Rio - Business Consultant

Call Contact the business

Rio - Business Consultant Business Advisor

အရင်းအနှီးသိန်းသောင်းဂဏန်းအထက် Medium & Corporate Level လုပ်ငန်းတွေကို
💹 စနစ်ကျအောင်
💹 ရောင်းအားတက်အောင်
💹 အမြတ်ပိုကျန်အောင်
လက်တွေ့အကောင်အထည်ဖော်ပေးနေတဲ့ Business Consultant တစ်ဦးပါ♻️🌐💹
Corporate | Company | Factory | Showroom |FDI | Oil & Gas

ကိုယ်ပိုင်စီးပွားရေးလုပ်ရင် စဆရကလုပ်ချင် လိုင်းပေါ်တက်ကြွယ်ချင်တဲ့အကျင့်ကိုအရင်ပြင်❌💹🌐✳️​"အခုမှလုပ်ငန်းလေး တစ်ခု၊ နှစ်ခု...
11/10/2026

ကိုယ်ပိုင်စီးပွားရေးလုပ်ရင် စဆရကလုပ်ချင် လိုင်းပေါ်
တက်ကြွယ်ချင်တဲ့အကျင့်ကိုအရင်ပြင်❌💹🌐✳️

​"အခုမှလုပ်ငန်းလေး တစ်ခု၊ နှစ်ခု စလုပ်ရသေးတယ်၊ လူမှုကွန်ရက်ပေါ်မှာ စီးပွားရေးဆရာကြီးလိုလို၊ အောင်မြင်သူကြီးလိုလို စဆရက လုပ်ချင်ကြတယ်" ဆိုတာ ဒီနေ့ခေတ် စီးပွားရေးလောကထဲ စတင်ဝင်ရောက်လာသူ အများစုမှာ တွေ့မြင်နေရတဲ့ စိတ်ပျက်စရာ အပြုအမူတစ်ခု ဖြစ်ပါတယ်။

​လက်တွေ့မြေပြင်မှာ လုပ်ငန်းတစ်ခု အမှန်တကယ် အောင်မြင်ရပ်တည်ဖို့ဆိုတာ အွန်လိုင်းပေါ်မှာ ကြွယ်ပြနေရုံနဲ့ လုံးဝမရနိုင်ပါဘူး။ အဲဒီအကျင့်ကို မပြင်နိုင်ရင် ကြုံတွေ့ရမယ့် ဆိုးကျိုး (၅) ခုအကြောင်းကို သုံးသပ်တင်ပြပေးပါမယ်။

​၁။ လက်တွေ့မြေပြင်နှင့် ကင်းကွာပြီး အမှားများလာခြင်း

​လူမှုကွန်ရက်ပေါ်မှာ ဆရာလုပ် ကြွားဝါနေချိန်မှာ လက်တွေ့လုပ်ငန်းခွင်ထဲက ပြဿနာတွေကို လျစ်လျူရှုမိသွားတတ်ပါတယ်။

​လုပ်ငန်းတစ်ခုရဲ့ အဓိက သွေးကြောဖြစ်တဲ့ ရောင်းဝယ်မှုစနစ်၊ ဝန်ထမ်းစီမံခန့်ခွဲမှု၊ ဘဏ္ဍာရေး စာရင်းဇယားနဲ့ ဖောက်သည်တွေရဲ့ လိုအပ်ချက်တွေကို သေသေချာချာ မကြည့်ဘဲ အွန်လိုင်းပေါ်က ပုံရိပ်ကောင်းဖို့ပဲ အချိန်ပေးနေတဲ့အခါ လက်တွေ့မှာ လုပ်ငန်းများစွာ အမှားအယွင်း ဖြစ်ပေါ်ပြီး ပျက်စီးသွားတတ်ပါတယ်။

​၂။ ဝန်ထမ်းများနှင့် ဖောက်သည်များ၏ ယုံကြည်မှု လျှော့နည်းသွားခြင်း

​အလုပ်ထက် စကားကို ပိုပြောတတ်တဲ့ လုပ်ငန်းရှင်မျိုးကို ဘယ်ဝန်ထမ်းနဲ့ ဘယ်ဖောက်သည်ကမှ ရေရှည် မလေးစားကြပါဘူး။

​ရုံးခန်းထဲမှာ၊ လုပ်ငန်းခွင်ထဲမှာ ဝန်ထမ်းတွေကို စနစ်တကျ မစီမံနိုင်ဘဲ အပြင်မှာ ဟန်ပြဆရာလုပ်နေတာကို ဝန်ထမ်းတွေက အသိဆုံးဖြစ်သလို၊ ဝန်ဆောင်မှုနဲ့ အရည်အသွေး မကောင်းဘဲ အွန်လိုင်းပေါ်မှာပဲ ကြွယ်နေတာကိုလည်း ဖောက်သည်တွေက ချက်ချင်း သိရှိသွားကြပါတယ်။ အကျိုးဆက်အနေနဲ့ သစ္စာရှိတဲ့ ဖောက်သည်ရော၊ အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေပါ စွန့်ခွာသွားကြပါတယ်။

​၃။ မလိုအပ်ဘဲ ပြိုင်ဘက်များနှင့် ရန်သူများပြားလာခြင်း

​မိမိ၏ လုပ်ငန်းအကြောင်း၊ စီမံကိန်းများနှင့် အမြတ်အစွန်းများကို လူမှုကွန်ရက်ပေါ်တွင် ကြွယ်ဝါပြောဆိုခြင်းသည် ပြိုင်ဘက်များကို သတိပေးလိုက်သလို ဖြစ်သွားပါတယ်။

​မိမိ၏ အားနည်းချက်များကို အများပြည်သူသိအောင် ချပြမိသွားခြင်း၊ ပြိုင်ဘက်များက မိမိ၏ နည်းဗျူဟာများကို ကြိုတင်ရိပ်မိသွားခြင်းတို့ကြောင့် ဈေးကွက်အတွင်း အသာစီးရရန် ခက်ခဲသွားပြီး၊ မလိုလားအပ်သော တိုက်ခိုက်မှုများနှင့်လည်း ရင်ဆိုင်ရတတ်ပါတယ်။

​၄။ သင်ယူလိုစိတ် ကုန်ခန်းပြီး ပညာမဲ့သွားခြင်း

​မိမိကိုယ်မိမိ ဆရာကြီးဟု ထင်မှတ်နေသူတစ်ယောက်သည် အခြားသူများထံမှ သင်ယူလိုစိတ် လုံးဝမရှိတော့ပါဘူး။

​စီးပွားရေးလောကသည် အမြဲမပြတ် ပြောင်းလဲနေပြီး ခေတ်နှင့်အညီ အသစ်အသစ်သော အသိပညာများကို လေ့လာနေရသည့် နယ်ပယ်ဖြစ်ပါတယ်။ မိမိကိုယ်မိမိ အကုန်သိ အကုန်တတ်ဟု ထင်မှတ်ကာ ဆရာလုပ်နေပါက ဈေးကွက်၏ အပြောင်းအလဲများကို မသိရှိတော့ဘဲ ခေတ်နောက်ကျကျန်ရစ်ခဲ့မည် ဖြစ်ပါတယ်။

​၅။ ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားဖက်ကောင်းများ ဆုံးရှုံးရခြင်း

​တကယ်တမ်း အောင်မြင်နေသည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများသည် စကားနည်းပြီး လက်တွေ့အလုပ်ဖြင့်သာ သက်သေပြလေ့ ရှိကြပါတယ်။

​လူမှုကွန်ရက်ပေါ်တွင် ဆရာလုပ် ကြွယ်ဝါနေသူများကို တကယ့် ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားဖက်ကောင်းများက အတည်မယူကြပါဘူး။ ရင်းနှီးမြှုပ်နှံရန် သို့မဟုတ် ပူးပေါင်းလုပ်ကိုင်ရန် စဉ်းစားသည့်အခါ အဟောက်အကြွယ်များသူများထက် လက်တွေ့ အလုပ်လုပ်သူများကိုသာ ရွေးချယ်လေ့ ရှိကြပါတယ်။

​ဒီပြဿနာတွေကနေ ဘယ်လိုရုန်းထွက်မလဲ

​၁။ အလုပ်ဖြင့်သာ သက်သေပြပါ - လိုင်းပေါ်တွင် စကားလုံးလှလှများ ရေးသားနေမည့်အစား မိမိ၏ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု အရည်အသွေး တိုးတက်အောင် လက်တွေ့ အချိန်ပေးပါ။

​၂။ နှိမ့်ချစွာ သင်ယူပါ - မိမိထက် တတ်သိနားလည်သူများ၊ ဝါရင့်သူများထံမှ နိမ့်ချစွာ သင်ယူပါ၊ မိမိကိုယ်မိမိ ဆရာဟု သတ်မှတ်ခြင်းထက် အမြဲမပြတ် လေ့လာနေသူအဖြစ် ခံယူပါ။

​၃။ ကြွားဝါမှုကို ရပ်တန့်ပါ - မိမိ၏ လုပ်ငန်း အဆင်ပြေမှုများကို ကြွယ်ဝါနေခြင်းထက် လုပ်ငန်းအတွင်းရှိ စနစ်များ၊ ဝန်ထမ်းများ၏ သက်သာချောင်ချိရေးနှင့် ဖောက်သည်များ၏ ကျေနပ်မှုကိုသာ ဦးစားပေး ဆောင်ရွက်ပါ။

​စီးပွားရေးလုပ်ငန်းတစ်ခု၏ အောင်မြင်မှုဆိုသည်မှာ အွန်လိုင်းပေါ်မှ ကြိုက်နှစ်သက်သူ အရေအတွက် သို့မဟုတ် ချီးမွမ်းစကားများပေါ်တွင် မူတည်သည်မဟုတ်ပါ။ လက်တွေ့မြေပြင်တွင် ကျန်ရှိသည့် အသားတင်အမြတ်ငွေနှင့် ရေရှည်ရပ်တည်နိုင်မှုစနစ်ပေါ်တွင်သာ မူတည်ကြောင်း သတိပြုသင့်ပါတယ်။

​မိတ်ဆွေတို့၏ စီးပွားရေးလုပ်ငန်းများတွင် အလုပ်ထက် အပြောများနေသည့် ပြဿနာများရှိနေပါက သို့မဟုတ် လက်တွေ့ကျသည့် စီးပွားရေးစနစ်များ တည်ဆောက်လိုပါက ကျွန်တော်က စီးပွားရေးအကြံပေးအတိုင်ပင်ခံ အနေဖြင့် ထိထိရောက်ရောက် ကူညီဖြေရှင်းပေးနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေ ခင်ဗျား....🙏🙏🙏

​Rio (စီးပွားရေးအကြံပေး)

8. 10. 2026

​ #စီးပွားရေးအကြံပေး
#လုပ်ငန်းရှင်များအတွက် #စီးပွားရေးလုပ်ရင်ဆရာလုပ်ချင်လိုင်းပေါ်တက်ကြွယ်ချင်တဲ့အကျင့်ကိုအရင်ပြင်

08/10/2026

ကိုယ်ပိုင်စီးပွားရေးလုပ်ရင် လိုင်းပေါ်တက်ကြွယ်ချင်ဆစရကလုပ်ချင်တဲ့စိတ်ကို အရင်ပြင်။

03/10/2026

#စီးပွားရေးအကြံပေး #လုပ်ငန်းရှင်များအတွက် #ဦးရာလူ

01/10/2026

Central Condo မှာ ကြိုပွိုင့်ငွေသိန်းသောင်းချီသွင်းပြီးအခန်းမအပ်လို့ပြဿနာတက်...😱😱😱
゚ #ပြဿနာတက်

ရောင်းကောင်းပြီးအမြတ်မကျန်တဲ့လုပ်ငန်းကြီး(၅)မျိုး✅💹🌐✳️❌​"လုပ်ငန်းကရောင်းကောင်းတယ်၊ လူတွေစည်ကားနေတယ်၊ ဒါပေမဲ့ လကုန်လို့ စ...
29/09/2026

ရောင်းကောင်းပြီးအမြတ်မကျန်တဲ့လုပ်ငန်းကြီး(၅)မျိုး
✅💹🌐✳️❌

​"လုပ်ငန်းကရောင်းကောင်းတယ်၊ လူတွေစည်ကားနေတယ်၊ ဒါပေမဲ့ လကုန်လို့ စာရင်းချုပ်လိုက်ရင် အမြတ်က ဘာမှမကျန်ဘူး" ဆိုတဲ့ စကားကို လူတိုင်းလိုလိုကြားဖူးကြပါလိမ့်မယ်။ လုပ်ငန်းရှင်အများစုဟာ ရောင်းအားတက်လာရင် သူ့အလိုလိုအမြတ်ကျန်လိမ့်မယ်လို့ မှားယွင်းစွာ ထင်မှတ်တတ်ကြပါတယ်။ လက်တွေ့မှာတော့ ရောင်းအားနဲ့ အမြတ်ငွေဆိုတာ တိုက်ရိုက်အချိုးကျချင်မှ ကျတာပါ။

​ရောင်းအားကောင်းနေပေမဲ့ နည်းလမ်းမမှန်လို့ အမြတ်မကျန်တဲ့ လုပ်ငန်းကြီး (၅) မျိုးအကြောင်းကို သုံးသပ်တင်ပြပေးပါမယ်။

​၁။ ဈေးနှုန်းပြိုင်ဆိုင်မှုလွန်ကဲသည့် ရောင်းဝယ်ရေးလုပ်ငန်းများ

​ပြိုင်ဘက်တွေထက် ပိုရောင်းရဖို့အတွက် ဈေးနှုန်းကို တတ်နိုင်သမျှ လျှော့ရောင်းတဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။

ဈေးလျှော့ရောင်းတဲ့အတွက် ကုန်ပစ္စည်းတစ်ခုစီကနေ ရရှိတဲ့ အမြတ်ရာခိုင်နှုန်းဟာ အလွန်နည်းပါးသွားပါတယ်။ ရောင်းအားပမာဏ များပြားနေပေမဲ့ ပို့ဆောင်ခ၊ ဂိုဒေါင်ခ၊ ဝန်ထမ်းခနဲ့ အထွေထွေကုန်ကျစရိတ်တွေ နှုတ်လိုက်တဲ့အခါမှာတော့ စာရင်းထဲမှာ အမြတ်ငွေ လုံးဝမကျန်တော့ပါဘူး။ အဓိကပြဿနာကတော့ ရောင်းအားတက်အောင် ဈေးလျှော့ရင်း ကိုယ့်လည်ပင်းကို ကိုယ်ကြိုးကွင်းစွပ်မိသွားတာပဲ ဖြစ်ပါတယ်။

၂။ ကုန်ကြမ်းနှင့် လုပ်ငန်းလည်ပတ်စရိတ် မြင့်မားသည့် စားသောက်ဆိုင်လုပ်ငန်းများ

​စားသောက်ဆိုင်တွေဟာ နေ့စဉ် ရောင်းအားကောင်းပြီး Customer တွေ ပြည့်နှက်နေတတ်ပေမဲ့ အမြတ်ကျန်ဖို့ အရမ်းခက်ခဲတဲ့ လုပ်ငန်းထဲမှာ ပါပါတယ်။

ကုန်ကြမ်းစရိတ် လေလွင့်မှုများခြင်း၊ ပုပ်သိုးပျက်စီးလွယ်ခြင်း၊ လျှပ်စစ်ဓာတ်အားနှင့် ရေဖိုး၊ ဆိုင်ငှားရမ်းခနှင့် ဝန်ထမ်းအင်အား အမြောက်အမြား သုံးစွဲရခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် ဝန်ဆောင်မှု မပျက်စေရန်အတွက် အမြဲတစေ ပေးဆပ်နေရသည့် စရိတ်များပြားလွန်းသဖြင့် ရောင်းရသမျှငွေများသည် ကုန်ကျစရိတ်များအတွင်းသို့ ပြန်လည်ဝင်ရောက်သွားတတ်ပါတယ်။

၃။ ငွေကြေးစိုက်ထုတ်မှု များပြားပြီး စာရင်းကြွေးကျန်သည့် ဆောက်လုပ်ရေးလုပ်ငန်းများ

​ပရောဂျက်ကြီးများ လုပ်ကိုင်ရသဖြင့် ရရှိသည့် ပမာဏကြီးမားပြီး အပြင်ပန်းတွင် အလွန်ကြည့်ကောင်းသည့် လုပ်ငန်းမျိုး ဖြစ်ပါတယ်။

စာချုပ်ချုပ်ဆိုသည့် အချိန်နှင့် လက်တွေ့အကောင်အထည်ဖော်သည့် အချိန်ကြားတွင် ကုန်ကြမ်းဈေးနှုန်းများ အဆမတန် မြင့်တက်သွားခြင်း၊ လုပ်ငန်းပြီးစီးသော်လည်း အလုပ်အပ်နှံသူထံမှ ငွေကြေးပုံမှန် မရရှိဘဲ ကြွေးကျန်များပြားခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ငွေကြေးလည်ပတ်မှု မရှိဘဲ ကြွေးကျန်များပြားနေပါက ရောင်းအားမည်မျှပင် ရှိပါစေ အမြတ်မကျန်ဘဲ လုပ်ငန်းပြိုလဲသွားနိုင်ပါတယ်။

၄။ နည်းပညာနှင့် အရောင်းမြှင့်တင်ရေးစရိတ် ပမာဏကြီးမားသည့် အရောင်းဆိုင်များ

​အွန်လိုင်းမှတစ်ဆင့် ပစ္စည်းရောင်းချသည့် လုပ်ငန်းများ သို့မဟုတ် နည်းပညာအခြေပြု လုပ်ငန်းများ ဖြစ်ပါတယ်။

ဖောင်သည်သစ်များ ရရှိရေးအတွက် ကြော်ငြာစရိတ်နှင့် အရောင်းမြှင့်တင်ရေး စရိတ်များကို အမြဲတစေ သုံးစွဲနေရခြင်းကြောင့် ဖြစ်ပါတယ်။ ရောင်းအားတက်လာတာနဲ့အမျှ ကြော်ငြာခများပါ မြင့်တက်လာပြီး၊ ပို့ဆောင်ရေးဆိုင်ရာ အမှားအယွင်းများ၊ ပစ္စည်းပြန်လည်လဲလှယ်ပေးရသည့် စရိတ်များကြောင့် ရရှိသည့် အမြတ်ငွေများ ကုန်ဆုံးသွားရပါတယ်။

၅။ စက်ပစ္စည်းအပေါ် မှီခိုရသည့် ထုတ်လုပ်ရေးလုပ်ငန်းများ

​စက်ရုံ အလုပ်ရုံများနှင့် ကုန်ထုတ်လုပ်ငန်းများ ဖြစ်ကြပါတယ်။

စက်ပစ္စည်းများ ပျက်စီးပြင်ဆင်စရိတ်၊ တန်ဖိုးလျော့တွက်ချက်မှု စရိတ်များနှင့် စက်ရုံလည်ပတ်စရိတ်များကို သေသေချာချာ မတွက်ချက်ဘဲ ကုန်ပစ္စည်း ဈေးနှုန်းသတ်မှတ်လိုက်ခြင်းကြောင့် ဖြစ်ပါတယ်။ ကုန်ပစ္စည်းများ အရောင်းသွက်နေသော်လည်း စက်ပစ္စည်း ပြင်ဆင်စရိတ်နှင့် လုပ်ငန်းလည်ပတ်စရိတ်များက ရရှိသည့် အမြတ်များကို ဝါးမြိုသွားကြပါတယ်။

ဒီပြဿနာတွေကနေ ဘယ်လိုရုန်းထွက်မလဲ

​၁။ အသားတင်အမြတ်ကို သေချာတွက်ချက်ပါ - ရောင်းအားပမာဏတစ်ခုတည်းကိုပဲ မကြည့်ပါနဲ့။ ကုန်ကျစရိတ် အသေးအဖွဲများအထိ သေချာတွက်ချက်ပြီးမှ အသားတင်အမြတ် ကျန်မကျန် စစ်ဆေးပါ။

​၂။ စရိတ်များကို ထိန်းချုပ်ပါ - မလိုအပ်သည့် လေလွင့်စရိတ်များနှင့် လုပ်ငန်းလည်ပတ်စရိတ်များကို တတ်နိုင်သမျှ လျှော့ချပါ။

​၃။ ဈေးနှုန်းပြိုင်ဆိုင်မှုထက် တန်ဖိုးကို ဦးစားပေးပါ - ဈေးလျှော့ရောင်းခြင်းထက် မိမိ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှု၏ အရည်အသွေးကို မြှင့်တင်ပြီး သင့်တင့်သည့် အမြတ်ရာခိုင်နှုန်း ရရှိအောင် ရောင်းချပါ။

​ရောင်းရတိုင်း အမြတ်မကျန်နိုင်ပါဘူး။ ရောင်းအားထက် မိမိလုပ်ငန်းထဲမှာ တကယ်ကျန်ရစ်ခဲ့တဲ့ အသားတင်အမြတ်ငွေကသာ စီးပွားရေးလုပ်ငန်းတစ်ခု ရေရှည်ရပ်တည်နိုင်ဖို့အတွက် အသက်သွေးကြောပဲ ဖြစ်ပါတယ်။

မိတ်ဆွေတို့လုပ်ငန်းတွေမှာ ရောင်း​အားကောင်းပြီး
အမြတ်မတက်ရင် ကျွန်​တော်က စီးပွားရေးအကြံပေးအနေနဲ့ ထိထိရောက်ရောက် ကူညီဖြေရှင်းပေးနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေ ခင်ဗျား....🙏🙏🙏

Rio (စီးပွားရေးအကြံပေး)
15. 9. 2026

#စီးပွားရေးအကြံပေး
#လုပ်ငန်းရှင်များအတွက် #ရောင်းကောင်းပေမယ့်အမြတ်မကျန်တဲ့လုပ်ငန်းကြီးငါးမျိုး

24/09/2026

Van ရဲ့ UFC ထိုးကြေး အနိုင် $ 600,000 ( မြန်မာငွေ သိန်း ၂ သောင်းကျော် ၃ သောင်းနီးပါး ) က ကယ်လီဖိုးနီးယားမှာ အိမ်ဝယ်လို့ရပေမယ့် ရန်ကုန်မြို့မှာတော့ အိမ်ကောင်း တစ်အိမ်တောင်ဝယ်လို့မရပါဘူး။

အဲလို အိမ်ဝယ်ချင်တယ်ဆိုရင် Van အနေနဲ့ အနည်းဆုံး ၅ ကြိမ်လောက်အနိုင်ထိုးနိုင်မှ ဝယ်နိုင်မယ်။ မဟုတ်ရင်တော့ မြန်မာနိုင်ငံမှာ ကွန်ဒိုလောက်ပဲ ရမယ်..တဲ့ ။

တကယ်က $ 600,000 လောက်ဆို တက္ကဆပ် (Texas)၊ ဖလော်ရီဒါ (Florida) လိုနေရာမျိုးမှာရေကူးကန်ပါတဲ့ အိမ်တောင်ရနိုင်တယ်။ ထိုင်းလိုနေရာမျိုးမှာလည်း အိမ်ကောင်းကောင်းရတယ်။

ဒါရယ်စရာလို ဟာသဖြစ်နေပေမယ့် စျေးကွက်မှာ အိမ်ခြံမြေက စျေးကွက်မှာ ပူဖောင်း (Property Bubble ) ကြီးဖြစ်နေတာပါပဲ.. ။

ဘယ်အချိန်ထပေါက်မယ်မသိပေမယ့် သိပ်ကိုအန္တရာယ်များတဲ့ အခြေအနေပါပဲ။ စျေးသတ်သတ်မှတ်မှတ်မရှိဘဲ ပါးစပ်ပြောစျေးနှုန်းများဖြင့်သာ ရောင်းဝယ်ဖြစ်နေကြတယ်။

ငွေကြေးဖောင်းပွမှုများတဲ့အတွက် လူတွေက ပိုက်ဆံမကိုင်ထားကြတော့ဘဲ ခိုင်မာတဲ့ Assest တွေကို ဝယ်ကိုင်ထားကြတာလည်းပါမယ်။

တဖက်ကလည်း ငွေမဲ ငွေကြေးခဝါချတဲ့ လူတွေအများစုကြောင့်လည်း မဖြစ်သင့်တဲ့ စျေးအထိ ပေါက်နေကြတာပါ။

ဒီစျေးတွေက ဖြစ်သင့်လား လို့ပဲ မေးချင်ပါတယ်။

Credit to Aung Soe Win.

Rio - Business Consultant
24. 9. 2026

21/09/2026

Congratulations Joshua Van...👏💯

20/09/2026

ဒီနေ့မနက်ထိုးသွားတဲ့ မြန်မာကိုယ်စားပြု ချင်းတိုင်းရင်းသားလေး ဂျိုရှူဝါဗန် နဲ့ ဘရာဇီးကိုယ်စားပြု
ချန်ပီယံဟောင်း ပန်တိုဂျာတို့ရဲ့ပွဲ အစအဆုံး မကြည့်လိုက်ရသူများအတွက် ပြန်တင်ပေးလိုက်ပါတယ်...🎊🎉🎈(Full HD)

အောင်မြင်တဲ့လုပ်ငန်းရှင်ဖြစ်ဖို့ ထောင်မြင်ရင် ရာစွန့်တတ်ရတယ်♻️🌐💹✅⭐ကိုယ့်ဖာသာမသိနားမလည်ပဲဆင်ကန်းတောတိုးလုပ်လို့သိန်းသုံးထ...
18/09/2026

အောင်မြင်တဲ့လုပ်ငန်းရှင်ဖြစ်ဖို့ ထောင်မြင်ရင် ရာစွန့်တတ်ရတယ်♻️🌐💹✅⭐

ကိုယ့်ဖာသာ

မသိနားမလည်ပဲ

ဆင်ကန်းတောတိုးလုပ်လို့

သိန်းသုံးထောင်မက

ရှုံးတာကိုကျတော့မနှမြောပဲ

မန်နေဂျာကောင်းကောင်းတွေ

စီးပွားရေးပညာရှင်တွေ

စီးပွားရေးအကြံပေးတွေငှားဖို့

သိန်းသုံးရာလောက်သုံးဖို့ကျတော့

နှမျောနေသရွေ့

မင်းကအောင်မြင်တဲ့လုပ်ငန်းရှင်

မဖြစ်နိုင်သေးဘူး။

အောင်မြင်ချင်တဲ့ လုပ်ငန်းရှင်ဆိုတာ

အကျိုးရှိမယ်ထင်ရင် ရင်းရဲရတယ်။

အသုံးနဲ့အဖြုန်းကို ခွဲခြားသိရတယ်။

ထောင်မြင်ရင် ရာစွန့်တတ်ရတယ်။

Rio (စီးပွားရေးအကြံပေး)
5. 9. 2026

#စီးပွားရေးအကြံပေး #ထောင်မြင်ရင်ရာစွန့်ရမယ်😊 #လုပ်ငန်းရှင်ဆိုတာ

✅၁၉၉၀ ပြည့်လွန်နှစ်များက မြန်မာ့ဘောလုံးပရိသတ်များ၏ အသည်းစွဲဖြစ်ခဲ့သူ မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးဟောင်း ဦးဝင်းအောင် (အ...
14/09/2026

✅၁၉၉၀ ပြည့်လွန်နှစ်များက မြန်မာ့ဘောလုံးပရိသတ်များ၏ အသည်းစွဲဖြစ်ခဲ့သူ မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးဟောင်း ဦးဝင်းအောင် (အသက် ၆၀ နှစ်) သည် စက်တင်ဘာလ (၁၃) ရက်၊ ယနေ့ ညနေ (၄) နာရီခွဲတွင် ရန်ကုန်မြို့ အာယုဆေးရုံ၌ ကွယ်လွန်သွားခဲ့သည်။

ဦးဝင်းအောင်သည် မြန်မာ့ဘောလုံး၏ ငွေခေတ်တွင် စင်ကာပူကလပ်အသင်းအထိ သွားရောက်ခြေစွမ်းပြခဲ့သူဖြစ်သည်။ ၁၉၉၁၊ ၁၉၉၃ (ငွေတံဆိပ်ဆုရ)၊ ၁၉၉၅ ဆီးဂိမ်းပြိုင်ပွဲများအပြင် ၁၉၉၄ အာရှအားကစားပြိုင်ပွဲနှင့် ၁၉၉၆ တိုက်ဂါးဖလားတို့တွင် အမျိုးသားအသင်း၏ အဓိကတိုက်စစ်မှူးအဖြစ် အရေးပါသော ခေါင်းတိုက်ဂိုးများကို သွင်းယူပေးခဲ့သည်။

မျိုးလှိုင်ဝင်း၊ သန်းတိုးအောင်၊ တင်မြင့်အောင်၊ ကြည်လွင် စသည့် နာမည်ကျော်များနှင့်အတူ နိုင်ငံ့ဂုဏ်ဆောင်ခဲ့သူဖြစ်ပြီး ပြည်တွင်း၌ ဘဏ္ဍာ/အခွန်အသင်းဖြင့် ချန်ပီယံဆုများစွာ ရယူခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် ကစားသမားဘဝမှ အနားယူခဲ့ပြီးနောက်ပိုင်းတွင်လည်း လူငယ်ကစားသမားများကို လေ့ကျင့်ပေးခြင်း၊ ကစားသမားဟောင်းများအဖွဲ့တွင် ပါဝင်ခြင်းတို့ဖြင့် ဘောလုံးလောကအတွက် အနစ်နာခံ ဆောင်ရွက်ခဲ့သည်။

ဦးဝင်းအောင်၏ နာရေးအခမ်းအနား အသေးစိတ်ကို မိသားစုထံမှ ထပ်မံထုတ်ပြန်မည်ဖြစ်သည်။ မြန်မာ့ဘောလုံးလောကအတွက် သမိုင်းဝင် တိုက်စစ်မှူးတစ်ဦး ဆုံးရှုံးခဲ့ရသည့်အတွက် အထူးပင် ဝမ်းနည်းကြေကွဲရပါသည်။

၁၉၉၀ ပြည့်လွန်နှစ်များက ဦးဝင်းအောင်၏ ခေါင်းတိုက်ဂိုးများနှင့် ခြေစွမ်းများကို အမှတ်ရနေကြဆဲ ပရိသတ်များ ရှိကြပါသလား။ ဆရာ့အတွက် ဝမ်းနည်းကြောင်း မှတ်ချက်များ (Comments) တွင် ရေးသားသွားနိုင်ပါတယ်။

#ဦးဝင်းအောင် #မြန်မာ့လက်ရွေးစင် #မြန်မာ့ဘောလုံး #ကွယ်လွန်ခြင်း

Address

Yangon

Telephone

+959960939909

Website

Alerts

Be the first to know and let us send you an email when Rio - Business Consultant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Rio - Business Consultant:

Shortcuts

Share