San Yeik Nyin motorcycle spare parts

San Yeik Nyin motorcycle spare parts ဆိုင်ကယ်အပိုပစ္စည်းရှာမရလို့စိတ်ညစ?

ထမင်းရှင်များအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး ကပ်ရောဂါဘေးမှ ဝေးကွာနိုင်ကြပါစေခင်ဗျာ
11/09/2020

ထမင်းရှင်များအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး ကပ်ရောဂါဘေးမှ ဝေးကွာနိုင်ကြပါစေခင်ဗျာ

ဘီးကြီးအပိုပစ္စည်းများရောက်ပါပြီခင်ဗျာ
16/01/2020

ဘီးကြီးအပိုပစ္စည်းများရောက်ပါပြီခင်ဗျာ

12/08/2019

"တွေ့ဆုံချိန်​မှာ ချစ်​ချစ်​ခင်​ခင်​​နေထိုင်​ပါ"

ကိုယ်​သံ​ယောဇဉ်​ရှိသလို
သူမရှိဘူးလို့ ​တွေးမိ​နေရင်​..
သူလည်း အဆင်​မ​ပြေတဲ့
အ​ကြောင်း​လေး​တွေ ရှိ​နေလို့​နေမှာပါလို့...
ကို့ယ်​ဘက်​က ​​နားလည်​​ပေးလိုက်​ပါ။

ကိုယ်​ခင်​သလို သူမခင်​ဘူးလို့ 
ထင်​မိ​နေရင်​...
သူလည်း သူ့အလုပ်​ကိစ္စ​တွေနဲ့
မအားလပ်​လို့​နေမှာပါလို့...
ကိုယ့်​ဘက်​က သ​ဘောထားကြီး​ပေးလိုက်​ပါ။

ကိုယ်​ကူညီသလို သူပြန်​မကူညီဘူးလို့
အပြစ်​မြင်​မိ​နေရင်​...
သူလည်း သူ့အခက်​အခဲနဲ့သူ
ဖြေရှင်း​နေရလို့​နေမှာပါလို့
ကိုယ့်​ဘက်​က ကိုယ်​ချင်းစာ​စိတ်
ထား​ပေးလိုက်​ပါ။

လူအချင်းချင်း ​ရေစက်​ရှိလို့ 
တွေ့ဆုံခဲ့ကြတာ
တချိန်​ချိန်​မှာ အ​ကြောင်း​ကြောင်းကြာင့်
လမ်းခွဲသွားခဲ့ကြရမှာပါ။

တစ်​မြေတစ်​​နေရာစီ ရှင်​သန်​​နေလျက်
ခွဲခွာကြရသလို
ဘယ်​​တော့မှ မ​တွေ့မမြင်​နိုင်​​တော့တဲ့
သေခြင်းတရားနဲ့လည်း ခွဲခွာခဲ့ကြရပါသည်​။

တွေ့ဆုံချိန်​မှာ ချစ်​ချစ်​ခင်​ခင်​​နေထိုင်​ပါ။
တစ်​ဦး​အ​ပေါ်တစ်​ဦး နားလည်​​ပေးပါ။
တစ်​ဦး​အ​ပေါ်တစ်​ဦး သ​ဘောထားကြီး​​ပေးပါ။
တစ်​ဦးအ​ပေါ်တစ်​ဦး ကိုယ်​ချင်းစာ​စိတ်
ထား​ပေးပါ။

သံသယကင်းတဲ့ အချစ်​နဲ့ ချစ်​ပါ။
အတ္တကင်းတဲ့ နှလုံးသားနဲ့ မြတ်​နိုးပါ။
မာနကင်းတဲ့ စိတ်​ထားနဲ့ ခင်​မင်​ပါ။
မျှော်​လင့်​ခြင်းကင်းတဲ့ ​ပေးဆပ်​ခြင်းနဲ့ ကူညီပါ။

လူ့ဘဝဆိုတာ ​နေ့မြင်​ည​ပျောက်
တွေ့ဆုံချိန်​​တွေ နည်းလွန်းပါသည်​။
လမ်းခွဲပြီးရင်​ ​ကျောခြင်းကပ်​လျက်​နဲ့​တောင်
မမြင်​နိုင်​​တော့​အောင်
ဝေးကွာသွားတတ်​ကြပါသည်​။

ဒါ့​ကြောင့်​ ​တွေ့ဆုံကြချိန်
ခင်​မင်​ကြချိန်​​လေးမှာ
ပျော်​​ပျော်​ရွှင်​ရွှင်​ ကြင်​ကြင်​နာနာ
ရယ်​ရယ်​​မော​မောနဲ့ စိတ်​နှလုံး​အေးချမ်း
သာယာစွာ ​နေထိုင်​ကြပါက
လူ့ဘဝကြီးဟာ သိပ်​​ကျေနပ်​စရာ
ကောင်းပါလိမ့်​မည်​။

Credit ;original writer

Posted by >> Min Khaing

12/08/2019

Address

Bogyoke Street
Yangon
11401

Telephone

+9595118158

Website

Alerts

Be the first to know and let us send you an email when San Yeik Nyin motorcycle spare parts posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to San Yeik Nyin motorcycle spare parts:

Share