BTrust Company Registration Services

Call Contact the business

BTrust Company Registration Services လူကြီးမင်းတို့၏ လုပ်ငန်းများပိုမိုမြန်ဆန်စေရန် ကျွန်ုပ်တို့နှင့် ချိတ်ဆက်ပါ။

အစိုးရရုံးဝန်ထမ်းများ ဗုဒ္ဓဟူးနေ့ work from home သတ်မှတ်ချက်ရုတ်သိမ်းပြီး ပုံမှန်ရုံးတက်ရန်ကြောညာချက်
11/10/2026

အစိုးရရုံးဝန်ထမ်းများ ဗုဒ္ဓဟူးနေ့ work from home သတ်မှတ်ချက်ရုတ်သိမ်းပြီး ပုံမှန်ရုံးတက်ရန်ကြောညာချက်

ကုမ္ပဏီ၏ DICA Account ID & Password ကုမ္ပဏီမှတ်ပုံတင်ခြင်းနှင့်ဆက်စပ်သည့်ကိစ္စရပ်များအားလုံးသည် Online System ဖြစ်၍ မိမိ...
01/10/2026

ကုမ္ပဏီ၏ DICA Account ID & Password

ကုမ္ပဏီမှတ်ပုံတင်ခြင်းနှင့်ဆက်စပ်သည့်ကိစ္စရပ်များအားလုံးသည်
Online System ဖြစ်၍ မိမိကုမ္ပဏီ၏ MyCO Website ထဲဝင်ရောက်ရန်
ID & Password မမှတ်မိပါက အကောင့်အသစ်ဖွင့်ပြီး Authority ပြန်လည်
တောင်းခံရမှာဖြစ်ပါတယ်။ ကြာချိန်က ၁ပတ်ဝန်းကျင်ပါ။

အကောင့်ပြန်လည်လျှောက်ထားရန်လိုအပ်ချက်များ-
၁) Company Letterhead ပါလျှောက်လွှာ
၂) ဒါရိုက်တာတစ်ဦး၏ မှတ်ပုံတင်မိတ္တူ
၃) Email & Ph No.

အကြောင်းအမျိုးမျိုးကြောင့် လူကြီးမင်းတို့ကိုယ်တိုင်ဆောင်ရွက်ရန် အချိန်မရ၍
Service လိုအပ်ပါက ဈေးနှုန်းသက်သာစွာဖြင့်ဆောင်ရွက်ပေးပါသည်။



‌Phone Contact & Viber 09 988589128

နယ်စပ်ကုန်သွယ်ရေးနည်းလမ်း (Border Trade Method) ဖြင့် (ရန်ကုန်-ကော့သောင်း-ရနောင်း) နှင့် (ရနောင်း-ကော့သောင်း-ရန်ကုန်) သိ...
17/09/2026

နယ်စပ်ကုန်သွယ်ရေးနည်းလမ်း (Border Trade Method) ဖြင့် (ရန်ကုန်-ကော့သောင်း-ရနောင်း) နှင့် (ရနောင်း-ကော့သောင်း-ရန်ကုန်) သို့ ကမ်းရိုးတန်းဆိပ်ကမ်းမှ ကွန်တိန်နာစနစ်ဖြင့် ဆောင်ရွက်ရမည့်စံပြုလုပ်ငန်းစဉ်

ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့်သတင်းလွှာ (၅/၂၀၂၅)
၂-၉-၂၀၂၆

Struck-off Company ပြန်လည်မှတ်ပုံတင်ရန်Annual Return (နှစ်စဉ်အစီရင်ခံစာ) တင်ပြရန် ပျက်ကွက်ခဲ့၍ Suspended ဖော်ပြခံရ   ပြီ...
15/09/2026

Struck-off Company ပြန်လည်မှတ်ပုံတင်ရန်

Annual Return (နှစ်စဉ်အစီရင်ခံစာ) တင်ပြရန် ပျက်ကွက်ခဲ့၍ Suspended ဖော်ပြခံရ ပြီးနောက် ၆ လ ကျော်သည်အထိ တင်ပြလာခြင်းမရှိသည့် Struck-Off အခြေအနေသို့ ရောက်ရှိနေသော ကုမ္ပဏီအနေဖြင့် Registered အဆင့်သို့ ပြန်လည်ရောက်ရှိရန် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ-

♦️ ကုမ္ပဏီ MyCO DICA ထဲမှ Z-2 - Registrar Gazette Notice Form ထုတ်ယူရပါမည်။

♦️ Z-2 Form ရရှိပါက ကုမ္ပဏီလိပ်စာတည်ရှိသောသက်ဆိုင်ရာခရိုင်တရားရုံးတွင် တရားမအထွေထွေမှုဖြင့် ကုမ္ပဏီမှတ်ပုံတင်စာရင်းတွင် ပြန်လည်ဖော်ပြပေးရန် လျှောက်ထားရပါမည်။

♦️ တရားရုံးအမိန့်စာရရှိလျှင် မိမိကုမ္ပဏီ၏ MyCO DICA တွင် I-5 Form ဖြင့် တရားရုံးအမိန့်စာအား ပူးတွဲတင်ပြရပါမည်။

♦️ MyCO DICA မှ Approved ရရှိပါက Registered အခြေအနေသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။

အကြောင်းအမျိုးမျိုးကြောင့် လူကြီးမင်းတို့၏ ကုမ္ပဏီများ Annual Return တင်ပြရန်နောက်ကျ၍ Suspended, Struck-Off ဖြစ်နေသော ကုမ္ပဏီ ပြန်လည်မှတ်ပုံတင်လိုပါက Registered အခြေအနေရောက်သည်အထိ ဈေးနှုန်းချိုသာစွာဖြင့် ဆောင်ရွက်ပေးပါသည်။



ဆက်သွယ်ရန်/Viber - 09 988589128

BTRUST CRS (Since 2018)

အခွန်ကင်းရှင်းကြောင်းထောက်ခံချက်လျှောက်ထားရာတွင် သိရှိရန်လိုအပ်သည်များနှင့် ပူးတွဲတင်ပြရမည့်စာရွက်စာတမ်းများ
03/09/2026

အခွန်ကင်းရှင်းကြောင်းထောက်ခံချက်လျှောက်ထားရာတွင် သိရှိရန်လိုအပ်သည်များနှင့် ပူးတွဲတင်ပြရမည့်စာရွက်စာတမ်းများ

Annual Return (နှစ်စဉ်အစီရင်ခံစာ)♦️MyCO မှာ Annual Return ကို ကုမ္ပဏီတည်ထောင်ပြီး ၂ လ အတွင်း ၁ ကြိမ် နဲ့♦️နှစ်စဉ်အနည်းဆု...
01/09/2026

Annual Return (နှစ်စဉ်အစီရင်ခံစာ)

♦️MyCO မှာ Annual Return ကို ကုမ္ပဏီတည်ထောင်ပြီး ၂ လ အတွင်း ၁ ကြိမ် နဲ့

♦️နှစ်စဉ်အနည်းဆုံး ၁ ကြိမ် (နှစ်ပတ်လည်ကာလကုန်ဆုံးပြီးနောက် ၁ လထက် နောက်မကျဘဲ တင်ပြရမည်။)

⚠️ အသစ်တည်ထောင်ထားတဲ့ ကုမ္ပဏီများဟာ ကုမ္ပဏီတည်ထောင်ပြီး ၂ လအတွင်း တင်ပြရမှာဖြစ်ပြီး မတင်ပြပါက နောက်ကျကြေး Ks 100,000 ပေးဆောင်ရမှာဖြစ်ပါတယ်။

⚠️ နောက်ဆုံးထားတင်ပြရမည့်နေ့မှစ၍၂၈ ရက်အတွင်း မတင်ပြပါက Company Status တွင် ဆိုင်းငံ့စာရင်း (Suspended) အဖြစ် ပြောင်းလဲမှာ ဖြစ်ပါတယ်။

Suspended ဖြစ်သွားပြီဆိုရင်တော့
Annual Return Fee : Ks 50,000
Late Fee : Ks 100,000
Restoration Fee : Ks 100,000
စုစုပေါင်း Ks 250,000 ကုန်ကျမှာဖြစ်ပြီး နှစ်အနည်းငယ်ကြာတဲ့အခါ Struck-Off ပယ်ဖျက်ခံရမှာဖြစ်ပါတယ်။ Struck-off အဆင့်ရောက်သွားရင်တော့ တရားရုံးခွင့်ပြုမိန့်ရမှ ပြန်လည်မှတ်ပုံတင်နိုင်မှာဖြစ်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် လူကြီးမင်းတို့ကိုယ်တိုင်ဆောင်ရွက်ရန် အချိန်မရ၍
Service လိုအပ်ပါက 09 988 589 128 သို့အချိန်မရွေးဆက်သွယ်စုံစမ်းနိုင်ပါတယ်။

BTrust သည် ၂၀၁၈ ခုနှစ်မှစ၍ လူကြီးမင်းတို့အတွက် ကုမ္ပဏီမှတ်ပုံတင်ပေးခြင်း၊ မှတ်ပုံတင်ထားပြီးသော ကုမ္ပဏီ၏ အချက်အလက်များပြေ...
31/08/2026

BTrust သည် ၂၀၁၈ ခုနှစ်မှစ၍ လူကြီးမင်းတို့အတွက် ကုမ္ပဏီမှတ်ပုံတင်ပေးခြင်း၊ မှတ်ပုံတင်ထားပြီးသော ကုမ္ပဏီ၏ အချက်အလက်များပြောင်းလဲပြင်ဆင်ခြင်းများကို တာဝန်ခံမှု၊ တာဝန်ယူမှုအပြည့်အဝဖြင့် ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုလုပ်ငန်းဖြစ်ပါသည်။

၀န်ဆောင်မှုများ-

🔹 ကုမ္ပဏီမှတ်ပုံတင်ခြင်း
🔹 DICA တွင် အသင်း အဖွဲ့အစည်းမှတ်ပုံတင်ခြင်း
🔹 Struck-Off နှင့် Not Yet Re-Register ကုမ္ပဏီများအတွက် ပြန်လည်မှတ်ပုံတင်ပေးခြင်း
🔹 နှစ်စဉ်အစီရင်ခံစာ (Annual Return)တင်ခြင်း
🔹 Suspended ပယ်ဖျက်ခြင်း
🔹 ကုမ္ပဏီအမည်ပြောင်းလဲခြင်း
🔹 ကုမ္ပဏီ အမျိုးအစား ပြောင်းလဲခြင်း
🔹 အစုရှယ်ယာမတည်ငွေရင်း ပြောင်းလဲခြင်း
🔹 ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းပြောင်းလဲခြင်း/ ရေးဆွဲပေးခြင်း
🔹 ကုမ္ပဏီရုံးခန်းလိပ်စာပြောင်းလဲခြင်း
🔹 ဒါရိုက်တာပြောင်းလဲခြင်း
🔹 အစုရှယ်ယာရှင်ပြောင်းလဲခြင်း
🔹 Company Extract ထုတ်ပေးခြင်း
🔹 UMFCCI အသင်းဝင် လျှောက်ပေးခြင်း
🔹 ပို့ကုန်/ သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် (ပသက) လျှောက်ပေးခြင်း
🔹 Importer/ Exporter Code (IE Code) လျှောက်ပေးခြင်း
🔹 ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ပေးခြင်း (Logo/Trademark Registration)
🔹 Travel & Tour Inbound လိုင်စင်လျှောက်ပေးခြင်း
🔹 ဘဏ်အကောင့်ဖွင့်ရန်စာရွက်စာတမ်းပြင်ပေးခြင်း
🔹 Online Sales မှတ်ပုံတင်ပေးခြင်း
🔹 အခွန်ထမ်းမှတ်ပုံတင်ပေးခြင်း
🔹 Form 2 ခေါ် ပတခ(ကသခ)-၀၁-၀၂ လျှောက်ပေးခြင်း

အကျိုးကျေးဇူးများ-

✅ ကုမ္ပဏီ၏ Data များအတွက် လုံခြုံစိတ်ချယုံကြည်နိုင်ခြင်း
✅ လူကိုယ်တိုင်လာရောက်စရာမလိုဘဲ လိုအပ်သောအချက်အလက်များကို Viber, Chat Box, Email ဖြင့်ပေးပို့နိုင်ခြင်း၊ Mobile Banking ဖြင့်ငွေပေးချေနိုင်ခြင်း
✅ အချိန်ကုန်သက်သာသွားသဖြင့် အခြားအရေးကြီးသော လုပ်ငန်းများကို ပိုမိုအားစိုက်နိုင်ခြင်း
✅ ချိုသာသောနှုန်းထားဖြင့် ဆောင်ရွက်ပေးခြင်း
✅ Annual Return တင်ရမည့်အချိန်ရောက်လျှင် အကြောင်းကြားပေးခြင်း
✅ ကုမ္ပဏီအသစ်မှတ်ပုံတင်ပြီးပါက ကုမ္ပဏီ၏အချက်အလက်အားလုံးပေးအပ်ခြင်း

ဝန်ဆောင်မှုလိုအပ်လျှင်ဖြစ်စေ၊ မေးမြန်းလိုသည်များရှိသည်ဖြစ်စေ ဖုန်းနံပါတ် 09 988589128 သို့မဟုတ် Facebook Chat Box မှ ဆက်သွယ်နိုင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

ကုမ္ပဏီထောင်ပြီး ၂လ အတွင်း Annual Return တင်ပြရာ ကုမ္ပဏီအမည်ဖြင့် ဖွင့်လှစ်ထားသည့် မတည်ငွေထည့်သွင်းထားသော Bank Statement...
25/08/2026

ကုမ္ပဏီထောင်ပြီး ၂လ အတွင်း Annual Return တင်ပြရာ ကုမ္ပဏီအမည်ဖြင့် ဖွင့်လှစ်ထားသည့် မတည်ငွေထည့်သွင်းထားသော Bank Statement လိုအပ်ပါသည်။

Company Bank Account ဖွင့်ရန် လိုအပ်ချက်များ-

(၁) Company Letterhead ဖြင့် ဘဏ်ခွဲတာဝန်ခံထံသို့လိပ်မူ၍ စာရင်းဖွင့်လှစ်လိုကြောင်း တင်ပြလျှောက်ထားလွှာ
(၂) ကုမ္ပဏီ မှတ်ပုံတင်လက်မှတ်
(၃) Company ၏ လိပ်စာဖော်ပြပါရှိသော အထောက်အထားစာရွက်မိတ္တူ
(၄) Company ၏ ဒါရိုက်တာများ အမည်စာရင်းပါဝင်သော အထောက်အထားစာရွက်မိတ္တူ
(၅) Company ၏ အစုရှယ်ယာပိုင်ဆိုင်မှုများ ဖော်ပြပါရှိသော အထောက်အထားစာရွက်မိတ္တူ
(၆) ဒါရိုက်တာအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်
ပါဝင်ရမည့်အချက်များမှာ-
🔹 အစည်းအဝေးတက်ရောက်သော ဒါရိုက်တာစာရင်းနှင့်လက်မှတ်
🔹 စာရင်းဖွင့်မည့် ဘဏ်အမည်
🔹 ငွေသွင်းငွေထုတ် အာဏာအပ်နှင်းခြင်း
🔹 စည်းတံဆိပ်အသုံးပြု/မပြု
🔹 NRC's Copy

ဘဏ်အကောင့်ဖွင့်လှစ်ရန်အတွက် စာရွက်စာတမ်းပြင်ဆင်ရန် Service လိုအပ်ပါက
09 988 589 128 သို့အချိန်မရွေးဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Viber & Phone Contact 09 988 589 128

Struck-Off မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရသည့် ကုမ္ပဏီများ အမိန့်ကြော်ငြာစာအမှတ်၊ ၈၃/၂၀၂၆ အရ MyCO တွင် Annual Return (နှစ်...
18/08/2026

Struck-Off မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရသည့် ကုမ္ပဏီများ

အမိန့်ကြော်ငြာစာအမှတ်၊ ၈၃/၂၀၂၆ အရ MyCO တွင် Annual Return (နှစ်စဉ်အစီရင်ခံစာ) တင်ပြရန် ပျက်ကွက်ခဲ့၍ မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရတဲ့ Struck-Off ကုမ္ပဏီ ၂၀၀ ခု စာရင်း။

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရ နှစ်စဉ်အစီရင်ခံစာကို ကုမ္ပဏီထောင်ပြီး ၂ လအတွင်း ၁ကြိမ် နဲ့ နှစ်စဉ်အနည်းဆုံး ၁ ကြိမ် တင်ပြရမှာ ဖြစ်ပါတယ်။

မိမိကုမ္ပဏီ၏ Annual Return Due Date သို့မဟုတ် Struck-off/ Suspended အခြေအနေရောက်နေလား စစ်ဆေးလိုပါက www.myco.dica.gov.mm မှာ မိမိကုမ္ပဏီအမည်ရိုက်ရှာပြီး စစ်ဆေးနိုင်ပါတယ်။

လူကြီးမင်းတို့၏ Struck-Off/ Not Yet Re-Registered ကုမ္ပဏီအား ပြန်လည်မှတ်ပုံတင်လိုပါက ကုမ္ပဏီဥပဒေပါပြဌာန်းချက်များနှင့်အညီ ဈေးနှုန်းချိုသာစွာဖြင့် အပြီးစီးဆောင်ရွက်ပေးပါသည်။

ဆက်သွယ်ရန် - 09 988 589 128
BTrust since 2018

ဒါရိုက်တာခန့်အပ်ခြင်း၊ နှုတ်ထွက်ခြင်းကုမ္ပဏီတစ်ခုတွင် ဒါရိုက်တာအသစ်ခန့်အပ်ခြင်း သို့မဟုတ် ဒါရိုက်တာနှုတ်ထွက်ခြင်းနှင့် ဒ...
12/08/2026

ဒါရိုက်တာခန့်အပ်ခြင်း၊ နှုတ်ထွက်ခြင်း

ကုမ္ပဏီတစ်ခုတွင် ဒါရိုက်တာအသစ်ခန့်အပ်ခြင်း သို့မဟုတ် ဒါရိုက်တာနှုတ်ထွက်ခြင်းနှင့် ဒါရိုက်တာအချက်အလက် ပြောင်းလဲခြင်းများရှိပါက သတ်မှတ်ဖော်ပြထားသည့် Form ပုံစံ (Particulars of Directors and Secretary) Form D-1 ဖြင့် DICA(MyCO) သို့ တင်ပြရမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ ၂၀၁၇ အရ ကုမ္ပဏီတွင် သိမ်းဆည်းထားရမည့် အစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်းများနှင့် ဒါရိုက်တာကိုယ်တိုင်လက်မှတ်ရေးထိုးထားသည့် အထောက်အထားစာရွက်များအား [email protected] (သို့မဟုတ်) [email protected] သို့ Email ပေးပို့တင်ပြရမည်ဖြစ်ပါသည်။

ဒါရိုက်တာခန့်အပ်/နှုတ်ထွက်ခြင်းနှင့်ကိုယ်ရေးအချက်အလက်ပြောင်းလဲခြင်းများကို Service လိုအပ်ပါက စာရွက်စာတမ်းပြင်ဆင်ခြင်းနှင့် MyCO တွင် တင်ပြခြင်းအား ကုမ္ပဏီဥပဒေသတ်မှတ်ချက်များနှင့်အညီ တိကျမှန်ကန်စွာဖြင့် အပြီးစီးဆောင်ရွက်ပေးပါသည်။

Viber နှင့် ဖုန်းနံပါတ် 09 988 589128

Address

Yangon
11041

Telephone

+959988589128

Website

Alerts

Be the first to know and let us send you an email when BTrust Company Registration Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BTrust Company Registration Services:

Shortcuts

Share