Winner DV

Winner DV PASSPORT QR, DV LOTTERY & US VISA SERVICES

🙏🙏🙏နယုန်လပြည့်နေ့ (မဟာသမယနေ့) သည် မြန်မာတို့၏ တစ်ဆယ့်နှစ်လရာသီပွဲတော်များအနက် ထူးခြားမွန်မြတ်သော ဗုဒ္ဓဘာသာဆိုင်ရာ နေ့ထူး...
30/05/2026

🙏🙏🙏
နယုန်လပြည့်နေ့ (မဟာသမယနေ့) သည် မြန်မာတို့၏ တစ်ဆယ့်နှစ်လရာသီပွဲတော်များအနက် ထူးခြားမွန်မြတ်သော ဗုဒ္ဓဘာသာဆိုင်ရာ နေ့ထူးနေ့မြတ်တစ်နေ့ ဖြစ်သည်။ မြန်မာပြက္ခဒိန်အရ တတိယမြောက်လဖြစ်သော နယုန်လ၏ လပြည့်နေ့ကို "မဟာသမယနေ့" ဟု အလေးအမြတ်ထား ခေါ်ဆိုကြသည်။

မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါက ကပိလဝတ်ပြည်မှ သာကီဝင်မင်းများနှင့် ကောလိယပြည်မှ ကောလိယမင်းတို့သည် ရောဟိဏီမြစ်ရေကို အကြောင်းပြု၍ စစ်မက်ဖြစ်ပွားလုနီးပါး အငြင်းပွားခဲ့ကြသည်။ ထိုသို့ သွေးချောင်းစီးမည့်အရေးကို မြတ်စွာဘုရားရှင်က သိမြင်တော်မူသဖြင့် သက္ကတိုင်း၊ ကပိလဝတ်ပြည်အနီးရှိ မဟာဝုန်တောသို့ ကြွရောက်တော်မူပြီး မင်းနှစ်ဖက်စလုံးကို တရားဒေသနာဟောကြားကာ ညီညွတ်မှုရရှိစေခဲ့သည်။

ထိုသို့ မင်းတို့အငြင်းပွားမှု ငြိမ်းအေးသွားပြီးနောက် သာကီဝင်မင်းသား ၅၀၀ သည် သာသနာ့ဘောင်သို့ ဝင်ရောက်ကာ ရဟန်းပြုခဲ့ကြသည်။ ထိုရဟန်းမင်းသားများနှင့်အတူ နတ်ဗြဟ္မာအပေါင်းတို့ မဟာဝုန်တော၌ တစုတဝေးတည်း စုံညီစွာ ညီညွတ်ခြင်း၊ ကြည်ညိုခြင်းများဖြင့် စည်းဝေးမိကြသည်ကို အကြောင်းပြု၍ "မဟာသမယ" (ကြီးကျယ်သော စည်းဝေးခြင်း) ဟု ခေါ်တွင်ခဲ့ပြီး၊ မြတ်စွာဘုရားရှင်က "မဟာသမယသုတ်" တရားတော်ကို နယုန်လပြည့်နေ့တွင် ဟောကြားတော်မူခဲ့သည်။

နယုန်လပြည့်နေ့တွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာအရ အောက်ပါ ကုသိုလ်ကောင်းမှုများကို စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကြသည် -

မဟာသမယသုတ်တော်ကို ရွတ်ဖတ်ပူဇော်ခြင်း: အချင်းချင်း ချစ်ကြည်ရေး၊ ညီညွတ်ရေးနှင့် ဘေးအန္တရာယ်ကင်းဝေးစေရေးတို့အတွက် ဘုရားကျောင်းကန်၊ ဓမ္မာရုံများနှင့် နေအိမ်များတွင် မဟာသမယသုတ်တော်ကို စုပေါင်းရွတ်ဆို ပူဇော်ကြသည်။

စာပြန်ပွဲများ ကျင်းပခြင်း: ရှေးမြန်မာမင်းများလက်ထက်မှစ၍ နယုန်လတွင် သံဃာတော်များနှင့် သာမဏေများအတွက် အစိုးရပထမပြန် စာမေးပွဲ (စာပြန်ပွဲ) များကို ကျင်းပလေ့ရှိသဖြင့် "နယုန်လစာပြန်ပွဲ" ဟုလည်း လူသိများသည်။

လှူဒါန်းမှုများ ပြုလုပ်ခြင်း: ကျောင်းကန်ဘုရားများသို့ သွားရောက်၍ သီလဆောက်တည်ခြင်း၊ သံဃာတော်များအား ဆွမ်းနှင့် ဝတ္ထုငွေများ လှူဒါန်းခြင်း၊ ရေစက်ချတရားနာခြင်းတို့ကို ဆောင်ရွက်ကြသည်။

အချုပ်အားဖြင့်ဆိုရသော် နယုန်လပြည့်နေ့သည် သတ္တဝါအချင်းချင်း ရန်မူငြင်းခုံခြင်းမရှိဘဲ "ညီညွတ်ခြင်း၊ ချစ်ကြည်ခြင်းနှင့် ငြိမ်းချမ်းခြင်း" တည်းဟူသော သင်ခန်းစာကို ဖော်ဆောင်သည့် နေ့တစ်နေ့ဖြစ်သည်။ ထို့ကြောင့် ယနေ့တိုင် မြန်မာဗုဒ္ဓဘာသာဝင်တို့သည် နယုန်လပြည့်နေ့ကို ရောက်ရှိတိုင်း မဟာသမယသုတ်တော်ကို နာယူကြည်ညိုရင်း စိတ်ဝမ်းညီညွတ်မှုနှင့် သာသနာပြု ကုသိုလ်များကို အစဉ်အမြတ် တန်ဖိုးထား ဆောင်ရွက်လျက်ရှိကြပါသည်။

Green Card လျှောက်မယ့်သူတွေ သတိထားရမယ့် အပြောင်းအလဲသစ်အမေရိကန်မှာ ယာယီဗီဇာနဲ့ ရောက်နေပြီး Green Card လျှောက်ဖို့ ပြင်နေတ...
26/05/2026

Green Card လျှောက်မယ့်သူတွေ သတိထားရမယ့် အပြောင်းအလဲသစ်

အမေရိကန်မှာ ယာယီဗီဇာနဲ့ ရောက်နေပြီး Green Card လျှောက်ဖို့ ပြင်နေတဲ့သူတွေအတွက် အရေးကြီးတဲ့ သတင်းတစ်ပုဒ် ဒီနေ့ပဲ တက်လာပါတယ်။

အမေရိကန် လူဝင်မှုကြီးကြပ်ရေး (USCIS) က မူဝါဒလမ်းညွှန်ချက်အသစ်တစ်ခု ထုတ်ပြန်လိုက်တာပါ။ မူဝါဒအသစ်အရ အမေရိကန်နိုင်ငံထဲ ရောက်နေရင်းနဲ့ Green Card အဖြစ် အဆင့်ပြောင်းလဲလျှောက်ထားတာ (Adjustment of Status) ကို တကယ့်ထူးခြားဆန်းပြားတဲ့ အခြေအနေမျိုး (Extraordinary Circumstances) မှလွဲလို့ နောက်ပိုင်း ခွင့်ပြုတော့မှာ မဟုတ်ပါဘူး။

ဥပဒေရဲ့ မူလရည်ရွယ်ချက်အတိုင်း Status ပြောင်းချင်တဲ့သူတွေဟာ အမေရိကန်နိုင်ငံပြင်ပက (မိမိတို့နိုင်ငံမှာရှိတဲ့) အမေရိကန်သံရုံး/ကောင်စစ်ဝန်ရုံးတွေကနေတစ်ဆင့်ပဲ ပုံမှန်အတိုင်း လျှောက်ရတော့မှာ ဖြစ်ပါတယ်။ တကယ်လို့ အမေရိကန်ထဲမှာတင် အထူးကင်းလွတ်ခွင့်နဲ့ လျှောက်ချင်တယ်ဆိုရင်တော့ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေက တစ်ဦးချင်းစီရဲ့ အခြေအနေကို သေချာစိစစ်ပြီးမှ ဆုံးဖြတ်ပေးမှာပါ။

USCIS ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇက်ခ် ကေလာ (Zach Kahler) က အခုလို ရှင်းပြထားပါတယ် —

"ကျွန်တော်တို့က ဥပဒေရဲ့ မူလရည်ရွယ်ချက်အတိုင်း စနစ်တကျ ဖြစ်အောင် ပြန်လုပ်တာပါ။ အခုအချိန်ကစပြီး အမေရိကန်ကို ခေတ္တခဏလာတဲ့သူတွေ Green Card လျှောက်ချင်ရင် တကယ့်ကို ထူးခြားတဲ့ အခြေအနေမျိုးကလွဲလို့ မိမိတို့ မိခင်နိုင်ငံကို ပြန်ပြီးမှပဲ လျှောက်ရတော့မှာ ဖြစ်ပါတယ်။ ဒါမှလည်း ဥပဒေပါ ဟာကွက်တွေကို အခွင့်ကောင်းယူတာမျိုး မရှိတော့မှာပါ။ မိခင်နိုင်ငံကနေ လျှောက်ကြမယ်ဆိုရင် ဗီဇာငြင်းပယ်ခံရပြီးမှ အမေရိကန်ထဲမှာ တရားမဝင် ဆက်ပုန်းနေမယ့်သူတွေကို လိုက်ဖမ်းရမယ့် အလုပ်တွေလည်း လျော့သွားတာပေါ့။

သူက ဆက်ပြီးတော့လည်း

"ကျောင်းသားတွေ၊ ယာယီအလုပ်သမားတွေ၊ ဒါမှမဟုတ် အလည်ဗီဇာနဲ့ လာတဲ့သူတွေဆိုတာ အမေရိကန်ကို ရည်ရွယ်ချက်တစ်ခုအတွက် ခေတ္တခဏပဲ လာကြတာပါ။ ဗီဇာကုန်ရင် မိခင်နိုင်ငံကို ပြန်ဖို့ပဲ စနစ်က ပုံစံထုတ်ထားတာလေ။ အမေရိကန်ကို လာလည်တာဟာ Green Card လျှောက်ဖို့ ပထမခြေလှမ်း ဖြစ်မနေသင့်ပါဘူး။ ဥပဒေအတိုင်း လုပ်ကြမယ်ဆိုရင် အမှုတွဲအများစုကို ပြည်ပက သံရုံးတွေကပဲ ကိုင်တွယ်သွားမှာ ဖြစ်လို့၊ USCIS အနေနဲ့လည်း တခြားအရေးကြီးတဲ့အလုပ်တွေဖြစ်တဲ့ ရာဇဝတ်မှုနဲ့ လူကုန်ကူးမှု ခံရသူတွေအတွက် ဗီဇာထုတ်ပေးတာ၊ နိုင်ငံသားဖြစ်ခွင့် (Naturalization) လျှောက်လွှာတွေကို စိစစ်တာတွေကို ပိုပြီး အာရုံစိုက် လုပ်ဆောင်နိုင်မှာပါ" လို့ ပြောသွားပါတယ်။

အသေးစိတ်ကိုတော့ USCIS က ထုတ်ပြန်ထားတဲ့ Policy Memo မှာ ဝင်ဖတ်နိုင်တယ်လို့ ဆိုပါတယ်။

ဒီစာရဲ့ ဆိုလိုရင်း အနှစ်ချုပ်ကတော့
အမေရိကန်ကို ကျောင်းဗီဇာ (F-1)၊ အလည်ဗီဇာ (B-1/B-2) ဒါမှမဟုတ် အလုပ်ဗီဇာ အစရှိတဲ့ ယာယီဗီဇာတွေနဲ့ လာပြီးမှ၊ အမေရိကန်ထဲတင် အိမ်ထောင်ပြုတာပဲဖြစ်ဖြစ်၊ တခြားနည်းလမ်းနဲ့ပဲဖြစ်ဖြစ် Green Card ပြောင်းဖို့ (Adjustment of Status) လုပ်ရတာ တော်တော့်ကို ခက်ခဲသွားပါပြီ။

တကယ့်ကို ထူးခြားတဲ့ ပြဿနာ သို့မဟုတ် အခြေအနေမျိုး မရှိရင်တော့ မြန်မာပြည် (သို့မဟုတ် မိမိတို့နိုင်ငံ) ကို ပြန်၊ အဲဒီက အမေရိကန်သံရုံး (Consular Processing) ကနေတစ်ဆင့်ပဲ Green Card ဗီဇာကို စောင့်ပြီး လျှောက်ရတော့မယ့် သဘော ဖြစ်သွားပါပြီခင်ဗျာ။

အားလုံးပဲ အဆင်ပြေကြပါစေဗျာ။

မူရင်း သတင်းလင့်ခ်-https://www.uscis.gov/newsroom/news-releases/us-citizenship-and-immigration-services-will-grant-adjustment-of-status-only-in-extraordinary



Photo by The Rangooner

U.S. Citizenship and Immigration Services today announced a new policy memo reiterating the fact that, consistent with long-standing immigration law and immigration court decisions, aliens seeking adjustment of status must do so through consular processing via the Department of State outside of the....

Happy Mother's Day ! 🤱🏻ဒီနေ့ ကျရောက်တဲ့ အမေများနေ့မှာ  မိခင်များအားလုံး ကျန်းမာပျော်ရွှင်ပြီး စိတ်ပင်ပန်းခြင်းမှကင်းဝေးက...
10/05/2026

Happy Mother's Day ! 🤱🏻
ဒီနေ့ ကျရောက်တဲ့ အမေများနေ့မှာ မိခင်များအားလုံး ကျန်းမာပျော်ရွှင်ပြီး စိတ်ပင်ပန်းခြင်းမှကင်းဝေးကြပါစေ🙏🙏🙏

🙏🙏🙏🪴📍  #ညောင်ရေသွန်းပွဲတော်_ဖြစ်ပေါ်လာရခြင်းနှင့်_ညောင်ရေသွန်း_ပူဇော်ရကျိုး”📍🪴🪴 #ညောင်ရေသွန်းပွဲတော် ဖြစ်ပေါ်လာရခြင်း🪴🪴 ...
29/04/2026

🙏🙏🙏
🪴📍 #ညောင်ရေသွန်းပွဲတော်_ဖြစ်ပေါ်လာရခြင်းနှင့်_ညောင်ရေသွန်း_ပူဇော်ရကျိုး”📍🪴
🪴 #ညောင်ရေသွန်းပွဲတော် ဖြစ်ပေါ်လာရခြင်း🪴

🪴 ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် ညောင်ရေသွန်းပွဲတော်ကို နှစ်စဉ်နှစ်တိုင်း “ကဆုန်လပြည့်နေ့”၌ ကျင်းပပူဇော်လေ့ရှိကြသည်။

🪴 ထိုသို့ ကျင်းပပူဇော်ရခြင်းမှာ-
မြတ်ဗုဒ္ဓသည် -

● ကဆုန်လပြည့်၊ “သောကြာနေ့”၌ ဖွားမြင်တော်မူ၍
● ကဆုန်လပြည့်၊ “ဗုဒ္ဓဟူးနေ့”၌ ဘုရားအဖြစ်ကို ရောက်တော်မူပြီး၊
● ကဆုန်လပြည့်၊ “အင်္ဂါနေ့” ၌ ပရိနိဗ္ဗာန် စံတော်မူခဲ့သည်။

🪴 ထို့ကြောင့် ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် အလေးအမြတ်ထားအပ်သော နေ့ထူးနေ့မြတ်ဖြစ်ခဲ့သည်။

🪴 ထို့ပြင် မြတ်ဗုဒ္ဓသည် မဟာဗောဓိညောင်ပင်အောက်၌ မဟာသက္ကရာဇ် ၁၀၃ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့ နေမဝင်မီ မာရ်နတ်မင်းနှင့် စစ်သည်အပေါင်းကို သစ္စာပါရမီအဓိဋ္ဌာန်ဖြင့် အောင်တော်မူ၍ မိုးသောက်ယံ၌ ဘုရားအဖြစ်သို့ရောက်တော်မူခဲ့သည်။ ထို့ကြောင့် ဗောဓိညောင်ပင်သည်လည်း ဗုဒ္ဓဘာသာဝင်တို့အတွက် အလေးအမြတ် ပူဇော်ရာ ဌာနတစ်ခုဖြစ်ခဲ့ပေသည်။

🪴 ထို့ကြောင့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ သည် နှစ်စဉ် ကဆုန်လပြည့်နေ့သို့ရောက်တိုင်း -
❦မြတ်ဗုဒ္ဓ၏ ရန်သူအပေါင်းကို အောင်နိုင်ရာ၊
❦သစ္စာ၄ပါး ကိုသိမြင်ရာ၊
❦ဘုရားအဖြစ်သို့ ရောက်တော်မူရာ ဋ္ဌာနဖြစ်သော မဟာဗောဓိညောင်ပင်ကို ရည်မှန်းပြီး မိမိတို့ ကိုးကွယ်ဆည်းကပ်ရာ ကျောင်းကန်ဘုရားများ၌ စိုက်ပျိုးပူဇော်ထားအပ်သော “ညောင်ပင်”များကို ရေသွန်းဖျန်း ပူဇော်လေ့ရှိကြသည်။

🪴 အဓိက ရည်ရွယ်ချက်မှာ ဗောဓိပင်များ မညှိုးနွမ်း မခြောက်သွေ့စေလိုရေးနှင့် မြတ်ဗုဒ္ဓကို အမှတ်ရစေလိုရေးပင် ဖြစ်သည်။ ဤကဲ့သို့ ဗောဓိညောင်ပင်များကို ရေသွန်ဖျန်းပူဇော်ခြင်းကို “ညောင်ရေသွန်းပွဲတော်”ဟု ခေါ်တွင်ကာ မြန်မာတို့၏ ၁၂လရာသီပွဲတော်အဖြစ် ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်ခေတ်များမှ ယနေ့ခေတ်အထိ စဉ်လာမပျက် ကျင်းပပူဇော်ခဲ့ကြပေသည်။ ဤသည်မှာ ညောင်ရေသွန်းပွဲတော်ဖြစ်ပေါ်လာရခြင်း၏ အခြေခံအကြောင်းပင်ဖြစ်သည်။

🪴 #ညောင်ရေသွန်း ပူဇော်ရကျိုး🪴

🪴 ညောင်ရေသွန်းပူဇော်ရသည့် အကျိုးကို ပိဋိကတ်သုံးပုံတို့တွင် “ခုဒ္ဒကနိကာယ်၊ သုတ္တန္တပိဋကထေရာအပဒါန် ပါဠိတော်”၌ ဘုရားရှင်လက်ထက်တော် က ရဟန္တာမထေရ်ကြီးများကိုယ်တိုင် မိမိတို့၏ ဘဝဖြစ်စဉ်များကို ပြန်လည်ဟောကြားထားသည်တို့ကို တွေ့ရှိကြည်ညိုရပေသည်။

🪴 ဂန္ဓောဒကိယ ရဟန္တာမထရ်

🪴 “ပဒုမုတ္တရာ မြတ်စွာဘုရား” လက်ထက်တော်၌ သူကြွယ်တစ်ဦးသည် မြတ်ဗုဒ္ဓ ပွင့်တော်မူရာ “ထင်းရှူး ဗောဓိပင်” ပူဇော်ပွဲ ပြုလုပ်သောအခါ လှပဆန်းကြယ်သော အိုးဖြင့် နံ့သာရည်တို့ကို ထည့်ယူကာ သွန်းလောင်း ပူဇော်ခဲ့လေသည်။

🪴 ထိုသို့ပူဇော်နေစဉ် မိုးသည်းထန်စွာ ရွာသွန်းပြီး၊ မိုးကြိုးထိမှန်ကာ သေဆုံးခဲ့လေသည်။ ထိုဘဝမှ သေလွန်ပြီးနောက် ညောင်ရေသွန်းရသော ကောင်းမှုကြောင့် နတ်ပြည်သို့ရောက်ကာ “ဘုံအဆင့်တစ်ရာ” ရှိသော နတ်ဗိမာန်၌ နတ်သမီးတစ်သိန်း ခြံရံခစားပြီး အနာရောဂါမရှိ စိုးရိမ်ပူပန်မှုမရှိဘဲ နတ်သက်ကုန်သည့်တိုင်အောင် ခံစားစံစားခဲ့ရလေသည်။

🪴 နတ်ပြည်မှ စုတေပြီးနောက် ဤကမ္ဘာပေါင်း နှစ်ထောင်ရှစ်ရာအထက်၌ လူပြည်ဝယ် ရတနာခုနှစ်ပါးနှင့်ပြည့်စုံပြီး များပြားသော စစ်သည်ဗိုလ်ပါအင်အားရှိသော “သံဝသိတ” မည်သော “စကြဝတေးမင်း” ဖြစ်ခဲ့ရလေသည်။

🪴 ဂေါတမမြတ်စွာဘုရား ပွင့်တော်မူသောအခါ “ဂန္ဓောဒကိယမထေရ်” အမည်ဖြင့် ပဋိသမ္ဘိဒါလေးပါး၊ ဝိမောက္ခရှစ်ပါး၊ အဘိညာဉ်ခြောက်ပါးတို့ကို ရရှိပိုင်ဆိုင်ကာ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်တော်မူခဲ့လေသည်။ ဤသည်မှာ ရဟန္တာမထေရ်မြတ်ကြီးကိုယ်တိုင် ဟောတော်မူခဲ့သော ဘဝဖြစ်စဉ်ဖြစ်ပေသည်။

🪴 “ဗောဓိသိဉ္စက ရဟန္တာမထေရ်”

🪴 ဝိပဿီမြတ်စွာဘုရား လက်ထက်တော်က ရဟန်းတော်တစ်ပါးသည် မြတ်စွာဘုရားပွင့်တော်မူရာ “ဗောဓိပင်ညောင်ပင်” ပူဇော်ပွဲ ကျင်းပသောအခါ ဗောဓိပင်သို့ သွားရောက်ပြီး-
“ကိုယ်တော်တိုင် ဝဋ်ဆင်းရဲမှ လွတ်မြောက်တော်မူပြီးသော မြတ်စွာဘုရားသည် ငါတို့ကိုလည်း ဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ပါစေသတည်း၊ ကိုယ်တော်တိုင် ဆင်းရဲဒုက္ခမှ ငြိမ်းအေးတော်မူပြီးသော မြတ်စွာဘုရားသည် ငါတို့ကိုလည်း ဆင်းရဲဒုက္ခမှ ငြိမ်းအေးနိုင်ပါစေသတည်း” ဟု နှလုံးသွင်းဆုပန်ကာ ပန်းတို့ဖြင့် ထုံမွှမ်းထားသော ရေဖြင့် ဗောဓိပင်ကို သွန်းလောင်း ပူဇော်ခဲ့လေသည်။

🪴 ထိုကောင်းမှုကြောင့် ဤကမ္ဘာမှ အထက် “ကိုးဆယ်တစ်ကမ္ဘာ” ကာလပတ်လုံး အပါယ်ငရဲသို့ မကျရောက်ရဘဲ လူ့ပြည်၊ နတ်ပြည်၌ သာကျင်လည်ခဲ့ရပေသည်။

🪴 ဤကမ္ဘာမှ အထက် သုံးဆယ်သုံးကမ္ဘာသို့ ရောက်သောအခါ လူ့ပြည်၌ “ဥဒကသေစန” မည်သော “စကြဝတေးမင်း” စည်းစိမ်ကို “ရှစ်ကြိမ်တိုင်တိုင်” ခံစားစံစားရခဲ့လေသည်။

🪴 ဂေါတမမြတ်စွာဘုရားပွင့်တော်မူသောအခါ “ဗောဓိသိဉ္ဓက မထေရ်”အမည်ဖြင့် ပဋိသမ္ဘိဒါလေးပါး၊ ဝိမောက္ခရှစ်ပါး၊ အဘိညာဉ်ခြောက်ပါးတို့ကို ရရှိပိုင်ဆိုင်ကာ အာသဝေါကုန်ခမ်း “ရဟန္တာ”ဖြစ်တော်မူခဲ့လေသည်။ ဤသည်မှာ “ရဟန္တာ”မထေရ်မြတ်ကြီးကိုယ်တိုင် ဟောတော်မူခဲ့သော ဘဝဖြစ်စဉ်ဖြစ်ပေသည်။

🪴 “တိုက်တွန်းလွှာ”

🪴 အထက်ပါ မထေရ်မြတ်ကြီးများနည်းတူ ဗောဓိပင်ကို စိုက်ပျိုးပူဇော်ခဲ့သော “အသနဗောဓိယ ရဟန္တာမထေရ်”၊ ဗောဓိပင်ကို ရှိခိုးပူဇော်ခဲ့သော “ဗောဓိဝန္ဒက ရဟန္တာမထေရ်မြတ်ကြီး” တို့သည်လည်း ထိုကဲ့သို့သော အကျိုးထူး၊ အကျိုးမြတ်များကို ရရှိခဲ့ဖူးကြပေသည်။

🪴 ထို့ကြောင့် ဗောဓိညောင်ပင်ကို ရေသွန်းလောင်းသောအခါ ယတြာကျေရုံ၊ ဂြိုလ်ပြေ၊ နံပြေရုံ၊ အပျော်တမ်းဖြစ်ရုံသက်သက်သာ မသွန်းလောင်းဘဲ မြတ်ဗုဒ္ဓသည် ဤနေရာဌာန၌ပင် မာရ်စစ်သည်အပါင်းကို အောင်မြင်ပြီး၊ ဤနေရာဌာန၌ပင် သစ္စာလေးပါးကို သိမြင်ကာ၊ ဤနေရာဌာန၌ပင် ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့လေသည် ဟု “မြတ်ဗုဒ္ဓ၏ ဂုဏ်တော်” တို့ကို လေးလေးနက်နက် အာရုံယူကာ “သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ရန်”ဆုပန်ပြီး၊ ရှေးက ရဟန္တာမထေရ်မြတ်ကြီးများကို အတုယူကာ သွန်းလောင်းပူဇော်သင့်ကြပေသည်ဟု တိုက်တွန်းရင်း ဤညောင်ရေသွန်းပွဲ စာစုလေးကို နိဂုံးသတ်လိုက်ပါသည်။ ။

【အရှင်နာဂဝံသ- မောင်ကံကော်(ကျုံပျော်)】
(သဒ္ဓမ္မသီတဂူသာသနာရိပ်သာ၊တောရကျောင်းတိုက်။)
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
#အင်အားသစ်တိုင်းရင်းဆေး
…………………………………………………

#မူရင်းရေးသားသူ_အဆင့်ဆင့်မျှဝေသူများကို_ကျေးဇူးတင်ပါသည်
ူပြီးထပ်ဆင့်မျှဝေကုသိုလ်ပြုပါသည်။

ပြည်ပ‌ကနေ မြန်မာပြည် ပြန်လာရင် မြန်မာသံရုံးထောက်ခံစာ ယူလာရမည်။
28/04/2026

ပြည်ပ‌ကနေ မြန်မာပြည် ပြန်လာရင် မြန်မာသံရုံးထောက်ခံစာ ယူလာရမည်။

UNICEF is currently hiring in multiple countries worldwide. UNICEF is one of the world’s leading international organizat...
31/03/2026

UNICEF is currently hiring in multiple countries worldwide. UNICEF is one of the world’s leading international organizations dedicated to advancing the rights, health, and well-being of children and communities worldwide.

Countries where UNICEF is hiring as of March 30, 2026 : Multiple countries ( See the Poster)

Find more details and how to apply on >> https://tinyurl.com/unicef-jobs-march-2026

Open opportunities in fields such as: Emergency Response, Health, Education, Child Protection, Nutrition, WASH, Social Policy, Communications, Operations, and many more fields

UNICEF does not charge any fees during recruitment. Always verify job details on the official UNICEF careers website before applying.

This post is for information purposes only. Interested candidates should always visit the official UNICEF careers website to verify details and submit applications.

ယူနီဆက်ဖ်သည် လက်ရှိတွင် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံအများအပြားတွင် အလုပ်ခန့်နေပါသည်။ ယူနီဆက်ဖ်သည် ကမ္ဘာတစ်ဝှမ်းရှိ ကလေးများနှင့် အသိုင်းအဝိုင်းများ၏ အခွင့်အရေးများ၊ ကျန်းမာရေးနှင့် ကောင်းကျိုးချမ်းသာများကို မြှင့်တင်ရန် ကြိုးပမ်းနေသော ကမ္ဘာ့ဦးဆောင် နိုင်ငံတကာအဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်သည်။

၂၀၂၆ ခုနှစ် မတ်လ ၃၀ ရက်နေ့အထိ ယူနီဆက်ဖ်မှ အလုပ်ခန့်ထားသည့် နိုင်ငံများ : နိုင်ငံများစွာ (ပိုစတာကိုကြည့်ပါ)

အသေးစိတ်အချက်အလက်များနှင့် လျှောက်ထားနည်းကို ပိုမိုရှာဖွေပါ >> https://tinyurl.com/unicef-jobs-march-2026

အရေးပေါ်တုံ့ပြန်မှု၊ ကျန်းမာရေး၊ ပညာရေး၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ အာဟာရ၊ ရေနှင့်သန့်ရှင်းရေး၊ လူမှုရေးမူဝါဒ၊ ဆက်သွယ်ရေး၊ လုပ်ငန်းလည်ပတ်မှုနှင့် အခြားနယ်ပယ်များစွာတွင် အခွင့်အလမ်းများ ပွင့်လင်းလာပါသည်။

ယူနီဆက်ဖ်သည် အလုပ်ခန့်ထားစဉ်အတွင်း မည်သည့်အခကြေးငွေမျှ မကောက်ခံပါ။ လျှောက်ထားခြင်းမပြုမီ တရားဝင်ယူနီဆက်ဖ်အလုပ်အကိုင်ဝက်ဘ်ဆိုက်တွင် အလုပ်အသေးစိတ်အချက်အလက်များကို အမြဲတမ်းစစ်ဆေးပါ။

ဤပို့စ်သည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်သည်။ စိတ်ဝင်စားသောကိုယ်စားလှယ်လောင်းများသည် အသေးစိတ်အချက်အလက်များကို အတည်ပြုရန်နှင့် လျှောက်လွှာများတင်သွင်းရန် တရားဝင်ယူနီဆက်ဖ်အလုပ်အကိုင်ဝက်ဘ်ဆိုက်သို့ အမြဲဝင်ရောက်ကြည့်ရှုသင့်သည်။

DV program  ရပ်ဆိုင်းခံရBrown University မှာ ပ_စ်ခက်ခဲ့သူက DV program နဲ့ 2017 မှာ လာခဲ့ပြီး Green Card ရခဲ့သူပါ။ အဲ့အကျ...
22/12/2025

DV program ရပ်ဆိုင်းခံရ

Brown University မှာ ပ_စ်ခက်ခဲ့သူက DV program နဲ့ 2017 မှာ လာခဲ့ပြီး Green Card ရခဲ့သူပါ။

အဲ့အကျိုးဆက်ကတာ့ သမ္မတ အမိန့်အရ DV program ကို ရပ်ပါမယ်တဲ့။

ဘယ်လောက်ကြာ​အောင်ရပ်မယ်၊ ဘာ​တွေဆက်ဖြစ်မယ် မသိပါ။

ပေးပြီးသား အင်တာ​ဗျုး​တွေ ဖျက်မယ်။ DV ရဲ့ DS 260 လုပ်ငန်းစဉ်​တွေ ရပ်မယ်လို့ ဆိုပါတယ်။

ခုအချိိန်မှာ​တော့ မြန်မာ​တင်မက တကမ္ဘာလုံးပါ DV Program က​နေ Ban ခံလိုက်ရပါပြီ။

ကိုယ်တ​ယောက်တည်းမဟုတ်​တော့ပါဘူး၊ အကုန်လုံးပါသွားပါပြီ။

အားလုံးပဲ စိတ်မကောင်းပါဘူး 😔။




December / 20 / 2025

ချင်းမိုင်တက္ကသိုလ် (CMU) TFL ပညာသင်ဆု ၂၀၂၆ ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ် (Chiang Mai University)၊ လူမှုသိပ္ပံမဟာဌာ...
17/12/2025

ချင်းမိုင်တက္ကသိုလ် (CMU) TFL ပညာသင်ဆု ၂၀၂၆

ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ် (Chiang Mai University)၊ လူမှုသိပ္ပံမဟာဌာန (Faculty of Humanities) မှ ၂၀၂၆ ပညာသင်နှစ်အတွက် ထိုင်းစာပေ (Thai as a Foreign Language - TFL) ဘာသာရပ်ကို လေ့လာလိုသော မြန်မာကျောင်းသား/သူများအတွက် ပညာသင်ဆု ခေါ်ယူနေပါသည်။

ပညာသင်ဆု အကျိုးခံစားခွင့်များ
⭐️ စုစုပေါင်း တန်ဖိုး - ၄၄၀,၀၀၀ ဘတ် (တစ်နှစ်လျှင် ၁၁၀,၀၀၀ ဘတ်ဖြင့် ၄ နှစ်စာ)
⭐️ ထောက်ပံ့ကြေး - စာသင်နှစ်တစ်ခြမ်း (Semester) လျှင် ၅၅,၀၀၀ ဘတ် (စုစုပေါင်း ၈ ကြိမ်)
⭐️ ခရီးစရိတ် - နိုင်ငံတကာ လေယာဉ်လက်မှတ် (အသွားအပြန် ၁ ကြိမ်) စာပေးမည်။
⭐️ ရွေးချယ်မည့်အရေအတွက် - (၁) ဦး

လျှောက်ထားလိုသူများ ရှိရမည့် အရည်အချင်းသတ်မှတ်ချက်များ (Eligibility)
၁။ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ နှင့် ဗီယက်နမ် နိုင်ငံသားဖြစ်ရမည်။
၂။ အထက်တန်းအောင်မြင်ပြီးသူ (သို့မဟုတ်) ထိုင်း GED နှင့် ညီမျှသော လက်မှတ်ရရှိထားသူဖြစ်ပြီး အနည်းဆုံး GPA 3.0 ရှိရမည်။
၃။ အခြားပညာသင်ဆုများ ရရှိထားသူ မဖြစ်ရပါ။
၄။ ထိုင်းဘာသာစကားကို အခြေခံ (CEFR Level A2 အဆင့်) ဖတ်၊ ရေး၊ ပြော၊ နားထောင် ကျွမ်းကျင်ရမည်။
၅။ ငွေကြေးအခက်အခဲရှိသူဖြစ်ရမည်။

လိုအပ်သော စာရွက်စာတမ်းများနှင့် အရည်အချင်းများ
လျှောက်ထားသူသည် အောက်ပါအချက်များ ပြည့်စုံရမည်။
၁။ အင်္ဂလိပ်စာ အရည်အချင်းစစ် အမှတ်စာရင်း (တစ်ခုခု):
• IELTS - Band 5.5 နှင့်အထက်
• TOEFL - 470 (PBT) / 150 (CBT) / 52 (iBT) နှင့်အထက်
• Duolingo English Test (DET) - Score 95 နှင့်အထက်
၂။ အင်္ဂလိပ်လိုရေးသားထားသော ထောက်ခံစာ (၂) စောင်။
၃။ ထိုင်းဘာသာစကားဖြင့် ရေးသားထားသော ရည်ရွယ်ချက်အက်ဆေး Statement of Purpose (SOP)

📅 အရေးကြီးရက်စွဲများ (Timeline)
လျှောက်လွှာပိတ်ရက် - ၂၈ ဇန်နဝါရီ ၂၀၂၆ (Jan 28, 2026)
လူစာရင်းကြေညာခြင်း - ၄ ဖေဖော်ဝါရီ ၂၀၂၆
Online အင်တာဗျူး - ၁၁ ဖေဖော်ဝါရီ ၂၀၂၆
ရလဒ်ကြေညာခြင်း - ၁၈ ဖေဖော်ဝါရီ ၂၀၂၆

⚠️ စည်းကမ်းချက်များ (Terms and Conditions)
ပညာသင်ဆုရရှိသူသည် စာသင်နှစ်တစ်ခြမ်းစီတွင် အနည်းဆုံး GPA 3.25 ရရှိအောင် ထိန်းထားရမည်။
စာသင်နှစ်တစ်ခြမ်းလျှင် အနည်းဆုံး Credit 15 ခု တက်ရောက်ရမည်။
ပထမ (၂) နှစ်အတွင်း ကျောင်းမှသတ်မှတ်ထားသော အချိန်ပြည့် တက်ရောက်ရမည်ဖြစ်ပြီး Exchange အစီအစဉ်များ၊ အလုပ်သင်များ သွားရောက်ခွင့်မရှိပါ။

🔗 လျှောက်ထားရန်
အသေးစိတ်ဖတ်ရှုရန်: https://cmu.to/wkVbK
လျှောက်လွှာတင်ရန် Link: https://forms.gle/FLJbomUsmZ7MhU2k9
ဆက်သွယ်ရန် Email: [email protected]

📌 မှတ်ချက်: ပညာသင်ဆုရရှိသူသည် CMU-IPAS (Round 2) မပြီးဆုံးမီ (Feb 11 - Mar 11, 2026 အတွင်း) ကျောင်းအပ်ခြင်း (Register) ပြုလုပ်ရပါမည်။

Uni အတွက် Credit ကြိုစုထားချင်ရင်
ACE credit ရမဲ့ Coursera premium လာဝယ်လို့ရပါတယ်
https://www.facebook.com/share/p/1G2cemPbgG/



Please approve, admin.
📌
🪪သံရုံး၀င်မည့်သူများအတွက် SPONSOR LETTER/ INVITATION LETTER ရေးသားပေးခြင်း (LETTER WRITING SERVICE)

လုပ်ငန်းခွင်၀င်မည့်သူများအတွက် CV FORM / COVER LETTER ရေးသားပေးခြင်း
RESIGNATION LETTER ရေးသားပေးခြင်း
အလုပ်ထောက်ခံချက် JOB RECOMMENDATIONS LETTER ရေးသားပေးခြင်း

❗We only offer service online ❗

VIBER +959895731490

နိုင်ငံခြားတွင် အလုပ်ရှာမည့်သူများအတွက် လိုအပ်သော CV /COVER LETTER/ RECOMMENDATIONS LETTER/ job interview training service
https://m.facebook.com/story.php?story_fbid=464495512661464&id=100073030583327

📲 Join Viber please
+959895731490

Telegram channel

https://t.me/winnerdv09895731490

ဘန်ကောက်မြို့မှာ BTS Skytrain  ဘယ်လိုစီးရမလဲ..ဒီ Post လေးက လိုအပ်တဲ့သူတွေအတွက်ရည်ရွယ်ပါတယ်ရှင်BTS Skytrain (ဘီတီအက်စ် စက...
14/12/2025

ဘန်ကောက်မြို့မှာ BTS Skytrain ဘယ်လိုစီးရမလဲ..

ဒီ Post လေးက လိုအပ်တဲ့သူတွေအတွက်ရည်ရွယ်ပါတယ်ရှင်

BTS Skytrain (ဘီတီအက်စ် စကိုင်းထရိန်း) ဆိုတာ ဘန်ကောက်မြို့ရဲ့ မြေပေါ်မှာ ပြေးဆွဲတဲ့ လျှပ်စစ်ရထားဖြစ်ပြီး မြို့တွင်းခရီးသွားလာဖို့ အလွန်အဆင်ပြေ၊ မြန်ဆန်ပြီး လူကြိုက်များတဲ့ သယ်ယူပို့ဆောင်ရေးစနစ်တစ်ခု ဖြစ်ပါတယ်။

---

အဆင့် (၁): ဘူတာရုံရှာဖွေခြင်း

ဘန်ကောက်မှာရှိတဲ့ BTS ဘူတာရုံတွေကို မြေပုံပေါ်မှာဖြစ်စေ၊ Google Maps မှာဖြစ်စေ ရှာဖွေနိုင်ပါတယ်။ BTS ဘူတာရုံအများစုဟာ မြို့ရဲ့အဓိကနေရာတွေနဲ့ လူစည်ကားတဲ့နေရာတွေမှာ တည်ရှိပါတယ်။ "BTS" ဆိုတဲ့ အမှတ်တံဆိပ်ပါတဲ့ ဆိုင်းဘုတ်တွေကို ရှာပါ။ ဘူတာရုံကိုရောက်ဖို့ လှေကား၊ ဒါမှမဟုတ် စက်လှေကား (escalator) နဲ့ တက်သွားနိုင်ပါတယ်။

---

အဆင့် (၂): လက်မှတ်ဝယ်ယူခြင်း

လက်မှတ်ဝယ်ဖို့ နည်းလမ်း (၂) မျိုး ရှိပါတယ်။

နည်းလမ်း (၁) - လက်မှတ်ရောင်းစက် (Ticket Vending Machine) ဖြင့် ဝယ်ခြင်း

1. မြေပုံကြည့်ပါ စက်ရဲ့ဘေးမှာရှိတဲ့ ရထားလိုင်းမြေပုံကြီးကို ကြည့်ပါ။ သင်သွားချင်တဲ့ ဘူတာကို ရှာပြီး အဲ့ဒီဘူတာဘေးက ဂဏန်းကို မှတ်ထားပါ။ အဲ့ဒါ လက်မှတ်ခ (Fare) ဖြစ်ပါတယ်။ ဥပမာ - 37 Baht ဆိုရင် ၃၇ ဘတ် ကျသင့်မှာပါ။

2. သွားမည့်ဘူတာကိုရွေးပါ စက်ရဲ့ ဖန်သားပြင် (touch screen) မှာ သင်သွားမည့် ဘူတာအမည်ကိုနှိပ်ပါ (သို့မဟုတ်) ဘေးကခလုတ်ဖြင့် လက်မှတ်ခ (Fare) ကို ရွေးပါ။

3. ပိုက်ဆံထည့်ပါ စက်ထဲကို အကြွေစေ့ (Coins) တွေ (1, 2, 5, 10 Baht) ထည့်ပါ။ စက်အများစုက ငွေစက္ကူ (Banknotes) (20, 50, 100 Baht) လည်း လက်ခံပါတယ်။

4. လက်မှတ်နှင့် ပိုငွေပြန်ယူပါ ပိုက်ဆံထည့်ပြီးရင် ကတ်ပုံစံ လက်မှတ် (Ticket Card) နဲ့ ပိုတဲ့ပိုက်ဆံတွေ ပြန်ထွက်လာပါလိမ့်မယ်။

နည်းလမ်း (၂) - လက်မှတ်ရောင်းတဲ့ ကောင်တာ (Ticket Office) မှာ ဝယ်ခြင်း
စက်နဲ့သုံးရတာ အဆင်မပြေရင် ဒါမှမဟုတ် အကြွေစေ့မရှိရင် ဝန်ထမ်းရှိတဲ့ ကောင်တာကို သွားပါ။ သင်သွားချင်တဲ့ ဘူတာနာမည်ကို ပြောလိုက်တာနဲ့ ဝန်ထမ်းက သင့်ကို လက်မှတ်ရောင်းပေးပါလိမ့်မယ်။

မှတ်ချက်: အကြိမ်များများစီးမယ့်သူတွေအတွက် `Rabbit Card (ရက်ဘစ်ကတ်)` ဆိုတဲ့ ဖြည့်သုံးလို့ရတဲ့ကတ်လည်း ဝယ်ယူနိုင်ပါတယ်။

---

အဆင့် (၃): ဘူတာထဲဝင်ခြင်း (ဝင်ပေါက်ဂိတ်)

1. ဝင်ပေါက်ဂိတ်တွေဆီကို သွားပါ။ အစိမ်းရောင်မြှား `(->)` ပြထားတဲ့ ဂိတ်က ဝင်လို့ရတဲ့ဂိတ်ပါ။

2. သင့်ရဲ့ လက်မှတ်ကတ်ပြားကို ဂိတ်ပေါ်က "Tap Here" ဆိုတဲ့နေရာမှာ ခဏတင်လိုက်ပါ။အသံမြည်ပြီး ဂိတ်တံခါးပွင့်သွားပါလိမ့်မယ်။

3. ဂိတ်ပွင့်သွားရင် အမြန်ဖြတ်လျှောက်သွားပြီး သင့်လက်မှတ်ကို ပြန်ယူသွားဖို့ မမေ့ပါနဲ့။

---

အဆင့် (၄): မှန်ကန်သောရထားစင်္ကြံ (Platform) ကိုသွားခြင်း

ဘူတာအများစုမှာ ရထားစင်္ကြံ (Platform) နှစ်ခုရှိပါတယ်။ တစ်ခုက တစ်လမ်းကြော၊ နောက်တစ်ခုက ဆန့်ကျင်ဘက်လမ်းကြော ဖြစ်ပါတယ်။

သင်သွားမယ့်ဘူတာက ဘယ်ဘက်လမ်းကြောင်းမှာရှိလဲဆိုတာ ဆိုင်းဘုတ်တွေကို ကြည့်ပြီး သေချာစစ်ဆေးပါ။

ဆိုင်းဘုတ်တွေမှာ ရထားရဲ့ နောက်ဆုံးဘူတာ (Final Destination) နာမည်ကို ရေးထားပါတယ်။

ဥပမာ - "To Kheha (ไปเคหะ)" သို့မဟုတ် "To Khu Khot (ไปคูคต)" ဆိုပြီး ပြထားပါလိမ့်မယ်။ သင်သွားမယ့် ဘူတာက အဲ့ဒီလမ်းကြောင်းပေါ်မှာ ရှိမရှိ သေချာကြည့်ပြီး မှန်ကန်တဲ့ စင်္ကြံပေါ်မှာ ရထားစောင့်ပါ။

---

အဆင့် (၅): ရထားပေါ်တက်ခြင်း

1. ဘေးကင်းရေးအတွက် အဝါရောင်မျဉ်းရဲ့နောက်မှာ ရပ်ပြီး ရထားစောင့်ပါ။

2. ရထားရောက်လာပြီး တံခါးပွင့်လာတဲ့အခါ ရထားပေါ်ကလူတွေကို အရင်ဆင်းခွင့်ပေးပါ။

3. လူတွေဆင်းပြီးမှ ရထားပေါ်ကို အေးအေးဆေးဆေး တက်ပါ။ ရထားနဲ့ စင်္ကြံကြားက ကွာဟနေတဲ့နေရာကို သတိပြုပါ။

---

အဆင့် (၆): ရထားစီးနေစဉ်

* ရထားပေါ်မှာ နောက်ရောက်လာမယ့် ဘူတာနာမည်ကို ထိုင်းဘာသာ၊ အင်္ဂလိပ်ဘာသာတို့နဲ့ ကြေညာပေးပါတယ်။

* ရထားတံခါးတွေရဲ့အပေါ်မှာရှိတဲ့ ဒီဂျစ်တယ်မြေပုံ (Digital Map) ကိုကြည့်ပြီး ဘယ်ဘူတာရောက်နေပြီလဲဆိုတာ ကြည့်နိုင်ပါတယ်။

---

အဆင့် (၇): ရထားပေါ်မှဆင်းပြီး ဘူတာထဲမှထွက်ခြင်း (ထွက်ပေါက်ဂိတ်)

1. သင်ဆင်းမယ့်ဘူတာကို မရောက်ခင် ကြိုတင်ပြင်ဆင်ပြီး တံခါးနားမှာ အဆင်သင့်စောင့်နေပါ။

2. ဘူတာရောက်လို့ တံခါးပွင့်တာနဲ့ ဆင်းပြီး "Exit (ทางออก)" ဆိုတဲ့ ဆိုင်းဘုတ်တွေအတိုင်း လိုက်သွားပါ။

3. ထွက်ပေါက်ဂိတ်ကိုရောက်ရင် သင်ဝယ်လာတဲ့ လက်မှတ်ကတ်ပြားကို ဂိတ်မှာရှိတဲ့ အပေါက်ထဲကို ထည့်လိုက်ပါ။ (ဒီတစ်ခါတော့ လက်မှတ်ပြန်ထွက်လာမှာ မဟုတ်ပါဘူး)။ `Rabbit Card` ဆိုရင်တော့ ဝင်တုန်းကလိုပဲ "Tap Here" နေရာမှာ တင်လိုက်ပါ။

4. ဂိတ်တံခါးပွင့်သွားရင် အပြင်ကိုထွက်နိုင်ပါပြီ။

---

အသုံးဝင်သော အကြံပြုချက်များနှင့် စကားလုံးများ

BTS လိုင်းများ အဓိက လိုင်းနှစ်လိုင်းရှိပါတယ်။ အစိမ်းရောင်ဖျော့ (Light Green Line - Sukhumvit Line) နဲ့ အစိမ်းရောင်ရင့် (Dark Green Line - Silom Line) ဖြစ်ပါတယ်။

လိုင်းပြောင်းချင်ရင် **Siam (สยาม)** ဘူတာက အဓိက လိုင်းပြောင်းတဲ့ ဘူတာဖြစ်ပါတယ်။

* **နောက်ဆုံးရထား:** ညဘက်နောက်ကျမှပြန်မယ်ဆိုရင် နောက်ဆုံးရထားအချိန်ကို သတိပြုပါ။

များသောအားဖြင့် ညသန်းခေါင်လောက်မှာ နောက်ဆုံးရထားထွက်ပါတယ်။

* **လူကျပ်ချိန်:** မနက်ပိုင်း (7:00-9:00 AM) နဲ့ ညနေပိုင်း (5:00-7:00 PM) တွေက ရုံးတက်ရုံးဆင်းချိန်ဖြစ်လို့ လူအလွန်ကျပ်ပါတယ်။



Please approve, admin.
📺Passport QR အကြောင်းအပြည့်အစုံ

https://m.facebook.com/story.php?story_fbid=798004959310516&id=100073030583327

📲 Join Viber please
+959895731490

Telegram channel

https://t.me/winnerdv09895731490

ဒီရက်ပိုင်းမှာ အမေရိကားကို ပြည်ဝင်လာသူတွေ လာပြောပြချက်အရ လေဆိပ်အဝင်တွေမှာ ၁၀၀% အဆင်ပြေကြပါတယ်။ ဘာမှမကြောက်ပါနဲ့"လေဆိပ်ရဲ...
04/06/2025

ဒီရက်ပိုင်းမှာ အမေရိကားကို ပြည်ဝင်လာသူတွေ လာပြောပြချက်အရ လေဆိပ်အဝင်တွေမှာ ၁၀၀% အဆင်ပြေကြပါတယ်။ ဘာမှမကြောက်ပါနဲ့"

လေဆိပ်ရဲတွေက မေးခွန်းမေးတယ်ဆိုတာ သူ့အလုပ် သူလုပ်တာပါ။၊ ဒါကို မြန်မာတချို့က နားလည်မှုလွဲပြီး ရစ်တယ်လို့ ထင်ကြတယ် အမှန်က မဟုတ်ပါ။

ဘာမေးခွန်းတွေ မေးသလဲဆိုတာကို အသေးစိတ် မရေးပေးတော့ပါဘူး၊ တစ်ယောက်နဲ့တစ်ယောက် မတူလို့ပါ။ အဓိက "လာတဲ့ခရီးစဉ်ရဲ့အကြောင်းရင်း" ၊ ဒါကို ရှင်းလင်းတဲ့ အင်္ဂလိပ်စာနဲ့
Simply
Humblily
Honestly ကိုယ်သိသလောက် တတ်သလောက် ပြောရင်ရပါတယ်။

လာပြောတဲ့အထဲမှာ ကျောင်းသားဗီဇာ၊ အလည်ဗီဇာ၊ DV Winner(Single) ၊ DV Winner (Family) ၊ Immigrant Visa(Single) ၊ Immigrant Visa (Family) အကုန်လုံး စုံပါတယ်၊ ဒေါ်လာ ၁ဝဝဝဝ နဲ့အထက် သယ်ခဲ့သူတောင် ပါလိုက်သေးတယ်၊ အားလုံး အေးအေးဆေးဆေးပါ။

အတိုချုပ်လေးတစ်ခွန်း ပြောချင်တာကတော့ "ဘာမှမကြောက်ပါနဲ့"။ အခြေချလာသမျှ #မြန်မာတို့ရဲ့အောင်မြေ အမေရိကန်မြေပေါ်က လှိုက်လှဲစွာ ကြိုဆိုပါတယ်။
အောင်မြင်ကြပါစေ။


06-04-2025

📌Winner DV မှ ဆောင်ရွက်ပေးသော ၀န်ဆောင်မှုများ📌

🪪DV LOTTERY FORM လျောက်ထားပေးခြင်း

🪪PASSPORT QR CODE လျောက်ထားပေးခြင်း

🪪အမေရိကန်သို့ အလည်အပတ်သွားလိုသူများအတွက် VISIT VISA လျောက်ထားပေးခြင်း

🪪F1 STUDENT VISA လျောက်ထားပေးခြင်း

🪪U.S. citizen မိဘ/သားသမီး မှ မြန်မာပြည်ရှိ သားသမီး/မိဘ မောင်နှမ အချင်းချင်း ခေါ်လို့ရသော family based visa လျောက်ထားပေးခြင်း

🪪 Third country မှာ interview ၀င်မယ့် B1/B2သမားများ F1VISA သမားများအတွက် Interview preparation service

🪪DV LOTTERY ကံထူးသူများအတွက် IMMIGRANT VISA FROM ‌လျောက်ထားပေးခြင်း

🪪 Schengen visit visa လျောက်ထားပေးခြင်း

🪪B1/B2 VISA, DV1VISA, Family based visa များအတွက် consultation service

🪪သံရုံး၀င်မည့်သူများအတွက် SPONSOR LETTER/ INVITATION LETTER ရေးသားပေးခြင်း (LETTER WRITING SERVICE)

လုပ်ငန်းခွင်၀င်မည့်သူများအတွက် CV FORM / COVER LETTER ရေးသားပေးခြင်း
RESIGNATION LETTER ရေးသားပေးခြင်း
အလုပ်ထောက်ခံချက် JOB RECOMMENDATIONS LETTER ရေးသားပေးခြင်း

🪪Air tickets and Hotel booking service
စသည့်၀န်ဆောင်မှုများရရှိနိုင်ပါသည်

❗We only offer service online ❗

VIBER +959895731490

📺 Collection of U.S student and visit visa approval posts
https://m.facebook.com/story.php?story_fbid=497018942742454&id=100073030583327

📺 VISIT VISA APPROVED
https://m.facebook.com/story.php?story_fbid=704601678650845&id=100073030583327

📺 F1 STUDENT VISA APPROVED

https://m.facebook.com/story.php?story_fbid=397160552728294&id=100073030583327&mibextid=Nif5oz

➡️ STUDENT VISA F1 နဲ့ VISIT VISA များကို third country နိုင်ငံများတွင် လျောက်ထားပေးခြင်း

https://m.facebook.com/story.php?story_fbid=389634156814267&id=100073030583327&mibextid=Nif5oz

https://m.facebook.com/story.php?story_fbid=556518383459176&id=100073030583327

https://m.facebook.com/story.php?story_fbid=338414958602854&id=100073030583327&mibextid=Nif5oz

➡️ Schengen Germany visit visa လျောက်ထားပေးခြင်း
https://www.facebook.com/100073030583327/posts/486366487141033/

📺DV အကြောင်းအပြည့်အစုံ

လျောက်ထားသူများ၏ confirmation number screenshot များကို လူကြီးမင်းတို့၏ Viber သို့ ပြန်ပို့ပေးသွားပါမည်။ ဓါတ်ပုံရိုက်ခ မကုန်ကျစေရန် မိမိတို့၏အိမ်မှာပဲဖုန်းကင်မရာနဲ့ရိုက်နိုင်ပြီး ဓာတ်ပုံပါအပြီးပြင်ပေးပါသည်။ ပြင်ထားသောဓာတ်ပုံကို DV PHOTO CHECKER/ American သံရုံး official website မှာ စစ်ပေးပါမည်။

https://m.facebook.com/story.php?story_fbid=318846960559654&id=100073030583327&mibextid=Nif5oz

📺DV LOTTERY လျောက်ထားသူများအား ဓာတ်ပုံကို American သံရုံးရဲ့ official website မှာစစ်ပေးကြောင်း
https://m.facebook.com/story.php?story_fbid=335203845590632&id=100073030583327&mibextid=Nif5oz

📺DV Form တင်ပြီးသူတိုင်းပြန်လည်ရရှိမည့် confirmation number ID အကြောင်း

https://m.facebook.com/story.php?story_fbid=190482490062769&id=100073030583327

📺Passport QR အကြောင်းအပြည့်အစုံ

https://m.facebook.com/story.php?story_fbid=313854991058851&id=100073030583327&mibextid=Nif5oz

📺DV ပေါက်ထားပြီးသူများအတွက် ဆက်လျောက်ရမယ့် DS260ကို winnerdv မှာပဲလျောက်ထားနိုင်ကြောင်း link⬇️

https://m.facebook.com/story.php?story_fbid=269213295523021&id=100073030583327&mibextid=Nif5oz

https://m.facebook.com/story.php?story_fbid=172267335217618&id=100073030583327

📺DV2023 winners များ visa ရသွားကြောင်းအထောက်အထား
https://m.facebook.com/story.php?story_fbid=241049408339410&id=100073030583327&mibextid=Nif5oz

https://m.facebook.com/story.php?story_fbid=513320977778917&id=100073030583327

📺SPONSOR LETTER/ INVITATION LETTER ရေးသားပေးခြင်း
https://m.facebook.com/story.php?story_fbid=510243581419990&id=100073030583327

https://www.facebook.com/share/p/4ofm6kRqZFgCUbp6/?mibextid=oFDknk

📺U.S. citizen မိဘ/သားသမီး မှ သားသမီး/မိဘ မောင်နှမ အချင်းချင်း ခေါ်မယ်ဆိုရင် လည်း WinnerDV မှာ လျောက်လို့ရပါတယ်။
https://m.facebook.com/story.php?story_fbid=356024123508604&id=100073030583327&mibextid=Nif5oz

📺Air tickets 🎟️ and Hotel booking 🏨 Service
https://m.facebook.com/story.php?story_fbid=446722451105437&id=100073030583327

📺 STUDENT VISA / VISIT VISA INTERVIEW PRACTICE SERVICE

https://m.facebook.com/story.php?story_fbid=553392367105111&id=100073030583327

https://m.facebook.com/story.php?story_fbid=553392367105111&id=100073030583327

https://m.facebook.com/story.php?story_fbid=447840684326947&id=100073030583327

📺နိုင်ငံခြားတွင် အလုပ်ရှာမည့်သူများအတွက် လိုအပ်သော CV /COVER LETTER/ RECOMMENDATIONS LETTER/ job interview training service
https://m.facebook.com/story.php?story_fbid=464495512661464&id=100073030583327

📺B1/B2 VISA, DV1VISA, Family based visa, Schengen visit visa များအတွက် Visa consultation service
https://m.facebook.com/story.php?story_fbid=439735925137423&id=100073030583327

📲 Join Viber please
+959895731490

Telegram channel

https://t.me/winnerdv09895731490

Address

Yangon
11112

Alerts

Be the first to know and let us send you an email when Winner DV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Winner DV:

Share