MaxiMax Travel & Tour

MaxiMax Travel & Tour Reliable Travel Agency in Myanmar

Eid Mubarak !May your journey be filled with happiness, peace, and unforgettable memories. Wishing you and your family a...
28/05/2026

Eid Mubarak !

May your journey be filled with happiness, peace, and unforgettable memories. Wishing you and your family a blessed Eid.

လေယာဉ်စီးပြီး ခရီးသွားမည့် မိတ်ဆွေများ သိထားသင့်တဲ့ အချက် (၁၀) ချက်(၁) လေဆိပ် Terminal အဝင်အတွက် ကြိုတင်ပြင်ဆင်ပါ🔸လေဆိပ်...
19/04/2026

လေယာဉ်စီးပြီး ခရီးသွားမည့် မိတ်ဆွေများ သိထားသင့်တဲ့ အချက် (၁၀) ချက်
(၁) လေဆိပ် Terminal အဝင်အတွက် ကြိုတင်ပြင်ဆင်ပါ
🔸လေဆိပ်ဝင်းထဲဝင်တာနဲ့ လုံခြုံရေးစစ်ဆေးမှုရှိတတ်လို့ Passport ၊ မှတ်ပုံတင် နဲ့ Booking Confirmation (E-ticket) ကို အလွယ်တကူ ထုတ်ပြနိုင်အောင် ပြင်ထားပါ။

(၂) Check-in Counter နှင့် Flight Status ကို စစ်ဆေးပါ
🔸လေဆိပ် Terminal ထဲရောက်တာနဲ့ Departure LED Screen မှာ မိမိစီးမည့် လေယာဉ်အချိန် ပြောင်းလဲမှု ရှိ/မရှိ (Delay ရှိမရှိ) အရင်ကြည့်ပါ။
🔸မိမိလေကြောင်းလိုင်းရဲ့ Check-in လုပ်ရမယ့် Row (ဥပမာ - Row A, B, C) ကို ရှာဖွေပြီး တန်းစီပါ။

(၃) Boarding Pass ထုတ်ယူခြင်းနှင့် Luggage အပ်နှံခြင်း
🔸Passport ၊ မှတ်ပုံတင် နဲ့ Booking Confirmation (E-ticket) ကို အသင့်ထုတ်ထားပါ။
🔸အိတ်ကြီး (Check-in Baggage) ထဲမှာ Power Bank နဲ့ Battery ပါဝင်တဲ့ ပစ္စည်းများ လုံးဝမထည့်ရပါ။
🔸အိတ်အလေးချိန်ဟာ သတ်မှတ်ကီလိုထက် မကျော်ပါစေနဲ့။ Boarding Pass ရပြီဆိုရင် ကိုယ့်နာမည်၊ ဂိတ်နံပါတ်နဲ့ ထိုင်ခုံနံပါတ်တို့ကို တစ်ချက်ပြန်စစ်ပါ။

(၄) လက်ဆွဲအိတ် (Hand Carry) အတွက် သတိပြုရန်
🔸အရည် (Liquid) ပစ္စည်းများ ယူဆောင်မယ်ဆိုရင် တစ်ဗူးကို 100ml ထက်မကျော်ရပါ (စုစုပေါင်း 1000ml ထက်မပိုရ)။
🔸ကပ်ကြေး၊ ဓားဦးချွန် စတဲ့ ပစ္စည်းတွေကို လက်ဆွဲအိတ်ထဲ မထည့်မိဖို့ အထူးသတိပြုပါ။

(၅) Departure Card နှင့် Immigration စစ်ဆေးမှု
🔸Departure Card ကို Immigration မှာ တန်းမစီခင် ကြိုတင်ဖြည့်ထားပါ။
🔸Immigration မှာ Passport၊ မှတ်ပုံတင် နဲ့ Boarding Pass တို့ကို ပြသပြီး မျက်နှာ Scan ဖတ်ခြင်း၊ လက်ဗွေနှိပ်ခြင်းတို့ ပြုလုပ်ရပါမည်။

(၆) Security Check
🔸ခါးပတ်၊ နာရီ၊ ဖုန်း၊ ပိုက်ဆံအိတ်၊ အနွေးထည်နဲ့ Laptop/iPad တို့ကို ဗန်းထဲ သီးသန့်ထုတ်တင်ရပါမယ်။
🔸ကိုယ်ပေါ်မှာ သတ္တုပစ္စည်းတွေ မကျန်အောင် သတိထားခြင်းက အချိန်ကုန်သက်သာစေပါတယ်။
🔸ရေးသန့်ဘူးခွံ တော့ သယ်ဆောင်သွားလို့ရပါတယ်။ရေသန့်ဘူးထဲ ရေပါ ခဲ့ရင် ရေသွန် ခဲ့ရပါတယ်။

(၇) Gate (ဂိတ်နံပါတ်) ဆီသို့ ကြိုတင်သွားရောက်ပါ
🔸Security ဖြတ်ပြီးတာနဲ့ Duty Free ဆိုင်တွေမှာ အချိန်အကြာကြီး မဖြုန်းမိပါစေနဲ့။
🔸ကိုယ့်ရဲ့ Gate က ဘယ်နားမှာလဲဆိုတာ အရင်သွားကြည့်ထားပါ။ လေယာဉ်မထွက်ခင် မိနစ် ၃၀-၄၀ အလိုမှာ Gate Close တတ်လို့ အချိန်မီ ဂိတ်ရှေ့ရောက်နေဖို့ လိုပါတယ်။

(၈) လေယာဉ်ပေါ်တက်ခြင်းနှင့် နေရာယူခြင်း
🔸Boarding ခေါ်တဲ့အခါ Business Class ပြီးမှ Economy Class ကို ခေါ်ပါတယ်။
🔸လေယာဉ်ပေါ်ရောက်ရင် မိမိအိတ်ကို အပေါ်အံဆွဲ (Overhead Bin) ထဲ စနစ်တကျထည့်ပြီး မိမိထိုင်ရမည့် ထိုင်ခုံမှာ ထိုင်ပါ။

(၉) လေယာဉ်အတွင်း လိုက်နာရမည့်စည်းကမ်းများ
🔸လေယာဉ်စတက်ချိန်နဲ့ ဆင်းချိန်မှာ Seat Belt ကို သေချာပတ်ထားပါ။
🔸လေယာဉ်မှူးနဲ့ လေယာဉ်မယ်တွေရဲ့ လုံခြုံရေးလမ်းညွှန်ချက် (Safety Demo) ကို သေချာနားထောင်ပါ။ အရေးပေါ်ထွက်ပေါက် ဘယ်နားမှာရှိလဲဆိုတာ ကြိုကြည့်ထားပါ။

(၁၀) လိုရာခရီးရောက်ရှိခြင်းနှင့် အိတ်ပြန်ယူခြင်း
🔸လေယာဉ်ဆင်းပြီးနောက် Immigration မှာ တုံးထု (သို့မဟုတ်) Scan ဖတ်ပြီးတာနဲ့ Baggage Claim (အိတ်ပြန်ယူသည့်နေရာ) သို့ သွားပါ။
🔸မိမိစီးလာတဲ့ Flight Number ပြထားတဲ့ Belt နံပါတ်မှာ ကိုယ့်အိတ်ကို စောင့်ယူပါ။

📌 Ko Leo Vlog မှ အကြံပြုချက်
🔸Time Management: အပြည်ပြည်ဆိုင်ရာခရီးစဉ်တွေအတွက် လေဆိပ်ကို ၃ နာရီ ကြိုရောက်တာ အကောင်းဆုံးပါ။
🔸Documentation: မိမိရဲ့ Passport ကို ဖုန်းနဲ့ ဓာတ်ပုံရိုက်ထားပါ၊ သို့မဟုတ် Copy တစ်စုံ သီးသန့်ဆောင်ထားပါ။
🔸အိတ်ချင်း မှားယူသွားတာမျိုး မဖြစ်ရလေအောင်အိတ်မှာ အမှတ်အသားတစ်ခုခု လုပ်ထားတာ ပိုကောင်းပါတယ်။
🔸Check In Counter မှာ မိမိရဲ့ Luggage မအပ်မှီ ဓါတ်ပုံ ရိုက်ထားပါ။

"ခရီးသွားမိတ်ဆွေများ အားလုံးအဆင်ပြေကြပါစေ"


ဆိုက်ရောက်ဖောင်(Arrival ) ဖြည့်ဖို့ website အတုတွေထံမှာ အလိမ်မခံရချင်ရင် ဒီပို့စ်ကို သိမ်းထားပါ။             Arrival Car...
19/04/2026

ဆိုက်ရောက်ဖောင်(Arrival ) ဖြည့်ဖို့ website အတုတွေထံမှာ အလိမ်မခံရချင်ရင် ဒီပို့စ်ကို သိမ်းထားပါ။

Arrival Card လို့ ရိုက်ရှာလိုက်ရင် ထိုနိုင်ငံတွေရဲ့ တရားဝင် website များက ထိပ်ဆုံးကနေလုံးဝ ပေါ်လာမှာ မဟုတ်ပါဘူး။ ဆင်တူရိုးမှား website များသာ အမည်တူ logo တူနဲ့ ပုံမှား ရိုက်မှာ ဖြစ်ပါတယ်။ ထို site တွေက ငွေလိမ်တာမျိုးမဟုတ်ပါဘူး၊သင့်ငွေကို ယူပြီး arrival card ကတော့ ဖြည့်ပေးမှာပါ သို့သော် မပေးသင့်ပဲ ပေးစရာမလိုဘူး မဟုတ်လား။

Arrival form ဆိုတာ ငွေမလိုအပ်ပါဘူး။ဒါ့ကြောင့် ငွေပေးစရာမလိုပဲ free ဖြည့်ရတဲ့ နိုင်ငံတခုစီရဲ့ အစိုးရ လဝက မူရင်း link များကို အောက်တွင် ဖေါ်ပြလိုက်ပါတယ်။

1. Thailand Digital Arrival Card (TDAC) 🇹🇭

https://tdac.immigration.go.th/arrival-card/

2. Philippines E Travel 🇵🇭

https://etravel.gov.ph/

3. Malaysia Digital Arrival Card(MDAC) 🇲🇾

https://imigresen-online.imi.gov.my/mdac/main?registerMain

4. Taiwan Arrival Card (TWAC) 🇹🇼

https://twac.immigration.gov.tw/

5. Indonesia( Bali) 🇮🇩

https://ecd.beacukai.go.id/

6. Macau 🇲🇴

(ဖြည့်ရန်မလို arrival visa တင်ပြီးဝင်ရ)

7. Hong Kong 🇭🇰

Arrival form မရှိပါ။ (လေယာဉ်/ဘက်စ်/သင်္ဘောပေါ်များတွင် စာရွက်တော့ ဖြည့်ရပါတယ်။)

8. South Korea 🇰🇷

https://www.e-arrivalcard.go.kr/portal/main/index.do

9. Vietnam 🇻🇳 (Ho Chi Minh လေဆိပ်အတွက်သာ)

https://prearrival.immigration.gov.vn/?utm_source=chatgpt.com

10. Singapore Arrival Card (SGAC) 🇸🇬

https://eservices.ica.gov.sg/sgarrivalcard

အထက်ပါ နိုင်ငံတွေ ဝင်ခါနီး ၇၂ နာရီမှ မဝင်ခင်အထိ arrival card များကို ဖြည့်ခွင့်ရှိပါတယ်။ အင်တာနက် ဝိုင်ဖိုင်မရသည့်အခါ ပြသနာရှိနိုင်တာမို့ မိမိနိုင်ငံမှ မထွက်ခင်ကတည်းက ဖြည့်ခဲ့သည်သာ အလွယ်ကူဆုံး ဖြစ်ပါတယ်။

ထိုနိုင်ငံများအတွက် ခရီးစဉ်များ အပ်ချင်ပါက အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။

Disclaimer
This information is shared to help travelers complete online arrival cards for different countries safely and correctly.
To prevent fraud or fake websites, only official government links are provided for reference.
This sharing is for informational purposes only and is not affiliated with any paid service or third-party agency.



#မသွားမစားမလုပ်ဖူးရင်လုံးဝလမ်းမညွှန်တဲ့

💯💥  #ချက်ချင်းအင်တာဗျူးပြီး  #ချက်ချင်းအလုပ်ဝင်လိုသူများအတွက်အထူးအခွင့်အရေး!ကျွန်တော်များ    တွင် ရုံးပိုင်းဆိုင်ရာလုပ်င...
06/04/2026

💯💥 #ချက်ချင်းအင်တာဗျူးပြီး #ချက်ချင်းအလုပ်ဝင်လိုသူများအတွက်အထူးအခွင့်အရေး!ကျွန်တော်များ တွင် ရုံးပိုင်းဆိုင်ရာလုပ်ငန်းများလုပ်ကိုင်ရန် အတွက် အောက်ပါ
ရာထူးများ လ်ိုအပ်လျှက်ရှိပါသည်။။

🎯 လိုအပ်ချက်များ:
🚩Senior Accountant [ မ ] ၂ ဦး


✅ အသက် 18-36 အတွင်း
✅အတွေ့အကြုံအနည်းဆုံး 2 နှစ်
✅English အရေးအပြော Computer Basic အသုံးပြုတတ်ရမည်။

🚩Ticketing Reservation [ 4 ] ဦး #ကျား/မ /LGBT ( )
✅အသက် : 18 -36 အတွင်း
✅အတွေ့အကြုံအနည်းဆုံး 2 Year
Computer/ English အရေးအပြော TikTok / FB-Page / အနည်းငယ် အသုံးပြူတတ်ရမည်။
🚩 Office Staff [ 3 ] ဦး
ကျား/မ /LGBT ( Shipping Line )
✅အသက် (18 မှ 35) နှစ်အတွင်း
✅ပညာအရည်အချင်း အနည်းဆုံး (၁၀) တန်းအောင်ဖြစ်ရမည်။

✅Computer Basic (Word/Excel) အသုံးပြုတတ်ရမည်။

✅(မြန်မာ ၊ English) စာစီစာရိုက်ကျွမ်းကျင်ရမည်။

✅စကားပြော ယဉ်ကျေးချိုသာပြေပြစ်ရမည်။

✅လုပ်ငန်းခွင် အတွင်း စိတ်ဝင်တစား ပူပေါင်းဆောင်ရွက် ကြိုးစားလုပ်ကိုင်နိုင်သူဖြစ်ရမည်။

✅ Ship Management Company ဖြစ်ပါသဖြင့် SRPS Company တွင် လုပ်ကိုင်ဖူးသူအား ဦးစားပေး မည်။

🚩Marketing 2 [ဦး] ကျား/မ/LGBT
ဗလာစာအုပ်နှင့် စာရေး ကိရိယာ ဖြန့်ချိရေးအား Marketing ဖြင့်ရောင်းအား မြှင့်တင်ရန်အတွက် ......
Marketing အတွေအကြုံ ရှိသူ ဦးစားပေးပါမည်။။။။။။.

🕘အလုပ်ချိန်....
[Monday to Friday]. 9:00 to 5:00
Saturday 9: 00 to 15:00
SUNDAY CLOSE

💵လစာ- Depend On Experience..
🏭နေရာ -ဗိုလ်တထောင် မြို့နယ်.....
⭕️လျှောက်ထားလိုသူများသည်

1.CV form
2.Certificates
3.မျှော်မှန်းလစာ နှင့်အတူ

အောက်ဖေါ်ပြပါ Email နှင့် Viber သို့‌အပြည့်အစုံပို့၍လျောက်ထားနိုင်ပါသည်။
#ဆက်သွယ်ရန်;
Mail:
[email protected]
[email protected]
[email protected]

Viber: 09 4500 62185

Phone: 09 4 555 333 91

⏰️Deadline : 21/April /2026




.

20/03/2026

Wishing you and your family a peaceful and prosperous Eid ul-Fitr

Eid Mubarak 🌙

နိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေ
17/03/2026

နိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေ

Official Announcement for Company Name Change                         We would like to inform you that GMA‑Maritime SRPS...
17/03/2026

Official Announcement for Company Name Change

We would like to inform you that GMA‑Maritime SRPS Office and Global Max Asia Travel and Tours Company, which have been operating under the management of Global Max Asia Company Limited since 2013, have been officially renamed as MAXIMAX Ship Management and MAXIMAX Travel & Tours by the original owner of the original office location, effective 21 March 2026.

 #နို၀င်ဘာ၇ရက်​နေ့ဆိုရင်DVFormပိတ်​တော့မှာမို့Formမပိတ်ခင်GMAရုံးမှာမြန်မြန်လာ​လျှောက်လိုက်​တော့​နော်🥰🥰❣️DV ​​လျှောက်ဖို...
06/11/2024

#နို၀င်ဘာ၇ရက်​နေ့ဆိုရင်DVFormပိတ်​တော့မှာမို့Formမပိတ်ခင်GMAရုံးမှာမြန်မြန်လာ​လျှောက်လိုက်​တော့​နော်🥰🥰

❣️DV ​​လျှောက်ဖို့အတွက် လိုအပ်တဲ့အချက်အလက်တွေကတော့•••

🔹Name ••• အမည်
🔹Date of Birth ••• မွေး​သက္ကရာဇ်
🔹Place of Birth •••မွေးရပ်ဇာတိမြို့
🔹Address•••နေထိုင်​သည့်လိပ်စာအပြည့်အစုံ
🔹Country•••လက်ရှိနေထိုင်သည့် နိုင်ငံ
🔹Phone•••ဖုန်းနံပါတ်
🔹Email••• အီးမေးလ်
🔹Highest Education•••အမြင့်ဆုံးပညာအရည်အချင်း
🔹Marital Status ••• အိမ်ထောင်ရှိ/မရှိ
🔹Photo ••• 2" x 2" ကာလာဓာတ်ပုံ
(မျက်မှန်မတပ်​ရ၊ နောက်ခံအဖြူ ၊ ၆ လအတွင်းရိုက်ထားသည့်ပုံဖြစ်ရမည်)
🔻ဓါတ်ပုံဆိုင်တွင် ပုံကို ဖုန်းထဲတိုက်ရိုက် (သို့) Viber မှတဆင့် Soft Copy တောင်းယူလာရန်🔻

🔻ခင်ပွန်း(သို့)ဇနီးနှင့်၂၁ နှစ်အောက်ကလေးရှိပါက
🔹Name •••အမည်
🔹Date of Birth •••မွေး​သက္ကရာဇ်
🔹Place of Birth••• မွေးရပ်ဇာတိမြို့
🔹Photo••• 2" x 2" ကာလာဓာတ်ပုံ
​လေး​တွေလိုအပ်ပါတယ်ရှင့်

💢Online က​​လျှောက်ထားချင်တဲ့သူ​တွေအတွက် အချက်အလက်တွေ Ready လုပ်ပီး
Viber Phone Number : 09450093377, 09440691757, 09680927362 ကိုပေးပို့လျှောက်ထားနိုင်ပါတယ်ရှင့်☺️☺️

❣️လူကိုယ်တိုင် အောက်ပါလိပ်စာသို့လည်းလာရောက်လျှောက်ထားနိုင်ပါတယ်ရှင့်😚😚

🏢Address :No.333, Ground Floor, Bo Aung Kyaw Street, Upper Block.Kyauktada Tsp

☎️☎️Phone Number : 09450093377,09440691757,09680927362,09 443102186




 ်ဖို့ရက်အနည်းငယ်သာကျန်​တော့တာမို့GMAရုံးမှာမြန်မြန်လာ​လျှောက်လိုက်​တော့​နော်🥰🥰❣️DV ​​လျှောက်ဖို့အတွက် လိုအပ်တဲ့အချက်အလက...
30/10/2024

်ဖို့ရက်အနည်းငယ်သာကျန်​တော့တာမို့GMAရုံးမှာမြန်မြန်လာ​လျှောက်လိုက်​တော့​နော်🥰🥰

❣️DV ​​လျှောက်ဖို့အတွက် လိုအပ်တဲ့အချက်အလက်တွေကတော့•••

🔹Name ••• အမည်
🔹Date of Birth ••• မွေး​သက္ကရာဇ်
🔹Place of Birth •••မွေးရပ်ဇာတိမြို့
🔹Address•••နေထိုင်​သည့်လိပ်စာအပြည့်အစုံ
🔹Country•••လက်ရှိနေထိုင်သည့် နိုင်ငံ
🔹Phone•••ဖုန်းနံပါတ်
🔹Email••• အီးမေးလ်
🔹Highest Education•••အမြင့်ဆုံးပညာအရည်အချင်း
🔹Marital Status ••• အိမ်ထောင်ရှိ/မရှိ
🔹Photo ••• 2" x 2" ကာလာဓာတ်ပုံ
(မျက်မှန်မတပ်​ရ၊ နောက်ခံအဖြူ ၊ ၆ လအတွင်းရိုက်ထားသည့်ပုံဖြစ်ရမည်)
🔻ဓါတ်ပုံဆိုင်တွင် ပုံကို ဖုန်းထဲတိုက်ရိုက် (သို့) Viber မှတဆင့် Soft Copy တောင်းယူလာရန်🔻

🔻ခင်ပွန်း(သို့)ဇနီးနှင့်၂၁ နှစ်အောက်ကလေးရှိပါက
🔹Name •••အမည်
🔹Date of Birth •••မွေး​သက္ကရာဇ်
🔹Place of Birth••• မွေးရပ်ဇာတိမြို့
🔹Photo••• 2" x 2" ကာလာဓာတ်ပုံ
​လေး​တွေလိုအပ်ပါတယ်ရှင့်

💢Online က​​လျှောက်ထားချင်တဲ့သူ​တွေအတွက် အချက်အလက်တွေ Ready လုပ်ပီး
Viber Phone Number : 09450093377, 09440691757, 09680927362 ကိုပေးပို့လျှောက်ထားနိုင်ပါတယ်ရှင့်☺️☺️

❣️လူကိုယ်တိုင် အောက်ပါလိပ်စာသို့လည်းလာရောက်လျှောက်ထားနိုင်ပါတယ်ရှင့်😚😚

🏢Address :No.333, Ground Floor, Bo Aung Kyaw Street, Upper Block.Kyauktada Tsp

☎️☎️Phone Number : 09450093377,09440691757,09680927362,09 443102186




 #လူကိုယ်တိုင်ရုံးမှာDVလျှောက်ချင်တဲ့သူ​တွေအတွက်ရုံးပြန်ဖွင့်ပီမို့လို့GMAရုံးမှာလာ​ရောက်​လျှောက်ထားလို့ရပါပီရှင့်😚😚 ❣️D...
22/10/2024

#လူကိုယ်တိုင်ရုံးမှာDVလျှောက်ချင်တဲ့သူ​တွေအတွက်ရုံးပြန်ဖွင့်ပီမို့လို့GMAရုံးမှာလာ​ရောက်​လျှောက်ထားလို့ရပါပီရှင့်😚😚

❣️DV ​လျှောက်ဖို့အတွက် လိုအပ်တဲ့အချက်အလက်တွေကတော့•••

🔹Name ••• အမည်
🔹Date of Birth ••• မွေး​သက္ကရာဇ်
🔹Place of Birth •••မွေးရပ်ဇာတိမြို့
🔹Address•••နေထိုင်​သည့်လိပ်စာအပြည့်အစုံ
🔹Country•••လက်ရှိနေထိုင်သည့် နိုင်ငံ
🔹Phone•••ဖုန်းနံပါတ်
🔹Email••• အီးမေးလ်
🔹Highest Education•••အမြင့်ဆုံးပညာအရည်အချင်း
🔹Marital Status ••• အိမ်ထောင်ရှိ/မရှိ
🔹Photo ••• 2" x 2" ကာလာဓာတ်ပုံ
(မျက်မှန်မတပ်​ရ၊ နောက်ခံအဖြူ ၊ ၆ လအတွင်းရိုက်ထားသည့်ပုံဖြစ်ရမည်)
🔻ဓါတ်ပုံဆိုင်တွင် ပုံကို ဖုန်းထဲတိုက်ရိုက် (သို့) Viber မှတဆင့် Soft Copy တောင်းယူလာရန်🔻

🔻ခင်ပွန်း(သို့)ဇနီးနှင့်၂၁ နှစ်အောက်ကလေးရှိပါက
🔹Name •••အမည်
🔹Date of Birth •••မွေး​သက္ကရာဇ်
🔹Place of Birth••• မွေးရပ်ဇာတိမြို့
🔹Photo••• 2" x 2" ကာလာဓာတ်ပုံ
​လေး​တွေလိုအပ်ပါတယ်ရှင့်

💢Online က​​လျှောက်ထားချင်တဲ့သူ​တွေအတွက် အချက်အလက်တွေ Ready လုပ်ပီး
Viber Phone Number : 09450093377, 09440691757, 09680927362 ကိုပေးပို့လျှောက်ထားနိုင်ပါတယ်ရှင့်☺️☺️

❣️လူကိုယ်တိုင် အောက်ပါလိပ်စာသို့လည်းလာရောက်လျှောက်ထားနိုင်ပါတယ်ရှင့်😚😚

🏢Address :No.333, Ground Floor, Bo Aung Kyaw Street, Upper Block.Kyauktada Tsp

☎️☎️Phone Number : 09450093377,09440691757,09680927362,09 443102186




Address

261, Second Floor, Bo Myat Tun Street , Upper Block
Yangon
11161

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 15:00

Telephone

+9595415311

Alerts

Be the first to know and let us send you an email when MaxiMax Travel & Tour posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MaxiMax Travel & Tour:

Share