BTrust Company Registration Services

BTrust Company Registration Services လူကြီးမင်းတို့၏ လုပ်ငန်းများပိုမိုမြန်ဆန်စေရန် ကျွန်ုပ်တို့နှင့် ချိတ်ဆက်ပါ။

ဒါရိုက်တာခန့်အပ်ခြင်း၊ နှုတ်ထွက်ခြင်းကုမ္ပဏီတစ်ခုတွင် ဒါရိုက်တာအသစ်ခန့်အပ်ခြင်း သို့မဟုတ် ဒါရိုက်တာနှုတ်ထွက်ခြင်းနှင့် ဒ...
12/08/2026

ဒါရိုက်တာခန့်အပ်ခြင်း၊ နှုတ်ထွက်ခြင်း

ကုမ္ပဏီတစ်ခုတွင် ဒါရိုက်တာအသစ်ခန့်အပ်ခြင်း သို့မဟုတ် ဒါရိုက်တာနှုတ်ထွက်ခြင်းနှင့် ဒါရိုက်တာအချက်အလက် ပြောင်းလဲခြင်းများရှိပါက သတ်မှတ်ဖော်ပြထားသည့် Form ပုံစံ (Particulars of Directors and Secretary) Form D-1 ဖြင့် DICA(MyCO) သို့ တင်ပြရမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ ၂၀၁၇ အရ ကုမ္ပဏီတွင် သိမ်းဆည်းထားရမည့် အစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်းများနှင့် ဒါရိုက်တာကိုယ်တိုင်လက်မှတ်ရေးထိုးထားသည့် အထောက်အထားစာရွက်များအား [email protected] (သို့မဟုတ်) [email protected] သို့ Email ပေးပို့တင်ပြရမည်ဖြစ်ပါသည်။

ဒါရိုက်တာခန့်အပ်/နှုတ်ထွက်ခြင်းနှင့်ကိုယ်ရေးအချက်အလက်ပြောင်းလဲခြင်းများကို Service လိုအပ်ပါက စာရွက်စာတမ်းပြင်ဆင်ခြင်းနှင့် MyCO တွင် တင်ပြခြင်းအား ကုမ္ပဏီဥပဒေသတ်မှတ်ချက်များနှင့်အညီ တိကျမှန်ကန်စွာဖြင့် အပြီးစီးဆောင်ရွက်ပေးပါသည်။

Viber နှင့် ဖုန်းနံပါတ် 09 988 589128

Struck-Off (ကုမ္ပဏီမှတ်ပုံတင်စာရင်းမှပယ်ဖျက်ခံရခြင်း)မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ မှတ်ပုံတင်ထားသည့် ကုမ္ပဏီများသည် ကုမ...
07/08/2026

Struck-Off (ကုမ္ပဏီမှတ်ပုံတင်စာရင်းမှပယ်ဖျက်ခံရခြင်း)

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ မှတ်ပုံတင်ထားသည့် ကုမ္ပဏီများသည် ကုမ္ပဏီမှတ်ပုံတင်ရရှိသည့်နေ့မှစ၍ တစ်နှစ်လျှင်တစ်ကြိမ် Annual Return တင်ပြရပါမည်။

နောက်ဆုံးထားတင်ပြရမည့်နေ့မှစ၍ ၂၈ ရက်အတွင်းမတင်ပြပါက Suspended ဆိုင်းငံ့ခံရမည်ဖြစ်ပါသည်။

Suspended အခြေအနေမှ ၁နှစ်ခန့် ကြာလာသောအခါကုမ္ပဏီမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရမည်ဖြစ်ပြီး Struck-Off အခြေအနေသို့ရောက်ရှိသွားမည်ဖြစ်ပါသည်။ (ဥပဒေတွင် ၆လ ကျော်ပါက ပယ်ဖျက်မည်ဟုဖော်ပြထားသည်)

Suspended အခြေအနေတွင် ဒဏ်ကြေး ပေးသွင်းပြီး အလွယ်တကူပြန်လည်မှတ်ပုံတင်နိုင်သော်လည်း Struck-Off အဆင့်သို့ရောက်သွားပါက သက်ဆိုင်ရာမြို့နယ်တရားရုံးတွင် အမှုဖွင့်လျှောက်ထားပြီး တရားရုံးမှခွင့်ပြုမိန့်ရမှသာ ပြန်လည်မှတ်ပုံတင်နိုင်မည်ဖြစ်ပါသည်။

၎င်းကုမ္ပဏီတွင်ပါဝင်နေသော ဒါရိုက်တာများအနေဖြင့်လည်း ကုမ္ပဏီကိစ္စများတွင်ဆောင်ရွက်ခွင့်မရှိတော့ပါ။

အကြောင်းအမျိုးမျိုးကြောင့် လူကြီးမင်းတို့၏ ကုမ္ပဏီများ Annual Return, Suspended, Struck-Off, Not Yet Re-Registered အခြေအနေဖြစ်နေ၍ ပြန်လည်မှတ်ပုံတင်လိုပါက ဈေးနှုန်းမှန်ကန်သက်သာစွာဖြင့် ဆောင်ရွက်ပေးပါသည်။

ဆက်သွယ်ရန်/Viber - 09 988589128

BTRUST CRS (Since 2018)

ကုမ္ပဏီအား Online စနစ် MyCO တွင် ပြန်လည်မှတ်ပုံမတင်‌ရသေးသောအခြေအနေNot Yet Re-Registered Company ၁-၈-၂၀၁၈ ရက်နေ့ မတိုင်မီ...
04/08/2026

ကုမ္ပဏီအား Online စနစ် MyCO တွင် ပြန်လည်မှတ်ပုံမတင်‌ရသေးသောအခြေအနေ

Not Yet Re-Registered Company

၁-၈-၂၀၁၈ ရက်နေ့ မတိုင်မီကမှတ်ပုံတင်ထားခဲ့ကြသော ကုမ္ပဏီများ နှင့်အဖွဲ့အစည်းများ အနေဖြင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ နှင့်အညီ ကျင့်သုံး ဆောင်ရွက်သည့် အီလက်ထရောနစ် မှတ်ပုံတင်စနစ် MyCO တွင် ၁-၈-၂၀၁၈ မှ ၃၁-၁-၂၀၁၉ အထိ ၆ လတာကာလအတွင်း Online စနစ်ဖြင့် ပြန်လည်မှတ်ပုံတင်ရန် ကြေညာခဲ့ပါသည်။

ယင်းကာလအတွင်း ပြန်လည်မှတ်ပုံမတင်ရသေးသော Not Yet Re-registered ကုမ္ပဏီအား Registered ပြန်လုပ်လိုပါက တရားရုံးခွင့်ပြုမိန့် ရယူပြီး MyCO တွင် ပြန်လည်မှတ်ပုံတင်နိုင်မည်ဖြစ်ပါသည်။

တရားရုံးခွင့်ပြုမိန့်လျှောက်ရန် လိုအပ်သည့်စာရွက်စာတမ်းများ-

(၁) ကုမ္ပဏီမှတ်ပုံတင်ကတ်
(၂) Form 6/26
(၃) သင်းဖွဲ့မှတ်တမ်း/ သင်းဖွဲ့စည်းမျဉ်း
Memorandum of Association/ Article of Association

Not Yet Re-Registered Company , Struck-off Company များ ပြန်လည်မှတ်ပုံတင်ရန် Service အပ်လိုပါက ကုမ္ပဏီဥပဒေနှင့်အညီ တိကျမှန်ကန် ဈေးနှုန်းချိုသာစွာဖြင့် ဆောင်ရွက်ပေးပါသည်။

ဆက်သွယ်ရန်/Viber - 09 988 589128

ငလျင်ဒဏ်ကြောင့် မန္တလေးမြို့ရှိ Sky Villa Condo ပြိုကျမှုနှင့် ဆက်စပ်၍ ဆောက်လုပ်ရေးကုမ္ပဏီ ၃ ခုကို Black lists စာရင်းသွင...
03/08/2026

ငလျင်ဒဏ်ကြောင့် မန္တလေးမြို့ရှိ Sky Villa Condo ပြိုကျမှုနှင့် ဆက်စပ်၍ ဆောက်လုပ်ရေးကုမ္ပဏီ ၃ ခုကို Black lists စာရင်းသွင်းကြောင်း DICA မှကြေညာချက်

ပို့ကုန် / သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်Export/Import Registration Cardပသက၊ ထသကလိုင်စင်ဟုလည်း ခေါ်ကြပါတယ်။ ကုမ္...
31/07/2026

ပို့ကုန် / သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်
Export/Import Registration Card

ပသက၊ ထသကလိုင်စင်ဟုလည်း ခေါ်ကြပါတယ်။ ကုမ္ပဏီရှိထားပြီး နိုင်ငံခြားမှ ပစ္စည်းများ တင်သွင်း တင်ပို့ရောင်းချလိုသူများသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာနတွင် ပသက လိုင်စင်လျှောက်ထားရယူရမည်ဖြစ်ပြီး သက်တမ်းမှာ ၅ နှစ်ဖြစ်ပါတယ်။

ပသက ရရှိပြီးနောက် သွင်းကုန်ဆိုလျှင် သွင်းမည့်ပစ္စည်းအလျောက် သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုအပ်ပါက သွင်းကုန်လိုင်စင်ထပ်လျှောက်ရပါတယ်။

ပသက လျှောက်ရန်လိုအပ်ချက်များ-

၁) ပသကလျှောက်ထားခြင်း အပေါ်စာ

၂) ဒါရိုက်တာအဖွဲ့၏ ကိုယ်ရေးအချက်အလက်ဇယား

၃) ကုမ္ပဏီမှတ်ပုံတင်လက်မှတ်

၄) Company Extract

၅) လာမည့် ၅နှစ်ကာလအတွက် ပို့ကုန်သွင်းကုန်လုပ်ငန်းဆောင်ရွက်မည့် အစီအမံ

လူကြီးမင်းတို့ ကုမ္ပဏီအနေဖြင့် အကြောင်းအမျိုးမျိုး‌ကြောင့် ပသက လျှောက်ထားရန် အချိန်မပေးနိုင်၍ Service လိုအပ်ပါက 09 988589128 သို့အချိန်မရွေးဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Viber/ Contact No. 09 988 589 128

ကုမ္ပဏီ၏ အစုရှယ်ယာရှင်တစ်ဦးဖြစ်လာရန် ဘာတွေလုပ်ရမလဲ။လူပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် တရားဝင်အဖွဲ့အစည်းတစ်ရပ်သည် အောက်ဖော်ပြပါ န...
27/07/2026

ကုမ္ပဏီ၏ အစုရှယ်ယာရှင်တစ်ဦးဖြစ်လာရန် ဘာတွေလုပ်ရမလဲ။

လူပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် တရားဝင်အဖွဲ့အစည်းတစ်ရပ်သည် အောက်ဖော်ပြပါ နည်းလမ်းနှစ်ရပ်ဖြင့် ကုမ္ပဏီ၏ အစုရှယ်ယာရှင်တစ်ဦးဖြစ်နိုင်ပါသည်-

(၁) ကုမ္ပဏီမှတ်ပုံတင်သည့်အချိန်တွင် ကုမ္ပဏီရှယ်ယာတွင်ပါဝင်သူတစ်ဦးအနေဖြင့် မှတ်ပုံတင်ရန် လျှောက်ထားလွှာပုံစံတွင် လူပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် တရားဝင်အဖွဲ့အစည်းတစ်ရပ်၏ အချက်အလက်များကို စာရင်းတင်သွင်းရမည်ဖြစ်သည်။

(၂) မှတ်ပုံတင်ထားပြီးသော ကုမ္ပဏီတွင် ရှယ်ယာရှင်တစ်ဦးဖြစ်လာရန် ကုမ္ပဏီ၏ အစုရှယ်ယာများကို ဝယ်ယူခြင်းအားဖြင့် သဘောတူညီဆောင်ရွက်နိုင်ပါသည်။
ကုမ္ပဏီမှ ၎င်းအစုရှယ်ယာရှင်ဖြစ်လာသော လူပုဂ္ဂိုလ်များနှင့်တရားဝင်အဖွဲ့အစည်းများ၏ အချက်အလက်များကို DICA တွင်ထုတ်ဖော်တင်ပြရပါမည်။

၎င်းအချက်အလက်ပြောင်းလဲမှုတစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့လျှင်လည်း DICA သို့ အကြောင်းကြားတင်ပြရပါမည်။

ကုမ္ပဏီကိစ္စများနှင့်စပ်လျဉ်း၍ Service လိုအပ်ပါက Viber နှင့် ဖုန်းနံပါတ်
09 988 589 128 သို့အချိန်မရွေးဆက်သွယ်စုံစမ်းနိုင်ပါတယ်။



09 988589128

Annual Return တင်ပြမထားသော ကုမ္ပဏီမှ ဒါရိုက်တာများ ကုမ္ပဏီအသစ်တွင် ပါဝင်မှတ်ပုံတင်ခွင့် မရပါ။Annual Return တင်ရမည့်ရက်ကျ...
24/07/2026

Annual Return တင်ပြမထားသော ကုမ္ပဏီမှ ဒါရိုက်တာများ ကုမ္ပဏီအသစ်တွင် ပါဝင်မှတ်ပုံတင်ခွင့် မရပါ။

Annual Return တင်ရမည့်ရက်ကျော်လွန်၍ Suspended ဆိုင်းငံ့ခံထားရသော ကုမ္ပဏီများ၊ Struck-off ပယ်ဖျက်စာရင်းတွင် ပါဝင်သော ကုမ္ပဏီ၏ ဒါရိုက်တာများသည် ၎င်းကုမ္ပဏီများအား Registered အခြေအနေဖြစ်အောင် ပြန်လည်ဆောင်ရွက်ထားခြင်းမရှိဘဲ နောက်ကုမ္ပဏီ အသစ်တွင် ဒါရိုက်တာ အဖြစ် ပါဝင်ခြင်း၊ နှုတ်ထွက်ခြင်း သို့မဟုတ် ကုမ္ပဏီအသစ် မှတ်ပုံတင်စာရင်းတွင် မှတ်ပုံတင်ပြုလုပ်ခြင်းအား ဆောက်ရွက်နိုင်မည်မဟုတ်တော့ပါ။

ထို့ပြင် ပို့ကုန်ရငွေကိစ္စနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရန်ကျန်ရှိသူများလည်း ဒါရိုက်တာစာရင်းတွင်း ပါဝင်ခြင်း၊ နှုတ်ထွက်ခြင်း ဆောင်ရွက်နိုင်မည်မဟုတ်ပါ။

ကုမ္ပဏီကိစ္စများနှင့်ဆက်စပ်၍ Service လိုအပ်ပါက ကုမ္ပဏီဥပဒေသတ်မှတ်ချက်များနှင့်အညီ တိကျမှန်ကန်စွာဖြင့် ဆောင်ရွက်ပေးပါသည်။

Viber နှင့် ဖုန်းနံပါတ် 09 988 589128

ကုမ္ပဏီတစ်ခု မှတ်ပုံတင်ရန် လိုအပ်ချက်များ (Private Company)၁) ကုမ္ပဏီအမည် (English လိုအဓိက)၂) ကုမ္ပဏီရုံးခန်းလိပ်စာ၊ ဖုန...
22/07/2026

ကုမ္ပဏီတစ်ခု မှတ်ပုံတင်ရန် လိုအပ်ချက်များ (Private Company)

၁) ကုမ္ပဏီအမည် (English လိုအဓိက)

၂) ကုမ္ပဏီရုံးခန်းလိပ်စာ၊ ဖုန်းနံပါတ်နှင့် အီးမေးလ်

၃) ပါ၀င်မည့် ဒါရိုက်တာများ၏ မှတ်ပုံတင်မိတ္တူ၊ နေရပ်လိပ်စာ

၄) အစုရှယ်ယာမတည်ငွေပမာဏ

၅) အစုရှယ်ယာရှင်များ၏ မှတ်ပုံတင်မိတ္တူနှင့် ထည့်ဝင်မည့်အစုရှယ်ယာပမာဏ

၆) Secretary ထည့်မည်ဆိုလျှင် အမည်၊ မှတ်ပုံတင်မိတ္တူ၊ နေရပ်လိပ်စာ

ကုမ္ပဏီမှတ်ပုံတင်ကတ်ရပြီးရင် လုပ်ငန်းစလို့ရပြီလား။

ကုမ္ပဏီမှတ်ပုံတင်ကတ်ရရှိပြီးနောက် Annual Return နှစ်စဉ်အစီရင်ခံစာ ကို ကုမ္ပဏီထောင်ပြီး ၂ လ အတွင်းတင်ပြရပါတယ်။ ပြီးရင် မိမိလုပ်ကိုင်မည့် လုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီး သက်ဆိုင်ရာလုပ်ငန်းလိုင်စင်တွေထပ်လျှောက်ရပါတယ်။ (ဥပမာ - ခရီးသွားလုပ်ငန်းဆိုလျှင် Inbound/Outbound လိုင်စင်၊ စည်ပင်လိုင်စင်လိုအပ်ပါက စည်ပင်လိုင်စင်...)

နောက်ဆက်တွဲအနေနဲ့ အခွန်ထမ်းမှတ်ပုံတင်ဆောင်ရွက်ခြင်း၊ ၃လပတ်အစီရင်ခံစာတင်ပြခြင်း၊ ဘဏ္ဍာရေးနှစ်ကုန်ဆုံးတိုင်း နှစ်ချုပ်စာရင်းတင်ပြခြင်းများဆောင်ရွက်ပေးရပါတယ်။

ကုမ္ပဏီမှတ်ပုံတင်နှင့်စပ်လျဉ်း၍ Service လိုအပ်ပါက ကုမ္ပဏီဥပဒေသတ်မှတ်ချက်များနှင့်အညီ တိကျမှန်ကန်စွာဖြင့် အပြီးစီးဆောင်ရွက်ပေးပါသည်။

Viber နှင့် ဖုန်းနံပါတ် 09 988 589128

Struck-Off မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရသည့် ကုမ္ပဏီများ အမိန့်ကြော်ငြာစာအမှတ်၊ ၆၅/၂၀၂၆ အရ MyCO တွင် Annual Return (နှစ်...
20/07/2026

Struck-Off မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရသည့် ကုမ္ပဏီများ

အမိန့်ကြော်ငြာစာအမှတ်၊ ၆၅/၂၀၂၆ အရ MyCO တွင် Annual Return (နှစ်စဉ်အစီရင်ခံစာ) တင်ပြရန် ပျက်ကွက်ခဲ့၍ မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရတဲ့ Struck-Off ကုမ္ပဏီ ၂၀၀ ခု စာရင်း။

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရ နှစ်စဉ်အစီရင်ခံစာကို ကုမ္ပဏီထောင်ပြီး ၂ လအတွင်း ၁ကြိမ် နဲ့ နှစ်စဉ်အနည်းဆုံး ၁ ကြိမ် တင်ပြရမှာ ဖြစ်ပါတယ်။

မိမိကုမ္ပဏီ၏ Annual Return Due Date သို့မဟုတ် Struck-off/ Suspended အခြေအနေရောက်နေလား စစ်ဆေးလိုပါက www.myco.dica.gov.mm မှာ မိမိကုမ္ပဏီအမည်ရိုက်ရှာပြီး စစ်ဆေးနိုင်ပါတယ်။

လူကြီးမင်းတို့၏ Struck-Off/ Not Yet Re-Registered ကုမ္ပဏီအား ပြန်လည်မှတ်ပုံတင်လိုပါက ကုမ္ပဏီဥပဒေပါပြဌာန်းချက်များနှင့်အညီ ဈေးနှုန်းချိုသာစွာဖြင့် အပြီးစီးဆောင်ရွက်ပေးပါသည်။

ဆက်သွယ်ရန် - 09 988 589 128
BTrust since 2018

Address

Yangon
11041

Telephone

+959988589128

Website

Alerts

Be the first to know and let us send you an email when BTrust Company Registration Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BTrust Company Registration Services:

Shortcuts

Share