ISO Certificate Myanmar - Business Development & Innovation Company

  • Home
  • Myanmar
  • Yangon
  • ISO Certificate Myanmar - Business Development & Innovation Company

ISO Certificate Myanmar - Business Development & Innovation Company Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ISO Certificate Myanmar - Business Development & Innovation Company, Business consultant, No. 101, 42 Street, Botataung Township, Yangon.

6.   အစီအစဉ်ချမှတ်ခြင်း   (Planning)6.1 အန္တရာယ်ရှိနိုင်မှုနှင့်အခွင့်အလမ်းများကို ဖော်ထုတ်ခြင်းနှင့် လုပ်ဆောင်ခြင်း6.1....
23/10/2023

6. အစီအစဉ်ချမှတ်ခြင်း (Planning)
6.1 အန္တရာယ်ရှိနိုင်မှုနှင့်အခွင့်အလမ်းများကို ဖော်ထုတ်ခြင်းနှင့် လုပ်ဆောင်ခြင်း
6.1.1 QMS စနစ်ကို အစီအစဉ်ဆွဲသည့်အခါတွင် အဖွဲ့အစည်းအနေနှင့်ကိစ္စများအတွက် ဥပဒေသ 4.1 ကို ကိုးကားရမည်ဖြစ်ပြီး 4.2 အရ အန္တရာယ်ရှိနိုင်မှုနှင့် အခွင့်အလမ်းများကို သတ်မှတ်ရန်လိုအပ်ပြီး အောက်ပါ အချက်တို့ကို ဖော်ပြထားရမည်ဖြစ်ပါသည်။
(က) QMS စနစ်သည်၎င်းလိုချင်သည့်ရလဒ်များရရှိစေရန် သေချာစွာပြုလုပ်အကောင်အထည် ဖော်ထား ရပါမည်။
(ခ) လိုချင်သည့်ရလဒ်များကို ရရှိစေရန်တိုးမြှင့်လုပ်ဆောင်ရပါမည်။
(ဂ) မလိုလားအပ်သည့်ရလဒ်များကို ကာကွယ်တားဆီး၊လျှော့ချရမည်ဖြစ်ပါသည်။
(ဃ) တိုးတက်မှုများရရှိစေရန် လုပ်ဆောင်ရမည်ဖြစ်ပါသည်။
6.1.2 မိမိတို့၏အဖွဲ့အစည်းအနေနှင့် အောက်ပါအချက်များကိုအစီအစဉ်ချမှတ်ထားရပါမည်။
(က) အန္တရာယ်ရှိနိုင်မှုများနှင့် အခွင့်အလမ်းများအတွက် လုပ်ဆောင်ရမည့်ကိစ္စများ
(ခ) မည်ကဲ့သို့လုပ်ဆောင်ရမည်ကို
(၁) QMS စနစ်၏လုပ်ငန်းစဉ်များနှင့် ပေါင်းစည်းလုပ်ဆောင်ရမည် (4.4 ကိုကြည့်ပါ)
(၂) လုပ်ဆောင်ထားသည့် လုပ်ရပ်များ၏ ထိရောက်မှုကို ပြန်လည် သုံးသပ်အကဲဖြတ်ရမည် ဖြစ်ပါသည်။
မိမိတို့သတ်မှတ်ထားသည့် အန္တရာယ်ရှိနိုင်မှုနှင့် အခွင့်အလမ်းများအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှုသည် မိမိ၏ထုတ်ကုန်နှင့် ဝန်ဆောင်မှုများအပေါ် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများ အတွက် ထည့်သွင်း စဉ်းစား ရမည်ဖြစ်ပါသည်။
မှတ်ချက်။ (၁) အန္တရာယ်ရှိနိုင်မှုကိုသတ်မှတ်သည့်အခါ ရွေးချယ်စရာ နည်းလမ်းများ ရှိပါသည်။ ၎င်းတို့မှာ အခွင့်အရေးရစေရန်အတွက် ထိုအန္တရာယ်ရှိနိုင်မှုကိုလုပ်ဆောင်ခြင်း၊ အန္တရာယ်ဖြစ်နိုင်ချေရှိသည့်အကြောင်း အရင်းများကိုဖယ်ရှားခြင်း၊ ထိုအန္တရာယ်ဖြစ်နိုင်ချေရှိမှုနှင့် နောက်ဆက်တွဲဖြစ်စဉ်များ မဖြစ်ပေါ်စေရန် လုပ်ဆောင်မှုများ ပြုလုပ်၍ပြောင်းလဲခြင်း၊ အန္တရာယ်ရှိနိုင်မှုများကို အသိပေးခြင်း(သို့) အသိပေးအကြောင်း ကြားထားသည့် အန္တရာယ် ရှိနိုင်မှုများကို မဖြစ်ပေါ်လာ စေရန် ထိန်းချုပ်ထားခြင်းတို့ဖြစ်ပါသည်။
မှတ်ချက်။ (၂) အခွင့်အလမ်းများအနေနှင့် လုပ်ဆောင်မှုကျင့်စဉ်အသစ်များကို လုပ်ဆောင်ခြင်း၊
ထုတ်ကုန်အသစ်များကို ထုတ်လုပ်မိတ်ဆက်ခြင်း၊ ဈေးကွက်အသစ်ရှာဖွေခြင်း၊ စားသုံးသူဖောက်သည် အသစ်များကို ရှာဖွေခြင်း၊ မိတ်ဖွဲ့ပေါင်းစည်းလုပ်ဆောင်ခြင်း၊ နည်းပညာအသစ်များကို အသုံးပြုခြင်းနှင့် မိမိအဖွဲ့အစည်းမှ လိုချက်သည့်ရလဒ်များ(သို့) စားသုံးသူဖောက်သည်များ၏ လိုအပ်ချက်များကို လိုအပ်သလိုဖြည့်ဆည်းဆောင်ရွက်ပေး ခြင်းတို့ဖြစ်ပါသည်။

6.2. အရည်အသွေးမှီရည်ရွယ်ချက်များနှင့် ၎င်းတို.ကို ပြည့်မှီအောင် စီစဉ်ဆောင်ရွက်ခြင်း
6.2.1.အဖွဲ့အစည်းအနေနှင့် (QMS) စနှစ်အတွက်လုပ်အပ်သည်.လုပ်ငန်းကျင့်စဉ်များ၊ သက်ဆိုင်ရာလုပ်ဆောင်မူ့များ နှင့်တစ်ကွ ရာထူး အဆင့်အတန်းများ အလိုက်အရည်အသွေးမှီ ရည်ရွယ်ချက်များ ကို ချမှတ်ရပါမည်။
အရည်အသွေးမှီ ရည်ရွယ်ချက်များသည်
(က) အရည်အသွေးမှီမူဝါဒနှင့် ကိုက်ညီစေရမည်။
(ခ) ၎င်းသတ်မှတ်ချက်များသည် ပြန်လည်တိုင်းတာ အကဲဖြတ်နိုင်ရမည်။
(ဂ) သက်ဆိုင်ရာတိကျသည့်လိုအပ်ချက်များအတိုင်း တာဝန်ယူလုပ်ဆောင်ရမည်။
(ဃ) မိမိထုတ်ကုန်နှင့် ဝန်ဆောင်မူ့များ သည် လိုအပ်ချက်များနှင့် ကိုက်ညီအောင် ဆောင်ရွက်ရမည်။ စားသုံးသူ များ၏ စိတ်ကျေနပ်မှုပိုမို ရရှိစေရန်
(င) ၎င်းချမှတ်ထားသည့် ရည်ရွယ်ချက်များကိုလည်း စောင့်ကြည့်စစ်ဆေးရမည်။
(စ) ၎င်းရည်ရွယ်ချက်များကိုလည်း အဖွဲ့အစည်းအတွင်းရှိဝန်ထမ်းများသိရှိစေရန် အသိပေးအကြောင်းကြား ရမည်။
(ဆ) လိုအပ်လျှင်လိုအပ်သလို ပြန်လည်ပြင်ဆင်ရမည်။
အဖွဲ့အစည်း အနေနှင့် ထိုအရည်အသွေးမှီရည်ရွယ်ချက်များကို စာရွက်စာတမ်းအဖြစ် ပြုစုထိန်းသိမ်း ထားရမည်။

6.2.2 ၎င်း၏အရည်အသွေးမှီရည်ရွယ်ချက်များကို ပြည့်မှီစေရန်အတွက် ရည်ရွယ်ချက်များချမှတ်သည့်အခါ အဖွဲ့အစည်း အနေနှင့် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။
(က) မည်သည့်ကိစ္စကို ပြီးမြှောက်အောင်လုပ်ဆောင်မည်နည်း
(ခ) မည်ကဲ့သို့သောအရင်းအမြစ်မျိုးကို လိုအပ်သနည်း
(ဂ) မည်သူကတာဝန်ယူလုပ်ဆောင်မည်နည်း
(ဃ) မည်သည့်အချိန်တွင် ပြီးမြောင်အောင်လုပ်ဆောင်မည်နည်း
(င) ရရှိလာသည့်ရလဒ်များကို မည်ကဲ့သို့ပြန်လည်သုံးသပ်အကဲဖြတ်မည်နည်းတို့ဖြစ်သည်။

6.3 ပြောင်းလဲမှုများပြုလုပ်ရန်အတွက် အစီအစဉ်ဆွဲခြင်း
အဖွဲ့အစည်းအနေနှင့် QMS စနစ်ကို တစ်ခုခုပြောင်းလဲရန်လိုပြီဟုသတ်မှတ်ပါက ထိုပြောင်းလဲချက် များကို စနစ်တကျ အစီအစဉ်ရေးဆွဲပြီးမှ ပြောင်းလဲရမည်။ (ဥပဒေသ- 4.4 ကိုကြည့်ပါ)
အဖွဲ့အစည်းအနေနှင့် ထည့်သွင်းစဉ်းစားရမည့်အချက်များမှာ-
(က) ပြောင်းလဲရသည့် ရည်ရွယ်ချက်နှင့် ပြောင်းလဲလိုက်သည့်အတွက်ကြောင့် ဖြစ်ပေါ်လာနိုင်ချေရှိသည့် နောက်ဆက်တွဲ အကျိုးဆက်များ
(ခ) QMS စနစ်တွင်လည်း သမာသမတ်ကျမှု
(ဂ) မိမိ၌ရှိနေသည့် အရင်းအမြစ်များ
(ဃ) တာဝန်များနှင့်လုပ်ပိုင်ခွင့်များအား သတ်မှတ်ခြင်းနှင့် လိုအပ်ပါက ပြောင်းလဲသတ်မှတ်ခြင်း

7. အထောက်အပံ့ပေးခြင်း (Support)
7.1 အရင်းအမြစ်များ
7.1.1 အထွေထွေ
အဖွဲ့အစည်းအနေနှင့် QMS စနစ်ကို စတင်အသုံးပြုအကောင်အထည်ဖော်ထိန်းသိမ်းပြီး စဉ်ဆက်မပြတ် တိုးတက်စေရန်အတွက် လိုအပ်သည်များကိုစဉ်းစားပြီး လိုအပ်သည့်အရင်းအမြစ်များကို ပံ့ပိုးထောက်ပံ့ပေး ရပါမည်။
အဖွဲ့အစည်းအနေနှင့် စဉ်းစားရမည်မှာ
(က) မိမိတို့ အဖွဲ့အစည်းအတွင်းရှိ အရင်းအမြစ်များ၏ လုပ်ဆောင်နိုင်စွမ်းနှင့် အကန့်အသတ်ဖြစ်နေမှုများ
(ခ) ပြင်ပမှ ထောက်ပံ့သူများထံမှ လိုအပ်သည်များကို ရရှိနိုင်မှု

7.1.2 လူသားများ (People)
အဖွဲ့အစည်းသည် ၎င်း၏ QMS စနစ်ကို ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်စေနိုင်ရန်နှင့် အလုပ်လုပ်ဆောင်နေစဉ်အတွင်း ၎င်း၏ လုပ်ငန်းစဉ်များကို ထိန်းချုပ်နိုင်ရန်အတွက် လူသားအရင်း အမြစ် များကို လိုအပ်သလိုထောက်ပံ့ ပေးနိုင်ရန်စဉ်းစားထားရမည်။

7.1.3 အခြေခံအဆောက်အအုံ (Infrastructure)
အဖွဲ့အစည်းအနေနှင့် အလုပ်လုပ်ဆောင်နေစဉ်အတွင်း ၎င်း၏လုပ်ငန်းစဉ်များ၊ မိမိထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို ထိခိုက်မှုမရှိစေရန်လိုအပ်သည့် အခြေခံအဆောက်အအုံများကို ထောက်ပံ့ပေးပြီး၊ ထိန်သိမ်း ဆောင်ရွက်နိုင်ရန်လည်း သတ်မှတ် ဆုံးဖြတ်ထားရပါမည်။
မှတ်ချက်။ - အခြေခံအဆောက်အအုံတွင်
(က) အဆောက်အဦးများနှင့် အသုံးပြုရန်လိုအပ်သည့် လျှပ်စစ်မီး၊ရေ စသည်တို့
(ခ) ပစ္စည်းကိရိယာများ၊ Hardware\Software အပါအဝင်
(ဂ) သယ်ယူပို့ဆောင်ရန်အရင်းအမြစ်များ
(ဃ) သတင်းအချက်အလက်များနှင့် ဆက်သွယ်ရန်နည်းပညာများ

7.1.4 လုပ်ငန်းစဉ်များကို လုပ်ဆောင်နိုင်ရန်အတွက်ပတ်ဝန်းကျင်
အဖွဲ့အစည်းအနေနှင့် လုပ်ငန်းစဉ်များကိုလုပ်ဆောင်နိုင်ရန်နှင့် မိမိ၏ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို မထိခိုက်စေရန် လိုအပ်သည့်လုပ်ငန်းပတ်ဝန်းကျင်ကို စဉ်းစားသတ်မှတ် ထောက်ပံ့ပေးပြီး ထိန်သိမ်းထားရန် လိုအပ်ပါသည်။
မှတ်ချက်။ - သင့်လျှော်သောပတ်ဝန်းကျင်တစ်ခုသည် လူသားများနှင့်ရုပ်ပိုင်းဆိုင်ရာ ပေါင်းစည်းခြင်းဖြစ်ပြီး ၎င်းတို့မှာ-
(က) လူမှုရေး (ဥပမာ-လူတန်းစားခွဲခြားဆက်ဆံမှုမရှိခြင်း၊ အေးဆေးတည်ငြိမ်စွာ လုပ်ဆောင်နိုင်ခြင်းနှင့် ရန်လို မုန်းတီးမှု မရှိခြင်း)
(ခ) စိတ်ပိုင်းဆိုင်ရာခံစားချက် (ဥပမာ-စိတ်ဖိစီးမှုကိုလျှော့ချပေးခြင်း၊ လူတစ်ဦးအလွန်ပင်ပန်းနွမ်းနယ်အောင် မခိုင်းစေခြင်း၊ စိတ်ခံစားချက်များပြင်းထန်လာမှုမရှိစေရန် ကာကွယ်ပေးခြင်း)
(ဂ) ရုပ်ပိုင်းဆိုင်ရာ (ဥပမာ-အလုပ်လုပ်နေသည့်နေရာ၏အပူချိန်၊ ပူပြင်းမှု၊ စိုထိုင်းစ၊ အလင်းပမာဏ၊ လေဝင် လေထွက်ကောင်းမွန်မှု၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် အသံဆူညံမှု)
ဤအချက်များသည် မိမိ၏ထုတ်ကုန်နှင့်ဝန်ဆောင်မှုအပေါ်မူတည်ပြီး များစွာကွဲလွဲနိုင်ပါသည်။

အရည်အသွေးမီ စီမံခန့်ခွဲမှုစနစ်အတွက် သင်တန်းရယူလိုသော ကုမ္ပဏီများနှင့် အကောင်အထည်ဖော် ကျင့်သုံးလိုသော ကုမ္ပဏီများအနေဖြင့် ကျွန်တော်တို့ ကုမ္ပဏီ၏ ဝန်ဆောင်မှုများကို ရယူလိုပါက Page Messenger သို့ ဖုန်းနံပါတ်နှင့်အမည်ထားခဲ့ပေးခြင်း (သို့) Ph:09780 407074 သို့ ဆက်သွယ်နိုင်ပါသည်။

03/10/2023

🏥လျင်မြန်စွာပြောင်းလဲနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းနယ်ပယ်မှာ ဆေးရုံနဲ့ ဆေးဘက်ဆိုင်ရာ 🔬ဓာတ်ခွဲခန်းတွေက အရည်အသွေးပြည့်မှီတဲ့ဝန်ဆောင်မှုကိုပေးနိုင်ဖို့ မရှိမဖြစ်လိုအပ်နေပါသည်။
အရည်အသွေးပြည့်ဝတဲ့ 🚑ကျန်းမာရေးစောင့်ရှောက်မှုကိုရဖို့ဆိုတာ လူသားတိုင်းရဲ့ အခြေခံလူ့အခွင့်အရေးတစ်ခုဖြစ်ပါသည်။
အရည်အသွေးကို ဦးစားပေးတဲ့ ဆေးရုံတွေနဲ့ ဓာတ်ခွဲခန်းတွေက သူတို့ရဲ့ 👩‍🔬ဝန်ထမ်းတွေကို အရည်အချင်းပြည့်မှီလာအောင် ဂရုတစိုက် ရင်းနှီးမြှုပ်နှံနေကြပါသည်။ ဒီရင်းနှီးမြုပ်နှံမှုက လူနာတွေရဲ့ကျန်းမာရေးတိုးတက်မှုအတွက် တိုက်ရိုက်အကျိုးသက်ရောက်မှုရှိစေတဲ့အပြင် မတော်တဆမှုနဲ့ အမှားအယွင်းတွေကို လျှော့ချနိုင်တာကြောင့် 💰ငွေကြေးပိုင်းမှာလည်း ကုန်ကျစရိတ်တွေကို အများကြီးသက်သာစေပါသည်။
လေ့ကျင့်မှုတွေနဲ့ အဆင့်မြှင့်တင်မှုတွေကြောင့် ကုန်ကျသွားတဲ့ ငွေကြေးတွေက အမှားအယွင်းတွေနဲ့ စနစ်မကျမှုတွေကြောင့် ဖြစ်လာနိုင်မယ့် 💸ငွေကြေးနဲ့ ကျန်းမာရေးဆုံးရှုံးမှုတွေနဲ့ယှဉ်ရင် အများကြီးနည်းပါးတဲ့ပမာဏဖြစ်ပါသည်။
အရည်အသွေးကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကိုဖေါ်ဆောင်တဲ့နေရာမှာ ISO ရဲ့စံနှုန်းတွေက ဘဏ္ဍာရေးအကျိုးကျေးဇူးများစွာကို ဖြစ်ပေါ်စေပါသည်။ ဘဏ္ဍာရေးစွမ်းဆောင်ရည်ကို အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်နေချိန်မှာ ISO စံနှုန်းများကို ပေါင်းစပ်အကောင်အထည်ဖေါ်သင့်ကြောင်း အကြံပေးတင်ပြရင်း ဒီ video ကိုတင်ဆက်လိုက်ရပါသည်။
Quality Harmonic Healthcare မှ ISO Standard များ (ISO 9001:2015, ISO 15189:2022, ISO 14001: 2015) ဆိုင်ရာ Training များဖွင့်လှစ်ခြင်း။ ISO Standard Certificate များရရှိအောင် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျှက်ရှိပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ 🥰အောက်ဖော်ပြပါဖုန်းနံပတ်များသို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
ဆက်သွယ်ရန်.. 📞☎️ 09450022991(Viber)
09442631514(Admin) 09975643076(Dr.John)

5.   Leadership   ဦးဆောင်နိုင်စွမ်း5.1 ဦးဆောင်နိုင်စွမ်းနှင့် ကတိကဝတ်များ5.1.1 အထွေထွေ   (General)ထိပ်ပိုင်းစီမံခန့်ခွဲသ...
30/09/2023

5. Leadership ဦးဆောင်နိုင်စွမ်း
5.1 ဦးဆောင်နိုင်စွမ်းနှင့် ကတိကဝတ်များ
5.1.1 အထွေထွေ (General)
ထိပ်ပိုင်းစီမံခန့်ခွဲသူများအနေနှင့် QMS စနစ်နှင့်ပတ်သက်ပြီး ဦးဆောင်နိုင်စွမ်းနှင့် ကတိကဝတ်များကို လိုက်နာကျင့်သုံးနေကြောင်းကို အောက်ပါအချက်အလက်များကိုလုပ်ဆောင်ခြင်းအားဖြင့် သက်သေပြ နိုင်ရပါမည်။
(က) QMS စနစ်ကိုထိရောက်စွာ အကောင်အထည်ဖေါ်နေမှုအတွက် တာဝန်ယူတာဝန်ခံရပါမည်။
(ခ) ဤ QMS စနစ်အတွက် Quality Policy (အရည်အသွေးမီမူဝါဒ) နှင့် Quality Objective (အရည်အသွေးမီ ရည်မှန်းချက်) များကိုချမှတ်ထားရမည်ဖြစ်ပြီး ထိုချမှတ်ချက်များသည် အဖွဲ့အစည်း၏ အဓိက ရည်မှန်းချက်များနှင့် မဟာဗျူဟာမြောက် ချမှတ်ထားသည့် လမ်းညွှန်ချက်များနှင့်လည်း ကိုက်ညီရမည် ဖြစ်ပါသည်။
(ဂ) မိမိအဖွဲ့အစည်း၏ အလုပ်နှင့်ပတ်သက်သည့်လုပ်ငန်းစဉ်များနှင့် QMS စနစ်၏လိုအပ်ချက်များကို တစ်သားတည်းဖြစ်အောင် ပေါင်းစည်းလုပ်ကိုင်နိုင်ရန် လိုအပ်ပါသည်။
(ဃ) မိမိ၏လုပ်ငန်းစဉ်တစ်ခုချင်းစီကို ချဉ်းကပ်ခြင်းနှင့် Risk Based Thinking (အန္တရာယ်ရှိနိုင်မှုပေါ် အခြေခံ၍ စဉ်းစားခြင်း) များကိုလည်း ပိုမိုလုပ်ဆောင်နိုင်ရန်တွန်းအားပေးရပါမည်။
(င) QMS စနစ်ကို အကောင်အထည်ဖော်ရန်အတွက် လိုအပ်သည့် အရင်းအမြစ်များ အဆင်သင့်ဖြစ်နေ စေရန် လုပ်ဆောင်ထားရပါမည်။
(စ) QMS စနစ်၏လိုအပ်ချက်များ၊ QMS စနစ်ကိုထိရောက်အောင် လုပ်ဆောင်ရမည့်အရေးကြီးသည့် အချက်များကို ဝန်ထမ်းများသိရှိအောင် လုပ်ဆောင်ထားရမည်ဖြစ်ပါသည်။
(ဆ) QMS စနစ်အရ ၎င်းလိုချင်သည့်ရလဒ်များရရှိစေရန် သေချာအောင်ပြုလုပ်ထားရမည်ဖြစ်သည်။
(ဇ) QMS စနစ်ကို ထိထိရောက်ရောက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မိမိ၏ ဝန်ထမ်းများကို လိုအပ်သလိုအကြောင်းကြားခြင်း၊ ညွှန်ကြားခြင်းနှင့်လိုအပ်သည်များကို ထောက်ပံ့ခြင်း တို့ကို ပြုလုပ်ရပါမည်။
(ဈ ) တိုးတက်မှုကိုလည်း အားပေးရပါမည်။
(ည) ၎င်းတို့၏ဦးဆောင်နိုင်စွမ်းကို သက်သေပြသည့်အနေနှင့် သက်ဆိုင်သည့်တာဝန်များအတွက်၊ သက်ဆိုင်သည့်အခြားသော စီမံခန့်ခွဲနှင့်ပတ်သက်သည့်လုပ်ငန်းရပ်များကိုလည်း ကူညီထောက်ပံ့ပေး ရပါမည်။
မှတ်ချက်။ နိုင်ငံတကာစံစနစ်သတ်မှတ်ချက်၌ လုပ်ငန်းတစ်ခုသည်အများပိုင်သော်လည်းကောင်း၊ တစ်ဦး တည်းပိုင်သော် လည်းကောင်း၊ အကျိုးအမြတ် အတွက်သော်လည်းကောင်း၊ အကျိုးအမြတ် မယူသည့် လုပ်ငန်းသည် လည်းကောင်း ထိုအားလုံးကို စီပွားရေး လုပ်ငန်း (Business) အဖြစ်သတ်မှတ် ရပါသည်။

5.1.2 Customer focus ဖောက်သည်များကို အာရုံစူးစိုက်ခြင်း
ထိပ်ပိုင်းစီမံခန့်ခွဲသည့်သူများအနေနှင့် ဖောက်သည်များ အပေါ်အာရုံပြုဂရုစိုက်ခြင်းနှင့် ၎င်းတို့၏ ဦးဆောင်နိုင်စွမ်း တို့ကိုအောက်ပါအတိုင်းသက်သေပြနိုင်ရမည်ဖြစ်ပါသည်။
(က) စားသုံးသူဖောက်သည်များနှင့် တရားဥပဒေအရလိုအပ်ချက်များကိုသတ်မှတ် “နားလည်ပြီး” စဉ်ဆက်မပြတ်ကိုက်ညီ အောင် လုပ်ဆောင်ပေးရမည်ဖြစ်ပါသည်။
(ခ) မိမိထုတ်ကုန်နှင့်ဝန်ဆောင်မှုကို ထိခိုက်စေနိုင်သော အန္တရာယ်ရှိနိုင်မှုနှင့် ရရှိမည့်အခွင့်အလမ်းတို့နှင့် တကွ စားသုံးသူ ဖောက်သည်များ ပိုမိုပြီးစိတ်ကျေနပ်မှု ရရှိစေရန်ထည့်သွင်းစဉ်းစားဖော်ထုတ်ပြီး သတ်မှတ်ထားရန် လိုအပ်ပါ သည်။
(ဂ) စားသုံးသူဖောက်သည်များ၏ စိတ်ကျေနပ်မှုကိုထိန်းသိမ်းပြီး ၎င်းတို့၏စိတ်ကျေနပ်မှု ပိုမို တိုးတက်လာစေရန် အတွက် အာရုံစိုက်ရပါမည်။

5.2 Policy (မူဝါဒ)
5.2.1 အရည်အသွေးမီမူဝါဒကိုချမှတ်ခြင်း-
ထိပ်ပိုင်းစီမံခန့်ခွဲသူများအနေနှင့် အရည်အသွေးမီမူဝါဒကို ချမှတ်အကောင်အထည်ဖော်ပြီး ထိန်းသိမ်းထား ရပါမည်။ ၎င်းတို့မှာ-
(က) အဖွဲ့အစည်း၏ရည်ရွယ်ချက်များနှင့် ၎င်း၏မဟာဗျူဟာကျလမ်းညွှန်မှုများနှင့် ကိုက်ညီမှု ရှိမရှိကို စစ်ဆေးရန်
(ခ) အရည်အသွေးမီရည်ရွယ်ချက်များ (Quality Objective) ချမှတ်နိုင်ရန်အတွက် စည်းဘောင်တစ်ခု ဖြစ်စေရန်
(ဂ) သက်ဆိုင်သောလိုအပ်ချက်များကို ပြည့်မှီအောင်လုပ်ဆောင်နိုင်စေရန်၊ ကတိကဝတ်ပြုမှုများလည်း ပါဝင်ပါသည်။
(ဃ) QMS စနစ်ကို စဉ်ဆက်မပြတ်တိုးတက်အောင်လုပ်ဆောင်မည့် ကတိကဝတ်များ လည်းပါဝင် ပါသည်။

5.2.2 အရည်အသွေးမီမူဝါဒကို အသိပေးအကြောင်းကြားခြင်း
(က) အရည်အသွေးမီမူဝါဒကို စာရွက်စာတမ်းများအဖြစ်ပြုစုထိန်းသိမ်းပြီး လိုအပ်လျှင် ထုတ်ပေးနိုင် စေရန် အဆင်သင့်ပြုလုပ်ထားရမည် ဖြစ်ပါသည်။
(ခ) ၎င်းမူဝါဒကို အဖွဲ့အစည်းအတွင်း၌ ဝန်ထမ်းများသိရှိ နားလည်ပြီး ထိုမူဝါဒများကို လက်တွေ့ အကောင်အထည် ဖော်ရမည် ဖြစ်ပါသည်။
(ဂ) ထို့ပြင် မိမိတို့အဖွဲ့အစည်းကို စိတ်ဝင်စားသည့်သူများအတွက် ထိုမူဝါဒများကိုအဆင်သင့်ဖြစ်အောင် လုပ်ဆောင်ထား ရမည်ဖြစ်ပါသည်။

5.3 အဖွဲ့အစည်း၏လုပ်ဆောင်မှုများ၊ တာဝန်များနှင့် လုပ်ပိုင်ခွင့်မျာ:
ထိပ်တန်းစီမံခန့်ခွဲသူများအနေနှင့် အဖွဲ့အစည်းအတွင်း၌ သက်ဆိုင်ရာတာဝန်များနှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ်အသိပေးပြီး ၎င်းတို့ကို နားလည်သိရှိစေရန် လုပ်ဆောင်ရပါမည်။
ထိပ်ပိုင်းစီမံခန့်ခွဲသူများအနေနှင့် တာဝန်နှင့်လုပ်ပိုင်ခွင့်များကို အောက်ပါအချက်များအတွက် ချမှတ်ရပါမည်။
(က) နိုင်ငံတကာ စံစနစ်သတ်မှတ်ချက်များ၏ လိုအပ်ချက်များနှင့်ကိုက်ညီစေရန် QMS စနစ်ကို သေချာ စွာ တည်ဆောက် ထားရမည်ဖြစ်ပါသည်။
(ခ) မိမိအဖွဲ့အစည်း၏ ရည်ရွယ်ထားသည့်ရလဒ်များရရှိစေရန် လုပ်ငန်းစဉ်အားလုံးကို သေချာစွာ စီစဉ် ထားရပါမည်။
(ဂ) QMS စနစ်၏ စွမ်းဆောင်ချက်များနှင့် တိုးတက်အောင်လုပ်ဆောင်နိုင်မည့် အခွင့်အလမ်းများကို ထိပ်ပိုင်း စီမံခန့်ခွဲသူများအား သတင်းပို့တင်ပြရမည်ဖြစ်ပါသည်။ (ဥပဒေသ 10.1 ကိုကြည့်ပါ)
(ဃ) အဖွဲ့အစည်းတစ်ခုလုံးအတွင်း၌ စားသုံးသူဖောက်သည်များအား အာရုံစိုက်အလေးပေးစေရန် တွန်းအားပေးရမည် ဖြစ်ပါသည်။
(င) QMS စနစ်၏စီစဉ်ထားမှုနှင့်လုပ်ဆောင်မှုများတွင် အပြောင်းအလဲရှိသည့်အချိန်မျိုးတွင် QMS စနစ်၏ သမာသမတ်ကျမှုကိုရရှိစေရန် လုပ်ဆောင်ရပါမည်။
ဆက်လက်ဖေါ်ပြပါဦးမည်။
အရည်အသွေးမီ စီမံခန့်ခွဲမှုစနစ်အတွက် သင်တန်းရယူလိုသော ကုမ္ပဏီများနှင့် အကောင်အထည်ဖော် ကျင့်သုံးလိုသော ကုမ္ပဏီများအနေဖြင့် ကျွန်တော်တို့ ကုမ္ပဏီ၏ ဝန်ဆောင်မှုများကို ရယူလိုပါက Page Messenger သို့ ဖုန်းနံပါတ်နှင့်အမည်ထားခဲ့ပေးခြင်း (သို့) Ph:09780 407074 သို့ ဆက်သွယ်နိုင်ပါသည်။

အောင်မြင်မှု၏ လျှို့ဝှက် အမူအကျင့်များ (၁)ကျွန်ပ်တို့တစ်တွေသည် ကျွန်တော်တို့ မကြိုက်နှစ်သက်သည့် ကျွန်တော်တို့၏ ဘဝအစိတ်အပ...
19/09/2023

အောင်မြင်မှု၏ လျှို့ဝှက် အမူအကျင့်များ (၁)
ကျွန်ပ်တို့တစ်တွေသည် ကျွန်တော်တို့ မကြိုက်နှစ်သက်သည့် ကျွန်တော်တို့၏ ဘဝအစိတ်အပိုင်းအတွက် ကိုယ်ကိုတိုင်ကလွဲပြီး တစ်ခြားသူ ဒါမှမဟုတ် လက်ရှိအခြေနေကိုသာ အပြစ်တင်ဝေဖန်လေ့ရှိကြသည်။ သင်၏ လုပ်ဖော်ကိုင်ဖက်များ၊ အထက်အရာရှိ၊ မိတ်ဆွေများ၊ သတင်းနှင့်မီဒီယာများ၊အိမ်ထောင်ဖက်၊ဝယ်ယူသူ၊ရည်စား၊ရာသီဥတု၊စီးပွားရေး၊ဇာတာခွင်နှင့် ငွေမရှိမူ စသည်တို့ကို အပြစ်တင်လေ့ရှိကြသည်။ အမှန်တကယ်ကတော့ တကယ့်ပြသာနာအားလုံး၏ အဓိကတရားခံသည် “ သင်ကိုယ်တိုင် ဖြစ်နေပါလား” ဟု ဘယ်တော့မှ ပြန်မကြည့်ချင်၊ မပြောချင်ကြပါ။
သင့်ဘဝ အောင်မြင်တိုးတက်စေရန်အတွက် သင်ကိုယ်တိုင် တာဝန်ယူရမှာ ဖြစ်ပါတယ်။
• သင်ဟာ ကြုံတွေ့နေရတဲ့ အခြေအနေ၊ ရာသီဥတု ဒါမှမဟုတ် တိုက်ခတ်နေတဲ့ လေကို သင်မပြောင်းလဲနိုင်ပါဘူး။
• ဒါပေမယ့် သင့်ကိုသင် ပြောင်းလဲလို့ရပါတယ်။

အောင်မြင်မူ၏ လျှို့ဝှက် အမူအကျင့်များ (၂)
သင်သည် သင်ဖြစ်ချင်သည့်ဘဝကို ရရှိချင်လျှင် သင့်ကိုသင် ၁၀၀ ရာခိုင်နှုန်း တာဝန်ယူရမှာ ဖြစ်သည်။ ဆိုလိုတာက ဆင်ခြေပေးတတ်သည့် အကျင့်ကို ဖျောက်ပြီး သင်ကျရှုံးခဲ့၊ ခံခဲ့ရသည့် ကိစ္စများကို မေ့လိုက်ပါ။ ဘာကြောင့် မလုပ်နိုင်သေးပါဘူးဆိုသည့် အကြောင်းပြချက်များ၊ ဘာကြောင့် မအောင်မြင်သေး ပါဘူးဆိုသည့် အကြောင်းပြချက်များနှင့် ပြင်ပအခြေအနေများကို အပြစ်တင်ခဲ့သည်များ အားလုံးကို မေ့လိုက်ပါ။ နောက်ပြီး ဒါတွေအားလုံးကို ဘယ်တော့မှ ထပ်မလုပ်ပါနှင့်။ ငါလိုချင်တဲ့ဘဝ ရရှိဖို့အတွက် “နောက်တစ်ကြိမ် ဘာတွေ ပိုကောင်းအောင် လုပ်သင့်သလဲ “ ပြန်မေးပါ။
“၉၉ ရာခိုင်နှုန်းသော မအောင်မြင်မှု၊ ကျရှုံးမှု အားလုံးသည် ဆင်ခြေပေးတတ်တဲ့ ပါးစပ်နဲ့ အကျင့်ရှိတဲ့ လူတွေဆီက လာတာဖြစ်တယ်”
ဆရာကြီး သုတစိုး၏ အောင်မြင်မူ၏ လျို့ဝှက်အမူအကျင့်များ စာအုပ်မှ နာမည်ကျော် ကြားသူတို့၏ အဆို့အမိန့်များကို အနည်းငယ် ထုတ်နှုတ်ဖော်ပြပေးထားခြင်း ဖြစ်ပါသည်။ အောင်မြင်တိုးတက်ချင်သူတိုင်း သိသင့်သော အချက်အလက်များ ၊ထားသင့်သော စိတ်ထားများကို ဖော်ပြပေးထားခြင်း ဖြစ်ပါသည်။

အဆိုပါ စာအုပ်အား ဝယ်ယူလိုပါက Page Messenger သို့ ဖုန်းနံပါတ်နှင့်အမည်ထားခဲ့ပေးခြင်း (သို့) Ph:09780407074 သို့ ဆက်သွယ်နိုင်ပါသည်။
အဆိုပါ စာအုပ်အား တစ်အုပ်လျှင် (၈၀၀၀)ကျပ်သာ သတ်မှတ်ထားပြီး စာအုပ်နှင့်တွဲလျှက် ဘဝအောင်မြင်ရေးလေ့ကျင့်ခန်းစာအုပ်တစ်အုပ်လည်း ပါဝင်ပါသည် ရန်ကုန်မြို့တွင်းအတွက် Delivery free ဖြစ်ပါသည်။

အရည်အသွေးမှီစီမံခန့်ခွဲမှုစနစ်များ၏ လိုအပ်ချက်များ-1. Scopeအရည်အသွေးမှီစီမံခန့်ခွဲမှုစနစ်အတွက် နိုင်ငံတကာစံစနစ်သတ်မှတ်ချ...
16/09/2023

အရည်အသွေးမှီစီမံခန့်ခွဲမှုစနစ်များ၏ လိုအပ်ချက်များ-
1. Scope
အရည်အသွေးမှီစီမံခန့်ခွဲမှုစနစ်အတွက် နိုင်ငံတကာစံစနစ်သတ်မှတ်ချက်များ၏ တိကျသော လိုအပ်ချက် များကို သတ်မှတ်ထားပြီး အဖွဲ့အစည်းအနေဖြင့်
(က) သက်ဆိုင်သည့်တရားဥပဒေများဆိုင်ရာ လိုအပ်ချက်များနှင့် စားသုံးသူတို့၏ လိုအပ်ချက်များ နှင့်တကွ မိမိထုတ်ကုန် နှင့်ဝန်ဆောင်မှုတို့၏ လိုအပ်ချက်များသည် အမြဲမသွေကိုက်ညီနေကြောင်းကို သက်သေပြနိုင်စွမ်း ရှိသည်။
(ခ) ဖောက်သည်များ၏စိတ်ကျေနပ်မှုကို ပိုမိုရရှိစေရန်ရည်ရွယ်ပြီး စနစ်ကိုထိရောက်စွာ လုပ်ဆောင် ခြင်းများတွင် စနစ်တစ်ခုလုံး၏ လုပ်ငန်းစဉ်များကို တိုးတက်အောင်လုပ်ဆောင်ခြင်း၊ စားသုံးသူများ၏ လိုအပ်ချက်ကို ကိုက်ညီအောင်လုပ် ဆောင်ခြင်းအပြင် တရားဥပဒေအရလိုအပ်ချက်များကို ပြည့်မှီအောင် လုပ်ဆောင်နိုင်စေရန် အတွက်ရည်ရွယ်တိုက်တွန်း ထားပါသည်။
ဤနိုင်ငံတကာစနစ်၏ လိုအပ်ချက်အားလုံးသည် ယေဘုယျသဘောဖြစ်ပြီး မည်သည့်အဖွဲ့အစည်း၊ လုပ်ငန်းအရွယ် အစားမဆို(သို့) မည်သည့်ထုတ်ကုန်နှင့်ဝန်ဆောင်မှုအမျိုးအစားမဆို အသုံးပြုနိုင်ရန် စီစဉ်ထားခြင်းဖြစ်ပါသည်။
မှတ်ချက် ၁။ ။ဤနိုင်ငံတကာစံစနစ်သတ်မှတ်ချက်များမှာ Product or Services ထုတ်ကုန်(သို့) ဝန်ဆောင်မှု သည် စားသုံးသူဖောက်သည်များ၏ လိုအပ်ချက်ကိုဆိုလိုခြင်းဖြစ်ပါသည်။
မှတ်ချက် ၂။ ။ Statutory and Regulatory ၏လိုအပ်ချက်များသည် တရားဥပဒေအရ လိုအပ်ချက်များဖြစ်သည် ဟုမှတ်ယူရပါမည်။

2. Normative Reference စံအဖြစ်သတ်မှတ်ထားသည့်သတ်မှတ်ချက်များကို ကိုးကားအသုံးပြုခြင်း
ဤစာရွက်စာတမ်းများ၏တစ်ခုလုံးသော်၎င်း၊ တစ်စိတ်တစ်ဒေသသော်၎င်း၊ ထိုစာရွက်စာတမ်းတို့သည် စံသတ်မှတ်ချက် များကိုကိုးကား ထားသည့်စာရွက်စာတမ်းများဖြစ်ပြီး ၎င်းတို့ကိုမဖြစ်မနေ လိုက်နာရမည် ဖြစ်ပါသည်။ ရက်စွဲနှင့်ထုတ်ပြန်ထား သည့် ကိုးကားချက်များသည် အထောက်အထားနှင့်ကိုးကားပြသမှုကို လိုက်နာ ကျင့်သုံးရန်ဖြစ်ပြီး ရက်စွဲမပါသည့် ကိုးကားချက်များသည် စာရွက်စာတမ်းကိုးကားမှု၏ နောက်ဆုံး တည်းဖြတ်မှု ဖြစ်နိုင်ပြီး၊ နောက်ဆုံးပြောင်းလဲထားခြင်း လည်းဖြစ်ပြီး ၎င်းတို့ကိုလည်း လိုက်နာကျင့် သုံးရန်လိုအပ် ပါသည်။
ISO 9001:2015 Quality Management System - အခြေခံနှင့် ဝေါဟာရများ

3. Terms and Definitions (အခေါ်အဝေါ်နှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်များ-)
ဤစာတမ်း၏ရည်ရွယ်ချက်များမှာ ISO 9000:2015 တွင်ဖွင့်ဆိုထားသည့် အခေါ်အဝေါ်နှင့် အဓိပ္ပါယ် ဖွင့်ဆိုချက်များ ဖြစ်ပါသည်။

4. Content of Organization (အဖွဲ့အစည်း၏ အဓိကရည်ရွယ်ချက် အကြောင်းအရာ)
4.1 အဖွဲ့အစည်းသည် မိမိတို့၏ရည်ရွယ်ချက်နှင့် မဟာဗျူဟာကျ လမ်းညွန်ချက်များနှင့် ကိုက်ညီပြီး ၎င်းတို့၏ အရည်အသွေး မှီစီမံခန့်ခွဲမှုစနစ်ကို ထိခိုက်စေနိုင်သည့် ပြင်ပနှင့် ကုမ္ပဏီအတွင်း ကိစ္စများကို ဆုံးဖြတ်သတ်မှတ် ရပါမည်။
အဖွဲ့အစည်းအနေနှင့် ၎င်းသတ်မှတ်ထားသည့် ကုမ္ပဏီပြင်ပနှင့်ကုမ္ပဏီအတွင်းကိစ္စများကို စောင့်ကြည့် စစ်ဆေးပြီး လိုအပ် လျှင်လိုအပ်သလို ပြန်လည်သုံးသပ်ရမည်ဖြစ်ပါသည်။
မှတ်ချက် ၁။ ကိစ္စဆိုသည့်စကားရပ်တွင် အပြုသဘောဆောင်သည့် ကောင်းသည့်ကိစ္စ (သို့) အပျက် သဘော ဆောင်သည့် မကောင်းသည့်ကိစ္စများနှင့် တခြားထည့်သွင်းစဉ်းစားရမည့် အခြေအနေများ ပါဝင်ပါသည်။
မှတ်ချက် ၂။ ပြင်ပနှင့်သက်ဆိုင်သည့်ကိစ္စများကို နားလည်ခြင်း၌ ဥပဒေဆိုင်ရာ၊ နည်းပညာဆိုင်ရာ၊ ယှဉ်ပြိုင်မှု၊ ဈေးကွက်၊ ယဉ်ကျေးမှု၊လူမှုရေးနှင့်စီးပွားရေး ပတ်ဝန်းကျင်စသည်ကိစ္စတို့နှင့် အဆင်ပြေစေရန် ထည့်သွင်း စဉ်းစားရမည်ဖြစ်ပြီး ၎င်းတို့သည် နိုင်ငံတကာနှင့်သက်ဆိုင်သော၊ မိမိနိုင်ငံနှင့်သက်ဆိုင်သော၊ ဒေသဆိုင်ရာ(သို့)နယ်မြေဆိုင်ရာကိစ္စများကိုပါ ထည့်သွင်းစဉ်းစား ရမည်ဖြစ်ပါသည်။
မှတ်ချက် ၃။ မိမိအဖွဲ့အစည်းအတွင်းပိုင်းနှင့်သက်ဆိုင်သည့်ကိစ္စများကို နားလည်ခြင်းဆိုသည့် စကားရပ် တွင် ဝန်ထမ်းများ ကုမ္ပဏီအပေါ် ထားရှိသည့်တန်ဖိုး၊ ကုမ္ပဏီ၏ယဉ်ကျေးမှု၊ မိမိလုပ်ငန်းဆိုင်ရာ လိုအပ်သည့် အသိပညာနှင့် ကုမ္ပဏီ၏စွမ်းဆောင်ရည်များကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ပါသည်။

4.2 မိမိအဖွဲ့အစည်း (သို့) ကုမ္ပဏီအားစိတ်ဝင်စားသည့် အဖွဲ့အစည်းများ၏ လိုအပ်ချက်များနှင့် မျှော်လင့်ချက် များကို နားလည်သိရှိခြင်း-
မိမိအဖွဲ့အစည်းအား စိတ်ဝင်စားသည့်သူများကြောင့် အဖွဲ့အစည်းအား အကျိုးသက် ရောက်နိုင်မှု (သို့) ဖြစ်နိုင်ချေရှိ သည့်အကျိုးသက်ရောက်မှုဖြစ်သည့် စားသုံးသူဖောက်သည်များ၊ တရားဥပဒေဆိုင်ရာ လိုအပ်ချက်များကို မိမိတို့၏အဖွဲ့အစည်း အနေနှင့်အမြဲမပြတ်ပြည့်မှီအောင် လုပ်ဆောင်ပေးနိုင်ရန်မိမိတို့၏ အဖွဲ့အစည်းအနေ နှင့် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားရမည် ဖြစ်ပါသည်။
(က) QMS (အရည်အသွေးမှီစီမံခန့်ခွဲမှုစနစ်) နှင့်ပတ်သက်ပြီး စိတ်ဝင်စားသည့်အဖွဲ့အစည်း
(ခ) QMS စနစ်နှင့်ပတ်သက်ပြီး စိတ်ဝင်စားသည့်သူများ၏လိုအပ်ချက်များ
အဖွဲ့အစည်းအနေနှင့် မိမိကိုစိတ်ဝင်စားသည့်သူများနှင့် ၎င်းတို့၏လိုအပ်ချက်များနှင့် ပတ်သက်သည့် ကိစ္စရပ်များကို စောင့်ကြည့်ကြီးကြပ်ပြီး ရရှိလာသည့်သတင်းအချက်အလက်များကို ပြန်လည်သုံးသပ် ရမည်။

4.3 QMS စနစ်အတွက် မိမိတို့အဖွဲ့အစည်း၏ အဓိကလုပ်ဆောင်ချက်များကို သတ်မှတ်ရခြင်း။
QMS စနစ်နှင့်ပတ်သက်ပြီး မိမိတို့အဖွဲ့အစည်း၏အဓိကလုပ်ဆောင်မှုများ လုပ်ဆောင်နိုင်ရန် စည်းမျဉ်း’ စည်းကမ်း’ မူဘောင်များကို ချမှတ်ရပါမည်။
မိမိအဖွဲ့အစည်း၏ အဓိကလုပ်ဆောင်ချက်များကို ဆုံးဖြတ်သတ်မှတ်သည့်အခါတွင် အဖွဲ့အစည်း အနေနှင့် အောက်ပါ အချက်များကို ထည့်သွင်းစဉ်းစားရပါမည်။
(က) ကုမ္ပဏီအတွင်းနှင့်အပြင်မှကိစ္စများအတွက် ဥပဒေသ 4.1ကိုရည်ညွှန်းပါသည်။
(ခ) မိမိ၏အဖွဲ့အစည်းကိုစိတ်ဝင်စားသည့် သက်ဆိုင်ရာအဖွဲ့အစည်းများအတွက် ဥပဒေသ 4.2 ကို ရည်ညွှန်း ပါသည်။
(ဂ) မိမိကုမ္ပဏီ၏ ထုတ်ကုန်နှင့်ဝန်ဆောင်မှုများ
အဖွဲ့အစည်း အနေနှင့် ၎င်း၏ QMS စနစ်အရ မိမိ အဓိက လုပ်ဆောင်သည့် လုပ်ဆောင်မှုများကို သတ်မှတ် ပြီးပြီဆိုလျှင် နိုင်ငံတကာ စံစနစ်သတ်မှတ်ချက် များကို လိုက်နာရပါမည်။
မိမိအဖွဲ့အစည်း၏ QMS စနစ်အရ မိမိအဓိကလုပ်ဆောင်သည့် လုပ်ဆောင်မှုများကို စာရွက်စာတမ်း အနေနှင့် ထိန်းသိမ်းထားရမည်ဖြစ်ပြီး လိုအပ်လျှင် အသင့်ဖြစ်စေရန် စီမံထားရပါမည်။ မိမိအဓိက လုပ်ဆောင်သည့် လုပ်ဆောင်မှုများ (Scope) ကို သတ်မှတ် သည့်အခါ ထုတ်လုပ်သည့်ပစ္စည်း၊ ထုတ်ကုန် အမျိုးအစားနှင့် ဝန်ဆောင်မှု များကို ဖော်ပြရမည်ဖြစ်ပြီး နိုင်ငံတကာစံစနစ်နှင့် အညီမှန်ကန်စွာလုပ်ဆောင် ရမည်ဖြစ်သော်လည်း အဖွဲ့အစည်းအနေနှင့် ၎င်း QMS စနစ်၏အဓိကလုပ်ဆောင်သည့် လုပ်ဆောင်မှုများကို မလုပ်နိုင်ပါကလည်း Scope ထဲတွင်ဖော်ပြ၍မရပါ။
နိုင်ငံတကာစံစနစ်နှင့်ကိုက်ညီအောင် လုပ်ဆောင်မှုကို အတည်ပြုတင်ပြသည့်အခါ အကယ်၍ ထုတ်ကုန်၊ ဝန်ဆောင်မှု နှင့်ပတ်သက်သည့် တရားဝင်သတ်မှတ်ချက်များမရှိလျှင် အဖွဲ့အစည်း၏ စွမ်းဆောင်ရည်ကို မထိခိုက်ပါ (သို့) ၎င်းတို့ ထုတ်လုပ်သည့် ပစ္စည်းနှင့်ဝန်ဆောင်မှုတို့သည် ဖောက်သည်များ ၏ စိတ် ကျေနပ်မှုအတွက်ကို တိုးပွားအောင်လုပ်ဆောင်ခြင်းသာဖြစ်သည်။

4.4 QMS စနစ်နှင့် ၎င်း၏လုပ်ငန်းစဉ်များ-
4.4.1 အဖွဲ့အစည်းအနေနှင့် QMS စနစ်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ထိန်းသိမ်းပြီး စဉ်ဆက်မပြတ် တိုးတက်စေရန်အတွက် ၎င်း၏လိုအပ်သည့်လုပ်ငန်းစဉ်များ၊ လုပ်ငန်းစဉ်တစ်ခုနှင့်တစ်ခု ဆက်စပ် ထိတွေ့မှုများကို နိုင်ငံတကာစံစနစ်၏ လိုအပ်ချက်များနှင့်အညီ လုပ်ဆောင်ရပါမည်။
အဖွဲ့အစည်းအနေနှင့် QMS စနစ်အတွက် လိုအပ်သည့်လုပ်ငန်းစဉ်များကို ချမှတ်ရမည်ဖြစ်ပြီး ၎င်းတို့ကို ကျင့်သုံးရာတွင် အောက်ပါအချက်များကို လိုက်နာရမည်။
(က) ထိုလုပ်ငန်းစဉ်များအတွက် လိုအပ်သည့်ဖြည့်စွက်ရမည့်ကိစ္စများ (လူ၊ ပစ္စည်းကိရိယာနှင့် ကုန်ကြမ်း) နှင့် မျှော်လင့်ထား သည့်ထုတ်ကုန်များ (ထုတ်ကုန်နှင့်ဝန်ဆောင်မှုများ)ကို သတ်မှတ်ထား ရမည်ဖြစ်သည်။
(ခ) ထိုလုပ်ငန်းစဉ်များ၏ ဖြစ်စဉ်များနှင့် လုပ်ငန်းစဉ်တစ်ခုနှင့်တစ်ခု ဆက်နွယ်ခြင်းတို့ကိုလည်း သတ်မှတ်ထား ရပါမည်။
(ဂ) ထိုလုပ်ငန်းစဉ်များကို ထိရောက်သောလုပ်ဆောင်မှုများနှင့် ထိန်းချုပ်ကွပ်ကဲမှုရရှိစေရန်အတွက် နည်းလမ်းများ၊ သတ်မှတ်ချက်များကို ချမှတ်ရပါမည်။ ၎င်းတို့ကို ချမှတ်သတ်မှတ်သည့်အခါ စောင့်ကြည့် ကွပ်ကဲမှု များ၊ တိုင်းတာမှုများနှင့်တကွ သက်ဆိုင်ရာစွမ်းဆောင်ရည်ညွှန်းကိန်း (KPI=Key Performance Integration) တို့ကိုပါသတ်မှတ်ရပါမည်။
(ဃ) ထိုလုပ်ငန်းစဉ်များအတွက် လိုအပ်သည့်အရင်းအမြစ်များအား အမှန်တကယ် လုပ်ဆောင် နိုင်စွမ်း ရှိအောင် လုပ်ဆောင်ထားရပါမည်။
(င) ထိုလုပ်ငန်းစဉ်များအတွက် တာဝန်များ၊လုပ်ပိုင်ခွင့်များကိုလည်း သတ်မှတ်ထားပေးရပါမည်။
(စ) ဥပဒေသ 6.1 ၏လိုအပ်ချက်အရ (Risk & Opportunity) စွန့်စားရမှုနှင့် ရရှိမည့် အခွင့်အလမ်းများ ကိုလည်း ကြိုတင် ရေးမှတ်ထားရမည်ဖြစ်ပါသည်။
(ဆ) ထိုလုပ်ငန်းစဉ်များနှင့် အပြောင်းအလဲပြုလုပ်မှုအားလုံးကို ပြန်လည်သုံးသပ်ရမည်ဖြစ်ပြီး မိမိ လိုချင် သည့်ရလဒ်များ ရရှိစေရန် အတွက် ကြိမ်းသေအောင်လုပ်ဆောင်ရမည်ဖြစ်ပါသည်။
(ဇ) QMS စနစ်နှင့် မိမိလုပ်ငန်းစဉ်များကိုတိုးတက်အောင်လုပ်ဆောင်ရမည်ဖြစ်ပါသည်။

4.4.2 အဖွဲ့အစည်းအနေနှင့် နောက်ထပ်မရှိမဖြစ်လိုအပ်ချက်များမှာ-
(က) ထိုလုပ်ငန်းစဉ်များ၏ လုပ်ဆောင်မှုများကို အထောက်အကူပြုစေနိုင်ရန် အတွက် စာရွက်စာတမ်းများ ပြုစုထားရပါ မည်။
(ခ) လုပ်ငန်းစဉ်များစီစဉ်ထားသည့်အတိုင်း လုပ်ဆောင်ခဲ့သည်ဆိုသည်ကို ယုံကြည်မှုရှိစေရန်အတွက် စာရွက်စာတမ်း များကို သက်သေခံအဖြစ် လိုအပ်သလို ထိန်းသိမ်းထားရန်လိုအပ်ပါသည်။
ဆက်လက်ဖေါ်ပြပါဦးမည်။
အရည်အသွေးမီ စီမံခန့်ခွဲမှုစနစ်အတွက် သင်တန်းရယူလိုသော ကုမ္ပဏီများနှင့် အကောင်အထည်ဖော် ကျင့်သုံးလိုသော ကုမ္ပဏီများအနေဖြင့် ကျွန်တော်တို့ ကုမ္ပဏီ၏ ဝန်ဆောင်မှုများကို ရယူလိုပါက Page Messenger သို့ ဖုန်းနံပါတ်နှင့်အမည်ထားခဲ့ပေးခြင်း (သို့) Ph:09780 407074 သို့ ဆက်သွယ်နိုင်ပါသည်။

PDCA စက်ဝန်းကို အောက်ပါအတိုင်း အကျဉ်းချုပ်ရှင်းပြထားပါသည်။Plan   (အစီအစဉ်ရေးဆွဲခြင်း) ဖောက်သည်များ၏ စိတ်ကျေနပ်မှု အဖွဲ့အ...
09/09/2023

PDCA စက်ဝန်းကို အောက်ပါအတိုင်း အကျဉ်းချုပ်ရှင်းပြထားပါသည်။
Plan (အစီအစဉ်ရေးဆွဲခြင်း) ဖောက်သည်များ၏ စိတ်ကျေနပ်မှု အဖွဲ့အစည်း၏ မူဝါဒနှင့် အန္တာရာယ်ရှိနိုင် မှုနှင့် အခွင့်အလမ်းများနှင့် ကိုက်ညီစေရန် လိုအပ်သည့် ရလာဒ်များ ရရှိစေရန်နှင့် စနစ်၏ ရည်မှန်းချက်များကို ချမှတ်ရမည်။
Do (လုပ်ဆောင်မှု) အစီအစဉ်ရေးဆွဲထားသည့်အတိုင်း လုပ်ဆောင်အကောင်အထည်ဖော်ရန်။
Check (ပြန်လည်စစ်ဆေးခြင်း) မူဝါဒများ၊ ရည်မှန်းချက်များနှင့် အညီ မိမိ၏ထုတ်ကုန်နှင့် ဝန်ဆောင်မှု အတွက် လိုအပ်ချက်များအတွက် အစီအစဉ် ချမှတ်ထားသည့် လုပ်ဆောင်မှုများ အားလုံး၏ ရလဒ်များ ကို ပြန်လည် စိစစ် တိုင်းတာ နိုင်သော လုပ်ငန်းစဉ်များကို စောင့်ကြည့်စစ်ဆေးရမည်ဖြစ်ပြီး ၎င်း၏ရလဒ်ကို Top Management (ထိပ်တန်းစီမံခန့်ခွဲသည့်အဖွဲ့) သို့ တင်ပြအစီရင်ခံရမည်ဖြစ်ပါသည်။
Act (လုပ်ဆောင်မှု) စွမ်းဆောင်ရည်တိုးတက်စေရန်အတွက် လိုအပ်သလို လုပ်ဆောင် ရမည် ဖြစ်ပါသည်။
0.3.3 Risk Based Thinking မိမိလုပ်ငန်း (သို့) အဖွဲ့အစည်းအတွက် အန္တရာယ်ရှိနိုင်သည့် အခြေအနေ အပေါ် အခြေခံထား၍ စဉ်းစားခြင်း
ဤ Risk Based Thinking (RBT)(ဥပဒေသ (A.4)ကိုကြည့်ပါ) သည် QMS စနစ်ကို ထိထိရောက်ရောက် အောင်အောင်မြင်မြင် ရရှိစေရန်အတွက်မရှိမဖြစ်ကိစ္စဖြစ်ပါသည်။ RBTအယူအဆသည် ယခင်နိုင်ငံတကာ စနစ် ဖြစ်သည့် ISO 9001:2008 edition ကိုအနည်းငယ်ပြောင်းလဲ၍ (ဥပမာ-မလိုလားအပ်သည့်ကိစ္စများ non conformities) ဖြစ်ပေါ်နေခြင်းကို လေ့လာစမ်းစစ် ပြီးဖြစ်လာ နိုင်ချေ ရှိသည့် ပြဿနာများကို ကြိုတင် ကာကွယ် ခြင်းနှင့် နောက်နောင်တွင် မလိုလားအပ်သည့် ကိစ္စများကို နောက်ထပ်တဖန် မဖြစ်စေရန် ထိထိ ရောက်ရောက် ကာကွယ်တားဆီးနိုင်ရန် သင့်လျှော်သော လုပ်ဆောင် မှုများကို လုပ်ဆောင်ရခြင်း ဖြစ်ပါသည်။
နိုင်ငံတကာစံစနစ်များ၏လိုအပ်ချက်များနှင့် ကိုက်ညီစေရန်အတွက် အဖွဲ့အစည်းအနေနှင့် (Risk & Opportunity) အန္တရာယ်ရှိနိုင်မှုနှင့် အခွင့်အလမ်းများ နှင့်ပတ်သက်သည့် ကိစ္စအားလုံးကို ကြိုတင်အစီအစဉ် ချမှတ်ခြင်း၊ ၎င်းတို့အားအကောင် အထည်ဖော်ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင် ရမည်ဖြစ်ပါသည်။ ယခုကဲ့သို့ (RBT) ကို စတင်လုပ်ဆောင်ခြင်းသည် QMS စနစ်ကို ပိုပြီးထိထိရောက်ရောက် လုပ်ဆောင်နိုင်ရန် အတွက် အခြေခံတစ်ခုပြီး၊ မလိုလားအပ်သည့် ကိစ္စများကိုလည်း ကာကွယ်ထားပြီးဖြစ်ပါသည်။
အခွင့်အလမ်းများသည် မိမိအဖွဲ့အစည်းမှ ရရှိလိုသည့် ရလဒ်များရရှိစေရန်အတွက် အထောက်အကူပြုသည့်
အခြေအနေကို ဖြစ်စေပါသည်။ ဥပမာအနေနှင့် ဖောက်သည်များကို ဆွဲဆောင်နိုင်စေရန်၊ ထုတ်ကုန် ပစ္စည်း အသစ်များ နှင့်ဝန်ဆောင်မှု အသစ်များကို ဖန်တီးနိုင်ရန်၊ မလိုလား အပ် သည့်ဆုံးရှုံးမှု ကုန်ကျစရိတ် များကို လျှော့ချ နိုင်ရန် (သို့) ကုန်ထုတ်စွမ်းအားတိုးတက်စေရန် အခြေအနေများ ကိုဖြစ်ပေါ်စေပါသည်။ အခွင့်အလမ်း ရရှိစေရန် လုပ်ဆောင်မှုများတွင် အန္တရာယ်ရှိနိုင်မှုကိုလည်း ထည့်သွင်း စဉ်းစားရပါမည်၊ အန္တရာယ်ရှိနိုင်မှု သည်လည်း ကြိမ်းသေပေါက် မဖြစ်နိုင်သောကြာင့် ၎င်းသည်လည်း၊ ကောင်းသည့်ရလဒ် (သို့) ဆိုးသည့် ရလဒ် ကိုလည်း ရစေနိုင်ပါသည်။ အန္တရာယ်ရှိနိုင်မှုသည်လည်း ကောင်းသည့် အခွင့်အလမ်း အနေနှင့် ဖြစ်လာနိုင်ပါသည်။ သို့သော် ကောင်းနိုင်သော အခြေအနေ အားလုံးသည်လည်း အခွင့်အလမ်း အဖြစ် ဖြစ်လာနိုင်မည် မဟုတ်ပါ။
0.4 အခြားသောစီမံခန့်ခွဲမှု စနစ်များနှင့် ဆက်နွယ်မှု
ဤနိုင်ငံတကာစံစနစ်များ သတ်မှတ်ခြင်း ISO အဖွဲ့အစည်းမှ မူဘောင်အနေနှင့် လိုက်နာကျင့်သုံးရန် သတ်မှတ်ထား ခြင်းဖြစ်ပြီး ရည်ရွယ်ချက်မှာ စီမံခန့်ခွဲမှုစနစ်များအတွက် နိုင်ငံတကာစံစနစ်များကို ပေါင်းစည်း လုပ်ဆောင်ခြင်းဖြင့် တိုးတက်မှု ရရှိအောင်ဆောင်ရွက်ထားခြင်းဖြစ်ပါသည်။ (ဥပဒေသ A.1)
ဤနိုင်ငံတကာစံစနစ်သတ်မှတ်ချက်သည် အဖွဲ့အစည်းအနေနှင့် လုပ်ငန်းစဉ်များကို ချဉ်းကပ်မှုနှင့် အတူ PDCA စက်ဝန်းနှင့် RBT တို့ကို အတူအကွ လုပ်ဆောင်င်္ပြီး အခြားသော စီမံခန့်ခွဲမှု စနစ်များ၏ လိုအပ်ချက် များကို အတူတကွ ပူးပေါင်း လုပ်ဆောင်နိုင်စေရန် စီစဉ်ထားခြင်းဖြစ်ပါသည်။
နိုင်ငံတကာစံစနစ်များဖြစ်သည့် ISO 9000 နှင့် ISO 9004 တို့တွင် ဆက်စပ်မှု များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ISO 9000 အရည်အသွေးမှီ စီမံခန့်ခွဲမှုစနစ်များ - ဤနိုင်ငံတကာစံစနစ်ကို မှန်မှန်ကန်ကန်နားလည်ပြီး လုပ်ဆောင်အကောင်အထည် ဖော်နိုင်ရန် အတွက်မရှိမဖြစ် လိုအပ်သည့် အခြေခံဝေါဟာရများနှင့် သမိုင်းကြောင်း များကို တင်ပြထားခြင်းဖြစ်ပါသည်။
ISO 9004 အဖွဲ့အစည်းကို အကျိုးပြုပြီး အောင်မြင်မှုရရှိမည့် စီမံခန့်ခွဲမှုစနစ်-
အရည်အသွေးမှီ စီမံခန့်ခွဲမှုစနစ်သည် အဖွဲ့အစည်းအတွက် လမ်းညွှန်ချက်များကို ပေးထားခြင်းဖြစ်ပြီး ၎င်းအနေနှင့် နိုင်ငံတကာစံစနစ်များ၏ လိုအပ်ချက်များထက် ပိုမိုကောင်းစွာ လုပ်ဆောင် နိုင်ရန်လည်း အခွင့်အရေးပေးထားပါသည်။
Annex နောက်ဆက်တွဲ B. အရည်အသွးမှီစီမံခန့်ခွဲမှုစနစ်အတွက် အခြားသောနိုင်ငံတကာ စံစနစ် သတ်မှတ်ချက် များ ကို ISO/TC 176 မှ ထုတ်ပြန်သတ်မှတ်ထားခြင်းဖြစ်ပါသည်။
ဤနိုင်ငံတကာစံစနစ်တွင် အခြားသောစီမံခန့်ခွဲမှုစနစ်များဖြစ်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး စီမံခန့်ခွဲမှု၊ လုပ်ငန်းခွင် ကျန်းမာရေးနှင့်အန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲမှု(သို့)ငွေကြေးနှင့် ပတ်သက်သည့် စီမံခန့်ခွဲမှုတို့ အတွက် တိကျစွာသတ်မှတ်ထားခြင်း မရှိပါ။
အရည်အသွေးမှီ စီမံခန့်ခွဲမှုစနစ်၌ တိကျစွာဖော်ပြထားသော အခန်းကဏ္ဍများသည် လုပ်ငန်း အမျိုးအစား များစွာအတွက် အခြေခံပြီး နိုင်ငံတကာစံစနစ်သတ်မှတ်ချက်များ၏လိုအပ်ချက်အတိုင်း ရေးဆွဲထားခြင်း ဖြစ်ပါသည်။ အရည်အသွေးမှီစီမံခန့်ခွဲ မှုစနစ်၏လိုအပ်ချက်များတွင် နောက်ထပ် စံစနစ် သတ်မှတ်ချက်များ ထည့်ပေါင်းထား သော်လည်း တချို့သောထူးခြားသည့် လုပ်ငန်းအမျိုး အစားများတွင် ဤနိုင်ငံတကာ စံချိန်စံညွှန်းများကို လိုက်နာ စေရန် အတွက် လမ်းညွှန်နိုင်မှုမှာ အတိုင်းအတာ အကန့် အသတ်တစ်ခု အထိသာရှိပါသည်။
ဤနိုင်ငံတကာစံစနစ်နှင့် ယခင် ISO 9001:2008 အတွက်တို့၏ အချင်းချင်းဆက်နွယ်မှုများကို ISO/TC 176/ SC 2 website ဖြစ်သည့် www.iso.org/tc176/sc02/public တွင် ရှာဖွေကြည့်ရှုနိုင် ပါသည်။

ကျွန်တော်တို့၏ Business Development & Innovation company အနေဖြင့် ကုမ္ပဏီပေါင်းများစွာအား အရည်အသွေးမီ စီမံခန့်ခွဲမှု စနစ...
17/08/2023

ကျွန်တော်တို့၏ Business Development & Innovation company အနေဖြင့် ကုမ္ပဏီပေါင်းများစွာအား အရည်အသွေးမီ စီမံခန့်ခွဲမှု စနစ်များ သင်တန်းပို့ချပေးခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ခြင်း စသည့် အတွေ့အကြုံများအပေါ်အခြေခံ၍ အရည်အသွေးမီ စီမံခန့်ခွဲမှုစနစ်၏ လိုအပ်ချက်များကို မိခင်မြန်မာဘာသာ စကားဖြင့် လွယ်ကူရိုးရှင်းစွာ လူအများနားလည်စေရန် အတွက် ဘာသာပြန်ဆိုထားပြီးဖြစ်၍ အပတ်စဉ် အပိုင်းတစ်ပိုင်းစီခွဲ၍ တင်ပြပေးမည်ဖြစ်ပါသည်။
ယခုတင်ပြမည့် အရည်အသွေးမီ စီမံခန့်ခွဲမှုစနစ်သည် နိုင်ငံတကာတွင် ကျင့်သုံးသည့် စီမံခန့်ခွဲမှုစနစ် အားလုံးနီးပါးအတွက် အခြေခံအကျဆုံး စီမံခန့်ခွဲမှုစနစ်ဖြစ်သည့်အတွက် အရည်အသွေးမီ စီမံခန့်ခွဲမှုစနစ်အား အခြေခံကျကျသေချာစွာနားလည်သိရှိမှသာလျှင် တခြားသောစီမံခန့်ခွဲမှု စနစ်များအား ဆက်လက်လေ့လာခြင်း အကောင်အထည်ဖော်ဆောင်ခြင်းတို့တွင် ပိုမိုနားလည်နိုင်မည်ဖြစ်ပါသည်။
စိတ်ပါဝင်စားသူ အသိပညာရှင်များအနေဖြင့် ဝင်ရောက် ဆွေးနွေးလိုပါက ဆွေးနွေးနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။
အရည်အသွေးမီ စီမံခန့်ခွဲမှုစနစ်အတွက် သင်တန်းရယူလိုသော ကုမ္ပဏီများနှင့် အကောင်အထည်ဖော် ကျင့်သုံးလိုသော ကုမ္ပဏီများအနေဖြင့် ကျွန်တော်တို့ ကုမ္ပဏီ၏ ဝန်ဆောင်မှုများကို ရယူလိုပါက Page Messenger သို့ ဖုန်းနံပါတ်နှင့်အမည်ထားခဲ့ပေးခြင်း (သို့) Ph:09780 407074 သို့ ဆက်သွယ်နိုင်ပါသည်။

ISO 9001:2015 Quality Management System Requirement
မိတ်ဆက်
0.1 အထွေထွေ
အရည်အသွေးမီစီမံခန့်ခွဲမှုစနစ်ကို ကျင့်သုံးခြင်းသည် မိမိတို့အဖွဲ့အစည်းအတွက် မဟာဗျူဟာကျ ဆုံးဖြတ်ချက်ဖြစ်ပြီး ၎င်းစနစ်သည် အဖွဲ့အစည်းအတွင်းရှိ ဌာနအားလုံး၏ စွမ်းဆောင်ချက်များကို တိုးတက်အောင် လုပ်ဆောင်ပေးပြီး ၊ အဖွဲ့အစည်း၏တိုးတက်မှုများ၊ စဉ်ဆက်မပြတ်တိုးတက်မှုများကို ထိန်းသိမ်းပေး နိုင်မည် ဖြစ်ပါသည်။
ဤနိုင်ငံတကာစနစ်ကို အကောင်အထည်ဖေါ်လုပ်ဆောင်ခြင်းဖြင့် ရရှိနိုင်သော အကျိုးအမြတ် များမှာ-
(က) မိမိ၏အဖွဲ့အစည်းမှ ထုတ်လုပ်သည့်ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုသည် စားသုံးသူနှင့် ပြဌာန်းထားသော ဥပဒေနှင့် အမြဲတမ်းကိုက်ညီမှုရှိအောင် လုပ်နိုင်စွမ်းရှိပါမည်။
(ခ) စားသုံးသူများ၏ စိတ်ကျေနပ်မှုကို ပိုမိုရရှိစေရန်လည်း အခွင့်အလမ်းများ ပိုမိုရရှိလာ ပါမည်။
(ဂ) မိမိအဖွဲ့အစည်း၏ အဓိကရည်ရွယ်ချက်၊ လုပ်ဆောင်မှုနှင့်ပတ်သက်ပြီး ဖြစ်နိုင်ချေရှိသည့် (Risk) အန္တရာယ်ရရှိနိုင်မှုနှင့် (Opportunity) အခွင့်အလမ်းများကို ကြိုတင်ဖော်ဆောင် သတ်မှတ်ထား နိုင်မည်ဖြစ်သည်။
(ဃ) အရည်အသွေးမှီ စီမံခန့်ခွဲမှုစနစ်၏ လိုအပ်ချက်များအတိုင်းလုပ်ဆောင်နိုင်မှုကို သက်သေပြသ နိုင်ပါမည်။
ဤနိုင်ငံတကာစနစ်ကို မိမိ၏အဖွဲ့အစည်းအတွင်းမှာ၎င်း၊ တခြားပြင်ပအဖွဲ့အစည်းများနှင့် ဆက်ဆံရာတွင် ၎င်း အသုံးပြုနိုင်ပါသည်။
ဤနိုင်ငံတကာစံချိန်စံနှုန်စနစ်သည် အောက်ပါအချက်များနှင့် ကိုက်ညီရမည်ဟုမဆိုလိုပါ။
- တခြားသော၊မတူညီသောစနစ်များနှင့် ကိုက်ညီရန်မလိုပါ။
- နိုင်ငံတကာစနစ်၏ ပြဌာန်းချက် ပုဒ်မများသည် တခြားသော ကုမ္ပဏီများ၏ စာရွက်စာတမ်းများနှင့်လည်း ကိုက်ညီစေရန် မလိုအပ်ပါ။
- ဤနိုင်ငံတကာစနစ်သည် အဖွဲ့အစည်းအတွင်းရှိသည့် အခေါ်အဝေါ်များကို မိမိတို့ ကြိုက်သလို ခေါ်ဆို နိုင်ပါသည်။
- ဤနိုင်ငံတကာ စံနှုန်းတွင် ဖော်ပြထားသော အရည်အသွေးစီမံခန့်ခွဲမှုစနစ် လိုအပ်ချက်များသည် ထုတ်ကုန်နှင့် ဝန်ဆောင်မှုများအတွက် လိုအပ်ချက်များနှင့် ပြည့်စုံစေရန် ဖြစ်သည်။

ဤနိုင်ငံတကာစနစ်သည်၊ လုပ်ငန်းစဉ်ချဉ်းကပ်မှုကို အသုံးပြုထားပြီး ၎င်း နှင့်အတူ (Plan, Do, Check, Act) (PCDA) Cycle အစီအစဉ်ရေးဆွဲခြင်း၊ လုပ်ဆောင်ခြင်း၊ ပြန်လည်စိစစ်ခြင်းနှင့် လိုအပ်သည်များကို လုပ်ဆောင်ခြင်း နှင့် PDCA Cycle အတိုင်း လုပ်ဆောင်ရမည် ဖြစ်ပြီး Risk Based Thinking ဆိုသည့် မိမိလုပ်ငန်း အတွက် အန္တရာယ်ရှိနိုင်မှု၊ စွန့်စားရနိုင်မှုတို့ကိုပါထည့်သွင်း စဉ်းစားရမည်ဖြစ်ပါသည်။
လုပ်ငန်းစဉ် ချဉ်းကပ်ခြင်းသည် အဖွဲအစည်းအတွင်းရှိ ဌာနများ တစ်ခုနှင့်တစ်ခု ဆက်စပ် လုပ်ဆောင်မှု အပေါ်မူတည်၍ လုပ်ငန်းစဉ်နှင့် လုပ်ပုံလုပ်နည်း များကို အစီအစဉ်ချမှတ်ခြင်း ဖြစ်သည်။
ဤ PDCA စက်ဝိုင်းသည် အဖွဲ့အစည်း၏ လုပ်ငန်းစဉ်များအား လိုအပ်သည့်အရင်းအမြစ်များကို ပြည့်စုံစွာ ထောက်ပံ့နိုင်ပြီး နောက်ထပ်တိုးတက်မှုများ ရရှိအောင်လုပ်ဆောင်နိုင်ရန် အခွင့်အလမ်း များစွာ ရရှိစေမည် ဖြစ်ပါသည်။
(Risk Based Thinking) အန္တရာယ်ရှိနိုင်မှုကို ကြိုတင်စဉ်းစားထားခြင်းကြောင့် စီစဉ်ထားသည့် QMS စနစ်နှင့် လုပ်ငန်းစဉ်များကို ထိခိုက်သွေဖယ်စေမည့်ကိစ္စများကို အဖွဲ့အစည်းမှ ကြိုတင် သိရှိဖော်ထုတ် နိုင်မည် ဖြစ်ပါသည်။ ထို့အပြင် မလိုလားအပ်သည့် ကိစ္စများကိုလည်း အနည်းဆုံး ဖြစ်အောင် လျော့ချ နိုင်မည် ဖြစ်ပြီး၊ ဤကဲ့သို့ ကြိုတင်ကာကွယ်တားဆီးနိုင်မှု ကြောင့် မိမိ၏အဖွဲ့အစည်းအတွက် အခွင့်အရေး များကို အများဆုံး ရရှိအောင် စွမ်းဆောင်နိုင်မည်ဖြစ်ပါသည်။ (ပုဒ်မ A.4)
ပတ်ဝန်းကျင်ဆိုင်ရာတိုးတက်တောင်းဆိုမှုနှင့်ခက်ခဲမှုများ၏ လိုအပ်ချက်များကို အမြဲတစေ ကိုက်ညီ ရန်နှင့် အနာဂတ်၏ လိုအပ်ချက်နှင့် မျှော်လင့်ချက်များကို သတ်မှတ်ခြင်းသည် အဖွဲ့အစည်း အတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်ပါသည်။ ယခုကဲ့သို့ ရည်မှန်းချက်တွေပြည့်မှီစေရန်အတွက် အဖွဲ့အစည်း အနေနှင့် လိုအပ်သည့် နည်းမျိုးစုံဖြင့် တိုးတက်မှုရရှိအောင် ပြုပြင်ဆောင်ရွက်ခြင်းနှင့် အဆက်မပြတ် တိုးတက်မှု ရရှိအောင် ဆောင်ရွက်ကြရမည် ဖြစ်ပါ သည်။ ဥပမာ- အပြောင်းအလဲတွင် အခက်အခဲများ ကို ကျော်ဖြတ် နိုင်ခြင်း၊ ဆန်းသစ်တီထွင်မှုနှင့် အဖွဲ့အစည်းကို ပြန်လည် ဖွဲ့စည်းတည်ဆောင်ခြင်းတို့ဖြစ်ပါသည်။
ဤနိုင်ငံတကာစံစနစ်သတ်မှတ်မှုစနစ်တွင် အောက်ပါစကားရပ်များကိုအသုံးပြုပါသည်။
“Shall” ဟူသည့်စကားလုံးသည် လိုအပ်ချက် လုပ်ကိုလုပ်ရမည့် ကိစ္စဖြစ်ပါသည်။
“Should” ဟုသုံးလျှင် ပြုလုပ်သင့်သည်ဟူသည့် အကြံပြုချက်ဖြစ်ပါသည်။
“May” ဟုသုံးလျှင် ခွင့်ပြုချက်တောင်းဆိုခြင်းဖြစ်သည်။
“Can” ဟုသုံးလျှင် ဖြစ်နိုင်ချေ(သို့)လုပ်နိုင်စွမ်းကို ဆိုလိုခြင်းဖြစ်သည်။
“Note” ဟုသတင်းပေးချက်ရှိလျှင် ၎င်းသည်လိုအပ်ချက်များနှင့်ပတ်သက်၍ ရှင်းပြချက် (သို့) နားလည် စေရန် ဖြစ်ပါသည်။
0.2 စံစနစ် ရည်ညွန်းချက်များ
International Standard ဟုဆိုသည့် နိုင်ငံတကာစံစနစ်သည် အရည်အသွးမီစီမံခန့်ခွဲမှုစနစ် (ISO 9000) ပေါ်တွင် အခြေခံပါသည်။ ဖေါ်ပြချက်များ၌ ဥပဒေသတစ်ခုချင်း၏ ရှင်းလင်း ချက်များပါဝင်ပြီး မည်သည့် အတွက်ကြောင့် ၎င်းဥပဒေများသည် မိမိ၏ အဖွဲ့အစည်း တိုးတက်မှု အတွက် အရေးကြီးကြောင်း ကိုလည်း ရှင်းပြထားပါသည်။ တချို့သော ဥပမာများသည် ဉပဒေသများနှင့် တွဲ၍ ရရှိလာသော အကျိုးကျေးဇူးများနှင့် တချို့သောဥပမာများသည် ဤဥပဒေသများအား လိုက်နာ ကျင့်သုံး ခြင်းကြောင့် မိမိအဖွဲ့အစည်း၏ စွမ်းဆောင်ရည်ကို တိုးတက်လာသည့် အကျိုးအမြတ်များကို ရရှိ စေပါသည်။
အရည်အသွေးမှီ စီမံခန့်ခွဲမှု၏ဥပဒေသများမှာ
- ဝယ်သူများကို အာရုံစူးစိုက်ခြင်း
- ဦးဆောင်နိုင်မှု
- လူအများနှင့်ပူးပေါင်းလုပ်ဆောင်နိုင်မှု
- လုပ်ငန်းစဉ်ကိုချဉ်းကပ်ခြင်း
- တိုးတက်မှု
- သက်သေအထောက်အထားအပေါ်မူတည်၍ ဆုံးဖြတ်ချက်ချခြင်း
- လူမှုဆက်ဆံရေးအပေါ်၌ စီမံခန့်ခွဲခြင်း

0.3 လုပ်ငန်းစဉ်ကို ချဉ်းကပ်ခြင်း
0.3.1 အထွေထွေ
ဤနိုင်ငံတကာစံစနစ်သတ်မှတ်မှုသည် စားသုံးသူများ၏ လိုအပ်ချက်များအတိုင်း ၎င်းတို့ကို စိတ်ကျေနပ်မှု ရရှိစေရန် အတွက် QMS စနစ်ကို စတင်လုပ်ဆောင်ခြင်း၊ဆောင်ရွက်နေခြင်းနှင့် ထိရောက်သောတိုးတက်မှုများ ရရှိစေရန်အတွက် လုပ်ငန်းစဉ်ကလေးများကို ချဉ်းကပ်သည့်နည်းကို အသုံးပြု ထားပါသည်။ တချို့သောတိကျသည့် သတ်မှတ်ချက်၊လိုအပ်ချက်များကို ပုဒ်မ 4.4 အရ လုပ်ငန်းစဉ် ချဉ်းကပ်မှု၌ ထည့်သွင်းထားပါသည်။
မိမိအဖွဲ့အစည်း၏ လုပ်ငန်းစဉ်များတစ်ခုနှင့်တစ်ခု ဆက်စပ်နေမှုကို ကောင်းစွာနားလည်ပြီး စီမံခန့်ခွဲ နိုင်လျှင် မိမိအဖွဲ့ အစည်းမှ မျှော်မှန်းထားသည့်ရလဒ်များကို ထိထိရောက်ရောက်နှင့် အချိန်တိုတိုအတွင်း ရရှိစေနိုင်မည်ဖြစ်ပါသည်။ ဤစနစ်သည် အဖွဲ့အစည်းအတွင်း အပြန်အလှန်ဆက်ဆံမှု၊ တစ်ဦးနှင့် တစ်ဦး အထောက်အကူပြုမှုတို့ကို ကောင်းစွာထိန်းချုပ် နိုင်မည်ဖြစ်သည့်အတွက် အဖွဲ့အစည်း၏ အလုံးစုံသော လုပ်ဆောင် ချက်များကိုတိုးတက်စေနိုင်မည်ဖြစ်ပါသည်။
ဤလုပ်ငန်းစဉ်ကို ချဉ်းကပ်ဆောင်ရွက်ခြင်း၌ စနစ်တကျသတ်မှတ်ထားသည့် သတ်မှတ်ချက်များ ပါဝင်ပြီး၊ လုပ်ငန်းစဉ်များနှင့် ၎င်းလုပ်ငန်းစဉ်များ၏ အပြန်အလှန်ဆက်စပ်မှုများကို စီမံခန့်ခွဲခြင်း တို့ပါဝင် ပါသည်။ ထို့ကြောင့် အဖွဲ့အစည်း၏ ရည်ရွယ်ချက်များအတိုင်း အရည်အသွေးမီမူဝါဒနှင့် နည်းဗျူဟာတို့၏ ရည်ရွယ်ချက်ကို ပြည့်မှီစေနိုင်မည်ဖြစ်ပါသည်။ စီမံခန့်ခွဲမှုစနစ်ကြီးတစ်ခုလုံးနှင့် ၎င်း၏ လုပ်ငန်းစဉ် များကို စီမံခန့်ခွဲခြင်း PDCA (ပုဒ်မ 0.3.2 ကိုကြည့်ပါ) ကို အသုံးပြုခြင်းနှင့် ကုမ္ပဏီ၏ အလုံးစုံသော အန္တရာယ်ရှိနိုင်မှု (0.3.3 ကိုကြည့်ပါ) ကိုထည့်သွင်း စဉ်းစားခြင်းဖြင့် ကုမ္ပဏီအတွက် အားသာချက်၊ အခွင့်အလမ်းများကို ရရှိမည်ဖြစ်ပြီး မလိုလား အပ်သည့် ရလဒ်များကို ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ပါသည်။
ယခု QMS စနစ်ထဲ၌ လုပ်ငန်းစဉ်များအပေါ်ချဉ်းကပ်လေ့လာခြင်းအားဖြင့်
(က) မိမိ၏ထုတ်ကုန်ပစ္စည်း(သို့) ဝန်ဆောင်မှုများအတွက် လိုအပ်ချက်များကို သိရှိနားလည်ပြီး အမြဲတမ်းပြည့်မှီအောင် လုပ်ဆောင် နိုင်မည်ဖြစ်ပါသည်။
(ခ) မိမိ၏ထုတ်ကုန်(သို့) ဝန်ဆောင်မှုကို တန်ဖိုးမြှင့်တင်စေရန်အတွက် လုပ်ငန်းစဉ်များကို စဉ်းစား ဆုံးဖြတ် လာနိုင်မည်ဖြစ်ပါသည်။
(ဂ) လုပ်ငန်းစဉ်များ၏ လုပ်ဆောင်ချက်များကို ထိရောက်အောင်မြင်စွာ လုပ်ဆောင်နိုင်မည် ဖြစ်ပါ သည်။
(ဃ) လုပ်ငန်းစဉ်များကို သတင်းအချက်အလက်နှင့် ရရှိထားသည့်သတင်းများကို ပြန်လည် သုံးသပ်ခြင်းဖြင့် ပိုမိုတိုးတက်အောင် လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။
ပုံ ၁ သည် မည်သည့် လုပ်ငန်းစဉ်အတွက်မဆို ၎င်းတို့တစ်ခုနှင့် တစ်ခု အပြန်အလှန် ဆက်နွယ်နေသည့် ရုပ်ပုံကားချပ်ဖြစ်ပါသည်။ လုပ်ငန်းစဉ် တစ်ခုချင်းစီနှင့် ၎င်းတို့ သွေဖယ်ခဲ့လျှင် ဖြစ်လာနိုင်သည့် အန္တရာယ် ရှိမှုများအတွက် ထိန်းချုပ်ရန် လိုအပ်သည့် စောင့်ကြည့်ကွပ်ကဲပြီး တိုင်းတာရမည့် အချက်များကို တိတိကျကျ ဖော်ပြထားပါသည်။

Address

No. 101, 42 Street, Botataung Township
Yangon

Website

Alerts

Be the first to know and let us send you an email when ISO Certificate Myanmar - Business Development & Innovation Company posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share