01/05/2026
🛑 FDA လက်မှတ်မရှိဘဲ ဈေးကွက်ထဲ ဖြန့်ရင် ဘာတွေဖြစ်နိုင်သလဲ?
- သင်က အရည်အသွေးကောင်းတဲ့ စားသောက်ကုန်၊ ဒါမှမဟုတ် အလှကုန်ပစ္စည်းတွေကို ထုတ်လုပ်နေတဲ့ လုပ်ငန်းရှင်တစ်ယောက်လား။ 🤔
တကယ်တော့ ကုန်ပစ္စည်းကောင်းတာတစ်ခုတည်းနဲ့ ဈေးကွက်မှာ ရေရှည်ရပ်တည်ဖို့ မလွယ်ကူပါဘူး။ တရားဝင် ရောင်းချခွင့်နဲ့ စားသုံးသူတွေရဲ့ ယုံကြည်မှုကို ရဖို့ဆိုရင် FDA (အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန) ရဲ့ ထောက်ခံချက်က မရှိမဖြစ် လိုအပ်ပါတယ်။
FDA လက်မှတ်မရှိဘဲ ဈေးကွက်ထဲ ဖြန့်ဖြူးရောင်းချမယ်ဆိုရင် ဘယ်လို ဆိုးကျိုးတွေ ကြုံတွေ့ရနိုင်သလဲ?
၁။ ကုန်ပစ္စည်း သိမ်းဆည်းခံရခြင်း: စစ်ဆေးတွေ့ရှိပါက သင့်ကုန်ပစ္စည်းတွေကို ဈေးကွက်ထဲကနေ ပြန်လည်သိမ်းဆည်းခံရနိုင်ပြီး ထုတ်လုပ်မှုကိုပါ ရပ်ဆိုင်းခံရနိုင်ပါတယ်။
၂။ ကြီးလေးသော ဒဏ်ငွေများနှင့် အရေးယူခံရခြင်း: တည်ဆဲဥပဒေများအရ ကြီးလေးသော ဒဏ်ငွေများ ပေးဆောင်ရခြင်း သို့မဟုတ် တရားစွဲဆိုခံရခြင်းတို့ ကြုံတွေ့ရနိုင်ပါတယ်။
၃။ အမှတ်တံဆိပ် ယုံကြည်မှု ကျဆင်းခြင်း:
"FDA မရှိဘူး" ဆိုတာနဲ့ စားသုံးသူတွေက သင့်ကုန်ပစ္စည်းရဲ့ ဘေးအန္တရာယ်ကင်းရှင်းမှုကို သံသယဝင်လာကြပြီး ယုံကြည်မှု လျော့နည်းသွားပါလိမ့်မယ်။
ဒီအန္တရာယ်တွေကို ရှောင်ရှားပြီး သင့်လုပ်ငန်းကို တရားဝင် ခိုင်ခိုင်မာမာ တိုးချဲ့ချင်တယ်ဆိုရင်တော့...
Business Growth & FDA Solutions Myanmar က သင့်ကို ကူညီဖို့ အသင့်ရှိပါတယ်။
(မကြာခင်မှာ FDA လျှောက်ထားခြင်းဆိုင်ရာ အထူးသင်တန်းတစ်ခု လာဖို့ရှိလို့ ကျွန်ုပ်တို့ရဲ့
Page လေးကို See First လုပ်ထားပေးပါဦးနော်။)