Myanmar Business Link - MBL

Myanmar Business Link - MBL လုပ်ငန်းရှင်များအတွက် Sale & Marketing အပိုင်းမှာ ထိရောက်အောင် ကူညီပေးမယ့် နေရာလေးပါ။

တနေ့ညက ဝယ်နေကျ စားသောက်ဆိုင်တစ်ဆိုင်ကို ည 9 နာရီလောက်မှာ ရောက်သွားတယ်။ .."ဆိုင်ပိတ်ပြီလား ခေါက်ဆွဲကြော်လေး ဝယ်ချင်လို့ပါ...
29/07/2023

တနေ့ညက ဝယ်နေကျ စားသောက်ဆိုင်တစ်ဆိုင်ကို ည 9 နာရီလောက်မှာ ရောက်သွားတယ်။ .."ဆိုင်ပိတ်ပြီလား ခေါက်ဆွဲကြော်လေး ဝယ်ချင်လို့ပါ.." ဆိုပြီးမေးတော့ "ရပါသေးတယ်.." ဆိုတာနဲ့ စောင့်ဝယ်ခဲ့တယ်။

၁၅ မိနစ်လောက်အကြာ ရပြီဆိုပြီး လာပေးတော့ ပိုက်ဆံရှင်းရင်း ခေါက်ဆွဲကြော်ထုပ်ကို ကိုင်ကြည့်တော့ ".. အချဉ်နဲ့ ဟင်းချိုလေး မပါဘူးလား" လို့ မေးလိုက်တယ်

အဲဒီမှာ ဆိုင်ရှင်က ဘာပြန်ပြောလဲဆိုတော့ ...
"..မရတော့ဘူး အချဉ်တွေ ဟင်းချိုတွေ မလုပ်နိုင်တော့ဘူး .. အခုတောင် ဆိုင်ပိတ်ခါနီး လာဝယ်လို့ အားနာလို့ လုပ်ပေးလိုက်တာ..."တဲ့

ဪ...ဟုတ်ကဲ့ပါ ဆိုပြီး ကိုယ့်မှာ အံ့ဩတကြီး ဆိုင်ရှင်ကိုတောင် ကျေးဇူးတင်ရမလို ဖြစ်သွားရတယ်။

ဒီနေရာမှာ ပြောချင်တာက ဝယ်သူက ကိုယ့်ဆိုင်ကို လာပြီး ပိုက်ဆံလာပေးတာပါ ကိုယ့်ရဲ့ ရောင်းကုန်ကို လာအားပေးတာပါ။
တကယ်လို့ ကိုယ်က မရောင်းပေးနိုင်တော့ဘူး မလုပ်နိုင်တော့ဘူးဆိုရင် ဆိုင်ပိတ်ပြီဆိုပြီး ပြောလိုက်ရင်ရပါတယ်။

အားနာလို့ လုပ်‌ပေးလိုက်ရတယ်ဆိုတာကြီးက အဆင်မပြေတာပါ။ ရောင်းနိုင်ရင် ရောင်းမယ် မရောင်းနိုင်ရင် မရောင်းဘူး။ ဈေးရောင်းတယ်ဆိုတာ ဝယ်သူလိုချင်တဲ့ ကိုယ့်ရဲ့ ရောင်းကုန်နဲ့ ညီမျှတဲ့ ငွေကြေးကို လဲလှယ်ပေးလိုက်ရတာပါပဲ။ အဲ့အတွက် ဒီ‌ရောင်းကုန်တခုမှာ ပါဝင်တဲ့ ပစ္စည်းအမျိုးအစားကို နေရာဒေသ အချိန်အခါ လူအမျိုးအစားပေါ် မူတည်ပြီး ပြောင်းလဲပေးလို့ မရပါဘူး။

📌 "Deliver Consistently & Reliability" 📌

"ဘယ်အချိန်ပဲ လာလာ ဒီပုံစံအတိုင်းမပြောင်းလဲနဲ့ ..." ဆိုတဲ့ အချက်ဟာ စီးပွားရေးလုပ်ငန်း ကြီးကြီးသေးသေး လေ့လာသိရှိပြီး လိုက်နာကျင့်သုံးရမှာပါ။

ဒါမှ ကိုယ့်ဖောက်သည်နဲ့ ဆက်ဆံရေးကို ရေရှည်ဆက်ထိန်းထားနိုင်မှာပဲ ဖြစ်ပါတယ်။

ကိုယ်တွေ့အဖြစ်အပျက်လေး တခုကနေ သင်ခန်းစာယူရင်း အားလုံးအတွက် အကျိုးရှိအောင် မျှဝေပေးလိုက်ပါတယ်နော်..

မိတ်ဆွေတို့အနေနဲ့ဆိုရင်ရော ဘယ်လိုထင်မြင်ချက်လေး ပေးသွားချင်လဲ ... ?
အောက်က Comment ထဲမှာ ‌ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။

လုပ်ငန်းရှင်တွေအတွက် အကောင်းဆုံးမိတ်ဆွေအဖြစ် ရှိနေမယ့်

ရောင်းလိုက်တိုင်း Customer တွေ ဝယ်ချင်အောင် ဘာတွေလုပ်မလဲ ... ?ကိုယ့်ရဲ့ ကုန်ပစ္စည်းကို Onilne ကနေ အရောင်းတင်လိုက်တိုင်းမ...
19/07/2023

ရောင်းလိုက်တိုင်း Customer တွေ ဝယ်ချင်အောင် ဘာတွေလုပ်မလဲ ... ?

ကိုယ့်ရဲ့ ကုန်ပစ္စည်းကို Onilne ကနေ အရောင်းတင်လိုက်တိုင်းမှာ Customer တွေ ဝယ်စေချင်တယ်ဆိုရင် သူတို့အကျိုးရှိအောင် ကိုယ်ကပေးနိုင်ရမယ်။

စိတ်ဝင်စားလို့ Chatbox ကနေ လာမေးကြတဲ့အခါမှာ ကိုယ်ကအများကြီး စီကာပတ်ကုံး ရှင်းပြနေပေမယ့် နောက်ဆုံးမှာ ကျေးဇူးပါလို့ ပြောပြီး ဘာမှ ဆက်မဖြစ်လာတာမျိုးတွေ..

တခါတလေမှာတော့ ကိုယ်က သိပ်တောင် မရှင်းပြလိုက်ရပဲ ဝယ်သွားတာမျိုးရော ကြုံတတ်ကြတယ် မဟုတ်လား...

ဒီလို ဘာကြောင့်ဖြစ်တာလဲ..?

အရောင်းတခု ဖြစ်တိုင်း ဖြစ်တိုင်းမှာ ဒီတစ်ဦးကို
ဘာကြောင့်ရောင်းလိုက်ရတာလဲ ဆိုတဲ့ အချက်ကို
ပြန်စဉ်းစားရမယ်

Customer က ဒီပစ္စည်းကို ဝယ်လိုက်တဲ့အခါမှာ အဆင်ပြေလို့ အကျိုးရလဒ်တခုခု မရသွားပဲနဲ့တော့ သူ့အိတ်ထဲက ပိုက်ဆံကို ထုတ်မှာမဟုတ်ဘူး
ဒီတော့ ကိုယ်ရှင်းပြနေတဲ့ စကားလုံးတွေထဲမှာရော Customer အတွက် အကျိုးရှိအောင် ဘာတွေ
ပြောပေးလိုက်နိုင်လဲ ! ဘာတွေလုပ်ပေးလိုက်နိုင်လဲ !

ဉပမာ - ကိုယ်က Skincare ရောင်းတယ်ဆိုပါတော့...

" ဒီ Product လေးကို စသုံးတဲ့အချိန်ကစပြီး အစ်မရဲ့မျက်နှာလေးကို မှန်ထဲမှာကြည့်တိုင်းကြည့်တိုင်း ကျေနပ်နေရမယ် ၊ တွေ့တဲ့သူတိုင်းက ဘာလိမ်းထားတာလဲ အရမ်းလှတာပဲလို့ တမေးတည်းမေးနေကြတော့မှာနော်..."
စတဲ့..ဒီလိုစကားလုံးလေးတွေနဲ့ ဝယ်သူကို မျက်လုံးထဲ ထင်သာမြင်သာရှိအောင် သူ့အတွက် စိတ်ခံစားချက် Feeling တခုခုကိုပါ ထည့်ပေးလိုက်နိုင်မယ်ဆိုရင်
ဝယ်ဖြစ်ဖို့ သေချာနေပြီပေါ့ 💯

ရောင်းလိုက်တိုင်း ရောင်းလိုက်တိုင်း Customer တွေ ဝယ်ချင်လာအောင် သူတို့အတွက် အကျိုးရှိမယ့်အရာတွေ ပေးဖို့ မမေ့ပါနဲ့နော် ။

ဗုဒ္ဓဟူးနေ့တိုင်းရဲ့ အပတ်စဉ် Sales Knowledge Sharing အစီအစဉ်လေးကနေ အခုလိုပဲ ရောင်းအားတက်ဖို့ အချက်လေးတွေကို ပြောပြပေးသွားမှာမို့ See First လုပ်ပြီး စောင့်ကြည့်ပေးရင်းနဲ့
တချိန်တည်းမှာပဲ...
ဒီအကြောင်းအရာလေးကနေ ကိုယ့်အတွက် တခုခုရသွားတယ်ဆိုရင် အောက်က Comment ထဲမှာ Sticker လေးဖြစ်ဖြစ် မန့်ခဲ့ပေးပါဦး။

လုပ်ငန်းရှင်တွေအတွက်အ​ကောင်းဆုံးမိတ်ဆွေအဖြစ်ရှိနေမယ့်

Customer လာမေးပြီ ဆိုတာနဲ့ အရမ်းရှင်းပြချင်နေတဲ့ သူလေးတွေ ရှိလား 😁😁
14/07/2023

Customer လာမေးပြီ ဆိုတာနဲ့ အရမ်းရှင်းပြချင်နေတဲ့
သူလေးတွေ ရှိလား 😁😁




10/07/2023

Myanmar Business Link - MBL ဆိုတာ ဘာလဲ..?



ကြော်ငြာခေါင်းစည်းရဲ့ ဆွဲဆောင်မှုကြီး 😂😂Content တခုရဲ့ ထိထိမိမိနဲ့ လိုတိုရှင်း အသုံးဝင်ပုံကို ပြသွားရုံသာမက Sale Strateg...
07/07/2023

ကြော်ငြာခေါင်းစည်းရဲ့ ဆွဲဆောင်မှုကြီး 😂😂

Content တခုရဲ့ ထိထိမိမိနဲ့ လိုတိုရှင်း
အသုံးဝင်ပုံကို ပြသွားရုံသာမက
Sale Strategy တွေပါ ထုတ်သုံးသွားတာ

အဓိက ကိုယ့်ရဲ့ကြော်ငြာကို ဖတ်တဲ့သူတွေကို Attention ရသွားစေတာတော့ အမှန်ပဲ 😁

original photo



လုပ်ငန်းစတင်မယ့် သူအနေနဲ့ ဒါတွေ မလုပ်ဘူးဆိုရင် အရှုံးတွေနဲ့ ရင်ဆိုင်ရနိုင်တယ်...⁉️ လုပ်ငန်းတခု စလုပ်မယ်ဆိုရင် အရာရာပြည့်...
06/07/2023

လုပ်ငန်းစတင်မယ့် သူအနေနဲ့

ဒါတွေ မလုပ်ဘူးဆိုရင် အရှုံးတွေနဲ့

ရင်ဆိုင်ရနိုင်တယ်...⁉️

လုပ်ငန်းတခု စလုပ်မယ်ဆိုရင် အရာရာပြည့်စုံအောင် ဘက်ပေါင်းစုံကနေ ကြိုတင်တွက်ဆပြီး စလုပ်ကြရတာ မှန်ပေမယ့် ကိစ္စအားလုံးကို ကိုယ်တစ်ဦးတည်းကနေပဲ စီစဉ်နေရမယ်ဆိုရင် လုပ်ငန်းအပေါ်မှာ အာရုံမစိုက်နိုင်တော့ပဲ ရှေ့ရောက်သင့်သလောက် မရောက်နိုင်ပဲ ဖြစ်တတ်ပါတယ်။

ကိုယ့်ရဲ့ လုပ်ငန်းက Service ပေးတာလား ၊ Product ထုတ်မှာလား စတဲ့အချက်တွေပေါ်မူတည်ပြီး ကိုယ်က ဘယ်အပိုင်းကို အဓိကထားမှာလဲဆိုတာ စဉ်းစားရမှာပါ။

တိုးတက်စေချင်တဲ့ အပိုင်းကိုပဲ အာရုံစိုက်ပြီး ကျန်တဲ့ လုပ်ငန်းအပိုင်းတွေကိုတော့ ကိုယ့်ရဲ့ Team / ဝန်ထမ်းတွေကို အသီးသီးတာဝန်ခွဲပေးရပါမယ်။

လုပ်ငန်းအောင်မြင်ဖို့ ကျွမ်းကျင်သူတွေနဲ့ အတူ ရေတို/ရေရှည် plan ထားပြီး အများနဲ့မတူမယ့် အိုင်ဒီယာအသစ်တွေကို အမြဲလေ့လာ သင်ယူရပါမယ်။

လူသိပိုများဖို့နဲ့ ယုံကြည်မှုရရှိဖို့အတွက် ကိုယ့်ရဲ့ Business ကို Online ကနေ ကြော်ငြာနိုင်ဖို့လဲ သိပ်ကိုအရေးကြီးပါတယ်။

ဒီလို Online ပေါ်မှာ Page နဲ့ ပတ်သက်ပြီး
ရောင်းအားပိုင်းမှာ အကြံဉာဏ်တွေ လိုအပ်လာရင်တော့ Myanmar Business Link - MBL က မိတ်ဆွေအနားမှာ အဆင်သင့် ရှိနေမှာပါ။


Customer တွေက ကိုယ့်ပစ္စည်းကို အမြဲမလိုချင်ဘူး မလိုအပ်ဘူး ။ သူတို့ လိုတဲ့အချိန်မှာ‌တော့အရင်ဆုံး သတိရမယ့်သူက ကိုယ်ပဲ ဖြစ်...
06/07/2023

Customer တွေက ကိုယ့်ပစ္စည်းကို
အမြဲမလိုချင်ဘူး မလိုအပ်ဘူး ။

သူတို့ လိုတဲ့အချိန်မှာ‌တော့
အရင်ဆုံး သတိရမယ့်သူက ကိုယ်ပဲ ဖြစ်ပါစေ..။


ဒီနေ့ခေတ် လုပ်ငန်းရှင် အများစုက ကုန်ထုတ်လုပ်မှုအပိုင်း ၊ ဝန်ဆောင်မှုအပိုင်း နဲ့ လုပ်ငန်းတိုးတက်ရေးအပိုင်းတွေကို ပိုပြီး ...
05/07/2023

ဒီနေ့ခေတ် လုပ်ငန်းရှင် အများစုက ကုန်ထုတ်လုပ်မှုအပိုင်း ၊ ဝန်ဆောင်မှုအပိုင်း နဲ့ လုပ်ငန်းတိုးတက်ရေးအပိုင်းတွေကို ပိုပြီး အာရုံစိုက်လာကြပါတယ်

အခုမှ လုပ်ငန်းစကြတဲ့ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ကိုယ်ရဲ့လုပ်ငန်းတူပြိုင်ဘက်တွေကြား ဈေးကွက်ထဲမှာ လုပ်ငန်းကို ပိုပြီးလူသိများလာအောင် ရောင်းအားပိုတက်လာအောင် လုပ်ကြရတဲ့အခါမှာ
ထင်သလောက် ခရီးမပေါက်တဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြရတယ်

ဘာတွေက သင့်ကို တားဆီးနေတာလဲ...?

ဝန်ထမ်းအင်အား မလုံလောက်မှု ၊ ငွေကြေးအခက်အခဲ ၊ နည်းပညာ အခက်အခဲတွေကြားမှာ ရောင်းအားတက်ဖို့အတွက် ခေါင်းကိုက်နေရပြီဆိုရင်တော့ ...

Myanmar Business Link ကနေ ကူညီပေးနိုင်ပါတယ်

အသေးစား အလတ်စား လုပ်ငန်းရှင်တွေအတွက် အဓိကရည်ရွယ်ပြီး လုပ်ငန်းတစ်ခု မြန်မြန်ဆန်ဆန် တိုးတက်အောင်မြင်ဖို့ {***ငွေအများကြီး စသုံးစရာမလိုပဲ***} Online ပေါ်ကနေ ရောင်းအားတက် လူသိများလာစေဖို့ Online Sale & Marketing အပိုင်းတွေမှာ Coach အနေနဲ့ရော Service အပိုင်းတွေအတွက်ပါ လှည့်ကြည့်စရာမလိုအောင် Myanmar Business Link အနေနဲ့ မိတ်ဆွေအနားမှာ အဆင့်သင့်ရှိနေပါပြီ ။

ဘယ်လို Service အပိုင်းတွေနဲ့ မိတ်ဆွေကို ကူညီပေးနိုင်မလဲဆိုတာ စိတ်ဝင်စားရင်
Messenger Chatbox ကနေဖြစ်စေ ၊ ဖုန်းနဲ့ ဖြစ်စေ အသေးစိတ် အခမဲ့ ဆွေးနွေးနိုင်ပါတယ် ။

အောက်က comment ထဲမှာ MBL ဆိုပြီး ရေးခဲ့ပေးပါ
Myanmar Business Link Team ကနေ အမြန်ဆုံး ဆက်သွယ်ပေးပါ့မယ်။

လုပ်ငန်းရှင်တွေအတွက်အ​ကောင်းဆုံးမိတ်ဆွေအဖြစ်ရှိနေမယ့်

Address

No. 1141, Yaza Thingyan Street, 12 Quater, East Dagon
Yangon
1111

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00

Website

Alerts

Be the first to know and let us send you an email when Myanmar Business Link - MBL posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share