Zwe Htet Win Ticket Selling & Tour Agency

Zwe Htet Win Ticket Selling & Tour Agency မြန်မာပြည်ရဲ့ဘယ်နေရာမဆို ဇွဲထက်ဝင်း နဲ့ခရီးသွားမယ်

🌅  #ပူပြင်းတဲ့_နွေရာသီမှာ_ဘေးကင်း_ကျန်းမာစေဖို့_ခရီးသွား_အကြံပြုချက်များ 🌇အခုလို ပူပြင်းတဲ့ နွေရာသီလများအတွင်း ခရီးသွားပ...
30/04/2023

🌅 #ပူပြင်းတဲ့_နွေရာသီမှာ_ဘေးကင်း_ကျန်းမာစေဖို့_ခရီးသွား_အကြံပြုချက်များ 🌇

အခုလို ပူပြင်းတဲ့ နွေရာသီလများအတွင်း ခရီးသွားပါက ဘေးကင်းပြီး ကျန်းမာနေစေရန်အတွက် သင် လုပ်ဆောင်နိုင်သော ကြိုတင်ကာကွယ်မှု အချို့ကို မင်မင်တို့က ဖော်ပြပေးလိုက်ပါတယ်နော်...

💧 #ရေဓာတ်_ရှိနေပါစေ။
နွေရာသီ အပူရှိန်ကြောင့် ရေဓာတ်ခန်းခြောက်စေနိုင်တာမို့ တစ်နေ့တာလုံး ရေများများသောက်ဖို့ အသေချာလိုပါတယ်။ ပြန်သုံးနိုင်သော ရေပုလင်းကို သင်နဲ့အတူ ဆောင်သွားပါ။ ချွေးထွက်များလျှင် သီးစုံဓာတ်ဆားရည်လည်း သောက်သုံးသင့်ပါတယ်။ ကဖိန်းဓာတ်နဲ့ အရက်အလွန်အကျွံသောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။

😎 #သင့်အသားအရေကို_ကာကွယ်ပါ။
နေရောင်ခြည်ရဲ့ ခရမ်းလွန်ရောင်ခြည်က သင့်အသားအရေကို ပျက်စီးစေတာမို့ အပြင်ထွက်တဲ့အခါ နေရောင်ကာခရင်မ် လိမ်းပေးသင့်ပါတယ်။ သင့်အသားအရေကို နေရောင်ဒဏ်မှကာကွယ်ရန်အတွက် ထီး၊ ပါးကျယ်သော ဦးထုပ်၊ နေကာမျက်မှန် နဲ့ ပေါ့ပါးပြီး လေဝင်လေထွက်ကောင်းသော ချည်ထည် လက်ရှည်အဝတ်အစားများကို ဝတ်ဆင်ပါ။

🤗 #စိတ်အေးအေး_ထားပါ။
ပေါ့ပါးပြီး လေ၀င်လေထွက်ကောင်းတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပြီး တတ်နိုင်သမျှ လေအေးပေးစက်ရှိတဲ့ နေရာတွေမှာ နေထိုင်ပါ။ အပြင်တွင်ရှိနေပါက သင့်ကိုယ်သင် အေးမြစေရန်အတွက် သယ်ဆောင်ရလွယ်ကူသော ပန်ကာငယ် (သို့) ယပ်တောင်ကို အသုံးပြုပါ။

🍜 #အစားအသောက်_ဂရုစိုက်ပါ။
သွေးတိုးရှိသူများ အငန်လျော့ စားသင့်ပြီး၊ ဆီးချိုရှိသူများအနေဖြင့်လည်း အချိုလျော့ စားသင့်ပါတယ်။ လက်သုပ်အစားအစာများနဲ့ ဝမ်းနူးစာများလည်း ရှောင်သင့်ပါသည်။

🏖 #ရေကူးတဲ့အခါ_သတိထားပါ။
ရေကူးကန်မှာ ဒါမှမဟုတ် ကမ်းခြေမှာ ရေကူးနေရင် တစ်ယောက်တည်း ဘယ်တော့မှ မကူးပါနဲ့။ စည်းကမ်းများနဲ့ သတိပေးချက်များအားလုံးကို လိုက်နာပြီး အားပြင်းသောရေစီးကြောင်း၊ ဒီရေလှိုင်းများကို သတိထားပါ။ အရမ်းပူပြင်းသောအချိန်မှာ ရေထဲဆင်းခြင်းကို ရှောင်ကြဉ်ပါ။

🐝🦂 #အင်းဆက်များ_သတိထားပါ။
နွေရာသီတွင် ခြင်နဲ့ အခြားအင်းဆက်ပိုးမွှားများ ပိုမိုဖြစ်ပွားနိုင်ပါတယ်။ အင်းဆက်ပိုးမွှားကာကွယ်ဆေး သုံးပါ။ အပြင်ဘက် ခရီးသွားရင်း ညအိပ်ချိန်မှာ ဘောင်းဘီရှည်နဲ့ အင်္ကျီလက်ရှည်များကို ၀တ်ဆင်သင့်ပြီး အင်းဆက်များ စုဝေးရာနေရာများကို ရှောင်ကြဉ်ပါ။

🚑 #အရေးပေါ်အစီအစဉ်
သင့်တွင် မိမိနှင့် မိမိပါတ်ဝန်းကျင်ရှိ လူများ အရေးပေါ် အခြေအနေနဲ့ ကြုံကြိုက်လာပါက ကျန်းမာရေးဌာနမှ ညွှန်ကြားထားသည့် ရှေးဦးပြုစုနည်းများကို သိထားသင့်ပြီး အရေးပေါ်ဆေးဝါးနဲ့ ကိရိယာများလည်း ဆောင်ထားသင့်ပါတယ်။ အရေးပေါ်အခြေအနေတွင် အမြန်ဆုံးကုသမှုခံယူနိုင်ရန် အနီးဆုံးဆေးရုံ သို့မဟုတ် အရေးပေါ်ကုသရေးဌာနများ၏ တည်နေရာများကိုလည်း သိရှိထားသင့်ပါသည်။

📌 ဤကြိုတင်ကာကွယ်မှုများကို လိုက်နာခြင်းဖြင့် သင့်ရဲ့​နွေရာသီခရီးကို ဘေးကင်းလုံခြုံပြီး သက်တောင့်သက်သာ ဖြစ်စေနိုင်ပါတယ်။

🚌🤷‍♂️ အန္တရာယ်ကင်းပြီး သက်တောင့်သက်သာဖြစ်စေဖို့ OK Express နဲ့ ခရီးသွားကြစို့ 🚌🤷‍♀️

#အပူဒဏ်ကာကွယ်ရေး
#ကျန်းမာရေး
ှာလက်မှတ်ဖြတ်ပါ။





28/04/2023

သူများနဲ့ကိုယ်နဲ့ မတူစေနဲ့ 💙
Wah🤍🩷........................................

• သူများအိပ်တဲ့အခါ
📖ကိုယ်က လေ့လာပါ ~~~

•• သူများ တွေဝေနေတဲ့အခါ
📖ကိုယ်က ဆုံးဖြတ်ပါ ~~~

•• သူများ လေထဲ တိုက်ဆောက်နေတဲ့အခါ
📖ကိုယ်က ပြင်ဆင်ပါ ~~~

•• သူများ အချိန်ဆွဲနေတဲ့အခါ
📖ကိုယ်က စတင်ပါ ~~~

•• သူများ ဆုတောင်းနေတဲ့အခါ
📖ကိုယ်က လက်တွေ့လုပ်ပါ ~~~

•• သူများ ဖြုန်းနေတဲ့အခါ
📖ကိုယ်က စုပါ ~~~

•• သူများပြောနေတဲ့အခါ
📖ကိုယ်က နားထောင်ပါ ~~~

•• သူများမျက်နှာကြောတင်းနေတဲ့အခါ
ကိုယ်က ပြုံးပါ ~~~

•• သူများရပ်လိုက်တဲ့အခါ
📖ကိုယ်က ဇွဲရှိပါ ~~~

👉.. မဖြုန်းသင့်သည့်အရာ ( ၃ ) ပါး
👉.. ငွေကို ဖြန်းလျှင် .....
👉.. ဥစ္စာကို ဆုံးရှုံးရတတ်သည် ....''

👉.. စကားကို ဖြုန်းလျှင်
👉.. သိက္ခာကို ဆုံးရှုံးရတတ်သည် .... ''

👉.. အချိန်ကို ဖြန်းလျှင်
👉.. ဘဝကို ဆုံးရှုံးရတတ်သည် ....... ''

ရာသီဥတု အပူချိန် 40'C အထက်ဖြစ်နေလို့ကားမောင်းသူတိုင်း သတိထားရမဲ့ Aircon အန္တရာယ် .....(၁) ကားအဲယားကွန်းမဖွင့်မီ စက်နှိုး...
27/04/2023

ရာသီဥတု အပူချိန် 40'C အထက်ဖြစ်နေလို့
ကားမောင်းသူတိုင်း သတိထားရမဲ့ Aircon အန္တရာယ် .....

(၁) ကားအဲယားကွန်းမဖွင့်မီ စက်နှိုးပြီး ကားမှန်တံခါးများအားလုံး ချထားပါ။ ပြင်ပလေဝင်ပြီး နောက်မှ ကားအဲယားကွန်းကို အနိမ့်ဆုံးမှ စ၍ ဖွင့်ပါ။ ထို့နောက်မှ မှန်များပြန်တင်ပြီးစီးလျှင် အပူ၊ အအေး ရုတ်တရက် အပြောင်းအလဲ မဖြစ်စေနိုင်ပါ။

(၂) နေပူချိန်အဲယားကွန်းသုံးသော ကားဖြင့် အပြင်သွားလျှင် ရေသန့်ဗူး ယူဆောင်သွားပါ။ နေပူပြင်းသည့်နေရာတွင် ကားရပ်ပြီး အပြင်းသို့မဆင်းမီ ရေကိုအတော်အသင့် သောက်ပြီးမှ ဆင်းလျှင် ရုတ်တရက် ဦးနှောက်သို့ သွေးဆောင့်တက်ခြင်းမှ ကာကွယ်နိုင်ပါသည်။

(၃) အဲယားကွန်း ကြိုတင်ဖွင့်ထားသည့် ဘတ်စ်ကားကြီးများပေါ်သို့ နေပူထဲမှဝင်လျှင် တက် စီးလျှင် မတက်မီက ကြိုတင်ပြီး ရေအေးသောက်ထားပါ။ အချိုလူကြီးများသည် ကားပေါ်တွင် ဆီးသွားချင်မည်စိုးသဖြင့် ရေမသောက်ဘဲ ခရီးသွားလေ့ရှိသည်မှာ အမှားဖြစ်ပါသည်။ ထို့အတူပင် ညအိပ်ချိန်တွင် အဲယားကွန်း ဖွင့်အိပ်သူများမှာလည်း အိပ်ရာမဝင်မီ ရေအေးတစ်ခွက် သောက်ပြီးမှ အိပ်လျှင် ကိုယ်တွင်း(အစာအိမ်)မှ အပူနှင့် ပြင်ပအဲယားကွန်းမှ အအေးဓာတ်တို့ ဝိရောဓိဖြစ်ခြင်းမှ ကာကွယ်ရာရောက်မည် ဖြစ်သည်။

အထက်ဖော်ပြခဲ့သော အချက်သုံးချက်ကို သတိပြုလိုက်နာခြင်းဖြင့် အဲယားကွန်းကားစီးသူများ အပြင် အဲယားကွန်းအခန်းဖြင့် အိပ်စက်သူများပါ အပူ၊ အအေးဝိရောဓိ လွန်ကဲမှုကြောင့် လေဖြတ်ခြင်း၊ ဦးနှောက် သွေးကြောပြတ်ခြင်းဘေးမှ ကင်းဝေးစေနိုင်ကြောင်း သတိပေးတင်ပြအပ်ပါသည်။

မူရင်းရေးသားသူအားလေးစားစွာဖြင့် Credit
ပေးပါသည်။

26/04/2023

#ရပ်တန့်မနေနဲ့

✔️ဘဝမှာလူတိုင်းက တခါတခါတော့ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိအောင် တွေဝေရင်း လမ်းပျောက်နေခဲ့ကြဖူးတယ်။

✔️အဲ့ဒီလိုကြုံလာရင် အကြာကြီးတွေဝေမနေဖို့
ကိုယ့်ကိုယ်ကို ဘာတွေလုပ်နိုင်မလဲ၊ ဘာတွေလုပ်သင့်တယ်ဆိုတဲ့အတွေးနဲ့အမြန်ဆုံးတွန်းအားပေး ခိုင်းစေပါ။

✔️အသက်အရွယ်နဲ့ အချိန်အခါရှိတုန်းမှာ
ကိုယ့်ဘဝရှေ့ရေးကြိုတွေးလို့ ကြိုးစားထားရမှာပါ။

✔️လူတွေအိပ်နေတယ်ဆိုရင်တောင် အချိန်တွေကတော့လည်ပတ်ရင်း ကုန်ဆုံးနေဆဲပါပဲ။

ရပ်တန့်ထားလို့မရတဲ့ အချိန်တွေဟာ တွေဝေနေတဲ့ကိုယ့်အတွက်အချိန်လွန်နောင်တတွေက လက်ဆောင်အဖြစ် ရောက်လာနိုင်လို့ပါပဲ။

✔️ဘဝတစ်ခုကိုရရှိထားတဲ့ လူတိုင်းအောင်မြင်ဖို့
ဆိုတာထက် ကြိုးစားမှုတွေ ရပ်တန့်မနေဖို့ပဲ အရေးကြီးတာပါ။

✔️ကြိုးစားမှုတွေ မရပ်သရွေ့ ကိုယ့်အတွက် ထိုက်တန်တဲ့တစ်နေရာတော့ ရှိနေစမြဲပါပဲ။

✔️တွေဝေလွန်းရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေနည်းလာတတ်တယ်။ကိုယ်ရည်ရွယ်တဲ့ အလုပ်တိုင်းကို သူများတွေတောင်လုပ်နိုင်သေးတာပဲ
ငါလည်းလုပ်နိုင်ရမယ်ဆိုတဲ့ ကိုယ့်ကိုယ်ကို ခိုင်မာတဲ့စိတ်၊ ယုံကြည်မှုအပြည့်နဲ့လုပ်မယ်ဆိုအလုပ်နဲ့ပတ်သက်တဲ့ သင်ယူမှုတွေဟာ တတ်မြောက်လွယ်စေတယ်အခက်အခဲတွေကိုလည်း နည်းစေပါတယ်။

✔️တချို့လည်း သင်ယူလေ့လာမှုတွေနဲ့ သူတို့ဘဝကို စတင်ပြီးအကောင်အထည်ဖော်နိုင်ဖို့ ပထမခြေလှမ်းအဖြစ် ကြိုးစားနေကြတယ်။

တချို့လည်းသင်ယူမှုတွေပြီးလို့ သူတို့ဘဝလမ်းကို ယုံကြည်မှုတွေနဲ့ ရည်ရွယ်ရာပန်းတိုင်ဆီ လျှောက်လှမ်းနေကြပြီ။

✔️သင်ကရော ဘာလုပ်ရမှန်းမသိပဲ တွေဝေရင်းလမ်းပျောက်နေတုန်းလား။ဆုံးဖြတ်ချက်ကို အလျင်စလိုချဖို့ မလိုပါဘူး။

✔️ကိုယ်နဲ့အသင့်တော်ဆုံးအလုပ်တစ်ခု ဘာတွေလုပ်နိုင်မလဲ၊ ဘယ်လိုလုပ်ရင် ကိုယ့်အတွက် အကောင်းဆုံးဖြစ်နိုင်မလဲ စဉ်းစားပြီး စတင်ပါတော့။

✔️ဘာပဲလုပ်လုပ် စမိတဲ့ချိန်ကစ အဆုံးသတ်သည်ထိ အကောင်းဆုံးကြိုးစားနိုင်မှ ​အောင်မြင်မယ်

✔️ကံကောင်းလာမယ့်နေ့တွေနဲ့ ကိုယ့်အတွက်
အခွင့်အရေးရနိုင်မယ့် အချိန်ကောင်းကို ထိုင်စောင့်ရင်း
သင့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကအချိန်လွန်နောင်တနဲ့ကြိုးစားမှုတွေ မလုပ်နိုင်တော့တဲ့
အိုမင်းခြင်းဆီကို သင့်ကို ခေါ်ဆောင်သွားပါလိမ့်မယ်။

✔️ကံကောင်းလာမယ့်နေ့အတွက်သင့်ရဲ့နုပျိုခြင်း
အချိန်တွေကိုရင်းပြီး အချိန်မဖြုန်းပါနဲ့
အလကားနဲ့ပေါ့ပေါ့လေး ရတဲ့အရာတွေဆိုတာ
တန်ဖိုးထားသူနည်းတယ်။

✔️အချိန်လွန်မှ နောင်တမရစေဖို့ သင့်ကြိုးစားမှုတွေကို ရပ်တန့်မနေပါနဲ့။သင့်ရဲ့ မျက်စိ၊ နား ၊ဦးနှောက်တံခါးကိုဖွင့်လို့ လုပ်သင့်တာတွေမြင်အောင်ကြည့်ပြီး ကြိုးစားမှုတွေစတင်ပါတော့

✔️ကြိုးစားနေသူတွေကလည်းလျော့နေတဲ့ခွန်အားများဖြည့်တင်းလို့ဆက်လျှောက်ကြပါလို့။

24/04/2023

စည်းထားပါ🙋🙋🙋🙋
လူတိုင်း လူတိုင်းမှာ
သူ့ရဲ့ ကိုယ်ရေးကိုယ်တာ
စိတ်ပိုင်းဆိုင်ရာ ပြဿနာ ဆိုတာ
ရှိပါတယ်..
✍✍✍
လူသိစေချင်တာ
ရှိသလို
လူမသိစေချင်တာလည်း
ရှိတတ်ကြပါတယ်..
✍✍✍
အဲဒါကြောင့်…
ပေါင်းသင်းဆက်ဆံရေး နယ်ပယ်မှာ
✍✍✍
သိပေမယ့်
မသိချင်ယောင် ဆောင်ရသလို
✍✍✍
သိပေမယ့်
မပြောပဲ နေပေးရတာလည်း ရှိပါတယ်..
✍✍✍
ဒီနေရာမှာ "စာနာမှု"က
လူတစ်ယောက်ရဲ့
အဆင့်အတန်းကို ပြပါတယ်..
✍✍✍
မိတ်ဆွေအစစ်လို့ ထင်ရတဲ့
ထင်ခဲ့တဲ့ လူတချို့က
ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ
အကြောင်းအရာတွေကို
အတင်းတုပ်တဲ့ အခါ
ပုံကြီးချဲ့တဲ့အခါ
ကိုယ်က သိပေမဲ့…
မသိချင်ယောင် ဆောင်လိုက်ဝာလည်း
ရှိတယ်..
✍✍✍
နောက်တစ်ခါ
သူတို့ ပုံကြီးချဲ့လို့
သိသွားတဲ့သူတွေက
မထိခလုတ် ထိခလုတ်
ခနဲ့ တဲ့တဲ့
ရိ သဲ့သဲ့ လာ လာ ပြောတဲ့အခါ
✍✍✍
ဘာမှတော့ ပြန်မပြောဘူး

ဒါပေမယ့်
သီးမခံနိုင်တဲ့ တစ်နေ့
ပြန်ပြောရင်လည်း
တယောက် မျက်နှာ တစ်ယောက်
ကြည့်နိုင်တော့မှာ မဟုတ်ဘူး..
✍✍✍
ပြောချင်တာက…

ဘာကြောင့် လူမှုရေး နယ်ပယ်မှာ
စည်း မထားတာလဲ-?
✍✍✍
ဘာကြောင့်…
ကိုယ့်ရဲ့ ပါးစပ်ကို စည်းကမ်း ရှိအောင်
မထိန်းသိမ်းတာလဲ-?
✍✍✍
ဘာကြောင့်…
သူများရဲ့ အကြောင်းအရာတွေကို
ပယ်ပယ်နယ်နယ် ပြောပြီး
အရသာ ခံချင်ရတာလဲ-?
✍✍✍
ငါလည်း တစ်နေ့ သူ့လို ကြုံနိုင်တယ်
ဆိုတဲ့
အဲဒီလို အသိလေး ရှိဖို့ လိုပါတယ်..
✍✍✍
လူတစ်ယောက်ရဲ့ အဆင့်အတန်းက
"ငွေကြေး ချမ်းသာမှု"မဟုတ်ဘူး..
✍✍✍
လူတစ်ယောက်ရဲ့ အဆင့်အတန်းက
"ပါးစပ်စည်းကမ်း ရှိဖို့" နဲ့
"စာနာ"နားလည်" "ဖေးမတတ်မှု" ပါ...။
📖📖📖📖📖📖📖📖📖
crd.

13/04/2023

❤ ((( မင်္ဂလာပါ ))) ❤
OK Express ကို အစဥ်မြဲ အားပေးနေသော ခရီးသွားမိဘပြည်သူအပေါင်း နှစ်သစ်ကူး အတာသင်္ကြန်ကာလမှာ ရွှင်လန်းချမ်းမြေ့ပါစေကြောင်း ဦးစွာ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ရှင့်... 🙏🙏🙏

ခရီးသွား မိဘပြည်သူများ သွားလာမှု အဆင်ပြေ ချောမွေ့ စေရန်အတွက် ...
#ရန်ကုန် မှ #ပခုက္ကူ၊ #ပုဂံညောင်ဦး၊ #ကျောက်ပန်းတောင်း၊ #မလှိုင်၊ #တောင်သာ၊ #မြင်းခြံ၊ #နွားထိုးကြီး ခရီးစဥ်များအား (13/4/2023) မနက်ခင်းအထိသာ ပြေးဆွဲမည် ဖြစ်ပါတယ်...
#ပခုက္ကူ၊ #ပုဂံညောင်ဦး၊ #ကျောက်ပန်းတောင်း၊ #မလှိုင်၊ #တောင်သာ၊ #မြင်းခြံ၊ #နွားထိုးကြီး မှ #ရန်ကုန် ခရီးစဥ်အား (17/4/2022) ရက်နေ့တွင် ပြန်လည် ပြေးဆွဲမည် ​ဖြစ်ပြီး...
ကျန် (14), (15), (16) ရက်များတွင် ခဏရပ်နားထားမည် ဖြစ်ပါတယ်ရှင့်...

🆗 #ခရီးစဥ်လက်မှတ် နှင့် #ကုန်စည်ဝန်ဆောင်မှုများ အတွက် အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့် ...

🏪 #အောင်မင်္ဂလာဂိတ် (Ygn)
09 451110001, 09 751110001
09 451110002, 09 751110002

🏪 #တန်ဆာပါဆယ်ဌာန (Cargo Service)
09 451110003, 09 751110003

🏪 #အောင်ဆန်းကွင်းဂိတ် (Ygn)
09 2608 66661, 09 7908 66661

**************

🏪 #မြင်းခြံဂိတ်
09 451110004, 09 751110004

🏪 #ကျောက်ပန်းတောင်းဂိတ်
09 2608 66665, 09 7908 66665

🏪 #ပုဂံ_ညောင်ဦးဂိတ်
09 451110005, 09 751110005

🏪 #ပခုက္ကူဂိတ်
09 2608 66667, 09 7908 66667

**************

💟💟 ခရီးသွားမိဘပြည်သူအပေါင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ကပ်ကြီးသုံးပါးမှ ကျော်လွှားနိုင်ပြီး ကောင်းခြင်းမင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ရှင့် 🙏🙏🙏

.,Ltd.







Market ထဲမှာ ဦးဆောင်နိုင်ဖို့ Competitive strategy ၃မျိုး Michael Treacy နဲ့ Fred Wiersma တို့ ၂နှစ်ဦးက marketထဲမှာ ဦ...
13/04/2023

Market ထဲမှာ ဦးဆောင်နိုင်ဖို့ Competitive strategy ၃မျိုး

Michael Treacy နဲ့ Fred Wiersma တို့ ၂နှစ်ဦးက marketထဲမှာ ဦးဆောင်နိုင်ပြီး တခြားပြိုင်ဘက်တွေထက် ယှဥ်ပြိုင်မှုအားသာချက်ကို ရချင်တယ်ဆိုရင် အဓိကအားဖြင့် ၃မျိုးကိုကောင်းအောင် သေချာလုပ်ဆောင်ရပါမယ်လို့ ပြောခဲ့ပါတယ်။ဒါတွေကတော့

(1)Operation excellence ဆိုတဲ့ ကိုယ်လုပ်ငန်းရဲ့ operationကို တဖြည်းဖြည်းနဲ့ပိုကောင်းအောင် လုပ်ဆောင်ခြင်းအားဖြင့် ကုန်ကျစရိတ်တွေကိုလျော့ချနိုင်ရပါမယ်။အဓိကအားဖြင့် ပစ္စည်းတွေကို ထုပ်တဲ့အခါ အကုန်အကျ သက်သက်သာသာဖြင့် များများထုပ်ပြီး economies of scaleရကာ marketထဲ စျေးသက်သက်သာသာနဲ့ ရောင်းနိုင်ခြင်းဖြငိ့ ပြိုင်ဘက်တွေထဲအားသာမှုကို ရရှိစေပါတယ်။ဒါကြောင့် productionမှာ Total Quality Management စနစ်တွေဖြစ်စေ၊ 7wasteကိုလျော့ချလို့ဖြစ်စေ operation process တစ်ခုချင်းစီအလိုက် ပိုပြီးefficienceဖြစ်အောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့

(2)Customer intimacy ဆိုတဲ့ customer တွေရဲ့လိုအပ်ချက်တွေ လိုချင်တာတွေအပေါ်မှုတည်ပြီး serviceတွေ productတွေပေးခြင်းဖြသ်ပါတယ်။Customer ကို အဓိက focusထားပြီး စဥ်းစာရမှာဖြစ်ပါတယ်။ကိုယ်က product တစ်ခုကိုပဲ customerတွေ အကုန်သုံးလိုရတဲ့ပုံစံထုပ်ပေးတာထက် customerရဲ့ မတူညီတဲ့ need အပေါ် မတူတဲ့ productတွေကို ထုပ်ပေးတာကပိုပြီးကောင်းပါတယ်။ဥပမာ ခေါင်းလျှော်ရည်ကိုကြည့်မယ်ဆိုရင် ဗောက်ပျောက်တာကတစ်ခု ၊ ဆံပင်ပျော့စေတာက တစ်ခု၊ ဆံပင်ပျက်စီးတာကာကွယ်ပေးတာက တစ်ခု၊ သဘာဝပစ္စည်းတွေနဲ့ပဲ ထုပ်ထားတာက တစ်ခု အဲ့လိုမတူညီတဲ့ လိုအပ်ချကက်တွေအလိုက်ပေးတာက ပိုပြီးကောင်းမွန်ကာ customer ကို focusပိုထားခြင်းဖြစ်ပါတယ်။ပြီးရင်

(3)Product leadershipဆိုတဲ့ customer ရဲ့ needတွေအပေါ်မှုတည်ကာ segmentမတူညီတဲ့ customerအလိုက် product အသစ်တွေထုပ်နိုင်ဖို့ လိုပါတယ်။ဒီလိုထုပ်နိုင်ဖို့ဆိုရင် research and development department ကအလွန်အရေးကြီးပါတယ်။ပြီးတော့ product management skill ကလည်းအလွန်းအရေးကြီးပါတယ် marketing ဌာနနဲ့ ချိတ်ပြီး marketထဲ customerတွေက ဘယ်productတွေလိုချင်လဲ ဒါကို R&D ဌာနနဲ့ တွဲပြီး ပစ္စည်းအသစ်တွေစမ်းမယ် ပြီးရင် ထွက်လာတဲ့ ပစ္စည်းတွေကို market testing လုပ်ပြီး အဆင်ပြေရင် marketingက product launch planဆွဲပြီး ပစ္စည်းကို စျေးကွက်ထဲစပြီးထည့်ရမှာဖြစ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်
Myint Maung Maung Tun

“ ဘာလို့ အလုပ်မများဘဲ အလုပ်ရှုပ်ကြတာလဲ"လူအများစုက ပျားတစ်ကောင်လို တစ်ရက်လုံး မရပ်မနားဘဲ အလုပ်တွေ ဆက်တိုက်လုပ်တယ်။ ပုရွက်...
06/04/2023

“ ဘာလို့ အလုပ်မများဘဲ အလုပ်ရှုပ်ကြတာလဲ"

လူအများစုက ပျားတစ်ကောင်လို တစ်ရက်လုံး မရပ်မနားဘဲ အလုပ်တွေ ဆက်တိုက်လုပ်တယ်။ ပုရွက်ဆိတ်တစ်ကောင်လို နေပူမရှောင် မိုးရွာမရှောင် စုတယ်၊ ဆောင်းတယ်။

ဒါပေမဲ့ ကြီးပွားလားဆိုရင် နဂိုအတိုင်း စားနိုင်သောက်နိုင်ရုံထက်မပိုဘူး။ ဝန်ထမ်းဆိုရင် လစာလည်းမတိုး၊ ရာထူးဆို တိုးဖို့က ဝေးသေးတယ်။ ကျောင်းသားဆိုလည်း ကျက်သလောက် ဘယ်စာမှ မရဘူး။ နားမလည်ဘူး။ ခေါင်းထဲ မရောက်ဘူး။

တချို့ ဝန်ထမ်းတွေဆို ရုံးကအလုပ်တွေ မပြီးပြတ်သေးဘဲ အိမ်အထိ သယ်လာတာပဲ
ကြည့်ပါ။ တကယ်တမ်း ဒီလိုပုံမှန်ထက် ပိုထူးခြားမသွားတာဟာ အလုပ်များလို့၊ အလုပ်ပုံနေလို့၊ အလုပ်ရှုပ်နေလို့ မဟုတ်ဘူး။

ဘယ်ကဘယ်လို စလုပ်ပြီး ဘယ်လို အဆုံးသတ်ရမှန်းမသိလို့ပဲ ဖြစ်တယ်။ တစ်နည်းပြောရရင် အချိန်စီမံခန့်ခွဲမှု ညံ့လို့ပါ။ ဒါ​ကြောင့် ကိုယ့်ရဲ့ အချိန်ကို ဂရုစိုက်ပါ။ မဟုတ်တဲ့ဟာတွေနဲ့ အချိန်ကုန်မခံနဲ့။
....
အချိန်ကို ကောင်းကောင်းစီမံခန့်ခွဲတတ်စေဖို့ ShweNote ထဲက Getting Things Done ဆိုတဲ့ စာအုပ်လးကို ဖတ်ဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။

15/03/2023

လုပ်ငန်းတွေ ရောင်းကောင်းပြီး ပြုတ်သွားတာ ဘာကြောင့်ဖြစ်လဲ

လုပ်ငန်းတွေမှာ အရမ်းရောင်းရပြီး ကျဆုံးသွားတာဟာ ဘာတွေကြောင့်ဖြစ်တက်လဲဆိုတာလေးကို သိသလောက်လေး မျှဝေချင်ပါတယ်။လုပ်ငန်းတွေဟာ အရမ်းရောင်းကောင်းတဲ့အခါ

(1)Customerကို ကောင်းစွာဂရုမစိုက်တော့ခြင်း

လုပ်ငန်းတွေဟာ စစချင်းအရမ်းကြီးမရောင်းရသေးခင် ကိုယ့်လာဝယ်တဲ့ customer တစ်ယောက်ချင်းစီကို သေချာဂရုစိုက်ဆက်ဆံကြပါတယ် ပိုင်ရှင်ကိုယ်တိုင်တောင် သေချာရင်းနှီးနေအောင်ပြုလုပ်လေ့လာရှိပါတယ် ဒါပေမယ် အရမ်းအရောင်းတွေအများကြီးရလာတဲ့အခါ ကိုယ်က အရင် ကိုယ်customerတွေထက်တောင် ပိုပြီးချမ်းသာသွားလို့ပဲဖြစ်စေ ကိုယ်မှာcustomer တွေအများကြီးရှိလို့ပဲဖြစ်စေ အရင်ကလို customerတွေကို သေချာအဖက်လုပ်ပြီး relation တည်ဆောက်ခြင်းမရှိကြတော့ပါဘူး ဒီအချိန် အရင်ရင်းနှီးပြီးသား customerတွေက ဒီလူအောင်မြင်မှ ဘဝင်မြင့်သွားတယ်ဆိုပြီး မှတ်ယူကြမှာဖြစ်ပါတယ်။ဒီလိုနဲ့ customer တွေက မသိမသာ တဖြည်းဖြည်းတခြားပြိုင်ဘက်တွေကို ပြောင်းဝယ်သွားကြတာတွေရှိပါတော့တယ်။နောက်

(2)Working capital မလုံလောက်ခြင်း

လုပ်ငန်းတစ်ခုဟာ စစချင် စတဲ့အချိန်ငွေအများကြီး လိုချင်မှလိုပေမယ် လုပ်ငန်းတဖြည်းဖြည်းကြီးလာတဲ့အခါ လုပ်ငန်းချဲ့ထွက်ဖို့အတွက် ဆိုင်တွေ၊ဂိုထောင်တွေ ၊လူတွေ ၊ ကားတွေ စသဖြင့် ဒါတွေ ထပ်လိုတဲ့အခါမျိုးတွေ နောက်ပြီး လုပ်ငန်းကအကြွေးတွေပေးရပြီး ကြာနေတဲ့အချိန်မျိုးတွေမှာ လုပ်ငန်းရဲ့working capital ဆိုတဲ့ လုပ်ငန်းအတွက် supplierတွေကို ပေးဖို့ငွေ နဲ့ ဝန်ထမ်းလစာတွေ အထွေးထွေးအသုံးစရိတ်တွေ မပေးနိုင်တော့ပဲ လုပ်ငန်းအခက်တွေ့ပြီး ပြိုလဲနိုင်မှာဖြစ်ပါတယ်။

(3)Operation မနိုင်ခြင်း

လုပ်ငန်းသေးတဲ့အခါ operationက ပြသနာနည်းပေမယ့် အရောင်းတွေတက်လာပြီး လုပ်ငန်းကတဖြည်းဖြည်းကြီးလာတဲ့ အခါ ဒီလုပ်ငန်းကြီးရဲ့ သက်ဆိုင်ရာ functionတွေကို ကောင်းစွာမလည်ပတ်နိုင်တာတွေဖြစ်လာပါတယ် ဥပမာ ဂိုထောင်အတွက် ပစ္စည်းလက်ခံတဲ့ စနစ် ၊ထားသိုstorage တဲ့ စနစ် ၊pickingလုပ်တဲ့စနစ် စတဲ့ SOP ပိုင်းတွေ မရှိတဲ့အခါ ပစ္စည်းတွေမှားထုပ်တာတွေ နောက်ကျတာတွေ ဖြစ်ပြီး customer ကျေနပ်မှုကို နည်းပါစေမှာဖြစ်ပါတယ်။

(4)Strategy နဲ့ planမရှိခြင်း

လုပ်ငန်းအများစုဟာ သေးတဲ့အချိန်မှာ strategy နဲ့ planမရှိတာအဆင်ပြေပေမယ် လုပ်ငန်းတွေကြီးလာတဲ့ အခါ strategy နဲ့ planကို သေချာစဥ်းစားပြီးထားသင့်ပါတယ် ပြိုင်ဆိုင်မှုတွေများနေတဲ့အချိန်ဆိုပိုပြီးတောင့် သတိထားပြီး လုပ်ဆောင်ရမှာဖြစ်ပါတယ် ဒါမှာ တက်လာတဲ့ အရောင်းကို သေချာထိန်နိုင်မှာဖြစ်ကာ operation strategy အတွက် လုပ်ငန်းကို ဘယ်လိုပြင်ဆင်သွားမလဲ ၊sales ကကောဘယ်လိုstrategyနဲ့ သွားမလဲ၊ finance အရ ဘယ်လို working capital ကို controlလုပ်မလဲ စသဖြင်သေချာ စဥ်းစားပြီး ပြုလုပ်ရမှာဖြစ်ပြီး ဒီလိုလုပ်မှာ လုပ်ငန်းဟာ ရေရှည်ရပ်တည်နိုင်မှာဖြစ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။
Myint Maung Maung Tun

 #ကားထိုင်ခုံခါးပတ်_ဘာကြောင့်_ပတ်သင့်တာလဲ...??? 🤔🤔ကားစီးရင် ထိုင်ခုံခါးပတ် ပတ်ရမယ်ဆိုတာ လူတိုင်းသိပါတယ်။ ဘာကြောင့် ပတ်ရတ...
05/02/2023

#ကားထိုင်ခုံခါးပတ်_ဘာကြောင့်_ပတ်သင့်တာလဲ...??? 🤔🤔

ကားစီးရင် ထိုင်ခုံခါးပတ် ပတ်ရမယ်ဆိုတာ လူတိုင်းသိပါတယ်။ ဘာကြောင့် ပတ်ရတယ်ဆိုတာကိုတော့ တချို့က သေချာမသိသေးပါဘူး။ ကားစီးနေစဉ် ထိုင်ခုံခါးပတ် ပတ်ထားခြင်းကြောင့် ဘယ်လောက်ထိ အကျိုးကျေးဇူးရှိပြီး မတော်တဆဖြစ်လာနိုင်တဲ့ အန္တရာယ်ကို ဘယ်လို ကာကွယ်‌ပေးလဲဆိုတာကို မင်မင်တို့က ဖော်ပြပေးလိုက်ပါတယ်။

✅ ကားစီးနေစဉ် ထိုင်ခုံခါးပတ် ပတ်ထားခြင်းဟာ ယာဉ်ရှိလူတိုင်းနှင့် အခြားကားမောင်းသူအား ဘေးကင်းစေပါတယ်။

✅ ထိုင်ခုံခါးပတ် ပတ်ထားခြင်းဟာ မတော်တဆမှုကြောင့် အန္တရာယ်ကြုံလာတဲ့အခါ သင့်အား ထိုင်ခုံနဲ့ချည်ထားပေးသလို ဖြစ်တာမလို့ ပြင်းထန်သော သက်ရောက်မှုများအတွင်းမှ သက်သာစေပါတယ်။ လွင့်စင်ပြီး ပြုတ်ကျတာ၊ တနေရာကိုပြင်းပြင်းထန်ထန် သွားရိုက်မိတာမျိုးမှ သက်သာအောင် ထိုင်ခုံခါးပတ်မှ ထိန်းချုပ်ပေးထားနိုင်ပါတယ်၊။ (ယာဉ်အန္တရာယ်ဖြစ်နေစဉ် ခါးပတ် မပတ်ထားလို့ လွင့်ထွက်သွားတဲ့သူတယောက်အရှိန်နှုန်းဟာ အနည်းဆုံး ၃ထပ်တိုက်မှ ပြုတ်ကျတဲ့အရှိန်နှုန်း ရှိနိုင်ပါတယ်)

✅ ပြင်းထန်သော ဒဏ်ရာများနဲ့ သေဆုံးနိုင်ခြေများကို လျှော့ချပေးပါတယ်။
( ထိုင်ခုံခါးပတ်များဟာ လူများကို ထိုင်ခုံများတွင် ထိန်းသိမ်းထားရန် ဒီဇိုင်းထုတ်ထားပြီး ယာဉ်တိုက်မှုဖြစ်နေစဉ် ထိခိုက်ဒဏ်ရာရမှုများကို ကာကွယ်ရန် သို့မဟုတ် လျှော့ချရန် အကျိုးပြုပါတယ်။ မတော်တဆမှုကြုံရတဲ့အခါ အဖြစ်အများဆုံး ယာဉ်ပေါ်မှ လွင့်စင်ကြခြင်း‌ကြောင့်ဖြစ်တဲ့ ပြင်းထန်ဒဏ်ရာ ရနိုင်‌ခြေ ၊ မတော်တဆသေဆုံးနိုင်ခြေတို့ကို သိသိသာသာ လျှော့ချ‌ ပေးစေနိုင်ပါတယ်။)

✅ ကားထိုင်ခုံခါးပတ် ပါတ်တဲ့ အလေ့အကျင့်ကိုလည်း...
🚗 ကားလေးများ သာမက
🚎 အဝေးပြေး Express ယာဥ်ကြီးများ၊
🚛 ကုန်တင်ယာဥ်များ အပါအဝင်
🚜 ရွှေ့ရှားမှုရှိနေတဲ့ ယာဥ်ယန္တရားများအားလုံး ပတ်ထားသင့်ပါတယ်...

"အသက်ကို ဉာဏ်စောင့် ... ဆိုတဲ့အတိုင်း" စနစ်တကျ ကြိုတင်ကာကွယ်ခြင်းဖြင့် အန္တရာယ်ကင်းသော ခရီးများကို ပျော်ရွှင်စွာ သွားနိုင်ကြပါစေနော်....


#ခါးပတ်_ပတ်ပါ




06/01/2023

အဝေးပြေးကားလက်မှတ်ဝယ်ဖို့ အချိန်ကုန်၊ လူပင်ပန်းမခံပါနဲ့
Zwe Htet Win Ticket Selling & Tour Agency မှာ

🚍ပြည်တွင်းအဝေးပြေးယာဉ်လိုင်းပေါင်း (၆၀)ကျော်
📌ခရီးစဉ်လမ်းကြောင်းပေါင်း (၂၀၀)ကျော်အတွက်လက်မှတ်တွေကို
✅စိတ်ကြိုက်ကားလိုင်း၊ စိတ်ကြိုက်ခုံနေရာ ရွေးချယ်ပြီး
✅ထိုင်ရာကမထ အလှမပျက်ချွေးမထွက်ပဲ

#ဂိတ်ရင်းဈေးအတိုင်း အလွယ်တကူဝယ်ယူလို့ရပါပြီ...

☎09422332986,09253044354

👉 လက်မှတ်ဝယ်ယူရရှိနိုင်သော အဝေးပြေးယာဉ်လိုင်းများ
🚌 Traveller Express
🚌 Express
🚌 Express
🚌 Express
🚌 Express
🚌 Express
🚌 #မန္တလာမင်း
🚌 Express
🚌 #ရွှေမန္တလာ
🚌 #ရွှေမန္တလေး
🚌 Group
🚌 #လုမ္ဗနီ
🚌 #အန်တီဝင်း
🚌 #မြတ်မန္တလာထွန်း
🚌 #မိုးကောင်းကင်
🚌 #အကယ်ဒမီ
🚌 #တက်လမ်း
🚌 #တက်နေလင်း
🚌 #ရွှေစင်စင်္ကြာ
🚌 #ရွှေတောင်ရိုး
🚌 #ရွှေလားရှိုး
🚌 #ရွှေလွန်းပျံ
🚌 #ပုဂံမင်းသား
🚌 #ထွန်းဧရာ
🚌 #နယူးမန္တလာထွန်း
🚌 #မန်းရာဇာ
🚌 #ရာဇာထွန်း
🚌 #နန်းထိုက်တော်ဝင်
🚌 #မိုးထက်အာကာ
🚌 #ချင်းတောင်တန်း
🚌 #ရဲအောင်လံ
🚌 #ဇေယျာမြိုင်ကြီး
🚌 #တောင်ပြာတန်း
🚌 #တင့်တိုင်းအောင်
🚌 #ငွေနှင်းမန္တလာ
🚌 #မျိုးဆက်သစ်
🚌 #ဘုန်းမြတ်ပိုင်
🚌 #ရွှေရာဇာ
🚌 #အောင်စစ်ခိုင်
🚌 #မြရတနာ
🚌 #အရိန္ဒမာ
🚌 #ဘုရင်
🚌 #မနောတံခွန်
🚌 #ရွှေကချင်
🚌 #ရွှေကယား
🚌 #ကြံတိုင်းအောင်
🚌 #မန်းရွှေမြို့တော်
🚌 #ရွှေပြည်တော်
🚌 #အောင်ကျော်မိုး

👉 ဘုရားဖူးနဲ့ အပန်းဖြေခရီးသွားလက်မှတ်များ
🚌 Star Palace

🚨 ဂိတ်ရင်းမဟုတ်ပါ
🚨 ဂိတ်ရင်းဈေးအတိုင်းသာရောင်းပါသည်
🚨 လက်မှတ်ဖိုးငွေကြိုလွှဲစနစ်ဖြင့်သာရောင်းပါသည်
🚨 e Ticket ကို Messenger/Viber မှ ပေးပို့ပေးပါသည်
🚨 ဂိတ်ရောက်မှ ငွေရှင်းလိုသူများ ဂိတ်ရင်းများသို့ ဆက်သွယ်ပါ

အဝေးပြေးကားလက်မှတ်ဝယ်ဖို့ အချိန်ကုန်၊ လူပင်ပန်းမခံပါနဲ့Zwe Htet Win Ticket Selling &Tour Agency မှာ🚍ပြည်တွင်းအဝေးပြေးယာဉ...
06/01/2023

အဝေးပြေးကားလက်မှတ်ဝယ်ဖို့ အချိန်ကုန်၊ လူပင်ပန်းမခံပါနဲ့
Zwe Htet Win Ticket Selling &Tour Agency မှာ

🚍ပြည်တွင်းအဝေးပြေးယာဉ်လိုင်းပေါင်း (၆၀)ကျော်
📌ခရီးစဉ်လမ်းကြောင်းပေါင်း (၂၀၀)ကျော်အတွက်လက်မှတ်တွေကို
✅စိတ်ကြိုက်ကားလိုင်း၊ စိတ်ကြိုက်ခုံနေရာ ရွေးချယ်ပြီး
✅ထိုင်ရာကမထ အလှမပျက်ချွေးမထွက်ပဲ

#ဂိတ်ရင်းဈေးအတိုင်း အလွယ်တကူဝယ်ယူလို့ရပါပြီ...

☎09422332986,09253044354

👉 လက်မှတ်ဝယ်ယူရရှိနိုင်သော အဝေးပြေးယာဉ်လိုင်းများ
🚌 Traveller Express
🚌 Express
🚌 Express
🚌 Express
🚌 Express
🚌 Express
🚌 #မန္တလာမင်း
🚌 Express
🚌 #ရွှေမန္တလာ
🚌 #ရွှေမန္တလေး
🚌 Group
🚌 #လုမ္ဗနီ
🚌 #အန်တီဝင်း
🚌 #မြတ်မန္တလာထွန်း
🚌 #မိုးကောင်းကင်
🚌 #အကယ်ဒမီ
🚌 #တက်လမ်း
🚌 #တက်နေလင်း
🚌 #ရွှေစင်စင်္ကြာ
🚌 #ရွှေတောင်ရိုး
🚌 #ရွှေလားရှိုး
🚌 #ရွှေလွန်းပျံ
🚌 #ပုဂံမင်းသား
🚌 #ထွန်းဧရာ
🚌 #နယူးမန္တလာထွန်း
🚌 #မန်းရာဇာ
🚌 #ရာဇာထွန်း
🚌 #နန်းထိုက်တော်ဝင်
🚌 #မိုးထက်အာကာ
🚌 #ချင်းတောင်တန်း
🚌 #ရဲအောင်လံ
🚌 #ဇေယျာမြိုင်ကြီး
🚌 #တောင်ပြာတန်း
🚌 #တင့်တိုင်းအောင်
🚌 #ငွေနှင်းမန္တလာ
🚌 #မျိုးဆက်သစ်
🚌 #ဘုန်းမြတ်ပိုင်
🚌 #ရွှေရာဇာ
🚌 #အောင်စစ်ခိုင်
🚌 #မြရတနာ
🚌 #အရိန္ဒမာ
🚌 #ဘုရင်
🚌 #မနောတံခွန်
🚌 #ရွှေကချင်
🚌 #ရွှေကယား
🚌 #ကြံတိုင်းအောင်
🚌 #မန်းရွှေမြို့တော်
🚌 #ရွှေပြည်တော်
🚌 #အောင်ကျော်မိုး

👉 ဘုရားဖူးနဲ့ အပန်းဖြေခရီးသွားလက်မှတ်များ
🚌 Star Palace

🚨 ဂိတ်ရင်းမဟုတ်ပါ
🚨 ဂိတ်ရင်းဈေးအတိုင်းသာရောင်းပါသည်
🚨 လက်မှတ်ဖိုးငွေကြိုလွှဲစနစ်ဖြင့်သာရောင်းပါသည်
🚨 e Ticket ကို Messenger/Viber မှ ပေးပို့ပေးပါသည်
🚨 ဂိတ်ရောက်မှ ငွေရှင်းလိုသူများ ဂိတ်ရင်းများသို့ ဆက်သွယ်ပါ

Address

၁၅၃လမ်းနှင့်ကျိုက္ကဆံလမ်းထောင့်၊ကိုအောင်မျက်မှန်ဆိုင်အနီး၊တာမွေမြို့နယ်၊ရန်ကုန်
Yangon

Telephone

+959422332986

Website

Alerts

Be the first to know and let us send you an email when Zwe Htet Win Ticket Selling & Tour Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Zwe Htet Win Ticket Selling & Tour Agency:

Share