24/05/2026
ဘဝမှာအောင်မြင်ပျော်ရွှင်တဲ့လူတစ်ယောက်
ဖြစ်ဖို့အတွက် Time Management လို့ခေါ်တဲ့
အချိန်ကိုစီမံခန့်ခွဲတတ်ဖို့ သိပ်အရေးကြီးတယ်။
ဆင်းရဲရဲ၊ ချမ်းသာသာ
ပညာမဲ့မဲ့၊ ပညာရှိရှိ
လူတိုင်း လူတိုင်းက တနေ့ကို(၂၄)နာရီပဲ အချိန်ရတာမို့
အဲဒီအချိန်တွေကို သူ့နေရာနဲ့သူ အကန့်တွေခွဲပြီး
အကျိုးရှိရှိ သုံးတတ်ဖို့ လိုပါတယ်။
အဓိကအလုပ်နဲ့သာမညအလုပ်ကို ခွဲခြားတတ်ဖို့ လိုပါတယ်။
ကိုယ့်လုပ်ငန်းမှာ ကိုယ်တစ်ယောက်တည်းမဟုတ်ပဲ
မိသားစုဝင်တွေပါနေရင် လူခွဲပြီး သူ့အပိုင်းနဲ့သူ
လုပ်တတ်ဖို့ လိုပါတယ်။
မိတ်ဆွေက သာမာန်ဝန်ထမ်းဘဝနဲ့ မကျေနပ်နိုင်ဘူး။
ကြီးကျယ်တဲ့ ကိုယ်ပိုင်လုပ်ငန်းတွေလုပ်ပြီး အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ တနေ့တာမှာ မိမိပိုင်ဆိုင်တဲ့အချိန်(၂၄)နာရီနဲ့ မလုံလောက်တော့ပါဘူး။
သူတပါးရဲ့အချိန်တွေကိုပါ ငှားသုံးတတ်ဖို့ လိုပါတယ်။
တနည်းအားဖြင့် ဝန်ထမ်းငှားတာပေါ့။
ဝန်ထမ်းငှားပြီးရင်လည်း ထိထိရောက်ရောက်
ခိုင်းတတ်ဖို့ နဲ့ တာဝန်ခွဲဝေပေးတတ်ဖို့ Business Management လို့ခေါ်တဲ့ စီးပွားရေးစီမံခန့်ခွဲမှုပညာကို နားလည်တတ်မြောက်ထားဖို့ လိုပါတယ်။
စီမံခန့်ခွဲမှုမတတ်ရင် လုပ်ငန်းက ထင်သလောက်
ခရီးမပေါက်ပါဘူး။
လုပ်ငန်းတူပြိုင်ဘက်တွေထက်သာချင်ရင်
HR လို့ခေါ်တဲ့ ဝန်ထမ်းရေးရာစီမံခန့်ခွဲတဲ့ပညာ၊
Financial လို့ခေါ်တဲ့ ငွေကြေးစီမံခန့်ခွဲတဲ့ပညာ၊
Sales & Marketing လို့ခေါ်တဲ့ စျေးကွက်ရှာဖွေရေး
နဲ့ အရောင်းပညာ၊
PR လို့ခေါ်တဲ့ ပေါင်းသင်းဆက်ဆံရေးပညာ
စတဲ့ပညာရပ်တွေကိုလည်း နည်းနည်းစီ
တီးမိခေါက်မိဖို့ လိုပါတယ်။
ကိုယ်တိုင်က အဲဒီပညာရပ်တွေကို မကျွမ်းကျင်ရင်
အဲဒီပညာရပ်တွေ ကျွမ်းကျင်တဲ့ အကြံပေးတို့၊
မန်နေဂျာတို့ကို လစာကောင်းကောင်းပေးပြီး
ခန့်ထားဖို့ လိုပါတယ်။
ဒါမှသာ မိတ်ဆွေက အောင်မြင်ပျော်ရွှင်တဲ့ဘဝတစ်ခုကို
ရရှိပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
ဒီပို့စ်လေးက မိတ်ဆွေတို့အတွက် တန်ဘိုးရှိတယ်ဆိုရင်
ပြန် Share ပေးဖို့ မမေ့ပါနဲ့နော်။
Sir Rio - Business Counsellor
#စီးပွားရေးအကြံပေး
#စီးပွားရေးအတိုင်ပင်ခံ