Ahtaratha Careers

Ahtaratha Careers Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ahtaratha Careers, Consulting Agency, Kabaraye Pagoda Road, Yangon.

Ahtaratha is a talent marketplace of "Great"Managers that you can seek, and you can get sustainable and development solutions for organizational growth and transformation, skills development and employee advancement.

အလွတ်ကျက် ပညာရေး စနစ်--- --- ---ကျနော် တို့ရဲ့ ပညာရေး စနစ် က Rot Learning (အလွတ်ကျက်မှတ်ခြင်း) ဖြစ်ပါတယ်။ကျောင်း က ခြေ(၄...
14/05/2026

အလွတ်ကျက် ပညာရေး စနစ်
--- --- ---

ကျနော် တို့ရဲ့ ပညာရေး စနစ် က Rot Learning (အလွတ်ကျက်မှတ်ခြင်း) ဖြစ်ပါတယ်။
ကျောင်း က ခြေ(၄)ချောင်း တိရစ္ဆာန် ကို ကြောင် နဲ့ ခွေးလို့ သင်ရင်၊ ကိုယ်က နွား နဲ့ ဆိတ် လို့ ဖြေရင် အမှတ်ပြည့် မရပါဘူး။
Rot Learning ဆိုတာ နားလည်သဘောပေါက်မှုထက် အချက်အလက်တွေကို အလွတ်ရဖို့ကို အဓိကထားတဲ့ နည်းလမ်းဖြစ်ပါတယ်။ အတိအကျ အလွတ်ရနိုင်သူသာ အမှတ်ပြည့်ရဖို့ ဦးတည်ပါတယ်။
(ဒါတောင် လက်ရေး မလှရင် အမှတ်လျော့ပါသေးတယ်။)

ကျောင်းသားဘဝမှာ စာမေးပွဲဖြေဖို့ အလုပ်ဖြစ်ခဲ့ရင်တောင် Professional Organization ထဲရောက်တဲ့အခါမှာတော့ ဒါဟာ အကြီးမားဆုံး အဟန့်အတားတစ်ခု ဖြစ်လာတတ်ပါတယ်။

​Professional Organization မှာ Rot Learning ကြောင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေ ရှိပါတယ်။

➡️ ​ ​ပထမ အချက်ကတော့ အလုပ်ခွင်ဆိုတာ စာအုပ်ကြီးတိုင်း သတ်မှတ်ထားတာမျိုး မဟုတ်ပါဘူး။ အလုပ်ခွင် စာအုပ်ကြီး သမားတွေဟာ အခြေအနေသစ်တွေ၊ အခက်အခဲသစ်တွေ နဲ့ ကြုံရတဲ့ အခါ ​သူသိထားတဲ့ ပုံသေနည်း (Formula) နဲ့ မကိုက်ညီ‌တော့တဲ့ အတွက် လမ်းပျောက်သွားတတ်ပါတယ်။
---
➡️ ဒုတိယ အချက်ကတော့ ​နည်းပညာနဲ့ လုပ်ငန်းခွင် ပတ်ဝန်းကျင်တွေဟာ အမြဲပြောင်းလဲ တိုးတက်ပြီး အပြိုင်အဆိုင်တွေ ရှိတဲ့ အတွက် အလုပ်ခွင် တိုးတက်ဖို့ဆိုရင် ရှိရင်းစွဲထက် ပိုကောင်းတဲ့ နည်းလမ်းသစ်တွေကို ဖန်တီးရှာဖွေနိုင်ဖို့ လိုအပ်ပါတယ်။
​"ဘာကြောင့်" လုပ်ရလဲဆိုတဲ့ Logic ကို နားမလည်ဘဲ "ဘယ်လို" လုပ်ရမယ်ဆိုတာကိုပဲ စာအုပ်ကြီးတိုင်း လုပ်နေတဲ့ အတွက် နည်းလမ်းဟောင်းတွေထဲမှာပဲ ပိတ်မိနေတတ်ပါတယ်။ ထို့ကြောင့် Out of the box စဉ်းစားနိုင်စွမ်းမရှိတော့ဘဲ Routine worker အဆင့်မှာပဲ ရပ်တန့်သွားကြပါတယ်။
ထို့အပြင် Strategy တွေ ပြောင်းသွားတဲ့အခါ အစကနေ ပြန်သင်ယူဖို့ အရမ်းရုန်းကန်ရပါတယ်။

➡️ တတိယ အချက်ကတော့ Professional လောကမှာ ကိုယ့် ကျွမ်းကျင်‌မှုတွေကို တခြားသူတွေကို နားလည်အောင် ရှင်းပြနိုင်ဖို့ အဓိကလိုအပ်ပါတယ်။
Client / လုပ်ဖော်ကိုင်ဖက်တွေကို စာအုပ်ကြီးတိုင်း
ရှင်းပြတဲ့အခါ မေးခွန်းထုတ်လာရင် ပြန်မဖြေနိုင်တော့ပါဘူး။ အဲ့မှာ စိတ်ဆိုး ဒေါသထွက်ပြီး လူ့ဂွစာတွေ ဖြစ်သွားတတ်ပါတယ်။

ဒီလိုနဲ့ Rot Learning System (အလွတ်ကျက်မှတ်ခြင်း) စနစ် ဟာ Routine Worker တွေကို မွေးထုတ်ပေးရင်း အချိန်ကြာလေ၊ ခေတ်နောက်ကျ ကျန်ခဲ့ရင်း....


Career အကြောင်း---မနက်ခင်း (၅:၃၀) Alarm မြည်လာချိန်  (၁၀)မိနစ် တစ်ဖြတ် Alarm တွေ နဲ့ အိပ်လိုက်နိုးလိုက် နဲ့ (၆:၃၀)အတိမှာ...
06/05/2026

Career အကြောင်း
---
မနက်ခင်း (၅:၃၀) Alarm မြည်လာချိန်
(၁၀)မိနစ် တစ်ဖြတ် Alarm တွေ နဲ့ အိပ်လိုက်
နိုးလိုက် နဲ့ (၆:၃၀)အတိမှာ
ဒီရေမောင်၏ မျက်လုံးများ
အခန်းမျက်နှာကြက်ဆီမှာ ခဏတာ ရပ်တန့်နေပြီး
ဦးနှောက်ကြီး ဟင်းလင်းပြင်ဖြစ်လို့နေတယ်။..
လူအများစုအတွက် ဒီနေ့ (တနင်္လာနေ့)က
မုန်း ကြပေမယ့်
ဒီရေမောင် အတွက်တော့
သူ့ကိုယ်သူသက်သေပြရမည့် စိန်ခေါ်မှု အသစ်တစ်ခုသာ ဖြစ်တယ်။
---
"အလုပ်နှင့် စေ့စပ်ပါ။ အလုပ်နှင့် လက်မထပ် ပါနဲ့ " လို့ သူငယ်ချင်းများ၏ သတိပေးစကားများကို အကြိမ်ကြိမ်ကြားတိုင်း သူ... ပြုံးရုံသာ တုံ့ပြန်လေ့ရှိတယ်။
သူ့ အတွက် အလုပ် နှင့် လက်ထပ် ထားခြင်း မဟုတ်
Career နဲ့ လက်ထပ် ထားခြင်းဖြစ်တယ်။
သူ့ အတွက် Career ဆိုသည်မှာ လစာဂဏန်းများထက် ပိုတယ်။ career သည် သူ၏ တည်ရှိမှု၊ သူ၏ ဂုဏ်သိက္ခာနှင့် သူကိုယ်တိုင် ထွင်းထုထားသော ပုံရိပ်တစ်ခု ဖြစ်တယ်။
--- ---

​ရုံးခန်းထဲသို့ ခြေချလိုက်သည်နှင့် ဒေါက်ဖိနပ်သံများ၊
ရှူးဖိနပ်ခွာသံများ က ကြွေပြားပေါ်မှာ စည်းချက်ကျကျ မြည်သံတွေကို ကြားနေရသည်။
ထို အသံတွေက သူ့၏ အလုပ်လုပ်ချင် စိတ်ကို နှိုးဆွပေးသယောင် Tap Dance ကပြသည့် အလား ဖြစ်နေတယ်။
ထို့နောက် သူ၏ အလုပ်စားပွဲ ထိုင်ပြီး
ကွန်ပျူတာ Screen မှ ထွက်ပေါ်လာသော အလင်းတန်းက သူ၏ ကမ္ဘာငယ်လေးကို စတင်လင်းလက်စေတယ်။

ရှုပ်ထွေးလှသော Project များ၊ ဖြေရှင်းရခက်သော ပြဿနာများနှင့် Deadline များကြားတွင် သူသည် ပင်ပန်းသည်ဟု မခံစားရဘဲ သက်ရှိနွယ်ပင်တွေရဲ့
အထုံး ဖြေသည့်အလား ပ‌ဟေဠိဆန် ပို၍ပင် အသက်ဝင်လာသလို ရှိတယ်။

​တစ်ခါတလေတော့လည်း
အထီးကျန်ဆန်မှုက လှိုက်ခနဲ ဒီရေမောင် ရဲ့ ခံစားချက်ကို ပြတ်ရှစေတယ်။
သူငယ်ချင်းတွေ ရုံးဆင်းချိန်၊ အိမ်ပြန်သူက ပြန်၊ ဆိုင်ထိုင်သူက ထိုင် လုပ်နေချိန်မှာ
သူကတော့ အစီရင်ခံစာတစ်ခုအတွက်
ရုံး မှာ OT ဆင်း၊ အိမ် အထိ အလုပ်ကို သယ်လာပြီး
သန်းခေါင်ထိ ဈာန်ဝင်နေတတ်တယ်။

သို့သော် နောက်တစ်နေ့ ရုံးတက်ချိန်မှာ
မနေ့ညက ပင်ပန်းမှုများအားလုံးက ယနေ့
အစည်းအဝေး ခန်းမကြီးထဲမှာ နှင်းဆီပွင့်ဖတ်လေးများလွင့်စင်‌ နေသကဲ့သို့ မွှေးပျံ့ လန်းဆန်းနေတယ်။

​"Career" ဆိုတာ စကားလုံး သက်သက် မဟုတ်ပါ။ Career ဆိုတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစွာဖြင့် လောကအလယ်တွင် ရပ်တည်နိုင်ခြင်း၊ တစ်ပါးသူကို အကျိုးပြုနိုင်ခြင်းနှင့် နေ့စဉ်နေ့တိုင်း မိမိရဲ့ Better version ကို ရှာဖွေတွေ့ရှိ မြှင့်တင်ခြင်းပင် ဖြစ်တယ်။
ဦးနှောက်က Engine ဆိုရင် Career က Engine Oil ဖြစ်တယ်။ Engine Oil မရှိ‌တော့တဲ့ Engine ဟာ ရေရှည်မခံသလို Career မရှိတဲ့ Brain ကလည်း ရေရှည် မခံ ဖြစ်မယ်။

Career သည် ဗလာစာအုပ် နဲ့လည်း တူတယ်။
Passion (ဝါသနာ) မရှိလည်း ကိုယ့်ရဲ့ စုတ်ချက်တွေ လှနေရင် ဘယ်အချိန် လှန်လှန် Positive Vibe ၊ Positive Energy ရနေမှာ အမှန်ပါပဲ။
____

29/08/2025

ခေတ်ကာလ Pressure တွေကြောင့်
အဝေးရောက် ကွာရှင်းမှုတွေ များပြားလာတာကို တွေ့ရပါတယ်။

အဝေးရောက် ကွာရှင်းခြင်းက တရားဝင်လား?

အဝေးရောက် ကွာရှင်း စာချုပ်တွေဆိုတာ အရပ် စာချုပ်တွေပါ။

ရိုးရိုးပဲ တွေးကြည့်ပါ။
(၁)
လက်ထပ်တုန်းက တရားရုံးမှာ လက်ထပ်ပြီး
ကွာရှင်းမှာ တော့ အရပ်စာချုပ် နဲ့ ချုပ်ဆို တယ်ဆိုတော့ တကယ် ကွာရှင်း ချင်တာလား မကွာရှင်းတာလား? စော်ကားတာလား? ကစား တာလား?
(၂)
စည်ပင် မှာ ခင်ဗျား ရောင်းချင်တဲ့ မြေကွက် ကို တရားရုံး Register လက်ထပ် စာချုပ် နဲ့ ကန့်ကွက်တဲ့ အခါ ခင်ဗျား ဘက်က အရပ် ကတိ ကွာရှင်းစာချုပ် နဲ့ ချေပ တာကို စည်ပင်က လက်ခံမယ် ထင်လား?
(၃)
တရားရုံး ကရော ခင်ဗျားတင်တဲ့ အရပ်ကွာရှင်း စာချုပ် နဲ့
register လုပ်ထားတဲ့ လက်ထပ် စာချုပ် အပေါ်မှာ ဘယ်လို သုံးသပ် မလဲ?
တရားမ မှု ဆိုရင် (၁)နှစ် အနည်းဆုံး ကြာပါတယ်။
အချိန်တွေ အကုန် မခံ ပါနဲ့
မြန်မာပြည် ပြန်လာပါ တရားရုံး မှာ တရားဝင် ကွာရှင်းပါ။

&B_Solution

20/06/2025
လွယ် "တွက်" အလွယ် "မှတ်"Performance Measurement.. ... ...မိမိက ဦး‌ဆောင်သူ ဖြစ်ပြီဆိုရင် မိမိ  Team နဲ့ ပက်သက်ပြီး အခက်အခ...
09/08/2024

လွယ် "တွက်" အလွယ် "မှတ်"
Performance Measurement
.. ... ...

မိမိက ဦး‌ဆောင်သူ ဖြစ်ပြီဆိုရင် မိမိ Team နဲ့ ပက်သက်ပြီး အခက်အခဲတွေ ရှိတတ်ပါတယ်။ ဒီထဲမှာ Performance Measurement ဘယ်လို လုပ်မလဲ ဆိုတာ ပိုပြီး ခက်ခက်ခဲခဲ စဉ်းစား ရနိုင်ပါတယ်။ ဒီနေ့တော့ လွယ်လွယ်ကူကူ Performance ကို Measurement လုပ်လို့ရတဲ့ ပုံစံကို အကြမ်းဖျင်း မျှဝေ ပေးချင်ပါတယ်။
.. ... ...
OKRs
❶ Objectives
❷ Key Results.. ... ...

❶ Objectives

Objectives ဆိုတာ ရည်မှန်းချက်ဖြစ်ပါတယ်။ ရည်မှန်းချက်ကို ရည်ရွယ်ချက် နဲ့ မရောဖို့ လိုအပ်ပါတယ်။
➨ ရည်မှန်းချက်ဆိုတာ "မှန်း" ပါတယ်။ ငါ ဒီ‌ပွဲမှာ ပထမ ရချင်တယ်။ ပြိုင်ပွဲ မစခင် "ဆန္ဒ" ကို ထုတ်ဖော်တာ။
➨ ရည်ရွယ်ချက်ဆိုတာ "ရွယ်" ပါတယ်။ ငါ ဒီပွဲမှာ ပထမ ရမှ ဖြစ်မယ်။ ပြိုင်ပွဲ အတွင်း "သိက္ခာ"ကို ထုတ်ဖော်တာ။

Objectives တွေက
➨ သတ်မှတ်နိုင်သည့် သက်တမ်း ၁ နှစ် or ၃ နှစ်
( Policy မတည်ငြိမ်တဲ့ နေရာဒေသ or မိမိ စီးပွားရေးက Quick-Entry and Quick-Exit Business Model ဆိုရင် Objective သက်တမ်းကို (၁)နှစ် ထားလို့ရပါတယ်။ )
➨ ရှင်းလင်းရမယ်
➨ တိကျရမယ်
➨ ဖြစ်နိုင်ခြေ ရှိရမယ်။ (Moonshot မဖြစ်ရဘူး။ လျှပ်စစ်မီးတောင် မမှန်တဲ့ တိုင်းပြည်မှာ လကမ္ဘာကို မနက်ဖြန် ခရီး ထွက်မယ် ဆိုတဲ့ ကိစ္စမျိုး)
.. ... ...

❷ Key Results
➨ KRs ဆိုတာက လိုချင်တဲ့ အဓိက ရလဒ်ဖြစ်ပါတယ်။ Objective တစ်ခု ရရှိဖို့ အတွက် Progress ဖြစ်ပါတယ်။.. ... ...

☛ Objectives နဲ့ Key Results ဘယ်လိုချိတ်မလဲ?

ဥပမာ

➨ Objective ➨ ကုမ္ပဏီကို အရောင်း ရဆုံး ကုမ္ပဏီ (၁၀)ခုထဲ ဝင်ချင်တယ်။

Key Results
KR 1 ➨ Target Market မှာ brand awareness တက် ရမယ်။
KR 2 ➨ New Product Line မှာ Sales Performance တက်ရမယ်။
KR 3 ➨ Customer ကို Response လုပ်ပေးတဲ့ အချိန် လျော့ချရမယ်။
.. ... ...

CEO ကနေ ချပေးလိုက်တဲ့ KRs သည် Department က Manager တွေ အတွက် Objective ဖြစ်ပါတယ်။ ထို့ကြောင့်

➨ Marketing Department
Objective ➨ Target Market မှာ brand awareness တက် ရမယ်။
KR 1 ➨ Social Media Followers ကို (၃၀%) တိုးမယ်။

➨ Sales Department
KR 1 ➨ New Product မှာ ဒေါ်လာ (၁)သိန်း ရအောင် ရောင်းမယ်။

➨ After Sales Department
KR 1 ➨ Response Time ကို (၁)နာရီ လျော့မယ်။
.. ... ...
CEO သည် Objective ကို (၁) ခု မှ (၃) ခု အထိ ပေးနိုင်ပြီး
Key Result သည် (၃) ခု မှ (၅)ခု အထိ ပေးနိုင်ပါသည်။.. ... ...



Be A Leader
(30)days Challenge
▶️ Day (11) ◀️

ဦးဆောင်သူတွေ တစ်ဦး အနေဖြင့် Effective Communication ရအောင် ဘယ်လိုလုပ်မလဲ?… … …Organization တွေမှာ Communication Gap ဆိုတ...
08/08/2024

ဦးဆောင်သူတွေ တစ်ဦး အနေဖြင့်
Effective Communication ရအောင် ဘယ်လိုလုပ်မလဲ?

… … …

Organization တွေမှာ Communication Gap ဆိုတာ အမြဲရှိပါတယ်။ Communication Gap ဆိုတာ ပြောချင်တဲ့ Message ကို လိုအပ်တဲ့ နေရာကို မရောက်တာ (or) တစ်စိပ်တစ်ပိုင်း ရောက်တာ (or) နားလည်မှုလွဲတာ (or) မရှင်းလင်းတာ (or) ပိုပြီး ရှုပ်ထွေးစေတာ ဖြစ်ပါတယ်။
.. ... ...
▶️ ဥပမာ ▶️ Software ကုမ္ပဏီ တစ်ခုက Project Manager တစ်ယောက်က Team ကို “"Software ကို Major Operating System နဲ့ ကိုက်ညီအောင်လုပ်ပါ” ဆိုပြီး Email ပို့လိုက်မယ်။

Email ကို လက်ခံရရှိတဲ့ Team က သူတို့နည်း သူတို့ဟန် နဲ့ ဘာသာပြန်ပြီး Major Operating System ဖြစ်တဲ့ Mac OS and Window မှာပဲ Test လုပ်လိုက်မယ်။ ဒီတော့ Linux မှာ အခက်အခဲဖြစ်‌တော့တာပါပဲ။ Project Manager ဆိုလိုတာက All Major OS ဖြစ်ပြီး ရောက်လာတဲ့ Email က Major OS မှာ “All” မလာတဲ့အတွက် ဖြစ်သွားခြင်း ဖြစ်ပါတယ်။ နောက်တစ်ခုက မရှင်းတာ ရှိရင် မေးနိုင်ပါတယ်ဆိုတဲ့ Message လည်း မပါလာခဲ့ပါဘူး။

ကိုယ်က ဦးဆောင်သူ ဖြစ်ပြီဆိုရင် ကိုယ့်ရဲ့ Email အရေးအသားက အစ တိကျဖို့ လိုအပ်ပါတယ်။ Team တွေက ဥာဏ်အလင်း ရနေတဲ့သူတွေ မဟုတ်ပါဘူး။
Assignment ပေးရင် Question ပြန်မထုတ်တဲ့ Team လည်းရှိပါတယ်။
.. ... ...

ဒီလို Communication Gap ကို ဘယ်လို ချုံ့မလဲ?

➊ Clear and Precise Communication - ကိုယ် ပေးတဲ့ Message က တိကျ ရှင်းလင်းရမယ်။ “All Major OS, MAC, Window, Linux နဲ့ ကိုက်ညီအောင် လုပ်ပါ”

➋ Active Listening and Feedback – “နားမလည်တာ ရှိရင် ချက်ချင်း အကြောင်းပြန်ပါ။ အခြား ဘယ် OS တွေနဲ့ Run လို့ရနိုင်သေးလဲ Suggest ပေးပါ။ Confirm လုပ်ပါ။”

➌ Documentation – “မင်းတို့ Test လုပ်တဲ့အခါ လိုအပ်တဲ့ Requirements တွေရှိရင် Documents နဲ့ List လုပ်ပြီး ပေးပို့ပါ။”

➍ Regular Check – “မင်းတို့ Test တစ်ခါ လုပ်ပြီးတိုင်း Test Report တွေကို ပေးပို့ပါ”
.. ... ...

ဒီလိုလုပ်တာက Team တွေကို Risk နည်းစေပါတယ်။
အချို့တွေကတော့ သူတို့ကို ကျစ်ချင်လို့ ရစ်ချင်လို့ဆိုပြီးတော့ ထင်နိုင်ပါတယ်။ ဒါပေမယ့် Customers လက်ထဲရောက်မှ Problems ဖြစ်သွားတာထက် စာရင် Risk နည်းပါတယ်။
.. ... ...


Be A Leader
(30) Days Challenge

Passion နဲ့ CV တစ်ထပ်တည်းဖြစ်ရင် သင့်ကို အလုပ်က လာရှာပါလိမ့်မယ်။___ ___Document ခေါင်းစဥ်မှာ CV ပဲ တက်တက် Resume ပဲ တပ်တ...
06/08/2024

Passion နဲ့ CV တစ်ထပ်တည်းဖြစ်ရင်
သင့်ကို အလုပ်က လာရှာပါလိမ့်မယ်။
___ ___

Document ခေါင်းစဥ်မှာ CV ပဲ တက်တက် Resume ပဲ တပ်တပ် အဲ့ဒါက အရေးကြီးတဲ့ အချက် တစ်ချက် မဟုတ်‌တော့ပါဘူး။
အရေးကြီးတဲ့ အချက်က မိမိ ဘာ ကျွမ်းကျင်တယ်။
မိမိသည် Career ကို မပြောင်းလဲ ပဲ ဘယ်လောက်ထိ Stable ဖြစ်တယ် ဆိုတာပါပဲ။
__ __ __
CV က ဘာကြောင့် အရေးကြီးလဲ?

✦ CV သည် လူ တစ်ယောက်သည် ၎င်းရဲ့ Professional Career အတွက် ဘယ်လောက်ထိ အချိန်ပေးပြီး ကြိုးစားအားစိုက်ထုတ်ခဲ့လည်း ဆိုတာကို ဖော်ပြပါတယ်။
✦ CV က ခန့်အပ်မယ့် ကုမ္ပဏီကို Expectation ပေးနိုင်သလောက် အလုပ်ရဖို့ Chance လည်း ပေးပါတယ်။
__ __ __
➡️ ပူးတွဲ ဓါတ်ပုံပါ CV ကို ကြည့်ပါ။

❶ Personal Statement/ Summary

ဒီနေရာက အားစိုက်ထုတ်ခဲ့မှု အကောင်းဆုံးနေရာကို Highlight ပြထားပါတယ်။ B2B market, CRM, Sales Presentation, Market Pe*******on တွေမှာ အားကောင်းကြောင်း ဖော်ပြထားပါတယ်။
__ __ __

❷ Experience

Regional Sales Volume ကို 25% Increase ဖြစ်တယ်။ CRM strategy implement လုပ်တယ်။ သူပေးတဲ့ Sales training ကြောင့် 15% improvement ဖြစ်တယ်။ Old Customers တွေဆီကနေ 25% uptick ဖြစ်တယ်။ 30% Revenue Growth ဖြစ်တယ် စတဲ့ အချက်တွေ ပါပါတယ်။
__ __ __

❸ Education

Bachelor degree in business administration Sales နဲ့ ဆက်နွှယ်တဲ့ ဘွဲ့ ဖြစ်ပါတယ်။
သူ့အတွက် MBA လိုလားလို့ မေးရင် 50%~50% လို့ပဲ ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင်...
✦ ဘွဲ့က business administration ပါ။ MBA subject အများစု ရဲ့ အခြေခံ ပါပဲ။
__ __ __

❹ Achievement

မြန်မာ ကုမ္ပဏီတွေရဲ့ အားနည်းချက်ပါပဲ။ ဒီမှာက Recognition Award တွေ ပေးတဲ့ အပိုင်းမှာ အားနည်းတဲ့ အတွက် CV ရဲ့ Award နေရာတွေ မပါတာများပါတယ်။ ထို့အပြင် Award တွေ ဖော်ပြထားတဲ့ အတွက် ခန့်အပ်မယ့် ကုမ္ပဏီဘက်ကလည်း Expectation မြင့်သွားပါတယ်။
__ __ __

❺ Skills

Communication Skills / Negotiation Skills Time Management Skills တို့ စတဲ့ မမြင်ရတဲ့ Soft Skills တွေ ထည့်စရာ မလိုပါဘူး။ Soft Skills မကောင်းပဲ
Experience မှာပါတဲ့ 25% 15% စတဲ့ Result တွေရအောင် ရောင်းနိုင်မှာ မဟုတ်ပါ။

ဒါကြောင့် Sales မှာ အဓိကကျတဲ့ CRM , Sales Strategy, Market Analysis, etc., တွေ ထည့်ထားခြင်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ခန့်အပ်မယ့် ကုမ္ပဏီ ဘက်က လုပ်ရမယ့် Training / Orientation/Discussion အပိုင်းမှာ အခက်အခဲ နည်းသွားပါတယ်။
__ __ __

❻ Course

တက်ခဲ့တဲ့ Hard Skills သင်တန်းတွေ ဖြစ်ပါတယ်။
CRM နဲ့ Strategy တွေမှာ Focus ထားကြောင်း ဖော်ပြထားပါတယ်။ Summary မှာ CRM ပါတယ်။ Experience မှာ CRM ကျွမ်းကြောင်း နှင့် ရောင်းနိုင် ကြောင်းပါတယ်။ Skills မှာ CRM နဲ့ Sales Strategy ကောင်းကြောင်းပါတယ်။
သူ Course မှာ CRM & Strategy Management တက်ခဲ့ကြောင်း ပါတဲ့ အတွက် သူ သွားနေတဲ့ Professional Careers လမ်းကြောင်းသည် ဆက်စပ်မှု ရှိနေပါတယ်။
__ __ __

❼ Passion

B2B Market Innovation & Sales Technology လို့ ဖြည့်ထားခြင်းသည် Business Owner တွေ နဲ့ အလုပ်လုပ်ရတာကို နှစ်သက်တယ်လို့ ယူဆရပါတယ်။ ပြီးတော့ Sales ပက်သက်ရင် အမြဲ နည်းပညာ အသစ်တွေကို လေ့လာတယ်။ Up to date ဖြစ်နေပါတယ်ဆိုပြီး ရေးထားပါတယ်။
__ __ __

လူကြီးမင်း တို့ရော
✦ ဒီလို Career Stable ဖြစ်တဲ့ CV တစ်စောင် ရှိပြီလား?
✦ အပိုတွေ မရေးထားပဲ Result အဓိကပါတဲ့ Experience‌‌ ရှိနေပြီလား?
✦ Passion သည် အလုပ်၊ အလုပ်သည် Passion ဖြစ်တဲ့ အထိ အလုပ်ကို ဝါသနာ ပါပြီလား?
__ __ __
မိမိ၏ ယူဆချက်များသာ ဖြစ်ပါတယ်။

▶️ ဦးဆောင်သူတွေ လိုအပ်တဲ့ ပါဝါ ◀️____ ပါဝါဆိုတာ ဘာလဲ? ပါဝါဆိုတာ “လုပ်အား” “လုပ်နိုင်စွမ်းအား”ကို ဆိုလိုပါတယ်။ Power က Te...
05/08/2024

▶️ ဦးဆောင်သူတွေ လိုအပ်တဲ့ ပါဝါ ◀️
____

ပါဝါဆိုတာ ဘာလဲ? ပါဝါဆိုတာ “လုပ်အား” “လုပ်နိုင်စွမ်းအား”ကို ဆိုလိုပါတယ်။ Power က Team ကို Force ပေးလို့ရတယ်။ Influence လွှမ်းမိုး ချယ်လှယ်လို့ ရတယ်။ Authority လုပ်ပိုင်ခွင့် ဆုံးဖြတ်ပိုင်ခွင့် ရှိတဲ့အတွက် Team တွေကို စေခိုင်းလို့ရပါတယ်။

Ⓐ တစ်ကယ့် Power အစစ်က ဘယ်က လာတာလဲ?
Ⓑ Power အစစ်က ဘာလဲ?
Ⓒ လက်ရှိ ဘာလိုအပ်ချက်တွေ ရှိလဲ?
___

Ⓐ တစ်ကယ့် Power အစစ်က ဘယ်က လာတာလဲ?
Power မှာ (၂) မျိုး ရှိပါတယ်။
➊ Position Power (ရာထူးအရ ပါဝါ)
➋ Personal Power (လူပုဂ္ဂိုလ်အရ ပါဝါ)
➊ Position Power မှာ Reward, Coercion, Legitimacy ဆိုပြီး (၃) မျိုးရှိပါတယ်။
✔️ Reward Power သည် မိမိ စေခိုင်းတာကို လုပ်ပေးရင် Reward ပေးမယ့် သဘောဆောင်ပါတယ်။
✔️ Coercion/Punishment Power သည် မိမိ စေခိုင်းတာကို မလုပ်ရင် Punishment ပေးမယ့် သဘောဆောင်ပါတယ်။
✔️ Legitimacy Power ကတော့ မိမိ သည် ခေါင်းဆောင်၊ မိမိသည် သူဌေးပဲ... မိမိ စေခိုင်းတာ မှန်သမျှ Team က လုပ်ကို လုပ်ရမယ်ဆိုတဲ့ သဘောဆောင်ပါတယ်။
➋ Personal Power မှာ Expert နှင့် Referent ဆိုပြီး (၂)မျိုး ရှိပါတယ်။
✔️ Expert Power က တော့ မိမိ ကျွမ်းကျင်တဲ့ Career ၊ နယ်ပယ်ကနေ အထူကျွမ်းကျင်တဲ့ ဘာသာရပ်တစ်ခု နှင့် သက်ဆိုင်တဲ့ Power ဖြစ်ပါတယ်။ ဥပမာ... မိမိသည် ဆောက်လုပ်ရေး မှာ အထပ်မြင့် ကို ကျွမ်းကျင်တယ်။ အထပ်မြင့် ထဲကမှ Mega/ Luxury Projects တွေကို ပိုကျွမ်းကျင်တယ်။
✔️ Referent Power ကတော့ မိမိ ရဲ့ အကျင့် သီလ သမာဓိ ကျင့်ဝတ် စေတနာ စတဲ့ ကောင်းမွန်တဲ့ အကျင့်စရိုက်တွေ နဲ့ သက်ဆိုင်တဲ့ Power ဖြစ်ပါတယ်။
___

Ⓑ Power အစစ်က ဘာလဲ?

Power အစစ်က (Position Power < Personal Power) Personal Power က ပိုကြီးရမှာ ဖြစ်ပါတယ်။
ဆိုလိုချင်တာက ကိုယ်က ရာထူးတွေ လုပ်ပိုင်ခွင့်တွေ ⬆︎⬆︎ တိုးတိုင်း တိုးတိုင်းမှာ ကိုယ့်ရဲ့ လုပ်ငန်း ကျွမ်းကျင်မှု ဗဟုသုတ နှင့် သမာဓိ သီလ တွေ ⬆︎⬆︎ ပိုတိုး ⬆︎⬆︎ ဖို့ လိုအပ်ပါတယ်။

___
Ⓒ လက်ရှိ ဘာလိုအပ်ချက်တွေ ရှိလဲ?

လက်ရှိမှာတော့ I’m the Boss ဆိုတဲ့ ပုံစံမျိုးတွေ နဲ့ စီမံခန့်ခွဲနေကြတာကို တွေ့ကြရမှာပါ။ ဒါကတော့ Position Power ဘက်ကို အလေးသာနေတာဖြစ်ပါတယ်။

✔️ Position Power သည် အုပ်ချုပ်ရေး (Administration) အဓိကထား လုပ်ရတဲ့ ဌာနတွေမှာတော့ ဖြစ်နိုင်ပါတယ်။ ၄င်း ဌာန ရဲ့ ဝန်ထမ်း အများစုက Personal Power အားနည်းကြသူတွေ ဖြစ်ကြပါတယ်။

✔️ Position Power သည် စီမံခန့်ခွဲရေး Management လုပ်သည့် ဌာနတွေ Personal Power အားကောင်း တဲ့ ဌာနတွေ မှာတော့ ရေရှည်မှာ အခက်တွေ့နိုင်ပါတယ်။
___
Be A Leader
(30) Days Challenge
Day (7) – The Power


လူ Vs မူ____ကုမ္ပဏီတွေမှာ ဦးဆောင်သူတွေ လူ နဲ့ မူ ကို ရွေးချယ်ကျတဲ့ အခါ ဟိုလူ ကို မထုတ်ချင်၊ ဒီလူကို ဌာန မပြောင်းခိုင်းချ...
04/08/2024

လူ Vs မူ
____

ကုမ္ပဏီတွေမှာ ဦးဆောင်သူတွေ လူ နဲ့ မူ ကို ရွေးချယ်ကျတဲ့ အခါ ဟိုလူ ကို မထုတ်ချင်၊ ဒီလူကို ဌာန မပြောင်းခိုင်းချင်၊ ရာထူး မတိုးပေးချင်၊ နယ်မပို့ချင်၊ မိမိ အနားမှာပဲ ခေါ်ထားချင် စသဖြင့် လူကို ကြည့်ပြီး ရွေးချယ်ကြပါတယ်။

လူ ကို ကြည့်လိုက်တဲ့ အတွက် ၎င်းတို့ရဲ့ မူဝါဒတွေကို Adjust လုပ်တာတွေ Change တာတွေ လုပ်တော့တာပါပဲ။ အဲ့ဒီလိုလုပ်တဲ့ အခါမှာ ၎င်း ပုဂ္ဂိုလ်‌‌ရေးအရ ရှိစေချင်တဲ့ လူတွေက Comfort Zone ထဲ ရောက်ကုန်ကြပြီး ကုမ္ပဏီ အတွက် လိုအပ်တဲ့ သူတွေက Challenging တွေ ပြန်ဖြစ်ကုန်ကြ Survival ပြန်လုပ်ရ နဲ့ Growth Stage ကို မရောက်ကြတော့ပါဘူး။

ဒါကြောင့်...
မူ ပြောင်းတာလဲ မကောင်းသလို
လူ ဟောင်းတာလဲ မကောင်းပါဘူး။
_____

ဒါဆို လူ နဲ့ မူ ကို ဘယ်လို Change မလဲ ? Adjust လုပ်မလဲ? McKinsey 7S Model ကို တစ်ချက်လေ့လာကြည့်မယ်ဆိုရင်
Ⓐ Hard Elements
❶ Strategy
❷ Structure
❸ System

Hard Elements ဆိုတာ ပြုလွယ် ပြောင်းလွယ် ပြင်လွယ် ရ ခက်ခဲ တဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ တစ်ခုခုဆို မူ ကို ပြင် နေတာက မဟုတ်ပါဘူး။ မူဆိုတာ Policy ဟုတ်ပါတယ်။ Policy ဆိုတာ Hard Elements နဲ့ ဆက်နွှယ်ပါတယ်။

လုပ်ငန်း တစ်ခု လုပ်ပြီဆိုရင် ဘယ် ဗျူဟာ သုံးမယ်။ ဘယ် ပုံစံ သွားမယ်။ ဘယ် စနစ် နဲ့ အုပ်ချုပ်မယ်။ ဘယ် မူဝါဒ ကို လက်ကိုင်ထားမယ်။ စသဖြင့် စာရွက် အပေါ်မှာ အလုပ် လုပ်ရတဲ့ ကိစ္စရပ်တွေ ဖြစ်ပါတယ်။

လက်ရှိ ဦးဆောင်သူတွေကတော့ ဝန်ထမ်းတွေ ခန့်အပ်လို့ မရဘူးဆိုရင် Structure ကို Change/Adjust လုပ်မယ်။ Productive မဖြစ်ဘူး၊ KPI မပြည့်ဘူးဆိုရင် System ကို Change/Adjust လုပ်မယ်။ စတာတွေကို အားသာ ကြပါတယ်။ တစ်ကယ်တော့…. Soft Elements တွေကို Change/Adjust လုပ်ရမှာ ဖြစ်ပါတယ်။
______
ဒါဆို ဘာကြောင့် Hard Elements တွေပဲ Focus ထားနေတာလဲ?
Ⓑ Soft Elements
❹ Shared Values
❺ Style
❻ Staffs
❼ Skills
ဒါကတော့... ကုမ္ပဏီ ရောက်တာ နဲ့ Structure ကို Review လုပ်လိုက်၊ System ကို ဟိုနားလေး ဖြည့်လိုက် ဒီနားလေး ပြင်ချင်လိုက် စတဲ့ စိတ်ဝင်နေတဲ့ HR တွေရဲ့ ပယောဂ လည်း သိပ်မကင်းပါဘူး။ Soft Elements တွေ အားလုံးကတော့ လူ နဲ့ ဆက်နွှယ် နေပါတယ်။
ဝန်ထမ်းတွေ ဘက်က Company ကို
အလုပ် မလုပ်ပဲ ငွေရလွယ်တဲ့ အလှူအိမ်လို မြင်နေလား?
Company ဘက်ကလည်း ငွေ ပေးရင် ဘယ် ဝန်ထမ်းမဆို ခန့်လို့ ရတယ်ဆိုတဲ့ အမြင်တွေ ရှိနေလား? စ တဲ့ ခံစားချက်/အမြင်တွေအပေါ် ဆက်နွှယ်နေတဲ့ Shared Values တွေ။

ဝန်ထမ်းတွေရဲ့ Management Style, Leadership Style တွေ။ ဝန်ထမ်းတွေရဲ့ ပုဂ္ဂိလ်ရေး ခံယူချက်၊ ခံစားချက်တွေ၊
အရည်အချင်း ကျွမ်းကျင်မှုတွေ စတဲ့ ကိစ္စရပ်တွေ ကို သေချာစွာ နားမလည်သေးခင်မှာ အရင် အတွေ့အကြုံအရ ဆိုတဲ့ စကားလုံးတွေ နဲ့ Hard Elements ကို အရင် ကိုင်တွယ်ဖို့ ကြိုးစားကြတာက လူ နဲ့ မူ ကြားမှာ အလွန်ကို အခက်အခဲ ကြုံနိုင်စေပါတယ်။
____

ဒါဆို လူ နဲ့ မူ ဘာ ကို ရွေးချယ်မလဲ? ဘယ်လို ရွေးချယ်မလဲ?
❶ လူ ကို ရွေးချယ်ပါ။ ကုမ္ပဏီ အတွက် လိုအပ်တဲ့ သူကို ရွေးချယ်ပါ။
❷ လူကောင်း နဲ့ လူဟောင်း မှာ လူကောင်း ကို ရွေးချယ်ပါ။ သံယောဇဉ်အတွက် အဖိုးအခ ကို ထိုက်တန်စွာ လျော်ကြေးပေးပါ။
❸ လူ ပြောင်းရင် မူ ပြောင်း ဆိုတဲ့ စကားကို မေ့ပါ။
လူ ကောင်း ရင် မူ ကောင်း တယ် ဆိုတဲ့ စကားကို ယုံကြည်ပါ။
____



Be A Leader
(30)days Challenge
▶️ Day (6)

Address

Kabaraye Pagoda Road
Yangon

Opening Hours

Monday 09:00 - 01:00
Tuesday 09:00 - 01:00
Wednesday 09:00 - 01:00
Thursday 09:00 - 01:00
Friday 09:00 - 01:00

Telephone

+959751115552

Website

Alerts

Be the first to know and let us send you an email when Ahtaratha Careers posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ahtaratha Careers:

Shortcuts

Share