23/06/2023
သင့်အနာဂတ်အတွက် မှန်ကန်တဲ့ လမ်းကြောင်းကို ရွေးချယ်နိုင်ဖို့ အရေးကြီးတဲ့ အချက် ၅ချက်
��၁.ကိုယ့်ကိုကိုယ် သိပါ
လူတယောက်မှာ ကိုယ်ဘာဖြစ်ချင်လဲ
ကိုယ်ဘာဝါသနာပါလဲ
ကိုယ်ဘယ်လိုရှင်သန်နေထိုင်ချင်လဲဆိုတာကို
တွေးကြည့်ဖူးဖို့ လိုအပ်ပါတယ်
လူတွေက ကိုယ်ဖြစ်ချင်တာ ဘာမှန်းမသိကြ မစဥ်းစားဖူးကြတဲ့ အတွက် ကိုယ်ရဲ့ အိပ်မက်တွေကို အကောင်ထည်မဖော်ဖြစ်လိုက်ကြပဲ ဘဝဆုံးသွားတဲ့လူတွေ အများကြီးရှိပါတယ်
ဘာကိုစိတ်ဝင်စားလဲ?ဘယ်အရာတွေမှာ ကိုယ်အားသာသလဲ? ကိုယ့်ရဲ့ တန်ဖိုးကဘာလဲ စသည်ဖြင့် မေးခွန်းတွေကို ကိုယ့်ကိုကို မေးကြည့်ပါ
မှန်ကန်တဲ့ လမ်းကြောင်း၊ မှန်ကန်တဲ့ အလုပ်ကိုင် အသက်မွေးဝမ်းကြောင်းရွေးချယ်တဲ့ နေရာမှာ ပထဆုံး အရေးကြီးတဲ့ အချက်ကတော့ ကိုယ့်ကိုကို အပေါ်ယံမဟုတ်ပဲ နက်နက်ရှိုင်းရှိုင်း နားလည်ဖို့ပဲ ဖြစ်ပါတယ်။ တကယ်လို့ စဥ်းစားရခက်နေတယ်ဆိုရင် ဒီလိုလုပ်ကြည့်ပါ။
-မျက်လုံးမှိတ်လိုက်ပါ
�- ကိုယ့်ဘဝ မှာ မှတ်မှတ်ထင်ထင်ဖြစ်တဲ့ အဖြစ်ပျက်တွေထဲကမှ
Woow ဒီအရာကို လုပ်နေရတာ “မိုက်လိုက်တာ” “ပျော်ဖို့ကောင်းလိုက်တာ” လို့ တွေးမိတဲ့ အဖြစ်ပျက်တွေကို စဥ်းစားကြည့်ပါ
-ကိုယ့်ရဲ့ အားသာချက် skill တွေကို ချရေးပါ
တွေးတောခြင်းဟာ ရေကို လက်နဲ့ ခံတာနဲ့ တူပြီးတော့ ချရေးထားလိုက်တာကတော့ ရေကို ခွက်နဲ့ ခံသလိုရရှိပါတယ်
အဲ့တာကြောင့် ကိုယ့်ရဲ့ အားသာချက်နဲ့ ကိုယ်တတ်မြောက်ထားတဲ့ skill တွေကို ချရေးပါ
ကိုယ့်ကိုကို လေ့လာပြီး နားလည်ခြင်းအားဖြင့် မှန်ကန်တဲ့ လမ်းကြောင်းကို ပိုမို ရွေးချယ်နိုင်ဖို့ အခွင့်လမ်းများပါတယ် ��
၂. အလုပ်အကိုင်အခွင့်လမ်း Career တွေကို လေ့လာပါ
ကိုယ့်ကိုကို သိသွားပြီဆိုရင်တော့ ရွေးချယ်စရာအများကြီးရှိနေတဲ့ career တွေကို လေ့လာကြည့်လိုက်ရအောင်ပါ ဘယ်ပေါ်မှာ အခြေခံပြီးလေ့လာမလဲဆိုရင်
လုပ်ငန်းခွင်တွေကို စူးစမ်းကြည့်ပါ Research လုပ်ကြည့်ပါ
ကိုယ်က ဘယ်လုပ်ငန်းခွင်မှာလုပ်ချင်တာလဲ ဥပမာဆိုရင် IT နယ်ပယ်မှာလား, Seamanship လား, နောက်အဲ့ထဲကနေပြီး ထပ်ပြီးခွဲထွက်တာတွေ ထပ်ရွေးရပါမယ်
ဥပမာ IT မှာဆို web application ရေးတဲ့သူဖြစ်ချင်တာလား mobile app တွေရေးတဲ့သူဖြစ်ချင်တာလား စသည်ဖြင့်ပေါ့ အဲ့ဒီလိုလေ့လာတဲ့နေရာမှာလည်း အဓိက အရေးကြီးတာကတော့ ကိုယ်တကယ် ချစ်နှစ်သက်တဲ့ အလုပ်ဖြစ်ဖို့ လိုပါသေးတယ်�
နယ်ပယ် နဲ့ အလုပ်လုပ်လိုတဲ့ job role တွေရွေးပြီးသွားပြီဆိုရင် ဘယ်တက္ကသိုလ်တွေမှာ တက်ရမလဲ ဘယ်လို ပညာရေးကို ယူရမလဲစသည်ဖြင့် စုံစမ်းပါ နယ်ပယ်ထဲမှာ တကယ်အလုပ်လုပ်နေကြတဲ့ လူတွေကို ဆယ်သွယ်ပြောဆို စုံစမ်း စကားပြောကြည့်ပါ အဲ့လိုနည်းတွေပြင် တခြားနည်းလမ်းတွေလည်း အများကြီးရှိပါသေးတယ်....
၃.ဆုံးဖြတ်ပါ
လေ့လာလို့ပြီးသွားရင်တော့ ဆုံးဖြတ်ပါ ခုနက လေ့လာထားတဲ့ အလုပ်တွေထဲကနေပြီးတော့ မှ ကိုယ်လုပ်ချင်တဲ့ အလုပ်ကို ရွေးချယ်ဆုံးဖြတ်ရမှာဖြစ်တယ် အဲ့လိုဆုံးဖြတ်တဲ့နေရာမှာ အလုပ်ခွင်စိတ်ကျေနပ်မှု work-life balance လို့ခေါ်တဲ့ အလုပ်နဲ့ ဘဝ ညီမျှမှု, လစာကောင်းမကောင်း ,ရှေ့ဆက်တိုးတက်နိုင်ခြေရှိမရှိ စတာတွေအပြင် အလုပ်လုပ်ကိုင်ရမဲ့ နေရာဒေသကအစ စဥ်းစားဆုံးဖြတ်ရမှာဖြစ်ပါတယ်
၄. ဆုံးဖြတ်ပြီးသွားရင် လက်တွေ့ အတွေ့ကြုံယူပါ
ကိုယ့်လျှောက်မဲ့ လမ်းကို ဆုံးဖြတ်ပြီးသွားပြီဆိုရင်တော့ လုပ်ငန်းခွင် အတွေ့ကြုံယူဖို့လိုအပ်ပါတယ် "အတွေ့ကြုံမရှိလို့ အလုပ်မရ အလုပ်မရလို့ အတွေ့ကြုံမရှိ" မဖြစ်ရလေအောင် ကျောင်းတက်နေကတည်းက internship အလုပ်သင်လုပ် part time လုပ် Volunteer လုပ်ပြီး အတွေ့ ကြုံတွေယူရပါတယ် ကျွန်တော်တို့ရဲ့ Brighter Future မှာဆိုရင် တက္ကသိုလ်တက်နေ ကျောင်းတက်နေကတည်းက အလုပ်အတွေ့ကြုံရအောင် ဝင်ငွေလမ်းကြောင်းရရှိအောင် တည်ဆောက်ထားနိုင်တဲ့ လမ်းကြောင်းတွေကို သင့်ဆီယူဆောင်လာပါပြီ �
၅. Guide လုပ်ပေးမဲ့ mentor ရှာပါ ဆက်လက်လေ့လာပါ
��Career အသက်မွေးဝမ်းကြောင်း ရွေးချယ်ရတာ ခက်ခဲပါတယ်
တယောက်ထဲလုပ်ဖို့ဆိုတာ တကယ်မလွယ်ပါဘူး ဒါကြောင့်မို့ career expert, လမ်းပြပေးမဲ့ ဂိုက်တွေ နဲ့ ကိုယ်ရွေးချယ်ထားတဲ့ နယ်ပယ်ထဲက professional တွေဆီက အကြံဉာဏ်တောင်းခံပါ
သူတို့ဆီကနေပြီးတော့ ကိုယ်မမြင်မိတဲ့ ရှု့ထောင့် မတွေးမိတဲ့ အကြံဉာဏ်တွေရရှိနိုင်ပါတယ် အထူးသဖြင့် မိမိကိုယ်တိုင် ရွေးချယ်ထားတဲ့ နယ်ပယ်ထဲမှာ deep ထိရောက်အောင် နက်နက်ရှိုင်းရှိုင်း ဆက်လက်လေ့လာရမယ် ပြီးတော့ နောက်ကျမနေခဲ့အောင် အမြဲမျက်စိဖွင့် နားစွင့်ပြီး ဆက်လက်လေ့လာနေသင့်ပါတယ် ��
အချူပ်အနေနဲ့ ပြောရရင်တော့ အနာဂတ်အတွက် မှန်ကန်တဲ့လမ်းကြောင်းရွေးချယ်တဲ့နေရာမှာ ကိုယ့်ကိုကို ပြန်လည်သုံးသပ်မှု ရှာဖွေစူးစမ်းတတ်မှု ဆုံးဖြတ်ချက်ကောင်းတွေ ချတတ်မှုတွေက အဓိက အခရာ ကျပါတယ်
ပြီးတော့ career လမ်းကြောင်းရွေးချယ်တယ်ဆိုတဲ့ နေရာမှာ လှေနံဓားထစ် အမြဲတမ်းတသတ်မတ်ထဲ သတ်မှတ်မထားပဲ ကိုယ်နဲ့ အဆင်ပြေသလို ငြိယူလို့ ရပါတယ် ဘဝမှာ သင်လိုချင်တဲ့ အရာတွေကို သင့်မှာ ရွေးချယ်ပိုင်ခွင့် ရှိပါတယ် Open-minded ဖြစ်ပါ ဘယ်အရာမဆိုသင်ယူရင် တတ်မြောက်နိုင်တယ်ဆိုတာ ယုံကြည်ပါ ကိုယ့်ကိုကို ယုံကြည်ပါ
Messenger, Viber နဲ့ telegram မှာ Booking ပြုလုပ်နိုင်ပါပြီ
--Brighter Future Academy--
Telegram - https://t.me/+EnpSAlEAI8ljOTM1
Viber -
https://invite.viber.com/?g=Ho-0qo1NOFESp33f1tgjecmEC5f3_t4u