Business4Peace

Call Website Contact the business

Business4Peace SST Tourism SE ၏ ဒေသခံများနှင့် ပူးပေါင်း၍ ငြိမ်းချမ်းရေးအတွက် စီးပွားရေးအစပျိုး လုပ်ဆောင်မှု

တန်ဖိုးမြင့် သုံးလွန်းတင် ရိုးရာအာဟာရသည် ဆင်းရဲသားထမင်း မဟုတ်ပါ။စန်းသစ် (အာဟာရနှင့် ယဉ်ကျေးမှု ရေးရာ)စာရေးဆရာကြီး နိုင့်...
12/10/2026

တန်ဖိုးမြင့် သုံးလွန်းတင် ရိုးရာအာဟာရသည် ဆင်းရဲသားထမင်း မဟုတ်ပါ။
စန်းသစ် (အာဟာရနှင့် ယဉ်ကျေးမှု ရေးရာ)
စာရေးဆရာကြီး နိုင့်ဝင်းဆွေ၏ နာမည်ကျော် "မသိန်းရှင်ဆီ ပို့ပေးပါ" ဝတ္ထုကို ဖတ်ဖူးသူတိုင်း ဇာတ်လိုက်မလေး ညိုညိုတို့ မိသားစု၏ ငတ်မွတ်ခေါင်းပါးလှသော ဘဝအခြေအနေကို မြင်ယောင်မိကြပါလိမ့်မည်။ ၁၉၆၀ ပြည့်လွန်နှစ်များ၏ စီးပွားရေး ကျပ်တည်းမှုအောက်တွင် ဆန်သီးသန့် မစားနိုင်တော့ဘဲ ဆန်နည်းနည်းတွင် ပဲနှင့် နှံစားပြောင်းတို့ကို ရောနှောချက်ပြုတ်ထားသည့် "သုံးလွန်းတင်ထမင်း" ကို ငိုအားထက်သန်လျက် စားခဲ့ကြရသည့် ပြကွက်သည် စာဖတ်သူတို့၏ ရင်ကို ယနေ့ထက်တိုင် နင့်နင့်သည်းသည်း ခံစားရဆဲဖြစ်သည်။
ထိုဝတ္ထုနှင့်အတူ မြန်မာတို့၏ စိတ်အစဉ်တွင် စွဲထင်ကျန်ရစ်ခဲ့သည်မှာ "သုံးလွန်းတင်ထမင်းဆိုသည်မှာ ဆင်းရဲလွန်း၍ စားရသည့် ထမင်း၊ ငတ်မွတ်ခြင်း၏ ပြယုဂ်" ဟူသော အယူအဆပင် ဖြစ်သည်။ သို့သော် ခေတ်သစ် အာဟာရဗေဒ (Modern Nutrition Science) နှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ စိုက်ပျိုးရေး မှန်ဘီလူးဖြင့် ပြန်လည်ကြည့်ရှုဆန်းစစ်လိုက်သည့်အခါတွင်မူ ထိုအစွဲအလမ်းသည် သမိုင်းဝင် အလွဲအမှားတစ်ခု ဖြစ်နေသည်ကို မေးခွန်းထုတ်စရာမလိုဘဲ တွေ့ရှိရပေမည်။

http://youtube.com/post/UgkxjtWgHeA1rTMs9GWMWiYhIafmRp41gsNV?si=CCc6fxdmtDB0paAB

**စားသောက်ကုန် Idea တစ်ခုကို စမ်းသပ်ထုတ်လုပ်နေချိန်ကနေ ဆိုင်တွေနဲ့ Retail ဈေးကွက်ထဲ တင်ရောင်းချနိုင်ဖို့အထိ**
08/10/2026

**စားသောက်ကုန် Idea တစ်ခုကို စမ်းသပ်ထုတ်လုပ်နေချိန်ကနေ ဆိုင်တွေနဲ့ Retail ဈေးကွက်ထဲ တင်ရောင်းချနိုင်ဖို့အထိ**

🍽️ သင့်ရဲ့ စားသောက်ကုန်ကို Prototype အဆင့်ကနေ ဈေးကွက်ထဲ ရောက်ရှိလာဖို့ ပြင်ဆင်နေပါသလား?

စားသောက်ကုန် Idea တစ်ခုကို စမ်းသပ်ထုတ်လုပ်နေချိန်ကနေ ဆိုင်တွေနဲ့ Retail ဈေးကွက်ထဲ တင်ရောင်းချနိုင်ဖို့အထိ ကုန်ကျစရိတ်၊ ဈေးနှုန်းသတ်မှတ်မှု၊ ထုတ်လုပ်ရေးနေရာနဲ့ ထုပ်ပိုးမှု စတဲ့ အချက်တွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။

ဒီလိုအပ်ချက်တွေကို အတူဆွေးနွေးဖို့ Impact Hub Yangon က Myanmar Agri-Food Week (MAW) နဲ့ ပူးပေါင်းပြီး Partner-Led Activities (PLA) အစီအစဉ်တစ်ခုအဖြစ် “Food Innovation Launchpad: From Prototype to Market” ကို ဦးဆောင်ကျင်းပသွားမှာ ဖြစ်ပါတယ်။

💡 အစီအစဉ်မှာ ဘာတွေ ပါဝင်မလဲ?

• Kitchen Hub ရဲ့ အသုံးပြုနိုင်တဲ့ ထုတ်လုပ်ရေးနေရာနဲ့ စက်ပစ္စည်းတွေကို မိတ်ဆက်ပေးခြင်း
• လုပ်ငန်းဖွံ့ဖြိုးရေးပံ့ပိုးမှုနဲ့ ဈေးကွက်ချိတ်ဆက်နိုင်မဲ့ လမ်းကြောင်းတွေကို ဆွေးနွေးခြင်း
• ကုန်ကျစရိတ်၊ ဈေးနှုန်းသတ်မှတ်မှု၊ ထုတ်ကုန်အရည်အသွေး၊ Packaging နဲ့ Label ဆိုင်ရာ အခက်အခဲတွေကို မျှဝေဆွေးနွေးခြင်း
• အခြားစားသောက်ကုန်လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံချိတ်ဆက်ပြီး အတွေ့အကြုံဖလှယ်ခြင်း
တက်ရောက်သူတွေအနေနဲ့ ကိုယ့်လုပ်ငန်းအတွက် လိုအပ်တဲ့ ပံ့ပိုးမှုတွေနဲ့ အကြံပြုချက်တွေကို မျှဝေနိုင်ပြီး နောက်ဆက်တွဲ ပူးပေါင်းဆောင်ရွက်မှုတွေအတွက်စာရင်းပေးနိုင်ပါတယ်။

👥 ဘယ်သူတွေ တက်ရောက်သင့်လဲ?

• စားသောက်ကုန်လုပ်ငန်း စတင်ဖို့ စိတ်ဝင်စားသူတွေ၊
• Product Idea သို့မဟုတ် Prototype ရှိသူတွေနဲ့
• ကိုယ့်ထုတ်ကုန်ကို Retail ဈေးကွက်ထဲ တင်ရောင်းချလိုတဲ့ အစောပိုင်းအဆင့် လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ပါတယ်။
ထုတ်ကုန်နမူနာရှိရင်လည်း ယူဆောင်လာနိုင်ပါတယ်။

📅 ရက်စွဲ — ၁၅ အောက်တိုဘာ ၂၀၂၆
🕒 အချိန် — ၁:၀၀ နာရီမှ ၄:၀၀ နာရီ
📍 နေရာ — Impact Hub Yangon, Kandawgyi Yeikmon Complex

စာရင်းပေးသွင်းရန်
www.myanmaragrifoodweek.com မှာ Register ပြုလုပ်ပြီး Sign In ဝင်ရောက်ကာ “Food Innovation Launchpad: From Prototype to Market” အစီအစဉ်ကို ရွေးချယ်ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။

**ရပ်ရွာခြေပြု အသိုက်အဝန်းများနှင့် အမှိုက်ကောက်သူများလက်တွဲပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အမှိုက်စီမံခန့်ခွဲမှု လုပ...
07/10/2026

**ရပ်ရွာခြေပြု အသိုက်အဝန်းများနှင့် အမှိုက်ကောက်သူများလက်တွဲပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အမှိုက်စီမံခန့်ခွဲမှု လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်လုပ်ကိုင်လိုသူများအတွက် "Field Member (ကွင်းဆင်းဝန်ထမ်း)" ရာထူး**

သန့်မြန်မာအဖွဲ့အစည်းတွင် Field Member (ကွင်းဆင်းဝန်ထမ်း) ရာထူးအတွက် လျှောက်ထားနိုင်ပါပြီ

ရပ်ရွာခြေပြု အသိုက်အဝန်းများနှင့် အမှိုက်ကောက်သူများလက်တွဲပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အမှိုက်စီမံခန့်ခွဲမှု လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်လုပ်ကိုင်လိုသူများအတွက် "Field Member (ကွင်းဆင်းဝန်ထမ်း)" ရာထူးအတွက် ဖိတ်ခေါ်အပ်ပါတယ်။

ရာထူးအမည် - Field Member (ကွင်းဆင်းဝန်ထမ်း)
နေရာ - ရန်ကုန်မြို့
အလုပ်ချိန် - အချိန်ပြည့် (Full-time)

လုပ်ငန်းတာဝန်များ (Key Responsibilities)
● မြို့ပြကွင်းဆင်းနယ်မြေများကို နေ့စဉ်သွားရောက်ပြီး အမှိုက်ကောက်သူများ၏ လိုအပ်ချက်နှင့် စိန်ခေါ်မှုများကို နားလည်ကူညီပေးရန်။
● အစည်းအဝေးများ၊ အသိပညာပေး ဆွေးနွေးပွဲများနှင့် သင်တန်းများကို စီစဉ်ပေးရန်။
● ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်းခွင်အခြေအနေဆိုင်ရာ ကိစ္စရပ်များကို ကူညီဖြေရှင်းပေးရန်။
● ကွင်းဆင်းအချက်အလက်များ ကောက်ယူခြင်းနှင့် လုပ်ငန်းအစီရင်ခံစာများ တင်ပြရန်။

လျှောက်ထားရန်နည်းလမ်း - လျှောက်လွှာများကို [email protected] သို့ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက် မတိုင်မီ Email ဖြင့် ပေးပို့လျှောက်ထားနိုင်ပါသည်။ (အီးမေးလ်မှတစ်ဆင့် ပေးပို့လာသော အပြည့်အစုံပါရှိသည့် လျှောက်လွှာများကိုသာ ထည့်သွင်းစဉ်းစားပါမည်)။

အလုပ်ခေါ်စာနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို အောက်ပါလင့်ခ်မှတစ်ဆင့် သေချာစွာဖတ်ရှုပြီး လျှောက်ထားနိုင်ပါတယ်။ (ရွေးချယ်ခံရသူများကိုသာ ဆက်သွယ်သွားမည် ဖြစ်ပါသည်။)
အသေးစိတ်ဖတ်ရှုရန် https://docs.google.com/document/d/1ZGa1XBK9Vfc1IV2GuaZBLzfBbvb6qeZhNvtI2vOUXaU/edit?usp=sharing

အသေးစိတ် မေးမြန်းလိုပါက - 09967711540 သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။


**ဒီရေတောတွေ ထိန်းသိမ်းကြ**
06/10/2026

**ဒီရေတောတွေ ထိန်းသိမ်းကြ**

“ငါလည်း ဒီလိုဖြတ်သန်းခဲ့ဖူးတယ်”
06/10/2026

“ငါလည်း ဒီလိုဖြတ်သန်းခဲ့ဖူးတယ်”

**အကျပ်အတည်းတိုင်းရဲ့ နောက်ကွယ်မှာ အခွင့်အလမ်းသစ်တွေ အမြဲရှိနေတတ်ပါတယ်။ **
06/10/2026

**အကျပ်အတည်းတိုင်းရဲ့ နောက်ကွယ်မှာ အခွင့်အလမ်းသစ်တွေ အမြဲရှိနေတတ်ပါတယ်။ **

🥫Import တွေ ခက်ခဲနေတဲ့အချိန်မှာ Food business စလုပ်ဖို့ အဆင်ပြေပါ့မလား?

သွင်းကုန်လိုင်စင်ရဖို့ ခက်တာ၊ ကုန်ကြမ်းစျေးနှုန်းတွေ အတက်အကျများတာနဲ့ ပို့ဆောင်ရေး ကြန့်ကြာတာတွေကြောင့် "ဒီအချိန်မှာ အစားအသောက်လုပ်ငန်း ရင်းနှီးမတည်သင့်သေးဘူးလား" ဆိုတဲ့ မေးခွန်းက လုပ်ငန်းရှင်တွေနဲ့ စားသောက်လုပ်ငန်းစတင်ချင်သူတိုင်းရဲ့ စိတ်ထဲမှာ စိန်ခေါ်မှုကြီးတစ်ခု ဖြစ်နေပါတယ်။

ဒါပေမဲ့ အကျပ်အတည်းတိုင်းရဲ့ နောက်ကွယ်မှာ အခွင့်အလမ်းသစ်တွေ အမြဲရှိနေတတ်ပါတယ်။ သွင်းကုန် ခက်ခဲလာတာနဲ့အမျှ ဒေသထွက် ကုန်ကြမ်း (Local Ingredients) တွေကို တီထွင်ဖန်တီးပြီး အသုံးပြုလာကြသလို၊ Local Brands တွေအတွက်လည်း စျေးကွက်နေရာသစ် ရရှိဖို့ လမ်းပွင့်လာတာကို တွေ့ရပါတယ်။

Food Talk & Networking Event မှာတော့

🎤အလားတူ အခက်အခဲတွေကို လက်တွေ့ ရင်ဆိုင်ကျော်လွှားနေကြတဲ့ အစားအသောက် လုပ်ငန်းရှင်တွေရဲ့ အတွေ့အကြုံစစ်စစ်တွေ

🤔Import ကုန်ကြမ်းတွေနေရာမှာ ဒေသတွင်း ထုတ်ကုန်တွေကို အစားထိုးသုံးစွဲနိုင်မဲ့ နည်းလမ်းတွေ

🤝တစ်ယောက်ရဲ့ အခက်အခဲကို တစ်ယောက်က ပံ့ပိုးပေးနိုင်မယ့် မိတ်ဖက် လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ခွင့် တို့ကို ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။

အခက်အခဲတွေကို တိုင်ပင်ဖလှယ်ရင်း ရှေ့ဆက်ရမယ့် လမ်းကြောင်းမှန်ကို အတူတကွ ရှာဖွေဖို့ တက်ရောက်ကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။

နေ့ရက်: အောက်တိုဘာလ (၂၂) ရက်
အချိန်: နေ့လည် ၁:၀၀ နာရီ မှ ၄:၀၀ နာရီ
နေရာ: Impact hub yangon
စာရင်းသွင်းရန်:https://docs.google.com/forms/d/e/1FAIpQLSfueGkGLiXCUW53z4JMA_B6ueW-gQjAy459R4-Il-QiTYogKg/viewform?usp=dialog
ialog

06/10/2026

**In-Person Practical AI Training**
‎

**unior Research Assistant တစ်ဦး**
05/10/2026

**unior Research Assistant တစ်ဦး**

🌊 Junior Research Assistant တစ်ဦးကို ကျွန်ုပ်တို့အဖွဲ့နှင့်အတူ လက်တွဲလုပ်ကိုင်ရန် ဖိတ်ခေါ်ပါသည်။

Myanmar Ocean Project မှ အဏ္ဏဝါထိန်းသိမ်းရေးဆိုင်ရာ စီမံကိန်းများအတွက် ရေလုပ်သားများနှင့် ရေလုပ်ငန်းအသိုင်းအဝိုင်းများအား တွေ့ဆုံမေးမြန်းခြင်းအပါအဝင်, ရပ်ရွာအခြေပြု သုတေသနလုပ်ငန်းများ တွင် ပါဝင်ကူညီပေးနိုင်မည့်သူတစ်ဦးကို ရှာဖွေနေပါသည်။

ဤရာထူးသည် ၆ လတာကာလဖြစ်ပြီး သင့်လျော်သော သူများအတွက် လုပ်ငန်းကာလတိုးမြှင့်နိုင်မည့် အခွင့်အရေးလည်း ရှိပါသည်။

👀 အောက်ပါအချက်များနှင့် ကိုက်ညီသူများကို ဦးစားပေးစဉ်းစားပါမည်။

* မြိတ်မြို့တွင် နေထိုင်သူ သို့မဟုတ် တနင်္သာရီတိုင်းဒေသကြီးမှ ဖြစ်သူ
* တက္ကသိုလ်တွင် အဏ္ဏဝါသိပ္ပံ၊ ငါးလုပ်ငန်း၊ ပတ်ဝန်းကျင်သိပ္ပံ သို့မဟုတ် ဆက်စပ်ဘာသာရပ်တစ်ခုခုကို သင်ယူနေသူ သို့မဟုတ် သင်ယူပြီးသူ
* သို့မဟုတ် မြန်မာနိုင်ငံ၏ အဏ္ဏဝါထိန်းသိမ်းရေးနှင့် ရပ်ရွာအခြေပြု သုတေသနလုပ်ငန်းများအကြောင်း ပိုမိုလေ့လာလိုသူ

🙌 ကျွန်ုပ်တို့အတွက် အရေးကြီးဆုံးအချက်များမှာ —

* မြန်မာနိုင်ငံ၏ ပင်လယ်သမုဒ္ဒရာနှင့် ကမ်းရိုးတန်းဒေသများတွင် ဖြစ်ပေါ်နေသည့် အခြေအနေများကို စိတ်ဝင်စားဂရုစိုက်သူ
* လူများ၏ ပြောစကားကို နားထောင်တတ်ပြီး ရပ်ရွာများထံမှ သင်ယူရန် စိတ်ပါဝင်စားသူ
* အခြားသူများကို လေးစားတတ်ပြီး ပွင့်လင်းသောစိတ်ထားရှိကာ နောက်ခံအမျိုးမျိုးရှိသူများနှင့် အတူတကွ လုပ်ကိုင်နိုင်သူ
* အသစ်များကို လေ့လာသင်ယူရန်နှင့် မိမိတာဝန်ကို မိမိယူတတ်သူ
* ကွင်းဆင်းလုပ်ငန်းများနှင့် ကျွန်းဒေသရှိ ရပ်ရွာများထံသို့ သွားရောက်လုပ်ကိုင်ရန် အဆင်ပြေသူ

အဏ္ဏဝါထိန်းသိမ်းရေး၊ ငါးလုပ်ငန်း သို့မဟုတ် သုတေသနလုပ်ငန်းများအကြောင်း အားလုံးကို ကြိုတင်သိရှိထားရန် မလိုအပ်ပါ။ ကျွန်ုပ်တို့မှ သင်ကြားပေးပါမည်။ သင့်၏ သဘောထား၊ သိလိုစိတ်နှင့် နားထောင်သင်ယူလိုစိတ်တို့သည် ကျွန်ုပ်တို့အတွက် ပိုမိုအရေးကြီးပါသည်။

Myanmar Ocean Project ၏ လုပ်ငန်းများအကြောင်း ပိုမိုလေ့လာနိုင်ခြင်း၊ ကျွန်ုပ်တို့အဖွဲ့နှင့်အတူ လေ့ကျင့်သင်ကြားမှုများတွင် ပါဝင်နိုင်ခြင်း၊ ရပ်ရွာအခြေပြု သုတေသနလုပ်ငန်းအတွေ့အကြုံများ ရရှိနိုင်ခြင်းနှင့် ကနဦး ၆ လတာကာလပြီးနောက်တွင်လည်း ကျွန်ုပ်တို့နှင့်အတူ ဆက်လက်လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ပါသည်။

📅 လျှောက်ထားရန် နောက်ဆုံးရက်:
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်

🔗 လျှောက်ထားရန် လင့်ခ်:
https://forms.gle/9Ak9Y5YCVdrGcZqx9

ရွေးချယ်ခံရသူများကိုသာ အင်တာဗျူးအတွက် ဆက်သွယ်ပေးသွားမည်ဖြစ်ပါသည်။

**********************************************************************
🌊 We are looking for a Junior Research Assistant to join our team!

Myanmar Ocean Project is looking for someone to support our community-based research, including interviews with fishing communities for different marine conservation projects.

This is a six-month position, with the possibility of extension for the right candidate.

👀 You are preferably:

* Based in Myeik or from Tanintharyi
* A university student or graduate who has studied marine science, fisheries, environmental science or a related field
* Interested in learning more about marine conservation and community-based research in Myanmar

🙌 What matters most to us is that you:

* Care about what is happening to Myanmar’s ocean and coastline
* Know how to listen to people and are comfortable learning from communities
* Are respectful, open-minded and able to work with people from different backgrounds
* Are willing to learn and take responsibility
* Are comfortable with fieldwork and travel to island communities

You don't need to know everything about conservation, fisheries or research already. We will train you. What matters is your attitude, curiosity and willingness to listen and learn.

You will have opportunities to learn more about the work of the Myanmar Ocean Project, participate in training with our team, gain experience in community-based research, and potentially extend your work with us beyond the initial six months.

📅 Please apply by 18 October 2026
🔗 https://forms.gle/9Ak9Y5YCVdrGcZqx9

Only shortlisted candidates will be contacted for an interview.

**သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ စိုက်ပျိုးရေးကဏ္ဍကိုစိတ်ဝင်စားလျှင်**
05/10/2026

**သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ စိုက်ပျိုးရေးကဏ္ဍကိုစိတ်ဝင်စားလျှင်**

🌱CMမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ စိုက်ပျိုးရေးကဏ္ဍကိုစိတ်ဝင်စားတဲ့ သင့်ကို ဖိတ်ခေါ်ပါရစေ 🌱

✨CM မှ အောက်ပါရာထူးများဖြင့် အလုပ်ခေါ်ယူနေပါပြီ ✨
▫️Field Facilitator
▫️Field Coordinator
▫️Finance & Admin Assistant

📋လုပ်ငန်းတာဝန်များ၏ အသေးစိတ်ကို အောက်ဖော်ပြပါ link တွင် ဝင်ရောက်ဖတ်ရှု့နိုင်ပါသည်။
🖇️ https://drive.google.com/drive/folders/1T_7oTEUNBgygMO1JVlLWTJPuXfnvMt_L?usp=sharing

📩စိတ်ဝင်စားသူများအနေဖြင့်မိမိတို့ ၏ CV နှင့် Cover letter များကို [email protected] သို့ October 20 ရက်နေ့ ည နောက်ဆုံး ထားပို့ပြီး ပို့ပေးရမှာဖြစ်ပါတယ်။
📤ရွေးချယ်ခံရသူများကို Emailမှ တစ်ဆင့် အကြောင်းပြန်မည်ဖြစ်ပါသည်။

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00

Telephone

+959250261410

Alerts

Be the first to know and let us send you an email when Business4Peace posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Business4Peace:

Shortcuts

Share