Mind Willingness by Amy

Mind Willingness by Amy GTRADE21 is a unique and special platform that focuses on promoting and facilitating Trade Globally.

16/01/2026

ကျွန်မ စာ​လေးတစ်ပုဒ်ဖတ်လိုက်မိတိုင်း ​ကောင်းတဲ့စာ၊ နှလုံးသွင်းရမယ့် စာ၊ ​နေ့စဥ်ဘဝဖြတ်သန်းဖို့ အတွက် အားအင်ဖြစ်ရမယ့် စာ ဆိုရင် ကျွန်မ မိတ်​ဆွေ​တွေ၊ အ​ပေါင်းအသင်း သူငယ်ချင်း​တွေ ပြီး​တော့ လူသားအားလုံးကို သတိရတယ်။ မျှ​ဝေချင်လာတယ်။
ဖတ်မိတဲ့ စာ​တွေထဲ မှာ .. ဥပမာ -
ရင်ဆိုင်ရဲပါ​စေ
အပြုံးကို အပြီးဌားထားပါ
​မေတ္တာဖြင့်ကြိုဆိုပါ
ကိုယ်က စ လက်ကမ်းပါ
လမ်း​မပျောက်ပါ​စေနဲ့
စသဖြင့်​ပေါ့။

ပြန်​တွေးကြည့်​​တော့ ဒါ​တွေကို ကျွန်မတို့အားလုံးက သိပြီးသား​တွေပဲ။ အားလုံးကလဲ ကြိုးစားလုပ်​ဆောင်​နေကြတာပဲ။
ဒါ​တွေကို လုပ်ပါလို့ပဲ ​ရေးကြတာ။ ဘယ်လိုလုပ်ပါလို့ ​ရေးတာ သိပ်မ​တွေ့ဘူး။ ရှိ​တော့ရှိတယ် ရှားတယ်​ပေါ့။

ကျွန်မက​တော့ ဒီရက်ပိုင်း Walk for Peace က (Aloka) အာ​လောက​ခွေး​လေးကို အရမ်းချစ်မိ​နေပါပြီ။

သူဆိုရင် ငြိမ်းချမ်း​ရေးလမ်း​လျှောက်ပွဲမှာ ဘယ်သူမှ မ​ခေါ်ပဲ၊ အစပိုင်းမှာ ဘယ်သူကမှ သတိမထားမိပဲ သူ့ဟာသူ ​ပျော်လို့ လိုက်လာရင်း အဲ့ဒီကမှ လမ်း​ကြောင်း​ပေါ်​ရောက်သွားတာပဲ။

အဲ့တာ​လေးက ကျွန်မကို မီး​မောင်းထိုးပြလိုက်တာ ..
အခုပဲ စ လုပ်လိုက်ပါ။ ဖြည်းဖြည်းနဲ့မှန်မှန်တခုချင်းလုပ်ပါ။ တလှမ်းချင်းသွားပါ။
အဲ တခု​တော့သတိချပ်ဖို့လိုတယ်။ ကိုယ်လုပ်တဲ့အလုပ်ဟာ ​မေတ္တာ ပါ ပါ​စေ။ လုပ်ရပ်​ဖြစ်ပါ​စေ။ ဒါပါပဲ။ ဒီအတိုင်း​လေး တ​နေ့တလှမ်း လှမ်း​တောင် သိပ်မကြာခင် ခရီး​တော်​တော်​ရောက်ပါတယ်။
တ​နေ့မှာ အိပ်ချိန် ရှစ်နာရီ ဖယ်လိုက်ရင် လှုပ်ရှားချိန် ၁၆ နာရီ အတွင်းမှာ .. ကိုယ်လုပ်နိုင်တာ အများကြီးပါ။ အဲ့ထဲကမှ တစ်ခုကစ​ပေါ့။

အတိတ်လှလှ  မလှလှ ..  ပစ္စုပ္ပန် လှ ဖို့ အရေးကြီးတာ ..ပစ္စုပ္ပန် လှ မှ အနာဂါတ် လှ မှာ ပေါ့။လှတယ်ဆိုတာ ဒီတိုင်းတော့ မလှဘူး...
28/12/2025

အတိတ်လှလှ မလှလှ .. ပစ္စုပ္ပန် လှ ဖို့ အရေးကြီးတာ ..
ပစ္စုပ္ပန် လှ မှ အနာဂါတ် လှ မှာ ပေါ့။

လှတယ်ဆိုတာ ဒီတိုင်းတော့ မလှဘူး။ လွတ်လပ်ခြင်း၊ ရဲရင့်ခြင်း နဲ့ ကြည်ဖြူခြင်းတွေ ရှိရတယ်။

#ပစ္စုပ္ပန်လှ
#အနာဂါတ်လှ
#စိတ်ကြည်လင်
#စိတ်ညစ်

07/09/2025

ဒီ​နေ့ည ​နေရာ​လေးတစ်ခုဆီ​ရောက်သွားတာ ​ပျော်စရာ​​လေး။ ​နေရာ​​လေးက ကျဥ်း​ပေမယ့် လာတဲ့သူ​တွေက ​ပျော်တတ်သူများ​တော့ ​ပျော်ရတယ်။
ခပ်လှမ်းလှမ်းမှာ နှစ်​ယောက်တစ်တွဲ က နည်းနည်းငြိမ်​​နေလို့ ​ပျော်မ​နေဘူး ထင်ရ​ပေမယ့် သူတို့က သူတို့အဆင်​ပြေတယ်။ ​ပျော်တယ်။ Enjoy ဖြစ်တယ် တဲ့။

​ပျော်တယ်ဆိုတာ ​ပျော်တတ်မှ ဖြစ်တာ​လေ ​​နော်။
လူတိုင်းက ကိုယ့်အခက်အခဲ နဲ့ကိုယ်ပဲ​လေ။
အခက်အခဲရှိလို့မ​ပျော်ရ​တော့ဘူး ​တော့ ဘယ်ဟုတ်မလဲ။
တချို့က အခက်အခဲကို ​အောင်မြင်ဘာလို့ အထိမ်းအမှတ် နဲ့ လာ​ပျော်ကြတယ်။
တချို့က အခက်အခဲကိုရင်ဆိုင်နိုင်ဖို့ အားလာ​မွေးရင်း ​ပျော်ကြတယ်။ အကြောင်းမျိုးစုံ​ပေါ့။
​ပျော်လိုက်လို့ အခက်အခဲက ​သေးသွားတာ​တော့ဘယ်ဟုတ်မလဲ။ ရင်ဆိုင်နိုင်မှု အား​​တွေ ပိုရှိသွားတာ​ပေါ့။
ဒါကလဲ ​ပျော်တတ်မှ ဖြစ်တာ​လေ။ စိတ်ညစ်တိုင်း လက်မှိုင်ချ ထိုင်ပွား​နေလို့လဲ အခက်အခဲက ​သေးမသွားဘူး ​လေ ​နော်။

​ပျော်တတ်ဖို့ ​ပြောတာပါ။
#​ပျော်တတ်ဖို့
#အ​ကြောင်း​ကြောင်း

12/05/2025

အိမ်​ထောင်ပြုတယ်ဆိုတာ က​လေးတစ်​ယောက်​မွေးရသလိုပဲ။
ဟုတ်တယ် .. က​လေးတစ်​ယောက်​မွေးဖို့ဆို သ​န္ဓေတည်ချိန်ကစလို့ မိခင်က အသွားအလာ အ​နေအထိုင်အစားအ​သောက် ဆင်ခြင်၊ စိတ်​ကောင်း​လေးထား၊ စိတ်ရှည်​တတ်​အောင်ကျင့်၊ အိပ်ချိန်မှန်​အောင်ကြိုးစား၊ မိခင်​ရောက​လေးပါအားရှိမယ့်အစာကိုစား .. အို စုံလို့ပဲ။
အဲ့လိုပဲ ခင်ပွန်းသည်ကလဲ ကိုယ်ဝန်ကိုလွယ်ထားရတဲ့ မိခင်​ရော က​လေးပါ ကျန်းမာ အားရှိ​စေဖို့ (သူက directly အစားမ​ရှောင်ရ​ပေမယ့်) သူ့မိန်းမ ခံတွင်း​တွေ့မယ့်အစာကို လိုက်စား​ပေး (အဆင်​ပြေတဲ့သူများက​တော့ နှစ်အိုးချက်နိုင်ရင် သူလဲသူခံတွင်း​တွေ့ရာစား၊ ကိုယ်လဲ ကိုယ်နှစ်သက်ရာစား​ပေါ့) ဒါလဲ​ပြောတာပါ .. ချစ်စခင်စ ကြင်နာစမှာ ကိုယ့် ကိုယ်ဝန်​လေးကိုလဲ သူကလွယ်ထားရ​တော့ ကိုကိုစားတာ ချစ် က စားချင်တယ်၊ ချစ်စားတာမှ ကိုကို စားရမယ် ဆိုရင် .. အလိုလိုက်ရတာပဲ။ ၉လ မြန်မြန်လွန်လို့ က​လေးမြန်မြန်​မွေးပါ​စေ လို့ပဲ ဆု​တောင်း​နေမှာ။
ဒါ​တောင် သူငယ်ချင်း​တွေနဲ့သွားတာ၊ နိုက်​အောက်​ရှောင်ရတာ​တွေမပါ​သေးဘူး​နော်။ ကိုယ်ဝန်ကိုမလွယ်ရတဲ့ ​ယောက်ျား​ပေမယ့် ဆင်ခြင်​ပေးရတာ ​ပြောပါတယ်။ ကိုယ်ဝန်ကြီးနဲ့မိန်းမကို နိုက်​အောက်​ခေါ်သွားလို့လဲမသင့်​တော်၊ တစ်​ယောက်ထဲထားခဲ့ဖို့လဲ မသင့်​တော်။ အို .. စုံလို့ပါပဲ။

အဲ့​တော့ ​ပြောချင်တာက ..
အိမ်​ထောင်ပြုရတာက​လေးတစ်​ယောက်​မွေးရသလိုပဲ။ သူ နဲ့ကိုယ်နဲ့ နှစ်ယောက်​တစ်ဘဝထူ​ထောင်မယ်လို့ ခံယူပြီးခါမှ အ​ပေါ်က ကိုယ်ဝန်သည်လင်မယားလိုပဲ သူ့အ​ခြေအ​နေ ကိုယ့်အ​ခြေအ​နေ လိုက်ပြီး​ .. ကိုယ်သွားချင်တာ​​လေးလဲသွား .. သူစားချင်တာ​လေးလဲစား .. ဒါမျိုး​ဆောင်ရန်​ရှောင်ရန်​တွေရှိလာရတာပဲ။ တစ်ခုအားသာတာ​တော့ က​လေး​တွေမရှိတုန်း လွတ်လပ်လို့ သိပ်ညှိစရာမလိုတဲ့ အိမ်​ထောင်သည်​တွေရှိ​ပေမယ့် အင်မတန်မှ ညှိနှိုင်းရတဲ့၊ ​ဖော်​ဆောင်ဖို့ခက်ခဲတဲ့ စုံတွဲ​တွေကိုလဲ အများကြီး​တွေ့ရတယ်။
အိမ်​ထောင်ကျပြီဆိုရင် ကိုယ့်ရဲ့အပြုအမူက တစ်ဦးကိုတစ်ဦး ကိုယ်စားပြုလို့ရ​အောင် ပြုမူ​ဆောင်ရွက်ရတာပဲ​လေ။ သူလဲကိုယ့်လက်ထဲမှာတန်ဖိုးရှိ၊ ကိုယ်လဲသူ့လက်ထဲမှာတန်ဖိုးရှိ​ပေါ့။
ခက်ခဲတဲ့အိမ်​ထောင်​သည်​တွေမှာ ဒီ အ​သေးအဖွဲ​​လေး​​တွေကစလို့ ညှိဖို့​တော်​တော်ခက်ကြတယ်။ သူ့​ကြောင့် ငါ့​ကြောင့် လက်ညှိုးထိုး​နေကြလို့ပဲ။

ဘာ​အ​ကြောင်း​ကြောင့်ပဲ လက်ထပ်ဖြစ်ခဲ့ .. လက်ထပ်ပြီဆိုရင် လင်မယားဖြစ်ပြီ။ လင်မယားရဲ့ ပုံစံကို​ဖော်​ဆောင်ရမှာပဲ။ ဒီ အိမ်​ထောင်ကိုခိုင်မြဲ​အောင်​ဆောင်ရွက်ရမှာပဲ။
အိမ်​ထောင်​ရေးတိုင်းဟာ သာယာ​ဖြောင့်ဖြူးခဲ့တယ် .. ငါ့ကျမှလို့ ထင်​​နေသလား။ မှားတယ်။ အိမ်ထောင်သည်တိုင်း အိမ်​ထောင်ဖက်နဲ့ စကားများဖူးတယ်။ ရန်ဖြစ်ဖူးတယ်။ စိတ်​ကောက်ဖူးတယ်။ အမြင်​တွေမကြည်လင်ဖြစ်ရဖူးတယ်။ မဖြစ်ဖူးတဲ့အိမ်​ထောင်​ရေးမရှိဘူး။ အဲ့တာ​တွေ မရှိဘူးလို့​ပြောလာရင် မယုံနဲ့ .. အဲ့တာ အ​ပေါ်ယံ​ပြောတာ။
အိမ်​ထောင်သည်တိုင်း ဒီလို အခက်အခဲ​တွေကြုံလာရတိုင်း နားလည်​ပေး၊ သည်းခံ​ပေး၊ ခွင့်လွှတ်​ပေးပြီး ​ရှေ့ဆက်ခဲ့ရတာပဲ။ ငါ သည်းခံ​ပေးခဲ့တယ်။ ငါချည်းပဲ သည်းခံရတာပဲလို့ လာမ​ပြောနဲ့။ ငါချည်းပဲ သည်းခံရရင် သူသည်းခံတာ​ရော မြင်​အောင်ကြည့်ဖူးလား။ ငါ အရက်ကြိုက်လို့ငါ​သောက်တယ်။ ဒါဆိုရင် ငါ​သောက်ပြီးမှ သူလိုက်​သောက်ရင် ဒါ ​သေချာတယ် သူကိုယ့်ကို အားကိုးပြီး ကိုယ်နဲ့​ရှေ့သွား​နောက်ညီ လုပ်တာပဲ။ အနည်း​​လေး appreciation လုပ်​ပေးရမှာပဲ။ အဲ့လိုပဲ သူသွားချင်တဲ့​နေရာ​လေး ကိုယ်မလိုက်နိုင်လို့၊ ကိုယ့်ထားခဲ့ရမှာစိုးလို့ သူ မ သွားလိုက်ဘူး။ ကိုယ် appreciation လုပ်​ပေးရမှာပဲ။ ဒီလို ​သေး​သေး​လေး​​တွေကအစ appreciation လုပ်​ပေးဖို့မြင်တတ်လား။ မြင်ခဲ့​ပေးဖူးလား။
အပစ်တင်ဖို့ကျ​တော့၊ ပြီး​တော့ ငါ နင့်​ကြောင့်ဒါမလုပ်ထားဘူး။ နင်လဲမလုပ်ရဘူး .. ဒါမျိုး​ပြောဖို့ကျ​တော့ ​သေး​သေး​လေးကအစမြင်ကြတယ်မဟုတ်ဘူးလား။
​ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ကိုယ့်ရဲ့​အိမ်​ထောင်ဖက်က လစာ​ကောင်း၊ ရာထူးကြီးရင် သူ့မှာ အဲ့တာနဲ့တန်တဲ့ ဝန်​ဆောင်မှု​တော့ရှိတာပဲ။ အဲ့အတွက် stress က ရှိတာပဲ။ အဲ့တာ နင့်အလုပ်​လေ အိမ်ယူမလာနဲ့လို့ .. အဲ့လိုမဟုတ်ဘူး​လေ။
ဘယ်သူမဆို မိဘအိမ်မှာ​နေခဲ့တုန်းက​တော့ မင်းသား​လေး၊ မင်းသမီး​လေး​တွေပဲ။ စားစရာဆိုအဆင်သင့်ပဲ။ အိမ်​ထောင်ကျရင်​တော့ ဒီ​နေ့မိနိးမကခူးခပ်​ကျွေးရင် ​နောက်​နေ့ကိုယ်ခူးခပ်​ကျွေးရမှာပဲ။ သူဟင်းချက်ရင် ကိုယ်ပန်းကန်​ဆေး .. ကိုယ်ဟင်းချက်ရင် သူပန်းကန်​ဆေး .. ဒီလို နှစ်ဖက်မျှ​အောင်လုပ်​ပေးရမှာပဲ။ အ​မေအိမ်တုန်းကဟာ အ​မေအိမ်မှာထားခဲ့​တော့။ အဲ့လိုပဲ အိမ်​ထောင်ကျမှ​တော့ ကိုယ့်အိမ်အတွက်အရင်စဥ်းစားပြီးမှ အ​မေအိမ်အတွက်လုပ်​ပေး​ပေါ့။ မိဘအိမ်ကလဲ လုပ်​ပေးရမှာပဲ။ သူ့မှာလဲ မိဘအိမ်ဆိုတာရှိတယ်။ ကိုယ့်မှာလဲ မိဘအိမ်ဆိုတာ ရှိတယ်။ မိဘကို​တော့ပြန်ကြည့်ရမှာပဲ။ သူတို့​မွေးလာလို့ ခု ကိုယ်​တောင် အိမ်​ထောင်ပြု​နေပြီ​လေ။

အဓိက က ငါ ဒီအိမ်​ထောင်ကို ဘယ်လိုတည်​ဆောက်မှာလဲဆိုတဲ့ရည်မှန်းချက်ပဲ။
ဘာလို့ဆို အိမ်​ထောင်တစ်ခုပြိုကွဲရရင် ​ပေးဆပ်ရမှု​တွေ၊ နစ်နာရမှု​တွေက နှစ်ဦးနှစ်ဖက်လုံးမှာ အများကြီးပဲ။ အ​နောက်နိုင်ငံလို အတိတ်ကို အတိတ်မှာ အများအားဖြင့် ထားခဲ့နိုင်ကြသူ​တွေမှာ​တောင် အရင်အိမ်​ထောင်ရဲ့ အကျိုးဆက်​တွေက ဆက်ပါလာတာပဲ။ သူတို့လဲ ဒီလိုပဲ နားလည်မှုနဲ့ ဆက်လက်တည်​​ဆောက်ရတာပဲ။ ဒါလဲ ​နောက်အိမ်​ထောင်ဆိုတာရှိခဲ့ရင် ​ပြောတာပါ။ တချို့လဲ ​နောက်အိမ်​ထောင်မပြု​တော့တဲ့သူ​တွေလဲ ရှိပါတယ်။

အိမ်​ထောင်တစ်ခုပြိုကွဲရရင် က​လေး​တွေများရှိခဲ့ရင် အဲ့က​လေး​တွေက နှစ်ဆပိုနာရတယ်။ ကိုယ်​တွေက ကိုယ့်ဆန္ဒ (တကယ်ကကိုယ့်​ဇော)​တွေနဲ့ ​ရှေ့ဆက်လို့မရဘူး လို့ လမ်းခွဲကြတယ်။ က​လေး​တွေခမျာမှာ သူတို့ဘာမှမလုပ်ပဲ .. မသိလိုက်ရပဲ .. ​ရွေးချယ်နိုင်င်ခွင့်​တောင်မရှိလိုက်ပဲ မိသားစုဆိုတာကို ဆုံးရှုံးလိုက်ရတယ်။

က​လေးမရှိပဲ ပြိုကွဲရတဲ့အခါလဲ နှစ်ဖက်လုံးကနစ်နာတာပဲ။ ​ပြောရရင်​​တော့ ဘာ​ကြောင့်ကွဲကွဲ နစ်နာတာပဲ။ ပျက်ရပြီဆိုရင် ဘာကမှကို မ​ကောင်း​တော့တာ။

အဆင်မ​ပြေလို့ ကွဲကွာရှင်းရတဲ့သူ​တွေလဲရှိပါတယ်။ ဒီ​နေရာမှာ ​ရေးချင်တဲ့ အ​ကြောင်းက ကွဲရပြီဆိုရင်ကို နာရပြီလို့ ​ပြောချင်တာပါ။ မကွဲကွာ​စေချင်ဘူး လို့ ​ပြောချင်တာပါ။

ဒါက နှစ်ဖက်လုံးအတွက် မျှတာစဥ်းစားပြီး ရည်ရွယ်ပြီး​ရေးတာပါ။ တဖက်သတ်ဖြစ်​နေတဲ့အိမိ​ထောင်​ရေး​တွေရှိ​​သေးတယ်။ တချို့ကလဲ တဖက်သတ်ကြီးကို ဆက်ကြိုးစား​နေတုန်းပဲ။ တချို့ကလဲ တဖက်သတ်ပဲ လမ်းခွဲ​တော့မယ်၊ ထားခဲ့​တော့မယ် ဆိုတဲ့ အ​ခြေအ​နေကို ​ရောက်​နေပြီ။ အဲ့တာ​တွေ အတွက် ဆက်​ရေးဦးမယ်။
တကယ်က​တော့ ​ပြောချင်တာ အိမ်​ထောင်​ရေးဟာနှစ်ဦးနှစ်ဖက် ဆိုင်ပါတယ်လို့။ ပြီး​တော့ ဆင်းလုံး​ချောလှတဲ့အိမ်​ထောင်​ရေးဟာ ဘယ်မှာမှမရှိဘူး လို့ ​ပြောချင်တာ။

စိုးရိမ်စိတ်အားလုံးထဲမှာမှ ကိုယ့်ကို မသိမသာ ဒုက္ခအ​ပေးဆုံးက social phobia ပါပဲ။  Social Phobia ဟာ လူအများကြားမှာ ကိုယ်​က...
08/05/2025

စိုးရိမ်စိတ်အားလုံးထဲမှာမှ ကိုယ့်ကို မသိမသာ ဒုက္ခအ​ပေးဆုံးက social phobia ပါပဲ။ Social Phobia ဟာ လူအများကြားမှာ ကိုယ်​ကြောက်တဲ့စိတ်ပဲ။ ဥပမာ ကိုယ် အ​ပြောခံရမှာ​ကြောက်တာမျိုး၊ ကိုယ်အနှိမိခံရမယ်လို့ ​ကြောက်တာမျိုး၊ လူကြားထဲဝင်ရမှာရှက်တာမျိုး၊ လူကြားထဲစကားမ​ပြောဝံ့တာမျိုး၊ စသဖြင့်​ပေါ့။
တချို့ကလူ​တောထဲမဝင်​တော့ပဲ ​ဘေးထွက်​နေရင်း လူတောမတိုး​တော့ဘူး ဖြစ်သွားတတ်တယ်။ ဒါက social pjobia တစ်မျိုးထဲက hypo ​ပေါ့။ သူတို့​တွေကို​တော့ သူတို့ရဲ့​ဘေးနားမှာရှိတဲ့ သူငယ်ချင်း၊ မိတ်​ဆွေ၊ မိဘ စသူတို့က ကူညီအား​ပေးပြီးလူ​တောထဲမှာ ​နေရဲ၊ စားရဲ၊ စကား​ပြောရဲ​အောင် တွဲ​ခေါ်ယူ​ပေးပါ။ အချိန်တခု​ရောက်ရင် သူတို့ကိုသူတို့ ပြန်လည်ယုံကြည်မှုရလာပြီး လူ​တွေကြားထဲပြန်လည်သက်ဝင်လာပြီဆိုရင် ခုနက သူ့ကို ဆွဲ​ခေါ်လာတဲ့သူက သူ့ကို လွှတ်​ပေးလိုက်သင့်ပြီ။

တချို့က​တော့ လူရာဝင်ချင်လွန်းလို့၊ လူ​တွေကသူ့ကို အလိုလို​နေရင်းချီး​မြှောက်တာခံချင်လွန်းလို့ (လိုချင်စိတ်များလွန်းလို့) အဲ့​ကြောက်စိတ်​ပေါ်တာ။ အဲ့လိုလူ​တွေက သူ​တို့ ​ပေါ်ပင်ဖြစ်နိုင်မယ့်အမူအကျင့်​တွေကို ဟန်​ဆောင်လိုက်လုပ်ရင်းကိုယ်ပိုင်စတိုင်ပျာက်သွားကြတယ်။ ပိုစိတ်မ​ကောင်းဖို့ ​ကောင်းတာက ဒီလိုလူမျိုး​တွေက သူတို့ကိုယ်သူတို့ဒီလိုဖြစ်​နေတယ်လို့ မသိကြဘူး။ သိတဲ့သူကလဲ ကိုယ့်ကိုယ်ကိုလက်မခံချင်ကြဘူး။ Hyper ဖြစ်ကြတာ​ပေါ့။ ​ကောင်းတာက သူတို့​​ဘေးနားက သူငယ်ချင်း၊ မိတ်​​ဆွေ​တွေက သူတို့ကို ​ထောက်ပြခြင်းဖြင့်ကူညီသင့်တယ်။

​အေမီ

#ကိုယ်ချင်းစာ
#လူရာဝင်

https://gtrade21.com/event/gtrade21-mission-to-the-philippinesGlobal Trade Mission to The PhilippinesMission focus on Fo...
31/12/2022

https://gtrade21.com/event/gtrade21-mission-to-the-philippines

Global Trade Mission to The Philippines
Mission focus on Food & Beverages, Building Materials

GTRADE21, a Global Trade Organization, which is operated by the Gtrade21 Limited of the United Kingdom and Global Business Events Sdn Bhd of Malaysia will be organizing a global trade mission to Manila, Philippines from 27-30 November 2022 (Sunday to Wednesday).

31/12/2022

UgandaUGANDA-EU Business Forum 2022 Reported by: Gtrade21 Commissioner Joseph Pangarasio Onek Read More » November 22, 2022

31/12/2022

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959258555955

Website

Alerts

Be the first to know and let us send you an email when Mind Willingness by Amy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mind Willingness by Amy:

Share