Nang Shwe Kyar Hom

Nang Shwe Kyar Hom If you want to change anyone, with start yourself.

မိတ်ဆွေရဲ့ အောင်မြင်မှုကိုဒီ ၃ ချက်နဲ့ အရှိန်မြှင့်ကြည့်ပါ။၁။ ပါတနာစီးပွါးရေးလုပ်တဲ့အခါကိုယ့်လုပ်ငန်းအတွက် အရေးကြီးဆုံးပ...
19/08/2023

မိတ်ဆွေရဲ့ အောင်မြင်မှုကို
ဒီ ၃ ချက်နဲ့ အရှိန်မြှင့်ကြည့်ပါ။

၁။ ပါတနာ
စီးပွါးရေးလုပ်တဲ့အခါ
ကိုယ့်လုပ်ငန်းအတွက် အရေးကြီးဆုံး
ပါတနာနဲ့ မဟာမိတ်တွေကို..
သေချာရွေးချယ်ပါ.
တွေ့ရာလူဆွဲထည့်ခဲ့လို့မရပါဘူး

ပါတနာနဲ့ မဟာမိတ်ရွေးချယ်တဲ့အခါ
ဒီမေးခွန်း ၃ ခုမေးကြည့်ပါ။
- အလုပ်ပိုပြီးဖို့လား ပိုမြန်ဖို့လား
- ကွန်ယက်ပိုကျယ်လာအောင် ချိတ်ဆက်ပေးမှာလား
- အရေးကြီးတဲ့အချိန်မှာ တုန့်ပြန်တာ မှန်ဖို့လား

ဒီလိုမှ မဟုတ်ရင်တော့ ပါတနာတွေက အလုပ်ကို
ရှေ့မရောက်စေတဲ့ အပြင်နောက်ပြန်တောင်
လိမ့်ကျစေနိုင်ပါတယ်။

၂။ ကိုယ့်ကိုယ်ကို အမြဲပြုပြင်ပါ
ဝန်ထမ်းလုပ်တဲ့သူနဲ့ ကိုယ်ပိုင်စီးပွါးလုပ်တဲ့သူနဲ့
ကွာတာက ဝန်ထမ်းလုပ်တဲ့သူက သူ့ career အတွက်
ဘယ်ရာထူးမှာ ဘာလိုတယ်ဆိုတာ ရှိပြီးသားပါ။

ကိုယ်ပိုင်လုပ်ငန်း လုပ်တဲ့သူကျ...
ဒီနေ့မှ ကြားဖူတဲ့ အရာတစ်ကို
ကိုယ်မလုပ်နိုင်ရင် လုပ်ငန်းအတွက်
ပြဿနာအကြီးကြီးဖြစ်လာနိုင်လို့
မဖြစ်မနေ လေ့လာလေ့ကျင်နေရတာတွေဟာ
အမြဲရှိနေမှာပါ။

ဒါကြောင့် လုပ်ငန်းအတွက် လိုအပ်လို့
ကိုယ်က အမြဲပြောင်းလဲနေရမှာကို
မကြိုက်တဲ့သူတွေဟာ သူတို့လုပ်ငန်းကိုပါ
တိုးတက်မှု နှေးစေတဲ့သူတွေပဲဖြစ်နေပါလိမ့်မယ်။

၃။ သည်းခံနိုင်စွမ်း
ကိုယ်ပိုင်စီးပွါးရေးတစ်ခု အောင်မြင်တဲ့
လမ်းကြောင်းပေါ် ရောက်ဖို့ဆိုတာ
အနဲဆုံး ၅ နှစ်ကနေ ၁၀ နှစ်ထိ
ကြာတတ်ပါတယ်။

ဒါကြောင့် သည်းခံနိုင်စွမ်းကလည်း
အရေးကြီးသလို ထိုင်ပြီးသည်းခံနေလို့လဲ
မရပြန်ပါဘူး။

Be Patient & Aggressive

ပြင်းပြင်းထန်ထန် အလုပ်လုပ်ရင်း
နှစ်အတိုင်းအတာ တစ်ခုထိ
သည်းခံနိုင်စွမ်းရှိဖို့လိုအပ်ပါတယ်။

လေးစား ချစ်ခင်စွာဖြင့်

ဗျူဟာကြွယ်မယ်
စကေးကြမ်းမယ်

 #လူဘ၀မှာ ရှုပ်ထွေးလွန်းတယ်...မြင်မြင်သမျှအရာအားလုံး အလွယ်မယုံမိစေနဲ့။ #လူတွေက သင့်ကို မြင်စေချင်တဲ့အရာတွေပဲ ပြတာပါ...အာ...
27/05/2023

#လူဘ၀မှာ ရှုပ်ထွေးလွန်းတယ်...
မြင်မြင်သမျှအရာအားလုံး အလွယ်မယုံမိစေနဲ့။

#လူတွေက သင့်ကို မြင်စေချင်တဲ့အရာတွေပဲ ပြတာပါ...
အားမကျပါနဲ့။

#လူတွေက သင့်ကို ဒါကျန်းမာရေးနဲ့ကိုက်ညီတယ်ပြောတိုင်း
စားသင့်မစားသင့် သောက်သင့်မသောက်သင့်က...
သင့်ရဲ့စဥ်းစားတွေးခေါ်တတ်တဲ့ဥာဏ်ပေါ်မှာပဲ
သင့်အတွက် အရမ်းအရေးကြီးပါတယ်။

 #ဘာပဲလုပ်လုပ် ကိုယ့်အလုပ်ပဲဆိုတဲ့စိတ်မွေးပြီး လုပ်ပါ။ #ကိုယ်နဲ့မဆိုင်ဘူးဆိုတဲ့စိတ်နဲ့နေရင် တစ်နေ့ ကိုယ်နဲ့ဆိုင်လာပါလိမ်...
17/05/2023

#ဘာပဲလုပ်လုပ် ကိုယ့်အလုပ်ပဲဆိုတဲ့စိတ်မွေးပြီး လုပ်ပါ။
#ကိုယ်နဲ့မဆိုင်ဘူးဆိုတဲ့စိတ်နဲ့နေရင် တစ်နေ့ ကိုယ်နဲ့ဆိုင်လာပါလိမ့်မယ်။
#ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်တတ်ပြီး ကိုယ့်ဟာကိုလည်း ကျေးဇူးတင်ဖို့ မမေ့ပါနဲ့။


#အားလုံးပဲဘေးကင်းကြပါစေ

လူတစ်ယောက်ရဲ့ အတွေးဟာ သူ့ရဲ့ဘဝပါပဲတဲ့။ အတွေးဟာ စွမ်းအားရှိတယ်။ကောင်းတာတွေ တွေးတာများရင် ကောင်းတာတွေပိုလုပ်ဖြစ်မယ်။ ကောင်...
14/04/2023

လူတစ်ယောက်ရဲ့ အတွေးဟာ သူ့ရဲ့ဘဝပါပဲတဲ့။

အတွေးဟာ စွမ်းအားရှိတယ်။
ကောင်းတာတွေ တွေးတာများရင်
ကောင်းတာတွေပိုလုပ်ဖြစ်မယ်။
ကောင်းတာတွေ ပြောဖြစ်မယ်။
ကောင်းတဲ့အရာတွေနဲ့
ပိုအချိန်ကုန်ပါများတဲ့အခါမှာ
ကောင်းတဲ့ကံ ကောင်းတဲ့အရာနဲ့
ပျော်ရွှင်မှုတွေရမယ်။
လုပ်နိုင်တယ် ဆိုတဲ့ စွမ်းအား ခွန်အားတွေရမယ်။
Positive energy တွေပြည့်နှက်နေမယ်။

မကောင်းတာတွေ တွေးတာများရင်
မကောင်းတာတွေ ပိုလုပ်ဖြစ်မယ်။
မကောင်းတာ ပိုပြောဖြစ်မယ်။
Negative ဘက်ကိုရောက်စေတဲ့ အတွေးတွေ
တွေးများလာတဲ့အခါမှာ

သိမ်ငယ်စိတ်တွေဝင်မယ်။
ယုံကြည်မှုတွေ လျော့ကျမယ်။
ခွန်အားတွေ ကုန်ခန်းမယ်။
တလောကလုံး ကိုယ်ကပဲ အထီးကျန်ဆုံး၊
ကိုယ်ကပဲ ကံအဆိုးဆုံး လို့တွေးတတ်တဲ့အထိ နစ်မွန်းနေတတ်ပါတယ်။

ဒါကြောင့်
ကိုယ့်အတွေးတွေကို ဂရုစိုက်ပါ။
အတွေးတွေဟာ စွမ်းအားရှိတယ်။

ကိုယ့်အတွေးနဲ့ကို
ကိုယ့်ဘဝကိုနစ်မွန်းအောင် လုပ်တဲ့သူ မဖြစ်ပါစေနဲ့။

ကိုယ့်အတွေးနဲ့ကို ကိုယ့်ဘဝကို တိုးတတ်မြင့်မားအောင်လုပ်တဲ့သူပဲ ဖြစ်ပါစေ။

နန်းသန်းသန်းဌေး(ဘဝစာပေ)
April 2023

တက်တဲ့ ကျောင်းရွေးတဲ့ လုပ်ငန်းခွင်ရွေးချယ်နဲ့အိမ်ထောင်ဖက် ဒီသုံးချက်ဟာ ဘဝကို တည်ဆောက်ရာမှာ သိပ်ကိုသက်ရောက်မှုကြီးတယ်။လူတ...
24/03/2023

တက်တဲ့ ကျောင်း
ရွေးတဲ့ လုပ်ငန်းခွင်
ရွေးချယ်နဲ့အိမ်ထောင်ဖက်
ဒီသုံးချက်ဟာ
ဘဝကို တည်ဆောက်ရာမှာ သိပ်ကိုသက်ရောက်မှုကြီးတယ်။

လူတစ်ယောက်က ပြောတယ်။
သူတတ်နိုင်တာထက် ပိုတဲ့ ကျောင်းကို ရွေးတာဟာ ကျောင်းတင်မက အသိုင်းအဝိုင်းကိုပါ ရွေးတာပါတဲ့။

ညီအစ်မ နှစ်ယောက်ရှိတယ်။ ရန်ကုန်မှာ နေတယ်။ တစ်ယောက်က နယ်မှာနေရတဲ့ လုပ်ငန်းခွင်ကို ရွေးတယ်။ နယ်က လူနဲ့ အိမ်ထောင်ကျတယ်။ နယ်မှာ ကလေးမွေးပြီး နယ်မှာပဲ အခြေကျသွားတယ်။ ကလေးတွေ ကြီးလာတော့ နယ်မှာကျောင်းတက်တယ်။ သူလိုကိုယ်လို ဘွဲ့လေးတွေ ယူပြီး ရန်ကုန်မှာ ဘဝတွေ ပြန်စရတယ်။ မိဘတွေကတော့ ကျန်ခဲ့ပြီ။

နောက်ညီအစ်မ တစ်ယောက်က ရန်ကုန်မှာပဲ လုပ်ရတဲ့အလုပ်ကို ရွေးတယ်။ လုပ်ငန်းခွင်သဘောအရ နိုင်ငံတကာနဲ့ ဆက်ဆံနေတဲ့အသိုင်းအဝိုင်းကလူနဲ့ အိမ်ထောင်ကျတယ်။ ကလေးတွေရလာတော့ ပိုကောင်းတဲ့ ပညာရေးတွေ လက်လှမ်းမီလာကြတယ်။ တိုင်းတပါးတိုင်းပြည်တွေကို အိမ်ဦးနဲ့ ကြမ်းပြင်သွားရင်း ကမ္ဘာနဲ့ ချီတဲ့ အတွေးအမြင်တွေ ရှိလာတယ်။ အတွေးတွေ လွတ်လပ်တယ်။ အမြင်တွေ ကျယ်ပြန့်တယ်။ တစ်ဝမ်းပဲကွဲတဲ့ နယ်က မောင်နှမတွေချင်း ဘဝတွေ အများကြီး ကွာခြားသွားတယ်။

ရွေးချယ်တဲ့အသိုင်းအဝိုင်းဟာ ဘဝတွေကို ကွဲပြားစေတယ်။

နှိမ်ချတာ မဟုတ်ပေမဲ့ လက်လှမ်းမီနိုင်တဲ့ အခွင့်အလမ်းချင်း ကွာတယ်။ ကြိုးစားဖောက်ထွက်ရင် ရတယ်ဆိုပေမဲ့ ကွာတာက ကွာတာပဲ။

ငါဘယ်လောက် ကြိုးစားမလဲ
ငါ ဘာအလုပ်လုပ်မလဲ
ငါ ဘယ်ပတ်ဝန်းကျင်မှာ ရှင်သန်မလဲ
ငါ ဘယ်သူတွေနဲ့ ပေါင်းမလဲ
ငါ ဘယ်သူ့ကို ချစ်မလဲ
ရွေးချယ်တာတွေဟာ မဝေးတဲ့တစ်ချိန်မှာ ဘဝကို ပုံဖော်တယ်။

ကျောင်းခန်းထဲက အဆင်လေးတို့ Part Time အလုပ်ထဲက အသားဖြူဖြူလေးတို့
လမ်းထဲက အရပ်ရှည်ရှည်နဲ့ ကောင်လေးတွေကို ချစ်မိသွားတာက လွယ်ပါတယ်..

လမ်းရဲ့ ဘယ်အဆစ်အပိုင်းမှာ ပျော်နိုင်မယ်ဆိုတာ တစ်ဦးချင်းစီရဲ့ နှစ်သက်မှု ဖြစ်ပေမဲ့... လမ်းရဲ့ ဘယ်အဆစ်အပိုင်းမှာ နေရတယ်ဆိုတာကျတော့ တစ်ဦးချင်းစီရဲ့ အားထုတ်မှုက ပြန်ရတဲ့ ရလာဒ်ပါ။ ဆန္ဒနဲ့ ဘဝ တစ်ထပ်တည်း ကျနိုင်တဲ့လူတွေ ရှားတာဟာ ကံတရားမဟုတ်ဘူး။ လျှောက်ရမဲ့ လမ်း နာမည်လောက်တောင်မှ ကြားခွင့်မရဖူးသူတွေပါပဲ။

အခုက အဲဒီလမ်းနာမည် ကြားဖူးခွင့် ပေးတတ်ဖို့ ပြောနေတဲ့ အကြောင်းပါ။ လျှောက်ခြင်း မလျှောက်ခြင်းရယ် လျှောက်တဲ့အခါလည်း အတည့်လျှောက်မယ်.. ကင်းမြီးကောက်ထောင်လျှောက်မယ်ဆိုတာတွေကတော့ ကိုယ့်သဘောပါပဲ။

ဟမ်မလေးးးး...။

အလုပ်တစ်ခုကို ငါမလုပ်နိုင်ဘူးလို့ ဘယ်တော့မှမတွေးပါနဲ့။သူများအလုပ် လုပ်ကိုင်နေရတော့ ငါအလုပ်ရှင်တစ်ယောက်မဖြစ်လာနိုင်ဘူးလို...
05/03/2023

အလုပ်တစ်ခုကို ငါမလုပ်နိုင်ဘူးလို့ ဘယ်တော့မှမတွေးပါနဲ့။

သူများအလုပ် လုပ်ကိုင်နေရတော့ ငါအလုပ်ရှင်တစ်ယောက်မဖြစ်လာနိုင်ဘူးလို့ ဘယ်တော့မှမတွေးလိုက်ပါနဲ့။

ရှူံးနိမ့်ခြင်းကို ကြုံနေရလို့ ကိုယ့်ကိုကိုယ် အသုံးမကျတဲ့သူလားလို့ ဘယ်တော့မှမတွေးလိုက်ပါနဲ့။

" နေရာမမှန်လျှင် တန်ဖိုးမဲ့တယ် "****************************** #ဘဝမှာ တစ်ချို့အရာတွေက နေရာမမှန်ရင် ထားရှိတဲ့ စေတနာတွေနဲ့...
15/02/2023

" နေရာမမှန်လျှင် တန်ဖိုးမဲ့တယ် "
******************************

#ဘဝမှာ တစ်ချို့အရာတွေက
နေရာမမှန်ရင် ထားရှိတဲ့ စေတနာတွေနဲ့၊
ပေးဆပ်တဲ့ အရာတွေဟာ တန်ဖိုးမဲ့ နေမှာပါပဲ။

#သနပ်ခါးက မိန်းကလေးတစ်ယောက်
သူမမျက်နှာမှာ လိမ်းထားတဲ့အခါ
နေရာမှန်လို့ လှပပြီး ချစ်စရာကောင်း
တယ်။

#အဲ့ဒီ သနပ်ခါးဟာ သွေးနေရင်းနဲ့ ကြမ်း
ပြင်ပေါ် ကျကုန်တဲ့အခါ ကြမ်းပြင်မှာ ရှိ
နေတဲ့ သနပ်ခါးတွေဟာ နေရာမမှန်လို့
တန်ဖိုးမဲ့ရတယ်။ အညစ်အကြေးအဖြစ်
သက်ရောက်သွားတယ်။

#ဆံပင်က မိန်းကလေးတစ်ယောက်
ခေါင်းလျှော်ပြီးချိန်လေးများ ဖြန့်ချထား
ရင်၊ သူမဆံပင်လေးကို အမျိုးမျိုး လှပစွာ ပြုပြင်ထားရင် နေရာမှန်လို့ သိပ်လှပြီး ချစ်စရာကောင်းတယ်။

#အဲ့ဒီ ဆံပင်တွေက ကော်ဖီခွက် (သို့)
ဟင်းခွက်ထဲ ရောက်သွားမယ်ဆိုရင်
နေရာမမှန်တဲ့အတွက် ရွံစရာ
ဖြစ်သွားနိုင်တယ်။

#ကိုယ်က အလိုက်တသိ ကူညီပေးတယ်
ဒါပေမယ့် သူများတကယ် လိုအပ်နေချိန်
မဟုတ်တော့၊ ကိုယ်ကူညီ ပေးတာတွေဟာ နေရာမမှန်၊ အချိန်မှန် မဟုတ်တဲ့အတွက် တန်ဖိုးမရှိ အသုံးမဝင်ဖြစ်လို့ စေတနာတွေ အလကား ဖြစ်ရတယ်။

#စကားပြောတဲ့ နေရာမှာလည်း
အချိန်အခါ မဟုတ်ပဲ ပြောမိတဲ့အခါ၊
စကားပြောပါများရင် အမှားတွေပါပြီး
ကိုယ့်တန်ဖိုးကို လျော့စေတယ်၊
နေရာမမှန်လို့ မလိုအပ်ပဲ ပြောမိတဲ့
ကိုယ်က ငပေါကြီး ဖြစ်ရလိမ့်မယ်။

#အချစ်ဆိုတာလည်း
ကိုယ်ချစ်တာကို တန်ဖိုးထားပြီး
အပြန်လှန်နားလည်မှုရှိမှ၊ ကိုယ့်ကို
တန်ဖိုးထားသူနဲ့ ချစ်ခွင့်ရမှသာလျှင်
နေရာမှန်လို့ ချစ်သူတွေလည်း
ပျော်ရွှင်ရမှာပါ။

#ကိုယ့်အချစ်ကို တန်ဖိုးမထား သစ္စာဖောက်သူနဲ့တွေ့ရင် ကိုယ်ပေးတဲ့ အချစ်ဆိုတာလည်း နေရာမမှန်လို့ ကိုယ်ပဲ တန်ဖိုးမဲ့ရပါလိမ့်မယ်။

#အရာရာ အားလုံးက
သူ့နေရာနဲ့သူ နေရာမှန်ဖို့ လိုပါတယ်၊
နေရာမမှန်ရင်တော့ တန်ဖိုးတွေ
မဲ့နေရအုံးမှာပါပဲ။

#ပေးဆပ်တယ် ဆိုပေမယ့်
နေရာမှားနေရင်တော့
ကိုယ်ပဲထိခိုက် နာကျင်ရလိမ့်မယ်။

မူရင်းစာရေးသူကိုလည်း လေးစားစွာ Credit ပေးပါသည်။

ဒေါသက လူကိုတွေးတောဆင်ခြင်တဲ့ဉာဏ်ကန်းစေတယ်တဲ့။အောက်စဖို့ဒ်ဆရာတော်ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိ(၂၈.၁.၂၀၂၀) (ရန်ကုန်)
30/01/2023

ဒေါသက လူကို
တွေးတောဆင်ခြင်တဲ့ဉာဏ်
ကန်းစေတယ်တဲ့။

အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိ
(၂၈.၁.၂၀၂၀) (ရန်ကုန်)

သင်ခန်းစာ********* #လူတွေက သင်ပေးတယ်ဘယ်သူကိုမှ မယုံကြည်နဲ့တဲ့ ... . #ပတ်ဝန်းကျင်က သင်ပေးတယ်ကိုယ့်အကြောင်းကိုပဲ စိတ်ဝင်စာ...
15/01/2023

သင်ခန်းစာ
*********
#လူတွေက သင်ပေးတယ်
ဘယ်သူကိုမှ မယုံကြည်နဲ့တဲ့ ... .

#ပတ်ဝန်းကျင်က သင်ပေးတယ်
ကိုယ့်အကြောင်းကိုပဲ စိတ်ဝင်စားပါတဲ့ ... .

#မိဘက သင်ပေးတယ်
မေတ္တာက အေးချမ်းခြင်း
အစစ်အမှန်ပါပဲတဲ့ ... .

#ချစ်သူက သင်ပေးတယ်
ဘယ်အရာကိုမှ သိပ်ပြီး
မျှော်လင့်မထားပါနဲ့တဲ့ ... .

#သူငယ်ချင်းက သင်ပေးတယ်
အစစ်မှန်ဆိုတာ ရှားတယ်တဲ့ ... .

#အချိန်က သင်ပေးတယ်
ရှိနေတဲ့အချိန်မှာ တန်ဖိုးထားပါတဲ့ .

#ဘဝက သင်ပေးတယ်
ခက်ခဲမှုတိုင်းက ပန်းတိုင်ပါပဲတဲ့ ...

#အောင်မြင်ခြင်းက သင်ပေးတယ်
အခွင့်အရေးဆိုတာ ကိုယ့်အပေါ်မှာပဲ
မူတည်တာပါတဲ့ ... .

#အသက်အရွယ်က သင်ပေးတယ်
နုပျိုခြင်းက အားအင်ပါပဲတဲ့ ... .

#သေဆုံးခြင်းက သင်ပေးတယ်
ဘဝကတိုတိုလေးမို့ အရှုံးတွေနဲ့
မကုန်ဆုံးပါနဲ့တဲ့ ... .

မဂ်လာရှိသော ကမ္ဘာ့နှစ်သစ်ကူးမှစ၍ ကမ္ဘာသူ၊ ကမ္ဘာသားများအားလုံး စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာကာ၊ ဘေးအန္တရာယ်ကင်းရှင်းပြီး လို...
01/01/2023

မဂ်လာရှိသော ကမ္ဘာ့နှစ်သစ်ကူးမှစ၍ ကမ္ဘာသူ၊ ကမ္ဘာသားများအားလုံး စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာကာ၊ ဘေးအန္တရာယ်ကင်းရှင်းပြီး လိုရာဆန္ဒ
ပြည့်ဝပြည့်စုံပါစေကြောင်း "NSKH မိသားစု" မှ ဆုမွန်ကောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင် ...

to 2023

လူတိုင်းလူတိုင်းဟာ .....          တူညီတဲ့လမ်းဆိုပေမဲ့           မတူညီတဲ့အတွေးအခေါ်          မတူညီတဲ့အကြံ          မတူညီတ...
28/12/2022

လူတိုင်းလူတိုင်းဟာ .....

တူညီတဲ့လမ်းဆိုပေမဲ့
မတူညီတဲ့အတွေးအခေါ်
မတူညီတဲ့အကြံ
မတူညီတဲ့အမြင်

စသဖြင့်

မတူညီတဲ့နေရာတွေကို အများကြီးရှိကြတယ်။

အဲ့ဒါကြောင့်

မတူညီတဲ့ကြားက ထူးခြားမှုရှိအောင် ကြိုးစားပါ။

Address

No (505) , Sabai (1) , North Okkalapa
Yangon
11031

Alerts

Be the first to know and let us send you an email when Nang Shwe Kyar Hom posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Nang Shwe Kyar Hom:

Share