The Winner DV services

The Winner DV services DV Lottery Service DV Lottery Services

ဒီလို service မျိုးတော့ ကျွန်တော်တို့မှာ မရလို့ပါခင်ဗျ... စိတ်မရှိပါနဲ့နော်... 😁
31/10/2022

ဒီလို service မျိုးတော့ ကျွန်တော်တို့မှာ မရလို့ပါခင်ဗျ... စိတ်မရှိပါနဲ့နော်... 😁

DV တင်တဲ့သူတွေ အရမ်းများနေလို့ Page မှာ Reply လေး နောက်ကျသွားတဲ့ အတွက် စိတ်မရှိပါနဲ့ဗျာ... 🙏DV 2024 ကို November 8 ရက်နေ...
19/10/2022

DV တင်တဲ့သူတွေ အရမ်းများနေလို့ Page မှာ Reply လေး နောက်ကျသွားတဲ့ အတွက် စိတ်မရှိပါနဲ့ဗျာ... 🙏

DV 2024 ကို November 8 ရက်နေ့၊ ည 11:30 PM အထိ တင်လို့ရတာမို့လို့ Page ရဲ့ cb ကနေဖြစ်ဖြစ်၊ ဖုန်းနံပတ် 09784022888 ရဲ့ viber ကိုဖြစ်ဖြစ် ရုံးချိန်အတွင်း (9:00 AM to 5:00 PM) ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်ခင်ဗျ....🗽🗽

Good Luck All for DV2024...!!..😍😍

သင့်မှာလည်း အမေရိကန်နိုင်ငံမှာ သွားရောက်နေထိုင်ခွင့် ရှိပါတယ်.... !!ဒီအခွင့်အလမ်းအတွက် DV Lottery 2024မှာ ပါဝင်ကံစမ်းလို...
15/09/2022

သင့်မှာလည်း အမေရိကန်နိုင်ငံမှာ သွားရောက်နေထိုင်ခွင့် ရှိပါတယ်.... !!
ဒီအခွင့်အလမ်းအတွက် DV Lottery 2024မှာ ပါဝင်ကံစမ်းလိုက်ကြပါစို့.... 😇

တစ်ဦးလျှင် - 7500 ကျပ်

လိုအပ်ချက်လေးတွေကတော့.....

✅2”x 2” photo နောက်ခံအဖြူရောင် Original Soft Copy

✅Email address

✅Phone number

✅Passport Scan (ဓာတ်ပုံပါသည့်ရှေ့စာမျက်နှာ)

✅Permanent Address

✅ပညာအရည်အချင်း

✅Place of Birth .....

✅7500ks ငွေလွှဲပြီးသားscreenshot

စသည်တို့ကို

📮[email protected] သို့email

သို့မဟုတ်

📮Viber no 09784022888သို့ message ပို့ပေးနိုင်ပါသည်။

ဝန်ဆောင်ခအား Kpay/ Wave/Mobile Banking စသည်တို့ ဖြင့် ငွေလွှဲနိုင်ပါသည်

Email ဖြင့်အထက်ပါအချက်အလက်များကို စတင်နေပြီဖြစ်ပြီး DV Apply အားစတင်မည့် Oct လတွင် စတင်ပြီး ဆောင်ရွက်ပေးမည်ဖြစ်ပါသည်....

Good Luck for American Dream..😇😇

09784022888 သို့လည်း ဆက်သွယ်မေးမြန်း နိုင်ပါသည်။

DV နဲ့ပတ်သတ်ပြီး အမေးများကြတဲ့ အချက်လေးတွေကို ပြန်ပြီး share ပေးပါရစေ....DV ဆိုတာဘာလည်း...?💠အမေရိကန်နိုင်ငံက တရားဝင်ထုတ်...
30/08/2022

DV နဲ့ပတ်သတ်ပြီး အမေးများကြတဲ့ အချက်လေးတွေကို ပြန်ပြီး share ပေးပါရစေ....

DV ဆိုတာဘာလည်း...?💠

အမေရိကန်နိုင်ငံက တရားဝင်ထုတ်ပေးတဲ့ သူတို့စီမှာ အခြေချနေထိုင်ခွင့်ရတဲ့ ဗီဇာဖြစ်ပါတယ်။ Green Card Visa လို့လည်းခေါ်ပြီး DV ပေါက်သူများဟာ အဆိုပါ Green Card Visa ကို လျောက်ခွင့်ရမှာ ဖြစ်ပြီး Visa ရရင် အမေရိကန် နိုင်ငံမှာ တရားဝင်အခြေချနေထိုင်ပြီး အလုပ်လုပ်ခွင့် ရမှာလည်း ဖြစ်ပါတယ်....
အောက်မှာပေးထားတဲ့ Link လေးမှာ အသေးစိတ်ကြည့်လို့ရပါတယ်ခင်ဗျ...
https://www.facebook.com/permalink.php?story_fbid=173245941895117&id=100076291354039

ဘယ်တော့လောက် DV တင်ရမလည်း..?💠

အမေရိကန်အစိုးရက DV 2024 တင်ဖို့အတွက် တရားဝင်ရက်ကိုတော့ အခုလောလောဆယ် မကြေငြာသေးပါဘူး။ ပုံမှန်အားဖြင့် အောက်တိုဘာလ ပထမအပတ်မှ နိုဝင်ဘာလဆန်းလောက်ထိ နှစ်စဥ် တစ်လနီးပါးခန့် DV တင်ဖို့ ခွင့်ပြုပေးလေ့ရှိပါတယ်......

DV လျောက်မယ်ဆိုရင် ဘာတွေလိုမလည်း...?💠

အသေးစိတ်လေးကို အောက်ကပေးထားတဲ့ Link လေးမှာ ဝင်ကြည့်လို့ရပါတယ် ခင်ဗျ....
https://www.facebook.com/permalink.php?story_fbid=173047875248257&id=100076291354039

(၁၀) တန်းအောင်မှ DV လျောက်လို့ရတာလား.... ?💠

DV လျောက်ဖို့အတွက် အနိမ့်ဆုံးပညာအရည်အချင်းကတော့ အထက်တန်းအောင်ရမယ်လို့ အမေရိကန် အစိုးရက သတ်မှတ်ပေးထားပါတယ်။ ဒါပေမယ့် အထက်တန်းမအောင်သူတွေအတွက် အထူးအခွင့်အရေး အနေနဲ့ အမေရိကန် အစိုးရက သတ်မှတ်ထားသော လုပ်ငန်းတွေထဲက လွန်ခဲ့တဲ့ငါးနှစ်အတွင်း လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး ၂ နှစ်ရှိရင် လည်း လျောက်လို့ရပါတယ်...
အောက်က Link လေးမှာ အသေးစိတ်ကြည့်လို့ရပါတယ် ခင်ဗျ....
https://www.facebook.com/permalink.php?story_fbid=109195208173294&id=107537445005737

ဘယ် passport နဲ့မှ လျောက်လို့ရမှာလည်း...?💠

ဘယ် passport အမျိုးအစားဖြစ်ဖြစ် တင်တဲ့အချိန်မှာ သက်တမ်း ၆ လ ကျန်မယ်ဆိုရင် တင်လို့ရပါတယ်။ DV ပေါက်ပြီး အင်တာဗျူးဝင်ခါနီးမှာမှ သက်တမ်းကုန်ခါနီးဖြစ်လို့ သက်တမ်းတိုးမယ်ဆိုရင်လည်း passport အဟောင်းရဲ့ မိတ္တူလေးကို ဆောင်ထားပေးပါ။

DV တင်မယ့်မိသားစုဝင်အားလုံး passport ရှိရမှာလား....?💠

DV ကို ဦးဆောင်ပြီးတင်မယ့်သူရဲ့ passport ကတော့ လိုပါတယ်။ ကျန်တဲ့ မှီခိုသူ ခင်ပွန်း(သို့)ဇနီးရ၊ အသက် ၂၁ နှစ်အောက် သားသမီးတွေရဲ့ passport ကတော့ DV တင်နေတုန်းမှာ မလိုသေးပါဘူး။ ဒါပေမယ့် DV ပေါက်လို့ သံရုံးကို ဗီဇာဝင်ရင်တော့ အားလုံးရဲ့ Passport တွေလိုပါတယ်.....

DV ဝင်နေတဲ့အချိန် ဘာတွေမလိုသေးဘူးလည်း...?💠

အိမ်ထောင်စုဇယား
မွေးစာရင်း / သေဆုံးစာရင်း
လက်ထက်စာချုပ် / ကွာရှင်းစာချုပ် / မွေးစားစာချုပ်
ဘွဲ့လတ်မှတ် / ဆယ်တန်းအောင်လတ်မှတ်
လုပ်ကိုင်နေသည့်အလုပ်နှင့်ပတ်သတ်သော ထောက်ခံချက်များ
နိုတြီစာရွက်များ.....
စတဲ့ စာရွက်စာတမ်းတွေ DV တင်နေတုန်းတော့ မလိုသေးပါဘူး။ DV ပေါက်လို့ သံရုံးကို ဗီဇာဝင်တဲ့အခါကျမှ ပြပေးရမှာ ဖြစ်ပါတယ်....

အပေါ်မှာဖော်ပြပေးထားတဲ့ အချက်လေးတွေကတော့ DV တင်တာနဲ့ပတ်သတ်ပြီး အမေးများကြတဲ့ အချက်လေးတွေ ဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက The Winner DV Service ရဲ့ ဖုန်းနံပတ် 09-784022888 ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ် ခင်ဗျ......

DV လျောက်ဖို့ ပြင်ဆင်နေသူတွေအတွက် အရေးကြီးတဲ့အချက်လေးတွေကို သတိထားရအောင် sharing လေး လုပ်ပေးပါရစေခင်ဗျ...😇😇Passport...‼န...
22/08/2022

DV လျောက်ဖို့ ပြင်ဆင်နေသူတွေအတွက် အရေးကြီးတဲ့အချက်လေးတွေကို သတိထားရအောင် sharing လေး လုပ်ပေးပါရစေခင်ဗျ...😇😇

Passport...‼

နံပတ် ၁ အရေးအကြီးဆုံးက သက်တမ်းရှိတဲ့ Passport ဖြစ်ပါတယ်...

DV ဦးဆောင်တင်မယ့်သူရဲ့ Passport က PJ/PV ဘာပဲဖြစ်ဖြစ်ရပါတယ်။ လျောက်မယ့်ကာလအတွင်းမှာ အနည်းဆုံးသက်တမ်း ၆ လကျန်ရမှာကိုတော့ သတိပြုရပါမယ်..

Photo..‼

၂ လက်မပတ်လည်၊ နောက်ခံအဖြူ ဖြစ်ရမှာဖြစ်ပြီး JPEG Format ဖြစ်ရပါမယ်...

ကြည်လင်ပြတ်သားတဲ့ပုံမျိုးဖြစ်ရပါမယ်...

မျက်မှန်၊ မျက်ကပ်မှန်တပ်ထား တာမျိုး၊ သနပ်ခါးလိမ်းထားတာမျိုးမဖြစ်ရပါဘူး...

ဆံပင်အရှည်ဆိုလည်း ဆံပင်ကို နားရွက်နောက်ကိုသိမ်းပြီး နားရွက်ကို ဖော်ထားပေးရပါမယ်...

ပုံရဲ့ size က အနည်းဆုံး 100kb ရှိရမှာဖြစ်ပြီး 220kb ထက်မကျော်ရပါဘူး....

၆ လ အတွင်းရိုက်ထားတဲ့ ဓာတ်ပုံဖြစ်ရပါမယ်.....
(ဓာတ်ပုံဆိုင်မှသွားရိုက်မယ်ဆိုရင် ပုံကို soft copy တောင်းပြီး ဖုန်းထဲထည့်ခိုင်းလို့ရပါတယ်)

Education...‼

DV လျောက်ဖို့ ပညာအရည်အချင်းကလည်း အရေးကြီးပါတယ်။ အနည်းဆုံးတော့ ဆယ်တန်းအောင်လတ်မှတ် ရှိရမှာဖြစ်ပါတယ်....

International School မှာ တက်ခဲ့တယ်ဆိုလည်း သက်ဆိုင်ရာနိုင်ငံရဲ့ အထက်တန်းအောင် ထားပြီးကြောင်း လတ်မှတ်ရှိရမှာ ဖြစ်ပါတယ်......

ဘွဲ့ရပြီးသားဆိုရင်လည်း ဘွဲ့လတ်မှတ်နဲ့ လျောက်ထားလို့ရပါတယ်....

တကယ်လို့ ဆယ်တန်းအောင်မဟုတ်ခဲ့ရင်တော့...🤗

အမေရိကန်နိုင်ငံကသတ်မှတ်ထားတဲ့ လုပ်ငန်းတွေထဲကတစ်ခုမှာ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း လုပ်သက်အနည်းဆုံး ၂ နှစ်ရှိကြောင်း ထောက်ခံစာတွေ လိုပါတယ်...

သတ်မှတ်ထားတဲ့ လုပ်ငန်းအမျိုးအစားပေါင်း ၃၀၀ နီးပါးခန့်ရှိပါ တယ်..... အသေးစိတ်ကို အောက်က Link လေးမှာ ကြည့်လို့ရပါတယ်...
www.onetonline.org

ဒီအချက်လေးတွေကတော့ DV လျောက်ဖို့လိုအပ်တဲ့ အခြေခံအချက်လေးတွေ ဖြစ်ပါတယ်။ DV 2024 ကို လျောက်ရမယ့်ရက်ကိုတော့ US Government က မကြေငြာသေးပေမယ့် နှစ်စဥ် အောက်တိုဘာလဆန်းကနေ နိုဝင်ဘာလဆန်းအထိ တစ်လခန့် လျောက်ဖို့ ခွင့်ပြုလေ့ရှိပါတယ်....

DV နဲ့ပတ်သတ်ပြီး အသေးစိတ်အချက်လေးတွေကို ထပ်မံသိရှိလိုပါက ဖုန်းနံပတ် 09-784022888 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျ..😇

DV2024 Winner တွေအနေနဲ့ American Dream ကို အကောင်းဆုံး အကောင်အထည်ဖော်နိုင်ကြပါစေ

DV Lottery ပေါက်ပြီး အမေရိကန် Green Card သမားတစ်ယောက်ဖြစ်လာရင် ဘယ်လိုအခွင့်အရေးတွေ ရလာနိုင်လည်းဆိုတော့.....Green Card ကိ...
18/08/2022

DV Lottery ပေါက်ပြီး အမေရိကန် Green Card သမားတစ်ယောက်ဖြစ်လာရင် ဘယ်လိုအခွင့်အရေးတွေ ရလာနိုင်လည်းဆိုတော့.....

Green Card ကိုင်ထားတဲ့သူတစ်ယောက်ဟာ အမေရိကန်မှာနေထိုင်ပြီး ငါးနှစ်ကြာရင် နိုင်ငံသားခံယူခွင့်ကို လျောက်ထားနိုင်ပါတယ်.....👍

Green Card ကိုင်ထားပြီး ၁၀ နှစ်တစ်ကြိမ် သက်တမ်းတိုးနိုင်ပြီး နေထိုင်ရာတစ်လျောက်မှာ အမေရိကန်နိုင်ငံ သား ခံယူခွင့်ရှိပါတယ်....👍

အမြဲတမ်းနေထိုင်ခွင့်ရပြီးနောက် ကိုယ့်ရဲ့မိဘ၊ သားသမီး၊ အိမ်ထောင်ဖက်၊ မောင်နှမစတာတွေကို ခေါ်ယူနိုင် ပါတယ်....👍

Green Card ရပြီးတဲ့ ကျောင်းသားကျောင်းသူတွေဆိုရင် ကျောင်းရဲ့ Campus အတွင်းမှာသာမက အပြင်မှာပါ အလုပ်လုပ်ခွင့်ရှိပါတယ်....👍

သတ်မှတ်ထားတဲ့ တက္ကသိုလ်နဲ့ကောလိပ်တွေမှာ ကျောင်းစရိတ်လျော့ပေးတဲ့ promotion လိုမျိုး ခံစားခွင့် ရှိပါတယ်....👍

နိုင်ငံရဲ့ပြဌာန်းချက်၊ ပြည်နယ်တွေရဲ့ပြဌာန်းချက်တွေကို အမေရိကန်နိုင်ငံသားတွေနည်းတူ ခံစားခွင့်ရှိပါတယ်....👍

အမေရိကန်နိုင်ငံကနေ အခြားနိုင်ငံတွေကို သွားရောက်လည်ပတ်ပြီးရင်ဖြစ်ဖြစ်၊ အမေရိကန်ကို ပြန်ဝင်လာရင် ဖြစ်ဖြစ် အခြား student visa လိုမျိုးကိုင်ထားသူတွေအတွက် ပိုမိုလွယ်ကူပါတယ်.....👍

အမေရိကန်တစ်နိုင်ငံလုံး ကိုယ်ကြိုက်တဲ့နေရာမှာ အခြေချနေထိုင်ခွင့်ရှိပါတယ်.....👍

Green card ကိုင်ထားသူအနေနဲ့ အခြား visa သမားတွေထက် အလုပ်ရတာ ပိုမိုလွယ်ကူလေ့ရှိပါတယ်...👍

DV 2024 မှာလည်း Winner များဖြစ်ကြပြီး American Dream ကို အပြည့်အဝ အကောင်အထည် ဖော်နိုင်သူတွေ ဖြစ်ကြပါစေ....😍

DV နဲ့ ပတ်သတ်ပြီး အသေးစိတ်မေးမြန်းဆက်သွယ်လိုပါက 09-784022888 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်....


DV 2024 ကို ဘယ်တော့တင်ရမလည်း မေးနေကြသူတွေ အတွက်....DV 2024 တင်ရမယ့်ရက်တော့ အတိအကျ မထုတ်ပြန်သေးပါဘူး... ပုံမှန်ဆိုရင် Oct...
17/08/2022

DV 2024 ကို ဘယ်တော့တင်ရမလည်း မေးနေကြသူတွေ အတွက်....

DV 2024 တင်ရမယ့်ရက်တော့ အတိအကျ မထုတ်ပြန်သေးပါဘူး... ပုံမှန်ဆိုရင် October ပထမအပတ်ကနေ November လအလည်လောက်ထိ ရက် 30 ကျော်လောက်တော့ တင်ဖို့ခွင့်ပြုပေးပါတယ်....

မနှစ်က DV 2023 ကို Oct 7 ကနေ Nov 10 ရက်နေ့ထိ ခွင့်ပြုခဲ့ပြီး မြန်မာနိုင်ငံမှကံထူးသူ ၁၀၀၀ ခန့်ရှိခဲ့ပါတယ်...

ဒီတစ်ခေါက် DV တင်ဖို့ ဘာတွေလိုမလည်းဆိုရင်တော့....

အမည် 👈

မွေးသက္ကရာဇ် (passport ထဲမှရက်အတိုင်း)👈

မွေးဖွားသည့်မြို့👈

Passport (DV လျောက်မည့်အချိန်တွင် အနည်းဆုံး ၆ လသက်တမ်းကျန်ရမည်)👈

လက်ရှိနေထိုင်သည့် လိပ်စာအပြည့်အစုံ👈

Email (အမြဲတမ်းသုံးနေသည့် email ဖြစ်ရမည်)👈

ဓာတ်ပုံ ၂ ပုံ ( ၂ လက်မပတ်လည်၊ နောက်ခံအဖြူ၊ 600x600 pixel၊ 240kb ထက်မကျော်ရ၊ မျက်မှန်၊ မျက်ကပ်မှန်၊ သနပ်ခါးမလိမ်းထားရ၊ ဆံပင်အားနားရွက်နောက်သို့ သိမ်းထားရမည်)👈

ဖုန်းနံပတ်👈

ပညာအရည်အချင်း👈

အိမ်ထောင်ရှိ/မရှိ👈

ကလေးအရေအတွက်👈

အိမ်ထောင်ရှိပါက (အိမ်ထောင်ဖက်နှင့်သားသမီးတို့၏)

အမည်👈

မွေးသက္ကရာဇ်👈

မွေးဖွားသည့်မြို့👈

Passport ရှေ့စာမျက်နှာ (ဓာတ်ပုံပါသည်ရှေ့စာမျက်နှာ)👈

ဓာတ်ပုံ ၂ ပုံ ( ၂ လက်မပတ်လည်၊ နောက်ခံအဖြူ၊ 600x600 pixel၊ 240kb ထက်မကျော်ရ၊ မျက်မှန်၊ မျက်ကပ်မှန်၊ သနပ်ခါးမလိမ်းထားရ၊ ဆံပင်အားနားရွက်နောက်သို့ သိမ်းထားရမည်)👈

ဒီအချက်လေးတွေ လိုအပ်ပါတယ်...

အသေးစိတ်သိရှိလိုပါက ဖုန်းနံပတ် 09-784022888 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ် ခင်ဗျာ......😍

DV 2024 မှာ ပါဝင်ကံစမ်းကြရင်း American Dream ကို လက်တွေ့အကောင်အထည် ဖော်ကြရအောင်နော်...😍😍


06/05/2022

DV 2023 ရဲ့ Result လေးတွေကို May 8 မှာ စတင်ပြီး စစ်လို့ရပါပြီ ခင်ဗျာ....

အောက်မှာပေးထားတဲ့ Link လေးထဲမှာကိုယ်တိုင်ဝင်စစ်လို့ရသလို The Winner DV ကလည်း စစ်ပေးပြီး တစ်ပတ်အတွင်း အကြောင်းပြန်ပေးသွားမှာပါခင်ဗျာ...

DV 2023 Winner ဖြစ်ပြီး American Dreams ကို အကောင်အထည် ဖော်နိုင်ကြပါစေခင်ဗျာ....😍😇

https://dvprogram.state.gov/ESC/CheckStatus.aspx

05/11/2021

DV 2023 တင်ဖို့ အချိန် ၅ ရက်ပဲကျန်တော့တယ်နော်... Nov 10 ရက်နေ့မှာ နောက်ဆုံးထားတင်ရမှာပါ...🇱🇷🇱🇷

ဟိုလီးဝုဒ်မှာ American Dream တွေ ဖန်တီးနိုင်ဖို့ အချိန်သိပ်မလိုတော့တာကြောင့် The Winner DV Service ကို အမြန်ဆုံးဆက်သွယ်ပြီး Dv တင်လိုက်ကြပါတော့နော်....🤗🤗

DV တင်တဲ့အခါ Photo ကလည်း အရေးကြီးပါတယ်။ photo error ပါတဲ့အခါလည်း Reject ဖြစ်တတ်ပါတယ်...Dv အတွက် photo က 📌 ၂ လက်မ ပတ်လည်၊...
08/10/2021

DV တင်တဲ့အခါ Photo ကလည်း အရေးကြီးပါတယ်။ photo error ပါတဲ့အခါလည်း Reject ဖြစ်တတ်ပါတယ်...

Dv အတွက် photo က
📌 ၂ လက်မ ပတ်လည်၊ နောက်ခံအဖြူ ဖြစ်ရမယ်
📌 မျက်မှန်၊ မျက်ကပ်မှန် တပ်ထားတာမျိုး မဖြစ်ရပါဘူး။
📌 ဆံပင်ကို နားရွက်နောက်သိမ်းထားရပါမယ်။
📌 Jpeg Format ဖြစ်ရပါမယ်။
📌 ပုံရဲ့ size က အနည်းဆုံး 100kb ထက်များပြီး 200kb မကျော်ရင် အကောင်းဆုံးပါ။

ဆိုင်မှာသွားရိုက်ပြီး soft copy ကို ဖုန်းထဲထည့်ခိုင်းလို့ရပါတယ်။ ဆိုင်သွားဖို့ အဆင်မပြေသူတွေဆို passport photo editor ဆိုတဲ့ apk လေးသုံးလို့ရပါတယ်...

အသုံးပြုပုံ video လေးကို Link လေးထဲမှာ ဝင်ကြည့်လို့ရပါတယ်....

DV တင်ကြသူအားလုံးပဲ အဆင်ပြေတဲ့ ဓာတ်ပုံလေးတွေကို ကိုယ်တိုင်ကိုယ်ကျ ရိုက်နိုင်ကြပါစေခင်ဗျာ..

- - - Download the free app now - - -https://play.google.com/store/apps/details?id=np.com.njs.autophotosPassport/ID Size Photo Maker (ID Photo Maker Studio)...

အမေရိကန်နိုင်ငံရဲ့ Dv 2023 ကို ယနေ့၊ အောက်တိုဘာ ၇ ရက်နေ့မှာ စပြီးတင်လို့ရပါပြီခင်ဗျာ... 😊😇တင်ရမယ့်အချိန်က Oct 7- Nov 10 ...
06/10/2021

အမေရိကန်နိုင်ငံရဲ့ Dv 2023 ကို ယနေ့၊ အောက်တိုဘာ ၇ ရက်နေ့မှာ စပြီးတင်လို့ရပါပြီခင်ဗျာ... 😊😇

တင်ရမယ့်အချိန်က Oct 7- Nov 10 အထိဖြစ်ပြီး May 8 မှာ DV Winner စာရင်းထွက်မှာဖြစ်ပါတယ်ခင်ဗျာ...

DV Winner တွေဖြစ်ပြီး ကံကောင်းနိုင်ကြပါစေ.😍😍

See you soon in USA..!!!

DV-2023 လျှောက်လွှာတင်လို့ရမယ့်နေ့ကို တရားဝင်ကြေငြာလိုက်ပါပြီ ခင်ဗျာ....မြန်မာ စံတော်ချိန် ....October 7, 2021 (မနက် ၁၂:...
01/10/2021

DV-2023 လျှောက်လွှာတင်လို့ရမယ့်နေ့ကို တရားဝင်ကြေငြာလိုက်ပါပြီ ခင်ဗျာ....

မြန်မာ စံတော်ချိန် ....
October 7, 2021 (မနက် ၁၂:၃၀နာရီ) ကြာသပတေးနေ့မှာ စတင်ပြီး၊
November 10, 2021 (မနက် ၁၂:၃၀နာရီ) ဗုဒ္ဓဟူးနေ့မှာ နောက်ဆုံးဖြစ်ပါလိမ့်မယ်။

DV 2023 မှာ ကံကောင်းနိုင်ကြပါစေခင်ဗျာ.... 🙏🙏

Address

Shangone Street
Yangon

Opening Hours

Monday 09:30 - 16:30
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959784022888

Website

Alerts

Be the first to know and let us send you an email when The Winner DV services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Winner DV services:

Share