Sharing By Nyi

Sharing By Nyi Bright start for a bright future

🏆 လက်လီအရောင်းသမားတစ်ယောက်အနေဖြင့် နေ့စဉ် Customer များနှင့်ထိတွေ့ပြောဆိုရာတွင် Customer စိတ်ကျေနပ်မှုရှိပြီး Sale won ဖ...
16/02/2026

🏆 လက်လီအရောင်းသမားတစ်ယောက်အနေဖြင့် နေ့စဉ် Customer များနှင့်ထိတွေ့ပြောဆိုရာတွင် Customer စိတ်ကျေနပ်မှုရှိပြီး Sale won ဖြစ်အောင် ရောင်းတက်ဖို့ လိုအပ်ပါတယ်
🏆 Before, During, After ဆိုပြီး Customer ဈေးမဝယ်ခင်၊ ဈေးဝယ်နေချိန်၊ ဈေးဝယ်ပြီးချိန်များတွင် စိတ်ကျေနပ်မှုရှိအောင် ရောင်းတက်ဖို့နှင့် Service ပေးနိုင်ဖို့ လိုအပ်ပါတယ်
🌟 Knowledge + Energy + Smile = Perfect Customer Service! 🌟 ဖြစ်ဖို့အတွက်
📝 Empathy & Customer Service
📝 Problem Solving Skill
📝 Effective Communication Skills
📝 Level of Customer Service
📝 Important of Customer Service တို့ကို
တော်ဝင်သူ မွေ့ယာ နှင့် ပရိဘောဂ ရှိ ဝန်ထမ်များအတွက် Sharing By Nyi မှ Customer Service Training ပေးခဲ့ခြင်းဖြစ်ပါတယ် 🥳

13-Feb-1915 to 13-Feb-2026 ယနေ့တွင် ကျရောက်သော လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏(၁၁၁) နှစ်ပြည့်မွေးနေ့အား အောက်မေ့...
13/02/2026

13-Feb-1915 to 13-Feb-2026
ယနေ့တွင် ကျရောက်သော
လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏
(၁၁၁) နှစ်ပြည့်မွေးနေ့အား အောက်မေ့သတိရခြင်းများစွာဖြင့်
ဂုဏ်ပြုဦးညွှတ်အပ်ပါသည်.....

မန္တလေးမြို့ရဲ့ နာမည်ကျော် လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဖြစ်တဲ့၊ သက်တမ်းအားဖြင့် (၃၅) နှစ်တိုင်တိုင် အရသာနဲ့ အရည်အသွေးကို ထိန်း...
29/01/2026

မန္တလေးမြို့ရဲ့ နာမည်ကျော် လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဖြစ်တဲ့၊ သက်တမ်းအားဖြင့် (၃၅) နှစ်တိုင်တိုင် အရသာနဲ့ အရည်အသွေးကို ထိန်းသိမ်းလာတဲ့ "မင်းသီဟ" လက်ဖက်ရည်ဆိုင်ရဲ့ Operation Set up ပိုင်းကို ကျွန်တော်တို့ Sharing By Nyi က တာဝန်ယူ ဆောင်ရွက်ပေးခွင့်ရတဲ့အတွက် "မင်းသီဟ" ကိုများစွာကျေးဇူးတင်ပါတယ်။

Operation Set up ပိုင်းတွင် -
🛎️ လုပ်ငန်းလည်ပတ်မှု စနစ်များအား သတ်မှတ်ပေးခြင်း
🛎️ Table set up ပိုင်းပြင်ဆင်ခြင်းနှင့် စီမံခန့်ခွဲခြင်း
🛎️ ဝန်ထမ်းများ စနစ်တကျ အုပ်ချုပ်စီမံခန့်ခွဲခြင်း
🛎️ အော်ဒါများ အဆင့်ဆင့်ဆောင်ရွက်ခြင်း
🛎️ Customer Service အား စနစ်တကျဆောင်ရွက်ခြင်း
🛎️ Back-of-House (Kitchen) နှင့် Front-of-House (Service) တို့ကို ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းတစ်ခုကို ဆယ်စုနှစ် ၃ ခုကျော်ကြာအောင် ရေရှည်တည်တံ့အောင် တည်ဆောက်ထားတဲ့ လုပ်ငန်းရှင်တွေရဲ့ ယုံကြည်မှုကို ရရှိတာဟာ ကျွန်တော်တို့အတွက်တော့ တကယ့်ကို ဂုဏ်ယူစရာ မှတ်တိုင်တစ်ခုဖြစ်ပါတယ်။

🏆 လက်လီအရောင်းသမားတစ်ယောက်အနေဖြင့် နေ့စဉ် Customer များနှင့်ထိတွေ့ပြောဆိုရာတွင် Customer စိတ်ကျေနပ်မှုရှိပြီး Sale won ဖ...
18/01/2026

🏆 လက်လီအရောင်းသမားတစ်ယောက်အနေဖြင့် နေ့စဉ် Customer များနှင့်ထိတွေ့ပြောဆိုရာတွင် Customer စိတ်ကျေနပ်မှုရှိပြီး Sale won ဖြစ်အောင် ရောင်းတက်ဖို့ လိုအပ်ပါတယ်

🏆 Before, During, After ဆိုပြီး Customer ဈေးမဝယ်ခင်၊ ဈေးဝယ်နေချိန်၊ ဈေးဝယ်ပြီးချိန်များတွင် စိတ်ကျေနပ်မှုရှိအောင် ရောင်းတက်ဖို့နှင့် Service ပေးနိုင်ဖို့ လိုအပ်ပါတယ်

🌟 Knowledge + Energy + Smile = Perfect Customer Service! 🌟 ဖြစ်ဖို့အတွက်
📝 Empathy & Customer Service
📝 Problem Solving Skill
📝 Effective Communication Skills
📝 Level of Customer Service
📝 Important of Customer Service တို့ကို

POWER LIGHT YGN Furniture & Electronic ရှိ ဝန်ထမ်များအတွက် Sharing By Nyi မှ Customer Service Training ပေးခဲ့ခြင်းဖြစ်ပါတယ် 🥳

🍽️ စေတနာက ဝေဒနာမဖြစ်ပါစေနဲ့ - လုပ်ငန်းရှင်များ သတိထားသင့်တဲ့ "Over-Service"🔰 ဒီနေ့ ရုံးသွားတော့ လမ်းမှာမနက်စာသွားစားရင်း...
14/01/2026

🍽️ စေတနာက ဝေဒနာမဖြစ်ပါစေနဲ့ - လုပ်ငန်းရှင်များ သတိထားသင့်တဲ့ "Over-Service"

🔰 ဒီနေ့ ရုံးသွားတော့ လမ်းမှာမနက်စာသွားစားရင်း ကြုံခဲ့ရတဲ့ ဖြစ်ရပ်လေးတစ်ခုကနေ ဆိုင်ပိုင်ရှင်တွေနဲ့ ဝန်ဆောင်မှုပိုင်း လုပ်ကိုင်နေသူတွေ သတိထားမိစေဖို့ sharing လုပ်ပေးချင်ပါတယ်။

🔰 ဖွင့်ထားတာမကြာသေးတဲ့ လက်ဘက်ရည်ဆိုင်အသစ်တစ်ဆိုင်မှာ ဝင်စားတော့ ဘေးဝိုင်းက အကိုတစ်ယောက်ကို ဝန်ထမ်းတွေက တစ်ယောက်ပြီးတစ်ယောက် လာမေးနေကြတာ
ပထမတစ်ယောက်က လာမေးတယ် "အကိုစားရတာ အဆင်ပြေလားရှင့်"
ခဏနေတော့ ဒုတိယတစ်ယောက်က "အကို သုံးဆောင်ရတာ အဆင်ပြေလားဗျ"
ပြီးတော့ တတိယတစ်ယောက်ကပါ "ဘာလိုအပ်သေးလဲ" လို့ ထပ်မေးတဲ့အခါမှာတော့ စားနေတဲ့ အကိုက စိတ်မရှည်တော့ဘဲ "မင်းတို့ကို ပြန်ဖြေနေရတာနဲ့ ငါကောင်းကောင်းမစားရတော့ဘူး၊ ဖြေရတာ မောလှပြီ" လို့ ပြောလိုက်တော့မှပဲ ဝန်ထမ်းတွေ အနားမကပ်တော့ဘူး။

🔰 ဒါဟာ ဝန်ထမ်းတွေမှာ စေတနာရှိကြတာမှန်ပေမယ့် တစ်ယောက်နဲ့တစ်ယောက် ချိတ်ဆက်မှုမရှိတဲ့အခါ စားသုံးသူအတွက်တော့ ဝန်ဆောင်မှုပေးတာမဟုတ်ဘဲ အလုပ်ပေးသလိုမျိုး ဖြစ်သွားတတ်ပါတယ်။ အထူးသဖြင့် Customer တွေ မနှစ်ခြိုက်တတ်တဲ့ Over Service အချက်တွေကို ဆိုင်ပိုင်ရှင်တွေအနေနဲ့ အခုလို သတိပြုသင့်ပါတယ် -

🚩 Customer တွေ မနှစ်ခြိုက်တတ်တဲ့ Over Service
❌ စကားဝိုင်းကို ခဏခဏဖြတ်ပြောခြင်း - သူငယ်ချင်းတွေ ဒါမှမဟုတ် မိသားစုနဲ့ အရေးကြီးစကားပြောနေချိန်မှာ "ဟင်းပွဲ အဆင်ပြေရဲ့လား" ဆိုပြီး ခဏခဏလာမေးတာမျိုးဟာ စကားဝိုင်းကို ပြတ်တောက်သွားစေပြီး စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။

❌ အရိပ်တကြည့်ကြည့် စိုက်ကြည့်နေခြင်း - စားပွဲဘေးနားမှာပဲ အမြဲရပ်နေတာ၊ စားနေတာကို စိုက်ကြည့်နေတာမျိုးက စားသုံးသူကို စိတ်မလွတ်လပ်သလို ခံစားရစေပြီး အစားအသောက်ကို သဘာဝအတိုင်း မစားရဲတော့အောင် ဖြစ်တတ်ပါတယ်။

❌ ရေ/ရေနွေးကြမ်းကို ခွက်ထဲမကုန်ခင် လာလာဖြည့်ခြင်း - ခွက်ထဲမှာ နည်းနည်းလေးလျော့တာနဲ့ ချက်ချင်းလာဖြည့်တာမျိုးက စားသုံးသူကို အမြန်သောက်ရတော့မလို ဖိအားပေးသလိုမျိုး ခံစားရစေနိုင်ပါတယ်။

❌ ပန်းကန်တွေကို စောစီးစွာ လာသိမ်းခြင်း - စားလို့မပြီးသေးခင် ဒါမှမဟုတ် စားပြီးပြီးချင်းမှာပဲ ချက်ချင်းလာသိမ်းတာက "စားပြီးရင် ဆိုင်ကမြန်မြန်ထွက်တော့" လို့ ပြောလိုက်သလိုမျိုး သက်ရောက်မှုရှိသွားတတ်ပါတယ်။

🔰 ဒီဖြစ်ရပ်ကနေ ဆိုင်ပိုင်ရှင်တွေအနေနဲ့ သင်ခန်းစာယူနိုင်တာကတော့ ဝန်ထမ်းတွေကို "ဝန်ဆောင်မှုပေးပါ" လို့ပဲ မှာထားရုံနဲ့ မလုံလောက်ဘူးဆိုတာပါပဲ။ ဘယ်စားပွဲဝိုင်းကို ဘယ်ဝန်ထမ်းက တာဝန်ယူရမယ်ဆိုတဲ့ နေရာသတ်မှတ်ချက် (Zone/Table Allocation) ရှိဖို့ လိုအပ်သလို၊ တစ်ယောက်က မေးမြန်းပြီးသားဆိုရင် နောက်တစ်ယောက်က ထပ်မသွားဖို့ စနစ်တကျ လေ့ကျင့်ပေးထားသင့်ပါတယ်။

🔰 အကောင်းဆုံး ဝန်ဆောင်မှုဆိုတာ စားသုံးသူကို ဂရုစိုက်ပေးခြင်းနဲ့ သူတို့ရဲ့ လွတ်လပ်ခွင့်ကို လေးစားခြင်းကြားမှာ မျှတတဲ့ အကွာအဝေးတစ်ခု (Professional Distance) ထားရှိခြင်းပဲ ဖြစ်ပါတယ်။ ဝန်ဆောင်မှုဆိုတာ စားသုံးသူရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ဖြစ်ပြီး စားသုံးသူကို စကားပြန်ဖြေနေရတဲ့ ဒုက္ခမပေးမိဖို့က ပိုလို့တောင် အရေးကြီးပါသေးတယ်ဗျာ။

✨ Customer တစ်ယောက်ကို အကောင်းဆုံး ဧည့်ခံချင်တယ်ဆိုရင် သူတို့ရဲ့ Privacy (ကိုယ်ပိုင်လွတ်လပ်ခွင့်) ကို လေးစားပေးခြင်းကလည်း အရေးကြီးတဲ့ ဝန်ဆောင်မှုတစ်ခုပဲ ဖြစ်ပါတယ်! ✨

✨ Restaurant လုပ်ငန်းရှင်တွေနဲ့ ဝန်ဆောင်မှုပိုင်းမှာ လုပ်ကိုင်နေသူတွေ အားလုံးအတွက် အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်! ✨

🍝 စားသောက်ဆိုင်လုပ်ငန်းတစ်ခု အောင်မြင်ဖို့ဆိုတာ ကောင်းမွန်တဲ့ ထုတ်ကုန်ရှိရုံတင်မကဘဲ စနစ်ကျတဲ့ Operation နဲ့ မှန်ကန်တဲ့ စ...
05/01/2026

🍝 စားသောက်ဆိုင်လုပ်ငန်းတစ်ခု အောင်မြင်ဖို့ဆိုတာ ကောင်းမွန်တဲ့ ထုတ်ကုန်ရှိရုံတင်မကဘဲ စနစ်ကျတဲ့ Operation နဲ့ မှန်ကန်တဲ့ စီမံခန့်ခွဲမှုတွေ လိုအပ်ပါတယ်။

✨ အခုဆိုရင် ပြည်မြို့ရဲ့ ရိုးရာအရသာစစ်စစ်တွေကို အရည်အသွေးရှိရှိ ရောင်းချနေတဲ့ ပြည်လက်ရာ ကို ကျွန်တော်တို့ Sharing By Nyi မှ တာဝန်ယူဆောင်ရွက်ခွင့်ရရှိသည့်အတွက် ကျေးဇူးတင်ရှိပါတယ်။

🎉 ရှေ့ဆက်ပြီး "ပြည်လက်ရာ" ရဲ့ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုနဲ့ အစားအသောက်များကို လာရောက်မြည်းစမ်းဖို့ ဖိတ်ခေါ်ပါရစေ....

#ပြည်လက်ရာ

Welcome 2026✨နှစ်သစ်မှာ လူကြီးမင်းတို့ရဲ့ စီးပွားရေးပန်းတိုင်တွေကို အောင်မြင်စွာ လှမ်းကိုင်နိုင်ဖို့ ကျွန်တော်တို့ Shari...
01/01/2026

Welcome 2026✨

နှစ်သစ်မှာ လူကြီးမင်းတို့ရဲ့ စီးပွားရေးပန်းတိုင်တွေကို အောင်မြင်စွာ လှမ်းကိုင်နိုင်ဖို့ ကျွန်တော်တို့ Sharing By Nyi မှ အကောင်းဆုံး အကြံဉာဏ်သစ်တွေနဲ့အတူ အသင့်ရှိနေပါတယ်။

လူကြီးမင်းတို့ရဲ့ လုပ်ငန်းများ အဆမတန် တိုးတက်အောင်မြင်ပြီး အခွင့်အလမ်းသစ်များစွာ ပိုင်ဆိုင်နိုင်ပါစေကြောင်း၊ နှစ်သစ်မှာ အကြံသစ်၊ အိုင်ဒီယာသစ်များဖြင့် အောင်မြင်မှုအသစ်များ သိမ်းပိုက်နိုင်ကြပါစေလို့ Sharing By Nyi မှ နွေးထွေးစွာ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။"

ရောင်းတော့ရောင်းနေရတယ်... ဘာလို့ လကုန်ရင် အမြတ်မကျန်တာလဲဆရာ? 🥘💸ကျွန်တော်ဆီမှာ လုပ်ငန်းနှင့်ပတ်သက်ပြီး ဆွေးနွေးတဲ့အခါ စား...
26/12/2025

ရောင်းတော့ရောင်းနေရတယ်... ဘာလို့ လကုန်ရင် အမြတ်မကျန်တာလဲဆရာ? 🥘💸

ကျွန်တော်ဆီမှာ လုပ်ငန်းနှင့်ပတ်သက်ပြီး ဆွေးနွေးတဲ့အခါ စားသောက်ဆိုင်ရှင်တော်တော်များများ ညည်းတွားလေ့ရှိတဲ့ စကားတစ်ခွန်းရှိပါတယ်။ "တစ်နေကုန် လူမနားရဘူးဆရာ ဆိုင်မှာလည်း ဧည့်သည်တွေအပြည့်ပဲ၊ ဒါပေမဲ့ လကုန်လို့ စာရင်းချုပ်လိုက်ရင် အမြတ်က ဘယ်ရောက်သွားမှန်းမသိဘူး ဆရာရယ်" ဆိုတာပါပဲ။

ဒီလိုဖြစ်ရတဲ့ အဓိက အကြောင်းရင်း (၅) ချက်ဖြင့် အဖြေရှာကြည့်ရအောင်။ 👇

၁။ ကုန်ကြမ်းပစ္စည်း လေလွင့်မှု (Food Wastage) 🗑️
ဒါဟာ ကျွန်တော်အမြဲပြောနေတဲ့ အသံတိတ် လူသတ်သမားပါပဲ။ ဟင်းသီးဟင်းရွက်တွေ ပုပ်သိုးသွားတာ၊ အသားငါးတွေ စနစ်တကျ မသိမ်းဆည်းလို့ ပျက်စီးတာ ဒါမှမဟုတ် ဟင်းချက်တဲ့အခါ အချိုးအစား (Portion Control) မမှန်ဘဲ အပိုတွေ အများကြီးထည့်ပေးမိတာတွေက အမြတ်ကို တဖြည်းဖြည်း စားသွားစေပါတယ်။ အဓိက Centralize Kitchen မရှိခြင်းရဲ့ အကျိုးဆက်တွေပါ။ စားသောက်ဆိုင်လုပ်ငန်းအနေဖြင့် ကိုယ့်ရဲ့ဆိုင်အနေအထားပေါ်မူတည်ပြီး Centralize Kitchen လုပ်နိုင်ရင် အကောင်းဆုံးလို့ အကြံပေးပါရစေ။

၂။ Hidden Costs (မမြင်ရတဲ့ ကုန်ကျစရိတ်များ) 💡
ရောင်းရငွေထဲကနေ ကုန်ကြမ်းဖိုးပဲ နှုတ်ပြီး အမြတ်တွက်လို့မရပါဘူး။ အထွေထွေအသုံးစရိတ် (General Expense) တွေဖြစ်တဲ့ -

🔸သန့်ရှင်းရေးသုံး ပစ္စည်းများ

🔸တစ်ခါသုံးဗူး၊ ဇွန်း၊ တစ်ရှူး

🔸မီတာခ၊ ရေခ၊ ဂတ်စ်ခ

🔸ဝန်ထမ်းတွေရဲ့ ထမင်းကျွေးစရိတ် ဒါတွေကို သေချာမတွက်ချက်ထားရင် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေတတ်ပါတယ်။

၃။ Menu Pricing (ဈေးနှုန်းသတ်မှတ်ချက် မှားယွင်းခြင်း) 📈
ကုန်ကြမ်းဈေးတွေ တက်လာပေမယ့် ကိုယ့်ဆိုင်ရဲ့ ဟင်းပွဲဈေးကို ပြန်မညှိတာမျိုးပါ။ Food Cost ကို သေချာမတွက်ဘဲ "သူများရောင်းသလို လိုက်ရောင်းမယ်" ဆိုတဲ့စိတ်နဲ့ ဈေးသတ်မှတ်လိုက်ရင် ရောင်းရလေ အရှုံးပေါ်လေ ဖြစ်တတ်ပါတယ်။ Food Cost တွက်သည့်အခါ unit cost တစ်ခုချင်းစီကို အသေးစိတ်တွက်ဖို့ လိုအပ်ပါတယ်။ Food Cost များနေတဲ့ Menu တွေဟာ Hot Item 1 to 10 ထဲမှာပါနေမယ်ဆိုရင် ပိုရောင်းရလေ အမြတ်နည်းလေပါပဲ။ ပုံမှန်အားဖြင့် Food Cost ဟာ ရောင်းဈေးရဲ့ 40% ကနေ 45% ဝန်းကျင်မှာပဲ ရှိသင့်ပါတယ်။ လက်ရှိကုန်ဈေးနှုန်းအတက်အကျ အရမ်းမြန်လွန်းတဲ့အတွက် ကိုယ့်ရဲ့စားသုံးသူအနေအထားကိုချိန်ညှိပြီး Food Cost ကို Analysis အမြဲလုပ်ဖို့ လိုအပ်ပါတယ်။

၄။ ဝန်ထမ်းခိုးယူမှုနဲ့ စနစ်မရှိခြင်း (System Failure) ဝင်ငွေပေါက်ထွက်မှု 🐀
ဒီအချက်ကလဲ အရေးကြီးတဲ့ အချက်ထဲမှာပါ ပါတယ်။ Operations တစ်ခုလုံးရဲ့ SOP ကို စနစ်တကျ သေချာမဆွဲထားရင် အဆင်မပြေမှုတွေ ဖြစ်နေမှာပါပဲ။ Cashier စနစ် သေချာမရှိတာ၊ ချက်ခိုင်းတဲ့အတိုင်း မချက်ဘဲ ကြားထဲက ပစ္စည်းပျောက်တာ၊ Bill မရိုက်ဘဲ ပိုက်ဆံယူတာမျိုးတွေ ရှိနိုင်ပါတယ်။ Receipt (ပြေစာ) စနစ်ကို တိတိကျကျ မကျင့်သုံးရင် ငွေစာရင်းက ဘယ်တော့မှ ကိုက်မှာမဟုတ်ပါဘူး။

၅။ Marketing အလွန်အကျွံသုံးခြင်းနဲ့ Discount များခြင်း 🏷️
တချို့စားသောက်ဆိုင်တွေကိုကြည့်မယ်ဆိုရင် Marketing Budget အလွန်သုံးစွဲထားတာတွေ့ရပါတယ်။ စားသောက်ဆိုင်လုပ်ငန်းမှာ Budget အနည်းဆုံးဖြစ်တဲ့ Marketing Strategy တွေများစွာရှိတဲ့အတွက် အသုံးချနိုင်ရင် Budget ကိုလျော့ချနိုင်ပါတယ်။ Promotion တွေ အလွန်အကျွံပေးတာ၊ Delivery Platform တွေရဲ့ Commission ခပေးလိုက်ရတာတွေကြောင့် အသားတင်အမြတ် (Net Profit) က အရမ်းနည်းသွားတတ်ပါတယ်။

ဆိုင်ရှင်အနေနဲ့ "ရောင်းရငွေ" ကိုပဲ ကြည့်မနေဘဲ "ကုန်ကျစရိတ်" တစ်ခုချင်းစီကို စာရင်းသေချာမှတ်ပါ။ နေ့စဉ် Stock လက်ကျန်နဲ့ ငွေစာရင်းကို တိုက်ဆိုင်စစ်ဆေးတဲ့ အလေ့အကျင့်လုပ်ဖို့ လိုအပ်ပါတယ်။

လုပ်ငန်းရှင်များအချင်းချင်း ဒီအချက်တွေထဲက ဘယ်အချက်က အခက်ခဲဆုံးလဲဆိုတာ comment မှာ ဆွေးနွေးသွားကြပါဦးခင်ဗျာ။ 👇

🙏 ဂုဏ်ယူစွာဖြင့် ကျေးဇူးတင်ကြောင်း အသိပေးအပ်ပါသည်။မန္တလေးမြို့ရဲ့ နာမည်ကျော် Sushi ဆိုင်ဖြစ်တဲ့ Barani Sushi ရဲ့ Operati...
05/12/2025

🙏 ဂုဏ်ယူစွာဖြင့် ကျေးဇူးတင်ကြောင်း အသိပေးအပ်ပါသည်။

မန္တလေးမြို့ရဲ့ နာမည်ကျော် Sushi ဆိုင်ဖြစ်တဲ့ Barani Sushi ရဲ့ Operation Set up အားလုံးကို တာဝန်ယူဆောင်ရွက်ခွင့်ရရှိခဲ့တဲ့အတွက် Sharing By Nyi အနေနဲ့ အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

Barani Sushi ဆိုင်ခွဲ (၂)ဆိုင်ကို စတင်တည်ထောင်သူတွေနဲ့အတူ အနီးကပ်လက်တွဲပြီး စံချိန်စံညွှန်းမီတဲ့ စားသောက်ဆိုင်လုပ်ငန်းစနစ်တစ်ခု ဖန်တီးပေးခွင့်ရလို့လည်း ဝမ်းသာပီတိဖြစ်ရပါတယ်။

မကြာခင်မှာ အရသာရှိပြီး စနစ်ကျတဲ့ ဝန်ဆောင်မှုတွေနဲ့ Barani Sushi ကို မြည်းစမ်းကြည့်ကြပါဦးလို့ ဖိတ်ခေါ်ရင်း... 🍣✨

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Sharing By Nyi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share