Nandar - Business Adviser

Nandar - Business Adviser Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nandar - Business Adviser, Business service, Yangon.

18/05/2022

Personal Branding ဟာ ဒီနေ့ခေတ်စီးပွားရေးလောကမှာ ဘယ်လောက်ထိအရေးပါသလဲ ❓
=====================

Covid 19 ရဲ့ ရိုက်ခတ်မှုတွေကြောင့် ဒီနေ့ခေတ်စီးပွားရေးလုပ်ငန်းတွေရဲ့ အလုပ်လုပ်ပုံသဘောတရားတွေဟာပြောင်းလဲလာခဲ့ပါတယ်။ ဘယ်လိုဘဲ စီးပွားရေးလုပ်ငန်းရဲ့ သဘောတရားတွေပြောင်းသွားပါစေ မပြောင်းသွားတာကတော့ ညီမတို့နဲ့ဆက်ဆံနေရတဲ့ Customer တွေနဲ့ Potential Customer လို့ခေါ်တဲ့ Customer မဖြစ်လာသေးတဲ့သူတွေရဲ့ သဘောထားဘဲဖြစ်ပါတယ်။ ✅

ညီမတို့ရဲ့ အောင်မြင်မှုတွေ၊ အလုပ်လုပ်ပုံတွေ၊ ပြဿနာတစ်ခုကို ချဉ်းကပ်ဖြေရှင်းပုံတွေနဲ့ နေ့စဉ်လူနေမှုဘဝတွေကနေစပြီး စောင့်ကြည့်လေ့လာရင်း သူတို့သဘောကျလာတဲ့အခါ Potential Customer ကနေ Customer စစ်စစ် ဖြစ်လာကြပါတယ်။

ဒါဆိုရင် စီးပွားရေးနယ်ပယ်မှာ အရေးကြီးတဲ့ Personal Branding အကြောင်းကို ပြောကြည့်ရအောင် -

တကယ်တော့ Personal Branding ဆိုတာ ညီမတို့နဲ့ မစိမ်းတဲ့အရာတစ်ခုပါ။ ညီမတို့ အလုပ်တွေလျှောက်ကြတယ်။ CV Form ထဲမှာ ညီမတို့မှာတော့ ဘာအရည်အချင်းတွေရှိပါတယ်။ ဘာအတွေ့အကြုံတွေရှိပါတယ်ဆိုတာမျိုးကို ဖော်ပြတာဟာ Personal Branding လုပ်တာဘဲဖြစ်ပါတယ်။အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကတော့ Personal Branding ကို ပါးနပ်ကျွမ်းကျင်စွာနဲ့ လုပ်ကြပါတယ်။ ဥပမာပြောရရင် Elon Musk ပေါ့။ Elon Musk လို့ပြောလိုက်တာနဲ့ ညီမတို့ အားသွင်းပြီးမောင်းလို့ရတဲ့ Tesla ကားတွေကို ပြေးမြင်မယ်၊ ကမ္ဘာကိုပတ်ပြီး လွှတ်တင်ထားတဲ့ Starlink ဂြိုလ်တုတွေနဲ့ SpaceX Company ကိုပြေးမြင်မယ်၊ အခုဆိုရင် လူသုံးအများဆုံး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ပါ သူနဲ့မကင်းတော့ဘူး။ ဒီလောက်အထိ Personal Branding ကို ကောင်းကောင်းလုပ်ပြီးစီးပွားရေးလောကကို ချုပ်ကိုင်ထားနိုင်တဲ့သူဘဲဖြစ်ပါတယ်။

ဒါဆိုရင် Personal Branding ကိုကောင်းကောင်းလုပ်နိုင်ဖို့ သိထားသင့်တဲ့ လိုအပ်တဲ့အခြေခံအချက် ( ၃ ) ချက်ကဘာတွေဖြစ်မလဲ ❓

✅ ကိုယ့်ကိုကိုယ်ရောင်းပါ

ကိုယ်က စီးပွားရေးလုပ်ငန်းတစ်ခုကို စပြီးလုပ်တော့မယ့်သူဆိုရင် Social Media Platform အနည်းဆုံး ( ၂ ) ခုလောက်မှာ ကိုယ့်ရဲ့ Profile ကိုသေချာလေးတည်ဆောက်ထားဖို့လိုပါတယ်။ ဒီနိုင်ငံမှာဆိုရင်တော့ Facebook, Instagram နဲ့ Youtube စတဲ့ Platform တွေက အဆင်အပြေဆုံးဖြစ်မှာပါ။ Customer တွေဆီကို ဘာပစ္စည်းမှမရောင်းခင် ကိုယ့်ကိုကိုယ်အရင်ရောင်းဖို့လိုပါတယ်။ အဲ့တာကြောင့် ကိုယ့်ကို Promote လုပ်ဖို့တင်လိုက်တဲ့ Content တွေ၊ ပုံတွေနဲ့ Design တွေကအစ အရည်အသွေးပြည့်မီပြီး ကြည်လင်ပြတ်သားတဲ့ ပုံတွေဖြစ်နေဖို့ အရေးကြီးပါတယ်။

✅ သင့်တော်တဲ့ Target ရွေးပါ

စီးပွားရေးစပြီးလုပ်တော့မယ်ဆိုရင် Target သေချာလေးရွေးတတ်ဖို့ကအရေးကြီးပါတယ်။ Product တွေကိုရောင်းတဲ့အခါမှာ Selling Target ရွေးရသလိုဘဲ ကိုယ့်ရဲ့ Personal Branding ကို Promote လုပ်တဲ့နေရာမှာလည်း Target ထားဖို့လိုပါတယ်။ ကိုယ်ရောင်းချင်တဲ့ ပစ္စည်းက လူငယ်တွေစိတ်ဝင်စားတာလား၊ လူကြီးပိုင်းတွေပိုပြီးစိတ်ဝင်စားတာလားစသဖြင့် လေ့လာသုံးသပ်ပြီး ကိုယ့်ရဲ့ Personal Branding ကိုလည်း Audience နဲ့ကိုက်မယ့်အသက်အရွယ်ကိုလိုက်ပြီး Promote လုပ်ရင် ပိုပြီးအကျိုးရှိပါလိမ့်မယ်။

✅ ရေရှည်ရင်းနှီးမြှုပ်နှံပါ

" လက်ဖက်ကောင်းစားချင်ရင်၊ တောင်တက်နှေးရတယ် " ဆိုတဲ့စကားလည်းရှိပါတယ်။ အဲ့တာကြောင့်မလို့ Personal Branding Image တစ်ခုတည်ဆောက်တယ်ဆိုတာ အချိန်ခဏလေးအတွင်းမှာ အောင်မြင်နိုင်ဖို့ဆိုတာတော့ လွယ်မှာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ Profile ကို ကောင်းကောင်းမွန်မွန်တည်ဆောက်ထားတယ်၊ ကိုယ့်ရဲ့ Audience ကိုသေချာသိတယ်ဆိုရင်တော့ ကောင်းမွန်တဲ့ရလဒ်တွေနဲ့ အတူ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို ဦးဆောင်နိုင်မှာဘဲဖြစ်ပါတယ်။

Crd

ဟုတ်ကဲ့ အားလုံးပဲ ပျော်ရွင်ချမ်းမြေ့တဲ့ ဘဝလေးကိုတည်ဆောက်နိုင်ကြပါစေနော်

17/05/2022

#ကမ္ဘာ့ရွှေအရောင်းအဝယ်သင်တန်း
💯Forex Trading 💯

Forex Trading ဆိုတာဘာလဲ?

💯Forex Trading ဆိုတာကိုနားလည်လွယ်အောင်ပြောရမယ်ဆိုရင် မြန်မာ့ရွှေအရောင်းအဝယ်လုပ်သလိုရွှေတုံးရွှေခဲတွေကိုဝယ်ယူတာတော့မဟုတ်ပါဘူး စျေးနှုန်းတစ်ခုကိုဝယ်ယူတာဖြစ်ပါတယ်

💯ဥပမာအနေနဲ့ပြောရမယ်ဆိုရင်တော့ မြန်မာ့ရွှေ ၁ကျပ်သားကို ၁၅သိန်းမှာ ဝယ်ယူထားတယ်ဆိုပါစို့ ၁၅သိန်း၂သောင်း ရောက်သွားမယ်ဆိုရင် ၂သောင်းက အသားတင်အမြတ်ရပါပြီ
ဒီစျေးကွက်မှာလဲ ဒီလိုမျိုးသဘောတရားပါပဲ

💯 Trading မှာလဲ ဥပမာ1750$စျေးတန်းမှာဝယ်ယူထားပြီး 1755$စျေးတန်း ရောက်ရင် 5$အမြတ်ရပါပြီ ဒီလိုမျိုးသဘောတရားနဲ့အကျိုးအမြတ်ရှာဖွေတာဖြစ်ပါတယ်

💯 Tradingမှာ ကဘာအားသာချက်တွေရှိလဲဆိုတော့ စျေးကွက်တစ်ခုလုံးကို နိုင်ငံတကာ ဘဏ်ကြီး ၄ ခုကထောက်ပံ့ပေးထားတဲ့အတွက် ၂၄ နာရီ ၅ရက်ပတ်လုံး အရောင်းအဝယ်လုပ်နိုင်ပါတယ် 😱

💯 အချိန်နှင့်အမျှပြောင်းလဲနေတဲ့ စျေးကွက်တစ်ခုမှာ အကျိုးအမြတ်ရှာဖွေနိုင်တာဟာ အရမ်းကောင်းမွန်တဲ့ အားသာချက်တစ်ခုဖြစ်ပါတယ်။

💯 တစ်ရက်တာမှာ အရောင်းအဝယ်ကို(5.3)Trillion ဒေါ်လာလောက် အရောင်းအဝယ်လုပ်နေတဲ့ စျေးကွက်တစ်ခုဖြစ်တဲ့အတွက် ကမ္ဘာမှာ အကြီးဆုံးစျေးကွက်တစ်ခုလဲဖြစ်ပါတယ်။

💯 နောက်ပြီး စျေးကွက်မှာက နိုင်ငံတကာဗဟိုဘဏ်တွေ ၊ အဖွဲ့အစည်းတွေ နဲ့ ကျွန်တော်တို့လို လက်လီအရောင်းအဝယ်လုပ်နေတဲ့ သူတွေပါဝင်ပါတယ်

ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ မြန်မာ့ရွှေစျေး
ကွက်သာမက လူတိုင်းနီးပါးလုပ်ကိုင်လာကြတဲ့ ကမ္ဘာ့ရွှေ/ ရေနံနှင့် နိုင်ငံတကာငွေကြေး၊ စတော့ရှယ်ယာရောင်းဝယ်ခြင်းအကြောင်းကိုလဲ လေ့လာထားဖို့ အကြံပြုချင်ပါတယ်ရှင့်

ကမ္ဘာ့ရွှေ၊ ရေနံ ၊ ဒေါ်လာ နှင့် နိုင်ငံတကာငွေကြေးများကို အရောင်းအဝယ် လုပ်လိုသူများအတွက်
Basic Class/Special Class များကို One By One ရော Group Classများဖြင့် Online ကနေတတ်ရောက်နိုင်သလို Offline အနေဖြင့်ရုံးတွင်လည်းလာရောက်တတ်ရောက်နိုင်ပါတယ်

Forex Tradingလုပ်ငန်းနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုသည်ဖြစ်စေ သင်တန်းတတ်လိုသည် ဖြစ်စေ 09 - 451373077 သို့ ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့်။

ရုံးတွင်လည်း Appointmentရယူပြီး လာရောက်ဆွေးနွေးနိုင်ပါ
တယ်။

သင်တန်းစုံစမ်းအပ်နှံရန်
Nandar ( 09 - 451373077 )
CMX International Consultant Company Limited, Rich Team

One By One (Online Basic Class)_150000ကျပ်
(By Zoom)
One By One (Online Advanced Class)-200000ကျပ်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Nandar - Business Adviser posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share