Ahtaratha Careers

Call Contact the business

Ahtaratha Careers Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ahtaratha Careers, Consulting Agency, Kabaraye Pagoda Road, Yangon.

Ahtaratha is a talent marketplace of "Great"Managers that you can seek, and you can get sustainable and development solutions for organizational growth and transformation, skills development and employee advancement.

အလွတ်ကျက် ပညာရေး စနစ်--- --- ---ကျနော် တို့ရဲ့ ပညာရေး စနစ် က Rot Learning (အလွတ်ကျက်မှတ်ခြင်း) ဖြစ်ပါတယ်။ကျောင်း က ခြေ(၄...
14/05/2026

အလွတ်ကျက် ပညာရေး စနစ်
--- --- ---

ကျနော် တို့ရဲ့ ပညာရေး စနစ် က Rot Learning (အလွတ်ကျက်မှတ်ခြင်း) ဖြစ်ပါတယ်။
ကျောင်း က ခြေ(၄)ချောင်း တိရစ္ဆာန် ကို ကြောင် နဲ့ ခွေးလို့ သင်ရင်၊ ကိုယ်က နွား နဲ့ ဆိတ် လို့ ဖြေရင် အမှတ်ပြည့် မရပါဘူး။
Rot Learning ဆိုတာ နားလည်သဘောပေါက်မှုထက် အချက်အလက်တွေကို အလွတ်ရဖို့ကို အဓိကထားတဲ့ နည်းလမ်းဖြစ်ပါတယ်။ အတိအကျ အလွတ်ရနိုင်သူသာ အမှတ်ပြည့်ရဖို့ ဦးတည်ပါတယ်။
(ဒါတောင် လက်ရေး မလှရင် အမှတ်လျော့ပါသေးတယ်။)

ကျောင်းသားဘဝမှာ စာမေးပွဲဖြေဖို့ အလုပ်ဖြစ်ခဲ့ရင်တောင် Professional Organization ထဲရောက်တဲ့အခါမှာတော့ ဒါဟာ အကြီးမားဆုံး အဟန့်အတားတစ်ခု ဖြစ်လာတတ်ပါတယ်။

​Professional Organization မှာ Rot Learning ကြောင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေ ရှိပါတယ်။

➡️ ​ ​ပထမ အချက်ကတော့ အလုပ်ခွင်ဆိုတာ စာအုပ်ကြီးတိုင်း သတ်မှတ်ထားတာမျိုး မဟုတ်ပါဘူး။ အလုပ်ခွင် စာအုပ်ကြီး သမားတွေဟာ အခြေအနေသစ်တွေ၊ အခက်အခဲသစ်တွေ နဲ့ ကြုံရတဲ့ အခါ ​သူသိထားတဲ့ ပုံသေနည်း (Formula) နဲ့ မကိုက်ညီ‌တော့တဲ့ အတွက် လမ်းပျောက်သွားတတ်ပါတယ်။
---
➡️ ဒုတိယ အချက်ကတော့ ​နည်းပညာနဲ့ လုပ်ငန်းခွင် ပတ်ဝန်းကျင်တွေဟာ အမြဲပြောင်းလဲ တိုးတက်ပြီး အပြိုင်အဆိုင်တွေ ရှိတဲ့ အတွက် အလုပ်ခွင် တိုးတက်ဖို့ဆိုရင် ရှိရင်းစွဲထက် ပိုကောင်းတဲ့ နည်းလမ်းသစ်တွေကို ဖန်တီးရှာဖွေနိုင်ဖို့ လိုအပ်ပါတယ်။
​"ဘာကြောင့်" လုပ်ရလဲဆိုတဲ့ Logic ကို နားမလည်ဘဲ "ဘယ်လို" လုပ်ရမယ်ဆိုတာကိုပဲ စာအုပ်ကြီးတိုင်း လုပ်နေတဲ့ အတွက် နည်းလမ်းဟောင်းတွေထဲမှာပဲ ပိတ်မိနေတတ်ပါတယ်။ ထို့ကြောင့် Out of the box စဉ်းစားနိုင်စွမ်းမရှိတော့ဘဲ Routine worker အဆင့်မှာပဲ ရပ်တန့်သွားကြပါတယ်။
ထို့အပြင် Strategy တွေ ပြောင်းသွားတဲ့အခါ အစကနေ ပြန်သင်ယူဖို့ အရမ်းရုန်းကန်ရပါတယ်။

➡️ တတိယ အချက်ကတော့ Professional လောကမှာ ကိုယ့် ကျွမ်းကျင်‌မှုတွေကို တခြားသူတွေကို နားလည်အောင် ရှင်းပြနိုင်ဖို့ အဓိကလိုအပ်ပါတယ်။
Client / လုပ်ဖော်ကိုင်ဖက်တွေကို စာအုပ်ကြီးတိုင်း
ရှင်းပြတဲ့အခါ မေးခွန်းထုတ်လာရင် ပြန်မဖြေနိုင်တော့ပါဘူး။ အဲ့မှာ စိတ်ဆိုး ဒေါသထွက်ပြီး လူ့ဂွစာတွေ ဖြစ်သွားတတ်ပါတယ်။

ဒီလိုနဲ့ Rot Learning System (အလွတ်ကျက်မှတ်ခြင်း) စနစ် ဟာ Routine Worker တွေကို မွေးထုတ်ပေးရင်း အချိန်ကြာလေ၊ ခေတ်နောက်ကျ ကျန်ခဲ့ရင်း....


Career အကြောင်း---မနက်ခင်း (၅:၃၀) Alarm မြည်လာချိန်  (၁၀)မိနစ် တစ်ဖြတ် Alarm တွေ နဲ့ အိပ်လိုက်နိုးလိုက် နဲ့ (၆:၃၀)အတိမှာ...
06/05/2026

Career အကြောင်း
---
မနက်ခင်း (၅:၃၀) Alarm မြည်လာချိန်
(၁၀)မိနစ် တစ်ဖြတ် Alarm တွေ နဲ့ အိပ်လိုက်
နိုးလိုက် နဲ့ (၆:၃၀)အတိမှာ
ဒီရေမောင်၏ မျက်လုံးများ
အခန်းမျက်နှာကြက်ဆီမှာ ခဏတာ ရပ်တန့်နေပြီး
ဦးနှောက်ကြီး ဟင်းလင်းပြင်ဖြစ်လို့နေတယ်။..
လူအများစုအတွက် ဒီနေ့ (တနင်္လာနေ့)က
မုန်း ကြပေမယ့်
ဒီရေမောင် အတွက်တော့
သူ့ကိုယ်သူသက်သေပြရမည့် စိန်ခေါ်မှု အသစ်တစ်ခုသာ ဖြစ်တယ်။
---
"အလုပ်နှင့် စေ့စပ်ပါ။ အလုပ်နှင့် လက်မထပ် ပါနဲ့ " လို့ သူငယ်ချင်းများ၏ သတိပေးစကားများကို အကြိမ်ကြိမ်ကြားတိုင်း သူ... ပြုံးရုံသာ တုံ့ပြန်လေ့ရှိတယ်။
သူ့ အတွက် အလုပ် နှင့် လက်ထပ် ထားခြင်း မဟုတ်
Career နဲ့ လက်ထပ် ထားခြင်းဖြစ်တယ်။
သူ့ အတွက် Career ဆိုသည်မှာ လစာဂဏန်းများထက် ပိုတယ်။ career သည် သူ၏ တည်ရှိမှု၊ သူ၏ ဂုဏ်သိက္ခာနှင့် သူကိုယ်တိုင် ထွင်းထုထားသော ပုံရိပ်တစ်ခု ဖြစ်တယ်။
--- ---

​ရုံးခန်းထဲသို့ ခြေချလိုက်သည်နှင့် ဒေါက်ဖိနပ်သံများ၊
ရှူးဖိနပ်ခွာသံများ က ကြွေပြားပေါ်မှာ စည်းချက်ကျကျ မြည်သံတွေကို ကြားနေရသည်။
ထို အသံတွေက သူ့၏ အလုပ်လုပ်ချင် စိတ်ကို နှိုးဆွပေးသယောင် Tap Dance ကပြသည့် အလား ဖြစ်နေတယ်။
ထို့နောက် သူ၏ အလုပ်စားပွဲ ထိုင်ပြီး
ကွန်ပျူတာ Screen မှ ထွက်ပေါ်လာသော အလင်းတန်းက သူ၏ ကမ္ဘာငယ်လေးကို စတင်လင်းလက်စေတယ်။

ရှုပ်ထွေးလှသော Project များ၊ ဖြေရှင်းရခက်သော ပြဿနာများနှင့် Deadline များကြားတွင် သူသည် ပင်ပန်းသည်ဟု မခံစားရဘဲ သက်ရှိနွယ်ပင်တွေရဲ့
အထုံး ဖြေသည့်အလား ပ‌ဟေဠိဆန် ပို၍ပင် အသက်ဝင်လာသလို ရှိတယ်။

​တစ်ခါတလေတော့လည်း
အထီးကျန်ဆန်မှုက လှိုက်ခနဲ ဒီရေမောင် ရဲ့ ခံစားချက်ကို ပြတ်ရှစေတယ်။
သူငယ်ချင်းတွေ ရုံးဆင်းချိန်၊ အိမ်ပြန်သူက ပြန်၊ ဆိုင်ထိုင်သူက ထိုင် လုပ်နေချိန်မှာ
သူကတော့ အစီရင်ခံစာတစ်ခုအတွက်
ရုံး မှာ OT ဆင်း၊ အိမ် အထိ အလုပ်ကို သယ်လာပြီး
သန်းခေါင်ထိ ဈာန်ဝင်နေတတ်တယ်။

သို့သော် နောက်တစ်နေ့ ရုံးတက်ချိန်မှာ
မနေ့ညက ပင်ပန်းမှုများအားလုံးက ယနေ့
အစည်းအဝေး ခန်းမကြီးထဲမှာ နှင်းဆီပွင့်ဖတ်လေးများလွင့်စင်‌ နေသကဲ့သို့ မွှေးပျံ့ လန်းဆန်းနေတယ်။

​"Career" ဆိုတာ စကားလုံး သက်သက် မဟုတ်ပါ။ Career ဆိုတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစွာဖြင့် လောကအလယ်တွင် ရပ်တည်နိုင်ခြင်း၊ တစ်ပါးသူကို အကျိုးပြုနိုင်ခြင်းနှင့် နေ့စဉ်နေ့တိုင်း မိမိရဲ့ Better version ကို ရှာဖွေတွေ့ရှိ မြှင့်တင်ခြင်းပင် ဖြစ်တယ်။
ဦးနှောက်က Engine ဆိုရင် Career က Engine Oil ဖြစ်တယ်။ Engine Oil မရှိ‌တော့တဲ့ Engine ဟာ ရေရှည်မခံသလို Career မရှိတဲ့ Brain ကလည်း ရေရှည် မခံ ဖြစ်မယ်။

Career သည် ဗလာစာအုပ် နဲ့လည်း တူတယ်။
Passion (ဝါသနာ) မရှိလည်း ကိုယ့်ရဲ့ စုတ်ချက်တွေ လှနေရင် ဘယ်အချိန် လှန်လှန် Positive Vibe ၊ Positive Energy ရနေမှာ အမှန်ပါပဲ။
____

Address

Kabaraye Pagoda Road
Yangon

Opening Hours

Monday 09:00 - 01:00
Tuesday 09:00 - 01:00
Wednesday 09:00 - 01:00
Thursday 09:00 - 01:00
Friday 09:00 - 01:00

Telephone

+959751115552

Website

Alerts

Be the first to know and let us send you an email when Ahtaratha Careers posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ahtaratha Careers:

Shortcuts

Share