25/09/2024
ဖေးမဆွဲထူ လက်တွဲကူ Proven International ရဲ့ ရေဘေး အလှူ..................................................................................................................
ရှမ်းပြည်နယ် ကလောမြို့နယ် နှင့် အောင်ပန်း မြို့နယ်များတွင် ရေဘေးဒုက္ခ ခံစားခဲ့ရသော မိဘပြည်သူများအား Proven International Co.,Ltd မှ လူဉီးရေ (၅၀၀) အတွက် မုန့် ၊ ရေသန့် ၊ အဝတ်အထည် ၊ ဆေးဝါး နှင့် အသုံးအဆောင်ပစ္စည်းများ သွားရောက်အလှူဒါန်းမှု ပြုလုပ်ခဲ့ပါသည် ။ သွားရောက်ကူညီ လှူဒါန်းမှုများတွင် တဖက်တလှမ်းမှ ကူညီခဲ့ကြပါသော နိုင်လင်း ကားပစ္စည်းဆိုင် (အောင်ပန်းမြို့နယ်) နှင့် ကျော် ကားပစ္စည်းဆိုင် (အောင်ပန်းမြို့နယ်) မှ တာဝန်ရှိလူကြီးမင်းများနှင့် အစစအရာရာ ကူညီ ပေးခဲ့ကြပါသော Proven International မှ ဝန်ထမ်းများ ၊ မြို့နယ်၊ပြည်နယ်နှင့်တိုင်းများမှ တာဝန်ရှိ လူကြီးမင်းများအားလုံးကို Proven International Co.,Ltd မှ ကျေးဇူးအထူးတင်ရှိပြီး မြန်မာပြည်သူပြည်သားများအားလုံးလည်း သဘာဝ ဘေးဒုက္ခများမှ ကင်းဝေးကြပါစေရန် ဆုမွန်ကောင်းပို့သအပ်ပါသည် ။
ကျေးဇူးတင်စွာဖြင့်
Proven International Co.,Ltd