Winner DV

Call Website Contact the business

Winner DV PASSPORT QR, DV LOTTERY & US VISA SERVICES

🌹🌿 #ဝါဆိုလပြည့်နေ့၏ ထူးခြားချက်များ🌹🌿           ••••••••••••••••••••••••••••••••••မြန်မာ့ရိုးရာ ၁၂ လ ရှိသည့်အနက် ဝါဆိုလပ...
28/07/2026

🌹🌿 #ဝါဆိုလပြည့်နေ့၏ ထူးခြားချက်များ🌹🌿
••••••••••••••••••••••••••••••••••
မြန်မာ့ရိုးရာ ၁၂ လ ရှိသည့်အနက် ဝါဆိုလပြည့်နေ့သည်-
၁။ ဂေါတမဘုရားလောင်း ပဋိသန္ဓေနေသော နေ့ဖြစ်၍ ထူးခြားခြင်း၊
၂။ ဂေါတမဘုရားလောင်း၊ တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၃။ ဂေါတမမြတ်စွာဘုရား၊ ဓမ္မစကြာတရား
စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၄။ ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၅။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၆။ တရားရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း၊
၇။ သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း၊
၈။ “ဧဟိ ဘိက္ခု”ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်၍
ထူးခြားခြင်း။ဟူ၍ဖြစ်ပါသည်။
ဝါဆိုလပြည့် ဓမ္မစင်္ကြာအခါတော်နေ့
နှင့် ထူးခြားချက်များ
***---*----*-*****************
သန္ဓေ တောထွက် ၊
ဓမ္မစက် ၊ တစ်ချက် ပြာဋိဟာ။
ဝါဆိုလပြည့်၊ ထူးခြားနေ့ ၊
အောက်မေ့ ဤလေးဖြာ။
#ဓမ္မစကြာတရားဟောကြားခြင်း
သန္ဓေ, တောထွက်, ဓမ္မစက်, မိန်မြွက်ဝါဆို ဟူသောစကားနှင့်အညီ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် တုသိတာနတ်ပြည်မှ နတ်သားအပေါင်းတို့၏
ဘုရားဖြစ်ရန် အချိန်တန်ပါပြီဟု
လာရောက်ကာ တောင်းပန်ကြသောကြောင့် သေတကေတု နတ်သားအဖြစ်မှ စုတေပြီးနောက် မယ်တော်မာယာ၏ဝမ်းတွင်ဝယ် ဝါဆိုလပြည့်နေ့တွင် ပဋိသန္ဓေနေတော်မူပါသည်။
ဖွားမြင်မြောက်သောအခါ သိဒ္ဓတ္ထဂေါတမ အမည်ရလေ၏
ဆယ့်ခြောက်နှစ်ဝယ် ယသော်ဓရာနှင့် ထိန်းမြှား လက်ထပ်လေ၏ ရာဟုလာ အမည်ရသော သားတော်တစ်ပါး မွေးဖွားလေ၏ ထိုနောက် သူအို, သူနာ, သူသေ, ရဟန်း, ဟူသော နိမိတ်ကြီးလေးပါးကို မြင်တော်မူကာ အိုခြင်းသဘော နာခြင်းသဘော သေခြင်းသဘော တရားတို့ကိုကြောက်လန့်ကာ အိုခြင်းကင်းရာ နာခြင်းကင်းရာ သေခြင်းကင်းရာ ရဟန်းတစ်ပါး၏ ချမ်းသာတရားကို တွေးသိကာ တောထွက်ရန် ကြံစည်တော်မူပြီး ဝါဆိုလပြည့်နေ့ ညသန်းခေါင်ယံ အချိန်တွင် ဖွားဖက်တော် ဆန္ဒအမတ်
ကဏ္ဍကမြင်းတို့ နှင့် ဥရုဝေလ တောသို့ ကိလေသာကုန်ခန်းပြီး ဥာဏ်အလင်းရောင်တွေကို ရှာဖွေရန် တောထွက်တော်မူပါသည်။
မဂဓတိုင်း ဂယာမြို့အနီး ဥရုဝေလတောဝယ် (၆)နှစ်တို့ ကာလပတ်လုံး ဒုက္ကရစရိယာအကျင့်ကို ကျင့်ခဲ့ပါသည်။ အတ္တကိလမထာ (ပင်းပန်းစွာခန္ဓာကိုယ် ညင်းဆဲကြောင်း) အကျင့်တို့ကို့ ထိုတောဝယ်(၆) နှစ်တိုင်တိုင် ပင်းပန်းစွာ ကျင့်ကြံသော်လည်း တရားထူးကိုမရရှိခဲ့ပေ။
အစွန်းလွတ်သော
မဂ္ဂင်(၈)ပါး နည်းလမ်းသစ်ဖြင့်
၁၀၃ ခု၊ ကဆုန်လပြည့်၊ သောကြာနေ့တွင်သဗ္ဗညုတဉာဏ်တော်ကိုရရှိကာဘုရားအဖြစ်သို့ ရောက်ရှိတော်မူပါသည်။
ဘုရားအဖြစ်သို့ရောက်ရှိပြီးနောက် အားထုတ်ခဲ့သောတရားများနှင့် လောကကို ဆင်ခြင်ကြည့်သော် မိမိရရှိ ကျင့်ကြံထားသော တရားတို့သည် အလွန်သိမ်မွေ့နက်နဲ ခက်ခဲလွန်းနေ၏ လောကလူသားတို့၏ အသိဥာဏ်ကား ကိလေသာအမှောင်တို့ဖြင့်သာ ထာဝစဉ်ပိတ်ဖုံးနေ၏
ပုထုဇဉ်တို့ အားဟောကြားရန် မတန်တဆ ခက်ခဲပင်ပန်းလိမ့်ည်ဟ်ုဆင်ခြင်နေစဉ်
သဟမ္ပတိဗြဟ္မာမင်း၏ လျှောက်ထားတောင်းပန်ချက်အရ အဘယ်သူ့ကိုတရားဦး
ဟောကြားအံ့နည်းဟု ဆင်ခြင်တော်မူ၏။
အရင်က မိမိ တပည့်တော်ခဲ့ဘူးသော
ဗာရာဏသီမြို့အနီး မိဂဒါဝုန်တောဝယ်ရှိသော ပဉ္စဝဂ္ဂီငါးဦး (ပဉ္စ-ငါးခု ငါးယောက်၊၀ဂ္ဂ-အစု အဖွဲ့)တို့ကိုတရားဦးဟောကြားရန် ကြွချီတော်မူလေသည်။
အချိန်ကား နေမင်းကြီးဝင်လုဝင်ဆဲအချိန်၊ လမင်းကြီးမှာ ပြူလစ်စ အခါသမယ ဖြစ်၏။
ဆည်းဆာ ညချမ်း ဖြစ်သည်။ သူတော်မြတ်ဓာတ်ကြောင့် သာယာဖွယ်ကောင်းလှပေ၏။
မိဂဒါဝုန်တောကား ရွှင်ပျအေးမြနေ၏။ ဆိတ်ငြိမ်မှုဖြင့် ပြီးလျက်ရှိ၏။ ထိုအခိုက်တွင် မြတ်စွာ ဘုရားရှင်သည် ပဉ္စဝဂ္ဂီတို့၏ ရှေ့တွင်ထက်ဝယ်ဖွဲ့ခွေနေတော်မူသည်။ ထို့နောက်၊ "ရဟန်းတို့" ဟု ခေါ်ဝေါ်ကာ နှုတ်ခွန်းဆက်တော်မူလိုက်၏။ ဤကား တရားဦးဟောရန်ဖိတ် ခေါ်သံအစ
တည်း။
ပဉ္စဝဂ္ဂီတို့သည်သီလစင်ကြယ်ပြီးသူများ ဖြစ်ကြသည်။ ထို့ ပြင်၊ သဒ္ဓါ၊ ဆန္ဒ၊ ဝီရိယစိတ်ထား
ပြည့်စုံေ နပြီးသူများ ဖြစ်ကြလေရာ မြတ်စွဘုရား၏ စကားအစသည် သူတို့၏ နှလုံးသားဝယ်
တရား တည်၍တည်၍ လာလေသည်။
ထိုအချိန်တွင် မြတ်စွာဘုရားက မိမိဘုရား ဖြစ်တော်မူကြောင်း မိန့်ကြား၏။ တရားနာယူကြရန် လည်း တစ်ဆက်တည်း တိုက်တွန်း၏။ သို့သော်မယုံကြည်နိုင်ကြသဖြင့်သုံးကြိမ်သုံးခါ ငြင်းဆန် ကာ နေကြ၏။ မြတ်စွာဘုရားသည် ထိုငြင်းဆန်မှုကို ဘုရားဖြစ် ကြောင်းထပ်မံသိစေပြန်၏။
ပြီးမှ "တရားဦး" ခေါ်ဓမ္မစက္က ပဝတ္တန သုတ္တ ကိုဟောကြား တော်မူလေသည်။
#ဓမ်မစက်က ပ၀တ်တန ၏အဓိပ်ပါယျမှာ-
တရားတည်းဟူသော အသိစက်ကိုဖြစ်စေ၊
လည်စေတော်မူခြင်းဟု အဓိပ္ပါယ်ရပါသည်။
(ဓမ္မစက္က = တရားတော် + ပ၀တ္တန = ဖြစ်စေ၊ လည်စေခြင်း)
ဓမ္မစကြာတရားတော်သည် သစ္စာလေးပါးတရားကို
ညွှန်းဆိုဟောကြားသော ဒေသနာဖြစ်၍ ပိဋကတ်သုံးပုံ၏
အနှစ်ချုပ်တရားကို ဆိုထိုက်ပါသည်။
ဓမ္မစကြာတရားတော်ကို စိစစ်သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှာ
အစွန်း နှစ် ခု ကို ရှောင်ကြဉ်ရေး၊
မဇ္စျိမပဋိပဒါ မဂ္ဂင် ရှစ် ပါး လမ်းစဉ်မှန်ကို ကျင့်သုံးရေးတို့ကို ညွှန်ကြားထားပြီး ၊
သစ္စာလေးပါးတရားကို သိမြင်စေရန် ဟောကြားထားသောကြောင့်
ဗုဒ္ဓဝါဒ၏ တိကျခိုင်မာသော သဘောတရားကို တွေ့မြင်နိုင်ပါသည်။
ထိုတရားတော်၏ အဆုံးဝယ် အရှင်ကောဏ္ဍညသည် လူသားများ အနက် ပထမဦးဆုံး သောတာပတ္တိဖိုလ်၌ တည်လေ၏။
ထိုနေ့သည် ဝါဆိုလပြည့်နေ့ ဖြစ်၏။
ထို့နောက်တဖန်၊
ဒေသနာကိုဟောပြတော်မူရာ
ဝါဆိုလပြည့်ကျော် (၁) ရက်နေ့၌ အရှင်ဝပ္ပ (၂) ရက်နေ့၌ အရှင်ဘဒ္ဒိယ၊
(၃) ရက်နေ့၌ အရှင်မဟာနာမ်
၊ (၄) ရက်နေ့၌ အရှင်အဿဇိ တို့သည် အသီးသီးသောတာပန် တည်ကြလေကုန်၏။ ပဉ္စဝဂ္ဂီအားလုံးပင် "ဧဟိဘိက္ခု" ရဟန်း အဖြစ်ရောက်ကြလေသည်။
ဝါဆိုလပြည့်ကျော် (၅)ရက်နေ့တွင် မြတ်စွာဘုရားသည် "အနတ္တလက္ခဏသုတ္တ" ကို ဟောကြား တော်မူခဲ့သည်။
ဤတွင် ငါးဦးလုံး ရဟန္တာ ဖြစ်တော်မူကြလေသည်။ ထိုနေ့ကို လည်း"ရဟန္တာနေ့" ဟု ဗုဒ္ဓဘာသာဝင်တို့ သတ်မှတ်ယူကြကုန်သည်။ ဝါဆိုလပြည့်နေ့ ကိုမူတရားဦးဓမ္မစကြ်ာ ဟော ကြားသောနေ့ ဖြစ်၍ "ဓမ္မစကြာနေ့" ဟု ယနေ့အထိ ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုခဲ့ကြပေ သည်။ ။
#ဝါဆိုလပြည့်နေ့မြတ် ထူးခြားချက်များ
(၁) ပဋိသန္ဓေတည်သည့်နေ့ = မဟာသက္ကရာဇ် – ၆၇၊ ဝါဆိုလပြည့်။(ကြာသပတေးနေ့)
(၂) တောထွက်သည့်နေ့ = မဟာသက္ကရာဇ် – ၉၇၊ ဝါဆိုလပြည့်။(တနင်္လာနေ့)
(၃) ဓမ္မစကြာတရားဦး = မဟာသက္ကရာဇ် ၁၀၃၊ ဝါဆိုလပြည့်။(စနေနေ့)
(၄) သောတာပန်လူသား စပေါ်သည့်နေ့ = မဟာသက္ကရာဇ် – ၁၀၃၊ ဝါဆိုလပြည့်။ (စနေနေ့) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့်ကြုံသောနေ့
(၅) သံဃာရတနာစပေါ်သည့်နေ့ = မဟာသက္ကရာဇ် ၁၀၃၊ ဝါဆိုလပြည့်။
၆။ “ ဧဟိ ဘိက္ခု ” ဟူသော စကားကို စတင် ကြားရသောနေ့
၇။ ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့
(၇ ဝါမြောက်တွင်)
လယ်တီဆရာတော်ကြီး၏ ကဗျာများ
သန္ဓေယူတော်မူသောနေ့ (ကြာသာပတေးနေ့)
သုံးလူ့ရှင်ပင်၊ ကျွန်းထိပ်တင်၊ သောင်းခွင်
စကြာ၀ဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊
တောင်းပန်မူကြောင့်၊ ရတုနဂိုရ်၊ ရွှန်းရွှန်းစိုသည်
ဝါဆိုလပြည့် ကြွက်မင်းနေ့၀ယ်၊
ချမ်းမြေ့ကြည်ဖြူ
သန္ဓေ ယူသည်...
နတ်, လူ ငြိမ်းဖို့ကိန်းပါကို…။
တောထွက်တော်မူသောနေ့
(တနင်္လာနေ့)
ဖွားမြင်မြောက်သော်၊ ဆယ်ခြောက်နှစ်ရွယ်
ပျိုမြစ်နုနယ်၌၊ သုံးသွယ်ရွှေနန်း သိမ်းမြန်းပြိးလစ်၊
ဆယ်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊
ရွယ်မူနုဖြိုး၊ နှစ်ဆယ်ကိုး၀ယ် လေးမျိုးနိမိတ်၊
နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊
၀ါဆိုလပြည့် ကျားမင်းနေ့၀ယ်၊
ချမ်းမြေ့ရဂုံ
တော်ရပ်လှုံသည်....
စုံမြိုင်ပင်ရိပ်ခမ်းမှာကို……။
ဓမ္မစင်္ကြာဟောတော်မူသောနေ့ (စနေနေ့)
ဘုရားဖြစ်ကာ၊ မိဂဒါသို့၊ စကြာရွှေဖဝါးဖြန့်ချီ
သွား၍၊ ငါးပါး၀ဂ္ဂီစုံအညီိနှင့် မဟီတစ်သောင်း
တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာ
အား
ဝါဆိုလပြည့်၊ စနေနေ့၀ယ်၊
ကြွေ့ကြွေ့
လျှံတက်၊ ဓမ္မစက်ကို မိန့်မြွတ်ထွေပြား၊
ဟောဖော်ကြားသည်... တရားနတ်စည်ရွှမ်းတယ်ကို….။
မာဂဓီ (သာစည်)
Credit _ -【Young Buddhist's Association】
🙏🙏🙏
✍️
===========

#ကူးယူပြီးထပ်ဆင့်မျှဝေကုသိုလ်ပြုပါသည်။🙏🏽🙏🏽🙏🏽

စလုံးရောက်မြန်မာနိုင်ငံသားများ
06/07/2026

စလုံးရောက်မြန်မာနိုင်ငံသားများ

• အောင်စာရင်းထွက်ရင် မိမိတိုရဲ့ ခုံအမှတ်နဲ့ တိုက်ရိုက်ရှာဖွေကြည့်ရှုနိုင်ဖို https://result.dme.gov.mm ဝက်ဘ်ဆိုက်မှာ လွှ...
16/06/2026

• အောင်စာရင်းထွက်ရင် မိမိတိုရဲ့ ခုံအမှတ်နဲ့ တိုက်ရိုက်ရှာဖွေကြည့်ရှုနိုင်ဖို https://result.dme.gov.mm ဝက်ဘ်ဆိုက်မှာ လွှင့်တင်ပေးဖို စီစဉ်နေကြောင်းသိရှိရပါတယ်။

• ယခင်နှစ်များနည်းတူ စာစစ်ဌာနအလိုက် အောင်စာရင်းတွေကြည့်နိုင်မယ့် ဝက်ဘ်ဆိုက်လည်း ရှိနေမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website Link: 👉 https://www.myanmarexam.org

ပညာရေးဝန်ကြီးဌာန Website Link: 👉 https://www.moe.gov.mm တွေမှတဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

@ပညာရေးသတင်းလွှာ

🎓 Applications are now open for the Hubert H. Humphrey Fellowship Program 2027–2028!Experienced professionals from Myanm...
11/06/2026

🎓 Applications are now open for the Hubert H. Humphrey Fellowship Program 2027–2028!

Experienced professionals from Myanmar can apply for a fully funded one-year graduate-level fellowship at U.S. universities.

Eligible fields include:
• Communications/Journalism
• Law/Governance
• Natural Resources Policy
• Public/Economic Policy
• Public Health
• Technology Policy

📅 Deadline: July 15, 2026 (11:59 p.m. Myanmar Time)

🔗 Details & application: https://mm.usembassy.gov/hubert-h-humphrey-fellowship/

⚠️ Applicants should consider current travel restrictions and the need to qualify for an applicable travel exception. All Fellows must return to Myanmar for at least two years after completing the program.

🎓 Hubert H. Humphrey Fellowship Program 2027–2028 အတွက် လျှောက်လွှာများ စတင်လက်ခံနေပါပြီ!

မြန်မာနိုင်ငံမှ လုပ်ငန်းအတွေ့အကြုံရှိသော ပညာရှင်များအနေဖြင့် အမေရိကန်တက္ကသိုလ်များတွင် ကုန်ကျစရိတ်အပြည့်အဝ ထောက်ပံ့ပေးသော (Fully Funded) တစ်နှစ်တာ ဘွဲ့လွန်အဆင့် Fellowship အစီအစဉ်သို့ လျှောက်ထားနိုင်ပါသည်။

လျှောက်ထားနိုင်သည့် ဘာသာရပ်နယ်ပယ်များ • ဆက်သွယ်ရေးနှင့် သတင်းစာပညာ (Communications/Journalism) • ဥပဒေနှင့် အုပ်ချုပ်ရေး (Law/Governance) • သဘာဝအရင်းအမြစ် မူဝါဒ (Natural Resources Policy) • ပြည်သူ့ရေးရာနှင့် စီးပွားရေးမူဝါဒ (Public/Economic Policy) • ပြည်သူ့ကျန်းမာရေး (Public Health) • နည်းပညာမူဝါဒ (Technology Policy)

📅 လျှောက်လွှာပိတ်မည့်ရက် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်၊ မြန်မာစံတော်ချိန် ည ၁၁:၅၉ နာရီ

📌 အသေးစိတ်အချက်အလက်နှင့် လျှောက်လွှာတင်ရန် [U.S. Embassy in Myanmar – Hubert H. Humphrey Fellowship Program](https://mm.usembassy.gov/hubert-h-humphrey-fellowship/?utm_source=chatgpt.com)

⚠️ အရေးကြီး အသိပေးချက် လျှောက်ထားသူများအနေဖြင့် လက်ရှိ အမေရိကန်နိုင်ငံသို့ ခရီးသွားလာမှု ကန့်သတ်ချက်များနှင့် သက်ဆိုင်သော ခရီးသွားခွင့်ကင်းလွတ်ခွင့် (Travel Exception) ရရှိနိုင်ခြင်း ရှိ/မရှိကို ထည့်သွင်းစဉ်းစားသင့်ပါသည်။

Fellowship အစီအစဉ်ပြီးဆုံးပါက ပါဝင်သူများအားလုံးသည် မြန်မာနိုင်ငံသို့ အနည်းဆုံး ၂ နှစ် ပြန်လည်နေထိုင်ရန် လိုအပ်ပါသည်။

🇺🇸 အမေရိကန်ပြည်ထောင်စု လူဝင်မှုကြီးကြပ်ရေးဌာန (USCIS) ကနေ ၃၉ နိုင်ငံအပေါ် အမေရိကန်နိုင်ငံအတွင်း နေထိုင်ရင်း လူဝင်မှုအကျိ...
06/06/2026

🇺🇸 အမေရိကန်ပြည်ထောင်စု လူဝင်မှုကြီးကြပ်ရေးဌာန (USCIS) ကနေ ၃၉ နိုင်ငံအပေါ် အမေရိကန်နိုင်ငံအတွင်း နေထိုင်ရင်း လူဝင်မှုအကျိုးခံစားခွင့် လျှောက်တင်တာတွေကို ကန့်သတ်ဆိုင်းငံ့ထားတဲ့အပေါ် ပြည်နယ် ခရိုင်တရားရုံးကနေ ပြန်လည်လမ်းဖွင့်ပေးတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး သို့လောသို့လော ဖြစ်နေကြတာကို ရှင်းလင်းချက်

ဇွန်လ ၅ ရက်၊ ၂၀၂၆ နေ့က
တရားသူကြီး: Chief U.S. District Judge John J. McConnell Jr. (U.S. District Court for the District of Rhode Island - ပြည်နယ် ခရိုင်တရားရုံး) ရဲ့ စာမျက်နှာ ၁၃၅ မျက်နှာအထိရှိတဲ့
Dorcas International Institute of Rhode Island et al. v. United States Citizenship and Immigration Services (USCIS) et al. No. 1:26-cv-00132-JJM-PAS Document 28 အမှုတွဲအပေါ် Memorandum and Order ထုတ်ပြန်ချက်

မတ်လ ၅ ရက်၊ ၂၀၂၆ နေ့က တရားရုံး တင်သွင်းခဲ့ပြီး၊
ဇွန်လ ၅ ရက်၊ ၂၀၂၆ နေ့မှာ ဆုံးဖြတ်ချက်ပေးခဲ့ပါတယ်။

👊 ဒီအမှုတွဲပေါ် တန်ပြန်မှုမှာ တရားလိုအဖြစ် ပါဝင်ခဲ့တဲ့ အဖွဲ့အစည်းတွေ (Plaintiffs)
🤝 Dorcas International Institute of Rhode Island
🤝 Refugee Dream Center
🤝 Service Employees International Union (SEIU)
🤝 United Auto Workers (UAW)
🤝 American Gateways နဲ့ တခြား လူဝင်မှု ဝန်ဆောင်မှု အဖွဲ့အစည်းတွေနဲ့ အလုပ်သမား သမဂ္ဂတွေ (မြန်မာနိုင်ငံသားတွေအတွက် ကိုယ်စားပြုပေးခဲ့တဲ့ USIRD INC အပါအဝင်)

👊 ဒီအမှုတွဲပေါ် တရားခံအဖြစ် ပါဝင်ခဲ့တဲ့ အဖွဲ့အစည်းတွေ (Defendants)
🤝 USCIS၊ USCIS Director Joseph Edlow၊ Department of Homeland Security (DHS) နဲ့ သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေ

ဒီ ထုတ်ပြန်ချက်အရ တရားရုံးက လျှောက်ထားသူတွေ အတွက် ချက်ချင်း အကျိုးသက်ရောက်မှု ရှိမယ်လို့ မျှော်လင့်ရပါတယ်။

တစ်ဖက်မှာလည်း ဒါဟာ Preliminary/Permanent Relief ပုံစံ ဖြစ်ပြီး၊ အမေရိကန်ပြည်ထောင်စု သမ္မတ Donald Trump အစိုးရက အယူခံ ဝင်မယ်လို့ မျှော်လင့်ရပါတယ် (အထက်တန်း တရားရုံးနဲ့ Supreme Court အထိ)။

✍️စာမျက်နှာ ၁၃၅ မျက်နှာအထိရှိတဲ့ အမှုတွဲမှတ်တမ်း
Memorandum and Order အပြည့်အစုံ
https://www.courthousenews.com/wp-content/uploads/2026/06/uscis-order-travel-ban-benefits.pdf
✍️CourtListener (တရားရုံး မှတ်တမ်း အပြည့်အစုံ)
https://www.courtlistener.com/docket/72369535/dorcas-international-institute-of-rhode-island-v-united-states-citizenship/
✍️DocumentCloud
https://www.documentcloud.org/documents/28199744-dorcasopn060526/

✅ တရားရုံးက USCIS ရဲ့ မူဝါဒ "၄ ခု" (USCIS Benefits Hold Policy ပိုင်း အဓိက) ကို ပယ်ဖျက် (Vacated) လိုက်တာဖြစ်ပါတယ်။ USCIS ရဲ့ဒီမူဝါဒတွေက ၃၉ နိုင်ငံက နိုင်ငံခြားသားတွေကို အမေရိကန်နိုင်ငံထဲမှာ နေထိုင်နေရင်း လျှောက်ထားလို့ရတဲ့ လူဝင်မှုအကျိုးခံစားခွင့်တွေကို ကန့်သတ်ရပ်ဆိုင်း (Indefinite Hold) ထားတာ ဖြစ်ပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံထဲမှာ ရောက်ရှိနေပြီးတော့ လူဝင်မှုအကျိုးခံစားခွင့်ဆိုင်ရာ လျှောက်ထားတဲ့ ကိစ္စတွေကို အဓိက ထားတာ ဖြစ်ပါတယ်။

🚫 ၃၉ နိုင်ငံကနေ ဝင်လာဖို့ ပြင်ဆင်နေကြတဲ့နိုင်ငံခြားသားတွေအတွက် ပြည်ဝင်ခွင့်ဆိုင်ရာ Visa ထုတ်ပေးမှုနဲ့ ဝင်ရောက်ခွင့် (Visa Issuance Policy) နဲ့ Presidential Travel Ban (State Department and Presidential Proclamation) ကိစ္စတွေတော့ တိုက်ရိုက်ပယ်ဖျက်ထားတာမဟုတ်လို့ လောလောဆယ် မပါဝင်သေးပါဘူး။

✍️ တရားရုံးဘက်က ပယ်ဖျက်ပေးလိုက်တဲ့ USCIS ရဲ့ မူဝါဒ "၄ ခု" အပေါ် ချက်ချင်း အကျိုးသက်ရောက်မှု
USCIS ရဲ့ ကန့်သတ်ဆိုင်းငံ့ထားခံရတဲ့ မူဝါဒတွေကို မသုံးရတော့ဘူး။ USCIS ရုံးပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး လျှောက်ထားမှုတွေကို အမြန်ဆုံး ပုံမှန် ဆက်လက် ပြန်လည်စစ်ဆေးမှုတွေ စတင်ခွင့်ပေးလိုက်တာ ဖြစ်ပါတယ်။

👍 Travel Ban ၃၉ နိုင်ငံက နိုင်ငံခြားသားတွေ အမေရိကန်နိုင်ငံထဲမှာ ရောက်ရှိနေပြီး USCIS ကို တင်ထားတဲ့
✍️ Green Card Applications (Adjustment of Status)
✍️ Naturalization
✍️ Asylum Benefits
✍️ Work Permit (EAD)
✍️ OPT/STEM OPT တွေ ကန့်သတ်ဆိုင်းငံ့ခံထားရာကနေ ပြန်လည်ပြီး လမ်းဖွင့်ပေးလိုက်တာ ဖြစ်ပါတယ်။

❌ Travel Ban Proclamation ကို မပယ်ဖျက်ထားပါဘူး။
❌ Embassy/Consulate Visa Issuance Restrictions ကို မပယ်ဖျက်ထားပါဘူး။
❌ နိုင်ငံခြားမှာ ရှိနေပြီး Visa ရပြီးသားဖြစ်ပေမယ့် Entry မဝင်နိုင်ခဲ့သူတွေကို ပြန်ဝင်ခွင့်ပေးတဲ့ အမိန့် မဟုတ်သေးပါဘူး။

✅ Benefits Hold Policy
အမေရိကန်နိုင်ငံအတွင်း ရောက်ရှိနေပြီးတဲ့ ၃၉ နိုင်ငံက နိုင်ငံခြားသားတွေရဲ့ Green Card (Adjustment of Status), Naturalization (အမေရိကန်နိုင်ငံသားအဖြစ် ခံယူ), နိုင်ငံတကာကျောင်းသားနဲ့ အလုပ်သမားဆိုင်ရာ Work Permit (EAD Card), OPT, Change of Status စတဲ့ Benefit Applications လျှောက်ထားမှုတွေကို အမြန်ဆုံး ပြန်လည်စတင် လုပ်ဆောင်ခွင့်ပေး။
✅ Asylum Hold
အမေရိကန်နိုင်ငံအတွင်း ရောက်ရှိနေပြီးတဲ့ ၃၉ နိုင်ငံက နိုင်ငံခြားသားတွေ အပါအဝင် ကမ္ဘာ့တစ်ဝန်းက Asylum လျှောက်ထားမှုတွေကို အမြန်ဆုံး ပြန်လည်စတင် လုပ်ဆောင်ခွင့်ပေး။
✅ Re-review of already approved applications
အမေရိကန်နိုင်ငံအတွင်း ရောက်ရှိနေပြီးတဲ့ ဇန်နဝါရီလ ၂၀ ရက်၊ ၂၀၂၁ ခုနှစ်နောက်ပိုင်း ဝင်လာသူတွေရဲ့ အတည်ပြုထားပြီးတဲ့ လူဝင်မှုအကျိုးခံစားခွင့် လျှောက်ထားမှုတွေကို အမြန်ဆုံး ပြန်လည်စတင် လုပ်ဆောင်ခွင့်ပေး။
✅ Policy Manual Changes “Country-Specific f
Facts” ကို ဆုံးဖြတ်ရာမှာ အမေရိကန်ပြည်ထောင်စုအတွက် အမှန်တကယ်ကို အန္တရာယ်ဖြစ်ပေါ်စေနိုင်မယ့် နိုင်ငံခြားသားတွေအပေါ်ပဲ အဓိက ပစ်မှတ်ထားဖို့နဲ့ မသက်ဆိုင်တဲ့ နိုင်ငံခြားသားတွေနဲ့ သီးခြားခွဲခြားထားဖို့ ​ပြန်လည်သုံးသပ်စိစစ် စီစဉ်ဆောင်ရွက်ရမယ်။

✍️ စာမျက်နှာ ၁၃၅ မျက်နှာအထိရှိတဲ့ အမှုတွဲမှတ်တမ်းMemorandum and Order အပြည့်အစုံ
https://www.courthousenews.com/wp-content/uploads/2026/06/uscis-order-travel-ban-benefits.pdf ထဲမှာပါတဲ့ အချက်အလက်တွေအရဆိုရင် အမေရိကန်နိုင်ငံ ပြင်ပနိုင်ငံတွေမှာ ရှိနေတဲ့ နိုင်ငံခြားသားတွေရဲ့ အမေရိကန်ပြည်ဝင်ခွင့်ဆိုင်ရာ
🚫 1) Visit Visa (B1/B2) ရရှိထားပေမယ့် ဆိုင်းငံ့ခံထားရလို့ ပြည်ဝင်ခွင့်မရလိုက်တဲ့သူတွေ
🚫 2) Student Visa (F1, J2) ရရှိထားပေမယ့် ဆိုင်းငံ့ခံထားရလို့ ပြည်ဝင်ခွင့်မရလိုက်တဲ့သူတွေ
🚫 3) Fiancés Visa (K1) ရရှိထားပေမယ့် ဆိုင်းငံ့ခံထားရလို့ ပြည်ဝင်ခွင့်မရလိုက်တဲ့သူတွေ
🚫 4) Immediately Family Visa (IR-1/CR-1, IR-2/CR-2, IR-5) ရရှိထားပေမယ့် ဆိုင်းငံ့ခံထားရလို့ ပြည်ဝင်ခွင့်မရလိုက်တဲ့သူတွေ
🚫 5) Diversity Immigrant Visa (DV Visa) ရရှိထားပေမယ့် ဆိုင်းငံ့ခံထားရလို့ ပြည်ဝင်ခွင့်မရလိုက်တဲ့သူတွေ
🚫 6) Refugee Resentment (I.O.M) Visa ရရှိထားပေမယ့် ဆိုင်းငံ့ခံထားရလို့ ပြည်ဝင်ခွင့်မရလိုက်တဲ့သူတွေအတွက် မပါသေးဘူး။

အမေရိကန် လူဝင်မှုကြီးကြပ်ရေးစနစ်မှာ USCIS ဟာ ပြည်တွင်းက လျှောက်လွှာတွေနဲ့ ပြည်ပက လာမယ့်သူတွေရဲ့ မိသားစုဝင်တွေအတွက် အသနားခံစာ (Petitions) တွေကို အတည်ပြုပေးရတဲ့ဌာန ဖြစ်ပြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန (Department of State)ဟာ နိုင်ငံခြားက အမေရိကန်သံရုံးတွေမှာ Visa ထုတ်ပေးရတဲ့ လုပ်ပိုင်ခွင့် ဖြစ်ပါတယ်။

🇺🇸 အမေရိကန်ပြည်ထောင်စု လူဝင်မှုကြီးကြပ်ရေးဌာန (USCIS) ဟာ အမေရိကန်နိုင်ငံသားဆိုင်ရာနဲ့ အမေရိကန်နိုင်ငံထဲ ရောက်ရှိနေပြီးတဲ့ လူဝင်မှုအကျိုးခံစားခွင့်ဆိုင်ရာကို တာဝန်ယူကိုင်တွယ်တာဖြစ်တော့ အမေရိကန်နိုင်ငံသားနဲ့ ဆက်နွယ်ပတ်သက်တဲ့ နိုင်ငံခြားက မိသားစုဝင်တွေကို ခေါ်ယူမှုဆိုင်ရာ Immediately Family Visa လျှောက်လွှာနဲ့

🇺🇸 အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီးဌာန (U.S. Department of State) ဟာ နိုင်ငံခြားကနေ ဝင်လာမယ့် နိုင်ငံခြားသား ပြည်ဝင်ခွင့် (Visa) ဆိုင်ရာကို တာဝန်ယူကိုင်တွယ်တာဖြစ်တော့ Visa ထုတ်ပေးမှုဆိုင်ဆိုပြီးတော့ ဌာနနှစ်ခုရဲ့ တာဝန်ယူလုပ်ဆောင်မှု ကွဲပြားနေတာကိုလည်း နားလည်ထားရပါမယ်။

ဒီလို တရားရုံးအမိန့်ရဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ အပြောင်းအလဲ ဖြစ်လာနိုင်မယ့် အချက်အလက်အတိအကျကိုတော့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ နယ်ပယ်မှာ အထူးကျွမ်းကျင်တဲ့ ရှေ့နေတွေနဲ့ မေးမြန်းတိုင်ပင်တာ အသေချာဆုံး ဖြစ်ပါလိမ့်မယ်။


06/06/2026
🙏🙏🙏နယုန်လပြည့်နေ့ (မဟာသမယနေ့) သည် မြန်မာတို့၏ တစ်ဆယ့်နှစ်လရာသီပွဲတော်များအနက် ထူးခြားမွန်မြတ်သော ဗုဒ္ဓဘာသာဆိုင်ရာ နေ့ထူး...
30/05/2026

🙏🙏🙏
နယုန်လပြည့်နေ့ (မဟာသမယနေ့) သည် မြန်မာတို့၏ တစ်ဆယ့်နှစ်လရာသီပွဲတော်များအနက် ထူးခြားမွန်မြတ်သော ဗုဒ္ဓဘာသာဆိုင်ရာ နေ့ထူးနေ့မြတ်တစ်နေ့ ဖြစ်သည်။ မြန်မာပြက္ခဒိန်အရ တတိယမြောက်လဖြစ်သော နယုန်လ၏ လပြည့်နေ့ကို "မဟာသမယနေ့" ဟု အလေးအမြတ်ထား ခေါ်ဆိုကြသည်။

မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါက ကပိလဝတ်ပြည်မှ သာကီဝင်မင်းများနှင့် ကောလိယပြည်မှ ကောလိယမင်းတို့သည် ရောဟိဏီမြစ်ရေကို အကြောင်းပြု၍ စစ်မက်ဖြစ်ပွားလုနီးပါး အငြင်းပွားခဲ့ကြသည်။ ထိုသို့ သွေးချောင်းစီးမည့်အရေးကို မြတ်စွာဘုရားရှင်က သိမြင်တော်မူသဖြင့် သက္ကတိုင်း၊ ကပိလဝတ်ပြည်အနီးရှိ မဟာဝုန်တောသို့ ကြွရောက်တော်မူပြီး မင်းနှစ်ဖက်စလုံးကို တရားဒေသနာဟောကြားကာ ညီညွတ်မှုရရှိစေခဲ့သည်။

ထိုသို့ မင်းတို့အငြင်းပွားမှု ငြိမ်းအေးသွားပြီးနောက် သာကီဝင်မင်းသား ၅၀၀ သည် သာသနာ့ဘောင်သို့ ဝင်ရောက်ကာ ရဟန်းပြုခဲ့ကြသည်။ ထိုရဟန်းမင်းသားများနှင့်အတူ နတ်ဗြဟ္မာအပေါင်းတို့ မဟာဝုန်တော၌ တစုတဝေးတည်း စုံညီစွာ ညီညွတ်ခြင်း၊ ကြည်ညိုခြင်းများဖြင့် စည်းဝေးမိကြသည်ကို အကြောင်းပြု၍ "မဟာသမယ" (ကြီးကျယ်သော စည်းဝေးခြင်း) ဟု ခေါ်တွင်ခဲ့ပြီး၊ မြတ်စွာဘုရားရှင်က "မဟာသမယသုတ်" တရားတော်ကို နယုန်လပြည့်နေ့တွင် ဟောကြားတော်မူခဲ့သည်။

နယုန်လပြည့်နေ့တွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာအရ အောက်ပါ ကုသိုလ်ကောင်းမှုများကို စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကြသည် -

မဟာသမယသုတ်တော်ကို ရွတ်ဖတ်ပူဇော်ခြင်း: အချင်းချင်း ချစ်ကြည်ရေး၊ ညီညွတ်ရေးနှင့် ဘေးအန္တရာယ်ကင်းဝေးစေရေးတို့အတွက် ဘုရားကျောင်းကန်၊ ဓမ္မာရုံများနှင့် နေအိမ်များတွင် မဟာသမယသုတ်တော်ကို စုပေါင်းရွတ်ဆို ပူဇော်ကြသည်။

စာပြန်ပွဲများ ကျင်းပခြင်း: ရှေးမြန်မာမင်းများလက်ထက်မှစ၍ နယုန်လတွင် သံဃာတော်များနှင့် သာမဏေများအတွက် အစိုးရပထမပြန် စာမေးပွဲ (စာပြန်ပွဲ) များကို ကျင်းပလေ့ရှိသဖြင့် "နယုန်လစာပြန်ပွဲ" ဟုလည်း လူသိများသည်။

လှူဒါန်းမှုများ ပြုလုပ်ခြင်း: ကျောင်းကန်ဘုရားများသို့ သွားရောက်၍ သီလဆောက်တည်ခြင်း၊ သံဃာတော်များအား ဆွမ်းနှင့် ဝတ္ထုငွေများ လှူဒါန်းခြင်း၊ ရေစက်ချတရားနာခြင်းတို့ကို ဆောင်ရွက်ကြသည်။

အချုပ်အားဖြင့်ဆိုရသော် နယုန်လပြည့်နေ့သည် သတ္တဝါအချင်းချင်း ရန်မူငြင်းခုံခြင်းမရှိဘဲ "ညီညွတ်ခြင်း၊ ချစ်ကြည်ခြင်းနှင့် ငြိမ်းချမ်းခြင်း" တည်းဟူသော သင်ခန်းစာကို ဖော်ဆောင်သည့် နေ့တစ်နေ့ဖြစ်သည်။ ထို့ကြောင့် ယနေ့တိုင် မြန်မာဗုဒ္ဓဘာသာဝင်တို့သည် နယုန်လပြည့်နေ့ကို ရောက်ရှိတိုင်း မဟာသမယသုတ်တော်ကို နာယူကြည်ညိုရင်း စိတ်ဝမ်းညီညွတ်မှုနှင့် သာသနာပြု ကုသိုလ်များကို အစဉ်အမြတ် တန်ဖိုးထား ဆောင်ရွက်လျက်ရှိကြပါသည်။

Address

Yangon
11112

Alerts

Be the first to know and let us send you an email when Winner DV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Winner DV:

Shortcuts

Share