25/03/2025
#ထမင်းစားနေရင်း_ရေသောက်ရင်_ဗိုက်ပူတတ်တယ်
#အစာမကြေလည်းဖြစ်တတ်တယ်ဆိုတာ_ဟုတ်လား ⁉️
ကျွန်တော်တို့ ခန္ဓာကိုယ်ကြီးက ရေဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းထားလို့ #ရေ ဟာ ကျွန်တော်တို့အတွက် မရှိမဖြစ်အရေးကြီးပါတယ်။
ဘယ်အချိန်သောက်သောက် ရေသောက်လို့ အကျိုးယုတ်တယ် ဆိုတာမရှိပါဘူး
(အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါ စတာတွေရဲ့ နောက်ဆုံးအဆင့်တွေကလွဲရင်ပေါ့)
အဲ့ဒါကြောင့်
"ထမင်းစားရင်း ရေသောက်တာ" ဘာမှထူးပြီး မဖြစ်သွားပါဘူး
❇️ သောက်လို့ရပါတယ် ❇️
စိတ်ပူကြတာက
ရေတွေဝင်သွားတော့
👉 အစာချေရည်တွေ ရေနဲ့ရောပြီး အစာချေတဲ့နေရာမှာ အနှောင့်အယှက်ဖြစ်နိုင်မလား
👉 အာဟာရဓာတ်တွေ စုပ်ယူတဲ့နေရာမှာ အနှောင့်အယှက် ဖြစ်နိုင်မလား ပေါ့။
✔️ အစာချေတဲ့နေရာမှာ အနှောင့်အယှက်မဖြစ်တဲ့အပြင် ရေဟာ အစာချေခြင်း Digestion ကို ပိုပြီးချောမွေ့အောင် အကူညီပေးပါတယ်။
✔️ အူလမ်းကြောင်းတစ်လျှောက်မှာ အာဟာရတွေဟာ သူ့လမ်းကြောင်းနဲ့သူ စုပ်ယူကြတာပါ
✔️ လေပွခြင်း ရင်ပူခြင်းတွေအတွက် ရေသောက်ခြင်းက သက်သာစေပါတယ်
✔️ ရေသောက်ခြင်းဖြင့် ဝမ်းချုပ်ခြင်းမဖြစ်ရအောင်တောင် ကာကွယ်ပေးပါတယ်
အစာစားတဲ့အချိန်ရေသောက်တာဟာ မကောင်းတဲ့အကျိုးသက်ရောက်မှုရှိတယ် ဆိုတဲ့ သုတေသနတစ်ခုမှ မရှိပါဘူး။
ရေသောက်ခြင်းဖြင့် အစာချေအဖွဲ့အစည်း အတွက်သာမက ခန္ဓာကိုယ်တစ်ခုလုံးအတွက် အကျိုးများစွာရှိတယ် ဆိုတဲ့ ခိုင်မာတဲ့ အချက်တွေသာရှိပါတယ်။
___________
ဒီစာဖတ်ပြီး ငါက ထမင်းစားတုန်း ရေမှ မသောက်တတ်တာ ခုသောက်ရတော့မှာလား ⁉️ ဆိုတာမျိုးဖြစ်လာရင်
ကြိုပြောထားပါရစေ
👉 ထမင်းစားရင်း သောက်နေမကျတဲ့သူတွေ အတွက်က ထူးပြီးသောက်စရာမလိုပါဘူး
👉 ထမင်းစားရင် ရေသောက်ရင်းစားမှ မျိုကျတတ်တဲ့ သူတွေအတွက် ဘာအန္တရာယ်မှ မရှိပါဘူး ဆိုတာ ရှင်းပြတာပါ။
"Beer သောက်ရင်း အမြည်းစားလို့ရ/မရတော့ စိတ်မပူကြဘူးနော် 😅😅😅"
(Ref - mayoclinic)
(photo credit; jsnewstime)
(Original post ; Jan,2022 👉 https://www.facebook.com/104993831383029/posts/403361958212880/?d=n)
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
Dr. ဘုန်းစည်သူလွင်
(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတ တိုးပွား လာပါလိမ့်မယ် 💕💕💕 )