Kaung Htet Myat- Trader/FX Market Analysis

Kaung Htet Myat- Trader/FX Market Analysis Trade, Analysis News, Invest, Give Time and Prepare To be Rich

28/04/2023

ယနေ့ ၂၈.၄.၂၀၂၃ ရက်နေ့
ကမ္ဘာ့ရွှေအဖွင့်ဈေး
(၁အောင်စ - ၁၉၈၇$)မှ
စတင်ဖွင့်လှစ်လိုက်ပါပြီဗျ။

❗Forex Trading ပြုလုပ်ဖို့အတွက် ငွေအရင်းအနှီး ဘယ်လောက်လိုအပ်သလဲ❓ ဟုတ်ကဲ့ ဒီမေးခွန်းကို ကျွန်တော် ခနခနဖြေခဲ့ပါတယ်။အခုလည်း...
21/04/2023

❗Forex Trading ပြုလုပ်ဖို့အတွက် ငွေအရင်းအနှီး ဘယ်လောက်လိုအပ်သလဲ❓

ဟုတ်ကဲ့ ဒီမေးခွန်းကို ကျွန်တော် ခနခနဖြေခဲ့ပါတယ်။အခုလည်း ဒီမေးခွန်းနဲ့ပက်သတ်ပြီး အသေးစိတ်ရှင်းပြပေးချင်လို့ posts တင်လိုက်တာပါ။

Forex Trading ကနေ ဝင်ငွေရှာနိုင်ဖို့အတွက် သင့်မှာအရင်းအနှီးတစ်ခုလိုအပ်ပါတယ်။ဒါကလူတိုင်းသိတဲ့အရာပါ။ ဒါပေမဲ့ Forex trading စလုပ်ဖို့အတွက် ငွေအရင်းအနှီး ဘယ်လောက်လိုသလဲ? ဒီမေးခွန်းရဲ့အဖြေဟာ သင်၏ Forex Business ကိုမည်သို့ မည်ပုံစတင်ချဉ်းကပ်မလဲဆိုတာအပေါ်မူတည်ပါတယ်။
ပထမဆုံးစဉ်းစားရမှာက သင့်အနေနဲ့ မည်ကဲ့သိုပညာသင်ယူမလဲ? လေ့လာသင်ယူမလဲ?ဆိုတာပါပဲ။Forex Market မှာဘယ်လိုအရောင်းအဝယ်လုပ်ရမယ်ဆိုတာ လေ့လာသင်ယူဖို့အတွက် နည်းလမ်းတွေအများကြီးရှိပါတယ်။ Forex trading သင်တန်းတွေ၊လမ်းညွှန်တွေ၊ဆရာတွေ များစွာရှိပေမဲ့ အများစုကတော့ အခကြေးငွေပေးရပါတယ်။ဒီလိုသင်ကြားမှု့အတွက် အကျိုးကျေးဇူးကတော့ ကောင်းမွန်စွာသင်ကြားပေးတဲ့အတန်း သို့မဟုတ် ထူးချွန်တဲ့ဆရာတစ်ယောက်ဆိုရင် သင်ရဲ့လေ့လာမှုကိုသိသိသာသာတိုးတက်စေမှာဖြစ်ပြီး သင်ကိုယ်တိုင်ရှာဖွေလေ့လာရတာထက်စာလျှင် အချိန်တိုတိုအတွင်း အမြတ်အစွန်းရနိုင်တဲ့လမ်းပေါ်ရောက်သွားနိုင်ပါတယ်။သင့်အနေနဲ့ လေ့လာသင်ယူဖို့အတွက် ငွေကြေးအသုံးမပြုချင်ဘူးဆိုလျှင် internet ၊ Google ၊ YouTube စတဲ့နေရာတွေမှာ စိတ်ကြိုက်ရှာဖွေလေ့လာနိုင်ပါတယ်။ဒီလို့လေ့လာပြီးမှ သာလျှင် သင့်ရဲ့ Real Account ကိုအရင်းအနှီးဖြည့်သွင်းဖို့ အကြံပေးချင်ပါတယ်။ ယခုအချိန်မှာဆိုရင်တော့ Retail Forex Broker တွေဟာ အနည်းဆုံးဒေါ်လာ ၅၀ ပမာဏလောက်နှင့် အကောင့်တစ်ခုစတင်နိုင်အောင် ဝန်ဆောင်မှု့ပေးနေကြပါတယ်။တစ်ချို့ Broker တွေကတော့ ဒေါ်လာ ၅၀၀၀ လောက်ရင်းနှီးမှ အကောင့်တစ်ခုဖွင့်ပေါးပါတယ်။တစ်ခုသတိပေးချင်တာက မြန်မာနိုင်ငံအတိုင်းအတာနဲ့ဆိုလျှင် ဒေါလာ ၁၀၀၀ လောက်အနည်းဆုံးလိုအပ်ပါတယ်။ရင်းနှီးငွေနည်းလျှင် အရောင်းအဝယ်ဟာ နှေင့်နှေးကြန့်ကြာပြီး ဆုံးရှုံးမှုလည်း ပိုမိုဖြစ်နိုင်ပါတယ်။ဒါကြောင့် အရင်းအနှီးအမြောက်အများနဲ့ မစနှိင်သေးလျှင် စိတ်ရှည်ပါ၊ငွေ့စုပြီး ငွေ‌ရေးကြေးရေးအဆင်သင့်မဖြစ်မချင် Trading Business ကို လေ့လာသင်ယူနေလိုက်ပါ။

သင်တန်းတက်ရောက်လို့ပါက
📞 09770839209

Company Locations
---------------------------------
CMX International Trading Company
အမှတ် 605၊6လွှာ၊SoHo Tower ၊ ဗိုလ်မြတ်ထွန်းလမ်း၊အောက်ဘလောက်၊ဗိုလ်တစ်ထောင်မြို့နယ်၊ရန်ကုန်မြို့။

RFA
Trading
Trading

21/04/2023

21.4.2023 ရက်နေ့
ကမ္ဘာ့ရွှေအဖွင့်ဈေး
( 1အောင်စ - 2004$ )
မှစတင်ဖွင့်လှစ်လိုက်ပါပြီဗျ။

19/04/2023
🚨ဒီနေ့မှာကတော့ Trading တစ်ခုလုပ်တော့မယ်ဆိုရင်အရေးကြီးဆုံးအချက်များထဲကတစ်ခုဖြစ်တဲ့' Risk Management ' အကြောင်းကိုအနည်းကျဉ...
19/04/2023

🚨ဒီနေ့မှာကတော့ Trading တစ်ခုလုပ်တော့မယ်ဆိုရင်အရေးကြီးဆုံးအချက်များထဲကတစ်ခုဖြစ်တဲ့
' Risk Management ' အကြောင်းကိုအနည်းကျဉ်းရှင်းပြထားတာဖြစ်ပါတယ်🎉

📌Forex Trading ပညာရပ်များကို လေ့လာသင်ယူတဲ့အခါမှာ မိတ်ဆွေအနေနဲ့ လေ့လာရမယ့်အရေးကြီးဆုံး အရာ တစ်ခုကတော့ Risk Management ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ Forex Market မှ ဝင်ငွေတွေ ရှာနိုင်ဖို့အတွက် ဆုံးရှုံးနိုင်ချေ (Risk) ကို ဘယ်လိုစီမံခန့်ခွဲရမယ်ဆိုတာ လေ့လာကြရပါလိမ့်မယ်။

📌 တချို့တွေက ဒီအရေးပါတဲ့ အပိုင်းကို သတိမမူ ဂရုမထားကြပါဘူး။ Forex Trader တွေတော်တော်များများက သူတို့ရဲ့ Account Size နဲ့. လိုက်ဖက်မှုမရှိတဲ့ အရောင်းအဝယ်တွေလုပ်ဖို့ စိတ်အားထက်သန်ကြတယ်။ မိတ်ဆွေအနေနဲ့ (Risk Management) စည်းမျဉ်းစည်းကမ်းတွေ မပါပဲ အရောင်းအဝယ်လုပ်မယ်ဆိုရင်တော့ လောင်းကစား (Gambling) လုပ်နေတာနဲ့ အတူတူပါပဲ။ Forex Trading . လုပ်တော့မယ်ဆိုရင် ရေရှည်အကျိုးအမြတ်ကိုပဲကြည့်ရမှာပါ။

📌 Risk Management စည်းမျည်းတွေဟာ မိတ်ဆွေကိုအကာအကွယ်ပေးရုံ သာမကပဲ ရေရှည်မှာလည်း အကျိုးအမြတ်များပြားစေနိုင်ပါတယ်။ ဒီအတွက်မိတ်‌ေဆွရဲ့ ငွေကြေး ဆုံးရှုံးမှုများကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာကို အထူးဂရုစိုက်လေ့လာထားမယ်ဆိုရင် မိတ်ဆွေအတွက် အမြတ်အစွန်းရရန်အခွင့် အရေး အများပြားတွေ့ရလာပါလိမ့်မယ်။

19/04/2023

၁၉.၄.၂၀၂၃ ရက်နေ့
ကမ္ဘာ့ရွှေအဖွင့်ဈေးကို
(၁အောင်စ - ၂၀၀၅$) မှ
စတင်ဖွင့်လှစ်လိုက်ပါပြီဗျ။

18/04/2023

ဒီနေ့ ည ၇:၀၀ မှာ US data သတင်းတစ်ခုထွက်ဖို့ရှိပါတယ်ဗျ။
Trader တွေအားလုံးကံကောင်းပါစေ🍀

18/04/2023

Forex Trading Sessions အကြောင်း သိမှတ်ဖွယ်ရာများ🔎

Forex Market က တစ်ရက်မှာ ၂၄ နာရီ၊ တပတ်မှာ ၅ ရက် အရောင်းအဝယ်လုပ်လို့ရတာ မှန်ပေမယ့် အဲ့ဒီ တစ်ရက်လုံး၊ တစ်ပတ်လုံး Active ဖြစ်ပြီး အရောင်းအဝယ်လုပ်လို့ကောင်းနေတာတော့ မဟုတ်ပါဘူး။ ဈေးတွေတက်တဲ့အခါမှာသင်ဟာ Trading ကနေအမြတ်ငွေရှာဖွေနိုင်သလိုဈေးတွေကျတဲ့အချိန်အခါတွေမှာ လည်းငွေရှာနိုင်ပါတယ်။ဒါပေမယ့်ဈေးကွက်ကလုံးဝမရွေ့သလောက်နီးပါးငြိမ်သက်နေတဲ့အချိန်မျိုးတွေမှာ တော့ငွေရှာဖို့ ကြိုးစားရတာ... သင့်အတွက်ခက်ခဲတဲ့အချိန်တွေပါပဲ။.. Forex Market .. မှာလည်း ဈေးအတက်အကျမရှိပဲ မလှုပ်မယှက် ကျောက်ရုပ်လို ငြိမ်နေတဲ့အချိန်တွေ ရှိပါတယ်။ ဒီသင်ခန်းစာကတော့ တစ်နေ့တာရဲ့ ဘယ်အချိန်တွေက Trade လို့ အကောင်းဆုံးလည်းဆိုတာ ဆုံးဖြတ်ဖို့ ကူညီပါလိမ့်မယ်။

အရောင်းအဝယ်လုပ်ဖို့ အကောင်းဆုံးအချိန်ကိုမကြည့်မှီ Forex Market က ကမ္ဘာပေါ်မှာ ၂၄ . နာရီတစ်ရက်လုံး ဘယ်လိုပုံစံ လည်ပတ်နေတာလဲဆိုတာ အရင်လေ့လာကြည့်ပါမယ်။ Forex Market ကို အဓိက Trading Sesslons ကြီး (၄)ခုအနဲ့ ခွဲခြားကြည့်နိုင်ပါတယ်။
..အဲ့ဒါတွေကတော့ Sydney Session, Tokyo Session, London Session နဲ့ New York Session

တို့ပဲဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ခြားနိုင်ငံ စံတော်ချိန်တွေ GMT တွေနဲ့ ပြောရရင် အနည်းငယ်ရှုပ်ထွေးနိုင်လို့

- မြန်မာစံတော်ချိန်တွေနဲ့ပဲ ဖော်ပြပါမယ်။

ဩစတြေးလျမှာရှိတဲ့ Sydney Session က မြန်မာစံတော်ချိန် မနက် ၃:၃၀ မှာ စတင်ဖွင့်လှစ်ပြီး

နေ့လည် ၁၂:၃ဝ လောက်မှာပိတ်ပါတယ်။ ဂျပန်မှာရှိတဲ့ Tokyo Session ကတော့ မြန်မာစံတော်ချိန် မနက်

၅:၃၀ လောက်မှာ စတင်ဖွင့်လှစ်ပြီး နေ့လည် ၂:၃၀ လောက်မှာ ပိတ်ပါတယ်။ London Session ကတော့ မြန်မာစံတော်ချိန် နေ့လည် ၁:၃၀ မှာ စတင်ဖွင့်ပြီး ည ၁၁:၀၀ မှာပိတ်ပါတယ်။ New York Session ကတော့ မြန်မာစံတော်ချိန် ညနေ ၆:၃၀ လောက်မှာစ ဖွင့်ပြီး နောက်တနေ့မနက် ၃:၃၀ မှာ ပိတ်ပါတယ်။ Forex Trading Session တွေမှာ Session နှစ်ခုတပြိုင်နက်တည်း ဖွင့်တဲ့အချိန်အပိုင်းအခြားတွေ ရှိပါတယ်။ ဈေးကွက်နှစ်ခုတစ်ချိန်တည်း ဖွင့်နေတဲ့အခါ အရောင်းအဝယ် ပမာဏ ပိုများပြားတဲ့အတွက်

အဲ့ဒီအချိန်တွေက Trading တစ်နေ့တာရဲ့ အရောင်းအဝယ်အကောင်းဆုံး အချိန်တွေပါပဲ။

လိပ်စာ- အမှတ်(၆၀၅) ၊၆လွှာ ၊SOHO Tower ၊ဗိုလ်မြတ်ထွန်းလမ်း၊ ဗိုလ်‌တစ်ထောင်မြို့နယ်။
ဖုန်းနံပါတ်- ၀၉၇၇၀၈၃၉၂၀၉


18/04/2023

Today signals #
Now Price- 2001
TP - 2006$
SL - 1995$

Address

Sohotowerbomyattunroad
Yangon
11162

Opening Hours

Monday 10:00 - 16:00
Tuesday 10:00 - 16:00
Wednesday 10:00 - 16:00
Thursday 10:00 - 16:00
Friday 10:00 - 16:00
Saturday 10:00 - 15:00

Telephone

+959770839209

Website

Alerts

Be the first to know and let us send you an email when Kaung Htet Myat- Trader/FX Market Analysis posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kaung Htet Myat- Trader/FX Market Analysis:

Share