပ်အဲ့လောက်ငွေကို ရအောင်လုပ်ဖို့လွယ်မှာလဲတဲ့?

ကျွန်တော်စပြောပြီ-ညီလေးတို့ကအသက်ငယ်ငယ်လေးပဲရှိသေးတယ် ဘာလို့ စိတ်ဓာတ်တွေကြပြီး အားငယ်နေရတာလဲလို့ ၊အသက် ၃၀ မပြည့်ခင်ထိမင်းတို့မှာ သင်ယူခွင့်ကြိုးစားခွင့်တွေအခွင့်လမ်းတွေအများကြီးရှိသေးတယ်အားမငယ်နဲ့လို့ကိုယ်ကပြန်ပြောတော့။

အကြီးကောင်က-အကိုတို့လို့အောင်မြင်ဖို့၊အဆင်ပြေဖို့ဆိုတာ ညီတို့မှာအရင်းနှီးလည်းမရှိဘူး၊ဆယ်တန်းမအောင်တော့ ပညာလည်းအကိုတို့လောက်မတတ်ဘူးတဲ့ ညီတို့ငွေများများရအောင်ရှာနိုင်ဆိုတာမဖြစ်နိုင်ပါဘူးတဲ့🥹။

ဖြေ-Ok ညီလေး ငွေများများရအောင်ရှာနိုင်ဖို့ ဆိုတာ ၁၀တန်းမအောင်လည်းပြသနာမရှိဘူး အောင်ရင်တော့ပိုကောင်းတာပေါ့ကွာ ဒါပေမဲ့စိတ်ဓာတ်ကျနေစရာလည်းမလိုဘူး ဘာကြောင့်မရှာနိုင်သေးတာလဲဆိုတဲ့အဖြေကို အကိုမေးမယ်

မေး-ညီလေးတို့မှာ ကျွမ်းကျွမ်းကျင်ကျင်လုပ်နိုင်တဲ့ အတတ် ပညာရပ်တစ်ခုခုကိုသင်ယူခဲ့ပြီးပြီလား ?

ဖြေ-ဘာကိုမေးတာလဲတဲ့၊ဘာကိုဘယ်လိုသင်ယူရမလဲ?

ဖြေ-အသက်မွေးဝမ်းကြောင်းအတွက်အတတ်ပညာဆိုတာ(ဥပမာ Aircon ပြင်တာ၊ကားပြင်တာ၊ဆံပင်
ညှပ်ပညာ၊အရောင်းပိုင်းဆိုင်ရာပညာ စတဲ့ပညာရပ်တွေဟာ လူတွေရှိနေသ၍အမြဲတမ်းလိုအပ်နေတဲ့ ပညာရပ်တွေဖြစ်တယ် ကိုယ့်လုပ်တဲ့အလုပ်ပေါ်ကိုကျွမ်းကျင်အောင်လေ့လာပြီးစေတနာထားပြီးလုပ်ပေးရင် ငွေဆိုတာရှာရတာမခက်ပါဘူးကွာ၊ အခုရေတွင်းတူးအခုရေကြည်သောက်ချင်လို့တော့မရဘူးအဲ့ပညာတွေတတ်ဖို့ မင်းတို့ ၆လ၊၁နှစ်တော့သေချာအချိန်ပေးသင်ယူရမယ်၊အတတ်ပညာတစ်ခုခုတတ်ရင်မင်းတို့ဘဝမှာမချမ်းသာရင်တောင်
ရပ်တည်ဖို့မခဲရင်းတော့ဘူးလိုပြောပြဖြစ်တယ်။

ဖြေ-ဟုတ်တယ်နော်ကိုကြီးတဲ့

သူတို့ညီအကိုနှစ်ယောက်လုံးကရပ်ကွက်ထဲမှာ တွဲဆိုင်ကယ်မောင်းကြတာ

Me-ညီလေးရေတွဲဆိုင်ကယ်ကမည်သူမဆိုမောင်းနိုင်တယ်
ဒါကခတ်ခဲတဲ့အရာလည်းမဟုတ်သလို၊လူတိုင်းလုပ်နိုင်တဲ့အလုပ်ဖြစ်လို့ဒီလုပ်တွေကလတ်တလောတော့အဆင်ပြေလိမ့်မယ် နောင်တစ်ချိန်မှာမှာ ရပ်တည်ဖို့ခက်ခဲလာလိမ့်မယ်လို့အကြံပေးဖြစ်ပါတယ်။

ဖြေ-ဟုတ်ကဲ့ကိုကြီးညီတို့ ပညာတစ်ခုခုကိုကျွမ်းကျင်သင်ယူပြီးကြိုးစားပါမယ်တဲ့။😊

ကျွန်တော်လည်းအထင်ကြီးရလောက်အောင်ချမ်းသာနေတဲ့သူတစ်ယောက်မဟုတ်ပါဘူး၊ဆက်လက်
တည်ဆောက်ဆဲကြိုးစားရုန်းကန်ဆဲပါ။
ကျွန်တော် တက္ကသိုလ်ကို Day တက်ရင်း
အလုပ်လုပ်ခဲ့တာတွေ၊တောင်ပေါ်ဒေမှာ၊ရွှေတွင်းတွေမှာအလုပ်ပင်ပန်းလုပ်ခဲ့ရတာတွေ၊ရန်ကုန်မှာလူတွေယုံကြည်မှုရဖို့လူသုံးကုန်ပစ္စည်းတွေရောင်းခဲ့တာတွေ၊ Online Trading ပထမအစမှာ ဆုံးရူံးမှုတွေနဲ့ရင်ဆိုင်ခဲ့ရပြီး သုညကနေပြန်စခဲ့ရတာတွေကို သူတို့မှမသိပဲ။ Comfortable Life Style တစ်ခုရဖို့ရှေ့မှာဘယ်လိုဖြတ်သန်းခဲ့ရလဲ၊အချိန်ဘယ်နှနှစ်ပေးဆပ်ခဲ့ရတယ်ဆိုတာကာယကံရှင်တာအသိဆုံးပါ။

အဲ့ဒီတော့ ငွေများများရှာနိုင်ဖို့ဆိုရင်
အတန်းပညာကိုကောင်းစွာမသင်ခဲ့ရလို့လည်းအားငယ်စရာမလိုဘူး၊ငွေအရင်းနှီးများစွာမရှိလို့လဲအားငယ်စရာမလိုဘူး

အတန်းပညာသည် အသိပညာရပ်တစ်ခုသာဖြစ်ပြီး လက်တွေ့မှာ အမှန်တကယ်
အသုံးချနိုင်မှသာ အတတ်ပညာအဖြစ်ပြောင်းလဲပြီး၊တန်ဖိုးမြင့်အောင်လုပ်ဆောင်ရင်းတန်ဖိုးရှိလာတာဖြစ်ပါတယ်။

အတတ်ပညာများကိုရွေးချယ်ရာမှာလူတွေအတွက်
အမြဲတမ်းလိုအပ်မယ့်အတတ်ပညာ ၊သူများနဲ့မတူတဲ့တတ်ပညာရပ်တစ်ခုကိုကိုယ်ကကျွမ်းကျင်အောင်လုပ်ထားရမယ်။အတတ်ပညာတွေနဲ့ရပ်တည်နေချိန်မှာလည်း အသိပညာတွေပိုတိုးလာဖို့ အကျိုးရှိစေမယ့်စာတွေ၊နည်းမှန်လမ်းမှန်တဲ့စာပေတွေကိုဖတ်ရူ့ရမယ်၊အသိပညာရပ်တစ်ခုတိုးလေ အတတ်ပညာတွေကိုချဲ့ထွင်နိုင်လေပါပဲ။

နေစဉ်နဲ့အမျှကုန်စျေးနူန်းကအစပြောင်းလဲတိုးတက်နေတဲ့ခေတ်ကြီးမှာ ကိုယ့်ဝင်ငွေဟာလက်ရှိအနေထားရှိနေရာကနေ တိုးလာဖို့ဆိုရင် ကိုယ်လက်ရှိလုပ်နေတဲဲ့ အလုပ်တွေလုပ်ရင်း အကျိူးရှိစေမယ့် အသိပညာတွေကိုလည်းအမြဲတမ်းလေ့လာသင်ယူပြီး အတတ်ပညာရပ်တစ်ခုအဖြစ် Update လုပ်နိုင်မှာသာ လက်ရှိဝင်ငွေထက် ပိုတိုးပွါးအောင်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

ဒီလိုနဲဲ့ အိမ်ပြန်ရောက်ပြီး Sunday မှာခြံထဲပေါင်းဆေးဖြန်းရင်းပြန်ဆုံကြမယ်လို့ပြောပြီးနုတ်ဆက်ခဲ့ကြတယ်။

you next

မိမိနဲ့ကိုယ့်မိသားစုအတွက်အကာကွယ်ယူရင်း AIAမှာRuby Member ဖြစ်ခဲ့မယ်ဆိုရင် ကျန်းမာရေး(Local&International)၊ဟိုတယ်နှင့်ခရီ...
29/07/2025

မိမိနဲ့ကိုယ့်မိသားစုအတွက်အကာကွယ်ယူရင်း
AIAမှာRuby Member ဖြစ်ခဲ့မယ်ဆိုရင် ကျန်းမာရေး(Local&International)၊ဟိုတယ်နှင့်ခရီးသွား၊ပညာရေး၊အလှပရေးရာ စတဲ့နေရာတွေမှာဘယ်လိုအကျိုးခံစားခွင့်တွေရရှိနိုင်တယ်ဆိုတာအောက်ပါပုံတွေမှာလေ့လာဖတ်ရူ့နိုင်ပါတယ်။
အသေးစိတ်သိရှိလိုပါက
၀၉၇၆၀၁၅၄၃၁၆ သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Address

Yangon
50200

Telephone

+959253357217

Website

Alerts

Be the first to know and let us send you an email when Smart Wealth Journey posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Smart Wealth Journey:

Share