16/01/2026
ကျွန်မ စာလေးတစ်ပုဒ်ဖတ်လိုက်မိတိုင်း ကောင်းတဲ့စာ၊ နှလုံးသွင်းရမယ့် စာ၊ နေ့စဥ်ဘဝဖြတ်သန်းဖို့ အတွက် အားအင်ဖြစ်ရမယ့် စာ ဆိုရင် ကျွန်မ မိတ်ဆွေတွေ၊ အပေါင်းအသင်း သူငယ်ချင်းတွေ ပြီးတော့ လူသားအားလုံးကို သတိရတယ်။ မျှဝေချင်လာတယ်။
ဖတ်မိတဲ့ စာတွေထဲ မှာ .. ဥပမာ -
ရင်ဆိုင်ရဲပါစေ
အပြုံးကို အပြီးဌားထားပါ
မေတ္တာဖြင့်ကြိုဆိုပါ
ကိုယ်က စ လက်ကမ်းပါ
လမ်းမပျောက်ပါစေနဲ့
စသဖြင့်ပေါ့။
ပြန်တွေးကြည့်တော့ ဒါတွေကို ကျွန်မတို့အားလုံးက သိပြီးသားတွေပဲ။ အားလုံးကလဲ ကြိုးစားလုပ်ဆောင်နေကြတာပဲ။
ဒါတွေကို လုပ်ပါလို့ပဲ ရေးကြတာ။ ဘယ်လိုလုပ်ပါလို့ ရေးတာ သိပ်မတွေ့ဘူး။ ရှိတော့ရှိတယ် ရှားတယ်ပေါ့။
ကျွန်မကတော့ ဒီရက်ပိုင်း Walk for Peace က (Aloka) အာလောကခွေးလေးကို အရမ်းချစ်မိနေပါပြီ။
သူဆိုရင် ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲမှာ ဘယ်သူမှ မခေါ်ပဲ၊ အစပိုင်းမှာ ဘယ်သူကမှ သတိမထားမိပဲ သူ့ဟာသူ ပျော်လို့ လိုက်လာရင်း အဲ့ဒီကမှ လမ်းကြောင်းပေါ်ရောက်သွားတာပဲ။
အဲ့တာလေးက ကျွန်မကို မီးမောင်းထိုးပြလိုက်တာ ..
အခုပဲ စ လုပ်လိုက်ပါ။ ဖြည်းဖြည်းနဲ့မှန်မှန်တခုချင်းလုပ်ပါ။ တလှမ်းချင်းသွားပါ။
အဲ တခုတော့သတိချပ်ဖို့လိုတယ်။ ကိုယ်လုပ်တဲ့အလုပ်ဟာ မေတ္တာ ပါ ပါစေ။ လုပ်ရပ်ဖြစ်ပါစေ။ ဒါပါပဲ။ ဒီအတိုင်းလေး တနေ့တလှမ်း လှမ်းတောင် သိပ်မကြာခင် ခရီးတော်တော်ရောက်ပါတယ်။
တနေ့မှာ အိပ်ချိန် ရှစ်နာရီ ဖယ်လိုက်ရင် လှုပ်ရှားချိန် ၁၆ နာရီ အတွင်းမှာ .. ကိုယ်လုပ်နိုင်တာ အများကြီးပါ။ အဲ့ထဲကမှ တစ်ခုကစပေါ့။