Goddess DV Services

Goddess DV Services သင့် American Dream အကောင်အထည်ဖော်ဖို့အတွက် တိကျ မှန်ကန် မြန်ဆန်စွာဖြင့် ဝန်ဆောင်မှုပေးမည့် page ဖြစ်ပါသည်

မဂ်လာပါရှင့်Customersများသို့အသိ​ပေးအ​ကြောင်းကြားခြင်း📣📣Admin တို့၏ ယခုPageမှာ Clients များအား Reply ပြန်၍(လုံးဝ)မရ​တော့...
16/09/2022

မဂ်လာပါရှင့်
Customersများသို့အသိ​ပေးအ​ကြောင်းကြားခြင်း📣📣

Admin တို့၏ ယခုPageမှာ Clients များအား Reply ပြန်၍(လုံးဝ)မရ​တော့​သော​​ကြောင့်
Goddess DV Lottery Service Page
အသစ်​လေးကို ​ပြောင်းလဲအသုံးပြုသွားမည်ဖြစ်ပါ​ကြောင်း ​​​လေးစားစွာဖြင့် အသိ​ပေးလိုက်ရပါတယ်ရှင့်။

DV နှင့်ပတ်သက်​​​သော အ​ကြောင်းအရာမျိုးစုံကို စဥ်ဆက်မပျက်တင်သွားမှာမို့ Pageအသစ်​လေးကိုလည်း like & follow ပြုလုပ်ထားကြဖို့တိုက်တွန်းပါရ​စေရှင့်

​လေးစားစွာဖြင့်
Goddess DV Lottery Service Team

အမေရိကန်မှာ မိသားစုလိုက်တရားဝင်အခြေချနေထိုင်ခွင့် 𝐃𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐕𝐢𝐬𝐚 တင်ရန် လျှောက်လွှာများကို Goddess DV Services မှာ ကြိုတ...
15/09/2022

အမေရိကန်မှာ မိသားစုလိုက်တရားဝင်အခြေချနေထိုင်ခွင့် 𝐃𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐕𝐢𝐬𝐚 တင်ရန် လျှောက်လွှာများကို Goddess DV Services မှာ ကြိုတင်လက်ခံပေးနေပါပြီ....📣📣

🇺🇸Diversity Visa ဆိုတာဘာလဲ??
အမေရိကန်မှာ တရားဝင်နေထိုင်ခွင့် နဲ့ အလုပ်လုပ်ခွင့်ပေးတဲ့ Green Card ရရှိနိုင်မဲ့အခွင့်အ​ရေး​ကောင်းတစ်ခုပါ။ နှစ်စဉ် အောက်တိုဘာလ မှ နိုဝင်ဘာလ အတွင်းလျှောက်ထားနိုင်ပြီး နောက်နှစ် မေလ လဆန်းပိုင်းလောက်မှာ Result စစ်ဆေးရမှာဖြစ်ပါတယ်။

2024 DV Lottery ကိုဘယ်လိုလူ​တွေ​လျှောက်လို့ရလဲ⁉️
✅ အသက် ၁၈နှစ်ပြည့်ပြီးသူမြန်မာနိုင်ငံသားအားလုံးလျှောက်ထားနိုင်ပါသည်။

DV လျှောက်ဖို့ဘာတွေလိုမလဲ ?
❗ယခုနှစ် DV2024 အတွက် DV ‌လျှောက်ရာတွင် Passport မလိုအပ်​တော့ပါ❗
လျှောက်ထားလိုသူရဲ့
✅ အမည်
✅ ၂လက်မပတ်လည် ဓါတ်ပုံ(​နောက်ခံအဖြူ​ရောင်ဖြစ်ရမည်)
✅ မွေးသက္ကရာဇ်
✅ မွေးရပ်ဇာတိ
✅ ပညာအရည်အချင်း
✅ Email Address
✅ Phone Number
✅ လက်ရှိနေရပ်လိပ်စာ အပြည့်အစုံ
✅ အိမ်​ထောင်ရှိ/မရှိ
✅ က​လေးအ​ရေအတွက်
မိသားစုလိုက်လျှောက်ထားလိုပါကအိမ်​ထောင်ဖက်နှင့် အသက် 21 နှစ်အောက်သားသမီးများ၏
✅ အမည်
✅ တဦးချင်း၏၂လက်မပတ်လည် ဓါတ်ပုံ(​နောက်ခံအဖြူ​ရောင်ဖြစ်ရမည်)
✅ မွေးသက္ကရာဇ်
✅ မွေးရပ်ဇာတိ

လျှောက်ထားလိုသူများအနေဖြင့်Viber : 09254509721 သို့အချက်အလက်များပေးပို့လျှောက်ထားနိုင်ပြီဖြစ်ပါသည်။
ဝန်​ဆောင်ခ
Single ~ 8000 Ks
Married (2paxs)~ 10,000 Ks
Family (3paxs ++) ~ 15000Ks

​လျှောက်ထားပြီး​ကြောင်း ဘယ်လိုအ​ကြောင်းပြန်မလဲ⁉️
✅DV လျှောက်ထားပြီးပါကလူကြီးမင်းတို့၏ Confirmation Receipt များကို Viber (or) Email များမှ တစ်ဆင့် ပြန်လည်ပေးပို့သွားမှာဖြစ်ပါတယ်.
⚠️မှတ်ချက်။ အချက်လက်များသေချာစစ်ဆေးပြီး အကြောင်းပြန်မှသာလျှင်ငွေလွှဲကြပါရန် လေးစားစွာမေတ္တာရပ်ခံအပ်ပါသည်။ ဝန်​ဆောင်ခကို Digital Payment များဖြစ်​သော Kpay , Wave, CB Pay, KBZ Mobile Bankingများဖြင့် လက်ခံပါသည်။

တခြားသိလိုသမျှအကြောင်းအရာများကို Page Messenger သို့မဟုတ် အောက်ပါဖုန်းနံပတ်များမှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်....
☎️ 09958210482
☎️ 09942465960
WhatsApp: +95 9254509721

မိတ်​ဆွေများအားလုံး2024 DV ကံထူးရှင်ကြီးများဖြစ်ကြပါ​စေ
Goddess DV Services

Goddess DV Services  မှ DV 2024 အတွက် လျှောက်ထားလိုသူ မိတ်ဟောင်းမိတ်သစ်များ၏ အချက်အလက်များကို ကြိုတင်လက်ခံနေပြီဖြစ်​ကြော...
15/09/2022

Goddess DV Services မှ DV 2024 အတွက် လျှောက်ထားလိုသူ မိတ်ဟောင်းမိတ်သစ်များ၏ အချက်အလက်များကို ကြိုတင်လက်ခံနေပြီဖြစ်​ကြောင်းသတင်း​ကောင်းပါးပါရ​စေ📣📣📣

လျှောက်ထားလိုသူများအ​နေဖြင့် Viber 09 254509721 မှသာအချက်အလက်များ​ပေးပို့​ပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

❗DV ​လျှောက်ရာတွင် Viber မှပေးပို့ခြင်းသည် ဓါတ်ပုံအရည်
အသွေးပိုမို​ကောင်းမွန်သည့်အတွက် Messenger မှတစ်ဆင့်အချက်အလက်များ ပေးပို့ခြင်းမပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါတယ်ရှင့် ❗

လူကြီးမင်းတို့၏ အချက်အလက်များကို အ​သေးစိတ်​သေချာစစ်ဆေးအတည်ပြုပြီးမှသာလျှင် ငွေလွှဲလက်ခံပေးပါမည်ရှင့် ။ ကြိုတင်​ငွေလွဲခြင်းများ (လုံးဝ)လုံးဝမပြုလုပ်ကြပါရန် ​လေးစားစွာ မေတ္တာရပ်ခံအပ်ပါတယ်။

Goddess DV Services

Hello Dear All, 🇺🇸🇺🇸🇺🇸 DV 2024 Diversity Visa Program လျှောက်ထားရာတွင် Passport မလိုအပ်တော့​ပါ။ DV2023 Program အတွက် ဦးဆ...
15/09/2022

Hello Dear All,
🇺🇸🇺🇸🇺🇸 DV 2024 Diversity Visa Program လျှောက်ထားရာတွင် Passport မလိုအပ်တော့​ပါ။

DV2023 Program အတွက် ဦးဆောင်လျှောက်ထားသူမှာ Passport ရှိမှသာ လျှောက်လို့ရပါတယ်။ ယခု 2024 တွင် DV တင်ရန် ပတ်စပို့မလိုအပ်​တော့ပါ။

📌 US Offical Website မှ DV 2024 Instruction Updated တရားဝင်ထွက်လာရင်လည်း Confirm သတင်းထပ်တင်​ပေးမှာဖြစ်ပါတယ်ရှင်

Have a blessed day!
Goddess DV Services

📣 United Kingdom ရဲ့တက္ကသိုလ်တစ်ခုခုမှာ ဘွဲ့လွန်တက်‌ရောက်နိုင်မယ့် အခွင့်အရေး...✨🇬🇧🇬🇧 ဒီညအတွက် ရွေးချယ်ထားတဲ့ ပညာသင်ဆုကတ...
03/08/2022

📣 United Kingdom ရဲ့တက္ကသိုလ်တစ်ခုခုမှာ ဘွဲ့လွန်တက်‌ရောက်နိုင်မယ့် အခွင့်အရေး...✨🇬🇧

🇬🇧 ဒီညအတွက် ရွေးချယ်ထားတဲ့ ပညာသင်ဆုကတော့ အင်္ဂလန်နိုင်ငံအစိုးရကပေးအပ်တဲ့ “Chevening Scholarship” အကြောင်းပဲဖြစ်ပါတယ်…📯✨

💁 ဟုတ်ပါတယ်။ “Chevening Scholarship” ဆိုတာ ကမ္ဘာပေါ်မှာ အပြိုင်အဆိုင်အများဆုံး *Fully Funded ပညာသင်ဆုတစ်ခု။ UK မှာသွားရောက် ပညာဆည်းပူးပြီး *Master Degree နဲ့ကျောင်းထားချင်သူ၊ Timers တို့အနေနဲ့ လက်မနှေးဘဲ အမိအရကြိုးစားလျှောက်ထားသင့်တဲ့ “Golden Chance” တစ်ခုဆိုရင်လည်း မေးခွန်းထုတ်စရာမလိုဘူးလို့ ယူဆမိပါတယ်...

👀 စိတ်ဝင်စားသွားရင်တော့ ဒီစကော်လာကိုလေ့လာကြည့်လိုက်ရအောင်ပါ…✌️

👉 ပညာသင်ဆုရရှိသူအနေနဲ့ *Master Program ကိုတစ်နှစ်တက်ရောက်ရမှာဖြစ်ပါတယ်…
👉 တက်ရောက်ဖို့ ရွေးချယ်ခံရတဲ့ “Chevening Scholars” တွေကို…
🔹Full Tuition fee
🔹Monthly Living Allowance
🔹Economy class return air ticket
🔹Extra expenditures အပြင်
🔹TB Test Costs နဲ့ အခြားကုန်ကျစရိတ်တွေကိုပါ Cover လုပ်ပေးသွားမှာဖြစ်ပါတယ်…

🔎 ဒါဆို ဘယ်သူတွေလျှောက်ထားသင့်လဲ?

✅လျှောက်ထားသူအနေနဲ့ “Chevening” က သတ်မှတ်ထားတဲ့ နိုင်ငံသားဖြစ်ရပါမယ်။ မြန်မာနိုင်ငံလည်း Eligible ဖြစ်ပါတယ်…
✅လျှောက်ထားသူရဲ့ *Undergraduate Degree ဟာ UK ရဲ့ upper second class 2:1 honor degree နဲ့ကိုက်ညီမှုရှိရပါမယ်…
✅ကိုယ်လေ့လာမယ့် ဘာသာရပ်နဲ့ သက်ဆိုင်တဲ့ Work Experience 2 နှစ် (နာရီပေါင်း 2800) ရှိထားရပါမယ်။ ဒီနေရာမှာ Full Time အလုပ်မှ မဟုတ်ပါဘူးခင်ဗျာ၊ Internship, Volunteer အလုပ်တွေကိုလည်း ထည့်တွက်လို့ရပါတယ်…
✅ဒီ ပညာသင်ဆုအပြီး ကိုယ့်ရဲ့ နိုင်ငံကို အနည်းဆုံးနှစ်နှစ် ပြန်လာကာ အလုပ်လုပ်နိုင်သူဖြစ်ရပါမယ်…
✅ကိုယ်တက်ချင်တဲ့ Course သုံးခုကိုလောက်ကိုကြိုပြီးလေ့လာထားဖို့ လိုအပ်ပါမယ်။ Course တွေ လျှောက်တဲ့နေရာမှာ University တစ်ခုထဲက မတူညီတဲ့ Course 3 ခုဖြစ်စေ၊ Course တစ်ခုတည်းကိုပဲ မတူညီတဲ့ University သုံးခုကနေ ဖြစ်စေ ရွေးချယ် လျှောက်ထားလို့ ရပါတယ်။ ကိုယ်လျှောက်ထားတဲ့ ရွေးချယ်မှုသုံးခုထဲက တစ်ခုကနေ unconditional offer လက်ခံရရှိမှာဖြစ်ပါတယ်…
✅ ကိုယ်လျှောက်ထားမယ့် UK တက္ကသိုလ်ရဲ့ English Language Requirement အတွက်တော့ပြင်ဆင်ထားဖို့လိုအပ်ပါတယ် ခင်ဗျာ…

👉 Eligible Criteria ကို အသေးစိတ်သိရှိနိုင်ဖို့အတွက် >> https://www.chevening.org/scholarships/who-can-apply/eligibility/ မှာ တစ်ချက်လောက် ဝင်ရောက်စုံစမ်းနိုင်ပါတယ်… 👍

👉 ရွေးချယ်ခံရတဲ့သူတွေက Interview ဖြေရမှာ ဖြစ်ပါတယ်။ လျှောက်လွှာထဲက အချက်တွေကို အဓိကထားပြီး မေးတတ်ပါတယ်တဲ့ခင်ဗျာ…

🔗 Official Website >> https://www.chevening.org/
🛎️ Apply Here >> https://www.chevening.org/apply/?fbclid=IwAR34clhLpnq1MdnEKmxly7wqE2NESx9FTCvW8fcd5Rfc4mnYvuFIqmm18nc

🚨 Application Deadline က ⛔ 1st November, 2022⛔ဖြစ်တာမို့ ကြိုတင်လျှောက်ထားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်...😉

🗓️ Application Timeline >> https://www.chevening.org/scholarships/application-timeline/?fbclid=IwAR2fyCXdTkIt17OKo_2MoHPeEEb9r8NnsyrovazbUgPbu0cBUhTpNGiextg

💁 ဒီလောက်ဆိုရင်တော့ “Chevening Scholarship” အကြောင်းသိရှိသွားကြလိမ့်မယ်လို့ ယူဆမိပါတယ်။ မလျှောက်ခင် သူ့ရဲ့ Official Link ထဲ ဝင်ပြီး အချက်လက်တွေကို သေသေချာချာစုံစမ်းပေးဖို့ အသိပေးအပ်ပါတယ်။ ဒီသတင်းကောင်းလေးကိုလည်း တခြားကိုယ့်အသိမိတ်ဆွေတွေဆီ ပြန်လည်ဝေမျှပေးဖို့ ပြောကြားရင်း...

Credit

အမေရိကန်ချွေတာရေး 🇺🇸🇺🇸🇺🇸အမေရိကန်နိုင်ငံမှာ ၁၉၃၀ ခုနှစ် ပတ်ဝန်းကျင်လောက်က ကမ္ဘာ့စီးပွားပျက်ကပ်ကြီး ဖြစ်တော့ ပြည်သူတွေ အရမ...
30/07/2022

အမေရိကန်ချွေတာရေး 🇺🇸🇺🇸🇺🇸

အမေရိကန်နိုင်ငံမှာ ၁၉၃၀ ခုနှစ် ပတ်ဝန်းကျင်လောက်က ကမ္ဘာ့စီးပွားပျက်ကပ်ကြီး ဖြစ်တော့ ပြည်သူတွေ အရမ်း ကျပ်တည်းခဲ့ကြပါတယ်။ အဲဒီကျပ်တည်းခဲ့တဲ့ ကာလတွေမှာ ပြည်သူတွေ ကျင့်ကြံဖို့ဆိုပြီး အစိုးရက ချွေတာရေး ဆောင်ပုဒ်လေးနဲ့ ပညာပေးလုပ်ခဲ့ပါတယ်။

အဲဒီ ဆောင်ပုဒ်လေးဟာ အမေရိကန်နိုင်ငံသားတွေမှ မဟုတ်ပါဘူး။ ကျပ်တည်း ဆင်းရဲနေတဲ့ ဘယ်သူမဆို အသုံးတည့်ပါတယ်။ ကျွန်တော် ငွေသခင်ဖြစ်ဖို့အတွက်လည်း ဒီဆောင်ပုဒ်လေးက အထောက်အကူ ဖြစ်စေခဲ့လို့ မျှဝေလိုက်ပါတယ်။

လူတိုင်းဟာ ဘဝမှာ ငွေကြေးကြောင့် သောကရောက်ရတဲ့ အချိန်တွေ အကြိမ်ကြိမ် ရှိကြစမြဲပါ။ ချမ်းသာလှပါတယ်ဆိုတဲ့ သူဌေးတွေတောင် ငွေအတွက် တောင့်တ ကြောင့်ကြရတဲ့ အချိန်တွေ ရှိခဲ့၊ ရှိနေကြဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ငွေအတွက် ပူပင် သောကရောက်နေရပြီဆိုရင် အားမလျှော့လိုက်ပါနဲ့ဦး။ ဒါဟာ လူတိုင်း ကြုံတွေ့ရတဲ့ ဒုက္ခပါ။ အမှားကို သိ၊ သင်ခန်းစာယူ ပြီး ဆက်ကြိုးစားသွားမယ်ဆို ဒီ အပူအပင်တွေ အေးငြိမ်းသွားမှာပါ။ "ငါ ကံဆိုးလှပါလား" ဆိုပြီး လဲကျရာက ပြန်မထရင်တော့ လဲကျလို့ နာတဲ့ ဒဏ်ရာ အပြင် လူတက်နင်း ကားတက်ကြိတ်တဲ့ သေရာပါ ဒဏ်ရာတွေ ထပ်ရနေပါလိမ့်မယ်။ ဒါကြောင့် ပြန်ထကြပါ။ ကျွန်တော် (အရောင် မှိန်မှိန်) ပိုးစုန်းကြူးလေးက တတ်နိုင်သလောက် အမှောင်ထဲမှာ လမ်းပြသွားပါ ဦးမယ်။

ခုလည်း ဒီဆောင်ပုဒ်လေးဟာ ငွေအကျပ်အတည်းဖြစ် နေလို့ ဘာလုပ်ရမှန်းမသိ လမ်းပျောက်နေသူတွေအတွက် ချွေတာဖို့ နည်းလမ်း အချို့ကို လမ်းညွှန်ပေးလိမ့်မယ် လို့ မျှော်လင့်ပါတယ်။

ဆောင်ပုဒ်လေးကတော့ "Use It Up, Wear It Out, Make It Do, Or Do Without" ပါတဲ့ ခင်ဗျာ။
အချက် လေးချက် ပါပါတယ်။

(၁) Use It Up
**************

တိုက်ရိုက် ဘာသာပြန်ရရင်တော့ "ကုန်အောင်သုံးပါ " ပေါ့။ ရှိသမျှ ငွေနဲ့ စည်းစိမ် ပစ္စည်းတွေကို ကုန်အောင် သုံးခိုင်းတာတော့ မဟုတ်ပါဘူး ခင်ဗျာ။ အိမ်မှာ စားသုံးနေတဲ့ စားစရာတွေ၊ သုံးနေတဲ့ ပစ္စည်းတွေကို မကုန်ခင် လွှင့်ပစ်တာမျိုး မလုပ်ကြဖို့ ပြောတာပါ။

ဥပမာ သွားတိုက်ဆေး၊ ခေါင်းလျှော်ရည် စတာတွေကိုအကပ်အသက် ကျန်တာလေးတွေကို မသုံးတော့ပဲ လွှင့်ပစ်ပြီး အသစ်ဝယ်တာမျိုး ရှောင်ကြဉ် ရပါမယ်တဲ့။

ပစ္စည်းနဲ့ စားစရာ တွေကို မကုန်ခင် မဝယ်ပဲ လုံးဝ ကုန်မှ ထပ်ဝယ်သင့်ပါတယ်တဲ့။ စိတ်ပညာသဘောအရ အိမ်မှာ နောက်တစ်ခု အပိုမရှိတော့ဘူးဆိုရင် နောက်ဆုံးကျန်တာလေးကို တာရှည်ခံအောင် ချွေတာ သုံးတတ်ကြလို့ ပါတဲ့။

(၂) Wear It Out
****************

ဟောင်းစုတ်တဲ့ အထိသုံးပါ တဲ့။ မဟောင်းသေးပဲနဲ့ လွှင့်ပစ်တာမျိုး ပေးပစ်တာမျိုး မလုပ်သင့်ပါဘူး။ အဝတ်အစား၊ ပရိဘောဂ၊ အသုံး အဆောင် ပစ္စည်း အားလုံး အကျုံးဝင်ပါတယ်။

ဟောင်းနေတဲ့ အင်္ကျီအဝတ် အစုတ်တွေကိုလည်း အခြားနေရာမှာ (ဥပမာ ကြမ်းတိုက် အဝတ်၊ လက်နှီး အဖြစ်) ပြန်သုံးသင့်ပါတယ် တဲ့။

(၃) Make It Do
***************

ရှိတာလေးနဲ့ အဆင်ပြေအောင် နေပါ တဲ့။ ရှိတာလေးကိုပျက်နေရင်ပြင်သုံး၊ စုတ်နေရင် ဖာသုံးပါ။ ပစ္စည်းတွေ အပြင်မှာ ပေါပေါလောလော ဝယ်လို့ရနေတော့ ချုပ်ဖို့၊ ဖာဖို့၊ ပြင်ဖို့ထက် အသစ်ဝယ်ကြဖို့သာ စိတ်အားသန်ကြပါတယ်။ ဒီ အချက်ကိုလည်း သတိထားရပါမယ်။

တစ်ခုခုကို အသစ်မဝယ်ခင်မှာ အိမ်မှာရှိသလား စဉ်းစားပါ။ ပျောက်နေတာ ဆိုရင် ရှာကြည့်ပါဦး။ အသစ်ဝယ်မဲ့အစား အိမ်မှာ ရှိတာလေးတွေနဲ့ အဆင်ပြေ အောင် သုံးကြည့်ပါ။ မဖြစ်မနေ ဝယ်ရမယ်ဆိုရင်လည်း ဈေးတော်တဲ့ ပစ္စည်းဟောင်းဆိုင်တွေ မှာ ရှာကြည့်ပါဦး

(၄) Do Without
****************

မရှိတာတွေကို တောင့်တ မနေပဲ ရောင့်ရဲပါ တဲ့။ လိုချင်တာနဲ့ လိုအပ်တာ ကို ခွဲခြားသိပါ။ လိုချင်တာတွေ လျှော့ပါ။ မရှိပဲ နေတတ်အောင် ကြိုးစားပါ။ မဝယ်ခင် ကိုယ့်ကိုယ်ကို ပြန်မေးရမှာက ဒီပစ္စည်းမဝယ်ပဲနဲ့ကော နေလို့မရဘူးလား။ သေရေး ရှင်ရေးလား။ နေလို့ ရသေးတယ်ဆိုရင် မဝယ်ပါနဲ့။

ဒီလောက်ဆိုရင် ကမ္ဘာ့စီးပွားပျက်ကပ်ကြီး ဖြစ်တော့ အမေရိကန် နိုင်ငံသားတွေ ဘယ်လိုနည်းတွေနဲ့ ချွေတာခဲ့တယ်ဆိုတာ သဘောပေါက် နားလည်ကြမယ်လို့ထင်ပါတယ်။

ငွေကျွန် မဖြစ်ချင်ရင် ချွေတာကြပါ၊ ငွေသခင်ဖြစ်မှ ဖြုန်းချင်ဖြုန်းကြပါလို့လည်း ထပ်ပြီး တိုက်တွန်းလိုက်ပါတယ်။

အစ အဆုံးဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။ ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။

credit : ပိုးစုန်းကြူး

မြန်မာလူမျိုးအများစုနေထိုင်ကြ​သော US အထင်ကရပြည်နယ်နဲ့မြို့နယ်များ 🇺🇸New York (အထည်ကြီးပျက်)⚠️လွန်ခဲ့တဲ့နှစ် ၁၀၀ ဝန်းကျင်...
06/07/2022

မြန်မာလူမျိုးအများစုနေထိုင်ကြ​သော US အထင်ကရပြည်နယ်နဲ့မြို့နယ်များ 🇺🇸

New York (အထည်ကြီးပျက်)
⚠️လွန်ခဲ့တဲ့နှစ် ၁၀၀ ဝန်းကျင်က အရမ်းချမ်းသာကြွယ်ဝတဲ့ ပြည်နယ်တစ်ခုဖြစ်ခဲ့ပေမယ့် ပေါ့ပေါ့နေပေါ့ပေါ့အစားအချောင်သမားတွေ နိုင်ငံတော်ရဲ့ထောက်ပံ့ကြေးပေါ်ချည်းအားကိုးနေခဲ့တာများလာတော့ မကြာမှီအချိန်အတွင်း ဆင်ပိန်သလောက် ကျွဲလောက်တော့ကျန်ပါသေးတယ်ဆိုတာကနေ တဖြည်းဖြည်းဆုတ်ရှုတ်လာနေတဲ့ ပြည်နယ်တစ်ခုဖြစ်လာနေပါတယ်။ အချမ်းသာဆုံးပြည်နယ်နဲ့ အဆင်းရဲဆုံးပြည်နယ်ကို ပြပါဆိုရင် New York State ပဲဖြစ်ပါလိမ့်မယ်။

😇နိုင်ငံတော်ရဲ့ထောက်ပံ့ကြေးကို အဓိကအားကိုးမယ့်သူတွေနဲ့ Refugees/Asylums တွေအတွက် အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။

💪ပညာရေးနဲ့အထက်တန်းကျပြီး၊ တေးဂီတလောက၊Modeling နဲ့ Fashion လောကသားတွေအတွက် အထူးသင့်တော်တဲ့ ပြည်နယ်ဖြစ်ပါလိမ့်မယ်။

⚠️လူမဲတွေနဲ့ 🇨🇳တရုတ်လူမျိုးတွေ အဓိကကြီးစိုးတဲ့ ပြည်နယ်တစ်ခုအပါအဝင်လည်းဖြစ်ပါတယ်။

🇲🇲မြန်မာနိုင်ငံက ဗမာတိုင်းရင်းသားလူမျိုးစု အများဆုံးနေထိုင်ကြပြီး၊ ကျန်တဲ့ မြန်မာတိုင်းရင်းသားတွေလည်း ရှိကြပါတယ်။

❄️ဆောင်းရာသီဆိုရင် နှင်းမုန်တိုင်းကျရောက်တတ်ပြီး နှင်းထူထပ်ပါလိမ့်မယ်။

❄️နှင်းထူထပ်တဲ့ပြည်နယ်တွေမှာ ဆားကြမ်းတွေ ကားလမ်းတစ်လျှောက် ဖြန်းထားရတော့ ကားတွေ ဆားကြမ်းစားခံထိပြီး ကားပျက်တာတွေနဲ့ကားပြုပြင်ရတာတွေ အဖြစ်များတတ်ပါတယ်။

❄️နှင်းထူထပ်တဲ့ ရက်တွေမှာ အလုပ်မကြာခဏနားကြရတတ်ပါတယ်။

💵စက်ရုံအလုပ်ရုံတွေမှာ Permanently Hired တွေရှိသလို၊ Layoff လုပ်ခံရတာတွေက ပိုများနေတတ်ပါတယ်။ လုပ်သားအင်အားလိုအပ်တဲ့အချိန်အတိုင်းအတာတခုအတွင်း အလုပ်သမားခေါ်ယူခန့်ထားတာဖြစ်ပြီး၊ ၃ လလောက်လုပ်ပြီးရင် Layoff လုပ်ခံရတာများပါတယ်။ Permanently Hired ဖြစ်ဖို့ ခက်ခဲတတ်ပါတယ်။

🤩California (နာမည်ကြီး ထမင်းငတ်)
အထူးသဖြင့် Millionaire တွေ အနေများပြီး စီးပွားရေးခိုင်မာတောင့်တင်းတဲ့ ပြည်နယ်ဖြစ်သလို၊ ကုန်ဈေးနှုန်းအဆမတန်မြှင့်မားပြီး၊ သာမန်လက်လုပ်လက်စားဘဝသမားတွေအနေနဲ့ ရေရှည်မှာ Millionaire တွေလို နေထိုင်သွားဖို့ အတော့်ကို စွန့်စားရာကျပါလိမ့်မယ်။

🤑အမေရိကန်နိုင်ငံရဲ့ခေတ်အမှီဆုံး အလှပဆုံး Modern Home 🏡 တွေနဲ့ Millionaire တွေရဲ့ ပြည်နယ်ကိုပြပါဆိုရင် California ပြည်နယ်ပဲ ဖြစ်ပါလိမ့်မယ်။

⚠️ကြီးမားတဲ့ ငလျင်ကျောအဓိကတည်ရှိရာ ပြည်နယ်ဖြစ်ပါတယ်။

⚠️သစ်တောမီးလောင်မှု နှစ်စဉ်နှစ်တိုင်းလိုလို ဖြစ်တတ်ပါတယ်။

💪ပညာရေးနဲ့အထက်တန်းကျပြီး လူကုန်ထံတွေအတွက် အသင့်တော်ဆုံးပြည်နယ်ဖြစ်ပါလိမ့်မယ်။

🚘 ရာသီဥတုသာယာပြီး ကားလမ်းတွေ ကျယ်ပြန့်ကောင်းမွန်တော့ ကားအကောင်းစား ဝယ်စီးချင်တဲ့သူတွေအတွက် အကြိုက်တွေ့ပါလိမ့်မယ်။

🤩Florida (ရွှေရှိမှ အမျိုးတော်)
Sushi မြို့တော်ရယ်လို့လည်း ပြောလို့ရပြီး Sushi စီးပွားရေးလုပ်ငန်းနဲ့ အောင်မြင်ကြီးပွားချမ်းသာနေကြတဲ့ မြန်မာ Millionaire တွေ အများစုနေထိုင်ကြပါတယ်။

🌊အဓိက ပင်လယ်ကမ်းခြေတည်ရှိရာ ပြည်နယ်တစ်ခုအပါအဝင်ဖြစ်ပြီး မြန်မာပြည်က ငပလီ၊ ချောင်းသာ၊ ငွေဆောင်ကမ်းခြေတို့လို အပန်းဖြေရာဖြစ်လို့ အရမ်းစည်ကားသိုက်မြိုက်ပြီး သာယာတဲ့ပြည်နယ်တစ်ခုလည်းဖြစ်ပါတယ်။

💪ပညာရေးနဲ့အထက်တန်းကျပြီး၊ လူကုံထံတွေရဲ့ နတ်ဘုံနတ်နန်းလို့လည်း တင်စားနိုင်ပါလိမ့်မယ်။

🌀ပင်လယ်ဒေသဖြစ်တဲ့အားလျော်စွာ ပြင်းထန်တဲ့ မုန်တိုင်းကလည်း နှစ်တိုင်းလိုလို ကျရောက်တတ်ပါတယ်။

🚘 ရာသီဥတုသာယာပြီး ကားလမ်းတွေ ကျယ်ပြန့်ကောင်းမွန်တော့ ကားအကောင်းစား ဝယ်စီးချင်တဲ့သူတွေအတွက် အကြိုက်တွေ့ပါလိမ့်မယ်။

🤑အမေရိကန်နိုင်ငံရဲ့ခေတ်အမှီဆုံး အလှပဆုံး ရဲတိုက်ကြီးလို 🏡 အိမ်ယာတွေနဲ့ Millionaire တွေရဲ့ ပြည်နယ်ကိုပြပါဆိုရင် Florida ပြည်နယ်ပဲ ဖြစ်ပါလိမ့်မယ်။ သာမန်လက်လုပ်လက်စား လူလတ်တန်းစားတွေအတွက်တော့ အိမ်ဈေးနှုန်းအဆမတန်မြှင့်မားတော့ အိမ်ဝယ်ဖို့အတော့်ကို စွန့်စားရာကျပါလိမ့်မယ်။

⚠️အိမ်ယာ မြေကျွံတာတွေ မကြာခဏဖြစ်တတ်တော့ သတိထားစဉ်းစားရမယ့် အချက်တစ်ခုဖြစ်ပါလိမ့်မယ်။

🤩Georgia (သေမထူးနေမထူး)
အမေရိကန်နိုင်ငံတစ်ခုလုံးရဲ့ အဓိကကုန်သွယ်မှုကြီးဖြစ်တဲ့ ကုန်တင်ကုန်ချစီးပွားရေးလုပ်ငန်းတွေနဲ့ ဘဏ်လုပ်ငန်းကြီးတွေရဲ့ဗဟိုဌာနကြီးတွေ ရုံးစိုက်တည်ရှိရာ ပြည်နယ်တစ်ခုအပါအဝင်ဖြစ်ပါတယ်။

🇲🇲မြန်မာနိုင်ငံက Zo တိုင်းရင်းသားလူမျိုးစု အများဆုံးနေထိုင်ကြပြီး၊ ကျန်တဲ့ မြန်မာတိုင်းရင်းသားတွေလည်း အနည်းအကျဉ်းရှိပါတယ်။

🤑စီးပွားရေးအချက်အချာကျတဲ့ ပြည်နယ်ဖြစ်သလို အလုပ်အကိုင်တွေလည်း ပေါပါတယ်။

❄️ရာသီဥတုအနေနဲ့ ဆောင်းရာသီမှာ နှင်းအနည်းအကျဉ်းကျတတ်ပြီး အေးစိမ့်တတ်ပါတယ်။

🌊ပင်လယ်ဒေသနဲ့လည်း နီးစပ်တော့ လေပြင်းတိုက်ခတ်တတ်ပြီး မိုးသည်းထန်တတ်ပါတယ်။

🤝အလုပ်အကိုင်ပေါများပြီး လုပ်အားခနဲ့အသုံးစရိတ်တွေလည်း မျှတတဲ့အပြင် အစိုးရထောက်ပံ့ကြေးတွေလည်း မှီခိုနေချင်တဲ့သူအတွက် တနယ်တကျေးပြောင်းဖို့ ချီတုံချတုံဖြစ်နေတတ်ပါလိမ့်မယ်။

🏡ကိုယ်ပိုင်အိမ်ယာဝယ်ဖို့အတွက်တော့ အထက်က ပြည်နယ်ကြီးတွေလိုပဲ သက်တမ်းရင့်အိမ်အိုအိမ်ဟောင်းတွေနဲ့ ဈေးနှုန်းအဆမတန်မြှင့်မားတော့ အိမ်ဝယ်ဖို့အတော့်ကို စွန့်စားရာကျပါလိမ့်မယ်။

😇နိုင်ငံတော်ရဲ့ထောက်ပံ့ကြေးကို အဓိကအားကိုးမယ့်သူတွေနဲ့ Refugees/Asylums တွေအတွက် အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။

💪ပညာရေးနဲ့ လူလတ်တန်းစားတွေအတွက်လည်း သင့်လျော်ပါလိမ့်မယ်။

⚠️လူမဲတွေကြီးစိုးတဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။

🚘 ရာသီဥတုသာယာပြီး ကားလမ်းတွေ ကျယ်ပြန့်ကောင်းမွန်တော့ ကားအကောင်းစား ဝယ်စီးချင်တဲ့သူတွေအတွက် အကြိုက်တွေ့ပါလိမ့်မယ်။

🤩Texas (ဖားကန့်သားတို့စံပျော်ရာ)
လက်ရှိအခြေအနေနဲ့ လာမယ့်အနာဂတ်မှာ စီးပွားရေးအချက်အချာကြပြီး အလုပ်ကိုင်ပေါများသလို၊ စီးပွားရေးလုပ်ငန်းရှင်အသစ်တွေ မျက်စိကျနေတဲ့ ပြည်နယ်ဖြစ်ပါတယ်။

🌞အပူပိုင်းမိုးနည်းရပ်ဝန်းဒေသဖြစ်တော့ မြန်မာပြည်က အညာဒေသလို ရာသီဥတုပူပြင်းပြီး ဧရာမမိုးသီးကြီးတွေနဲ့ 🌀လေပြင်းမုန်တိုင်း ကျရောက်တတ်ပါတယ်။

🇲🇲မြန်မာပြည်က ကချင်တိုင်းရင်းသားအများစု အခြေချနေထိုင်ကြသလို အိမ်ယာဈေးတွေကလည်း အသင့်အတင့်ရှိပြီး အခြေချနေထိုင်ဖို့ ရွေးချယ်ဆုံးဖြတ်သင့်တဲ့ ပြည်နယ်တစ်ခုဖြစ်ပါလိမ့်မယ်။

💪ပညာရေးနဲ့ လူလတ်တန်းစားတွေအတွက် သင့်လျော်ပါလိမ့်မယ်။

🚘 ရာသီဥတုသာယာပြီး ကားလမ်းတွေ ကျယ်ပြန့်ကောင်းမွန်တော့ ကားအကောင်းစား ဝယ်စီးချင်တဲ့သူတွေအတွက် အကြိုက်တွေ့ပါလိမ့်မယ်။

🤩Indianapolis City (Indiana) (မြန်မာ Gang တို့စုဝေးရာ)
တိုးတက်စဲပြည်နယ်တစ်ခုဖြစ်တဲ့အားလျော်စွာ စက်ရုံအလုပ်ရုံနဲ့ အလုပ်အကိုင်ပေါများသလို၊ ကိုယ်ပိုင်အသေးစားလုပ်ငန်းတွေဖြစ်တဲ့ စားသောက်ဆိုင်နဲ့ကုန်စုံဆိုင်လုပ်ငန်းတွေ လုပ်ကိုင်အောင်မြင်နေကြပါတယ်။

🇲🇲မြန်မာပြည်တောင်ပိုင်းဒေသ တိုင်းရင်းသားတွေနဲ့ Laimi တွေ အနေများပြီး၊ ကျန်တဲ့ မြန်မာတိုင်းရင်းသားတွေလည်း နေထိုင်ကြလို့ မြန်မာလက်ဖက်ရည်ဆိုင်တွေလည်းရှိတော့ ရန်ကုန်မြို့လေးလို့လည်း တင်စားထားကြပါတယ်။

⚠️လူမဲတွေရဲ့နှောင့်ယှက်ရန်မူမှုတွေ မြန်မာလူမျိုးတွေ ခံစားရတာများလာတော့ မြန်မာတိုင်းရင်းသားလူငယ်လေးတွေလည်း ပြန်ပြီးတော့ လက်တုံ့ပြန်ကြရာကနေ မြန်မာ Gang တွေအဖြစ် နာမည်ကျော်လာခဲ့ရပါတယ်။ မှုခင်းနဲ့ရာဇဝတ်မှုတွေများတဲ့ ပြည်နယ်ဖြစ်ပါတယ်။

⚠️ထုံးဓာတ်များတဲ့ဒေသဖြစ်တော့ ရေပေးဝေရေးစနစ်က ရေကိုတိုက်ရိုက် ချက်ပြုတ်ဖို့ သုံးလို့အဆင်မပြေပဲ ရေသန့်စင်ဆားတွေကို ဖြူးထားရပြီး၊ ရေသန့်ဘူးတွေဝယ်ပြီးတော့သာ ချက်ပြုတ်ရတာ အဆင်ပြေပါတယ်။

🌀မိုးလေဝသအနေနဲ့ အပူအအေးနှစ်နှစ်မျိုးလုံးခံစားရပြီး၊ ပြင်းထန်တဲ့ မုန်တိုင်းကလည်း နှစ်တိုင်းလိုလို ကျရောက်တတ်ပါတယ်။ ❄️နှင်းလည်း အတော်အတန်ကျတတ်ပါတယ်။ မိုးသည်းထန်ရွာတတ်သလ်ို တချို့နေရာတွေမှာ ရေဝတ်တတ်ပါတယ်။

💪ပညာရေးနဲ့ လူလတ်တန်းစားတွေအတွက် သင့်လျော်ပါလိမ့်မယ်။

🤩Indiana Fort Wayne (City) (Indiana) (မြန်မာမူစလင်တို့ စံပျော်ရာ)
တိုးတက်စဲပြည်နယ်ဖြစ်တဲ့အလျောက် စက်ရုံအလုပ်ရုံတွေနဲ့ အလုပ်အကိုင်တွေပေါများပြီး လာမယ့်အနာဂတ်မှာ Indianapolis ထက်ကို တိုးတက်ပြီး ကျော်လွန်သွားပါလိမ့်မယ်။

🌀မိုးလေဝသအနေနဲ့ အပူအအေးနှစ်နှစ်မျိုးလုံးခံစားရပြီး၊ ❄️နှင်းလည်း အတော်အတန်ကျတတ်ပါတယ်။

🇲🇲မြန်မာနိုင်ငံက မြန်မာမွတ်စလင်တွေ အများစုနေထိုင်ကြပြီး၊ Zo တိုင်းရင်းသားလူမျိုးစုတွေနဲ့ ကျန်တဲ့မြန်မာတိုင်းရင်းသား အနည်းအကျဉ်းနေထိုင်ကြပါတယ်။

Indianapolis ထက်သေးငယ်ပြီး လူနေသိပ်သည်းမှုလည်း နည်းပါးနေတော့ အထွေထွေကုန်ကျစရိတ်လည်း ပိုသက်သာပါတယ်။

⚠️မှုခင်းနဲ့ရာဇဝတ်မှုတွေရှိတယ်ဆိုပေမယ့် Indianapolis ပြည်နယ်လောက် အခြေအနေဆိုးကြီးတော့ မဟုတ်ပါဘူး။

💪ပညာရေးနဲ့ လူလတ်တန်းစားတွေအတွက် သင့်လျော်ပါလိမ့်မယ်။

🏡အမေရိကန်နိုင်ငံမှာ ကိုယ်ပိုင်အိမ်ယာဝယ်ဖို့ Oklahoma ပြီးရင် အသင့်တော်ဆုံး ပြည်နယ်ဖြစ်ပါတယ်။ အသက်ကြီးလာလို့ စိတ်အေးချမ်းတဲ့ နေရာဒေသမှာ အေးအေးလူလူနေချင်တဲ့သူ၊ စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်ချင်တဲ့သူ၊ အသေးစားကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်ချင်တဲ့သူ။ လယ်ယာဧကအကျယ်ကြီးတွေကို ဝယ်ယူပြီး ရင်းနှီးမြှုပ်နှံထားချင်တဲ့သူတွေအတွက် ရွေးချယ်အခြေချနေထိုင်သင့်တဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။

🤩Minnesota (ကော်သူလေတို့ စံပျော်ရာ)
🇲🇲မြန်မာတိုင်းရင်းသား ကရင်လူမျိုးတို့အများစုနေထိုင်တဲ့ ပြည်နယ်တစ်ခုအပါအဝင်​ဖြစ်ပါတယ်။

East Africa က Somalia 🇸🇴တွေလည်း အများစုနေထိုင်တဲ့ ပြည်နယ်ဖြစ်သလို၊ ပြည်နယ်ရဲ့လွတ်တော်အမတ်အဆင့်ထိကိုတောင် ဝင်တိုးနိုင်တဲ့အခြေအနေဖြစ်နေပါပြီ။

စက်ရုံအလုပ်ရုံနဲ့အလုပ်အကိုင် ပေါများပြီး၊ လက်နက်ခဲယမ်းထုတ်လုပ်မှုလုပ်ငန်းတွေလည်း ရှိပါတယ်။

💪ပညာရေးနဲ့ လူလတ်တန်းစားတွေအတွက် သင့်လျော်ပါလိမ့်မယ်။

🌀မိုးလေဝသအနေနဲ့ အပူအအေးနှစ်နှစ်မျိုးလုံးခံစားရပြီး၊ ❄️နှင်းလည်း အတော်အတန်ကျတတ်ပါတယ်။ မိုးသည်းထန်ရွာတတ်ပါတယ်။

🏡ကိုယ်ပိုင်အိမ်ယာဝယ်ဖို့အတွက်တော့ အထက်က ပြည်နယ်ကြီးတွေလိုပဲ သက်တမ်းရင့်အိမ်အိုအိမ်ဟောင်းတွေနဲ့ ဈေးနှုန်းအဆမတန်မြှင့်မားတော့ အိမ်ဝယ်ဖို့အတော့်ကို စွန့်စားရာကျပါလိမ့်မယ်။

🤩Oklahoma (မဘသတို့ စံပျော်ရာ)

🇲🇲မြန်မာနိုင်ငံက Zomi လူမျိုးစုအများဆုံးနေထိုင်ကြပြီး၊ ကျန်တဲ့ မြန်မာတိုင်းရင်းသားတွေလည်း အနည်းအကျဉ်းရှိပါတယ်။

စက်ရုံအလုပ်ရုံတွေနဲ့ အလုပ်အကိုင်ပေါများပြီး၊ နှစ်စဉ်နှစ်တိုင်း ကိုယ်ပိုင်အိမ်ယာတွေ ပိုင်ဆိုင်နိုင်ကြပါတယ်။

အမေရိကန်နိုင်ငံရဲ့ မဘသတို့နေထိုင်ရာ ပြည်နယ်ဖြစ်သလို၊ ကိုယ်ကြိုးစားမှ ကိုယ်ရမယ်လို့ ခံယူထားကြပြီး လူတန်းစေ့နေနိုင်ဖို့ အပြိုင်ကြိုးစားနေကြလို့ အစိုးရထောက်ပံ့ကြေးပေါ်ချည်း မှီခိုနေရတဲ့သူ နည်းပါးပါတယ်။

🌀မိုးလေဝသအနေနဲ့ အမေရိကန်န်ိုင်ငံရဲ့ရာသီဥတုပေါင်းစုံ ခံစားရပြီး၊ နွေရာသီမှာ လေဆင်နှာမောင်းကျရောက်တတ်ပါတယ်။ ❄️နှင်းလည်း အနည်းအကျဉ်းကျတတ်ပါတယ်။ မိုးလည်း အနည်းအကျဉ်းရွာသွန်းတတ်ပါတယ်။

🏡အမေရိကန်နိုင်ငံမှာ ကိုယ်ပိုင်အိမ်ယာဝယ်ဖို့ အသက်သာဆုံးနဲ့ အသင့်တော်ဆုံး ပြည်နယ်ဖြစ်ပါတယ်။ အသက်ကြီးလာလို့ စိတ်အေးချမ်းတဲ့ နေရာဒေသမှာ အေးအေးလူလူနေချင်တဲ့သူ၊ စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်ချင်တဲ့သူ၊ အသေးစားကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်ချင်တဲ့သူ။ လယ်ယာဧကအကျယ်ကြီးတွေကို ဝယ်ယူပြီး ရင်းနှီးမြှုပ်နှံထားချင်တဲ့သူတွေအတွက် ရွေးချယ်အခြေချနေထိုင်သင့်တဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။

💪ပညာရေးနဲ့ လူလတ်တန်းစားတွေအတွက် သင့်လျော်ပါလိမ့်မယ်။

🤩Tennessee (ဆိုကြမယ် ပျော်ကြမယ်တို့ စံပျော်ရာ)
​တောင်ပေါ်ဒေသတစ်ခုဖြစ်ပြီး မြန်မာပြည်က မြေမြို့ (ပြင်ဦးလွင်)လို တောင်ကမ်းပါးနဲ့ မြွေလိမ်မြွေကောက်လမ်းတွေများပါတယ်။

Music City ဆိုတဲ့နာမည်နဲ့လိုက်အောင်ကို အမေရိကန်နိုင်ငံရဲ့ Country အဆိုတော်တွေနဲ့ တေးဂီတတသမားတို့ရဲ့ ဘုံနန်းတစ်ခုလည်းဖြစ်ပါတယ်။

🇲🇲မြန်မာနိုင်ငံက ကရင်တိုင်းရင်းသားလူမျိုးစုတွေ အများဆုံးနေထိုင်ကြသလို၊ Zomi တိုင်းရင်းသားလူမျိုးစုတွေနဲ့ ကျန်တဲ့မြန်မာတိုင်းရင်းသား အနည်းအကျဉ်းနေထိုင်ကြပါတယ်။

စက်ရုံအလုပ်ရုံတွေနဲ့ အလုပ်အကိုင်ပေါများပြီး၊ Sushi လုပ်ငန်းလည်း အောင်မြင်နေတဲ့ နေရာဒေသတစ်ခုဖြစ်ပါတယ်။

အခွန်စည်းကြပ်နှုန်းနည်းပြီး အထွေထွေကုန်ကျစရိတ် သက်သာချောင်ချိလို့ တခြားပြည်နယ်က အထူးသဖြင့် California က ပြောင်းရွေ့လာကြတဲ့သူတွေ တဖြည်းဖြည်းများလို့နေပါတယ်။ 

 🌀မိုးလေဝသအနေနဲ့ အမေရိကန်န်ိုင်ငံရဲ့ရာသီဥတုပေါင်းစုံ ခံစားရပြီး၊ နွေရာသီမှာ လေဆင်နှာမောင်းနဲ့ ဟာရီကိန်းမုန်တိုင်းတွေ ကျရောက်တတ်ပါတယ်။ ❄️နှင်းလည်း အတော်အတန်ကျတတ်ပါတယ်။ မိုးလည်း သည်းထန်စွာရွာသွန်းတတ်ပြီး ရေကြီးရေလျှံတာတွေရှိတတ်ပါတယ်။

🏡ကိုယ်ပိုင်အိမ်ယာဝယ်ဖို့အတွက်တော့ အထက်က ပြည်နယ်ကြီးတွေလိုပဲ သက်တမ်းရင့်အိမ်အိုအိမ်ဟောင်းတွေနဲ့ ဈေးနှုန်းအဆမတန်မြှင့်မားတော့ အိမ်ဝယ်ဖို့အတော့်ကို စွန့်စားရာကျပါလိမ့်မယ်။

🤩Arkansas (မိန်းမလှကျွန်း)
လွန်ခဲ့တဲ့ ၁၅နှစ်ကျော်လောက်က Maela Camp ဒုက္ခသည်စခန်းမှာနေတုန်း အရမ်းချောမောလှပတဲ့ Christine ဆိုတဲ့ Arkansas သူ မိန်းမချောလေးတစ်ယောက်နဲ့ တစ်ခါဆုံခဲ့ဘူးတော့ အတော့်ကို လှတာပဲလို့ စိတ်ထဲမှတ်ကျောက်တင်လိုက်မိတယ်။ အမေရိကန်နိုင်ငံရောက်ပြီး Tulsa မြို့ကို ပြောင်းလာတော့ Arkansas ပြည်နယ်ကိုဖြတ်ရပြီး အဲဒီမှာ ခရီးတစ်ထောက်အနား Arkansas သူ မိန်းကလေးအချောအလှတွေ တိုက်တိုက်ဆိုင်ဆိုင်ကိုပဲ တွေ့လိုက်ရပြန်တော့ Arkansas ပြည်နယ်က အဖြူမလေးတွေ များတဲ့အကြောင်း ကျနော်တင်မကဘူး တော်တော်များများ ပြောနေကြတာ အမှန်ပဲဗျ။ 😍😍😍

ယာတောတွေများပြီး လယ်ယာစိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး တောသူ အလန်းလေးတွေများတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ နို့နဲ့ပျားရည်စီးတဲ့ ဒေသဖြစ်ပါတယ်။

🇺🇸လူဖြူတွေ အဓိကကြီးစိုးတဲ့ ပြည်နယ်ဖြစ်ပါတယ်။

🇲🇲မြန်မာနိုင်ငံက ကရင်၊ချင်း၊ ဗမာတိုင်းရင်းသား အနည်းအကျဉ်းနေထိုင်ကြပါတယ်။

⚠️လယ်ယာမြေဒေသဖြစ်တော့ 🦟ဧရာမခြင်ကြီးတွေနဲ့ 🐞အင်းဆက်ပိုးကောင်တွေ များပါတယ်။

🌀မိုးလေဝသအနေနဲ့ Oklahoma ပြည်နယ်နဲ့နယ်စပ်ဖြစ်သလို၊ အမေရိကန်န်ိုင်ငံရဲ့ရာသီဥတုပေါင်းစုံ ခံစားရပြီး၊ နွေရာသီမှာ လေဆင်နှာမောင်းနဲ့ ဟာရီကိန်းမုန်တိုင်းတွေ ကျရောက်တတ်ပါတယ်။ ❄️နှင်းလည်း အနည်းအကျဉ်းကျတတ်ပါတယ်။

🏡အမေရိကန်နိုင်ငံမှာ ကိုယ်ပိုင်အိမ်ယာဝယ်ဖို့ အသက်သာဆုံးနဲ့ အသင့်တော်ဆုံး ပြည်နယ်တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အသက်ကြီးလာလို့ စိတ်အေးချမ်းတဲ့ နေရာဒေသမှာ အေးအေးလူလူနေချင်တဲ့သူ၊ စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်ချင်တဲ့သူ၊ အသေးစားကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်ချင်တဲ့သူ။ လယ်ယာဧကအကျယ်ကြီးတွေကို ဝယ်ယူပြီး ရင်းနှီးမြှုပ်နှံထားချင်တဲ့သူတွေအတွက် ရွေးချယ်အခြေချနေထိုင်သင့်တဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။

💪ပညာရေးနဲ့ လူလတ်တန်းစားတွေအတွက် သင့်လျော်ပါလိမ့်မယ်။

လိုအပ်တာတွေ ဆက်လက်ဖြည့်စွက်ပါအုံးမယ်။🙏🙏🙏

# JamesMirror

အမေရိကားကိုလာရန် DV​ပေါက်သူတစ်ဦးအတွက်ခန့်မှန်းစရိတ်နိုင်ငံခြား country တွင် ၁နှစ်နှင့် အထက်နေခဲ့ရင် နေခဲ့သော နိုင်ငံရဲ့ ...
23/06/2022

အမေရိကားကိုလာရန် DV​ပေါက်သူတစ်ဦးအတွက်ခန့်မှန်းစရိတ်

နိုင်ငံခြား country တွင် ၁နှစ်နှင့် အထက်နေခဲ့ရင် နေခဲ့သော နိုင်ငံရဲ့ ရဲစခန်းထောက်ခံစာ လိုအပ်ပါတယ်နော်။ ထပ်ကုန်နိုင်ပါတယ်နော်။

Visa Interview $330
Greencard & SSN $220
Air ticket . $850
မွေ့ရာ+စောင်+ခေါင်းအုံး
Meal at transit $50
Taxi fee. $50
Room deposit. $1500
-------------------------------------
Total (A) —-> ~$3000

အထက်ပါစျေးနှုန်းများသည် ခန့်မှန်းပါ။ လိုတိုးပိုလျော့၍ လိုအပ်သလို ပြင်ဆင်နိုင်ပါတယ်နော်။

ရဲစခန်းထောက်ခံစာ. ၃၀၀၀၀
Notary ၇၀၀၀၀
Medical checkup ၆၀၀၀၀၀
ပတ်ပို့ စာအုပ်…………. ၃၅၀၀၀
COVID Test. ၂၀၀၀၀၀ (if any)
DS260 ဖောင်တင်. ၈၀၀၀၀ (if any)
ကျမ်းကျိန်လွှာ ၁ ခု………..၂၀၀၀၀ (if any)
………
စုစုပေါင်း.(B)——> ~၁၀၃၅၀၀၀ MMK

USA ရောက်ပြီး ကုန်ကျငွေ
------------------

Phone wireless line fees $65
ID $35
Transportation fee. $200
Meal + other. $300
(ထမင်းပေါင်းအိုး+အိုးခွက်ပန်းကန်)
Utility fee+ garbage $100
Room rental. $800
Internet fee. $0. (If any)
-------------------------------------
Total (C)——> ~$1500/ month

အထက်ပါစျေးနှုန်းများသည် ခန့်မှန်းပါ။ လိုတိုးပိုလျော့၍ လိုအပ်သလို ပြင်ဆင်နိုင်ပါတယ်နော်။

Room deposit ကတော့ အပြည့်အဝ မဟုတ်ရင်တောင် ၈၀% လောက်ပြန်ရမှာပါ။ ကိုယ်နေသွားတဲ့ အခြေအနေပေါ်မူတည်ပြီး deduct လုပ်တာတွေရှိနိုင်ပါတယ်နော်။

၃ လစာ ခန့်မှန်းပြီး ကြိုတင်ပြင်ဆင်မှု (ရောက်ရောက်ချင်း အလုပ်မရသေးခင်စပ်ကြား နေထိုင်စရိတ်)….
Total (D). —-> Total (C) x 3 = $4500

(က) စုစုပေါင်း ခန့်မှန်းကုန်ကျစရိတ်……..
Total A+B+D=$7500 + 1035000 MMK

(ခ) အမေရိကားလာရင် လက်ထဲကိုင်လာရမည့် USD ခန့်မှန်း……..
Total D+ room deposit = ~ $6000

အမေရိကားတွင် အလုပ်လုပ်ရပါက ရရှိမည့်ခန့်မှန်းလစာ••••
California ရဲ့ လုပ်အားခနှင့် အကြမ်းဖျင်းတွက်ပေးပါ့မယ်နော်။
တစ်နာရီလုပ်ခ .. ၁၇.၇၅ ဒေါ်လာ နှင့် တပတ်ကို အခွန်+ 401k+ insurance ဆောင်ပြီး နာရီ ၄၀ လုပ်ခ ၅၅၀ to ၆၀၀ လောက်ရပါမယ်နော်။

(E) ဒါဆို တစ်လကို ၂၄၀၀ ဒေါ်လာလောက်ရပါမယ်နော်။

တစ်လ ရသော လခထဲက တစ်လအသုံးစရိတ်နုတ်ရင် စုဖို့ ငွေရမှာပေါ့နော်။ ကဲကြည့်ကြရအောင် ဘယ်လောက် ကျန်မလဲလို့ 😁😁😁

(ဂ) တစ်လ ပိုလျှံငွေ = E - C = $2400- $1500 = $900 ခန့်မှန်း

(က)၊ (ခ) နှင့် (ဂ) တို့ကို ကြည့်ပါ။ တစ်ဦးအတွက်သာ ရည်ရွယ်ပါသည်။

ကိုယ်လုပ်နိုင်ရင် လုပ်နိုင်သလောက် တခြား အချိန်ပိုတွေလည်း လုပ်ပြီး အပိုဝင်ငွေရှာနိုင်ပါတယ်နော်။

တခြားစရိတ်သက်သာတဲ့ ပြည်နယ်ရွေးနိုင်ရင်လည်း ပိုပြီး အဆင်ပြေနိုင်ပါတယ်နော်။ ဒါကြောင့် တိုးတက်ဖို့ အလုပ်လုပ်ရင်း ပညာသင်ယူဖို့ တိုက်တွန်းချင်ပါတယ်နော်။ အသက်မွေးဝမ်းကြောင်း လက်မှတ်ရမယ်ဆိုလည်း ကျောင်းတက်သင့်ပါတယ်။ ဒါမှ ရေရှည် ပြေးဖို့ အထောက်အကူရမှာပါ။

Credit
လေးစားစွာဖြင့်
သန်းဌေး

Goddness DV Services မှ  DV​​ပေါက်​သောကံထူးရှင်များကို ​(Immigrant Visa)လျှောက်ထားပေး​နေပါတယ်။အမြန်ဆုံးInterview ဝင်ရပြီ...
23/06/2022

Goddness DV Services မှ DV​​ပေါက်​သောကံထူးရှင်များကို ​(Immigrant Visa)လျှောက်ထားပေး​နေပါတယ်။

အမြန်ဆုံးInterview ဝင်ရပြီး အဆင်​ပြေ​ချော့​မွေ့စွာ US သို့ရောက်ရှိကြပါ​စေရှင့်

See you in America! God Bless you.

ဝန်​​ဆောင်မှုအ​သေးစိတ်သိရှိလိုပါက
Contact Us 📲 09 254509721

Goddess DV Services

မဂ်လာပါရှင်Goddess DV Services page မှ ကြိုဆိုပါတယ်။DV ဘယ်အချိန်​လျှောက်လို့ရမလဲသိလိုသောမိတ်ဆွေများအတွက် Information​လေး...
20/05/2022

မဂ်လာပါရှင်
Goddess DV Services page မှ ကြိုဆိုပါတယ်။
DV ဘယ်အချိန်​လျှောက်လို့ရမလဲသိလိုသောမိတ်ဆွေများအတွက် Information​လေးsharing လုပ်​ပေးပါရ​စေ
DV form တင်ရမည့်ကာလမှာ အောက်တိုဘာပထမအပတ်မှနိုဝင်ဘာလအတွင်း ဖြစ်ပါတယ်📣📣📣
လိုအပ်ချက်​တွေက​တော့
✅ Passport
✅ 2" x 2" ပတ်လည်ဓာတ်ပုံ (​နောက်ခံအဖြူ​ရောင်)
✅ ပညာအရည်အချင်း
✅ Email
✅ Phone Number
✅ နေရပ်လိပ်စာအပြည့်အစုံ
မိသားစုလိုက် လျှောက်ထားလိုပါက
✅ မိသားစုတဦးချင်းစီရဲ့ နာမည်၊‌မွေးနေ့၊မွေးရပ်ဇာတိ၊ဓာတ်ပုံပေးပို့‌လျှောက်ထားနိုင်ပါသည်။

DV နဲ့ပတ်သတ်သော အခြားအကြောင်းအရာများကို ပြည့်ပြည့်စုံစုံတင်ပြပေးမှာမို့ Page ကို Like & Follow လုပ်ထားကြဖို့လည်းတိုက်တွန်းလိုက်ရပါတယ်ရှင့်

Goddess DV Services

DV ပေါက်ပြီးအ​မေရိကန်မှာအ​ခြေချဖို့ ဘယ်ပြည်နယ်ကို ရွေးချယ်ရမလည်း ⁉️⁉️⁉️America မှာ State ပေါင်း 50 ရှိပါတယ်။အခု စာဖတ်သူတ...
18/05/2022

DV ပေါက်ပြီးအ​မေရိကန်မှာအ​ခြေချဖို့ ဘယ်ပြည်နယ်ကို ရွေးချယ်ရမလည်း ⁉️⁉️⁉️

America မှာ State ပေါင်း 50 ရှိပါတယ်။
အခု စာဖတ်သူတို့ အနေနဲ့ ပထမဆုံး စဉ်းစားရမှာက ကိုယ်က Individual (တစ်ကိုယ်တည်းသမားလား)၊ မိသားစု နဲ့လားဆိုတာပါ။
တစ်ကိုယ်တည်းသမား ဆို ကိစ္စမရှိပေမဲ့ မိသားစုလိုက် လာမယ့် လူက ရေခြား မြေခြားမှာ အစစ အရာရာ တွေးတော တွက်ချက်ပြီး လုပ်ရပါတယ်။
အမေရိက ရောက်ပြီဆိုတာ နဲ့ တစ်ခု ခေါင်းထဲမှာ ထည့်ထားဖို့ အကြံပေးချင်ပါတယ်။
မြန်မာတွေ များတယ်ဆိုတိုင်း အားကိုးပြီး မသွားပါနဲ့။
ဒီမှာ ကိုယ့်အားကိုယ် ကိုးရမှာပါ
အချိန်ပြည့် ကိုယ့်ကို ကူညီနိုင်သူ မရှိပါဘူး။ 
များသော အားဖြင့် US ရောက်ပြီး ၁ လ ကျော် ၂ လ အတွင်း social နဲ့ green card ရပြီး
ဖြစ်တဲ့ အတွက် အလုပ်မရမှာ စိတ်ပူစရာတော့ မရှိပါဘူး။
၁) State ရွေးမယ်။ California, New York, Arizona, Texas, Illinois state တို့မှာ မြန်မာတွေ အနေများပါတယ်။
Los Angeles, San Francisco, New York မှာ စတဲ့ မြို့ကြီးပြကြီးတွေ မှာ living expeenses အရမ်းများပါတယ်။
LA မိသားစု နဲ့ အိမ်ငှါးနေမယ်ဆိုရင်ဘဲ 1 bedroom ကျဉ်းကျဉ်းလေး ကို $1500 ကနေစပါတယ်။
ကိုယ်က single ဘဲ roommate နဲ့ နေမယ်ဆိုရင် အနည်းဆုံး $600 က နေစပါတယ်။
Cali က ရာသီဥတု က ကျွန်တော်တို့ မြန်မာတွေနဲ့ ကိုက်ပေမဲ့ ကားမရှိရင် ခြေကျိုးနေတာနဲ့ အတူတူပါဘဲ။
ကား payment နဲ့ အတူ insurance ဖိုးကို အနည်းဆုံး $500 လောက်တွက်ထားပါ။ နောက် စားစရိတ် ဘာဖိုး ညာဖိုး တွက်လိုက်ရင် အောက်ထစ် တစ်လ ကို $3,000 ထွက်ပါတယ်။
ကလေးတွေ အတွက် ကျောင်း rating က ရပ်ကွက် အလိုက်ကွာပါတယ်။
College တက်တဲ့ အရွယ်ဆိုရင် UCLA ,USC စတဲ့ အထင်ကရ ကျောင်းတွေရှိပါတယ်။
မြန်မာတွေထဲမှာ Santa Monica College အတက်များကြပါတယ်။
New York အိမ်စျေးများ၊ အလုပ်နည်းနည်းရှား။ Transportation ကောင်း။ 1 bedroom ကျဉ်းကျဉ်း ခန့်မှန်းခြေ $1,000။
Arizona က တော့ summer ဆို အပူချိန် 3 digits ထိ ပူပါတယ်။
ဘယ်နားကြည့်ကြည့် တောင်တွေ နဲ့ Lake တွေ ကျောက်ဆောင်တွေဘဲ ရှိပြီး ပျင်းခြောက်ခြောက်နဲ့ပါ။
အိမ်လခ အရမ်း သက်သာပါတယ်။ ကားလိုအပ်ပါတယ်။ 1 bedroom $800 လောက်မှစ။
Texas လည်း အိမ်စျေးသက်သာပါတယ်။ အလုပ်ပေါ။ မြန်မာတွေများတယ်။
လည်စရာ ပတ်စရာ သိပ်မရှိ။ ကားလိုအပ်ပါတယ်။ 1 bedroom ခန့်မှန်းခြေ $600 လောက်မှစ
Chicago က တော့ နှင်းကျပါတယ်။ Windy City လို့လည်း ခေါ်ပါတယ်။ ရာသီဥတု အအေးဒဏ် မခံနိုင်ရင် မရွေးချယ်သင့်ပါဘူး။ အိမ်စျေးအရမ်း သက်သာ၊ အလုပ်ပေါပါတယ်။ Indiana မှာတော့ မြန်မာတွေချည်းပါဘဲ။ ကားလိုအပ်ပါတယ်။ 1 bedroom $900 မှစ။
ခုမှ စပြီး အခြေချမှာဖြစ်တဲ့ အတွက် တစ်လ $3,000 လောက် မသုံးနိုင်သေးဘူးဆိုရင် အိမ်စျေး သက်သာပြီး ပိုက်ဆံ စု မိတဲ့ Phoenix (Arizona), Houston (Texas) , Chicago(Illinois) , Indiana(Illinois)တို့ဘက် သွားဖို့ အကြံပေးပါတယ်။
၂) အလုပ်။ Greencard ကိုင်ထားတာ ဖြစ်တဲ့ အတွက် တရားဝင် အလုပ်လုပ်ပိုင်ခွင့်ရှိပါတယ်။ အလုပ်ရှာတဲ့ Indeed application မှာ ကိုယ် profession နဲ့ ကိုက်ညီတဲ့ အလုပ်ရှာလို့ရပါတယ်။
State တစ်ခု နဲ့ တစ်ခု Minium wages တွေ မတူပါဘူး။ တစ်နာရီ $15 ပေးသလို တစ်ချို့ state မှာ တစ်နာရီ $13 ကျပ်ပေးပါတယ်။ Self employ လုပ်ချင်သူများ Uber မောင်းရင် ပိုက်ဆံ အများကြီးရပါတယ်။
နေထိုင်တဲ့ state အလိုက် Driving License လိုပါတယ်။ International License နဲ့ မရပါ။ Uber Food Delivery နဲ့ လူတင်ပြီး မောင်းတာ (၂) ခု ရှိပါတယ်။ သက်သက်သာသာ အလုပ်ဘဲ လုပ်ချင်ရင် Uber မောင်းဖို့ အကြံပေးပါတယ်။
နောက်နေ့မှ Part 2 ဆက်ရေးစေချင်ရင် ရေးပေးပါ့မယ်။
** ပိုက်ဆံစုမိချင်တယ် ဆိုရင် အခြေချခါစမှာ LA , New York တို့လို မြို့ကြီးပြကြီးတွေကို အရင်မရွေးပါနဲ့။ ရှာတာရဲ့ တဝက်က အိမ်လခ နဲ့တင် ကုန်သွားတတ်ပါတယ်။

Crd

လင်းယုန်​မြေမှာအ​ခြေချဖို့🎉🎉🎉 ကျွန်တော်သည် DV2020 winner တစ်ဦးပါ။ ဒါပေမယ့် diversity visa မရခင် ပြဿနာပေါင်း သောင်းခြောက်...
16/05/2022

လင်းယုန်​မြေမှာအ​ခြေချဖို့🎉🎉🎉

ကျွန်တော်သည် DV2020 winner တစ်ဦးပါ။ ဒါပေမယ့် diversity visa မရခင် ပြဿနာပေါင်း သောင်းခြောက်ထောင် (တင်စားတာနော်😂) ဖြေရှင်းရပါတော့တယ်။
….
1. မွေးစာရင်းမရှိဘူး

နယ်မှာပြန်လုပ်ဖို့လိုအပ်လာပါတယ်။ မြို့နယ်ကျန်းမာဦးစီးဌာကို ဖုန်းဆက်တော့ လုက်ပေးလို့မရပါဘူး။ တရာရုံးမှာ ကျမ်းကျိန်လွှာလုပ်ရပါမယ်တဲ့။ ဒါကြောင့်ကိုယ်တိုင် နယ်ကိုပြန်ပြီး အမေနှင့် အဒေါ် ၂ ယောက်ကိုခေါ် မြို့နယ်တရားရုံးကိုသွားပြီး ဤအမိ၊ အဖတို့မှ ဤရက်၊လ၊နှစ်တွင် ဤ အရပ်၌ မောင်သန်းဌေးကို မွေးဖွားသည်ကို သိရှိကြောင်းကျမ်းကျိန်လွှာပြုလုပ်ပြီး၊ ကျန်းမာရေး ဦးစီးဌာနကို မိတ္တူပေးကာ မွေးဖွားကြောင်းထောက်ခံစာ တောင်းယူရပါတော့တယ်။

2. စင်္ကာပူ ရဲစခန်းထောက်ခံစာ- Singapore မှာ ၇ နှစ်လောက် အလုပ်လုပ်ထားတော့ စင်္ကာပူရဲစခန်းထောက်ခံစာ မရှိလို့ မရရအောင်တောင်းရပါတော့တယ်။ စင်္ကာပူမှာရှိတဲ့ သူငယ်ချင်းလည်း မနေရပါဘူး။

3. ဆယ်တန်းအောင်လက်မှတ်ကမွေး ရက်၊ လ နှင့် ပတ်ပို့က မွေး ရက်၊ လ မတူပြန်ပါဘူး။
ဆယ်တန်းအောင်လက်မှတ် အသစ်ထုတ်ပြီး မွေး ရက်၊ လ ကို ပြန်ပြင်ပေးလို့ ရမလားမေးကြည့်တော့ မရပါဘူးတဲ့။ ဒါကြောင့် မွေးရက်၊လ ကွဲလွဲနေသော်လည်း တစ်ဦးတစ်ယောက်သာဖြစ်ကြောင်း နိုတြီဆိုင်မှာ ကျမ်းကျိန်လွှာ လုပ်ရတာပါ။

4. DS260 form
DS260 တင်ချင်လို့ agent အပ်ဖို့ စုံစမ်းတော့ စောင့်ရပါမယ်တဲ့။ လူကိုတိုင်လာရပါမယ်တဲ့။ အချက်အလက်တွေ သေသေချာချာပြင်ဆင်လာရပါမယ်တဲ့။ ဒါနဲ့မထူးတော့ဘူးပေါ့ ကိုယ့်အားကိုကိုးပြီး တင်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ကြည့်ပါလေ အစစအရာရာကိုယ်ကိုတိုင်ကြည့်ပြီး သေချာတော့မှာ submit လုပ်ပေးမဲ့ အခြေအနေလေ။ သူတို့လည်းသူတို့ အပြစ်မဟုတ်ရလေအောင်ပေါ့။ အစစအရာရာကိုယ်ပဲလုပ်ရမှာလေ။ သူတို့ typing လုပ်၊ form ဖြည့်ရုံလောက်ပါပဲ။ ကိုယ့် အစီအစဉ်နှင့်ဖြည့်တော့ အေးအေးဆေးဆေး အချိန်ယူကြည့်နိုင်တယ်။ စိတ်ကျေနပ်တော့မှ submit လုပ်နိုင်တယ်လေ။ ဒီလိုနဲ့ DS260 ဖြည့်ဖို့ ဒီမှာရှိတဲ့ သူငယ်ချင်းရဲ့ လိပ်စာကိုတောင်းပြီး တင်နိုင်ခဲ့တယ်လေ။
လေးယောက်အတွက်ဆိုတော့ လူကြီး ၂ ယောက်က အချိန်နည်းနည်းယူပြီး ခလေး ၂ ယောက်က ပုံစံတူဆိုတော့ သိပ်မကြာလိုက်ပါဘူး။ အားလုံး အဆင်ချောသွားတာပေါ့။

5. မြန်မာ ရဲစခန်းထောက်ခံစာ
နယ်မှာရှိတဲ့ အသိတွေ၊ ရန်ကုန်မှာရှိတဲ့ အသိတွေကို ကိုယ်စား ရစခ ထောက်ခံစာ တောင်းခိုင်းရတော့တာပေါ့။ ကိုယ်တွေက မန္တလေးမြို့ကို ရောက်နေကြတာလေ။ အားလုံးလည်း ချောချောမောမော ရခဲ့ကြပါတယ်။
(***သတိချပ် - ရဲစခန်းထောက်ခံစာ က ၂ နှစ် သက်တမ်းလို့တော့ တွေ့မိပါတယ်။ လက်ရှိနေရက်အတွက် ရစခ ကတော့ up to date ဖြစ်သင့်ပါတယ်နော်။ )

6. လိုအပ်တဲ့ စာရွက်တွေ scan ဖတ်ခြင်း
ရတဲ့စာရွက်တွေ မူရင်းတွေကို သေချာစုပြီး scan ဖတ်ထားရတာပေါ့။ လိုတဲ့စာရွက်တွေ အီးမေးပို့ဖို့ မေးရတော့ ရန်ကုန်ဆင်းပြီး နေ့ချင်း Notary ပြန်ပြီး မန္တလေးကို ပြန်လာရတာပေါ့။ ပြီးတော့ အားလုံးကို scan ဖတ်ပြီး pdf file ပြောင်း၊ ရတဲ့ pdf file size ကို reduce လုပ်ပြီး တစ်ဖိုင်တည်းတင်လို့ရခဲ့တာပါပဲ။ file size ကြီးလို့မရလို့ reduce လုပ်ရတာပါ။

7. ကြိုတင်ဆေးစစ်ခြင်း
စာရွက်တွေပို့ပြီးတော့ ကြိုတင်ဆေးစစ်ဖို့ပြင်ဆင်ရတာပေါ့။ ဆရာဝန်နှင့် တိုင်ပင်ပြီး အဆုတ်တွေကို ဓါတ်မှန်ရိုက် စစ်ဆေးရတာပေါ့။ ကြိုတင်ပြင်ဆင်တော့ လိုအပ်ရင် ကြိုတင် ဆေးသောက်၊ ဆေးစားလုက်နိုင်အောင်ပေါ့။ ဒါပေမယ့် အားလုံး ok နေတော့ စိတ်ချမ်းသာရတာပေါ့။

8. Interview appointment
အင်တာဗျူးရက်ရတော့ အင်တာဗျူးရက်ကနေ တစ်လလောက်စောပြီး သူတို့သတ်မှတ်ထားသောဆေးရုံမှာ ဆေးစစ်ဖို့ booking လုပ်ရပါတော့တယ်။ ဒီလိုနှင့် မိသားစု လေးယောက် ဆေးစစ်ဖို့ ရန်ကုန်ကိုဆင်းရပြန်တာပေါ့။ ခလေးတွေကတော့ သွေးဖောက်ပြီး TB ပိုးစစ်တာတယ်။ ကိုယ်တွေလူကြီးကတော့ အဆုတ်ဓါတ်မှန်ရိုက်ပြီးစစ်ပြီး အဖြေကို ထိုင်းကိုလှမ်းမေးရတာတွေ့တယ်။ ပြဿနာက ကိုယ်ပဲ ၃ ခါလောက် ဓါတ်မှန်ရိုက်ပြီး ထိုင်းကို ခဏခဏမေးနေရတာပေါ့။ စိတ်တွေပူသွားတာပဲ။ ဘာဖြစ်တာလဲပေါ့။ နောက်ဆုံးတော့ နင့်ရဲ့ ဓါတ်မှန်နည်းနည်း မသေချာလို့ သေချာအောင် ထပ်စစ်တာပါတဲ့။ အခု ရပါပြီ အဆင်ပြေသွားပါပြီ ဆိုတော့ အရမ်းပျော်သွားမိတာပါပဲ။ အဲဒါပြီးတော့ မန္တလေးကိုပြန်လာခဲ့ကြတယ်။ result ကတော့ ၁ ပတ်၊ ၁၀ ရက်ဆိုရပါတယ်။ သူတို့က လာယူခိုင်းပြီးတော့ စာအိတ်ကို ဖွင့်မဖေါက်ရန်နှင့် သံရုံးကို တိုက်ရိုက်ပေးရန်ပြောပါတယ်။ ကိုယ့်အတွက်မိတ္တူတော့ပေးပါတယ်။

9. ကလေးကျောင်းအပ်ရန်
ကလေးကျောင်းအပ်ဖို့ အောင်စာရင်းထွက်ရင် ကျောင်းထွက်လက်မှတ်ထုတ်ပေးဖို့ ကျောင်းကို သွားပြီး ကျောင်းပိုင်ရှင်နှင့်ဆက်သွယ်ရပြန်ပါတယ်။ သူတို့ကလည်း လုပ်ပေးပါ့မယ်။ ပြီးတော့ notary ပြန်ပေးမယ်လို့ ဆိုတော့ တစ်ခု စိတ်အေးရတာပေါ့။

10. ကာကွယ်ဆေးမှတ်တမ်းများ
ခလေးတွေက အရေးကြီးတော့ လိုအပ်တဲ့ ကာကွယ်ဆေးမှတ်တမ်းတွေကို စမွေးကတည်းကနေ လက်ရှိ အရွယ်အထိ လိုက်ပြီး ပြုစု ရတော့တာပေါ့။ ဒေသန္တရ ကာကွယ်ဆေးကဒ်တွေလိုက်ရှာ ပြီးတော့ ကာကွယ်ထိုးခဲ့တဲ့ အကြိမ်တွေဖြည့်ပြီး နိုတြီပြန်ရပြန်တာပေါ့။ ကျောင်းတက်ရင် ပြဖို့လိုတာကိုး။

11. Interview
အင်တာဗျူးဖြေဖို့ မန္တလေးကနေ ရန်ကုန်ကို ကားမောင်းပြီး သွားခဲ့ကြရတယ်။ လူ ၄ ယောက်ဆိုတော့ အေးအေးဆေးဆေး ကိုယ့်ကားနှင့်ကိုဆိုတော့ ကောင်းတာပေါ့။ ရန်ကင်းက အိမ်မှာ သန့်ရှင်းရေးလုပ်ပြီး တည်းကြရတာပေါ့။ နောင်နေ့အင်တာဗျူးဖို့ သွားကြရတယ်။ အင်တာဗျူးကို အစောကြီးကြိုသွားလည်းမရပါဘူး။ လိုအပ်တဲ့ စာရွက်တွေကို file အကြည်ထဲထည့်ပြီး appointment ရှိကြောင်း passport ပြပြီး ဝင်ခိုင်းတော့မှ ဝင်ရတယ်။ ပထမဦးဆုံး အမေရိကန်သံရုံးကို ရောက်ဖူးခြင်းပါပဲ။ အထဲရောက်တော့ ခဏစောင့်ပြီး ကိုယ့်အမည်ကိုခေါ်တော့မှ ငွေသွင်းပြီး အင်တာဗျူးဝင်ဖို့ ထပ်စောင့်ရတော့တာပေါ့။ ခဏနေတော့ အင်တာဗျူးဖို့ခေါ်ပါလေရော။ ညာလက်ထောက်ပြီး ကိုယ်တင်သော အချက်အလက် အရာအားလုံး မှန်ကန်ကြောင်း ထွက်ဆိုရပါတယ်။ မေးတာကတော့ ဘယ်ပြည်နယ်သွားမှာလဲ?ဘယ်သူရှိလဲ? ဒီလောက်ပါပဲ။ နောက်ဆုံးတော့ ၁ ပတ်နေရင် ပတ်ပို့စာအုပ်ပြန်လာယူရန် ရက်ချိန်းပေးလိုက်ပါတော့တယ်။ ဒါကြောင့် တလက်စတည်း ရန်ကုန်မှာပဲ နေပြီး စောင့်ယူခဲ့ရတာပါ။

ဟေး…. နောက်တပတ်နေရင် Diversity Visa ရလာပါပြီပေါ့။

Visa ပါသော ပတ်ပို့ စာအုပ် ၄ အုပ်ကိုသိမ်းပြီး မန္တလေးကို ကားမောင်းလို့ ပြန်ခဲ့ကြတာပေါ့။
မန္တလေးရောက်တော့ ကိုယ်သွားချင်တဲ့ရက်ကို cheap flights လက်မှတ်လေးဖြတ်ပြီး အေးအေးဆေးဆေးပေါ့။

ဒီလိုနှင့်အလုပ်တွေပြန်လုပ်၊ ခလေးတွေလည်း ကျောင်းပြန်တက်ကြပေါ့။ ခလေးတွေကျောင်းပြီးတော့မှ US ကို သွားကြဖို့ စီစဉ်ခဲ့ကြတာပါ။ ကိုယ်လည်း အလုပ်ကို အချိန်ညှိပြီး ထွက်စာ တင်ရတော့တာပေါ့။ ဒါပေမယ့် ဖြစ်ချင်တော့ COVID 19 က ကမ္ဘာတဝှမ်းဖြစ်နေကြပါပြီ။ ထရန့်ကလည်း တချို့ visa တွေပိတ်နေပြီ။ ကိုယ်တွေ အင်တာဗျူးပြီးတော့မှ ပိတ်တော့ ကိုယ်တွေ အတွက် ကံကောင်းရပါတယ်။ ဒါပေမယ့် နောက်ပိုင်း သမားတွေအတွင် စိတ်မကောင်းခဲ့ရပါဘူး။ ဘူတို့ ထရန့်ရဲ့ပိတ်ပင်မှုကြောင့် DV ပေါက်ပြီး အခွင့်အရေး လွဲခဲ့ကြတာကိုး။ ပြောရင်းနှင့် စိတ်မကောင်းပါဘူး။
ကိုတွေ US ကိုလာဖို့ သင်္ကြန်အပြီး၂၀၂၀ ကို စီစဉ်ခဲ့ကြတာပါ။ ဒါပေမယ် ထရန့်က ပြည်ဝင်ခွင့်တွေ ပိတ်မှာစိုးတဲ့ အတွက်ကြောင့် ရနိုင်မည့် လေယာဉ်လက်မှတ်ပြန်ပြောင်းရတော့တာပေါ့။ အပိုကြေးထပ်ပေးရပါသေးတယ်။ အစက နှုန်းထားတာထက် ပိုကုန်သွားတာပေါ့။
ပိုင်ဆိုင်တဲ့ ကားလေးကို သန့်ရှင်းရေးလုပ်၊ polish ပြန်တင်ပြီးတော့ အရောင်းပို့တင်ရတော့တာပေါ့။ မန္တလေးမှာရောင်းဖို့ စီစဉ်ပါသော်လည်း ရန်ကုန်လိုင်စင်ကားကို မန္တလေးသားတွေက စျေးများလို့ မဝယ်ကြပါဘူး။ ဒါကြောင့် ရန်ကုန်မှာ လာပြီး ဘယ်နေ့ ဘယ်ရက်ကားကြည့်နိုင်ပါတယ်လို့အရောင်းပို့တင်ပြီး ရန်ကုန်ကို တစ်ယောက်ထည်းဆင်းရပြန်ပါတယ်။
ဟိုရောက်တော့ ဆရာ့သမားဆီဝင်ပြီး ကားကို ရေစင်တော်ဖြန်းပြီး အရောင်းထွက်အောင်ဆုတောင်းရပါတယ်။ နောက်ပြီး ကားရေဆေးပြီးတော့ တည်းခိုမည့် တည်းခိုခန်းကို သွားရတာပေါ့။
အဲဒီနေ့ပဲ အဝယ်တွေ ၅ ယောက်လောက်လာကြည့်ပြီး အရောင်းတည့်သွားခဲ့တာပါ။
ကားလေးရောင်းပြီး စိတ်ချမ်းသာသွားတာပေါ့။ မရောင်းထွက်ရင် ကားအတွက် နောက်ဆံတင်းနေမှာကိုး။

ဒါပေမယ့် ရန်ကင်းမှာ အိမ် ၂ လုံး၊ အင်းစိန် မုဒိတာမှာ တိုက်ခန်းတစ်ခု၊ အရှေ့ ဒဂုံမှာ ၀.၈၅ ဧက ခြံနှင့် နယ်ရှိရန်ကုန်မန္တလေးလမ်းမှာ အိမ်နှင့်ခြံ တစ်လုံးတော့ အခုထိ ရှိနေသေးတာပါ။

ဒီလိုနှင့် အားလုံးပြင်ဆင်ပြီးတော့ သွားကြမယ့်ရက်နီးလာပြီပေါ့။ ဒီမှာ သားငယ်က သွားဖို့ တပတ်အလိုမှာ ချောင်းဆိုးရောဂါ စဖြစ်လာပါတော့တယ်။ ဆေးခန်းတွေပြ၊ သောက်ဆေးတွေသောက် မပျောက်ပါဘူး။ သွားဖို့ရက်ကလည်း နီးနေပါပြီ။

ချောင်းဆိုးတာ မသက်သာပေမယ့် US ကိုသွားဖို့အတွက် မန္တလေးကနေ ရန်ကုန်ကို အမြန်ကားစီးပြီး အထုတ်အပိုးတွေနှင့် ဆင်းကြရပြန်တာပေါ့။
မန္တလေးမှာ ၁ နှစ်ကျော်ကျော်နေခဲ့ရတာ အရမ်း သံယောဇဉ်တွေဖြစ်မိပါတယ်။ မန္တလေးကို ရန်ကုန်ထက်ပိုပြီးတော့ သဘောလည်း ကျမိပါတယ်။ ရန်ကုန်မှာ ကားမောင်းရတာထက် မန္တလေးမှာ ကားမောင်းရတာပိုလို့ သဘောကျမိတယ်။

မတ်လ ၂၃၊ ၂၀၂၀ မှာ တည်းခိုခန်းကနေ ကားဌားပြီး လေယာဉ်ကွင်းကို ထွက်လာခဲ့ကြတယ်။ ရန်ကုန်- ထိုင်ဝမ်- ဆန်ဖရန်စစ်စကို ကိုပါ။ ထိုင်ဝမ်ရောက်တော့ transit ဆိုတော့ နောက်လေယာဉ်ထပ်စောင့်ရတာပေါ့။ စထွက်နေ့မှာပဲ မြန်မာမှာ COVID positive case စတွေ့တော့တာပဲ။ မှတ်မှတ်ရရ date လှလှပါ။

ဘာပိုင်ဆိုင်မှုမှ မရောင်းချပဲ ဘဏ်ထဲရှိတာလေးနှင့် ကားလေးရောင်းပြီးတော့ ဘုမသိ ဘမသိ အမေရိကားကို ရောက်လာကြတာပါ။
…….
အမေရိကားခရီး အစပြုပါပြီ။

winner များအားလုံး အမေရိကားကို ချောချောမွေ့မွေ့ ရောက်လာနိုင်ကြပါစေ 🙏🙏🙏

လေးစားစွာဖြင့်
သန်းဌေး




https://mm.usembassy.gov/wp-content/uploads/sites/41/Additional-Form-2.pdf

Non immigrant အတွက် အီးမေးလိအ်စာ….
[email protected]

Immigrant အတွက် အီးမေးလိပ်စာ….
[email protected]

Crd

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Goddess DV Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Goddess DV Services:

Share