YX Digital Solutions

YX Digital Solutions Strategic social media marketing to drive your business forward.

 Today Knowledge Sharing Session is.......What is Hacking???What are the 3 types of Hacking??Hacking ဆိုတာဘာလဲ??? အင်္ဂလ...
24/01/2023


Today Knowledge Sharing Session is.......

What is Hacking???
What are the 3 types of Hacking??
Hacking ဆိုတာဘာလဲ??? အင်္ဂလိပ်စကားစု
Hack ဆိုတဲ့ ခုတ်တယ်/ဖြတ်တောက်တယ်
ဆိုတဲ့အဓိပ္ပါယ်ကဆင်းသက်လာပြီး
"The act of compromising digital devices and networks through unauthorized access to an account or computer system" လို့အဓိပ္ပါယ် ရပါတယ်။

အချုပ်အားဖြင့်တော့ ဒစ်ဂျစ်တယ် devicesတွေ၊ အင်တာနက် network တွေနဲ့ ကွန်ပျူတာစနစ်တွေထဲ ခွင့်ပြုချက်မရှိပဲ ဝင်ရောက်အသုံးပြုခြင်းလို့
အဓိပ္ပာယ် ဖွင့်ဆိုနိုင်ပါတယ်။
Hacker ကတော့ Hacking ကိုပြုလုပ် လုပ်ဆောင်ကြသူတွေပါ။

အမျိုးအစားအားဖြင့် သုံးမျိုးသတ်မှတ်ကြပါတယ်။
- Black hat hacker
- White hat hacker
- Grey hat hacker သုံးမျိုးပါ။

hat hacker တွေက ကျယ်ပြန့်တဲ့နည်းပညာဆိုင်ရာအသိပညာရှိကြသူတွေဖြစ်ပြီး Internet security အမျိုးမျိုးကို ချိုးဖောက်ဝင်ရောက်ရာမှာလဲ လွန်စွာတော်ကြသူတွေပါ။ Black hat hacker တွေကို Dark site hacker လို့လဲခေါ်ကြပါတယ်။
ကွန်ပျူတာ network တွေထဲကနေ စက္ကန့်ပိုင်းအတွင်း ဗိုင်းရပ်စ်တွေကိုပျံပွားစေသူတွေပါ။
သူတို့လုပ်ဆောင်မှုတွေကြောင့်တဖက်သားနစ်နာထိခိုက်မှုတွေလဲအတော်များစေပါတယ်။ System တွေရဲ့အားနည်းချက်တွေကို ဝင်ရောက်တိုက်ခိုက်ကြသူတွေပါ။

White hat hacker - ၁၉၅၀ လောက်က အင်္ဂလိပ်စကားပုံတခုရှိပါတယ်။ "The bad guys wore black hats and the good guys wore white hats" အ့စကားပုံကေန Black hat hacker/ White hat hacker ဆိုပြီးဆင်းသက်လာကြတာပါ။
White hat hacker တို့က Black hat hackerတို့နဲ့ပြောင်းပြန်ပါ။ အင်တာနက်ကွန်ရက်တွေ၊ ဆိုက်ဘာလုံခြုံရေးတွေ၊ အင်တာနက်စနစ်တွေရဲ့ အားနည်းချက်တွေကိုရှာဖွေပြီး ပိုမိုကောင်းမွန်အောင် ဖာထေးပေးကြသူတွေပါ။
ပိုင်ရှင်ရဲ့ခွင့်ပြုချက်ယူပြီးမှ လုပ်ဆောင်ကြသူတွေမို့ သူတို့လုပ်ဆောင်မှုက ပိုမိုခက်ခဲကြပါတယ်။
သူတို့ရဲ့စမ်းသပ်လုပ်ဆောင်မှုကြောင့်တပါးသူထိခိုက်နစ်နာမှုမရှိအောင်လုပ်ဆောင်တတ်ကြသူတွေပါ။ စနစ်မျိုးစုံတို့ရဲ့အားနည်းချက်တွေကို ကာကွယ်ပေးပြီး လုံခြုံရေးစနစ်ကို ပိုမိုခိုင်မာအောင်ဆောင်ရွက်ပေးတတ်ကြသူတွေပါ။

နောက်ဆုံးက Grey hat hacker ပါ။
White မဟုတ် Black မဟုတ် Grey hat hackerတွေပါ။ သူတို့က စနစ်တွေကိုဝင်ရောက်ဖျက်ဆီးခြင်းလဲမလုပ်တတ်ကြသလို သူတို့ကြောင့်ပျက်စီးသွားလဲဂရုမစိုက်ကြသူတွေပါ။ သီးသီးသန့်သန့်နေထိုင်ကြတာများပါတယ်။ ဆိုးကျိုးရော ကောင်းကျိုးရော မလုပ်ကြသူတွေပါ။
Hacker တွေရဲ့ ခံယူချက်တွေပေါ်မူတည်ပြီး ခွဲခြားထားတာတွေဖြစ်ပါတယ်။
နားလည်တတ်ကျွမ်းမှုပေါ်အခြေခံပြီးလဲ ခွဲခြားမှုတွေလဲရှိပါသေးတယ်။

အချုပ်အားဖြင့်တော့ Hacking ဆိုတာ
ကောင်းတဲ့နေရာအသုံးချရင် ကောင်းမွန်တဲ့ နည်းပညာတိုးတက်မှုအပြောင်းအလဲတွေ၊ ပိုမိုခိုင်ခန့်ကောင်းမွန်တဲ့ဆိုက်ဘာလုံခြုံရေးစနစ်တွေ၊ စိတ်ချယုံကြည်ရတဲ့ အင်တာနက်စနစ်တွေ
ကိုရရှိနိုင်ပြီး ဆိုးတဲ့နေရာအသုံးချရင်လဲ အသုံးချသလောက်ဆိုးစေတဲ့ ပညာရပ်တစ်ခုပါ။

နေ့စဉ်နဲ့အမျှ ပြောင်းလဲနေတဲ့ကမ္ဘာကြီးမှာ နည်းပညာဆိုင်ရာဗဟုသုတတွေကိုလဲ ရှာဖွေစုဆောင်းပြီး နားလည်ဖို့လိုလာတာတော့အမှန်ပါပဲရှင်။

 #အားလုံးပဲမင်္ဂလာပါရှင့် Page အဖွင့် ပို့စ်လေးအတွက် ဒစ်ဂျစ်တယ်ခေတ်ကြီးထဲမှာ 👩‍💻👩‍💻👩‍💻Digital Marketing ပိုင်းလုပ်နေတဲ့သ...
25/02/2022

#အားလုံးပဲမင်္ဂလာပါရှင့် Page အဖွင့် ပို့စ်လေးအတွက် ဒစ်ဂျစ်တယ်ခေတ်ကြီးထဲမှာ 👩‍💻👩‍💻👩‍💻Digital Marketing ပိုင်းလုပ်နေတဲ့သူတွေအတွက်
သိထားသင့်တဲ့ Digital Literacy အကြောင်းကို အကြမ်းဖျင်း ပြောပြသွားပါ့မယ်နော်........

Digital Literacy မှာဘာတွေပါဝင်လဲ???

***
Digital Marketing ပိုင်းလုပ်နေသူတွေမှာ ပိုင်နိုင်စွာရှိသင့်တဲ့ အရာတခုပါနော်။ Digital ခေတ်ကြီးထဲမှာ နောက်ကျကျန်မနေခဲ့ဖို့ တီထွင်ဖန်တီးနိုင်စွမ်း ရှိအောင် အမြဲမပျက်လေ့လာဖန်တီးနိုင်ရပါ့မယ်နော်

*** Thinking and Problem Solving
နည်းပညာပိုင်းဆိုင်ရာဖြစ်စေ/ Customer ပိုင်းဆိုင်ရာဖြစ်စေ ပြသနာများကြုံတွေ့လာရတိုင်း
အတွေးအခေါ်မှန်ဖို့နဲ့ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ကသိပ်ကိုအရေးကြီးပါတယ်နော် 💯💯💯

*** and Social Understanding
ပစ္စည်း ကြော်ငြာသည်ဖြစ်စေ/ Knowledge sharing လုပ်တာဖြစ်စေ/ ပေးချင်တဲ့ Audience (Customer )တွေရဲ့ယဥ်ကျေးမှုနဲ့ လူနေမှုဘဝ/အကြိုက်/လိုအပ်ချက်တို့ကိုသိဖို့လိုအပ်ပါတယ်နော်☑☑ ဒါမှသာ Branding လုပ်ချင်တဲ့အရာကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်မှာပါ။

***
ပူးတွဲဆောင်ရွက်ခြင်းပါ။ ပေးချင်တဲ့အရာတိုင်းကို Customer နဲ့ အတူတကွပူးတွဲဆောင်ရွက်စေခြင်းပါ။ ဥပမာပေးရရင်( August born များအတွက် 50% sale ချပါတယ် မှတ်ပုံတင်ပြပီးလာရောက်ဝယ်ယူနိုင်ပါတယ်...) အစရှိသည့် ဘလာဘလာပေါ့နော်။ ပူးးတွဲဆောင်ရွက်စေခြင်းဖြင့် ရောင်းအားကိုတိုးစေမှာအသေချာပါပဲနော်။

*** Ability to Find and Select Information
Digital Marketer တိုင်းရှိသင့်တဲ့အရည်ချင်းထဲမှာ အရေးကြီးဆုံးတချက်ပါ။ သတင်းအချက်လက်တွေရှာဖွေစုဆောင်းတင်ပြရာမှာ Customer တွေတင်မကပဲ Digital Platform မှာလျှောက်နေကြတဲ့သူတွေအားလုံးဆီရောက်နိုင်တဲ့အတွက် သတင်းအချက်အလက် ရှာဖွေစုဆောင်းတတ်ဖို့ကတကယ်ကိုအရေးကြီးပါတယ်နော်✅✅

*** Communications
လူမှုအသိုင်းဝိုင်းဆိုတာ ဘဝမှာ နေ့စဥ်ကြုံတွေ့နေရတဲ့အရာပါနော်။
Live Learn and Work ပါနော် နေ့စဥ်ကြုံတွေ့နေရတာနဲ့ပတ်သက်ပြီး အလုပ်အပေါ်မှာ ဘယ်လိုအသုံးချမလဲ?? Social Media Platform တွေမှာ ဘာတွေခေတ်စားနေလဲ? ဘယ်လိုအသုံးချမလဲဆိုတာ အမြဲတွေးပေးရမှာပါနော်

***
E Safety or Internet Safety or Cyper Safety အတူတူပါပဲနော်
ခေတ်မီတိုးတက်လာတဲ့ နောက်ဆက်တွဲမှာ Cyper Attack / Internet Attack/ Hacking တွေ ပုံစံမျိုးစုံနဲ့ အရမ်းများလာပါတယ်နော်...🤔🤔🤔
Digital ပိုင်းလုပ်နေသူမှန်သမျှ နည်းပညာနဲ့ပတ်သက်ပြီး Safety ဖြစ်ဖို့ အသိပညာတွေရှိရပါ့မယ်နော်။

*** Skills
ဒါကတော့ နောက်ဆုံးအချက်လဲဖြစ် မရှိမဖြစ်အချက်လေးလဲဖြစ်တဲ့ Digital ပိုင်းနဲ့ပတ်သက်သမျှ နည်းပညာတွေရဲ့ ထိရောက်စွာအသုံးပြုပုံတွေ၊
App တခုချင်းစီရဲ့ Update တွေ၊ သတင်းအချက်အလက် တွေကို ကျွမ်းကျင်စွာ နားလည်သဘောပေါက်တဲ့အထိလေ့လာရမှာပါနော်။

ကဲ ဒီနေ့အတွက် Digital literacy ပိုင်းနဲ့ပတ်သက်တာလေးကို အကြမ်းဖျင်း ဖော်ပြပေးလိုက်ပါတယ်နော်။ ကျန်တဲ့သိလိုသည်များ မရှင်းတာများရှိရင် Chat box ကိုသာကြွလှမ်းလာခဲ့ပါရှင်။

Services/ writing/ Copy writing/ and Page Admin/ Photoshop Design services ပိုင်းအားလုံးကို One Stop Services
အပ်နိုင်ပါတယ်နော်။ Services မအပ်ပဲသိချင်တာရှိလဲ Chat box ကိုသာလှမ်းလာခဲ့ပါရှင်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when YX Digital Solutions posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share