SleepEzy Myanmar

SleepEzy Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SleepEzy Myanmar, No. 23/5(C), Thiri Mingalar Yeik Thar Street(7) Ward, Yankin Township, Yangon.

💤 ဆယ်ကျော်သက်တွေအတွက် လုံလောက်တဲ့ အိပ်စက်ချိန် ဘယ်လောက်ရှိသင့်လဲ❓ဆယ်ကျော်သက်အရွယ်ဆိုတာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိ...
18/05/2026

💤 ဆယ်ကျော်သက်တွေအတွက် လုံလောက်တဲ့ အိပ်စက်ချိန် ဘယ်လောက်ရှိသင့်လဲ❓

ဆယ်ကျော်သက်အရွယ်ဆိုတာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ဖွံ့ဖြိုးပြောင်းလဲနေတဲ့ အချိန်ကာလတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဆယ်ကျော်သက်တွေမှာ အိပ်စက်ချိန် လုံလောက်ဖို့ လိုအပ်ပါတယ်။
အသက် ၁၃ နှစ်မှ ၁၈ နှစ်ကြားရှိတဲ့ ဆယ်ကျော်သက်တစ်ယောက်ဟာ တစ်နေ့ကို ၈ နာရီကနေ ၁၀ နာရီအထိ အိပ်စက်ဖို့ လိုအပ်ပါတယ်။ဒါပေမဲ့ အခြားအကြောင်းအမျိုးမျိုးကြောင့် ဆယ်ကျော်သက် အများစုဟာ ဒီအချိန်ထက် နည်းပြီး အိပ်စက်နေကြတာကို တွေ့ရပါတယ်။

🤷‍♀️ဘာကြောင့် ၈နာရီကနေ ၁၀ နာရီထိ အိပ်စက်သင့်တာလဲ❓
✅အိပ်စက်နေစဉ်မှာ ဦးနှောက်က တစ်နေ့တာ သင်ယူခဲ့သမျှကို သိမ်းဆည်းပါတယ်။ အိပ်ရေးဝမှသာ မှတ်ဉာဏ်ကောင်းပြီး စာသင်ခန်းထဲမှာ အာရုံစူးစိုက်နိုင်မှာဖြစ်ပါတယ်။
✅အရပ်ရှည်စေတဲ့ Growth Hormones တွေဟာ ညဘက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေစဉ်မှာပဲ ထွက်ရှိတာဖြစ်ပါတယ်။
✅အိပ်ရေးပျက်တဲ့အခါ စိတ်ခံစားချက် မတည်ငြိမ်တာ၊ စိတ်တိုလွယ်တာနဲ့ ရေရှည်မှာ စိတ်ဓာတ်ကျတဲ့အထိ ဖြစ်နိုင်ပါတယ်။

👉ကောင်းစွာ အိပ်ပျော်စေဖို့ နည်းလမ်းကောင်းများ
🔹ပုံမှန်အချိန်သတ်မှတ်ပါ။
ညအိပ်ရာဝင်ချိန်နဲ့ မနက်နိုးချိန်ကို နေ့တိုင်း (စနေ၊ တနင်္ဂနွေအပါအဝင်) ပုံမှန်ဖြစ်အောင် ကြိုးစားပါ။
🔹Screen Time လျှော့ချပါ။
အိပ်ခါနီး အနည်းဆုံး ၁ နာရီအလိုမှာ ဖုန်း၊ ကွန်ပျူတာ သုံးတာကို ရပ်လိုက်ပါ။ ဖုန်းကထွက်တဲ့ အပြာရောင်အလင်းတန်း (Blue Light) က အိပ်စက်ခြင်းကို နှောင့်ယှက်ပါတယ်။
🔹ညနေဘက် ကဖင်းရှောင်ပါ။
လက်ဖက်ရည်၊ ကော်ဖီနဲ့ အားဖြည့်အချိုရည်တွေကို ညနေပိုင်းမှာ သောက်ခြင်းမှ ရှောင်ပါ။
🔹အိပ်ခန်းကို မှောင်နေအောင်၊ အေးမြနေအောင်နဲ့ တိတ်ဆိတ်အောင် ထားပါ။
လုံလောက်စွာ အိပ်စက်ခြင်းဟာ ဆယ်ကျော်သက်တစ်ယောက်ရဲ့ ကျန်းမာရေးအတွက် အရေးကြီးပါတယ်။
အိပ်ရေးပျက်ခံပြီး ကြိုးစားတာထက်၊ အိပ်ရေးဝဝအိပ်ပြီး လန်းဆန်းတက်ကြွတဲ့ စိတ်နဲ့ ကြိုးစားတာက ပိုမိုထိရောက်တဲ့ ရလဒ်ကို ပေးစွမ်းမှာ ဖြစ်ပါတယ်။ ဒါကြောင့် အိပ်ချိန်ကို စနစ်တကျ သတ်မှတ်ဖို့ လိုအပ်ပါတယ်။💙
#ဆယ်ကျော်သက်ကျန်းမာရေး #အိပ်စက်ခြင်း #ကျန်းမာရေးဗဟုသုတ

📢 SleepEzy Myanmar မှ သတင်းကောင်း !SleepEzy Myanmar page ကနေ ဆေးတစ်ဘူးဝယ်ယူလိုက်တာနဲ့ ရန်ကုန်မြို့တွင်း အိမ်အရေ...
15/05/2026

📢 SleepEzy Myanmar မှ သတင်းကောင်း !

SleepEzy Myanmar page ကနေ ဆေးတစ်ဘူးဝယ်ယူလိုက်တာနဲ့ ရန်ကုန်မြို့တွင်း အိမ်အရောက် ပို့ဆောင်ခ အခမဲ့ (Delivery Free) ရရှိနိုင်မှာ ဖြစ်ပါတယ်။
အိမ်ကနေ အေးအေးဆေးဆေး မှာယူနိုင်ပြီး ပို့ဆောင်ခများမှာ စိတ်ပူစရာ မလိုတော့တာမို့ 🛒 အခုပဲ SleepEzy Myanmar Page ကို Like လုပ်ပြီး Order တင်လိုက်ပါ ခင်ဗျ။ လူကြီးမင်းတို့ဆီ အိမ်တိုင်ရာရောက်ပို့ဆောင်ပေးဖို့ တာဝန်ယူပါရစေ ...
ပျော်ရွှင်ပြီး ကောင်းမွန်တဲ့ အိပ်စက်ခြင်းနဲ့ နေ့ရက်တိုင်းကို လှပစွာ ဖြတ်သန်းနိုင်ပါစေ! 🌙✨

ဒီနေ့ မေလ (၁၂) ရက်နေ့မှာ ကျရောက်တဲ့ International Nurses Day မှာ 🩺လူနာတွေရဲ့ အသက်ဘေးကင်းအန္တရယ်ဝေးဖို့နဲ့  ပြန်လည်ကျန်းမ...
12/05/2026

ဒီနေ့ မေလ (၁၂) ရက်နေ့မှာ ကျရောက်တဲ့ International Nurses Day မှာ 🩺
လူနာတွေရဲ့ အသက်ဘေးကင်းအန္တရယ်ဝေးဖို့နဲ့ ပြန်လည်ကျန်းမာလာဖို့အတွက် နေ့ညမပြတ် ကိုယ်ကျိုးစွန့် အနစ်နာခံပေးနေကြတဲ့ "အဖြူရောင်သူရဲကောင်း" သူနာပြုဆရာ၊ ဆရာမများအားလုံးကို RCP မိသားစုမှ လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုအပ်ပါတယ်။ 🙏💙
#မယ်လတိုနင် #အိပ်စက်ခြင်း #သဘာဝဖြည့်စွက်စာ #သူနာပြု #သူနာပြုနေ့

🧠 အိပ်ရေးပျက်တဲ့အခါ ဦးနှောက်ကို ဘယ်လို ထိခိုက်စေလဲ?အိပ်စက်ခြင်းဟာ ခန္ဓာကိုယ်ကို အနားပေးတဲ့ ပုံမှန် အနားယူမှု သက်သက် မဟုတ...
11/05/2026

🧠 အိပ်ရေးပျက်တဲ့အခါ ဦးနှောက်ကို ဘယ်လို ထိခိုက်စေလဲ?

အိပ်စက်ခြင်းဟာ ခန္ဓာကိုယ်ကို အနားပေးတဲ့ ပုံမှန် အနားယူမှု သက်သက် မဟုတ်ဘဲ၊ ဦးနှောက်အတွက်ပါ မရှိမဖြစ် 'သန့်ရှင်းရေး' နဲ့ 'ပြုပြင်ရေး' လုပ်ငန်းစဉ် ဖြစ်ပါတယ်။ ဒါကြောင့် အိပ်ချိန်မလုံလောက်တာဟာ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကိုသာမက ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ သိသိသာသာ ထိခိုက်စေတယ်။

1️⃣ ဆုံးဖြတ်ချက် မှားယွင်းလာခြင်း
ဆင်ခြင်တုံတရား ထိန်းချုပ်တဲ့ ဦးနှောက်အစိတ်အပိုင်း (Prefrontal Cortex) ပင်ပန်းနွမ်းနယ်လာလို့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ ခက်ခဲလာစေပါတယ်။
2️⃣ စိတ်ခံစားမှု မတည်မငြိမ်ဖြစ်ခြင်း
စိတ်တိုလွယ်၊ ဒေါသထွက်လွယ်ပြီး စိုးရိမ်စိတ် (Anxiety) နဲ့ စိတ်ကျရောဂါ (Depression) ဖြစ်နိုင်ခြေတွေကို တိုးစေပါတယ်။

3️⃣ ကိုယ်ခံအားစနစ် ကျဆင်းလာခြင်း
ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယား ကာကွယ်နိုင်စွမ်း ကျဆင်းပြီး အလွယ်တကူ ဖျားတာ၊ အအေးမိတာ စတာတွေ မကြာခဏဖြစ်တာ ကိုယ်ခံအားကိုကျဆင်းစေပါတယ်။
4️⃣ ဉီးနှောက်ကျန်းမာရေးကို ထိခိုက်စေခြင်း
အိပ်ရေးမဝခြင်းဟာ ရေရှည်မှာ ဦးနှောက်ကျန်းမာရေးကိုပါ ဆိုးရွားစွာ သက်ရောက်စေပါတယ်။ အိပ်နေချိန် (အထူးသဖြင့် Deep Sleep အဆင့်) မှာ ဦးနှောက်ဟာ Glymphatic System လို့ခေါ်တဲ့ သန့်ရှင်းရေးစနစ်ကို အသုံးပြုပြီး Beta-amyloid လိုမျိုး အဆိပ်အတောက် ပရိုတင်းတွေကို ဖယ်ရှားပစ်ပါတယ်။ နာတာရှည် အိပ်ရေးပျက်တဲ့အခါ ဒီသန့်ရှင်းရေးစနစ်ဟာ နှေးကွေးသွားတဲ့အတွက် အဆိပ်အတောက်တွေ စုပုံလာနိုင်ပြီး အချိန်ကြာလာတာနဲ့အမျှ မှတ်ဉာဏ်လျှော့တဲ့ ရောဂါ (Dementia) သို့မဟုတ် အယ်လ်ဇိုင်းမား (Alzheimer's) ဖြစ်ပွားနိုင်ခြေကို သိသိသာသာ တိုးမြှင့်လာစေပါတယ်။

5️⃣ နှလုံးကျန်းမာရေးကို ထိခိုက်စေခြင်း
လုံလောက်သော အနားယူချိန် မရရှိရင် သွေးတိုးခြင်း၊ နှလုံးခုန်မြန်ခြင်း စသည့် ပြဿနာများ ဖြစ်ပွားနိုင်ခြေ တိုးလာပါတယ်။ အိပ်ရေးပျက်ခြင်းဟာ ရေရှည်တွင် ရုတ်တရက် နှလုံးရပ်ခြင်း (Sudden Cardiac Arrest) နှင့် လေဖြတ်ခြင်း (Stroke) စတဲ့ ပြင်းထန်တဲ့ ကျန်းမာရေး ဝေဒနာများ ခံစားရနိုင်ခြေကိုပါ မြင့်တက်စေတာကြောင့် နှလုံးကျန်းမာရေးအတွက်လည်း အိပ်ချိန်လုံလောက်ဖို့ အရေးကြီးပါတယ်။

6️⃣ ကိုယ်အလေးချိန်တိုးစေခြင်း
အိပ်ရေးမဝခြင်းဟာ ခန္ဓာကိုယ်ရဲ့ အစာခြေစနစ်နဲ့ ကိုယ်အလေးချိန်ကို ထိန်းချုပ်တဲ့ ဟော်မုန်းကိုလျော့နည်းစေပါတယ်။ အထူးသဖြင့် ဆာလောင်မှုကို ထိန်းချုပ်တဲ့ ဟော်မုန်းများ (Ghrelin နှင့် Leptin) ဟာ လွန်ကျူးစွာ ထုတ်လုပ်မိတဲ့အတွက် အစားအသောက်ကို အလွန်အကျွံ စားမိခြင်း ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီလို အလေ့အကျင့်ဆိုးကြောင့် အဝလွန်ခြင်း (Obesity) ကို ဖြစ်ပေါ်စေပြီး နောက်ဆက်တွဲအနေနဲ့ ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေကိုပါ မြင့်တက်လာစေပါတယ်။

🥱အိပ်ရေးပျက်ခြင်းဟာ အထက်မှာဖော်ပြထားတဲ့အတိုင်း ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ကျန်းမာပြီး လုပ်ငန်းဆောင်တာတွေကို ခွန်အားအပြည့်နဲ့ အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့အတွက် တစ်ညကို ၇ နာရီမှ ၉ နာရီအထိ လုံလောက်တဲ့ အိပ်ချိန်ရဖို့ အဖိုးအခ မပေးရတဲ့ ဒီအိပ်စက်ချိန်ကို တန်ဖိုးထားပြီး ညတိုင်း ပြည့်ပြည့်ဝဝ အိပ်စက်ကြဖို့ တိုက်တွန်းပါတယ် ခင်ဗျာ။
ကျန်းမာတဲ့ အိပ်စက်ခြင်းရရှိဖို့ ခက်ခဲနေတဲ့သူတွေအတွက် L-theanine နဲ့ Melatonin ပါဝင်တဲ့ SleepEzy ဖြည့်စွက်စာကို အိပ်ယာမဝင်ခင် ပုံမှန်သောက်ခြင်းဖြင့် အိပ်မပျော်တဲ့ ညတွေကို လွန်မြောက်စေဖို့ ကူညီပေးပါတယ်🫶💙
#အိပ်စက်ခြင်း #မယ်လတိုနင် #သဘာဝဖြည့်စွက်စာ #အိပ်ရေးပျက်ခြင်း #ဉီးနှောက်

မာတာမိခင်ဆိုတာ သားသမီးများအတွက် အန္တရာယ်ကိုမမူ ဝမ်းအနာခံကာ ‌လောကကြီးထဲရောက်ရှိလာအောင် ခေါ်ဆောင်ပေးပြီး ချစ်ခြင်းမေတ္တာတွ...
10/05/2026

မာတာမိခင်ဆိုတာ သားသမီးများအတွက် အန္တရာယ်ကိုမမူ ဝမ်းအနာခံကာ ‌လောကကြီးထဲရောက်ရှိလာအောင် ခေါ်ဆောင်ပေးပြီး ချစ်ခြင်းမေတ္တာတွေမပြောင်းလဲဘဲချစ်ပေးနေတဲ့ လေးစားဖွယ်ရာHero တစ်ဦးပါပဲ👩🏻‍🍼💖
ဒါကြောင့် ကမ္ဘာပေါ်ရှိမိခင်များအားလုံးကို ဂုဏ်ပြုကာ အမေ့ဂုဏ်ကျေးဇူးများကိုထုတ်ဖော်ပြသသောအနေဖြင့် နှစ်စဥ်နှစ်တိုင်း “အမေများနေ့”ကို ကျင်းပပြုလုပ်ရခြင်းဖြစ်ပါတယ် ✨🥰
တစ်ကမ္ဘာလုံးရှိ အမေများအားလုံးသက်ရှည်ကျန်းမာပြီး ညနေ့ရက်တိုင်းဟာပျော်ရွှင်စရာအမေများနေ့ဖြစ်ကြပါစေလို့ “Insuvit Myanmar“ မှဆုတောင်းမေတ္တာပို့သလိုက်ရပါတယ် ❤️


"တစ်နေ့တာရဲ့ ပင်ပန်းမှုတွေကို ကျော်လွှားပြီး မိမိတို့တာဝန်တွေကို ရိုးသားစွာနဲ့ ကြိုးစားထမ်းဆောင်နေကြတဲ့ အလုပ်သမားများအား...
01/05/2026

"တစ်နေ့တာရဲ့ ပင်ပန်းမှုတွေကို ကျော်လွှားပြီး မိမိတို့တာဝန်တွေကို ရိုးသားစွာနဲ့ ကြိုးစားထမ်းဆောင်နေကြတဲ့ အလုပ်သမားများအားလုံးရဲ့ ကြိုးပမ်းအားထုတ်မှုတိုင်းဟာ လေးစားဂုဏ်ယူစရာပါပဲ🥳
ဒီကနေ့ မေလ (၁) ရက်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မှာ လုပ်ငန်းခွင်အသီးသီးက အလုပ်သမားတိုင်း ပျော်ရွှင်ချမ်းမြေ့တဲ့ ဘဝတွေ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ခင်ဗျာ။

#ဂုဏ်ပြုခြင်း

🌕 ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) 🌿ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများရဲ့ အထူးအလေးထားရတဲ့ နေ့ထူးနေ့မြတ်တစ်နေ့ ဖြစ်ပ...
30/04/2026

🌕 ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) 🌿
ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများရဲ့ အထူးအလေးထားရတဲ့ နေ့ထူးနေ့မြတ်တစ်နေ့ ဖြစ်ပါတယ်။

ကဆုန်လပြည့်နေ့မှာ ဗောဓိညောင်ရေသွန်းလောင်းခြင်း၊ ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်း၊ တရားနာယူခြင်းတို့ဖြင့် ကုသိုလ်ယူလေ့ရှိကြပါတယ်။ ဗောဓိပင်ကို ရေသွန်းလောင်းခြင်းဟာ ကျေးဇူးတရားကို သတိရစေပြီး မေတ္တာတရားကို ပိုမိုပျံ့နှံ့စေပါတယ်။

✨ကဆုန်လပြည့်နေ့မှာ စိတ်၏အေးချမ်းမှု၊ မေတ္တာတရားနဲ့ ကုသိုလ်အလင်းရောင်တွေ ပြည့်ဝကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ✨
#ကဆုန်လပြည့်နေ့ #ဗုဒ္ဓနေ့မြတ် #ညောင်ရေသွန်းပွဲ

သန်းခေါင်ယံ ညမှာ ခဏခဏ တရေးနိုးနေပြီလား⁉️🕛ညသန်းခေါင်မှာ တရေးနိုပြီး ပြန်အိပ်မပျော်နိုင်ဖြစ်ခြင်းဟာ ခံရသူအဖို့ အတော်‌လေး စ...
28/04/2026

သန်းခေါင်ယံ ညမှာ ခဏခဏ တရေးနိုးနေပြီလား⁉️

🕛ညသန်းခေါင်မှာ တရေးနိုပြီး ပြန်အိပ်မပျော်နိုင်ဖြစ်ခြင်းဟာ ခံရသူအဖို့ အတော်‌လေး စိတ်အနှောက်အယှက် ဖြစ်စေပါတယ်။ ပြန်အိပ်မပျော်တဲ့အတွက် တစ်နေ့တာမှာ လုံလောက်တဲ့ အိပ်စက်ချိန် မရရှိတော့ပဲ အိပ်ရေးမဝခြင်း ကြုံတွေ့နိုင်ပြီး တစ်နေ့တာမှာ လိုအပ်တဲ့ အားအင်တွေ၊ လန်းဆန်းမှုတွေ မရရှိနိုင်ပဲ ခန္ဓာကိုယ် နှုံးချိကာ လေးလံထိုင်းမှိုင်းစေပါတယ်။ 🥱🫠

👉ဒီအခြေအနေကို ဖြစ်စေတဲ့အရာတွေကတော့ ရုပ်ပိုင်းဆိုင်ရာ ပြဿနာများကြောင့် ဖြစ်တဲ့ ခန္ဓာကိုယ်နာကျင်မှုများ၊ ဟော်မုန်းပြောင်းလဲခြင်းများကြောင့်လည်း ဖြစ်နိုင်သလို၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာများဖြစ်တဲ့ စိတ်ဖိစီးမှုများခြင်း၊ စိုးရိမ်စိတ်များခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ 🤯🤯

𝐒𝐥𝐞𝐞𝐩𝐄𝐳𝐲💤မှာဆိုရင်တော့ အိပ်ပျော်မြန်စေတဲ့ မယ်လတိုနင်သာမက၊ အိပ်စက်ချိန်ကို ကြာရှည်စေတဲ့ 𝐦𝐚𝐠𝐧𝐞𝐬𝐢𝐮𝐦 အပြင်၊ သဘာဝအတိုင်း စိတ်ငြိမ်စေသော အာနိသင်ရှိတဲ့ အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်တဲ့ 𝐋-𝐭𝐡𝐞𝐚𝐧𝐢𝐧𝐞 ပါဝင်ပါတယ်။

ဒီအတွက်ကြောင့် စိတ်ဖိစီးမှု လျော့နည်းစွာနဲ့ ညစဥ်ညတိုင်း အိပ်ပျော်မြန်စေပြီး၊ အိပ်စက်ချိန်တွေကိုလည်းကြာရှည်စေကာ သန်းခေါင်ယံညမှာ ခဏခဏ တရေးနိုးခြင်းကနေလည်း ကျော်လွှားနိုင်မှာပါ...🕛🤩


#သဘာဝမယ်လတိုနင် #မယ်လတိုနင်ဖြည့်စွက်စာ

☀️ အပြင်ထွက်ရသူတိုင်း မဖြစ်မနေ သိထားသင့်တဲ့ အပူဒဏ်ကာကွယ်ရေး အချက် ၅ ချက်အခုရက်ပိုင်း မြန်မာနိုင်ငံရဲ့ အပူရှိန်က ပြင်းထန်...
25/04/2026

☀️ အပြင်ထွက်ရသူတိုင်း မဖြစ်မနေ သိထားသင့်တဲ့ အပူဒဏ်ကာကွယ်ရေး အချက် ၅ ချက်

အခုရက်ပိုင်း မြန်မာနိုင်ငံရဲ့ အပူရှိန်က ပြင်းထန်နေပါတယ်။ဒါကြောင့် အလုပ်ကိစ္စကြောင့်ဖြစ်စေ၊ လူမှုရေးကိစ္စကြောင့်ဖြစ်စေ အပြင်ထွက်ရသူတွေအတွက် Heat Stroke (အပူလျှပ်ခြင်း) အန္တရာယ်မှ ကာကွယ်နိုင်ဖို့ ဒီအချက် (၅) ချက်ကို မဖြစ်မနေ လိုက်နာကျင့်သုံးဖို့ လိုအပ်ပါတယ်။
၁။ ရေကို နည်းနည်းနဲ့ ခဏခဏ သောက်ပါ။ 💧
ရေငတ်မှ သောက်တာမျိုးမဟုတ်ဘဲ ၁၅ မိနစ် တစ်ကြိမ်လောက် ရေကို ပုံမှန်သောက်ပေးပါ။ ဓာတ်ဆားရည် သို့မဟုတ် သဘာဝအုန်းစိမ်းရည် သောက်ပေးခြင်းက ချွေးကြောင့် ဆုံးရှုံးသွားတဲ့ ဓာတ်ဆားတွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။

၂။ အဝတ်အစား ရွေးချယ်မှု သတိပြုပါ။ 👕
အပူစုပ်တဲ့ အမည်းရောင်နဲ့ အရောင်ရင့်တာတွေကို ရှောင်ပြီး အေးမြစေတဲ့ အဖြူရောင် ဒါမှမဟုတ် အရောင်ဖျော့ဖျော့ ချည်သားပွပွတွေကို ဝတ်ဆင်ပါ။ ဒါမှ လေဝင်လေထွက်ကောင်းပြီး ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိပေးနိုင်မှာဖြစ်ပါတယ်။

၃။ နေရောင်ခြည်နဲ့ တိုက်ရိုက် မထိတွေ့ပါစေနဲ့။ ⛱️
အပြင်ထွက်ရင် ထီး၊ ဦးထုပ် သို့မဟုတ် နေကာမျက်မှန် အမြဲဆောင်ပါ။ ဖြစ်နိုင်ရင် မနက် (၁၁ )နာရီကနေ ညနေ (၄) နာရီအတွင်း နေပူထဲသွားလာတာကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ဖို့လိုအပ်ပါတယ်။

၄။ ရေအေးအေးနဲ့ မျက်နှာသစ်ပေးပါ။ 💦
အပြင်မှာ သွားလာနေရင်း အရမ်းပူလာပြီလို့ ခံစားရရင် နားနေဆောင်တစ်ခုခုမှာ ခဏဝင်နားပြီး လက်ဖျံနဲ့ မျက်နှာကို ရေအေးအေးနဲ့ ဆေးကြောပေးပါ။ ဒါက ခန္ဓာကိုယ်အပူချိန်ကို ချက်ချင်း လျော့ကျစေပါတယ်။ (သတိပြုရန် - အပြင်က ပြန်လာပြီးချင်း ချက်ချင်း ရေချိုးခြင်းကိုတော့ ရှောင်ကြဉ်ပါ။)

၅။ အပူဒဏ်ဖြစ်စေမယ့် အစားအသောက်တွေကို ရှောင်ပါ။ ☕
နေပူထဲမှာ ကော်ဖီ၊ လက်ဖက်ရည်နဲ့ အရက်သေစာ သောက်သုံးခြင်းက ဆီးခဏခဏ သွားစေပြီး ရေဓာတ်ကို ပိုမိုခန်းခြောက်စေပါတယ်။ ဒါ့အပြင် အစားအသောက်ကိုလည်း အပူအစပ်တွေထက် အစာကြေလွယ်တဲ့ အစားအစာတွေကို ရွေးချယ်စားသုံးပါ။

❗အကယ်၍ ခေါင်းမူးခြင်း၊ ပျို့အန်ခြင်း၊ ရင်တုန်ခြင်းနဲ့ ကိုယ်အပူချိန် အလွန်တက်လာခြင်းတို့ ခံစားရပါက နီးစပ်ရာ အရိပ်အောက်မှာ အမြန်နားပြီး ကျန်းမာရေးစောင့်ရှောက်မှု ခံယူကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

အားလုံးပဲ ဒီနွေရာသီမှာ အပူဒဏ်ကနေ ကင်းဝေးပြီး ကျန်းမာပျော်ရွှင်ကြပါစေ။ 🙏

Address

No. 23/5(C), Thiri Mingalar Yeik Thar Street(7) Ward, Yankin Township
Yangon

Opening Hours

Monday 08:30 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00
Saturday 08:30 - 17:00

Telephone

+959448020476

Website

Alerts

Be the first to know and let us send you an email when SleepEzy Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share