12/10/2021
#အများအကျိုးဆောင်ကိုယ့်အကျိုးအောင်တဲ့အလုပ်
Insurance Agent အလုပ်ဆိုတာ ဘယ်လိုအလုပ်လဲ ?
၁) သိပ်ကို သမာအာဇီဝကျတဲ့အလုပ် ဖြစ်ပါတယ်
၂) အစိုးရဆီမှာ လိုင်စင်သင်တန်းတက် စာမေးပွဲဖြေပြီး
လိုင်စင်ရမှ လုပ်လို့ရတဲ့ Professional အလုပ်တစ်ခုဖြစ်ပါတယ်
၃) ကိုယ့်အတွက် ဝင်ငွေရှာရင်း လူတွေကိုပါကူညီနိုင်တဲ့
"ကုသိုလ်လဲရ ဝမ်းလဲဝ" တဲ့ အလုပ်တစ်ခုဖြစ်ပါတယ်
၄) Freelance ပုံစံမျိုးဖြစ်တဲ့အတွက်
ကိုယ့်အချိန် ကိုယ်ပိုင်တယ်
တစ်လမှာ ၁၀သိန်းဖိုး အလုပ်လုပ်ရင် ၁၀သိန်းဝင်မယ်
တစ်လမှာ သိန်း၁၀၀၀ ဖိုး အလုပ်လုပ်ရင် သိန်း၁၀၀၀ ဝင်မယ်
ဘာမှမလုပ်ပဲ အပျင်းကြီးနေရင် တစ်ပြားမှ မဝင်ဘူး....
၅) ကိုယ့် Career အတွက်ရွေးချယ်မယ်ဆိုရင်လဲ
ကိုယ်ကသာ စိတ်ဝင်တစား ကြိုးစားမယ်ဆိုရင်
1) ဝင်ငွေအတွက်ရော
2) ကိုယ့် အနာဂါတ် တက်လမ်းအတွက်ရော
သိပ်ကောင်းတဲ့ အလုပ်ဖြစ်ပါတယ်........................................................
ဒါကတော့ ကောင်းကွက်တွေပါ
ဆိုးကွက်ရှိလားဆိုတော့ ရှိပါတယ်
- (Time Management)
ကိုယ့်အချိန်ကိုယ်ပိုင် ကိုယ်ပိုင်အလုပ်လိုဖြစ်နေတဲ့အတွက်
ခိုင်းမှ လိုက်လုပ်တတ်တဲ့သူတွေနဲ့ အဆင်မပြေပါဘူး
- (Objections)
အာမခံကို ယုံကြည်မှုအားနည်းနေသေးတဲ့ နိုင်ငံဖြစ်တဲ့အတွက် "No" တွေကို ခံနိုင်ရည်ရှိဖို့ လိုအပ်ပါတယ်
ပျင်းရင်တော့ ဘယ်လိုမှ မအောင်မြင်နိုင်ပါ
အခုဆိုလဲ မြန်မာနိုင်ငံမှာ
insurance လုပ်ငန်းတွေ စတင်လာပြီဆိုတာနဲ့
စမ်းသပ်ပြီး လုပ်ကြည့်ချင်ကြတဲ့သူတွေ အများကြီးပါ....
အဲ့ဒီ့အများကြီးထဲကမှ အပေါ်က ဆိုးတဲ့အချက်(၂)ချက်ကို ခံနိုင်ရည်ရှိသူတွေသာ ရပ်တည်ကျန်ခဲ့နိုင်မှာဖြစ်ပြီး
ဇွဲမရှိတဲ့သူတွေနဲ့ သူတို့အတွက် Right Job မဟုတ်သူတွေက အလိုလို ပြန်ထွက်ခွာသွားကြလိမ့်မယ်....
တစ်နှစ်အကြာမှာ ခုရှိနေတဲ့ အရေအတွက်ရဲ့ ၂၅% ကျန်ရင် ကံကောင်းပါ....
ဒီအလုပ်မှာ ဝန်ထမ်းခန့်အပ်မှုပုံစံအများစုက
Line Manager တစ်ယောက်က သူ့ Team ထဲမှာ အလုပ်လုပ်လိုသူကို သူ့ဘက်က စတင်ချဥ်းကပ်ပြီး ခန့်အပ်တဲ့ပုံစံမျိုးဖြစ်တဲ့အတွက်
တချို့က စမ်းသပ်ချင်ယုံ ဝင်လာကြပြီး
အလုပ်အေပါ်မှာရော သင်ကြားပေးမဲ့ Manager အပေါ်မှာရော
- လေးစားလိုက်နာမှု
- ပူးပေါင်းပါဝင်မှု အားနည်းတတ်ကြပါတယ်....
ဒီလိုလူမျိုးတွေဟာ မအောင်မြင်တတ်ကြပါဘူး....
အဲဒါကြောင့်
ဒီအလုပ်ကို ရွေးချယ်မယ်ဆိုရင်
- တကယ်စိတ်ဝင်စားမှ လုပ်ပါ
- ပိုက်ဆံလိုချင်စိတ်ရှိမှ လုပ်ပါ
- သင်ယူလိုစိတ်ရှိမှ လုပ်ပါ
- လူတွေကို ကူညီလိုစိတ်ရှိမှ လုပ်ပါ
- "No" တွေကို ခံနိုင်ရည်ရှိမှ လုပ်ပါ
- ကြိုးစားချင်စိတ်ရှိမှ လုပ်ပါ
- အောင်မြင်လိုစိတ်ရှိမှ လုပ်ပါ
- အာမခံကို ယုံကြည်မှုရှိမှ လုပ်ပါ
Credit to: